ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဦးတန်ခူးလဆုတ်(၇)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားညို၊ ရသေ့ကျော်၊ ဝါရမိတ္တုကြီး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ် ဆိုမယ် ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင် ရွက်လိုက်ပါ။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ် ပါတယ်။
ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်း မာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊ မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၆)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၆) လုံးအနေဖြင့် ပျော်ရွှင်ခြင်း၊ကြွယ်ဝချမ်းသာခြင်းတွေကိုပေးတဲ့ နန္ဒတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ ဒီလို နေ့ရက်မှာ တော့အရေးကြီးကိစ္စတွေဆောင်ရွက်မယ်ဆိုပါက နံနက် ၈း၂၄ မိနစ်ကနေ ၁၀း၄၈ မိနစ်အတွင်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ရပ်ဝေးနှင့်ဆက်စပ်လုပ်ကိုင်သောအလုပ် များအထူးတိုး တတ်အောင်မြင် မည်။ အမှုဟောင်း များ၊ ပြဿနာဟောင်းများ ပြီးပြတ်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။
ဆေးရုံးသစ်ဖွင့်လှစ်ခြင်းတွေ၊ ဆေးဆိုင်၊ဆေးခန်းစတင်ဖွင့်လှစ်ခြင်းတွေအထူးကောင်းပါတယ်။ပျော်ပွဲရွှင်ပွဲ ကျင်းပ ခြင်းတွေ၊ ဝန်ထမ်းတွေကိုdinner လိုက်ကျွေးခြင်းတွေကိုအထူးဆောင်ရွက်သင့်ပါတယ်။မိမိလိုချင်တာတွေ ကိုလဲ ရအောင်ယူနိုင်မဲ့နေ့ရက်ပါပဲ။ အလုပ်အကိုင်အဆင်ပြေအောင်မြင်နေကြသူများ သတိထားရမဲ့အချက်ကမနာ လိုတိုက်ခိုက်မဲ့သူတွေများနေတတ်ပါတယ်။
ဘာသာရေးနှင့်ဆိုင်သောကိစ္စအ၀၀တွေဖြစ်တဲ့ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲ ပြုလုပ်ဆောာင် ရွက်နိုင်ပါ လိမ့်မယ်။ ဒါ့အပြင်ဘုရားဖူးထွက်ခြင်း၊ဥပုသ်သီလဆောက်တည်ခြင်း၊ဘာသာရေးအလှူအတန်းပွဲများ ကျင်းပခြင်း တွေလဲဆောင်ရွက်နိုင်ပါလိမ့်မယ်။မိရိုးဖလာကိုးကွယ်နေတဲ့နတ်များအားပူဇော်ခြင်း၊ပသခြင်းများဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ပါပဲ။ အလုပ်စီးပွားသစ်များစတင်ဆောင်ရွက်လို့အထူးကောင်းတဲ့နေ့တစ်နေ့ပါပဲ။ ရပ်ဝေးမှာချဲ့ ထွင်ထား တဲ့အလုပ်တွေက ပိုမိုအောင်မြင်မှုတွေရလာတတ်ပါတယ်။ အလုပ်ရှာခြင်း၊ အလုပ်သစ်လျှောက်ခြင်း ကဒီနေ့မှာ အချိန်ကောင်းပါပဲ။ အရည်နှင့် ပတ်သက်သောရေသန့်၊အအေး၊အချိုရည်လုပ်ငန်းများ အဆင်ပြေအောင်မြင်မှုတွေရ လွယ်ပါ တယ်။ အိမ်သစ် တတ်ခြင်း၊ဘုရားနေကဇာတင်ခြင်းများလဲ အထူးပဲဆောင်ရွက်နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၇း၃၅)နာရီမှမနက်(၀၈း၂၇)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ပြုဗ္ဗသာဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးတွေကတော့ ဘဝမှာ ဆယ်နှစ်တစ်ခါလောက် အပြောင်းအလဲတွေဖြစ်နေတတ်ကြသူတွေပါပဲ။ တကယ်လဲ အပြောင်းအလဲများကြပါတယ်။ငွေကြေးကံအားကောင်းကြသူတွေဆိုပေမဲ့ ဝန်ထမ်းလခစားလုပ်မယ်ဆို ရင်တော့ ကြီးပွားဖို့ခဲယဉ်းတဲ့သူတွေဖြစ်ပါတယ်။ နာမည်ပေးမှားရင် ဘဝကကြမ်းတမ်း ခက်ထန်သွားနိုင်ကြတဲ့သူ တွေဖြစ်ပြီး အမိအဘတွေနဲ့လဲ ဝေးကြရတဲ့ကံကို ဖြစ်စေတဲ့ဇာတာလဲဖြစ်နေပြန်ပါတယ်။ တကယ်ကောင်းတဲ့ အချက်က ကျရောက်လာတဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်တဲ့သူတွေဖြစ်ပါတယ်။ အားနည်းချက်က မေတ္တာရေးကံမှာ နီးစပ်သူတွေနဲ့ သိပ်အဆင်မပြေတတ်ဘဲ ဝေးကွာလွန်းပြီး တစ်စိမ်းဆန်တဲ့ တစ်စိမ်းတရံတွေနဲ့ အနေနီးပြီး သွေးမတော်သားမစပ်သူတွေနဲ့ ဆွေမျိုးလိုဖြစ်သွားတတ်တဲ့ကာလပါပဲ။
ပြုဗ္ဗသာဠ်နက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်ဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြားမှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ရန်သူ၊ ထောင်ချ၊ အဆိပ်ခတ်၊ မီးရှို့မှု၊ တိုက်ပွဲ၊ မီးတင်၊ ဖျက်ဆီးခြင်း၊ ဂုဏ်သိက္ခာမဲ့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းတို့အတွက် သင့်လျော်သည်။ ကောင်းသော ကိစ္စရပ်များအတွက် မသင့်လျော်ပါ။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉ္စာ၌ သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၈း၅၆)နာရီမှ နံနက်(၁၀း၃၁)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မင်္ဂလာသုတ်(၁)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ
အောင်မှန်- အခါပေးဒိုင်ယာရီ
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း