loading

Author: Nyein Aye Lu

15.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလပြည့်ကျော်(၁၀)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၁၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၁)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၀)နာရီမှာ နေဝင် ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက် သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ် မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့ ကောင်းသောအချိန်အခါကိုသာရွေးပြီးလုပ်စေချင်ပါတယ်။

ဒီနေ့ဟာသမားညိုရက်ကျရောက်တဲ့နေ့ရက်ဖြစ်တယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၈)လုံးဖြစ်၍ အောင်မြင်ခြင်းကိုပေးတဲ့နေ့ ကျရောက်နေပါသည်။ လက်နက် များကိုင်ဆောင်ခြင်း၊ ကာကွယ်ရေးတည်ဆောက်ခြင်း၊ ခံတပ်တည်ဆောက်ခြင်း၊ ဗိသုကာပညာ၊ ငြင်းခုံခြင်း၊ ကခုန် ခြင်း၊ အားကစား၊ အနုပညာလေ့လာခြင်း၊ အိမ်များနှင့် အိမ်ခြံမြေများဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့ဟာ လူအချင်းချင်း မကောင်းဘေးဒဏ်၊ ရန်မာန်အပေါင်းတို့ တိုးပွားနိုင်မည်။ ဒီနေ့ဟာ တနင်္ဂနွေဂြိုဟ်ပြောင်းတဲ့ ပထမရက် ဖြစ်၍ မင်္ဂလာအခါမေးသင့်ပါ။ ဆေးကုသမှုခံယူခြင်း၊ သမားပြုခြင်း၊ ခွဲစိတ်ကုသမှုများ ခံယူရန် အခါ ကောင်း၊ ရက်ကောင်း ကျရောက်နေပါတယ်။ယနေ့တွင် သင်၏ဒေါသနှင့်အတ္တကိုထိန်းချုပ်ပါ၊ ပျင်းရိခြင်း၊ ရိုင်းစိုင်း ခြင်းများ ရှောင်သင့်သည်။စင်ကြယ်သော သတိနှင့် သမာဓိရှိသောနေ့ကို ကိုယ်စားပြုသည်။

စိတြနက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောဿဘာဝရှိသော နက္ခတ်ဖြစ်ပြီး ပညာရပ်များ လေ့လာရန်၊ မိတ်ဖွဲ့ရန် ကောင်းသော ကာမဂုဏ်၊ အလှဆင်ခြင်း၊ လိင်ဆက်ဆံခြင်း၊ အဝတ်အစားအသစ် ဝတ်ဆင်ခြင်း၊ လက်ထပ်ခြင်း၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ စီတန်းခြင်း၊မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ စိုက်ပျိုးရေးနှင့် ခရီးသွားခြင်းတို့အတွက် သင့်လျော်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ ဘုရားတည်၊အနေကဇာတင်၊ အမည် ကင်ပွန်းတပ်၊ဆံရိတ်ဆံသခြင်း အလှပြုပြင်ခြင်း၊စာအုပ်ဖြန့်ချီခြင်း၊delivery အလုပ် စတင် ခြင်း၊ထီထိုးခြင်းများ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်  သည်။။

သုကမ္မယုဂ်၊ ဗလဝကရိုဏ်းသည် ကုသိုလ်ကောင်းမှု။ ကောင်းသောအလုပ်ဟု အဓိပ္ပာယ်ရသည်။ မွန်မြတ်သောကိစ္စ တွေလုပ်ကိုင်ဆောင်ရွက်လို့ကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁:၄၁)နာရီမှ မွန်းလွဲ (၂:၃၃)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မွန်းလွဲ ၂နာရီ၅၇မိနစ် ကနေ မွန်းလွဲ၃နာရီ၄၆မိနစ်အတွင်း၊၁၅ရက်နေ့မနက်၂နာရီ၄၆မိနစ်မှမနက်၃နာရီ၃၅မိနစ် အတွင်းဖြစ်ပါတယ်။ ဒီ အချိန် ကာလအတွင်းက တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊ မင်္ဂလာကိစ္စများ ၊ကောင်း မွန် သော ကိစ္စ များ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  ကန်စန်း နံနက်(၃)နာရီ (၃၄)မိနစ်လွန် စန်း တူရာသီသို့ ပြောင်းသည်။  မကာရရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ကောင်းရှိကြသူတွေဖြစ်တယ်။အခြားသူတွေကိုမကူညီရရင် မနေနိုင်ကြသူတွေဖြစ်ပါတယ်။ စပ်တူအလုပ်၊ရှယ်ယာအလုပ်တွေနဲ့လဲသင့်တော်အောင်မြင်ကြပါတယ်။ ငွေကြေး အထောက်အပံ့တွေများစွာရရှိတတ်သူတွေဖြစ်သလို အမွေရတာမျိုးတွေကြုံရတတ်ပါတယ်။အသင်းအဖွဲ့ကိစ္စတွေမှာ ဦးဆောင်လုပ်ပေးရသူတွေ၊အကြီးအမှုးခေါင်းဆောင်တွေ ဖြစ်တတ်တဲ့ဇာတာပါ။ ကျန်းမာရေးကတော့ မပေါ့သင့်ပါ။ အသက်၆နှစ်ထိ ရွှေငွေလက်ဝတ်ရတနာဆင်မြန်းပေးခြင်း(အမြဲတစေဝတ်ထားခြင်းကိုဆိုလိုသည်)မျိုးရှောင်သင့်ပါ တယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၂၈) နာရီမှ ညနေ(၅:၅၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။          

ကံညံ့သော နေ့သားများကတော့ စနေ၊ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃ ၊ ၅ ၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အရှေ့အရပ်ကို မျက်နှာမူ ပြီး ၃၁ဘုံမေတ္တာပို့ သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကြာဇံကြော်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

14.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလပြည့်ကျော်(၉)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၁)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက် အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲ တွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင် တဲ့နေ့ရက်ဖြစ်တာကြောင့်ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊လမ်းတံတားတွေ၊ အထပ်မြင့် အဆောက် အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ နေ့ ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၇)လုံး ကောင်းကျိုးကို ဖြစ်ထွန်းစေခြင်း ကျရောက်နေပါသည်။ မိတ်ဆွေ များကိုပေးစွမ်းသောတီထိဖြစ်ပါတယ်။ခရီးသွားလာခြင်း၊စစ်ထွက်ခြင်း၊ကျောက်မျက်ရတနာစတင်ဝတ်ဆင်ခြင်း၊ လက်မှုပညာစတင်လုပ်ကိုင်ခြင်း၊ အိုးအိမ်အလှဆင်ခြင်းသင့်တော်ပါတယ်။ စိတ်ရှည်မှု၊ ဝန်ဆောင်မှု၊ ပရဟိတအလုပ် များ သံ၊မြေ လယ်ယာနှင့် အိုးအိမ်၊ယောဂတရားထိုင်ခြင်းနှင့် သက်ဆိုင်သော အရာများကို ပြုလုပ်သင့်သည့် နေ့ရက် ဖြစ်သည်။ ရှုပ်ယှက်ခတ်နေတာတွေကို ရှောင်ပါ အရေးကြီးတာတစ်ခုခုလုပ်ပါ

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂ လာစကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက် နိုင် ပါလိမ့်မယ်။

ဒီနေ့ဟာ မြေတူး၊ မြေဆွခြင်းများ လုံးဝမပြုသင့်သော နေ့ရက် ဖြစ်နေပါတယ်။ ဒီနေ့ ဘာသာရေးနှင့်ဆိုင်သော မြင့် မြတ် သောကျင့်စဉ်၊ သိဒ္ဓိဆိုင်ရာတို့ကို ဆောင်ရွက်ရန် ရက်ကောင်းကျရောက်နေပါတယ်။ အကြီးအကဲများနှင့် တွေ့ ဆုံ ရန် ရက်ကောင်း ဖြစ်သည်။ နံနက်(၈း၂၄)နာရီမှ (၁၀း၄၈)နာရီကြား စတင်သောကိစ္စများမှ ကောင်းသော အနာ ဂတ်များ ဖြစ်ပေါ်လာပါလိမ့်မည်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မွန်းလွဲ ၂နာရီ၂၆မိနစ် ကနေ မွန်းလွဲ၃နာရီ၁၆မိနစ်အတွင်း၊၁၄ရက်နေ့မနက်၁နာရီ၅၄မိနစ်မှမနက်၂နာရီ၄၄မိနစ် အတွင်းဖြစ်ပါတယ်။ ဒီ အချိန် ကာလအတွင်းက တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊ မင်္ဂလာကိစ္စများ ၊ကောင်း မွန် သော ကိစ္စ များ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ဟသတ နက္ခတ်သည် အလင်း သို့မဟုတ် လျင်မြန်သော နက္ခတ်ဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာကုသမှုများ၊ ပညာရေး စတင်ခြင်းခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ အလှဆင်မှုများ၊ အနုပညာလက်ရာများ၊ လေ့ကျင့်ခန်း များနှင့် ချေးငွေများပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့အတွက် ကောင်းမွန်သည်။ ဤနက္ခတ်သည် ဘေးသို့မျက်နှာမူ သော နက္ခတ်ဖြစ်ပြီး ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ဘုရားတည်၊အနေကဇာတင်၊ အမည် ကင်ပွန်းတပ်၊ ဆံရိတ် ဆံသခြင်း အလှပြုပြင်ခြင်း၊စာအုပ်ဖြန့်ချီခြင်း၊delivery အလုပ် စတင် ခြင်း၊ထီထိုးခြင်းများ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်  သည်။

အတိဂဏ္ဍယုဂ် ၊ဒိဋ္ဌိကရိုဏ်းဖြစ်တာမို့  အတားအဆီး /အန္တရာယ်များစွာကို ဆိုလိုသည်။ သေကြေပျက်စီးစေသော ယုဂ်ဖြစ်တာကြောင့် မကောင်းတဲ့ကိစ္စရပ်တွေဆောင်ရွက်လို့ရတဲ့နေ့မျိုးဖြစ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁:၃၇)နာရီမှ မွန်းလွဲ (၂:၂၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ကန်စန်း၊ ည၉နာရီ ၄၄မိနစ်ထိဓနုရာသီဖွားဖြစ်ပြီး ကျော်လွန်ပါက မကာရ ရာသီ ဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်များဟာ စိတ်ကူးကောင်းကြပါတယ်။ အယူအဆမတူ၊အတွေး အခေါ် အများနဲ့မတူကြသူတွေဖြစ်ပါတယ်။ သတိထားရမှာက  လူအများက အထင်သေး၊အမြင်သေးခံရမှာကို သိပ်ကြောက် သူတွေဖြစ်ပါတယ်။ ဒါကြောင့် အဆံမရှိလဲ ဟန်ရှိအောင်နေလေ့ရှိသူပဲဖြစ်ပါတယ်။ အားနည်းချက်က မိဘတွေက ကိုယ်ကျင့်တရားစနစ်တကျမသင်ပေးထားရင် သီလကျိုးဖောက်ဖို့ ဝန်မလေးသူတွေဖြစ်သွားတတ်ပါတယ်။ မိဘ အသွန်အသင်ကောင်းလေ၊ ထိပ်ဆုံးရောက်အောင်မြင်လေပါပဲ။ ဒါကြောင့်ဒီကလေးရဲ့ အဆင်ပြေအောင်မြင်မှုတွေက မိဘနဲ့တိုက်ရိုက်အချိုးကျနေတာကိုတွေ့ရပါတယ်။ ကျန်းမာရေးကတော့ ငယ်ရွယ်စဉ်အညံ့မရှိပေမဲ့ သက်လတ်ပိုင်း ကာလတွေမှာကျန်းမာရေးအညံ့ရှိတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉:၂၅) နာရီမှ နံနက်(၁၀:၅၀)နာရီအတွင်း ကျရောက် နေပါတယ်။တီထိအဆိပ်သင့်ချိန်က မနက် ၉နာရီ၂၅ မိနစ်ကနေ မနက်၁၁နာရီ၁၅မိနစ် အတွင်းဖြစ်ပါတယ်။ အဆိပ် သင့် ချိန်ရော၊ ရာဟုကာလ အမှောင်ချိန်ရောတိုက်ဆိုင်နေပါတယ်။ ဒီ အချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေး တာ တွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် နက်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂ ၊ ၈ ၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အရှေ့အရပ်ကိုမျက်နှာ မူပြီး ပေါက်ပေါက်စားသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကျောက်ကျောဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

13.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလပြည့်ကျော်(၈)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၁)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ညပိုင်း(၇း၁၃)နာရီအထိ ဗုဒ္ဓဟူးမြေခံကျရောက်နေပါ၍ လွန်လျှင်အင်္ဂါမြေခံသို့ ပြောင်းလဲ ကျရောက် နေပါသည်။ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်း အကျိုးကို ပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့် အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ရသေ့ကျော် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ညပိုင်း(၇း၁၃)နာရီအထိ လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့ ကျရောက်နေ၍ လွန်လျှင် လဆုတ်တီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက်နေပါသည်။ ကံကောင်းမှုနှင့်ပျော်ရွှင်မှုနေ့ရက်လည်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာ၊ အပျော်အပါး၊ အနုပညာ၊ သဟဇာတဖြစ်မှု၊ လက်ဝတ်ရတနာများအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အစားများ ပန်းများနှင့် အနုပညာ သို့မဟုတ် အလှဆင် ပစ္စည်းများကို ဝယ်ယူခြင်း၊ သမီးရည်းစား၊ ပျော်ရွှင်မှုအမျိုးမျိုး ငွေကြေးကိစ္စများ၊ ခရီးသွားခြင်းနှင့် ခရီးသွားခြင်းတို့ အတွက် အဆင်ပြေသည်။

ဥတြာဖလဂုဏီ နက္ခတ်သည် တည်ကြည်တည်ငြိမ်သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင် စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြောယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ ဗိမာန် ဆောက်ခြင်း သို့မဟုတ် တည်မြဲခြင်း သို့မဟုတ် တည်မြဲသော အကျိုးကို လိုလားသော သင့်လျော်သည်။ဤနက္ခတ်သည် အထက် သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း (ဥယျာဉ် ၊ အထပ်မြင့် အဆောက်အအုံနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

သောဘာဏယုဂ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောယုဂ်ဖြစ်ပါတယ်။ဝဏိဇကရိုဏ်းသည် ပူးပေါင်းဆောင်ရွက်မှု ခရီးသွားခြင်း နှင့် လုပ်ငန်းကိစ္စများအတွက် အသင့်တော်ဆုံးဖြစ်သည်။ဘေးအပေါင်းမှကင်းဝေရန်နှင့် ကျက်သရေ မင်္ဂလာကိစ္စများအတွက်ကောင်းသော နေ့ရက်အဖြစ်သတ်မှတ်နိုင်ပါတယ်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မွန်းလွဲ ၁နာရီ ၁၃မိနစ် ကနေ မွန်းလွဲ ၂နာရီ၅မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလအတွင်းက တော့ အရေးကြီး သောကိစ္စများ၊ ဆုံး ဖြတ် ချက် ချရသောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန်သောကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက် နိုင် ပါ တယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက် လိုက်ပါ။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်းအဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီနေ့တွင် ပြန့်ပွားလိုသော အချက်အလက်များ စတင်ဖြန့်ချီခြင်းများ ပြုနိုင်ပါသည်။ ယနေ့ အိမ်၊ ခြံမြေ ရောင်းဝယ်ခြင်းမပြုရပါ။ မတော်တဆ ထိခိုက်မှုအန္တရာယ်များကို အထူးဂရုစိုက်ရမည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁:၄၉)နာရီမှ မွန်းလွဲ (၂:၄၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  ကန်စန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ မိတ်ဆွေအကူအညီ တွေအလွန်ရတဲ့သူတွေဖြစ်ပါတယ်။ မိတ်ဆွေကောင်းတွေရှိနေတဲ့သူတွေပါပဲ။ မိတ်ဆွေအပေါင်းအသင်းစတဲ့သူတွေနဲ့ အဆင်ပြေပေမဲ့ မွေးချင်းညီအကိုမောင်နှမတွေနဲ့ အဆင်ပြေဖို့ခက်ခဲကြသူတွေဖြစ်ပါတယ်။ ကြိုးစားသူဆိုထင်မှတ် မထားတဲ့အောင်မြင်မှုတွေကို ထိတွေ့ခံစားရမဲ့သူတွေဖြစ်ပါတယ်။ ကြိုးစားမှုကို “တော်လောက်ပါပြီ” ဆိုပြီးရပ်တန့် မိလိုက်တာကလဲ ထင်သလောက်မတိုးတတ်တဲ့အချက်ဖြစ်ပါတယ်။ငွေကြေးအကူအညီတွေ အလွယ်တကူရလွယ် တယ်။ ခံစားနားလည်ပေးနိုင်သူတွေ၊နှလုံးသားနုပြီးတော့ အနုပညာဥာဉ်လေးပါလာကြသူတွေဖြစ်ပါတယ်။ နှလုံးသား နူးညံ့သူတွေဖြစ်တာမို့ ကဗျာ၊စာပေ၊တေးဂီတ၊ပန်းချီစတဲ့ အခန်းကဏ္ဌတွေမှာ ထူးချွန်ကြသူတွေ၊ပါရမီပါကြသူတွေ ဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၅၀) နာရီမှ မွန်းလွဲ(၁၂:၁၄)နာရီအတွင်း ကျရောက် နေပါတယ်။ဒီနေ့အတွက် ဝါရအဆိပ်သင့်ချိန်က မွန်းလွဲ ၃နာရီခွဲကနေညနေ၅နာရီအထိဖြစ်ပါတယ်။ ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။   

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ခရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁ ၊ ၃ ၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဆန်လက်တစ်ဆုပ်ခန့်ကို ကျွတ်ကျွတ်အိတ်ထဲထည့်ပြီးဆောင်သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဟောလစ်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

12.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလပြည့်ကျော်(၇)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၂)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့ နှင့် တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာ တွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ညနေ(၅း၃၉)နာရီအထိ ကြာသပတေးမြေခံကျရောက်နေပါ၍ လွန်လျှင် ဗုဒ္ဓဟူးမြေခံသို့ ပြောင်းလဲ ကျရောက်နေပါသည်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန် မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက် အဦးတွေ၊ ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ် တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ညနေ(၅း၃၉)နာရီအထိ လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့ ကျရောက်နေပါ၍ လွန်လျှင် လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက်နေပါသည်။  ချမ်းသာခြင်းကို ပေးတဲ့တီထိ ဖြစ်ပြီးတော့ ပညာသင်ခြင်း၊တပည့်လက်ခံခြင်း၊အာဟာရကျွေးခြင်း၊ အိုးအိမ်နှင့်ပတ်သက်သောအလုပ် အကိုင်များ၊တည်ငြိမ်သောအလုပ်ဖြစ်စေ၊လှုပ်ရှားတဲ့အလုပ်ဖြစ်စေ ဆောင်ရွက်လို့ကောင်းပါ တယ်။မည်သည့်အလုပ် မဆို ပြီးမြောက်ရန် ကောင်းသည်။ အဆိပ်များကို ဖယ်ရှားခြင်းနှင့် ခွဲစိတ်ကုသခြင်းအတွက် ကောင်းမွန်သည်။ အရေးကြီးသော စီးပွားရေးလုပ်ငန်းများ၊ ကောင်းသော နေ့ဖြစ်သည်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မနက် ၁၁နာရီ ၂၈မိနစ် ကနေ မွန်းလွဲ ၁၂နာရီ၂၁မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလအတွင်းက တော့ အရေးကြီး သောကိစ္စများ၊ ဆုံး ဖြတ် ချက် ချရသောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန်သောကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက် နိုင် ပါ တယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာ ရာဇမင်းထံ ဝင်ထွက်သွားလာခြင်း မပြုသင့်သော နေ့ရက်ဖြစ်ပါတယ်။ ဒီနေ့နံနက်(၇း၂၀)နာရီမှ (၉း၄၅)နာရီအတွင်း အလုပ်ခန်းစတင်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုဒ်တင်ခြင်းတို့ကို ဆောင်ရွက်ရန် အခါကောင်း ကျရောက်နေပါတယ်။ ဆရာသမား အထက်လူကြီးများနှင့် သက်ဆိုင်သောနေ့လည်းဖြစ်သည်။ ရှိခိုးခြင်း၊ ပညာ၊ အသိပညာ၊ ဆည်းကပ်မှု၊ သားသမီးနှင့် ငွေကြေး၊ မင်္ဂလာဆောင်၊ လက်ဆောင်ပေးခြင်း၊ အလှူဒါနပြုခြင်း၊ ဝယ်ခြင်း၊ အရေးကြီးသောအရာများကို ဈေးဝယ်ခြင်း၊ ရောင်းခြင်း၊ ငွေရေးကြေးရေးစီစဉ်ခြင်းများဆောင်ရွက်နိုင်ပါတယ်။

ပြုဗ္ဗဘရဂုဏီ နက္ခတ်သည် ရက်စက်သော နက္ခတ်တာရာများဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြားမှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊မိုင်းတူးခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း၊ မီးရထားလမ်းများ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် ၊သင်္ချာဘာသာရပ်၊ ပန်းပုပညာ ၊ အနုပညာ၊ အရေးအသား ၊ ဝိဉာဉ် ၊သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊သစ်သား စုဆောင်းခြင်း မန္တန်၊ ယန္တရားပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

သောဘဂျယုဂ်သည် ကံကောင်းခြင်းဟု အပ္ပါယ်ရသည်။ တေထိလကရိုဏ်းဖြစ်၍ အိမ်နှင့်ပတ်သက်သော လှုပ်ရှား မှုများ ၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာကိစ္စများ ဆောင်ရွက်လို့ကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁:၅၃)နာရီမှ မွန်းလွဲ (၂:၄၅)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ဘင်္ဂဖွား၊  သိဟ်စန်း ည(၇)နာရီ (၂၄)မိနစ်လွန် စန်း ကန်ရာသီသို့ ပြောင်းသည်။  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်များဟာ ပညာအရာမှာ အထွဋ်အထိပ်ရောက်ကြသူတွေဖြစ်ပါတယ်။ ဘွဲ့တစ်ခုမက ရကြသူတွေဖြစ်ပြီးတော့ ရေလုပ်ငန်း၊သင်္ဘာသား၊ ပညာပြန်ပြီးဖြန့်ဝေတဲ့ ဆရာအလုပ်များ၊ ခရီးသွား လုပ်ငန်းများ၊အကြံပေးခြင်းအလုပ်များနဲ့ အသက်မွေးရသူတွေဖြစ်ပါတယ်။ အားနည်းချက်ကကပ်စေးနည်းတတ်တာ ကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ကြသူတွေလဲဖြစ်ပါတယ်။ငွေကို ဘယ်လိုချွေတာရမလဲဆိုတာကို ကျွမ်းကျင်ပေမဲ့ ..ဘယ်လိုတိုးပွားအောင်လုပ်မလဲ ဆိုတဲ့အပိုင်းကျတော့ ရင်းနှီးမြုပ်နှံရာတွင်လက်တွန့်နေတာကြောင့် ထင်သလောက်မတိုးတတ်တာမျိုးမြင်ရပါတယ်။ အိမ်ထောင်ရေးမှာတော့ အထိုက်အလျောက်ကံကောင်းကြတဲ့သူ တွေဖြစ်ပေမဲ့ အရမ်းကြီးစိတ်တိုင်းကျတဲ့အိမ်ထောင်ဘက်ကိုတော့ ရဖို့ ခက်ခဲပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၃၈) နာရီမှ ညနေ(၃:၀၂)နာရီအတွင်း ကျရောက်နေပါတယ်။ယနေ့အတွက် တီထိအဆိပ်သင့်ချိန်က ညနေ၃နာရီမှ ၅နာရီအတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒူဟူး၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင် နှင့် ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃ ၊ ၆ ၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကံ့ကော်ညွှန့်ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကောက်ညှင်းပေါင်းဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

10.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလပြည့်ကျော် (၅)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၂)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မွန်းလွဲ(၁း၀၉)နာရီအထိ စနေမြေခံ ကျရောက်နေ၍ လွန်လျှင် သောကြာမြေခံသို့ ပြောင်းလဲ ကျရောက်နေပါသည်။စနေမြေခံအချိန်တွင်အိမ်ဆောက်ပါက မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

မွန်းလွဲ ၁နာရီ ၉မိနစ်ကျော်ရင်သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေ သောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက် အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁း၀၉)နာရီအထိ လဆုတ်တီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့ ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၄)လုံး ဖယ်ရှင်းခြင်းကို ပေးတဲ့နေ့ ကျရောက်နေပါသည်။အရေးကြီးသော လုပ်ငန်းများကိုစတင်ရန်ကောင်းသောနေ့ဖြစ်ပါတယ်။ ဂီတကိုစတင်သင်ကြားခြင်း၊ကလေးကိုအာဟာရစတင်ကျွေး ခြင်း၊ ဆံသခြင်း၊လက်သည်းခြေသည်းအလှဆင်ခြင်းများဆောင်ရွက်လို့ကောင်းပါတယ်။ ယနေ့ဟာယုဂ်အားဖြင့် ပီတိ ယုဂ်ဖြစ်တာမို့ ချစ်ခြင်းမေတ္တာကိစ္စများ၊ မေတ္တာတိုးပွားဖို့ကိစ္စများအဆင်ပြေရန်ဆောင်ရွက်သင့်သောနေ့ဖြစ်ပါတယ်။

အသလိဿနက္ခတ်၊မာဃနက္ခတ် တွေဖြစ်တာမို့ ဒီနေ့မှာ ကစားပွဲတွေစတင်ခြင်း၊ ထီကံစမ်းခြင်း၊အိမ်ခြံမြေရောင်းဝယ် ဖောက်ကားခြင်း၊ရင်းနှီးမြုပ်နှံခြင်း၊စပါးရိတ်ခြင်း၊မြေအောက်သယံဇာတ တူးဖော်ခြင်း၊ ကျောက်မျက်ရတနာဆင်မြန်း ခြင်း စတာတွေကအစ ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ဖြစ်ပါတယ်။  

ဒီနေ့ဟာ ဆေးစား၊ ဆေးကုပြုရန် အထူးကောင်းသော နေ့ရက် ဖြစ်နေပါတယ်။ ဒီနေ့ ဆေးဝါးဖေါ်စပ်ခြင်း၊ သမား ပြသခြင်းများအတွက် အချိန်အခါကောင်း ကျရောက်နေပါတယ်။ အလုပ်ခန်း၊ ဆိုင်ခန်းများ စတင်ဖွင့်လှစ်နိုင်မည်။ နံနက်(၉း၄၅)နာရီကို အခါကောင်းယူ၍ အလုပ်ကိစ္စများ ဆောင်ရွက် လုပ်ကိုင်ပါ။ အရပ်ဝေးနှင့်ဆက်စပ်သော ကိစ္စမှန်သမျှ ဆောင်ရွက်လုပ်ကိုင်သင့်ပါတယ်။ ယနေ့တွင် ဦးခေါင်းဆီလူးခြင်းမပြုသင့် ရန်ပေါ်တတ်သည်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…ညနေ ၅နာရီ ၄၂မိနစ်ကနေ ညနေ ၆နာရီခွဲအတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလအတွင်းက တော့ အရေးကြီး သောကိစ္စများ၊ ဆုံးဖြတ် ချက် ချရသောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန်သောကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက် နိုင်ပါ တယ်။

 ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၂:၀၁)နာရီမှ မွန်းလွဲ (၂:၅၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊  ကရကဋ်စန်း နံနက်(၈)နာရီ (၅၆)မိနစ်လွန် စန်း သိဟ်ရာသီသို့ ပြောင်း သည်။  ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ စိတ်ကူးကောင်းတယ်။ ကွက်ကျော်မြင်တယ်။ အနာဂတ် ကိုမှန်းဆ နိုင်စွမ်းမြင့်မားကြတယ်။ အထနှေးပေမဲ့ သေချာမှလုပ်တတ်သူဖြစ်တော့ အမှားအယွင်းနည်းတယ်။ စိတ်ကူးကောင်း တွေရထားသူတွေဖြစ်တာမို့ သူများကိုအကြံပေးပါက အကြံပေးခံရသူများအောင်မြင်တတ်ပါ တယ်။ ငွေစုဆောင်းလို့ ရတယ်။ အိမ်ခြံမြေ၊အမွေအနှစ်နဲ့ပတ်သက်ပြီး အဆင်မေပြေဖြစ်တတ်ပါတယ်။ ကိုယ့်အားကိုယ်ကိုး ပြီး အောင်မြင်နိုင် ကြတဲ့သူတွေဖြစ်ကြောင်းပါဗျ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၀၁) နာရီမှ ညနေ(၄:၂၅)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉ ၊ ၂ ၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လမုန့်စား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပေါင်မုန့်နို့ဆမ်းဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

6.January.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄:၅၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လပြည့်တီထိကျရောက်နေ၍ ပြည့်ဝခြင်းကို ပေးတဲ့နေ့ဖြစ်ပါတယ်။ကလေးငယ်တွေကို စတင်ပြီးအာဟာရ ခွံ့ခြင်း၊ သစ်ပင်ပန်းမန်တွေကို မြေဆီနှင့်ဓာတ်မြေဩဇာကျွေးခြင်း၊ ဘုရားသွားကျောင်းတတ်ပြု ခြင်းများနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးပေးပြီး ဆောင်ရွက်သင့်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ရှင်ပြုနားသခြင်း များလဲဒီနေ့မှာအလေးပေးဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ အမြိတ္တစုတ် ရက်ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

ဒီနေ့ဟာ အဒြာနက္ခတ်ဟာအထက်မျှော် နက္ခတ်ဖြစ်ပါတယ်။ ဒီနက္ခတ်ကြုံချိန်မှာ ရန်သူကိုတိုက်ခိုက်တာမျိုးတွေ၊ သွေးခွဲတာမျိုးတွေ၊ ပြဿနာကိုထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတာမျိုးတွေအထူးကောင်းပါတယ်။ သွေးခွဲခြင်းနှင့်ဖျက်ဆီး ခြင်းကိစ္စများ၊ ဆောင်ရွက်နိုင်တဲ့နက္ခတ်ဖြစ်ပါတယ်။အထက်မျှော်နက္ခတ်ဖြစ်၍ အထက်မြင့်မိုးမျှော်တိုက်တွေ၊ တံ တိုင်းတွေ၊ တာဝါတိုင်ထောင်တာတွေ၊ ဘုံဗိမ္မာန်တွေ စတင်ဆောက်လုပ်နိုင်ပါတယ်။

ယုဂ်အားဖြင့်ဗြဟ္မာယုဂ်၊နံနက်၉နာရီ၁၀မိနစ်ကျော်ရင်  ဣန္ဒယုဂ်ဖြစ်ပြီး ဥစ္စာပစ္စည်းပေါကြွယ်ဝဖို့၊ဘုန်းတန်ခိုးတတ်ဖို့ ဆောင်ရွက်သင့်တဲ့နေ့ရက်ဖြစ်ပါတယ်။ဗိဌိကရိုဏ်းဖြစ်တဲ့အတွက် ဖြိုဖျက်တာတွေ၊ ပရိယာယ်ကြွဝစွာလုပ်ရတာတွေ ကိုဒီနေ့မှာ ဦးစားပေးလုပ်နိုင်ပါတယ်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မနက် ၁၀နာရီ၁၆မိနစ် ကနေ မနက်၁၁နာရီ၀၈မိနစ်အတွင်း၊ ည ၁၁နာရီ၂၇မိနစ်မှ ည၁၂နာရီ၂၀မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလအတွင်းက တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စ များ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့ဟာ အိမ်၊ ခြံ၊ မြေ ရောင်ဝယ်ခြင်း မပြုသင့်သော နေ့ရက် ဖြစ်နေပါတယ်။ ဒီနေ့တွင် အခက်အခဲအညံ့ဆိုးမှန်သမျှ ဖြေရှင်း အောင်မြင်နိုင်မည်။ အကြီးအကဲများထံ ဝင်ထွက်သွားလာရန် အချိန်ကောင်း၊ အခါကောင်း ကျရောက် နေပါတယ်။ ပြဿနာမှန်သမျှ ရှောင်ကြဉ်ပါ။ အမှုပွားတတ်သည်။ ကတိစာချုပ် လက်မှတ်ရေးထိုးခြင်းများ ရှောင် ကြဉ်ပါ။

 ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၂:၁၇)နာရီမှ ညနေ (၃:၀၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  မေထုန်စန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အတွေးအခေါ် ကောင်းပေမဲ့ အားနည်းလို့လိုက်ရောတဲ့အချက်တွေက အခက်အခဲများစေလိမ့်မယ်။ မကောင်းတဲ့သူတွေက လာခေါ် လဲပါသွားတတ်သူဖြစ်ပါတယ်။ပညာရေးကိုစိတ်ဝင်စားပေမဲ့ ကျောင်းပညာထက် ကျောင်းပြင်ပပညာတွေ၊ နည်းပညာ တွေ၊ဂီတတွေကို ပိုမိုစိတ်ပါဝင်စားကြသူတွေဖြစ်ပါတယ်။ အထူးသဖြင့်ဒီဇာတာတွေက ကားကိုအထူးစိတ်ပါဝင်စား ကြတယ်။ ငွေကြေးပေါများကြသူတွေဖြစ်တယ်။ မိခင်ရဲ့စောင့်ရှောက်ခြင်းကို အသက်အရွယ်ကြီးရင့်သည်အထိရရှိ တတ်ပါတယ်။ မိခင်၊အဖွား၊ကြီးတော်၊အမ စတဲ့သူတွေရဲ့ အကူအညီအထောက်အပံ့ကိုတစ်သက်လုံးရလွယ်တဲ့ဇာတာ ရှင် ရင်သွေးငယ်ပဲဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၄၈) နာရီမှ မွန်းလွဲ(၁၂:၁၁)နာရီအတွင်း ကျရောက် နေပါတယ်။ဝါရအဆိပ်သင့်ချိန်ကညနေ ၃နာရီ၂၄မိနစ်ကနေ ညနေ၅နာရီထိဖြစ်ပါတယ်။ ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ စိမ်းပြာရောင် နှင့် ရွှေအိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃ ၊ ၅ ၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အရှေ့တောင်အရပ်ကို မျက်နှာမူပြီးတော့ ဆီးသီး ၃လုံးစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သခွားမွှေးဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

5.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလပြည့်နေ့၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာ လုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။ရက်ရာဇာတွေ၊ရက်တံခွန်တွေနဲ့ တိုက်ဆိုင်တာမို့ ဆောင်ရွက်ချင်တယ်ဆိုရင် ကောင်း သောအချိန်တွေကိုရွေးပြီးဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၄)လုံးကျရောက်နေ၍ ဖယ်ရှင်းခြင်းအတွက် အသုံးပြုနိုင်သော နေ့ရက် ဖြစ်ပါတယ်။ရန်လိုသောတီထိဖြစ်တာမို့ အားကစားပွဲကျင်းပတာ၊လက်ဝှေ့ထိုးတာ၊ရန်ပြဿနာကိုထိပ်တိုက်ရင်ဆိုင် ဖြေရှင်းတာ၊သားသတ်လုပ်ငန်း၊ငါးဖမ်းလုပ်ငန်းစတဲ့ အကုသိုလ်နဲ့ဆိုင်သောအလုပ်တွေ ဆောင်ရွက်တာ၊ပိုးသတ်ဆေး ဖြန်းတာမျိုးတွေဆောင်ရွက်လို့ကောင်းပါတယ်။ စီးပွားရေးသမားများအရေးကြီးသော စီးပွားရေးလုပ်ငန်းများထက် ပုံမှန်အလုပ်သာ လုပ်ပါ၊ အပျော်ခရီး သွား ခြင်း၊ ဆံပင်ညှပ်ခြင်းနှင့် လက်သည်းညှပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ၊

မိဂသီ နက္ခတ်နဲ့ကြုံနေတဲ့နေရက်ဖြစ်တာမို့ မင်္ဂလာပွဲ ၊ အစပြုခြင်း ၊ ခရီးများ အဆောက်အဦးများ ဆောက်လုပ်ခြင်း ၊ ဖောင်ဒေးရှင်း များအတွက်သင့်တော်ပါသည်။ ဤနက္ခတ် သည် နူးညံ့သိမ်မွေ့သောသဘောရှိသည်။ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ တန်ဖိုးကြီးအဝတ်အစားသစ်စတင် ဝတ်ဆင်မှု ၊ပွဲလမ်းသဘင် သီဆိုကခုန်မှု၊ မင်္ဂလာအခမ်း အနားများ၊ ပွဲတော်များ၊ လယ်ယာလုပ်ငန်းနှင့် ခရီးသွားလာမှုတို့ အတွက် ကောင်းမွန်သည်

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ စက်ကားယန္တရားစတင် မောင်းခြင်းများ၊ သင်္ဘောရေချခြင်းများ၊စက်ဖြင့်လယ်ယာ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့် အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

သုက္ကယုဂ်နှင့်ဗြဟ္မာယုဂ်တွေကျရောက်တဲ့နေ့ရက်ဖြစ်သည်။အသက်ရှည်ဖို့ အကြောင်းအရာများနှင့် ကျန်းမာဖို့ကိစ္စ များအလေးပေးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနေ့ဟာ ကျန်းမာရေးအတွက် ဆေးဝါးကုသမှုခံယူခြင်း၊ သမားပြသခြင်းများအတွက် ဆောင်ရွက်ရန် အခါကောင်း ကျရောက်နေပါတယ်။ ယနေ့တွင် ဖေါ်စပ်သောဆေးဝါးများ ဆေးစွမ်းအာနိသင်ထက်မြက်နေမည်။ မင်္ဂလာယူပြီး ဆောင်ရွက်သော ကိစ္စမှန်သမျှ အထူးအောင်မြင်မည်။ နံနက် (၈း၂၄)နာရီမှ (၁၀း၄၈)နာရီအတွင်း လုပ်ငန်းသစ်များ စတင်ဖွင့်လှစ် လုပ်ကိုင်နိုင်မည်။ အမည်ဆိုင်းဘုတ်တင်ရန် အခါကောင်း၊ ရက်ကောင်း ကျရောက်နေပါတယ်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မနက် 8နာရီ ကနေ မနက်8နာရီ53မိနစ်အတွင်း၊ ည 9နာရီ05မိနစ်မှ ည10နာရီ အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလအတွင်းက တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စ များ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၂:၂၁)နာရီမှ ညနေ (၃:၁၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ဘင်္ဂဖွား၊  ပြိဿစန်း နံနက်(၉)နာရီ (၅၅)မိနစ်လွန် စန်း မေထုန်ရာသီသို့ ပြောင်းသည်။  ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးငယ်များဟာ အထူးသဖြင့် စိတ်နှစ်ခွဖြစ်ကြသူတွေဖြစ်ပါ တယ်။ ပါးစပ်က ဒီဟာကိုလုပ်ချင်တယ်လို့ပြောပေမဲ့၊လက်တွေ့မှာ တစ်ခြားဟာကို ထလုပ်ရင် လုပ်နေတတ်သူလဲ ဖြစ်ပါတယ်။ကောင်းတဲ့အချက်က စာပေဝါသနာပါတယ်။ ညှိနှိုင်းဆောင်ရွက်ရတဲ့နေရာတွေမှာ တော်တယ်။ပွဲစား အကျိုးဆောင်အလုပ်တွေမှာထူးချွန်တယ်။ ဓာတ်ပုံရိုက်နှင့် ခရီးသွားဝါသနာပါကြသူတွေဖြစ်ပါတယ်။ မိဘအထိန်း အကွပ် မကောင်းရင်တော့ နည်းနည်းလေး အတ္တဆန်သွားတတ်ပါတယ်။ကပ်စေးနည်းတယ်။ လိုအပ်တဲ့နေရာတွေမှာ ငွေသုံးဖို့ လက်တွန့်နေတတ်သူမို့ တိုးတတ်သင့်သလောက် မတိုးတတ်ဘူးဖြစ်တတ်တယ်။

ဒီနေ့အတွက် ပက္ခစိဒြတိထီအားနည်းချိန်ရော၊ရာဟုကာလအမှောင်ချိန်ရောက မွန်းလွဲ(၁:၀၀) နာရီမှ မွန်းလွဲ(၃:၁၅) နာရီအတွင်း ကျရောက်နေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃ ၊ ၈ ၊ ၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပန်းသီးတစ်လုံးစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

4.January.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၁၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၆)နာရီမှာအရုဏ်တတ်ပါတယ်။နေထွက်ချိန်နံနက်(၆:၄၄)နာရီဖြစ်ပြီး၊ညနေ(၅:၂၇)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက် သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ် မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၃)လုံး ကျရောက်နေ၍ အောင်မြင်ခြင်းကို ပေးတဲ့နေ့ ဖြစ်ပါတယ်။ စာပေ အနုပညာလုပ်ငန်းများ၊ခရီးသွားခြင်း၊အသင်းအဖွဲ့များတွင် ဝင်ရောက်ခြင်းများ ၊ အဝတ်အစားနဲ့ပတ်သက်  သမျှ ဆောင်ရွက်လို့ကောင်းခြင်းတွေ ကြုံရမဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ ရောဟဏီနက္ခတ်နဲ့တိုက်ဆိုင်နေတာမို့ ဒီနက္ခတ်ဟာ အထက်မျှော်နက္ခတ်ဖြစ်ပါတယ်။ ဘုရားတည်ခြင်း များ၊ အနေကဇာတင်ခြင်းများ၊ထီးတင်ခြင်းများ၊နတ်ကွန်းတည်ခြင်း၊အုတ်တံတိုင်းခတ်ခြင်း၊ ကြော်ငြာဆိုင်းဘုတ်တင် ခြင်းတွေ အထူးဆောင်ရွက်နိုင်သလို ရေရှည်တည်တံ့သောကိစ္စများလဲ ဆောင်ရွက်နိုင်ပါတယ်။နှစ်ရှည်ပင်စိုက်ချင် တာမျိုးတွေလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့ဟာ သုဘယုဂ်၊သုက္ကယုဂ်တွေဖြစ်တာမို့ အလိုဆန္ဒပြည့်ဝဖို့ကိစ္စများ ကုသိုလ်မင်္ဂလာကိစ္စများဆောင်ရွက်နိုင်သလို မေတ္တရေးကိစ္စတွေ၊ချစ်ခြင်းတိုးအောင်လုပ်ကိုင်ခြင်းကိစ္စတွေအဆင်ပြေရန်ဆောင်ရွက်လို့ကောင်းတဲ့ နေ့ဖြစ်ပါ တယ်။

ဒီနေ့ဟာလုပ်သမျှ၊ကိုင်သမျှအားလုံးကိုအထူးသတိရှိရမည့်နေ့ရက် ဖြစ်နေပါတယ်။ ဒီနေ့တွင် သတင်းအချက် အလက် များ စုစည်းနိုင်မည်။ ရန်အတိုက်အခံများအားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်မည်။ မွန်းလွဲ(၁း၃၅)နာရီမှ ညနေ (၃း၃၆) နာရီအတွင်း အကြံအစည်၊ ရည်ရွယ်ချက်တို့ကို ဆောင်ရွက် အောင်မြင်နိုင်မည်။ ကြွေးမြီးဟောင်းနှင့် ရပိုင် ခွင့်များကို ပြန်လည်တောင်းခံနိုင်မည်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ အချိန်ကာလတွေကတော့…မနက် ၆နာရီ ကနေ မနက်၇နာရီအတွင်း ဖြစ်ပါတယ်။ ဒီအချိန် ကာလအတွင်းက တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊ မင်္ဂလာ ကိစ္စများ၊ကောင်းမွန် သော ကိစ္စ များ၊ ကိစ္စ တစ် ခုခုစတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၂:၂၅)နာရီမှ ညနေ (၃:၁၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  ပြိဿစန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အနစ်နာခံကြ သူတွေများပါတယ်။မိသားစုအတွက် အကောင်းဆုံးထမ်းရွက်သူအဖြစ်တွေ့ရတယ်။ ဒီနေ့မွေးသူဟာ အကြီးဆုံးသား သမီးတွေဖြစ်တယ်ဆိုရင်တော့ ညီညီမတွေအတွက် အနစ်နာခံကြရသူတွေများပါတယ်။ငွေကြေးကံအားကောင်းကြ သူတွေဖြစ်ပြီးတော့ အိုင်တီနည်းပညာအလုပ်တွေနဲ့ အောင်မြင်ကြနိုင်ပါတယ်။ ဝန်ထမ်းလခစားအကျိုးမပေးပါဘူး။ အတွေ့အကြုံရဖို့ ဝန်ထမ်းခဏတာလုပ်တာကလွဲရင် ကိုယ်ပိုင်စီးပွားသာလုပ်သင့်ပါတယ်။ ကျန်းမာရေးအားကောင်း ကြသူတွေဖြစ်ပြီး ဆွေမျိုးသားချင်းမိသားစုဝင်တွေထဲမှာနိုင်ငံရပ်ခြားနဲ့အချိတ်အဆက်ရှိသူပါခဲ့ရင် ဒီကလေးကိုနိုင်ငံ ခြားမှာ ပညာသင်ဖို့ ၊နိုင်ငံခြားမှာစီးပွားရှာဖို့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ နိုင်ငံခြားကံအထူးအကျိုးပေးသလို တကယ်ကြိုးစားမယ်ဆိုရင် ဘာသာစကား ၃မျိုးလောက်ထိ တတ်မြောက်နိုင်ကြသူတွေဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၁၀) နာရီမှ မွန်းလွဲ(၁:၃၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဝါရ အဆိပ်သင့်ချိန်ကတော့ည၇နာရီကနေ ည၈နာရီခွဲအတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်စေချင်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင်သင့်ပါတယ်။အရေးကြီးတဲ့ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂ ၊ ၃ ၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊ လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မြောက်အရပ်ကို မျက်နှာ မူပြီးတော့ သစ်သီးတစ်မျိုးမျိုးစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘူးသီးကြော်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

2.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၁၂)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၂ )ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။မြေခံကောင်းပေမဲ့ ရက်ယုတ်မာတို့ သမားညိုတို့နဲ့ တိုက်ဆိုင်နေတာမို့ အချိန်အခါကောင်းသေချာရွေးပြီးမှ သာလုပ်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ယုတ်မာ၊ရက်ကန်း၊သမားညိုနေ့ ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကို ပေးတဲ့နေ့ ဖြစ်ပါတယ်။နတ်ပူဇော်ခြင်းတွေ၊ ဥပုသ်သီလဆောက်တည်ခြင်းတွေ၊ဆေးခြယ်သခြင်း၊ပန်းချီဆွဲခြင်းများ အအေးအချိုရည် ဖြန့်ဖြူးခြင်းများ ဆောင်ရွက် လို့ ကောင်းပါတယ်။ ယုဂ်အားဖြင့် မနက်၁၁နာရီခွဲထိ သာဓျယုဂ် ဖြစ်ပြီး အလိုဆန္ဒပြည့်ဝသောယုဂ် ၊ထိုအချိန်ကျော်ပါကသိဒ္ဓယုဂ် ဖြစ်ပြီးကြံစည်သမျှပြီးမြောက်ခြင်း ကောင်းသောမှန်ကန်သောကိစ္စများအတွက် ကောင်းစေတယ်။ ဒီလိုနေ့ရက်မျိုးဟာ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးရန် ကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။

ယနေ့တွင် ညနေ ၃နာရီခွဲထိ ဘရဏီနက္ခတ်ဖြစ်ပါတယ်။ဒီနက္ခတ်ဟာကြမ်းကြုတ်တဲ့သဘောရှိပါတယ်။ ရက်စက်တဲ့ ကိစ္စတွေ၊ပြိုင်ဆိုင်မှု၊လှုပ်ရှားမှာတွေ၊ဖျက်ဆီးတာတွေ၊ဖြိုဖျက်တာတွေ၊လှည့်စားတာတွေဆောင်ရွက်လို့ ကောင်း တယ်။ ယှဉ်ပြိုင်ခြင်း၊လက်နက်၊အဆိပ်၊ဓာတုဗေဒဆိုင်ရာကိစ္စများဆောင်ရွက်နိုင်ပါတယ်။ အောက်ငုံနက္ခတ် ဖြစ်တာမို့ ကလေးထမင်းခွံ့ခြင်းတွေ၊ ကျောက်မျက်ရတနာတူးဖော်တာတွေ၊ ရေနံ၊သဘာဝဓာတ်ငွေ့၊ဓာတ်သတ္တု တူးဖော်ရှာဖွေ ခြင်း နှင့် ရေတွင်းရေကန်အဝီစိတွင်းတူးဖော်ခြင်းများအတွက်ဆောင်ရွက်နိုင်ပါတယ်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မနက် ၂နာရီ၄၇မိနစ် ကနေ ၃နာရီ၄၈မိနစ်အတွင်း၊ ညနေ ၃နာရီခွဲမှ ညနေ ၄နာရီ ၂၃မိနစ်အတွင်းဖြစ်ပါတယ်။ဒီအချိန်ကာလအတွင်း က တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊မင်္ဂလာကိစ္စများ၊ကောင်းမွန်သောကိစ္စများ၊ ကိစ္စ တစ် ခုခုစတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ သူတစ်ပါးအပေါ် ယုံကြည်လွှဲအပ်ပြီး လုပ်ဆောင်သောကိစ္စမှန်သမျှကို ရှောင်ကြဉ်သင့်သော နေ့ရက် ဖြစ် နေ့ပါတယ်။ ယနေ့ ကာမမကြူးအပ်ပါ။ လူတို့ကို သတိနှင့် ဆက်ဆံဆောင်ရွက်ပါ။ ယုတ်မာသောစိတ်ဓါတ်ရှိသူ တို့သည် ဗီဇပေါ်လွင်ကာ ယုတ်ညံ့သော အမှုကိစ္စတို့ကို ပြုတတ်သည်။ လုပ်ငန်းသစ်များ စတင်လုပ်ကိုင်ရန် မသင့်ပါ။ ငွေပေးငွေယူကိစ္စများ သတိနှင့် ဆောင်ရွက်လုပ်ကိုင်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၂:၃၃)နာရီမှ ညနေ (၃:၂၄))နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊  မိဿစန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ဆတ်ကြ သူတွေဖြစ်ပါတယ်။ဒေါသဖြစ်လွယ်ကြသလို ဒေါသပြေလွယ်တာမျိုးတွေလဲ ရှိပါတယ်။ စူးစမ်းလွန်း၊စပ်စုလွန်းတဲ့သူ တွေဖြစ်လာမှာမို့ မိဘတွေက စိတ်ရှည်ပေးနိုင်ဖို့လိုပါတယ်။ ငွေကံအားကောင်းကြသူတွေဖြစ်တာမို့ ငွေအတွက်စိတ် မညစ်ရသူတွေလဲဖြစ်ပါတယ်။ တစ်ခုတော့သတိထားရမယ်။ငွေတွေရှာလာပြီး စတင်ရင်းနှီးမြုပ်နှံမှုလုပ်မယ်ဆိုရင် တော့ သေချာစီစစ်တတ်ဖို့လိုပါတယ်။ နောက်ပြီး အစိုးရနဲ့ဆက်စပ်တဲ့ လုပ်ငန်းမျိုးတွေရှောင်စေချင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၅၈) နာရီမှ နံနက်(၉:၂၂)နာရီအတွင်း ကျရောက်နေပါ တယ်။ ဝါရ အဆိပ်သင့်ချိန်ကတော့ည ၁၁နာရီ၂၃မိနစ်ကနေ၊ည ၁နာရီအထိဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ ဗုဒ္ဓဟူးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင်၊ ကြေးနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆ ၊ ၂ ၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သီးစုံဟင်းနဲ့ထမင်းစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့ထမင်းဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

1.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလဆန်း(၁၁)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင်နေ တာမို့ ရှောင်လိုက်တာကပိုကောင်းပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့ ဖြစ်ပါတယ်။ည ၈နာရီကျော်မှသာ တီထိ ၁၁လုံးကိုကူးပြောင်းပါတယ်။တည်ကြည်ခြင်းရှင်းသန့်ခြင်းတိုးပွားခြင်းကိုပေးတဲ့ ပုဏ္ဏာတီထိကျရောက်တဲ့နေ့ရက်ဖြစ် ပါတယ်။ ကဗျာစာပေရေးခြင်း၊အာဟာရဖြည့်သွင်းခြင်း၊ဓာတ်မြေဩဇာကျွေးခြင်းများဆောင်ရွက်နိုင်ပါတယ်။ မွန်းလွဲ ၁နာရီ ၄၅မိနစ်အထိက အာသာဝဏီနက္ခတ်ဖြစ်တာမို့ ဘုရားတည်၊အနေကဇာတင်ခြင်း၊ ကြော်ငြာခြင်း၊ကင်ပွန်းတပ် ခြင်းများ ဆောင်ရွက်နိုင်သလိုဆံရိတ်ဆံသ ၊အလှပြင်ခြင်းများ ရှင်ပြုနားသခြင်းများ၊ သစ်သီးခူးခြင်း၊ရိတ်သိမ်းခြင်းများ  အရောင်းအဝယ်ကိစ္စများနှင့် ခရီးသွားလာခြင်းများကောင်းပါတယ်။

ယုဂ်အားဖြင့် မနက်၈နာရီခွဲထိ သီဝယုဂ်ဖြစ်ပြီး အမှုကိစ္စများ ပြီးစီးအောင်မြင်သောယုဂ်၊မနက် ၈နာရီကျော်ပါက သိဒ္ဓယုဂ် ဖြစ်ပြီး အလိုဆန္ဒပြည့်ဝသောယုဂ်ဖြစ်ပါတယ်။ဒီလိုနေ့ရက်မျိုးဟာ ဘုန်းကံကြီးမားဖို့ ဩဇာထက်မြက်ဖို့ ကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ငွေကြေးအမြောက်အများ ရင်းနှီးမြုပ်နှံခြင်းကိုတော့ဒီနေ့မှာရှောင်အပ်ပါ တယ်။ဝယ်ယူထားသောပစ္စည်းများကို စနစ်တကျစစ်ဆေးပြီးမှသာ လက်ခံစေချင်ပါတယ်။ အလုပ်ရှာခြင်းနှင့် အလုပ် လျှောက်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ အကြီးအကဲများနှင့်တွေ့ဆုံရန် ရက်ကောင်းဖြစ်ပါတယ်။

ယနေ့အတွက်ကောင်းသော  အဘိဇိတိံသိယ နှင့်ဝိဒတြိ  တိံသိယအချိန်ကာလတွေကတော့…မနက် ၂နာရီကနေ ၃နာရီအတွင်း၊ ညနေ ၂နာရီခွဲမှ ညနေ ၃နာရီ ၂၀မိနစ်အတွင်းဖြစ်ပါတယ်။ဒီအချိန်ကာလအတွင်းကတော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊မင်္ဂလာကိစ္စများ၊ကောင်းမွန်သောကိစ္စများ၊ ကိစ္စတစ်ခုခုစတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၂:၄၄)နာရီမှ ညနေ(၃:၃၀) နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  မိဿစန်း၊  ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ဖျတ်လတ်မှု ၊လျင်မြန်မှုတွေရှိကြသူတွေဖြစ်ပါတယ်။ဘာသာရေးကို လေးစားယုံကြည်ကြသူတွေဖြစ်ပါတယ်။အမိအဘစကားကို နားထောင်လွယ်ကြပါတယ်။ သတိထားရမှာက တစ်သက်လုံးလောင်းကစားနှင့် အောက်ဆိုက်အလုပ်တွေအကျိုးမ ပေးသူတွေဖြစ်ပါတယ်။ ကံကိုက မကောင်းတာလုပ်တာကို မကြိုက်တဲ့သဘောတွေ့ရတယ်။ တစ်ခုခုမကောင်းတာ လုပ်တာနဲ့ ဒုက္ခရောက်တတ်တဲ့ဇာတာမို့ မိဘတွေကိုယ်တိုင်က ကောင်းသောလမ်းကိုညွှန်ပေးပါ။ ဖြတ်လမ်းမကောင်း တဲ့ငွေရှာနည်းတွေကိုသင်မပေးဖို့အထူးလိုအပ်ပါတယ်။

ဒီနေ့အတွက်မကောင်းသောရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၂၀) နာရီမှ ညနေ(၅:၄၃)နာရီအတွင်း ကျရောက်နေပါတယ်။ဝါရ အဆိပ်သင့်ချိန်ကတော့ ညနေ ၆နာရီ ၃၅မိနစ်က ည ၈နာရီ၁၀မိနစ်အတွင်းဖြစ်ပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင်၊ အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉ ၊ ၁ ၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အရှေ့အရပ်ကိုမျက်နှာမူ ပေါက်ပေါက် ၁ဆုပ်ကြဲပြီးမှသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရှမ်းထမင်းဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695