loading

27.June .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 27.June .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နယုန်လဆုတ်(၆)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇွန်လ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။သမားညိုရက်နဲ့တိုက်ဆိုင်တာမို့အချိန်အခါရွေးပြီးဆောင်ရွက်ပါ။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားဖြူ၊ ဝါရမိတ္တုကြီး၊ မဟာရက်ကြမ်း၊ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၆)လုံးအနေဖြင့် ကျော်ကြားမှုကိုပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ မြေနှင့်ပတ်သက်သော လုပ်ငန်းများ၊ လူမှုရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးကွက်ကြော်ငြာများ၊ ကုန်သွယ်ခြင်း၊ အရောင်းအဝယ်၊ အနုပညာ၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများ စစ်ရေးနှင့်ပတ်သက်သည်များ၊ ကျောက်မျက်ရတနာ၊ အဝတ် အစား ဒီဇိုင်း၊ ဆီနှင့်နှိပ်နယ်ခြင်း၊ အလှူဒါနပြုလုပ်ခြင်းနှင့် ရေနှင့်ဆက်စပ်သည့် လုပ်ငန်းများ လုပ်ကိုင်နိုင်ပါသည်။ အိမ်ခြံစည်းရိုး ခတ်ခြင်း၊ လုံခြုံရေးဝန်ထမ်းခန့်အပ်ခြင်း၊ မီးခံသေတ္တာဝယ်ယူခြင်း၊ ခြုံလုံရန် ခွေးဝယ်ယူမွေးမြုခြင်းများ  ဒီနေ့မှာ ဆောင်ရွက်လို့ သင့် တော်ပါတယ်။

အရည်နှင့်ဆိုင်သော အချိုရည်၊အအေး၊ရေသန့်လုပ်ငန်းများ အထူးတိုးတတ်ပါလိမ့်မယ်။ စားသောက်ကုန် လုပ်ငန်းများ ဒီနေ့မှာပိုမိုအောင်မြင်တတ်သလို အစားအသောက်နဲ့ဆိုင်သော လုပ်ငန်းများစတင်ဖွင့်လှစ်မယ်ဆိုလဲ အလွန်ကောင်းပါ တယ်။

အိမ်တတ်မင်္ဂလာပြုလုပ်ခြင်း၊မိမိခြံမြေတွေကို  မြေသန့်မင်္ဂလာပြုလုပ်ခြင်းများ၊နာမည် ပေးကင်းပွန်းတပ်မဂ်လာပြု လုပ်ခြင်း များ ဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းပါတယ်။ ဘုရားထီတင်ခြင်းများ၊ ဘုရား စတင် တည်ခြင်းများနှင့် ပတ်သက်ပြီးတော့ စတင်ဆောင်ရွက်လို့ကောင်းတဲ့ နေ့ရက်ပါပဲ။ မိရိုးဖလာရိုးရာနတ်တွေကို ပူဇော်ခြင်း၊ပသခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ရန်ပဋိပက္ခတွေရှိရင်လဲငြိမ်းချမ်း အောင် ဆောင် ရွက်နိုင်ပါလိမ့်မယ်။

ရှောင်သင့်တာတွေကတော့ အရေးကြီးတဲ့စာချုုပ်စာတန်းတွေဒီနေ့မှာချုပ်ဆိုလို့မသင့်ပါဘူး။ခရီးကိစ္စများလဲ စတင် ဆောင်ရွက်လို့မသင့်ပါဘူး။ အထူးသဖြင့် အလုပ်နဲ့ပတ်သက်သောခရီးများ၊စီးပွားရေးနဲ့ပတ်သက်သောခရီး များလဲ အဆင်မပြေဖြစ်ရတတ်ပါတယ်။ယာဉ်၊ကားများလဲ ဝယ်ယူလို့မကောင်းသေးတဲ့နေ့ရက်ပါပဲ။ရေတွင်းရေကန်များ၊ အဝီစိ တွင်းများ စတင်တူးဖော်ခြင်းမျိုးဒီနေ့မှာ ရှောင်လိုက်စေချင်ပါတယ်။ဒီနေ့ဟာအစာချက်မှုကို အားနည်းစေတတ်ပါ တယ်။ ရင်ပြည့်ရင်ကယ်နဲ့ နေမထိထိုင်မသာအလွန်ဖြစ်ရ တတ်ပါ တယ်။စားပိုနှင့်အောင်မစားလိုက်ပါနဲ့။နန္ဒာ တီထိဖြစ်သဖြင့် အဝတ်အစား၊ အက၊ အခုန်၊ သီချင်း၊  အနုပညာ၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ၊  အလှအပနှင့်  အဝတ်တန်ဆာ ဆင်ယင်ခြင်း လုပ်ငန်းများ၊ ပျော်ရွှင်ခြင်းနှင့်  ပတ်သက်သောလုပ်ငန်းများ အထူးကောင်းပါတယ်။

