ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လဆန်း(၃)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၄)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါ တယ်။
ဒီနေ့ဟာ ရှမ်းရက်ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၃)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ(၃)လုံးအနေဖြင့် ဘာလုပ်လုပ်တွေဝေခြင်းမပြုဘဲလုပ်ရင်အထူးအဆင်ပြေပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆရာကောင်းသမားတော်ကောင်းတွေနဲ့ တွေ့ဆုံကုသခွင့်တွေရတတ်ပါတယ်။ ဆေး ကောင်းဝါးကောင်းတွေမှီဝဲခွင့် ရတတ်ပါတယ်။ ဆေးစစ်သွေးစစ်လုပ်ချင်တယ်ဆို ဒီနေ့လုပ်ခြင်းဖြင့် မှန်ကန် တဲ့ရလဒ်တွေကိုရရှိလာပါလိမ့်မယ်။
ကုန်ပစ္စည်းအသစ်တွေကြော်ငြာလို့အထူးကောင်းပါတယ်။ အနုပညာနှင့်ပတ်သက်သောလုပ်ငန်းများတိုးတတ်နိုင် ပါတယ်။ လှောင်ကုန်များရောင်းထုတ်လို့အထူးကောင်းပါတယ်။ ရပ်ဝေးမှာတည်ဆောက်ထားတဲ့စီးပွားရေးတွေ အထူး တိုးတတ်ပါလိမ့်မယ်။ အခက်အခဲတွေ၊complain တွေကိုလဲ ကောင်းစွာဖြေရှင်းသွားနိုင်ပါလိမ့်မယ်။
အလုပ်အကိုင်အခွင့်အလမ်းများအတွက် အင်တာဗျူးဖြေခြင်း ၊အလုပ်သစ်လျှောက်ထားခြင်းတွေဆောင်ရွက်နိုင် ပါတယ်။ ရာထူးတိုးအတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်သင့်တဲ့နေ့ရက်လဲဖြစ်ပါတယ်။
ဆောက်လုပ်ရေးနှင့် စက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေ တိုးတတ်မှုတွေရှိတတ်ပါတယ်။ ကားနှင့်ယန္တရား လုပ်ငန်း များ၊တွင်းထွက်ပစ္စည်းတူးဖော်ရှာဖွေရေးလုပ်ငန်းများလဲ အောင်မြင်မှုတွေရလာတတ်ပါတယ်။ ဆေးပညာ များအသစ် များစူးစမ်းရှာဖွေခြင်း၊ ဆေးဝါးသစ်ထုတ်လုပ်ခြင်း၊နည်း ပညာနဲ့ပက်သက်ပြီး အားထုတ်လုပ်ကိုင်ခြင်း များဆောင်ရွက် လို့ကောင်းပါတယ်။ယနေ့တွင် မည်သည်အရာကို ပြုလုပ်သည်ဖြစ်စေ အထူးသတိရှိရမည်။ ဘာသာရေးဆိုင်ရာနှင့် မြင့်မြက်သော ကိစ္စများ ဆောင်ရွက်ရန် အခါမသင့်သေးပါ။ သိလိုသော သတင်းအချက် အလက်များကို စုစည်းရန် ရက်ကောင်းဖြစ်သည်။ ရန်ပြဿနာများ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရန် ရက်ကောင်း ဖြစ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၁း၁၀)နာရီမှ ည(၂၂း၀၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ ကန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး သူများဟာ အများအားဖြင့် လူတော်တွေဖြစ်ကြတယ်။ အထူးသဖြင့် ဈေးရောင်းဈေးဝယ်တွေမှာ တကယ့်ကို လက်ဆိတ် ရှိ သူတွေဖြစ်ပါတယ်။ ငယ်ငယ်ကတည်းကသူများဒုက္ခကို ကိုယ့်ဒုက္ခလို့သဘောထားပြီးတော့ ကူညီတတ်တဲ့ ပရဟိတ သမားတွေလဲ ဖြစ်ပါတယ်။ မောင်နှမတွေကြားမှာလဲ မိဘအပေါ်အနစ်နာအခံဆုံးက ဒီဇာတာရှင်တွေပဲဖြစ်ပါ တယ်။ ကျန်းမာရေးအတွက် ငယ်ရွယ်စဉ်မှာ သတိထားသင့််သလို…အသက်ကြီးရင့်လာရင်လဲ တော်ရုံရောဂါဝေဒနာ လောက် ကို ကြိတ်ခံတတ်သူမို့ ရောဂါကြီးလာမှသာ ဆရာဝန်ဆီသွားတတ်ကြသူတွေပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက် ပြီး ချေးငှားရလွယ်သလို ကိုယ့်အတွက် လိုအပ်တဲ့အရင်းအနှီးငွေအတွက် ရှယ်ယာဝင်မဲ့သူတွေကိုလဲ ရရှိတတ်ပါတယ်
စိတြနက္ခတ်ဖြစ်တာကြောင့် စိတြနက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး ပညာရပ်များ လေ့လာရန်၊ မိတ်ဖွဲ့ရန် ကောင်းသော၊ ကာမဂုဏ်၊ အလှဆင်ခြင်း၊ လိင်ဆက်ဆံခြင်း၊ အဝတ်အစားအသစ် ဝတ်ဆင်ခြင်း၊ လက်ထပ်ခြင်း၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ စီတန်းခြင်း၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားခြင်းတို့အတွက် သင့်လျော်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ် ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အရှေ့တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဣန္ဒယုဂ် ကျရောက်နေသောကြောင့် “သိကြားမင်း” အကြီးအကဲ ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းမှု ကုသိုလ်အားလုံး အတွက် အထူးကောင်းမွန်ပါသည်။
ကောလဝါကရိုဏ်း ကျရောက်နေသောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလရှည်ကြာ တည်မြဲနေမည့် အရာများကဲ့သို့သော ပုံသေပြုလုပ်ထားသည့် အရာများအတွက် အထူးသင့်တော်စေပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁း၅၈)နာရီမှ မွန်းလွဲ(၁း၂၈)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….ဒိဝါတပတိဂါထာ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဩဇာသီးမှည့်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
တစ်နေ့တာ အချစ်ရေး ကံတရားများ…..
တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
.တစ်နေ့တာ အကျိုးပေးအရောင်များ
တစ်နေ့တာ အကျိုးပေးဂဏန်းများ
အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း