loading

17.Apr.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 17.Apr.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဦးတန်ခူးလဆုတ်(၅)ရက်၊ ကြာသပတေး၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင်နေ တာမို့ ရှောင်လိုက်တာကပိုကောင်းပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ မဟာရက်ကြမ်း ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ညစက်(၀၄း၂၅)နာရီအထိ ဖယ်ရှင်းခြင်းအတွက်သုံးရန်း အထူးကောင်းတဲ့ လဆုတ် တီထိ(၄)လုံး ကျရောက်နေပြီး၊ လွန်လျှင် ပြည့်ဝခြင်းကိုပေးတဲ့ လဆုတ်တီထိ(၅)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၄)လုံးအနေဖြင့် ရက်စက်ကြမ်းကြုတ်သော တီထိဟု သတ်မှတ်ပြီး လူသက်၊ လက်နက်၊ ခဲယမ်း၊ မီးကျောက်၊ ဗြောက်အိုး စသည့်လုပ်ငန်းများ ရန်သူအား သုတ်သင်ခြင်း သေဒဏ်ချခြင်း၊ အနိဌလုပ်ငန်းများ ရန်သူစခန်း သိမ်းပိုက်ဖမ်းဆီးခြင်း၊ အဆိပ်ခက်ခြင်း၊ ပိုးသက်ဆေး စသည်ဖြင့် သုံးစွဲခြင်း၊ မီးပေါက်ခြင်း၊ လျှပ်စစ်နှင့် ပတ်သက်သော လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် ကောင်းမွန်ပါသည်။ ဆင်းရဲခြင်း၊ ဗလာနတ္ထိဖြစ်ခြင်းကို ခေါင်းဆောင်သည့် ရိတ္တာ တီထိဖြစ်ပြီး စနေအုပ်စိုးသော တီထိဖြစ်သဖြင့် လုပ်ငန်းတို့ကို လုပ်ဆောင်နိုင်သော်လည်း မည်သည့်အရပ်မျက်နှာကိုမှ ခရီးသွားလာခြင်းမျိုး အကြံမပြုပါ။

တီထိ(၅)လုံး အနေဖြင့် ချမ်းသာသုခကို ပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး မင်္ဂလာကိစ္စမျိုးစုံကို ပြုလုပ်ရန် သင့်တော်သော တီထိဖြစ်ပါသည်။ ပညာသင်၊ တပည့်လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ အာဟာရ စတင်ကျွေခြင်း၊ အပင်များအား ဓါတ်မြေဩဇာကျွေးခြင်း၊ အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ တည်ငြိမ်သော အလုပ်၊ လှုပ်ရှားရသော အလုပ်အကိုင်များအားလုံး အလုပ်မျိုးစုံ လုပ်ကိုင်နိုင်ပါသည်။  သို့သော် ဤရက်တွင် ငွေချေးခြင်းများ မပြုလုပ်ရပါ။ လျှို့ဝှက် အဆင့်မြင့်ပညာရယူခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ အဆိပ်လုပ်ခြင်း၊ ခွဲစိတ်ခြင်း၊ ရေနှင့် ပတ်သက်သည်များ လုပ်ဆောင်ခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ခရီးသွားလာခြင်း၊ နန်းတက် ဘိသိတ်ခံခြင်း၊ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်းများ ဆောင်ရွက်နိုင်သည့် အခါဖြစ်နေပါသည်။ ပြည့်စုံခြင်းကို ဖေါ်ဆောင်သော ပုဏ္ဏာတီထိဖြစ်ပြီး နန်းတတ်ခြင်း၊ အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခြင်းများ လုပ်ဆောင်နိုင်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၇း၄၃)နာရီမှမနက်(၀၈း၃၅)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ဇေဌနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများနဲ့မတူသော အတွေးအခေါ်တွေရှိပါတယ်။  အတွေးတွေကို လက်တွေ့အကောင်အထည် ဖော်တဲ့နေရာမှာလဲ မြန်ဆန်သူပါပဲ။လုပ်ငန်းစီးပွားရှာဖွေရေးတွေမှာတော့  သူများနဲ့မတူဘဲ ထိုးဖောက်နိုင်စွမ်းမြင့်မား ကြတာကိုတွေ့ရပါတယ်။ အခက်အခဲတွေကို ကောင်းစွာကျော်လွှားနိုင်ပေမဲ့ ကျန်းမာရေးအားနည်းချက်ရှိကြသူတွေ မို့ မိဘတွေအနေနဲ့ကျန်းမာရေးဂရုစိုက်ဖို့လိုပါတယ်။ အာရုံကြောပိုင်းအားနည်းတာမျိုးတွေကိုလဲတွေ့ရပါတယ်။ နိုင် ငံခြားကံအထူးကောင်းပြီးတော့ မိဘတွေအနေနဲ့တစ်ချိန်ချိန်မှာ နိုင်ငံခြားမှာ အခြေချမယ်ဆိုရင်တော့ ဒီနေ့ဖွားတွေ အတွက် အံဝင်ခွင်ကျဖြစ်ပါတယ်။ မွေးစကနေ ၄နှစ်အတွင်း ကလေးကျန်းမာရေးကိုဂရုစိုက်ပါ။ တတ်နိုင်သ၍ ငယ်ရွယ်စဉ်တွေမှာ ကလေးကို ရွှေလက်ဝတ်ရတနာကို အမြဲတမ်း ဝတ်ဆင်ပေးတာမျိုးတွေကိုရှောင်ပါ။

ဇေဌ နက္ခတ်သည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝကြည့်ဖြစ်ပြီး စစ်ပွဲအောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြား နတ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်း၊ အထက်အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်း၊ ရန်ဖြစ်ခြင်း၊ ငြင်းခုံခြင်း စသည်တို့အတွက် သင့်လျော်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။

 ဤနက္ခတ်သည် ဘေး သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတ်တူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၃၉)နာရီမှ ညနေ(၀၃း၁၃)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။    

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ ၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် ဖက်ဖူးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….ဗုဒ္ဓေါဂုဏ်တော် သက်စေ့ ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖက်ထုပ်ကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *