loading

Author: Nyein Aye Lu

8.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာ တွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါ တယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ဒီနေ့ဟာ ညနေပိုင်းထိလပြည့်တီထိပဲရှိသေးတာမို့ ပုဏ္ဏတီထိ ကျရောက်တဲ့ နေ့ရက် ပဲဖြစ်ပါ တယ်။ဒီလိုနေ့ရက်မျိုးမှာတော့ ရပိုင်ခွင့်များကိုပြန်လည်တောင်းခံနိုင်မဲ့နေ့ရက်ပဲဖြစ်ပါ တယ်။အကြီးအကဲ များထံ ဝင်ထွက် သွားလာ ပြောဆိုလို့အလွန်ကောင်းပါတယ်။ဆက်ဆံနေကျမဟုတ်တဲ့သူတွေနဲ့ ဆက်ဆံပြောဆို ရရင် သတိထားပါ။ လူလိမ်ဖြစ်တတ်ပါတယ်။ အပျော်ခရီးသွားခြင်းမျိုးရှောင်နိုင်ရင်ပိုကောင်းပါတယ်။

ဒီနေ့မှာအိမ်မွေးတိရိစ္ဆာန်ရောင်းခြင်းဝယ်ခြင်းကိစ္စတွေအထူးအဆင်ပြေတဲ့နေ့ပါပဲ။ ရုပ်ရှင်၊ဗီဒီယိုစသော အနုပညာလုပ်ငန်းများလဲ အဆင်ပြေအောာင်မြင်တတ်ပါတယ်။ မိမိကုန်ပစ္စည်းအား ပြည်တွင်းပြည်ပသို့ဖြန့်ဖြူး ရောင်းချခြင်းတွေလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ အလှကုန်ပစ္စည်းအသစ်တွေကို စတင်မိတ်ဆက်တာမျိုး တွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။အလှသစ်ပင်စိုက်ပျိုးခြင်း၊ မျိုးစေ့ကျဲခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါ လိမ့်မယ်။ ဥယျာဉ်ခြံနှင့်ပတ်သက် သောအလုပ်များလဲ စတင်နိုင်ပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်သောကိစ္စအ၀၀ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

            ယနေ့ လကြတ်၍ မင်္ဂလာအခါမပေးရပါ။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ ပစ္စည်းလှောင်ခြင်း မပြုရ။ အိုးအိမ် တည်ဆောက်ခြင်း၊ အလုပ်စတင်ခြင်းတို့ ရှောင်ကျဉ်ပါ။ မည်သည့် ပညာရပ်ကိုမဆို စတင်သင်ကြားက တစ်ပိုင်းတစ်စ ဖြစ်မည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၈း၁၄)နာရီမှ (၁၉း၀၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊  မိဿစန်း၊  တူရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးများဟာ ထက်မြက်တယ်။ အနာဂတ်ကိုကြိုခန့်မှန်းနိုင်တယ်။ မိသားစုထဲမှာ ဘယ်သူမှမလုပ်ဘူးတဲ့ အလုပ်နဲ့ အသက်မွေး အောင်မြင်ကြတယ်။ မိဘလက်ငုတ်တော့ လုပ်မည်မဟုတ်တော့ပါ။ အိမ်ထောင်ရေးစိတ်တိုင်းမကျတာမျိုးဖြစ် တတ်ပြီး နုံအလွန်းသူနဲ့ဖူးစာဆုံတတ်ပါတယ်။ ငယ်ရွယ်စဉ်ခက်ခဲပင်ပန်းအဆင်မပြေရင်တောင် စိတ်ပျက်စရာမလို ပါ။ အသက်လတ်ပိုင်း၊သက်ကြီးပိုင်းတွေမှာ မထင်မှတ်လောက်အောင် ထင်ရှားအောင်မြင်နိုင်ကြတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ (၂း၄၁) နာရီမှ (၄း၀၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတောာ့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ စနေ၊ ရာဟု၊ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင်၊ သွေးနီရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကုလားပဲဟင်းချိုစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပျားရည် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

7.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၈)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက် တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ညနေ ၅နာရီအထိက အချည်းနှီးကိုဖြစ်စေသော ရိတ္တာတီထိကျရောက်တဲ့နေ့ ရက်ပဲဖြစ် ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲဆေးစစ်မှုအဆင့်ဆင့်ကိုဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပဲဖြစ်ပါတယ်။ရောဂါခံစားနေရသူများ ဆေးစွမ်းကောင်း ၊သမားတော်ကောင်းနဲ့ကြုံရတတ်ပါတယ်။

အိမ်အဟောင်းဖျက်ခြင်းတွေ၊ဆိုင်အဟောင်းဖျက်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ မလွတ်သောသစ်ပင်များ ခုတ်လှဲခြင်းတွေဆောင်ရွက်နိုင်ပါတယ်။ မီးဖိုဆောင်ပြင်ဆင်ခြင်း၊အိမ်သာအသစ်တစ်ခုတူးဖော်ခြင်းတွေအထူး ဆောင်ရွက်လို့ကောင်းပါတယ်။

အနိဌသဘောဆောင်တဲ့နေ့ရက်ဖြစ်တာကြောင့်လဲ မွေးမြူရေးအလုပ်များ၊ အရက်နှင့်ယာမကာလုပ်ငန်းများ၊ လောင်းကစားအလုပ်များအထူးဆောင်ရွက်နိုင်ပါတယ်။ ငွေရှာလိုက်ပါ။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အားရ စရာကောင်းတဲ့နေ့ရက်ပါပဲ။ရပ်ဝေးနှင့်ဆက်စပ်သောအလုပ်များ၊နိုင်ငံရပ်ခြားနှင့်ပတ်သက်သောအလုပ်များ၊ နိုင်ငံခြားပိုင်ကုမ္ပဏီအလုပ်များလဲ အထူးတိုးတတ်အောင်မြင်မှုတွေကို ကြုံရတတ်ပါတယ်။

ဒီနေ့ဟာ တနင်္လာနေ့နှင့် လပြည့်နေ တိုက်ဆိုင်ပေရာ ဘုရားအနေကဇာတင်ခြင်းမင်္ဂလာ ဆောင်ရွက်နိုင်ပါသည်။ အနေကဇာဂါထာကို ရွတ်ဆိုခြင်း၊ နာယူခြင်းဖြင့်လည်း လွန်စွာအကျိုးများနိုင်ပါသည်။ ထူးခြားသော အကျိုးဆက် များ ရရှိမည်။ အလုံးစုံသော မင်္ဂလာတို့နှင့်လည်း ပြည့်စုံပေမည်။ အိုးအိမ်၊ နေရာထိုင်ခင်း အပြောင်းအရွှေ့များ ပြုလုပ်နိုင်သည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊  မိဿစန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအခက် အခဲမရှိ၊ အရာရာ အလိုကျဖြစ်စေတဲ့ဇာတာမျိုးပါ။ မွေးဖွားချိန်မှာ မိဘတွေကြွယ်ဝလာတာမျိုးဖြစ်စေ၊ မိဘစီးပွား တတ်တာမျိုးဖြစ်စေစတင်ကြုံရတတ်ပါတယ်။ ငွေကြေးအခက်အခဲတွေကို ကောင်းစွာကျော်လွှားသွားနိုင်ပြီးတော့ ငွေမရှာတဲ့ဇာတာရှင်ပဲဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံးသတိထားရမှာက ဥပဒေချိုးဖောက်တဲ့ကိစ္စမှန်သမျှရှောင် ပါ။ အခြားဇာတာတွေအပြစ်ပေါ့ရင်တောင် ဒီလိုဇာတာမျိုးက အပြစ်ပိုခံရတတ်ပါတယ်။ ဘဝတစ်လျှောက်လုံးဝန် ထမ်းအလုပ်နဲ့အကျိုးမပေးပါ။ မိမိတိုးတက်တဲ့စွမ်းအားတွေကို အပြည့်အဝအသုံးချနိုင်တဲ့ နေရာတွေမှာသာ မိမိဘဝ ကိုမြုပ်နှံပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၈း၁၈)နာရီမှ (၁၉း၀၉)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၂၂) နာရီမှ နံနက်(၈း၅၇)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ခရမ်း၊အပြာ၊အနက် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။        

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မေတ္တာသုတ် နိုင်သလောက် ရွတ်ပွား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငချိပ်ပေါင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

6.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၄)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက် သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။ သမားညိုရက်မို့ ရှောင်သင့်ပေမဲ့ ဒီနေ့က အခြားတွဲယုဂ်တွေကောင်းတာမို့ဆောင်ရွက်လို့အဆင်ပြေပါ တယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆန်းတီထိ ၁၃လုံးဖြစ်ပြီးတော့ အောင်မြင်မှုတွေ၊ စွမ်းအားသတ္တိတွေကိုပေးတဲ့ ဇယျ တီ ထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ဒီလိုနေ့ရက်မှာ ကျန်းမာရေးကတော့ အလွန်မှအဆင်ပြေကောင်းမွန် ပါ လိမ့် မယ်။ နေအိမ်ပြောင်း၊ရုံးခန်းပြောင်း၊အလုပ်ပြောင်းခြင်းများ၊နေရာပြောင်းခြင်းများဒီနေ့မှာဆောင်ရွက်လို့ ကောင်း ပါ တယ်။ ရင်းနှီးမြုပ်နှံခြင်းများဆောင်ရွက်လို့ကောင်းပါတယ်။ စွန့်စားလှုပ်ရှားရသောအလုပ်များ အကျိုး ပေး မည်။

သတ္ထုများ၊ရွှေနှင့်ရတနာပစ္စည်းစူးစမ်းရှာဖွေခြင်းများလဲစတင်နိုင်မဲ့နေ့ရက်ပါပဲ။ အောက်လက်ငယ်သားတွေကို အလုပ်နဲ့ပက်သက်ပြီးလက်တွဲခေါ်ယူခြင်း၊ အရွယ်ရောက်ပြီးတဲ့သားသမီးတွေကို မိမိအလုပ်နဲ့ပတ်သက်ပြီးရင်းနှီး အောင်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်နိုင်ပါတယ်။

စာပေအနုပညာလုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊လျှပ်စစ်နှင့်ဆိုင်သောလုပ်ငန်းများ အထူးဆောင်ရွက် နိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ စစ်ရေးနဲ့ဆိုင်သောကိစ္စတွေဖြစ်တဲ့ စစ်သားစုဆောင်းခြင်း၊စစ်ရေးလေ့ကျင့်ခြင်း၊စစ် လက်နက်အသုံးပြုခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။

မိမိလုပ်ငန်းအတွက်လိုအပ်သောစက်ပစ္စည်းများကိုဝယ်ယူခြင်းတွေ၊ တပ်ဆင်ခြင်းတွေပြုလုပ်သင့်တဲ့နေ့ပါ။ မိမိရဲ့ စိတ်စွမ်းကြီးမားအောင်လို့ ပြုလုပ်နိုင်မဲ့နေ့ရက်ပါပဲ။ ဒါကြောင့်ပဲစိတ်လေ့ ကျင့်ခန်းများဖြစ်တဲ့ သမထ ဘာဝနာ ပွားများခြင်းတွေလဲ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ နည်းပညာနဲ့ပတ် သက်ပြီးအားထည့်လုပ်ဆောင်လေ တိုးတတ်လေဖြစ်မဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက်မှာ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊ မဂ်လာစကားပြောခြင်း၊စတာ တွေကိုအထူးဆောင်ရွက်နိုင်ပါ လိမ့်မယ်။

ကြော်ငြာနှင့်ပတ်သက်သောကိစ္စမှန်သမျှအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ အိမ်ပြုပြင်ခြင်း၊အိမ်ခန်းဖွဲ့ခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ပါပဲ။ အလုပ်နဲ့ပတ်သက်ပြီးဝန်ထမ်းတွေကိုသင်တန်းပေးခြင်းများလဲအထူး ဆောင်ရွက်နိုင်ပါတယ်။ဒီလိုနေ့မျိုးမှာတော့အခက်အခဲတွေကိုကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။အမှုအခင်းပြဿနာတွေရှိရင်တော့ပြေလည်အောင်ဖြေရှင်းနိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။

သစ်ပင်မစိုက်အပ်ပါဘူး။ စိုက်ပျိုးမိရင် အကြောင်းတစ်ခုခု ကြောင့် ပြန်ပျက်စီးတာမျိုးတွေဖြစ်ရတတ်ပါတယ်။ မီးဘေအန္တရာယ်ကြုံရတတ်တဲ့အတွက် ၇ရက်သားသမီးများ သတိနဲ့ ဆောင်ရွက်ပါ။အပြင်သွားရင် breaker ချပြီး မှသွားလိုက်ပါ။

            ယနေ့တွင် လုပ်ကိုင်ဆောင်ရွက်သမျှ သတိမလွတ်သင့်ပါ။ ရောဂါရှာဖွေခြင်း၊ ဆေးဝါးကုသခြင်းများ ဆောင်ရွက်ရန် ရက်ကောင်းကျရောက်နေပါသည်။ လှောင်ကုန်များ ပြန်လည် ရောင်းချနိုင်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၈း၂၂)နာရီမှ (၁၉း၁၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  မိန်စန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးများဟာ အနစ်နာခံ တတ်ကြတယ်။ ပေးဆပ်လိုစိတ်ရှိတယ်။ တာဝန်ခံနိုင်သလို၊တာဝန်ယူချင်စိတ်ရှိတယ်။ ကြီးကျယ်တဲ့ ချမ်းသာလိုစိတ် မရှိဘဲ ဘဝကိုရောင့်ရဲစွာနဲ့ နေချင်ကြသူတွေဖြစ်ကြပါတယ်။ငွေကံအားကောင်းပေမဲ့ လိုအပ်သူတွေကို အမြဲကူညီတာ ကြောင့် လက်ထဲငွေမရှိဖြစ်တတ်ပါတယ်။ တစ်ခုသိထားရမှာက ဒီလိုဇာတာမျိုးက ဝန်ထမ်းဇာတာမျိုးဖြစ်တာမို့ ကိုယ်ပိုင်စီးပွားလုပ်မယ်ဆို လမ်းပြမဲ့သူ၊guidelines  ချပေးမဲ့သူတွေ လိုကို လိုအပ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၀၇) နာရီမှ (၅း၃၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော် အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင်၊ အနီရောင် နှင့် သွေးနီရောင် များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျေိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇၊ ၉) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ငါးမုန့်ကြော် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကောက်ညှင်းပေါင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

