loading

1.May.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 1.May.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ကဆုန်လဆန်း(၅)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ မေလ (၁) ရက်နေ့၊ အလုပ်သမားနေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျိုးဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁၂း၂၁)နာရီအထိ ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆန်းတီထိ(၄)လုံး ကျရောက်နေပြီးလွန်လျှင် ပြည့်ဝခြင်းကိုပေးတဲ့ လဆန်းတီထိ(၅) ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၄)လုံးအနေဖြင့် ဘာလုပ်လုပ်အားနာခြင်းကိုဘေးဖယ်ထားပြီး ပြတ်ပြတ်သားသားပြောဆိုလုပ်ကိုင် သင့်ပါ တယ်။ ရန်သူစခန်းအားသိမ်းပိုက်ခြင်း၊တရားခံအားဖမ်းဆီးခြင်းများဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။အခက်အခဲအကြပ်အတည်း တွေကြားကနေလဲ လွတ်မြောက်အောက်စွမ်းဆောင်နိုင်မဲ့နေ့ရက်ပါပဲ။ သတ္ထုထုတ်လုပ်ရေးလုပ်ငန်းများ ကျောက် မိုင်း ခွဲခြင်းတွေ အထူးဆောင်ရွက်နိုင်ပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီး ရဖို့ကြန့်ကြာနေတဲ့ ကိစ္စတွေ၊အကြွေးရစရာရှိတာတွေကို ဒီနေ့မှာပြန်တောင်းခံလို့အထူး ကောင်းပါတယ်။ အထားမှားပြီး ပျောက်ဆုံးနေတဲ့ ပစ္စည်းများ ပြန်ရှာတွေ့တတ်ပါတယ်။

အနုစိပ်အသေးစိပ်လုပ်ကိုင်ရသောအလုပ်များ အထူးအဆင်ပြေပါတယ်။ ဖုန်းပြင်တာ၊ ကွန်ပြုတာပြင်တာ၊ စတဲ့အလုပ် တွေကို ဆိုလိုတာပါ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရောဂါဝေဒနာတွေကို အရှင်းပျောက်မဲ့နေ့မျိုးပါပဲ။ ဆရာကောင်း သမားကောင်းနဲ့ တွေ့ရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၆း၄၈)နာရီမှမနက်(၇း၄၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ ခေါင်းဆေးခြင်း၊ အိမ်တက်မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။

အတိဂဏ္ဍယုဂ် ကျရောက်နေသောကြောင့် အတားအဆီး၊ အန္တရာယ်များစွာကို ဆိုလိုပါသည်။ ကောင်းသော ကိစ္စရပ်များ လုပ်ဆောင်ရန် မသင့်တော်ပါ။

ဗိဌိကရိုဏ်း ကျရောက်နေသောကြောင့်  မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အဖျက်လုပ်ငန်းများ အားလုံးအတွက် အထူးသင့်လျော်စေပါသည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ မိဂသီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ ထူးခြားပြီး စွမ်းအားကြီးသူတွေဖြစ်ပါတယ်။ တစ်ဖက််သားကိုကူညီတတ်တဲ့နေရာမှာ လွန်ရော ကျွန်ရောကူညီတတ်ကြသူတွေဖြစ်ပါတယ်။ ဒီအချက်ကိုသိပြီး ကိုယ့်ဆီကနေ ချူစားသွားတတ်ပါတယ်။ အား မနာတတ်အောင်လေ့ကျင့်ပါ။ ကံကောင်းတဲ့အချက်က စီးပွားရေးဖြောင့်တန်းပြီး မိမိအတွက် အနာဂတ်လမ်းကြောင်း မှန်ကို ငယ်ငယ်ကတည်းက မြင်သိကြားသိသတိထားမိကြသူတွေဖြစ်နေကြတာပါပဲ။ သားသမီးအကျိုးပေးကံအားနည်း ကြသူတွေဖြစ်ပြီး နာမည်အစမှာ အောက်မြစ်သာ ထည့်မှည့်ထားမိရင်တော့ ပိုမိုဆိုးရွားသွားတတ်ပါတယ်။အသက်ကြီး မှအိမ်ထောင်ပြုသူတွေသားသမီးရဖို့ခဲယဉ်းတဲ့ဇာတာတွေဖြစ်ပါတယ်။ အရေပြားအားနည်းကြသူတွေဖြစ်ကြတာမို့  နေလောင် ခံ လို့မရပါဘူး။ နေရောင််နဲ့တိုက်ရိုက်ထိတွေ့တာများလေလေ အရေပြားရောဂါဖြစ်လေလေပါပဲ။

မိဂသီ နက္ခတ်သည် မင်္ဂလာပွဲ ၊ အစပြုခြင်း ၊ ခရီးများ ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း ၊ ဖောင်ဒေးရှင်း များ အတွက် သင့်တော်ပါသည်။ ဤနက္ခတ် သည် နူးညံ့သိမ်မွေ့သောသဘောရှိသည်။ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ် ကာမဂုဏ်၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ် ဝတ်ဆင်မှု၊ အိမ်ထောင်ပြုမှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့်လည်မှု၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ လယ်ယာလုပ်ငန်းနှင့် ခရီးသွားလာမှုတို့အတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၃၄)နာရီမှ ညနေ(၃း၁၄)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး သံဃာဂုဏ်တော်၉ပါးကို(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပုန်းရည်ကြီးသုတ် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင်နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *