loading

28.November .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 28.November .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၃)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဝက် မြေခံဖြစ်၍ ဘေးသင့်ခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၃)လုံးအနေဖြင့် အောင်မြင်ခြင်းကို သယ်ဆောင်လာသော တီထိနေ့ဖြစ်၍ စာပေ၊ အနုပညာ လုပ်ငန်းများ၊ အိမ်ထောင်ပြုခြင်း၊ မင်္ဂလာဆောင်ခြင်း၊ ခရီးသွားခြင်း၊ အသင်းအဖွဲ့များ ဝင်ရောက်ခြင်း၊ အဝတ်အစားနှင့် ပတ်သက်၍ လုပ်ဆောင်ခြင်း၊ စစ်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် ကောင်းသောနေ့ ဖြစ်နေပါသည်။

အလုပ်တွေကအခက်အခဲတွေကို ကောင်းစွာဖြေရှင်း သွားနိုင်ပါလိမ့်မယ်။ စစ်ရေးကိစ္စ၊အစိုးရနဲ့ပက်သက်သောကိစ္စ တွေမှာပြေလည်အောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဆေးကု၊ဆေးစစ်ရန်အတွက်ကောင်းမွန်သောရက်ကောင်းဖြစ်ပါ တယ်။ ကြုံရနိုင်တဲ့ အကြပ်အတည်းတွေကိုလဲ ကောင်းစွာကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီနေ့တွေ့ကြုံရတဲ့ အလှူခံမှန် သမျှကို သဒ္ဓါကြည်ဖြူစွာ လှူဒါန်းလိုက်ခြင်းဖြင့် အောင်မြင်မှုတွေကိုဖြစ်ပေါ်စေပါလိမ့်မယ်။

ရစရာရှိသောအကြွေးများ၊ရပိုင်ခွင့်များ ကောင်းစွာတောင်းခံနိုင်ပါလိမ့်မယ်။ အလုပ်ပိနေသူများ၊ အလုပ်တာဝန်များ နေသူများ ကောင်းစွာစီမံခန့်ခွဲနိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ ခရီးသွားရင် တွေ့တဲ့ဆိုင်မှာထီကံစမ်းခြင်းတွေပြုလုပ်လို့ အထူးသင့်လျော်ပါတယ်။ လိုအပ်နေတဲ့ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများဝယ်ယူမယ်ဆိုရင်လဲ ဝယ်ယူလို့အထူး သင့်တော်ပါတယ်။ ဘာကိစ္စမဆို အချိန်မဆွဲဘဲ လက်ဦးမှုတွေစတင်ယူလိုက်မယ်ဆိုရင်တော့အထူးပဲအဆင်ပြေ သွား တတ်ပါတယ်။ စားသောက်ကုန်နဲ့ပတ်သက်သော ကုန်စည်ပြပွဲများကျင်းပခြင်း၊ promotion များပြုလုပ်ခြင်း တွေ အထူးကောင်းပါလိမ့်မယ်။

ခရီးကိစ္စများဆောင်ရွက်လို့ အထူးကောင်းပါတယ်။ အပျော်ခရီးတွေပဲဖြစ်ဖြစ်၊ကုန်သွယ်စီးပွားခရီးတွေပဲဖြစ်ဖြစ် အဆင်ပြေချောမွေ့ပါလိမ့်မယ်။ မိမိလုပ်ငန်းအတွင်းဝန်ထမ်းတွေကို အလုပ်နဲ့ ပတ်သက်သောသင်တန်းတွေပေး တာ မျိုးတွေဆောင်ရွက်လို့အထူးကောင်းပါတယ်။အိမ်ပြုပြင်ခြင်း၊ အိမ်ခန်းဖွဲ့ခြင်း၊ ပျက်စီးယိုယွင်းနေတဲ့နေရာ တွေကိုပြင် ဆင် ခြင်းများပြုလုပ်သင့်တဲ့နေ့ရက်ပါပဲ။ ကြော်ငြာကိစ္စများဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကုန်ရောင်း ကုန်ဝယ် အလုပ်များ၊ ဈေးရောင်းဈေးဝယ် အလုပ်များအထူးအဆင်ပြေနိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၁၆း၅၃)နာရီမှ ည(၁၇း၄၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ဘဝရဲ့ အဓိပ္ပါယ်နဲ့ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေနဲ့ အခြေအနေတွေကို အမြဲရှာဖွေနေပါတယ်။ ဘယ်အရာတွေက တန်ဖိုးရှိနိုင်တယ်ဆိုတာကို မကြာခဏ အကဲဖြတ်လေ့ရှိပြီး မိမိဗီဇက နောက်ထပ်ကြည့်ရကျိုးနပ်မယ့်အရာကို ရှာဖွေဖော်ထုတ်ဖို့အတွက် အကောင်းဆုံးအရည်အသွေးရှိသူပါပဲ။ မိမိသည် လုပ်ရိုးလုပ်စဉ် များကို မကြိုက်သော်လည်း မိမိကိုယ်မိမိ တက်ကြွနေစေရန်တည်ငြိမ်မှုနှင့် လုံခြုံမှုကို အမြဲ အလို ရှိသည်။ မိမိရဲ့ စူးစမ်းလိုစိတ်နဲ့ စိတ်ကူးတွေက အမြဲတမ်း ဆန်းကြယ်နေတတ်တယ်။ မိမိရဲ့ စူးစမ်းလိုစိတ်က မိမိရဲ့ ဘဝပုံရိပ်အမှန်ကို အခြားသူတွေသိဖို့အတွက်အလွန်ခက်ခဲတယ်။ မိမိဟာ အခြားလူတွေအတွက်အံ့သြစရာကောင်းတဲ့ သူငယ်ချင်းနဲ့ အပေါင်းအဖော် ဖြစ်စေတယ်။ အချစ်ရေးမှာရပ်ဝေးကလူတွေ၊တိုင်းရင်းသားတွေနဲ့ဖူးစာဆုံတတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကတစ်ဆင့် မိမိဟာ သူများနဲ့မတူ တိုးတက်ပြောင်းလဲလာ နေတယ်လို့ ခံစားမိဖို့ လိုပါတယ်။ မိမိဟာ ရည်မှန်းချက်ကြီးပြီး ကြိုးစားတတ်တယ်။အေးဆေးပြီး နူးညံ့သိမ်မွေ့သလောက် တစ်ခါတလေစိတ်တို ဒေါသ ထွက် နေချိန်မှာတော့ တော်တော်လေး တင်းမာနိုင်တဲ့စိတ်ရှိသူတွေဖြစ်ပါတယ်။မိန်းကလေးဇာတာရှင်ဖြစ်မယ်ဆိုရင် အသက်၂၅နောက်ပိုင်း ဒါမှမဟုတ် အသက် ၃၀ဝန်းကျင်လောက်မှသာ အိမ်ထောင်ရေးကို စဉ်းစားသင့်ပါတယ်။

စိတြနက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး ပညာရပ်များ လေ့လာရန်၊ မိတ်ဖွဲ့ရန် ကောင်းသော၊ ကာမဂုဏ်၊ အလှဆင်ခြင်း၊ လိင်ဆက်ဆံခြင်း၊ အဝတ်အစားအသစ် ဝတ်ဆင်ခြင်း၊ လက်ထပ်ခြင်း၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ စီတန်းခြင်း၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားခြင်းတို့အတွက် သင့်လျော်သည်။ ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

သောဘဂျယုဂ်သည် ကံကောင်းခြင်းဟု အဓိပ္ပါယ်ရသည်။ ကောင်းသောကိစ္စများအတွက် ကောင်းသည်။

တေထိလကရိုဏ်းသည် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် ကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၁၈) နာရီမှ မွန်းလွဲ(၂း၄၂)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊  သောကြာ သားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊  တနင်္လာ၊ အင်္ဂါ၊  ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင် နှင့် ကြည်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင့်ပြီး ဘဂဝါ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပဲပြုတ်နဲ့ဘုရားဆွမ်းတော်ကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *