ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နယုန်လဆုတ်(၁၀)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇူလိုင်လ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့လယ်(၁၁း၃၈)နာရီအထိ မိတ္တုမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကိတ်မြေခံ အဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့လယ်(၁၁း၃၈)နာရီကျော်ရင် ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။
ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ ရက်ကန်း ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၁)လုံးအနေဖြင့် ထပ်ပြန်တစ်လဲလဲ ရရှိသော ပျော်ရွှင်မှုလို့ သက်မှတ်ရမည့် တီထိရက် ဖြစ်ပါတယ်။ အိမ်ထောင် ပြု၊ မင်္ဂလာအခါ၊ ဘာသာရေးကိစ္စရပ်များ၊ ကဗျာ၊ စာပေ၊ အနုပညာကိစ္စရပ်များ၊ ပညာသင် လက်ခံခြင်း၊ နတ်ပူဇော်ခြင်း၊ ဉပုသ်သီလစောင့်တည်ခြင်း၊ ဘုရားဖူးသွားခြင်း၊ အိမ်သစ်တက်ခြင်း၊ အအေး စသော စားသောက်ကုန် များကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ကို လုပ်ဆောင်ရန် ကောင်းပါသည်။ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို တာဝန်ယူသော နန္ဒာတီထိဖြစ်ပြီး သောကြာဂြိုဟ် အုပ်စိုးသောကြောင့် အဝတ်အထည်၊ အကအခုန်၊ သီဆိုခြင်း၊ ပွဲလမ်းသဘင်၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ ခြံမြေလုပ်ငန်းများအတွက် ကောင်းမွန်သော တီထိဖြစ်နေပါသည်။ ဒီနေ့မှာ အပျော်ခရီးတွေပဲဖြစ်ဖြစ်၊ မွေးရပ်မြေကိုပြန်တဲ့ ခရီးပဲဖြစ်ဖြစ်၊အလုပ်နဲ့ပတ်သက် သောခရီးပဲဖြစ်ဖြစ် ခရီးကိစ္စတွေစတင်လို့အလွန်ပဲကောင်းတာကိုတွေ့ရပါတယ်။
ဘာသာရေးနဲ့ပတ်သက်သော ဘုရားဆင်းတုတော်ထုလုပ်ကိုးကွယ်ခြင်း၊ဘုရားတည်ခြင်း၊မုခ်ဦးတည်ဆောက်ခြင်း၊ ရှင်ပြုခြင်း၊ နားသခြင်း၊ရဟန်းခံခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။
ပညာရပ်အသစ်များစတင်သင်ကြားခြင်း၊ ပညာရေးနဲ့ပက်သက်ပြီးတော့ သင်တန်းဖွင့်ခြင်းတွေလဲအထူးကောင်းပါ တယ်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများလဲအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ဘဏ်လုပ်ငန်းများ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများတိုးတတ်ပါတယ်။
လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။
ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၂း၄၇)နာရီမှ နံနက်(၃း၃၉)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ အဿဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ မေထုန်ရာသီဖွား ဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် အရည်အသွေးကောင်းများကြောင့် လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ် စေ အာရုံစူးစိုက်ပြီးလုပ်လိုက်တဲ့အလုပ်မှန်သမျှ အောင်မြင်သွားတတ်ပါတယ်။မိမိသည် အရမ်းစိတ်ဓါတ်ခိုင်မာ ပြတ်သား တက်သူ ဖြစ်ပါတယ်၊ တစ်ခါတစ်ရံမှာ ခေါင်းမာပြီး အလုပ်ကြိုးစားတယ်။ တစ်ချိန်တည်းမှာပင် မိမိအား နူးညံ့ပျော့ ပျောင်းသော၊ ပေးကမ်းစွန့်ကြဲမှုနှင့် ကောင်းသောခံယူချက်ရှိကာ အရာရာ ပြည့်စုံမျှတမှုရှိသူ ဖြစ်ပါသည်။ ပျော့ပျောင်း လွန်းခြင်း နှင့် မာကျောလွန်းခြင်းကြားတွင် ပွတ်တိုက်ရွေ့လျားတတ်ခြင်းကြောင့် အချစ်ရေးသည် အတက် အကျတော့ ဖြစ်နိုင်သည်။ဒါကြောင့်ပဲ ဒီနေ့မွေးသူများဟာ အများအားဖြင့် လူပျိုကြီးအပျိုကြီးတွေဖြစ်တတ်ကြ ပါတယ်။ဘဝမှာ ထင်ထားသည်ထက် ပိုမိုသံဝေဂရလွယ်ပြီး တရားအားထုတ်ချင်စိတ်တွေများပြားနေတတ်ပါတယ်။ အသက် ၄၀ကျော် လာ ချိန်ကစလို့ တရားစိတ်၊ကုသိုလ်စိတ်၊ပရဟိတစိတ်တွေဝင်လာတတ်ပါတယ်။ ဘဝကိူ ပုံမှန်ပဲ ဖြတ်သန်းလိုစိတ်ရှိပြီး အနုပညာနယ်ပယ်၊ခံစားမှုနယ်ပယ်တွေမှာ အောင်မြင်နိုင်တဲ့သူတွေဖြစ်ပါတယ်။
အဿဝဏီနက္ခတ်မို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်း ပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူခြင်းကောင်း၏။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၁၅) နာရီမှ နံနက်(၈း၅၃)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သုဂတော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သစ်တော်သီး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း