5.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက် နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ် မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သမားညို ၊ရက်ကန်းရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ကံကောင်းခြင်းတွေကိုဖော်ဆောင်ပေးမဲ့ ဘဒြာတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီလိုနေ့မှာတော့ကုန်ပစ္စည်းတွေဖြန့်ချီလို့အလွန်ကောင်းပါတယ်။ကြေငြာရန် ကောင်းသောရက်ပဲဖြစ်ပါတယ်။ အွန်လိုင်းကကြေငြာတာဖြစ်စေ၊ လက်ကမ်းစာစောင်နဲ့ကြေငြာတာမျိုးဖြစ်စေ ဆောင်ရွက်နိုင်ပါတယ်။ပြန့်ပွားလိုတဲ့ သတင်းအချက်အလက်တွေကိုလဲ ဖြန့်ဝေသင့်တဲ့နေ့ရက်လဲဖြစ်ပါတယ်။လုပ် ငန်းကိစ္စရေးရာအဖြာဖြာတွင်အသစ် ဆောင် ရွက်လို့ကောင်းပါတယ်။

စက်ကားတို့နဲ့ပတ်သက်သောအလုပ်တွေပိုမိုအဆင်ပြေတိုးတတ်လိမ့်မယ်။ရတနာပစ္စည်းများဝယ်ယူခြင်းတွေ၊စတင် ဆင်မြန်းခြင်းတွေကိုလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ဒီနေ့မှာစတင်မိတ်ဖွဲ့တဲ့ မိတ်ဆွေသစ်တွေကရေရှည်မှာ ကောင်းတဲ့ မိတ်ဆွေတွေဖြစ်လာတတ်ပါတယ်။ လက်မှုပညာအလုပ်များ၊အိမ်အလှဆင်အလုပ်များ၊ဆိုင်းဘုတ်လုပ် ငန်းများ အလုပ်အော်ဒါတွေရလာတတ်ပါတယ်။

လူမှုရေးကိစ္စများ၊အချစ်ရေးအိမ်ထောင်ရေးနဲ့ပတ်သက်သောကိစ္စများလဲ အထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာအိမ်သစ်တတ်ခြင်းများ၊ အပြောင်းအလဲလုပ်ခြင်းများစတင်ဆောင်ရွက်လို့ ကောင်းတဲ့နေ့ရက် လဲ ဖြစ်ပါတယ်။ဆိုင်သစ်ဖွင့်ခြင်း၊ အလုပ်သစ်စခြင်း၊ ဆိုင်းဘုတ်တင်ခြင်းများဒီနေ့စတင်လို့ကောင်းပါတယ်။

အသင်းအဖွဲ့များဖွဲ့စည်းခြင်းတွေ၊ရှယ်ယာအလုပ်များ၊အစုစပ်အလုပ်များလုပ်ကိုင်ခြင်းတွေဆောင်ရွက် လို့အထူး ကောင်းပါတယ်။ မြေသန့်မင်္ဂလာများဆောင်ရွက်ခြင်း၊ ဘုရာထီးတင်ခြင်း၊အလှူအတန်းရေစက်ချခြင်းများ လဲအထူး ဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။

            ယနေ့တွင် အပြောင်းအလဲကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ ပစ္စည်းလှောင်ခြင်း မပြုရပါ။ မင်္ဂလာကိစ္စများ ဆောင်ရွက်ပါက အနှောက်အယှက်ကြီးစွာ ကြုံတွေ့ရတတ်သည်။ အရေးကြီးသောကိစ္စများကို ဆောင်ရွက်မည် ဆိုပါက နေ့လည်(၁း၁၂)မှ ညနေ(၃း၃၆) အတွင်း ဆောင်ရွက်လုပ်ကိုင်ပါ။ ငွေကြေးအပေးအယူကိစ္စ အထူးသတိ ရှိရမည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၈း၂၆)နာရီမှ (၁၉း၁၇)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေ ရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦး တွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ် လွယ် ပါတယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  မိန်စန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အနည်းငယ် ရန်လိုစိတ်ရှိကြပါတယ်။ အတ္တကိုရှေ့တန်းတင်ကြပါတယ်။ အပေါ်ယံ အပြုံးနဲ့နေတတ်ပေမဲ့ အတွင်းစိတ်ကောက်သူ တွေဖြစ်ပါတယ်။ ဒါကြောင့် လက်ဦးဆရာဖြစ်တဲ့အမိအဘတွေသာ သေချာမသွန်သင်ဘူးဆိုရင်တော့ တစ်ကိုယ် ကောင်းဆန်သွားတတ်ပါတယ်။ ကျန်းမာရေးအားပျော့သူမဟုတ်ပေမဲ့ အသက် ၃၄၊၃၅ ဝန်းကျင်လောက်ကစပြီး ကျန်းမာရေးအတွက် ခွဲစိပ်ကုသရတာတွေစတင်ကြုံလာရတတ်ပါတယ်။ငွေကြေးရှာဖွေမှုအားကောင်းပြီး ဝန်ထမ်း ဆို အောက်ဆိုက်ရှာခြင်းတာမျိုး၊ ဥပဒေနဲ့မလွတ်ကင်းတာတွေလုပ်ချင်တာမျိုးတွေကြုံရတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၅၇) နာရီမှ (၁၀း၂၃)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ခရမ်းရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။        

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဖရုံယိုစားသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#ဗေဒင်ချစ်ပရိသတ်များအတွက်သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ်နားဆင်နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

4.November.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန်သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၀)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဥစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်တံခွန်နဲ့တိုက်ဆိုင်နေတဲ့နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့လဆန်းတီထိ ၁၁လုံး  ပျော်ရွှင်ခြင်း၊ကြည်နူးခြင်းတွေကိုပေးတဲ့ နန္ဒတီထိ ကျရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ဒီလိုနေ့ရက်မှာတော့ ကုန်စည်ပြပွဲများ၊ဈေးရောင်းပွဲတော်များကျင်းပလို့ အထူး ကောင်း ပါတယ်။ မိမိကုန်ပစ္စည်းကိုအရောင်းမြှင့် တင်ခြင်းအလုပ်များလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာ ရေး ကတော့ အထူးကောင်းပါတယ်။ကျန်းမာရေးနဲ့ပတ်သက်သောကိစ္စအ၀၀ကိုလဲ အလေးပေးဆောင် ရွက်နိုင်ပါ လိမ့် မယ်။

အလှအပနှင့်ဆိုင်သောလုပ်ငန်းများ၊ အလှကုန်ပစ္စည်းရောင်းချခြင်းလုပ်ငန်းများ၊အထူးအဆင်ပြေမှုတွေ ကြုံရတတ် ပါ တယ်။ ဖက်ရှင်ဒီဇိုင်းနှင့်ပက်သက်သော SHOW ပွဲများကျင်းပလို့ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။

ဆန်ဆီဆေးဆားစတဲ့ အင်္ဂါနံနှင့်ပတ်သက်သောအလုပ်တွေ အထူးကောင်းပါတယ်။ ဆေးဖော်တာ၊ဆေးဝါး ထုတ်လုပ်ဖြန့်ချီတာ၊ ဆေးခန်းသစ်၊ဆေးရုံသစ်ဖွင့်လှစ်တာမျိုးတွေလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ ထီကံစမ်းခြင်း တွေ ကတော့ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ ထီဝါသနာပါသူတွေကတော့ ထီကံစမ်း လို့ အလွန်ပဲကောင်း ပါတယ်။ တထ အက္ခရာပါသောထီလက်မှတ်ကိုရွေးချယ်ကံစမ်းလိုက်ပါ။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

မိမိစိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ဆွတ်ခူးတာ၊ရိတ်သိမ်းတာမျိုးတွေအထူးကောင်းပါတယ်။ဥယျဉ် ခြံလုပ်ငန်းများလဲတိုးချဲ့လို့အလွန်ပဲကောင်းပါတယ်။ သောကြာဂြိုဟ်စိုးမိုးတဲ့နေ့ရက်ဖြစ်တာကြောင့် အိမ်ထောင် ပရိဘောဂများ၊ခန်းဝင်ပစ္စည်းများ၊TV အောက်စက်များ၊SOUND BOX များဝယ်ယူလို့အထူးကောင်းတဲ့နေ့ပါပဲ။

ဒီနေ့တွင် ကာမမကြူးအပ်။ လက်ထပ်မင်္ဂလာပြုလုပ်ရန် ရက်ကောင်း၊ အခါကောင်း ကျရောက်နေပါသည်။ အတတ်ပညာများ စတင်သင်ကြားနိုင်မည်။ တည်ဆောက်မှုကိစ္စများ စတင်ပြုလုပ်ရန် အခါကောင်း ကျရောက်နေ ပါသည်။ ပြဿနာဟောင်းများ ဖြေရှင်းနိုင်မည်။ နေရာအပြောင်းအရွှေ့ကိစ္စများ ဆောင်ရွက်ရန် အခါသင့်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၈း၃၀)နာရီမှ (၁၉း၂၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  ကုမ်စန်း ည(၈)နာရီ(၅၃)မိနစ်အလွန် စန်း မိန်ရာသီသို့ ပြောင်းသည်။  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာစိတ်ကူး အယူအဆကောင်းတယ်ဗျ။ အတွေးကောင်းတယ်။ ခင်တတ် မင်တတ်တယ်။ ကူညီမဲ့သူတွေပေါများတယ်။ငွေကြေး နဲ့ပတ်သက်ပြီးအကူအညီကောင်းတွေရလွယ်ကြသူတွေဖြစ် တယ်ဗျ။ ထူးခြားတာကမိခင်ရဲ့အကျိုးကျေးဇူးကို အထူးခံစားရတဲ့သူတွေအဖြစ်တွေ့ရတယ်။  ကြိုးစားဖို့လိုတာက သက်လတ်ပိုင်းကာလတွေပဲဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ကံပေးချိန်တွေမို့လို့ အသက် ၂၇ကစလို့ လုပ်တိုင်း ဖြစ်တဲ့ပန်းပန်ချိန်ကာလတွေပဲဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက် (၁၀း၂၃) နာရီမှ နေ့လယ်(၁၁း၄၉)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ တနင်္ဂနွေ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ တနင်္လာ၊စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ခရမ်းရောင် နှင့် အနီရင့်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ခြေသည်းညှပ်ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဆီးသီး၊ဆီးယို ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဗေဒင်ချစ်ပရိသတ်များအတွက်သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်

စုံစုံလင်လင်ကို …… နေ့စဉ်နားဆင်နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

02.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၀)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၁)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

တီထိမြေခံ အရတော့ သောကြာမြေခံပေမဲ့ ရက်ယုတ်မာနဲ့တိုက်ဆိုင်နေတာမို့ တိုက်တာအိုးအိမ်ဆောက်လုပ်တာ ၊တိုင်ထူတာ ပန္နက်ရိုက်တာမျိုးတွေကို အချိန်အခါပြန်ရွေးပြီးမှဆောင်ရွက်လို့ရပါလိမ့်မယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ မွန်းလွဲလူ့ပြည်ပြဿဒါး၊ ရက်ယုတ်မာ၊ရသေ့ကျော်ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ပျက်စီးခြင်း၊ယိုယွင်းခြင်းသဘောဆောင်တဲ့လဆန်းတီိထိ ၉လုံး ရိတ္တာတီထိ ကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက်မှာတော့ ဖြေရှင်းရခက်နေတဲ့ ပြဿနာတွေကိုပြေလည်အောင်ဖြေရှင်း နိုင်မဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ ကုသလို့အလွန်ပဲကောင်းပါတယ်။ အနာနဲ့ဆေးတွေ့မဲ့ နေ့ရက်ပါပဲ။

ကားရောင်းခြင်း၊ကားဝယ်ခြင်း၊အလဲအထပ်လုပ်ခြင်းများလဲ ဆောင်ရွက်နိုင်မဲ့နေ့ရက်ပါပဲ။  မိမိစိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကိုပိုးသတ်ဆေးဖြန်းတာမျိုးတွေဆောင်ရွက်သင့်တဲ့နေ့ရက်ပါပဲ။ကျောက်မျက်ရတနာရောင်း ဝယ်ရေးကိစ္စများ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ငါးမွေးမြူရေး၊ကြက်မွေးမြူရေးစတဲ့ တိရစ္ဆာန်မွေးမြုရေး လုပ်ငန်း များလဲ အဆင်ပြေအောင်မြင်မှုတွေရလာမဲ့နေ့ရက်ပါပဲ။

အဆင်မပြေလို့လက်လျော့ထားတဲ့အလုပ်များ၊ ခက်ခဲလို့ရှေ့ဆက်ဖို့မလွယ်တဲ့အလုပ်များကို ဒီနေ့မှာပြန်လည်လုပ် ကိုင်ခြင်းဖြင့်အဆင်ပြေမှုတွေကိုရလာတတ်ပါတယ်။ ရပ်ဝေးမှချဲ့ထွင်ထားတဲ့အလုပ်တွေတိုးတတ်ပါလိမ့်မယ်။ ဝေးကွာနေတဲ့မိတ်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ဆုံရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သောရပိုင်ခွင့်တွေလဲ အပြည့်အဝရလာပါလိမ့်မယ်။

လုပ်ငန်းပြိုင်တွေ၊ မိမိအောင်မြင်မှုကိုမနာလိုတိုက်ခိုက်ကြသူတွေကိုတန်ပြန်တိုက်ခိုက်နိုင်မဲ့နေ့ရက်ပဲဖြစ်ပါတယ်။ လျှပ်စစ်နဲ့ပက်သက်သာ လုပ်ငန်းတော်တော်များများအဆင်ပြေတတ်ပါတယ်။ electronic ပစ္စည်းရောင်းတဲ့ဆိုင် များ ရောင်းအားတိုးတတ်ပါလိမ့်မယ်။

အနိဋ္ဌသဘောဆောင်တဲ့အလုပ်တွေအထူးအဆင်ပြေပါတယ်။ လောင်းကစားဆန်ဆန်အလုပ် များ၊ဓားလှံ လက်နက် ထုတ်လုပ်ခြင်းများ၊ ခဲယမ်းမီးကျောက်ထုတ်လုပ်ခြင်းများလဲ အထူးကောင်းပါတယ်။ ယနေ့တွင် အပျော်ခရီး သွားလာခြင်းများ ရှောင်ကျဉ်ပါ။ ဆေးဝါးကုသ၍ ပျောက်ကင်းနိုင်သော ရက်ကောင်း ဖြစ်နေပါသည်။  

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၈း၃၈)နာရီမှ ည(၁၉း၂၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာမနက်ပိုင်းရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ ကြီးကျယ်စွာမင်္ဂလာအခမ်းအနား ကျင်းပခြင်း တွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။မွန်းလွဲသွားရင်တော့လူ့ပြည်ပြဿဒါးကျရောက်တဲ့ နေ့ရက်ဖြစ် တာ ကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာစကားပြော ခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  မကာရစန်း ညနေ(၅)နာရီ (၃၃)မိနစ်လွန် စန်း ကုမ်ရာသီသို့ ပြောင်းသည်။  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်ဟာ လူအအများကို ကူညီချင်စိတ်ရှိသူတွေ ၊ပရဟိတ သမားတွေ၊အများကောင်းကျိုးပြုသူတွေဖြစ်ကြပါတယ်။ မိခင်၊ကြီးတော်၊အမေကြီးစတဲ့အမျိုးသမီးအကြီး အကဲ တွေ ရဲ့ ချစ်ခင်အလေးပေးမှုကိုအထူးရရှိတတ်ပါတယ်။ ဘာသာရေးဝါသနာပါတဲ့ မိသားစုကပေါက်ဖွားလာသူဆို တရားရိပ်ခိုသွားတာ၊သာသနာဘောင်ဝင်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁း၄၉) နာရီမှ မွန်းလွဲ(၁း၁၅)နာရီအတွင်း ကျရောက် နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။    

ကံညံ့သော နေ့သားများကတော့ စနေ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ  လိမ္မော်ရောင်၊အဖြူရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။          

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ငါးကြော်စား သွားပါ။ ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒံပေါက် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ဆင်ခြင်တုံတရားနဲ့စနစ်တကျကြိုးစားမှအဆင်ပြေပါလိမ့် မယ်။ကတိလွယ်လွယ်မပေးလိုက်ပါနဲ့။ လှိုင်းထန်နေတဲ့ နေ့ရက် ပါပဲ။ ပင်ပန်းမှု၊ စိတ်ရှုပ်မှုတွေကိုတော့ မလွဲဧကန်လုပ် နေရတတ်ပါတယ်။ ကတိလွယ်လွယ်မပေးစေချင် ပါဘူး။ ပေးလိုက်တဲ့ ကတိက တည်ဖို့ခဲယဉ်းတတ်လို့ပါပဲ။ အလုပ် အော်ဒါတွေကို ရက်ချိန်းမှန်မှန်အပ်နိုင်ဖို့ကြိုးစား ပါ။ နာမည်ပျက် တတ်တဲ့နေ့ရက်မို့ သတိပေးတာပါ။ ကျန်းမာရေး ကတော့ ထိခိုက်ရှနာ၊သွေးထွက်သံယိုအသေးစား လေးတွေ ဖြစ်ရတတ်ပါတယ်။ အန္တရာယ် ရှိတဲ့လုပ်ငန်းခွင်တွေ လုပ်ကိုင်နေသူတွေပိုမိုသတိထားပေါ့ဗျ။ ယုံကြည် ချက်ကြောင့်အရာရာကိုကျော်လွှားနိုင်ပါလိမ့်မယ်။

တနင်္လာ

စိတ်ပျော်ရွှင်လန်းဆန်းနေတတ်ပါတယ်။ စိတ်ချမ်းသာစရာအ ကြောင်းတရားတွေမြင်ရကြားရတတ်ပါတယ်။ လုပ် ငန်း ပြိုင်ဘက် တွေထက် ဇွဲ၊ဝီရိယ၊လေ့လာသုံးသပ်မှုအားကောင်း တာကြောင့်အောင်မြင်ကြီးပွားမှုတွေ ကြုံရတတ် ပါ တယ်။ အချစ်ရေးကိစ္စ စတွေအဘက်ဘက်က အဆင်ပြေလိမ့်မယ်။ မင်္ဂလာစကားပြောခြင်းနှင့် အလှူကိစ္စများ တိုင်ပင်ဆွေးနွေးလို့ကောင်းတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ကျန်းမာရေးက တော့ ကောင်းမွန်နေပြီးသားပါ။ ဘာသာရေး များများ လုပ်လေ ကျန်းမာရေးကောင်း လေပါပဲ။မိသားစုအတွင်းရေး ပြဿနာတစ်ခုကြောင့်တော့ မိမိငွေကုန်ရ နိုင်တာ မျိုးရှိပါလိမ့်မယ်။

အင်္ဂါ

အတွေးအခေါ်ကောင်းပြီး အရည်အသွေးပြည့်ဝသူတစ် ယောက်ဖြစ်မယ်ဆိုရင်တော့  နွေးထွေးသောအောင်မြင်မှု တွေ ရရှိတတ်ပါတယ်။မေတ္တာနှင့်ယှဉ်သောစိတ်ကိုမွေးပါ။ စီးပွားရေးကိစ္စလုပ်ငန်းကိစ္စရပ်တိုင်းကို လျှင်မြန်စွာ ဆုံးဖြတ်ချက် ချလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့်ပိုမိုအဆင်ပြေတတ် ပါတယ်။သူများအကြံပေးတိုင်းလက်ခံ စရာမလို ပေ။မိမိကိုယ်ပိုင်ဉာဏ်က ပိုမိုတောက်ပြောင်နေမဲ့နေ့ရက်ပါပဲ။ကျန်း မာရေးအညံ့အဆိုးတော့မတွေ့ရပါဘူး။ ပညာ ရေး ထူးချွန်အောင်မြင်မဲ့နေ့ရက်ပါပဲ။ စနေသားတွေကိုသတိထားဆက် ဆံပါ။ မိမိကိုလိမ်လည်သွားတတ်ပါတယ်။ အလုပ်ကြောင့်ရပ်ဝေးခရီးထွက်ရတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ခင်မင်သူမိတ်ဆွေတိုင်းက မိမိကိုနှုတ်၏ဆောင်မခြင်း၊ လက်၏ဆောင်မခြင်းတွေကိုကူညီမှုများရရှိချိန် ဖြစ်ပါတယ်။ သင့်ဘဝကောင်းမွန်စေသော ပြောင်းလဲမှုဖြစ်စေရန် အတွေးအမြင်အယူအဆမှားယွင်းမှုမရှိစေရန် အထူးအရေး ကြီး ပါတယ်။ ငွေနောက်တော့မလိုက်ပါနဲ့။ကြိုးစားရင် ကြိုးစားသရွေ့အောင်မြင်ပါလိမ့်မယ်။ လုပ်ငန်းသစ်စတင် ခြင်း၊ ဆိုင်စဖွင့်ခြင်းများကိုလဲ အလေးပေးဆောင်ရွက်လို့ ကောင်းမွန်တဲ့နေ့ပါ။ စိတ်ညစ်ရမှာက ရေမှုတ်တစ်ဖက်၊ မီးစတစ်ဖက် ဖြစ်နေတဲ့ ချစ်သူကြောင့်ပါ။ မျက်နှာများတဲ့ ချစ်သူရထားသူတွေပိုမိုစိတ်ညစ်ရမဲ့နေ့ပါ။ ကျန်းမာရေး အကောင်းများနေပါလိမ့်မယ်။

ကြာသပတေး

ဟန်ကိုယ့်ဖို့ဆိုတဲ့စကားကို လက်တွေ့ကျင့်သုံးနေထိုင်ပါ။လူအများ အထင်ကြီးလေးစားစေရန်အတွက် ဟန်မာန် အပြည့်နှင့် လုပ်ကိုင်ဆောင်ရွက်ရမဲ့ နေ့ရက်ပါပဲ။ကျန်းမာရေးကတော့ အညံ့အဆိုးတွေကို ရင်ဆိုင်ရလိမ့်မယ်။ လေရောဂါတွေ သတိထားစေချင်ပါတယ်။ မိသားစုတွေရင်းနှီးသူတွေရဲ့ ချီးကျူးထောပနာပြုခြင်းကိုရရှိတတ်ပါ တယ်။ လုပ်လက်စ အလုပ်တွေကိုဆက်လုပ်သွားပါ။ လုပ်ငန်းသစ်၊စီးပွားသစ် အကျိုးမပေးသေးပါဘူး။ သတိထား စေချင်တာက စုတ်ကိစ္စပါ။ လိင်မတူသူတွေရဲ့ ဖျားယောင်းခြင်းကိုခံရတတ်သ လို မိမိကိုယ်တိုင်ကလဲ ရှုပ်ချင် နေတတ်ပါတယ်။ ရပ်ဝေးရောက်နေသူများ အခက်အခဲပိုများနေတတ်ပါတယ်။

သောကြာ

ပြင်းပြသောဆန္ဒကို အကောင်အထည်ဖော်ဆောင်ရွက် ခြင်းကြောင့် ထူးခြားတဲ့အောင်မြင်မှုတွေရရှိတတ်ပါတယ်။ တစိုက်မတ်မတ် တရားအားထုတ်လာသူများ အသိထူး တွေရလွယ်နေတတ်ပါတယ်။ ဝန်ထမ်းဖြစ်စေ၊ လုပ်ငန်း ရှင်ဖြစ်စေ တိတိကျကျဖြင့် သေသပ်စွာလုပ်ကိုင်ဆောင်ရွက် မှပဲအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ရှေ့မှာချီးကျူးပြီး နောက်ကွယ်မှာ  အတင်းတုပ်နေသူတွေကိုဥပေက္ခာပြုထား လိုက်ပါ။ စာကောင်းပေကောင်းတွေ လေ့လာဖတ်ရှု ခြင်း ဖြင့် အကြံဉာဏ် ကောင်းတွေရလာတတ်တဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးမှာတော့ အညံ့မရှိသလောက်ပါပဲ။ အချို တော့လျှော့စားဖို့တိုက်တွန်း ချင်ပါတယ်။

စနေ

စိတ်မြန်ပြီး အငြင်းအခုန်ပြုတတ်တာကြောင့် မထင်မှတ်ဘဲ ရန်များရတဲ့နေ့ရက်ပါပဲ။ မိမိကသာမာနကြီးသူ တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ မလိုမုန်းထားသူတွေများပါလိမ့် မယ်။ရွည်ရွယ်ချက်များ စိတ်ဆန္ဒစောစွာ လုပ်မိ တတ် တာကြောင့်အညံ့အဆိုးကိုဖြစ်ပေါ်စေပါလိမ့်မယ်။ စကားကို တုံးတိတိနှင့်ဒဲ့ဒိုးပြောတတ်သူများ လွန်စွာမှ အဆင် မပြေဖြစ် ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ထူးခြားစွာညံ့နေ တာမျိုးမရှိပါဘူး။ မတည့်တဲ့အစား အသောက်တွေကို ရှောင်နိုင်ရင်ရပါပြီ။ ဘာလုပ်လုပ်နှေးကွေးလေးလံစွာအကျိုး ပေးတဲ့နေ့ရက်ဖြစ်တာကြောင့် အောင်မြင်ဖို့အချိန်ယူရတတ် ပါတယ်။ အိမ်ထောင်ရေးအနည်းငယ်သတိထားပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

30.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၇)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

 ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက် အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့အချိန်အခါရွေးပြီးမှဆောင်ရွက်ပါ။

ဒီနေ့ဟာ ရက်ရာဇာ၊သမားညိုရက်တွေနဲ့တိုက်ဆိုင်နေတဲ့နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ကြွယ်ဝခြင်း၊ပျော်ရွှင်ခြင်းကိုပေးတဲ့ နန္ဒတီထိ ကျရောက်တဲ့နေ့ရက် ပဲဖြစ်ပါတယ် ။ဒီလိုနေ့ရက်မှာတော့ ပညာရပ်နဲ့ရပ်တည်အသက်မွေးသူ များလဲ ဒီလိုနေ့မျိုး မှာတော့ ကျောင်းအသစ်တွေစတင်ဖွင့်လှစ်တာ ၊သင်တန်းတွေ၊တန်းခွဲသစ်တွေစတင်ဖွင့်လှစ်တာမျိုး တွေ အထူးကောင်းပါတယ်။

အဓိဋ္ဌာန်ဝင်ခြင်းများ၊ ရေရှည်စီမံကိန်းဆွဲထားတဲ့အလုပ်တွေအတွက် ဒီနေ့မှာစတင်ပြီးတော့ ခြေတစ် လှမ်းလှမ်းခြင်း များလဲအထူးအဆင်ပြေပါလိမ့်မယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး တော့ ကိုယ်စားလှယ် ယူခြင်းများ၊ လက်ကားဝယ်ပြီး ပြန်လည်ဖြန့်ဖြူးခြင်းများလဲ အထူးဆောင်ရွက်လို့ကောာင်းတဲ့နေ့ရက် ပါပဲ။

ရိုးသားကြိုးစားလို့ အောင်မြင်နေသူများ လုပ်ငန်းပြိုင်တွေအတိုက်အခိုက်တွေကိုခံရတတ်ပါတယ်။ သတိထားပါ။ အိမ်ထောင်သည်များ၊ရိုးသားသူများ ဆန့်ကျင်ဘက်လိင်တွေမြုဆွယ်ထောင်ဖမ်းခြင်း တွေကိုခံရတတ်ပါတယ်။

ကျောင်းများ၊သိမ်များ မုခ်ဦး များတည်ဆောက်လှူတန်းခြင်းတွေကို အလှူအတန်းတွေအတွက် ရေစက်ချအမျှေ၀ ခြင်း မျိုးတွေ ဆောင်ရွက်နိုင် တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇင်းခံခြင်းကိစ္စတွေကိုလဲ အထူး ကောင်းမွန်စွာဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ အလုပ်ကိစ္စ အတော် များများအခက်အခဲနည်းပါးပြီးတော့ အဆင်ပြေပြေဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲ အလုပ်နဲ့ပတ် သက်ရင်တော့ ကြိုးစားသလောက်ထွန်းပေါက်မှု တွေကိုရ ရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၈း၄၉)နာရီမှ (၁၉း၄၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံ အလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်း ပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ ရေရှည် တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  ဓနုစန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အတိတ် ကပါလာသော ကုသိုလ်အရှိန်အဟုန်လေးတွေရှိပါတယ်။ ထိုကံကြောင့်ပဲ မိမိတို့မွေးလာ ချိန်မှာ မိဘတွေလဲ အဆင်ပြေလာတာ၊စီးပွားတတ်လာတာမျိုးကြုံရတတ်ပါတယ်။ မွေးစကနေ ခြောက်နှစ်အတွင်း မိမိကိုအကြောင်းပြု ပြီးမိဘတွေအလှူကြီးအတန်းကြီးပေးလာနိုင်တာကို တွေ့ရပါတယ်။ ကျန်းမာရေးသိပ်မဆိုးပေးမဲ့ ကိုယ်ခံအားနည်း တာမို့ အလွန်အကျွံ မဆင်မခြင် နေထိုင်စားသောက်ခြင်းများကိုအထူးရှောင်သင့်ပါတယ်။ ဘဝမှာသတိထားရမှာက လွတ်လပ်မှုကို တအားမလိုချင်နဲ့။ စီးလွတ်ဝါးလွတ်မပျော်ချင်ပါနဲ့။အပျော်လွန်ရင်အပျက်ဖြစ်လွယ်တဲ့ဇာတာပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၀၉) နာရီမှ ညနေ(၅း၃၆)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလ အတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါ တယ်။ကြီးကျယ်စွာမင်္ဂလာ အခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ စနေ၊ ရာဟု၊ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ  ညိုဝါရောင် နှင့် အနက်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။    

