loading

   4. Nov.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  •    4. Nov.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၀)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၀)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နား သခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံ ပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတော့ လဆန်းတီထိ(၁၄)လုံးကျရောက်နေတာ ဖြစ်ပါ တယ်။

တီထိ(၁၄)လုံးအနေဖြင့် ဒီလို နေ့ရက် မှာ တော့ ဆေးဝါးကု သရန်ရက်ကောင်းဖြစ်ပါတယ်။ ဆေးဖော် စပ်ရန်ရက်ကောင်း ဖြစ်ပါတယ်။ ယနေ့ခေါင်း လျှော်၊ ခေါင်းဆေးပြုပါက ကျန်းမာရေးအတွက်ကောင်းသောကံကိုဖြစ် ထွန်းစေပါတယ်။ ရေဆော့ကစားခြင်းမပြုပါနဲ့။ ရေမကူးတတ်ဘဲ ရေထဲမဆင်းလိုက်ပါနဲ။ နံနက် ၉း၀၀နာရီကနေ ၁၀း၃၀နာရီအတွင်းကို မတော်တဆထိခိုက်မှုတွေ ဖြစ် လွယ်တဲ့အတွက် သတိနဲ့နေ့ရမဲ့အချိန်အခါပါပဲ။

ဒီနေ့ဟာ မလိုအပ်ဘဲအပျော်ခရီးသွားတာမျိုးရှောင်ပါဗျ။ အပျော်ကနေ အပျက်ဖြစ်လွယ်တဲ့နေ့ပါ။အလုပ်ခန်းများ စတင် ဖွင့်လှစ်တာမျိုးတွေကတော့ ဆောင်ရွက်နိုင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သောကိစ္စမှန်သမျှဆောင်ရွက်လို့ ကောင်းပါ တယ်။ အိုးအိမ်တည်ဆောက်ခြင်းများဆောင်ရွက်နိုင်ပါ တယ်။

မိတ်ဆုံစားပွဲကျင်းပခြင်း၊ မိတ်ဆွေသစ်တွေနဲ့တွေ့ဆုံခြင်း၊customer တွေအတွက်ပွဲကျင်းပခြင်းတွေကိုလဲ အထူး ဆောင်ရွက်လို့ကောင်းပါတယ်။ ဒီလိုနေ့ရက်တွေမှာ မိမိစိုက်ပျိုးထားတဲ့ကောက်ပဲသီး နှံတွေကို ပိုးသတ်ဆေးဖြန်းခြင်း၊ များဆောင်ရွက်နိုင်ပါတယ်။ အဖျောယမကာများ၊အရက်များ စတင်ချက်လုပ်ခြင်း များလဲ စတင်ဆောင် ရွက်နိုင်ပါ တယ်။

ကလေးကင်းပွန်းတပ်ခြင်း၊ကလေးကို အာဟာရစတင်ကျွေးခြင်းများဒီနေ့မှာလုပ်ဆောင်သွားနိုင်ပါ လိမ့်မယ်။ စပ်တူ အလုပ်များ ၊ရှယ်ယာဝင်ခြင်းများ၊အထူးအဆင်ပြေတဲ့နေ့မျိုးပါပဲ၊ ပရဟိတအလုပ်များလဲ ဒီနေ့မှာဦးစားပေး ဆောင်ရွက် သွားခြင်းဖြင့် ကံပိုမိုမြင့်မားသွားတတ်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်သောဆက်စပ်ပစ္စည်းများ  ရောင်းပန်းဝယ်ပန်း တွေပွင့်နေတတ်ပါတယ်။ ကျောက်မျက်ရတနာ၊ရေနံ၊ဓာတ် သတ္တုများတူးဖော်ခြင်းတွေစတင် ဆောင်ရွက်လို့ အထူး ကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၆း၂၉)နာရီမှ ည(၇◌း၂၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ မွန်းလွဲ(၁း၃၃)နာရီအထိ ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူဖြစ်ပြီး လွန်လျှင် အဿဝဏီနက္ခတ်နဲ့ စန်းယှဉ်မွေးသူ ၊ မိန်စန်း၊ တူရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အခက်အခဲတွေကို ခေါင်း အေးအေးနဲ့ဖြေရှင်းတတ်သူဖြစ်ပါတယ်။ လောကဓံတွေကို ကောင်းစွာခံနိုင်ရည်ရှိသူပဲဖြစ်ပါတယ်။ တစ်ခုခုကိုလေ့လာ လိုက်စားပြီဆိုရင်လဲ အတွင်းကျကျ အဆုံးထိလိုက်စားတတ်သူဖြစ်ပါတယ်။ ဒါကြောင့်ပဲနယ်ပယ်အသီးသီးများ အထူးချွန်ဆုံးလူအဖြစ်ကောင်းစွာရပ်တည်နိုင်ကြတယ်။ ဆရာအဖြစ် လူသိများ ကျော်ကြားတတ်သူတွေဖြစ်ပါတယ်။ အားနည်းချက်က ကပ်စေးနည်းတတ်ပြီး မသုံးရက်၊မစားရက်သူဖြစ်နေတာကိုတွေ့ရပါတယ်။ နေရပ်အမျိုးမျိုးပြောင်းလဲ နေထိုင်ရတတ်ပေမဲ့ ဘဝနေဝင်ချိန်တွေမှာတော့ မွေးရပ်မြေမှာပဲ အေးချမ်းစွာပြန်ပြီးခေါင်းချချင်သူတွေဖြစ်နေတတ်ပါ တယ်။

ရေဝတီ နက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ်အပျော်အပါး၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့်လည်ပွဲများ၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၂း၄၁)နာရီမှ ညနေ(၄း၀၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင်နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သတ္ထာဒေဝမနုဿာနံဂုဏ်တော်ကို (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ခေါပုတ်ကြော်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *