loading

6.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 6.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါဆိုလဆန်း(၁၂)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်၊ ဝါရမိတ္တုငယ် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြား ခြင်း၊ စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင် ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုး လဲဖြစ်နေရတတ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၁၁)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။  

တီထိ(၁၁)လုံးအနေဖြင့် ထပ်ပြန်တစ်လဲလဲ ရရှိသော ပျော်ရွှင်မှုလို့ သတ်မှတ်ရမည့် တီထိရက် ဖြစ်ပါတယ်။ မိသားစုများ၊ သူငယ်ချင်းများနဲ့ အပျော်ခရီးများ အပန်းဖြေခရီးများသွားလို့အထူးပဲသင့်လျော်ပါတယ်။ အိမ်ခြံမြေ အကျိုး ဆောင်လုပ် ငန်းများ၊ဝန်ဆောင်မှုလုပ်ငန်းများအထူးအဆင်ပြေတတ်ပါတယ်။မိမိကုန်ပစ္စည်းအတွက်အနယ်နယ် အရပ် ရပ် သို့ marketing ဆင်း၍အရောင်းမြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ 

            အနုပညာအလုပ်များ၊ပန်းချီ၊ပန်းပု၊ဂီတ၊သီချင်းစတာတွေနဲ့ပတ်သက်ဆက်နွယ်သောအလုပ်များ အထူး အကျိုး ပေးအောင်မြင်တတ်ပါတယ်။ ရေနှင့်ဆက်စပ်သော အချိုရည်၊အအေး၊ရေသန့် လုပ်ငန်းများလဲ တိုးတတ်အောင်မြင်နိုင် တာကို တွေ့ရတတ် ပါတယ်။ ကျောက်မျက်ရတနာများ ဖြတ်ခြင်း၊သွေးခြင်း၊ ရောင်းချခြင်းအလုပ်များလဲ အထူးအဆင် ပြေ တာကိုတွေ့ရပါတယ်။ ကြွေးဟောာင်းများ လက်လွန်နေတဲ့ငွေကြေးများလဲ ပြန်လည်တောင်းခံနိုင်ပါလိမ့်မယ်။

အခက်အခဲအကြပ်အတည်းတွေကိုလဲ လွတ်မြောက်အောင်ဖြေရှင်းနိုင်တာမျိုးတွေရပါတယ်။ ကုမ္ပဏီအစုစပ် အလုပ် များ၊ ဖက်စပ်ရှယ်ယာအလုပ်များ၊စတော့ရှယ်ယာ အလုပ်များရှောင်သင့်တဲ့နေ့ရက်ပါပဲ၊ ယာဉ် ကားများ ဝယ်ခြင်း၊ ရောင်းခြင်း၊အလဲအထပ်လုပ်ခြင်းများလဲ ရှောင်စေချင်ပါတယ်။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့ ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၂း၂၈)နာရီမှမနက်(၃း၂၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဝိသာခါနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေး သူများဟာ ဘဝအပြောင်းအလဲများကြတာကိုအထင်အရှားတွေ့ရမယ်။ ဘဝမှာ အနည်းငယ် အိမ်သုံးလုံးခန့် ပြောင်းနေ ရတတ်ပါတယ်။ သက်လတ်ပိုင်းအထူးကောင်းပြီးတော့ ရန်သူပြိုင်ဘက်ကြားကနေ စွန့်ဖောက်အောင်မြင်နိုင် ကြတာကို လဲအထင်အရှားတွေ့ရပါတယ်။ ပညာတစ်ခုခုကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူတွေဖြစ်လာလိမ့်မယ်။ ဆင်ခြင်တုံ တရား ကောင်းပြီးတော့ စာဖတ်အားသာကောင်းမယ်ဆိုရင် သူတစ်ပါးကို အကြံပေးနိုင်တဲ့အထိ တော်သူတွေ ဖြစ်လာတတ်ပါတယ်။ငွေလွှဲလုပ်ငန်းများ၊ပင်လယ်ပျော်အလုပ်များ၊ရေထွက်ကုန်အလုပ်များ၊သင်ကြားရေးအလုပ်များ၊အနုပညာနယ်ပယ်တွေမျာ ခြေချအောင်မြင်နိုင်ကြတာကိုလဲတွေ့ရပါတယ်။ မိန်းကလေးရင်သွေးရှင်များအတွက် လင် ကောင်း သားကောင်းရလွယ်ပြီး မင်းကတော်စိုးကတော်ဖြစ်နိုင်တဲ့ကံလဲရှိနေပါသေးတယ်။

ဝိသာခါနက္ခတ်ဖြစ်တာကြောင့် ဝိသာခါ နက္ခတ်သည် ရောနှောထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုး လုပ်စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန်များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေးပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန် ပါသည်။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာ ဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

 သွာချယုဂ်သည် ကောင်းမြတ်သော (သို့) ကုသိုလ်ကောင်းမှု ဟု အဓိပ္ပာယ်ရပါသည်။ ကောင်းသော ကိစ္စရပ်များအားလုံး အတွက် ကောင်းမွန်သည်။

ဝဏိဇကရိုဏ်းသည် မြတ်သောယောဂ။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သောအသိပညာရှိပြီး အရောင်းအဝယ်ကိစ္စများ အတွက် အသင့်တော်ဆုံးဖြစ်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅း၀၅)နာရီမှ ညနေ(၆း၄၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ရာဟု၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင် နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …. ခန္ဓသုတ္တံကို(၁)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဂွေးသီးမဆလာဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *