loading

31. May.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 31. May.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ နယုန်လဆုတ်(၁)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မေလ (၃၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၂)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ ရက်ပုပ်၊ သမားဖြူ၊ ဝါရမိတ္တုကြီး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လပြည့်တီထိ ကျရောက်နေတာဖြစ်ပါတယ်။

လပြည့်တီထိအနေဖြင့် ဒီလိုနေ့မျိုးမှာတော့ မိမိတို့ဖြစ်ချင်တာတွေကိုအားထည့်လုပ်သွားနိုင်ပါလိမ့် မယ်။ အထိုင်အလုပ်တွေပဲဖြစ်ဖြစ်၊ လှုပ်ရှားရုန်းကန်ရတဲ့အလုပ်တွေပဲဖြစ်ဖြစ်တိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့် မယ်။ဒါကြောင့်ပဲမိမိတို့ အလုပ်ထဲမှာအားထည့်ရင်ထည့်သလောက် တိုးတတ်နိုင်ပါလိမ့်မယ်။

ကဗျာစပ်ခြင်း၊စာရေးခြင်း၊ဝတ္ထုဆောင်းပါးရေးသားခြင်းတွေကိုဆောင်ရွက်ခြင်းဖြင့် စာကောင်းတစ်ပုဒ် ဖြစ်လာတတ်ပါတယ်။မင်္ဂလာကိစ္စအ၀၀လဲ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကျန်းမာရေးကတော့အထူး အား ကောင်းပါတယ်။  ဆေးဝါးဓာတ်စာစားခြင်းတွေ စတင်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။

ကလေးငယ်တွေကို ထမင်းခွံခြင်း၊ အာဟာရစတင်ကျွေးမွေးခြင်းတွေကို အထူးကောင်းပါတယ်။ အသက် ၆၀ကျော်ပြီးတွေဖြစ်တဲ့လူကြီးတွေအတွက် ဖြည့်စွက်စာများမှီဝဲခြင်းမျိုးအထူးကောင်းပါတယ်။

ဒီလိုနေ့ရက်တွေမှာတော့သီလစောင့်တည်ခြင်း၊ ဘဝနာပွားများခြင်း၊ ဘုရားဖူးထွက်ခြင်းများ အထူးဆောင် ရွက်လို့ကောင်းပါတယ်။ ပန်းချီဆွဲခြင်း၊ပန်းပုထုခြင်း၊မြန်မာမှုလုပ်ငန်း စတဲ့အနုပညာနဲ့နွယ်တဲ့အလုပ်တွေကိုလဲ လုပ်ကိုင်ဆောင်ရွက်လို့အထူးကောာင်းပါတယ်။

မိမိတို့ မိရိုးဖလာကိုးကွယ်တဲ့ နတ်တွေကို ပသတာ၊တင်မြောက်တာမျိုးတွေအထူးပဲဆောင်ရွက်သင့်တဲ့နေ့ ရက်ပါပဲ။ အအေး၊အချိုရည်၊ရေသန့် စတဲ့အရည်နဲ့ပက်သက်သောစားသောက်ကုန်လုပ်ငန်းများလဲ ထုတ်လုပ်ဖြန့်ချီ ခြင်းများလဲ အထူးကောင်းပါတယ်။ 

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၄း၄၇)နာရီမှ နံနက်(၅း၃၈)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ အနုရာဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ အများအားဖြင့် တော်ကြ၊ထက်မြက်ကြသူတွေဖြစ်ပြီးတော့ အရည်အချင်းနဲ့ ပြည့်ဝသူမျိုး ဖြစ်ပါတယ်။ အားနည်းချက်က မေတ္တာငတ်မွတ်ခြင်းများ၊ မိမိထက်ငယ်တဲ့ ညီညီမတွေရဲ့ ဒုက္ခတွေကို ခံစားရခြင်းများနှင့် အစားအသောက် ချေးများခြင်းတွေရှိနေတတ်ပါတယ်။ ကံကောင်းတဲ့အချက်ကနေရာထိုင်ခင်းကံအားကောင်းကြပါ တယ်။ နေရာကောင်းရကြပါတယ်။ ပညာရေးကိုတော့ သတိထားရပါလိမ့်မယ်။ ကျောင်းနားလိုက်တာမျိုး၊ တစ်နှစ် အောက် လိုက်တာမျိုးဆိုရင်တော့ ကျောင်းပြန်မတတ်ဖြစ်တော့တာမျိုးတွေ့ရတယ်။ ဒီလိုဇာတာတွေမှာ ဘွဲ့မယူဘဲ ဒုတိ ယနှစ်၊ တတိယနှစ်နဲ့ ကျောင်းဆက်မတတ်တာမျိုးတွေလဲ အများအပြားတွေ့ရပါတယ်။

အနုရာဓ နက္ခတ်သည် နူးညံ့သိမ် မွေ့သော သဘောသဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ်အပျော်အပါး အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့် လည်ပွဲများ၊ အခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက်ကောင်းမွန် သော နက္ခတ် ဖြစ်သည်

အနုရာဓနက္ခတ်အချိန်များတွင် ထီထိုးခြင်း၊ မေတ္တာ ရေးစကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ် ရတနာ ဝတ် ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်း ရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်း အဝယ်ပြုလုပ်ခြင်း၊ ခြံမြေ အိမ်ရာအရောင်း အဝယ် လုပ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

သီဝယုဂ် ကျရောက်နေသောကြောင့် “မြင့်မြတ်ခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဗဗကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။  ဤကရိုဏ်းသည် လမ်းပန်းဆတ််သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်း ကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသောကိစ္စရပ်များ အားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ယနေ့ အိုးအိမ်၊ အဆောက်အဦး၊ တိုက်၊ ကျောင်းများ စတင်ဆောက်လုပ်ခြင်းပြုပါက မီးလောင်၍ ပျက်စီးဆုံးရှုံးမည်။ လက်ထပ်ထိမ်းမြားခြင်း မပြုရ။ လုပ်ငန်းစီးပွားသစ်များ စတင်လုပ်ကိုင်ရန် မသင့်ပါ။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သော မင်္ဂလာကိစ္စများ အခါပေးရန် မသင့်ပါ။ တစ်ပတ်ရစ်ပစ္စည်းများ ဈေးကွက်တင်ရောင်းချ၍ အကျိုးရှိမည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၅၇)နာရီမှ ညနေ(၆း၃၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ တနင်္ဂနွေ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင်နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ကြက်မောက်သီး” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

Leave a Reply

Your email address will not be published. Required fields are marked *