loading

30.Apr.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 30.Apr.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ကဆုန်လဆန်း(၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူး ပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။ သမားညိုတို့၊ရက်ယုတ်မာတို့နဲ့ တိုက်ဆိုင်နေတာမို့ရှောင်လိုက်တာပိုကောင်းပါတယ်။

ဒီနေ့ဟာ.. သမားညို၊ရက်ယုတ်မာကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ဒီနေ့ဟာ တီထိအရတော့ အောင်မြင်မှုတွေ၊ စွမ်းအားတွေကိုပေးတဲ့ ဇယျာတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီလို နေ့ရက်တွေမှာတော့ မိမိလုပ်ငန်းသစ်များဆောင်ရွက်လုပ်ကိုင်ခြင်းမျိုး မသင့်ပါဘူး။ လုပ်လက်စအလုပ်တွေကိုပဲ တိုး တတ်အောင်ဆောင်ရွက်သင့်တဲ့နေ့ရက်ပါ ရှေးဟောင်းပစ္စည်းများ ၊ ကြန့်ကြာနေတဲ့ပစ္စည်းများလဲ အလွန်မှရောင်းအား တတ်ပါ လိမ့်မယ်။ စူးစမ်းခြင်း၊လေ့လာခြင်း၊သုတေသနပြုခြင်း စတဲ့ကိစ္စတွေကိုတော့ ဆောင်ရွက်လို့ကောင်းပါတယ်။ လုပ်ကိုင်ဆောင်ရွက်ချင်တဲ့ကိစ္စတွေကိုတော့ အားကြိုးမာန် တတ်လုပ်မှပဲအဆင်ပြေပါလိမ့်မယ်။

ငွေကြေးကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ဒါပေမဲ့စာရွက်ပေါ်မှသေချာဆောင်ရွက်ဖို့လိုပါတယ်။ အလုပ် ကိုကြိုးစားပါ။ မလောပါနဲ့။ အလျင်လိုလေ အနှေးဖြစ်ရလေပါပဲ။ မိမိကိုယ်ပိုင်စက်ကားနဲ့ခရီးသွားတော့မယ် ဆိုရင် တော့ စစ်ဆေးပြီးမှသွားပါ။ လမ်းမှာပျက်တတ်ပါတယ်။ စစ်ရေးစစ်ရာနဲ့ပက်သက်သောအလုပ်များ အထူးကောင်းပါ တယ်။ တိုက်ပွဲ ဆင်နွဲခြင်း၊ အောင်မြေနင်းခြင်း၊ရန်သူ့ကိုခြေမှုန်းခြင်းများအားဆောင်ရွက်နိုင်တဲ့ နေ့တစ်နေ့ပါပဲ၊

စစ်ရေးလေ့ကျင့်ခြင်း၊ စစ်လက်နက်စုဆောာင်းခြင်းများအထူူးကောင်းမွန်နေတာကိုတွေ့ရပါတယ်။မိမိအိမ် ကိုဆေးခြယ်တာ၊ ပရိဘောဂတွေကို ပေါ်လစ်တင်တာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ ပစ္စည်းတစ်ခုကိုတီထွင်ခြင်း၊ အနုပညာနဲ့ပတ်သက်ပြီးတော့ လဲ အသစ်များကိုဖန်တီးခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ ရန်များပြဿနာ များ အထူးပဲဖြေရှင်းလို့ကောင်းတဲ့နေ့ပါပဲ။စက်ပစ္စည်းများ၊လျှပ်စစ်ပစ္စည်းများရောင်းဝယ်ဖောက်ကားခြင်းများအထူးကောင်းပါတယ်။ လူမှုရေးနဲ့ပတ်သက် သောစကားများကြားကနေစေ့စပ်ညှိနှိုင်းပေးသောစကားများ ဒီနေ့မှာပြောဆိုလို့ အလွန် ပဲကောင်းပါတယ်။

ဒီနေ့ဟာ ဆေးစား၊ ဆေးကုခြင်းများ ပြုရန် အထူးကောင်းသောနေ့ရက် ဖြစ်နေပါတယ်။ သမားပြခြင်း၊ ဆေး စစ်ခြင်း များလည်း ပြုနိုင်သည်။ အာမခံခြင်း၊ တာဝန်ယူခြင်း မပြုရ။ ကိုယ်တွေ့မျက်မြင်မဟုတ်သောပစ္စည်းများ ဝယ် ယူခြင်း မပြုရ။ ကြိုတင်ငွေ ပေးချေခြင်းများမပြုသင့်ပါ။ စာရွက်စာတမ်း အတုအယောင်ကိစ္စများနှင့် ကြုံတွေ့ရ တတ်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၆း၅၂)နာရီမှမနက်(၀၇း၄၃)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ လူဝင်စားတွေဖြစ်ဖို့ရာခိုင်နှုန်းများကြသူတွေဖြစ်ပါတယ်။ ဘဝမှာဘယ်တော့မှအောက်ကျနောက်ကျ မဖြစ်ပါဘူး။ တစ်ခုတော့သတိပေးချင်တယ်။ ရေတိုကိုသာ ကြည့်ပြီးလုပ်တတ်သူမို့ ရေရှည်ပလန်အားနည်းတာကိုလဲ တွေ့ရပါတယ်။ ဒါအပြင်မိမိတို့အနေနဲ့ ရေရှည်ကို ဥာဏ်ကြီးကြီးနဲ့တွေးတတ်အောင်ပညာရေးကျွမ်းကျင်လိမ္မာအောင် လုပ်ဖို့လိုပါတယ်။ ဒီနေ့မွေးသူများဟာ အိမ်တစ်ဝန်းထဲမှာဖြစ်စေ၊အိမ်ချင်းကပ်ရပ်တွင်ဖြစ်စေ ဆွေမျိုးသွေးသားတွေနဲ့ အနီးကပ်မနေသင့်ပါဘူး။ ဒါကြောင့်ပဲ အိမ်ထောင်ပြုလို့ဖြစ်စေ၊ ငွေကြေးရှိလာလို့ အိမ်ဝယ်တဲ့အခါဖြစ်စေ ဆွေမျိုးသွေး သားတွေနဲ့ အနီးအနားမှာ ဝယ်မနေဖို့ တိုက်တွန်းချင်ပါတယ်။ သက်လတ်ပိုင်းကာလတွေမှာ လုပ်ငန်းစီးပွားကံအား ကောင်းနေတာမို့ စောစောစီးစီးအိမ်ထောင်ပြုခြင်းကိုတော့ အားမပေးပါဘူး။ တတ်နိုင်သ၍ အသက် ၂၇နှစ်ကျော်မှသာ အိမ်ထောင်ပြုဖို့တိုက်တွန်းချင်ပါတယ်။

ရောဟဏီ နက္ခတ်သည် မြဲမြံခိုင်ခံ့သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ဗိမာန် ဆောက်ခြင်း၊ ရေရှည်တည်တံ့သော သို့မဟုတ် ထာဝရအကျိုးသက်ရောက်မှုကို အလိုရှိသော လုပ်ဆောင်ချက်များ အတွက် သင့်လျော်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်၁၁း၅၇နာရီမှ မွန်းလွဲ၁း၃၃နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅ ၊၉ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …. သတ္ထာဒေဝ မနုဿနံ(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ဆီကြော် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *