loading

3.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 3.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါဆိုလဆန်း(၉)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၈)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ(၈)လုံး နေ့ အနေဖြင့် ပြဿနာများပေးတတ်သော တီထိဟု သက်မှတ်ပြီး မိန်းမများနှင် ပတ်သက်သော လုပ်ငန်းများ၊ ပျော်ရွှင်စရာလုပ်ငန်းများ၊ ကခုန်ခြင်း၊ ကျောက်မျက်ရတနာများ ပြုလုပ်ခြင်း၊ ဝတ်ဆင်ခြင်း၊ အနုပညာ ဆေးခြယ်ခြင်း၊ အိမ်နှင့်ပတ်သက်သော  ဖောင်ဒေးရှင်း ချခြင်းများ၊ စစ်ရေးနှင့်ပတ်သက်သော အသိအမှတ်ပြုပွဲများ၊ ကုန်သွယ်ခြင်း၊  ခြံစိုက်ခြင်း၊ ကျောက်၊ သဲ၊ ရေတို့နှင့် ပတ်သက်သော လုပ်ငန်းများ  လုပ်ဆောင်ရန်  သင့်ပါသည်။ သို့သော် ဤနေ့တွင် အသားမစားသင့်ပါ။ တစ်နည်းအားဖြင့် ရန်သူကိုချေမှုန်းခြင်း၊ အခက်အခဲကို ဖြတ်ကျော်ခြင်း၊ တိုက်ပွဲဆင်နွဲခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ အောင်မြင်မှုကို ကိုယ်စားပြုသော ဇေယျာတီထိ ဖြစ်သောကြောင့် အင်္ဂါဂြိုဟ်စိုးမိုးသော တီထိဖြစ်ပြီး လက်နက်ပြုလုပ်ခြင်း၊ စစ်ပွဲဆင်နွဲခြင်း၊ စစ်ရေးလေ့ကျင့်ခြင်း၊ စစ်ရိက္ခာဖြည့်တင်းခြင်း၊ စစ်လက်နက်များ တပ်ဆင်ခြင်း၊ အင်အားစွမ်းရည်နှင့် ပတ်သက်သည့် လုပ်ငန်းများအားလုံးကို လုပ်ဆောင်နိုင်ပါသည်။ ခရီးသွားခြင်း၊ ပွဲလမ်းသဘင်များ ကျင်းပခြင်း၊ ဆေးဝါးနှင့်ကုန်သွယ်ခြင်း၊ အိမ်ကိစ္စများ၊ အလံတိုင်နှင့်  ပတ်သက်သည့် အသင်းအဖွဲ့ကိစ္စများအားလုံး ဆောင်ရွက်နိုင်ပါသည်။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန်အထူး ကောင်းပါသည်။  

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၂း၄၀)နာရီမှမနက်(၃း၃၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ တော်ကြ ထက်မြက်ကြသူတွေဖြစ်ပါတယ်။ အများနဲ့မတူဘဲ စွမ်းဆောင်ရည်မြင့်မားကြပြီး အများသူငှာရဲ့အားကိုးခြင်းကိုခံရတတ်ပါတယ်။ အားနည်းချက်က ရင်းနှီးမြုပ်နှံမှု မှားယွင်းခြင်း၊အလိမ်ခံရခြင်း၊သား သမီးအကျိုးပေးအားနည်းခြင်းကံကိုဖြစ်စေပါတယ်။ ကြိုးစားသူဆိုရင်တော့ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင် နိုင်ကြတဲ့သူတွေဖြစ်တာကိုလဲတွေ့ရပါတယ်။ အသက် ၁၉၊၂၀လောက်နဲ့ငွေရှာနိုင်ကြသူတွေထဲမှာ ဒီဇာတာတွေပါတာ ကိုလဲတွေ့ရတယ်။ မိဘကတတ်နိုင်တယ်။ကိုယ်ကလဲ ဝါသနာပါတယ်ဆိုရင် ဘဏ်လုပ်ငန်း၊ဟော်တယ်လုပ်ငန်း၊ ဇိမ်ခံ ပစ္စည်းရောင်းဝယ်ရေးအလုပ်တွေနဲ့အထူးအကျိုးပေးကြတယ်။ငယ်သေးတယ်ဆိုရင် အချိန်မဖြုန်းနဲ့။ ငယ်တုန်းအချိန် က ကံအပေးဆုံးအချိန်ပါပဲ။ ငယ်တုန်း ပြင်းပြင်းထန်ထန်ကြိုးစားပါ။ သက်လတ်ပိုင််းဖြေးဖြေးမှန်မှန် ကြိုးစားသွားလဲရပါ တယ်။

ဟဿတနက္ခတ်ဖြစ်တာကြောင့် ဟဿတ နက္ခတ်သည် အလင်း သို့မဟုတ် လျှင်မြန်သော နက္ခတ်ဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာကုသမှုများ၊ ပညာရေး စတင် ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ အဝယ်ရောင်းခြင်း၊ ဝိညာဉ်ရေးဆိုင်ရာလှုပ်ရှားမှုများ၊ အလှဆင်မှုများ၊ အနုပညာလက်ရာများ၊ လေ့ကျင့်ခန်းများနှင့် ချေးငွေ့များပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့အတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်လွဲ(၁း၄၈)နာရီမှ ညနေ(၃း၂၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မရမ်းရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….တရားဂုဏ်တော်ကိုးပါးကို (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဧလမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *