loading

မွေးနေ့အမှတ်တရ ပင်းယနဝင်းအတွဲ ယတြာအစီအရင်

  • Home
  • Blog
  • မွေးနေ့အမှတ်တရ ပင်းယနဝင်းအတွဲ ယတြာအစီအရင်

ဒီနေ့က ကျွန်တော့်အသက် ၃၇နှစ်ပြည့်တဲ့ နေ့ပဲဖြစ်ပါတယ်။ မနက်ဖြန်ဆို အသက် ၃၈ထဲကို စတင် ဝင် ရောက်ပါတော့မယ်။ မွေးနေ့ အမှတ်တရ နဝင်း ၃တွဲထဲမှာ ပင်းယနဝင်းယတြာ အကြောင်းလေး ဒီနေ့မှာ ပြောပြ ချင် ပါတယ်။ ဒီယတြာတွေက ကျွန်တော့်အနေနဲ့ ဆရာကိုင်ယတြာတွေဖြစ်တာကြောင့် တော်ရုံထုတ်ဖော်ပြလေ့ မရှိပါဘူး။

နဝင်းတွဲတွေဟာ အသုံးပြုတတ်ရင် အလွန်မှအကျိုးများ စေပါတယ်။ ငွေကံကောင်းစေတယ်။ အလုပ်ကံကောင်းစေ တယ်။ အလုပ်ကြောင့်စိတ်တိုင်းမကျဖြစ်စရာတွေပြေလည်သွားတတ်တယ်။ ရာထူးတိုးသွားတတ်တယ်။ နေရာထိုင်ခင်း ကိစ္စ၊အိုးအိမ်ကိစ္စအဆင်ပြေစေတယ်။ မူလအနေအထားထက် တဆင့်မြင့်ချင်တဲ့အခါ ပင်းယအတွဲကို သုံးရတယ်လို့ ရှေးဆရာတွေကဆိုကြတယ်။ လက်ရှိထက်ဝင်ငွေတိုးချင်တာတွေ၊လက်ရှိထက် ရာထူးတိုးချင်တာတွေ၊ လက်ရှိအိုးအိမ် နေရာထိုင်ခင်းထက် ပိုကောင်းတဲ့နေရာရချင်တာတွေ၊ ဆိုင်သေးသေးလေးကနေ ဆိုင်အကြီးကြီးတွေ၊ဆိုင်ခွဲတွေဖွင့် နိုင်ချင်တာတွေ..စတဲ့ မူလထက်ပိုမြင့်တဲ့ အနေအထားဖြစ်ချင်ကြရင်ပင်းယအတွဲကို သုံးသင့်ပါတယ်။

Video ရိုက်ပြီးတင်ပြချင်ပေမဲ့ မှတ်ရခက်ခဲမှာဆိုးတာကြောင့် စာနဲ့ပဲရှင်းပြလိုက်ပါ့မယ်။တနင်္ဂနွေသားသမီး များကို နမူနာအဖြစ်အရင်ပြောပြပါ့မယ်။

တနင်္ဂနွေ သားသမီးတွေအနေနဲ့ အိမ်က ဘုရားမှာမေမြို့ပန်း(သို့)ပိန်းပန်း ၁၉ပွင့်ကို ဘုရားပန်းအိုးထဲ ထည့်လှူပါ။

ဘုရားဆင်းတုတော်ကို မလိုက်ပြီး ရွှေပန်း ၁၇ပွင့် ပန်းမွေ့ယာခင်းပြီး လှူပါ။ရွှေပန်းမရှိချိန် လီလီပန်း၊ရွက်လှသုံးပါ။

အုန်းထမင်းဆွမ်း ဘုရားကပ်လှူလိုက်ပြီးလိုရာဆုတောင်းပါ။

လုပ်ရမဲ့ အချိန်က မွေးနေ့ မနက် ၉နာရီ ၄၅မိနစ်ဖြစ်ပါတယ်။ထိုအချိန်မအားပါက မနက် ၆း၄၅မိနစ်ဆောင်ရွက်ပါ

တနင်္လာသားသမီးများဆောင်ရွက်ရန်

ဘုရားပန်းအလှူ…သစ္စာပန်း(သို့)သဇင်ပန်း(သို့) သီဟိုညွှန့်..အရေအတွက် ၂၁ပွင့်/ညွှန့်

ဘုရားဆင်းတုတော်အောက် ပန်းမွှေ့ယာအလှူ— မေမြို့ပန်း(သို့)ပိန်းပန်း ၁၉ပွင့်

ဆွမ်းကပ်ရန်….ဆွမ်းနှင့်ကြက်သား(သို့)ဆွမ်းနှင့် ငါးဟင်း

လုပ်ရမဲ့ အချိန်က မွေးနေ့ မနက် ၉နာရီ ၄၅မိနစ်ဖြစ်ပါတယ်။ထိုအချိန်မအားပါက မနက် ၆း၄၅မိနစ်ဆောင်ရွက်ပါ

အင်္ဂါသားသမီးများဆောင်ရွက်ရန်

ဘုရားပန်းအလှူ…နှင်းဆီပန်း(သို့)နှင်းပန်း(သို့) ထန်းညွှန့်..အရေအတွက် ၁၀ပွင့်/ညွှန့်

ဘုရားဆင်းတုတော်အောက် ပန်းမွှေ့ယာအလှူ— သစ္စာပန်း(သို့)သဇင်ပန်း(သို့) သီဟိုညွှန့် …အရေအတွက်၂၁ပွင့်/ညွှန့်

ဆွမ်းကပ်ရန်….ဆွမ်းနှင့်ဆိတ်သားဟင်း

လုပ်ရမဲ့ အချိန်က မွေးနေ့ မနက် ၉နာရီ ၄၅မိနစ်ဖြစ်ပါတယ်။ထိုအချိန်မအားပါက မနက် ၆း၄၅မိနစ်ဆောင်ရွက်ပါ

ဗုဒ္ဓဟူး/ရာဟုသားသမီးများဆောင်ရွက်ရန်

ဘုရားပန်းအလှူ…အုန်းပန်းတစ်ခိုင်(သို့)အုန်းညွှန့် ၆ညွှန့်

ဘုရားဆင်းတုတော်အောက် ပန်းမွှေ့ယာအလှူ— နှင်းဆီပန်း(သို့)နှင်းပန်း(သို့) ထန်းညွှန့်..အရေအတွက် ၁၀ပွင့်/ညွှန့်

ဆွမ်းကပ်ရန်….ဆွမ်းနှင့်ဝက်သားဟင်း

လုပ်ရမဲ့ အချိန်က မွေးနေ့ မနက် ၉နာရီ ၄၅မိနစ်ဖြစ်ပါတယ်။ထိုအချိန်မအားပါက မနက် ၆း၄၅မိနစ်ဆောင်ရွက်ပါ

ကြာသပတေးသားသမီးများဆောင်ရွက်ရန်

ဘုရားပန်းအလှူ…ငွေပန်း(သို့)ကြာပန်း(သို့)ကံ့ကော်ပန်း/ညွှန်-၁၅ ပွင့်/ညွှန့်

ဘုရားဆင်းတုတော်အောက် ပန်းမွှေ့ယာအလှူ—အုန်းညွှန့် ၆ညွှန့်

ဆွမ်းကပ်ရန်….ပေါက်စီ(သို့)မုန့်လုံးရေပေါ် ကပ်လှူပါ။

လုပ်ရမဲ့ အချိန်က မွေးနေ့ မနက် ၉နာရီ ၄၅မိနစ်ဖြစ်ပါတယ်။ထိုအချိန်မအားပါက မနက် ၆း၄၅မိနစ်ဆောင်ရွက်ပါ

သောကြာသားသမီးများဆောင်ရွက်ရန်

ဘုရားပန်းအလှူ…ဇီဇဝါပန်း(သို့)ဇွန်ပန်း(သို့)ဇော်စိမ်းပန်း ..အရေအတွက် ၈ပွင့်/ညွှန့်

ဘုရားဆင်းတုတော်အောက် ပန်းမွှေ့ယာအလှူ— ငွေပန်း(သို့)ကြာပန်း(သို့)ကံ့ကော်ပန်း..အရေအတွက် ၁၅ပွင့်/ညွှန့်

ဆွမ်းကပ်ရန်….ဆွမ်းနှင့် အသည်းအမြစ်ဟင်း ကပ်လှူပါ။

လုပ်ရမဲ့ အချိန်က မွေးနေ့ မနက် ၉နာရီ ၄၅မိနစ်ဖြစ်ပါတယ်။ထိုအချိန်မအားပါက မနက် ၆း၄၅မိနစ်ဆောင်ရွက်ပါ

စနေသားသမီးများဆောင်ရွက်ရန်

ဘုရားပန်းအလှူ…ရွှေပန်း(သို့)လီလီပန်း(သို့)ရွက်လှပန်း…အရေအတွက်..၁၇ပွင့်/ညွှန့်

ဘုရားဆင်းတုတော်အောက် ပန်းမွှေ့ယာအလှူ—ဇွန်းပန်း(သို့)ဇီဇဝါပန်း(သို့)ဇော်စိမ်းပန်း..အရေအတွက် ၈ပွင့်/ညွှန့်

ဆွမ်းကပ်ရန်….နို့ထမင်းဆွမ်းကပ်လှူပါ။

လုပ်ရမဲ့ အချိန်က မွေးနေ့ မနက် ၉နာရီ ၄၅မိနစ်ဖြစ်ပါတယ်။ထိုအချိန်မအားပါက မနက် ၆း၄၅မိနစ်ဆောင်ရွက်ပါ

ကဲဒီလောက်ဆို သဘောပေါက်မယ်ထင်ပါတယ်။ အချိန်ပေးနိုင်သူများ တစ်ပတ်တစ်ခါလုပ်သွားပါ။

တစ်ပတ်တစ်ခါမလုပ်နိုင်လဲ ၂ပတ် တစ်ကြိမ်လုပ်သွားပေါ့။ ပန်းတွေက လှူထားတဲ့ပန်းရော ၊ပန်းမွှေ့ယာခင်းထားတာရောက ညိှုးသွားရင် စွန့်လိုက်ပေါ့။ ကပ်လှူထားတဲ့ဆွမ်းခဲဖွယ်ဘောဇဥ်ကတော့ မွန်းမလွဲခင်စွန့်ပေါ့ဗျ။

၇ရက်သားသမီးများအားလုံးပဲ တစ်ဆင့်ထက်တဆင့်မြင့်သထက်မြင့်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

ငြိမ်းအေးလူ
၀၉ ၇၇၅၅၅၅ ၆၉၅

Leave a Reply

Your email address will not be published. Required fields are marked *