ယနေ့သည် ချမ်းသာခြင်းကိုပေးသော နန္ဒာတီထိ ကျရောက်နေသောကြောင့် နန်းတက်ပွဲ၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ နှင့် ဆက်စပ်သောလုပ်ငန်းများ၊ လက်ဝတ်ရတနာ ပြုလုပ်ဝတ်ဆင်ခြင်း၊ ချစ်ကြည်ရင်းနှီးမှု စတင်ခြင်း၊ စစ်ပွဲများစတင် ခြင်းများ ပြုလုပ်နိုင်ပါသည်။ အိမ်ထောင်ရေးအတွက် ကံမကောင်းစေတက်ပါ။

ယနေ့သည် အသက်ရှည်ခြင်းကို ကိုယ်စားပြုသော အာယုသ္မာန်ယုဂ် ကျရောက်နေသောကြောင့် ကေားင်းသောကိစ္စ ရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။ ဂရဇံကရိုဏ်းကျရောက်နေသောကြောင့် မြေကြီးတွင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။ တိရိစ္ဆာန်မွေးမြူရေးအလုပ်များနှင့် အိမ်များ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၃း၀၃)နာရီမှ နံနက်(၃း၅၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သတ္တဘိသျှနက္ခတ်ကအထက်မျှော်နက္ခတ်ဖြစ်တာမို့ဘုရားတည်ခြင်း၊ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက် ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်း ဘုတ်တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ် ခူးခြင်း၊ လေကြောင်းခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန် တိုင် ထူခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ သတ္တဘိသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အံ့သြစရာကောင်းလောက်အောင် စကားပြောဆိုတတ်သူဖြစ်ပြီး အတွေးကောင်းနှင့် စိတ်ကူးကောင်းရှိသူတစ်ယောက်ပါ။ မိမိမှာ စကားလုံးတွေနဲ့ ဆက်ဆံနိုင်တဲ့ နည်းလမ်းရှိပြီး တခြားသူတွေကတော့ မိမိရဲ့ ပျော်ရွှင်တဲ့ဟာသဥာဏ်ရည် သဘောကျကြပါတယ်။ မိမိသည် အခြားသူများအတွက် အနစ်နာခံပြီး တစ်ခါတစ်ရံ မိမိကိုယ်ပိုင်တိုးတက်မှုကိုပင် ထိခိုက်စေနိုင်သည်။ အထူးသဖြင့်ဤအချက် မိမိအချစ်ရေးတွင်တော့ အထူးသင့်တော် ပါသည်။ မိမိသည် တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားတယ်။ မိမိရဲ့ အရည်အချင်းများစွာထဲက အထင်ကြီးစရာအကောင်း ဆုံးက မိမိကို ဘယ်သူမဆို ဖိနှိပ်ချုပ်ချယ်၍ နှိမ်ချဆက်ဆံနေတာကိုပင် နားလည်နိုင်စေမယ့် မိမိရဲ့ ကိုယ်ချင်းစာမှု အရည်အသွေးတွေပဲ ဖြစ်ပါတယ်။ကျန်းမာရေးအားကောင်းတဲ့သူတွေဖြစ်ပြီး တော်ရုံအဖျားအနာမဖြစ်တဲ့သူတွေလဲ ဖြစ်ပါတယ်။ ငွေကြေးကံအားကောင်းကြပြီး အသက် ၂၀ကျော်ကျော်လေးနဲ့ငွေစရှာနိုင်ကြတဲ့သူတွေလဲဖြစ်ကြပါတယ်။ မိန်းကလေးဇာတာရှင်ဖြစ်မယ်ဆိုရင်တော့ အိမ်ထောင်ရေးအညံ့များတာမို့ တစ်သက်တာ ဗုဒ္ဓဟူးသားနဲ့ တနင်္ဂနွေသား ကို အိမ်ထောင်ဘက်အဖြစ်လုံးဝ မရွေးသင့်ပါဘူး။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၇) နာရီမှ ညနေ(၃း၂၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ရွှေအိုရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ် ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူ၍ “သုဂတော” (၉)ခေါက် ရွတ်ဆိုသွား ပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပူတင်း ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *