ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နယုန်လဆုတ်(၄)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇွန်လ(၂၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါ များခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၄)လုံးအနေဖြင့် အနိဋ္ဌသဘောဆောင်တဲ့အလုပ်တွေအထူးအဆင်ပြေပါတယ်။ လောင်းကစား ဆန်ဆန် အလုပ် များ၊ဓားလှံလက်နက်ထုတ်လုပ်ခြင်းများ၊ ခဲယမ်းမီးကျောက်ထုတ်လုပ်ခြင်းများလဲ အထူးကောင်း ပါတယ်။
ဒီလိုနေ့ရက်တွေမှာတော့ အခက်အခဲတွေကိုကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။သံသရာကလွတ်ကြောင်းကိစ္စတွေ ဖြစ်တဲ့ ဝိပဿနာဘာဝနာလဲပွားများလို့အထူးကောင်းပါတယ်။ ဖြေရှင်းရခက်နေတဲ့ ပြဿနာတွေကိုပြေလည်အောင် ဖြေရှင်းနိုင်မဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ ကုသလို့အလွန်ပဲကောင်းပါတယ်။ အနာနဲ့ဆေးတွေ့ မဲ့နေ့ရက်ပါပဲ။
ကားရောင်းခြင်း၊ကားဝယ်ခြင်း၊အလဲအထပ်လုပ်ခြင်းများလဲ ဆောင်ရွက်နိုင်မဲ့နေ့ရက်ပါပဲ။ မိမိစိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကိုပိုးသတ်ဆေးဖြန်းတာမျိုးတွေဆောင်ရွက်သင့်တဲ့နေ့ရက်ပါပဲ။ကျောက်မျက်ရတနာရောင်း ဝယ်ရေးကိစ္စများ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ငါးမွေးမြူရေး၊ကြက်မွေးမြူရေးစတဲ့ တိရစ္ဆာန်မွေးမြုရေး လုပ်ငန်း များလဲ အဆင်ပြေအောင်မြင်မှုတွေရလာမဲ့နေ့ရက်ပါပဲ။
အဆင်မပြေလို့လက်လျော့ထားတဲ့အလုပ်များ၊ ခက်ခဲလို့ရှေ့ဆက်ဖို့မလွယ်တဲ့အလုပ်များကို ဒီနေ့မှာပြန်လည်လုပ် ကိုင်ခြင်းဖြင့်အဆင်ပြေမှုတွေကိုရလာတတ်ပါတယ်။ ရပ်ဝေးမှချဲ့ထွင်ထားတဲ့အလုပ်တွေတိုးတတ်ပါလိမ့်မယ်။ ဝေးကွာနေတဲ့မိတ်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ဆုံရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သောရပိုင်ခွင့်တွေလဲ အပြည့်အဝရလာပါလိမ့်မယ်။
လုပ်ငန်းပြိုင်တွေ၊ မိမိအောင်မြင်မှုကိုမနာလိုတိုက်ခိုက်ကြသူတွေကိုတန်ပြန်တိုက်ခိုက်နိုင်မဲ့နေ့ရက်ပဲဖြစ်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်သာ လုပ်ငန်းတော်တော်များများအဆင်ပြေတတ်ပါတယ်။ electronic ပစ္စည်းရောင်းတဲ့ဆိုင် များ ရောင်းအားတိုးတတ်ပါလိမ့်မယ်။
ယနေ့ အရာရာသတိရှိရမည်။ အကြံအစည်တို့ကို လက်တွေ့ အကောင်အထည်ဖေါ်ရန် အခါကောင်း ကျရောက် နေသည်။ ဝယ်ယူမြှုပ်နှံခြင်းတို့မှ အကျိုးအမြတ်ကောင်းများ ရရှိမည်။ ကတိစာချုပ် ချုပ်ဆိုခြင်းမပြုရပါ။ လက်မှုလက်ရာ ပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများ အရောင်းအဝယ်ပြုရန် ကောင်းသည်။
ယနေ့သည် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းများကို ခက်ခဲတားဆီးစေတက်သော ရိတ္တာတီထိကျရောက်နေသောကြောင့် ရန်သူများကို ဖျက်ဆီးခြင်း၊ အတားအဆီးများကို ဖယ်ရှားခြင်းနှင့် တိုက်ခိုက်ခြင်း၊ အိမ်သန့်ရှင်းရေး၊ ပွတ်တိုက်ခြင်းနှင့် ငြင်းခုံခြင်း၊ ရန်သူများနှင့် တိုက်ခိုက်ခြင်း၊ လက်နက်များအသုံးပြုခြင်းများအတွက် အထူးကောင်းမွန်ပါသည်။ အရေးကြီးသော လုပ်ငန်းများ စတင်ရန် ကံမကောင်းစေတက်သော နေ့တစ်နေ့ ဖြစ်နေပါသည်။
ယနေ့သည် ရပ်တန့်ခြင်းနှင့် ဖမ်းဆီးခြင်းကို ကိုယ်စားပြုသော ဝေဒတိယုဂ် ကျရောက်နေသောကြောင့် ကံမကောင်း စေတက်သော ယောဂဖြစ်နေပါသည်။ ဗဗကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသောကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၁၁)နာရီမှ နံနက်(၄း၀၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ သရဝဏ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း၊ မေထုန်ရာသီဖွား ဖြစ်ပါ သည်။ ယနေ့မွေးဖွားသူများသည် ပုံမှန်မဟုတ်သော ထူးခြားသောစွမ်းအားရှိသူတစ်ဦးဖြစ်ပြီး အခြားသူများ၏ လိုအပ် ချက် သို့မဟုတ် ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိသည်ဟု ဆိုနိုင်သည်။ မိမိသည် အကဲခတ်ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး လူအများကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်သော်လည်း တစ်ကိုယ်တည်းနေရတာကိုပိုကြိုက်သူဖြစ်ပါတယ်။ သို့သော် တိရစ္ဆာန်လေးတွေကို ချစ်တတ်ပြီးတော့ အားနည်းသူတွေကို သနားကိုယ်ချင်းစာတတ်သူပဲဖြစ်ပါတယ်။ သတိထားရ မှာက အရမ်းအားနာတတ်တဲ့အကျင့်ကြောင့် အဲစိတ်ကိုခုတုံးလုပ်ပြီး မိမိဆီက ရသမျှနွှာယူမဲ့သူတွေနဲ့လဲကြုံတွေ့ ရတတ်ပါတယ်။ မိဘတွေဆီက ရောဂါတွေ Generation လိုက်ပြီးမိမိဆီပါလာတတ်တာမို့ အများအားဖြင့် ကျန်းမာရေး ခြူခြာအားနည်းသူလို့ဆိုနိုင်ပါတယ်။ မိမိပြောမည့်အရာ၏ ထိရောက်မှုကို တိတိကျကျမသိမချင်း ဘယ်သောအခါမှ တစ်ခုခုအကြောင်း မပြောတတ်ပါ။ မိမိရဲ့ ပင်ကိုယ်ဥာဏ်က ထူးထူးခြားခြားပါပဲ၊ မိမိ အဲဒါကို ယုံကြည်ရန်သင်ယူဖို့ပဲလိုတယ်။ပညာဥာဏ် အတွေးအခေါ်ကြောင့်ပဲ မိမိဘဝကမြင့်မားသွားနိုင်ပါတယ်။
ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ နတ်ကွန်း၊ နတ်စင်တည် ဆောက် ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကား ထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ ဝတ်ဆင်ရသောရတနာများဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက် သွေးလောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ဘုံပြဿဒ်များပြုပြင်ခြင်း၊ အိမ်အမိုးများပြင်ခြင်း နှင့် အထက်သို့ လွှင့်တင် ရမည့် လုပ်ငန်းများ၊ လေယဉ်ပျံသန်းခြင်း၊ အာကာသလွှင့်တင်ခြင်းများ ကောင်းသည်။ သရဝဏ်နက္ခတ်စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၂၅) နာရီမှ ညနေ(၅း၀၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကြက်သွေးရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူ၍ “ဓမ္မံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကောက်ညှင်းပေါင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း