loading

23. Sep.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 23. Sep.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လဆန်း(၂)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၅)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့ နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်၊ မဟာရက်ကြမ်း ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ကောင်းကျိုး ဖြစ်ထွန်းစေခြင်းကိုပေးတဲ့ လဆန်းတီထိ(၂)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ (၂)လုံး အနေဖြင့် မိတ်ဆွေသစ်တွေ တိုးပွားမဲ့ကာလလဲဖြစ်ပါတယ်။ မိစ္ဆာအာဇီဝတွေနဲ့ အသက်မွေး ခြင်းမျိုးတွေ၊ ဝိသမလော ဘနဲ့စီးပွားရှာခြင်းမျိုးတွေအထူးရှောင်လိုက်ပါ။ လက်မှုပညာနှင့်ပတ်သက်သောလုပ်ငန်းများ၊ မြန်မာ့ရိုးရာ မပျက် လုပ်ကိုင်ရသောလုပ်ငန်းများ တိုးတတ်ပါလိမ့်မယ်။ ရှေ့ဟောင်းပစ္စည်းများ ဈေးကောင်းရတတ် ပါတယ်။

ဒီနေ့ရက်မှာ အထက်လူကြီးတွေဆီဝင်ထွက်ခြင်း၊ လိုအပ်ချက်တွေတောင်းဆိုခြင်းများ မလုပ်သင့်ပါဘူး။ အမြင်မကြည် ဖြစ်ရ တတ်ပါတယ်။ ပရဟိတလုပ်ခြင်း၊လူမှုရေးကိစ္စများကူလုပ်ပေးခြင်းမျိုးတွေအထူးဆောင်ရွက် နိုင်ပါတယ်။ စက် ပညာ များ၊နည်းပညာများတီထွင်ကြံဆလို့အလွန်ကောင်းပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်အလုပ်များ စပ်တူရှယ်ယာအလုပ်များအထူးကောင်းပါတယ်။ အလုပ်သစ်စတင်ခြင်းတွေ ဒဲီနေ့မှာအထူးကောင်းပါတယ်။ရေရှည်လုပ်ကိုင်ရသောအလုပ်များအောင်မြင်တိုးတတ်ပါလိမ့်မယ်။ရွှေလုပ်ငန်းများ ကျောက်မျက်ရတနာလုပ်ငန်းများအထူးကောင်းပါတယ်။ ဆည်မြောင်းတာတမံတူးဖော်တာ၊ရေတွင်းရေကန် တူးဖော် တာ မျိုးတွေလဲ အထူးစတင်နိုင်ပါလိမ့်မယ်။

ခန္ဓာကိုယ်ကို အလှပြုပြင်တာ၊ ဆံပင်ပြုပြင်တာ၊ပေါင်းတင်တာ၊ အမွေးနံ့သာလိမ်းကျံတာမျိုးတွေအထူးဆောင်ရွက် နိုင်ပါလိမ့််မယ်။ အိမ်သစ်တတ်ခြင်း၊ဘုရားနေကဇာတင်ခြင်းများလဲ ပြုလုပ်ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက် လဲဖြစ်ပါ တယ်။ဆရာအဖြစ်အသက်မွေးသူများ တပည့်မွေးခြင်း၊သင်တန်းဖွင့်ခြင်း၊ သင်တန်းသားသစ်လက်ခံခြင်း တွေကို အထူး ဆောင် ရွက်နိုင်ပါလိမ့်မယ်။ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲ အထူးဆောင်ရွက်လို့ အဆင်ပြေပါလိမ့် မယ်။

ယနေ့တွင် ကုန်ပစ္စည်းများကို စတင်မိတ်ဆက်ဖြန့်ချီရန် ရက်ကောင်းဖြစ်သည်။ ပြန့်ပွားလိုသော ပစ္စည်းများကို စတင် မိတ် ဆက် နိုင်ပါသည်။ ရန်ပဋိပက္ခများ ငြိမ်းချမ်းအောင် စီစဉ်နိုင်သည်။ တစ်ပတ်ရစ် ပစ္စည်းဟောင်းများ၊ ရောင်းဝယ် ဖေါက်ကားရန် ရက်ကောင်းဖြစ်သည်။ 

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၁း၁၄)နာရီမှ ည(၂၂း၀၆)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ကန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အခက်အခဲတွေကို ကောင်းစွာရင်ဆိုင်နိုင်ကြပါတယ်။ အတွေးအခေါ်ကောင်းပြီး အသက်ကြီးရင့် တာနဲ့အမျှ ရင့်ကျင့်မှုတွေကလဲ တွဲဖက်ပါလာကြသူတွေဖြစ်ပါတယ်။ ဘယ်တော့မှ ကြီးမိုက် ဖြစ်မည်မဟုတ်ပါ။ ဘဝ ဒုက္ခ သုက္ခတွေဘယ်လိုပဲကြုံကြုံ တစ်ချိန်ချိန်မှာ ချမ်းသာမှုအောင်မြင်မှုတွေကိုရမဲ့သူမျိုးတွေဖြစ်ပါတယ်။ သတိထားရမှာက အရက်သေစာကိုရှောင်ပါ။ အရက်စွဲတတ်သလို လောင်းကစားလုပ်ရင်လဲ စွဲသွားပြီး ဖြတ်ရခက်ခဲတတ်ပါတယ်။ တတ်သိ နားလည်ထားတဲ့ ပညာတွေကို တစ်ပါးသူတွေကို ပြန်ပြီး ဝေငှနိုင်ကြမဲ့သူတွေလဲ ဖြစ်ပါတယ်။ ကျန်းမာရေးအားကောင်း နေပြီးတော့ အသက် ၃၅ထိကို တော်ရုံရောဂါတွေ ဝင်မည်မဟုတ်ပါ။

ဟဿတနက္ခတ်ဖြစ်တာကြောင့် ဟဿတ နက္ခတ်သည် အလင်း သို့မဟုတ် လျှင်မြန်သော နက္ခတ်ဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာကုသမှုများ၊ ပညာရေး စတင် ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ အဝယ်ရောင်းခြင်း၊ ဝိညာဉ်ရေးဆိုင်ရာလှုပ်ရှားမှုများ၊ အလှဆင်မှုများ၊ အနုပညာလက်ရာများ၊ လေ့ကျင့်ခန်းများနှင့် ချေးငွေ့များပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့အတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့တောင်အရပ် ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဗြဟ္မာယုဂ် ကျရောက်နေသောကြောင့် မြင့်မြတ်သော၊ ကောင်းသော ကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။ ဗလဝကရိုဏ်း ကျရောက်နေသောကြောင့် ကုသိုလ်ကောင်းမှု၊ ဝိဉာဏ၊ ဗြဟ္မဏ၊ မွန်မြတ် သော အကျင့်၊ ဝိဉာဉ်ရေးရာ လွန်ကဲပြီး ကောင်းမွန်သောအချိန်များနှင့် လုပ်ရပ်များအတွက် အထူးသင့်တော်စေပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၃း၀၀)နာရီမှ ညနေ(၄း၃၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် မရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သမ္ဗုဒ္ဓေဂါထာ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ငါးဖယ်ကြော်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *