ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁၁)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဧပြီလ (၈) ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၀၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၁၁)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၁)လုံး အနေဖြင့် ပျော်ရွှင်ခြင်း၊ကြွယ်ဝခြင်းကိုပေးတဲ့ နန္ဒာတီထိကျ ရောက်တဲ့နေ့ရက်ပါပဲ။ အမှုအခင်းတွေရှိရင်ပြေလည် သွားပါ လိမ့်မယ်။ တပတ်ရစ်ပစ္စည်းများ၊ရှေ့ဟောင်းပစ္စည်းများ အရောင်း အဝယ်ပြုရန်ကောင်းတယ်။
အိမ်မွေးတိရစ္ဆာန်များရောင်းဝယ်ခြင်းတွေ၊ဥယျဉ်ခြံလုပ်ငန်းဆောင်ရွက်ခြင်းတွေအထူးကောင်းပါတယ်။ မေတ္တာရေး ရာကိစ္စများအစပျိုးခြင်းတွေ၊ငွေကြေးကိစ္စများဆောင်ရွက်ခြင်းအထူးဆောင်ရွက်နိုင်ပါတယ်။ကျန်းမာရေးနဲ့ ပတ် သက်ပြီး ဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။ ဒါကြောင့်ဒီလိုနေ့ရက်မျိုးမှာတော့ အိမ်သစ်တတ်ခြင်း၊ အဝတ် အစားသစ်ဝတ်ဆင်ခြင်း၊ လက်ဝတ်ရတနာများ ဆင်မြန်ခြင်းကိစ္စတွေ အထူးဆောင်ရွက်လို့ကောင်းပါလိမ့်မယ်။ ပန်းချီပန်းပု၊မြန်မာမှုနှင့်ဆိုင်သောအလုပ်များ တိုးတတ်အောင်မြင်မှုတွေရလာတတ်ပါတယ်။
အခွင့်အရေးနှစ်မျိုးနှစ်ခွ ပုံစံမျိုးတွေကြုံရတတ်ပါတယ်။ ရွေးချယ်ရခက်နေတယ်ဆိုရင်တော့ သံယောဇဉ်ကို ဦးစား မပေး ဘဲ ရေရှည်ကြည့် ပြီးဆုံးဖြတ်ပါလို့မှာချင်ပါတယ်။ အစုရှယ်ယာများဝင်ခြင်း၊ ငွေကြေးအပေးအယူလုပ်ခြင်း၊ ငွေချေးငှားခြင်းတွေလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဆိုင်းဘုတ် တင်ခြင်း၊ လုပ်ငန်းသစ်တစ်ခုစတင်လည်ပတ်ခြင်းများ ဒီနေ့မှာဆောင်ရွက်ခြင်းဖြင့် ရေရှည်ကောင်းမွန် တာမျိုးကြုံရ မှာပါ။ ပညာရေးဝန်ဆောင်မှုများ၊စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရပ်နှင့် ဆိုင်သော ဟောပြောပွဲများ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ခရီးသွားရာမှာတော့ အပျော်ခရီးများ၊ဘုရားဖူးခရီးများလဲ သွားလို့သင့်ပါတယ်။ လုပ်ငန်းစီးပွားနဲ့ဆိုင်သော ခရီးတွေ က တော့သွားလို့မသင့်ပါဘူး။ယနေ့တွင် ကာမမကြူးအပ်။ အလှူမင်္ဂလာကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ ပညာသင် တန်း တက်ရောက်ခြင်း၊ စတင်အပ်နှံခြင်းများ မပြုရပါ။ ငွေကြေး၊ လက်ပြောင်း၊ လက်လွှဲ သတိရှိပါ။ လူအများ ကတိ ပျက်ယွင်းတတ်သည်။ အလုပ်နေရာ၊ နေအိမ်နေရာ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်းများ မလုပ်သင့်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၈း၀၈)နာရီမှမနက်(၀၉း၁၀)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း နေ့စက်(၁၁း၅၈)နာရီလွန် စန်း သိဟ်ရာသီသို့ပြောင်းသည်။ မိန်ရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် စိတ်ခံစားမှုရှိပြီး ထိလွယ်ရှလွယ်ဖြစ်ပြီး တစ်ခါတစ်ရံမှာ ဒရာမာဆန်ပေမယ့် မိမိပတ်ဝန်း ကျင်က လူတွေက မိမိကို ချစ်ကြပါတယ်။ တကယ်တော့ မိမိရဲ့လုပ်ငန်းခွင်မှာ ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူး အယူအဆကို ဖော်ပြတဲ့အခါ မိမိရဲ့ စွမ်းဆောင်နိုင်မှုအရ အကောင်းဆုံးကို အောင်မြင်နိုင်မှာပါ။ ပြင်းထန်သော စိတ်ခံစားမှုများသည် ကောင်းမွန်စွာ လမ်းကြောင်း ပေးပါက ၎င်းတို့သည် ကြီးမားသော အောင်မြင် မှုဆီသို့ ဦးတည် သွားနိုင်သည်။ မိမိသည် အခြားသူများကို ဂရုစိုက်ကာ ၎င်းတို့ ဘေးကင်းပြီး ပျော်ရွှင်နေတာကို ကြည့်ပြီးပျော်နေတတ် သူဖြစ်ပါတယ်။ဒါကြောင့် ပရဟိတသမားတွေအဖြစ်ဒီဇာတာကိုအများအား ဖြင့်မြင်ရလေ့ရှိပါတယ်။ ငယ်ရွယ်စဉ်အောင်မြင်အောင်လုပ်ဖို့ လိုပါ တယ်။ အသက်ကြီး ပိုင်းကျန်းမာရေးညံ့တတ်ပါ တယ်။ ဘဝမှာ ငှက်ဖျားရောဂါတွေကို အထူးသတိထားရလိမ့်မယ်။ ငှက်ဖျားပေါတဲ့ဒေသ တွေကို သတိထားပါ။ ကံကောင်းတာက မိမိကို စောင့်ရှောက်မဲ့ အမျိုးသမီးအကြီးအကဲတွေနဲ့ ကြုံ ရတတ်ပါတယ်။ အမေ၊အဘွား၊ ကြီးတော်၊ အဒေါ်၊အမစသောအမျိုးသမီးတွေရဲ့တန်ဖိုးထားကူညီပေးခြင်း ကြုံရ တတ် ပါတယ်။ ကံ ကောင်း တာက အတိတ်ကံ အထုပ်အထည်ပါလာသူတွေဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဆင်းရဲတဲ့ မိဘဆီမှာ မွေးမွေး တစ်ချိန် ချိန်မှာချမ်းသာမှုကို သေချာပေါက်ကြုံရတတ်ပါတယ်။
အသလိသ နက္ခတ်သည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး စစ်ပွဲတွင်အောင်မြင်ရန်၊ ဒြပ် စင်များနှင့် အခြားဝိညာဉ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်းလုပ်ရပ်များနှင့် အထက် အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၃း၁၄)နာရီမှ ညနေ(၀၄း၄၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …. “ဉုံ သဗ္ဗိဝေန ခယခပင်း သုခီ ဉုံ ပူဇာစ ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဧလမုန့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ
အောင်မှန်- အခါပေးဒိုင်ယာရီ
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း