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၆) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့စပျစ်သီးစားသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရွက်လှပန်း ဘုရား ကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက် သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ကံကောင်းနေတတ်ပါတယ်။ မိမိဖြစ်ချင်တာတွေဖြစ်လာ ရတတ်ပါတယ်။ စိတ်ကူးအယူအဆတွေ ကိုလဲ ကောင်းစွာ အားထုတ်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ လူအများနဲ့ တက်ညီ လက်ညီလုပ်ရတဲ့ အလုပ် တွေကိုအကျိုးပိုမိုပေးပါတယ်။ အချစ်ရေးကိစ္စတွေတိုင်ပင်ဆွေးနွေးလို့ရတယ်။ လက်ထပ် ဖို့အတွက်  ရက်ရွေးခြင်း၊စေ့စပ်ခြင်း၊ ကြောင်းလမ်းခြင်များ ဒဲီနေ့မှာဆောင်ရွက်ထားနိုင်ပါတယ်။ လုပ်ငန်း အစီ အစဉ် သစ်တွေကလဲ မိမိဉာဏ်အမြော်အမြင်ပေါ်မူတည်ပြီးတော့တိုးတတ် လာနိုင်တာကိုတွေ့ရ ပါတယ်။ နိုင်ငံခြားအင်တာ ဗျူးများဒီနေ့မှာဖြေရမယ်ဆိုရလဒ်ကောင်းလာတတ်ပါတယ်။

တနင်္လာ

လုပ်ငန်းနဲ့ပတ်သက်ပြီး အသစ်တိုးချဲ့တာမျိုးတွေ လုပ်ဆောင် သင့်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး နေရာပေးမခံရတာ၊ချောင် ထိုးခံရတာမျိုးတွေကြုံနေရတတ်ပါတယ်။  အိမ်ပြင် ခြင်း၊အိမ်ပြောင်း ခြင်းမျိုးတွေကိုရှောင်လိုက်စေချင်ပါတယ်။ စိတ်ထဲလိုချင်တာ တွေကိုရဖို့ခဲယဉ်းနေတတ်ပါတယ်။ ကျန်းမာရေးကတော့ဒီနေ့မှာ အာဟာရရှိတာတွေကို စားလိုက်စေချင်ပါတယ်။ ဆေးဆိုလဲ အားဆေး ကိုဦးစားပေး  သောက်လိုက်ပါ။ အလုပ်နဲ့ပတ်သက်ပြီး အင်တာဗျူးဖြေရသူများ အခက်အခဲများနိုင်တဲ့ နေ့ရက်လဲ ဖြစ်ပါတယ်။ မည်သည့်ကိစ္စမဆိုလေးလေးနက်နက်နဲ့ ဆောင်ရွက်လိုက်တာက အဆင် ပြေလိမ့်မယ်။

အင်္ဂါ

စိတ်ကူးကောင်းတွေ၊အကြံဉာဏ်ကောင်းတွေတွေ့ရတတ်ပါတယ်။ အလုပ်ခွင်ထဲမှာလဲ မိမိစွမ်းဆောင် ရည် တွေမြင့်မားနေ တတ်ပါတယ်။ လူအများသတိထားမိတဲ့အထိ မိမိလုပ်ရည် ကိုင်ရည်ရှိပါလိမ့်မယ်။ မိတ်ဆွေသစ်တွေကြုံရတတ်သလို၊ ပတ်ဝန်းကျင်သစ်တွေကြုံရတတ်ပါတယ်။ကျန်းမာရေး ကို တော့ စိတ်ချမ်းသာရပါလိမ့်မယ်။ လိုအပ်နေတဲ့ငွေကြေးတွေ ရလာတတ်ပါတယ်။  အချစ်ရေးအဆင် ပြေ တိုးတတ်ပါ လိမ့်မယ်။ ထီဝါသနာပါသူများ ထီကံစမ်းလို့အလွန်ကောင်းတဲ့ နေ့ရက်ပါပဲ။ ခရီးဝေးသွား ရဖို့အကြောင်းဖန်လာတတ် ပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်စီးပွားတွေအထူးရှောင်လိုက်ပါ။

ဗုဒ္ဓဟူး၊ရာဟု

တွေဝေဒွိဟတွေဖြစ်နေရတတ်ပါတယ်။ ကျန်းမာရေး ကံလဲကောင်းနေတတ်ပါတယ်။ အလွန်ဆုံး နှာစေး ချောင်းဆိုး လောက်ပါပဲ။ စီးပွားရေးသမားများမထင်မှတ်သော  အလိမ်အညာတွေခံရတတ်ပါ တယ်။ ကူညီသူတွေရှိပေမဲ့ ဒုက္ခပေးမဲ့သူကပိုများနေ တတ်ပါတယ်။ အလုပ်နဲ့ပတ်သက် တဲ့ နယ်ခရီး တွေလဲ သွားရတတ်ပါတယ်။ လူငယ်များ ညဉ့်နက် သန်းခေါင်သောက်စားပျော်ပါးခြင်းကိုရှောင်ပါ။ ရန် ဖြစ်ရတတ်ပါတယ်။ သူများကိုစေတနာစကားပြောပေမဲ့ ဝေဒနာစကား ဖြစ်ရတတ်ပါတယ်။ နှုတ် နည်းတာအကောင်း ဆုံးပါပဲ။ လက်ကားစီးပွားရေးသမားများ ရင်းနှီးမြုပ်နှံမှုတွေကိုဆင်ခြင် စဉ်း စား ပြီးမှလုပ်ပါ။

ကြာသပတေး

စီးပွားရေးနဲ့ပတ်သက်ပြီး အကြံကောင်းပေးမဲ့သူတွေနဲ့ ဆုံတွေ့ရတတ်ပါတယ်။အလုပ်ပိုတွေ၊ကိစ္စပို တွေကိုကောင်းစွာ လျှော့ချနိုင်မဲ့ နေ့ရက်ပါပဲ။ စိတ်မြန်လက်မြန်နဲ့ ဇွဲရှိရှိ လုပ်ကိုင်မှုတွေကြောင့် အဆင်ပြေတိုးတတ်လာနိုင်မဲ့ ကံအခွင့်အလမ်းကိုပေးပါတယ်။ကျန်းမာရေးကလဲ ဒေါင်ဒေါင် မြည် ကောင်းနေတတ်ပါတယ်။ ယခင်ကမအောင်မြင်ခဲ့တဲ့ အလုပ်တွေကိုပြန်စလို့ကောင်းတဲ့နေ့ရက်လဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းအားနည်းချက်တွေ၊အားသာချက်တွေကိုလဲ သေချာစီစစ်သွားနိုင်ပါ လိမ့် မယ်။ အောက်လက် ငယ်သားတွေကိုအထင်မသေးလိုက်ပါနဲ့။ သူတို့ရဲ့အကူအညီတွေ အများကြီး ရနိုင်တာမို့ပါ။

သောကြာ

အလုပ်တွေတိုးတတ်လာလိမ့်မယ်။ အော်ဒါတွေတတ်လာပါ လိမ့်မယ်။ ဝန်ထမ်းဆိုရင်တော့ အလုပ် တာဝန်များနေတာပေါ့ဗျ။ နှစ်ယောက်စာလောက်လုပ်ရတတ်ပါတယ်။ အိမ် တွင်းရေး၊အိမ်ထောင်ရေး အဆင် ပြေသာယာလိမ့်မယ်။ ပညာရေးနဲ့ဆက်နွယ် သောခရီးများသွားရတတ်ပါတယ်။  ကာယ ပင်ပန်း၊ဉာဏပင်ပန်းပေမဲ့ စိတ်ပျော်အောင်နေနိုင်ပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အခက်အခဲ တွေအညံ့တွေများလာတတ်ပါတယ်။လိုချင်နေတဲ့ငွေကြေးအကူအညီတွေကိုလဲ ရလွယ် ပါတယ်။ မိသားစုအတွင်း ကျန်းမာရေးညံ့သူတစ်ဦးကြောင့် ငွေကုန်ရတတ်ပါတယ်။

စနေ

မိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့် မယ်။ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားရလိမ့်မယ်။ ကြိုးစားသမျှအရာထင် အဆင်ပြေပါလိမ့်မယ်။ အခက်အခဲတွေကို ကောင်းစွာကျော်လွှားနိုင်ပါ လိမ့် မယ်။ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကိုရလာ တတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီ တွေကိုရ လာတတ်ပါတယ်။ဘာသာခြား၊လူမျိုးခြားတွေနဲ့ ဆက်စပ် လုပ်ကိုင်ရတဲ့အလုပ်များ အဆင် ပြေတိုးတတ်ပါလိမ့်မယ်။ကျန်းမာရေးကတော့အစားမှားဆေးမှားဆိုတာမျိုးဂရုစိုက်လိုက်ပါ။ အပြောင်း အရွှေ့ ကိစ္စ  မှန်သမျှအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ လုပ်ငန်းချဲ့ထွင်ခြင်းများစတင်နိုင်တဲ့ နေ့ရက် ပါပဲ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

29.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၆)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကမြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ဝါရမိတ္တုငယ်၊ သမားဖြူ၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့လဆန်းတီထိ ၅လုံးပုဏ္ဏတီထိ ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။  ဒီလိုနေ့မျိုးမှာတော့ ကျန်းမာရေးနဲ့ ပတ်သက်သောကိစ္စမှန်သမျှဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံ ထိသွားရောက်ပြီး ဆေးစစ်ခြင်း၊ ဆေးကုသမှုခံယူခြင်းတွေပြုလုပ်နိုင်ပါတယ်။ နာတာရှည်ရောဂါခံစားနေရသူများ ဆေးတိုးပြီး ကံကောင်းသွားတတ်ပါတယ်။

ခရီးသွား၍ကုန်သွယ်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ အလုပ်နဲ့ပတ်သက်သောခရီးအပြင် အခြားမည်သည့် ခရီး မဆိုသွားလို့ကောင်းပါတယ်။ ကလေးငယ်တွေကိုစတင်အာဟာရကျွေးခြင်း၊ထမင်းခွံခြင်းများ ဆောင်ရွက်သင့်တဲ့ နေ့ရက်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးကုဆေးစားလု့ိအလွန်ကောာင်းတဲ့နေ့ရက်ပါပဲ။

အောက်လက်ငယ်သားတွေကို မိမိလိုရာပုံသွင်းယူလို့ရမဲ့နေ့ရက်ပါပဲ။ စက်ပစ္စည်းနဲ့ပတ်သက်သောအလုပ်များ၊ ဆောက်လုပ်ရေးနှင့်ပတ်သက်သောအလုပ်များ၊ မီးလျှပ်စစ်နှင့်ပတ်သက်သောအလုပ်များ အထူးအဆင်ပြေတတ် ပါတယ်။ မိတ်ဆွေသစ်များနှင့်တွေ့ဆုံ၍ ရင်းနှီးမှုယူခြင်းများ၊ အလှကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားခြင်းများ လဲ အထူးကောင်းပါတယ်။

ချစ်မှုရေးရာကိစ္စတော်တော်များများအဆင်ပြေမှုတွေကြုံရမည်။ အဆက်အသွယ်ပြတ်နေတဲ့ချစ်သူနဲ့ အဆက်အ သွယ်ပြန်ရမည်။ ရည်းစားမရှိသေးသူများ ချစ်သူရည်းစားရပါလိမ့်မယ်။

ရွှေဆိုင်လုပ်ငန်းများ၊ ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်းအလုပ်တွေ အဆင်ပြေမှုတွေကြုံရတတ်တဲ့နေ့ရက်ပါပဲ။ ရှောင်စေချင်တာကတော့ အလုပ်နဲ့ပက်သက်သောခရီးကိစ္စတွေရှောင်လိုက်စေချင်ပါတယ်။ ကုန်သွယ်မှုနဲ့ပတ်သက် သောခရီးများ ကြန့်ကြာမှု၊အဆင်မပြေမှု တွေအထူးပဲကြုံရတတ်ပါတယ်။ စတော့ရှယ်ယာလုပ်ငန်းများ ၊ကုမ္ပဏီ အစု ရှယ်ယာလုပ်ငန်းများလဲ တတ်နိုင်သမျှ ရှောင်လိုက်စေချင်ပါတယ်။

ဒီနေ့ဟာ ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၈း၅၃)နာရီမှ (၁၉း၄၅) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ဗြိစ္ဆာစန်း နေ့စက်(၁၂)နာရီ (၄၄)မိနစ်လွန် စန်းဓနုရာသီသို့ ပြောင်းသည်။  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အားနာတတ်သူတွေဖြစ်တယ်။ အရာရာကိုလိုက်လျောလွန်းကြသူတွေ ဖြစ်လိမ့်မယ်။ ဓနကံနှင့်ပညာကံ အားကောင်း ပေမဲ့ အိမ်ထောင်ရေးကံနှင့် မိသားစုဆွေမျိုးနဲ့ဆက်နွယ်သော လူမှု ရေး ကံအားနည်းကြတာကိုတွေ့ရပါတယ်။ အသက် ၃၀ကစလို့ ကံကြမ္မာကအမြင့်ဆုံးအပိုင်းကို ဆွဲခေါ်သွားပါလိမ့် မယ်။ လူကသာပုံမှန်ကြိုးစားရိုးသားပြီး အပျော်အပါးမဖက်ဖို့ပဲလိုပါတယ်။ ကံအထောက်အပံ့ကြောင့် ဘဝအခြေ အနေမြင့်မားသွားနိုင်တာကိုတွေ့ရပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၈း၅၆) နာရီမှ (၁၀း၂၂)နာရီအတွင်း ကျရောက်နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ကြာသပ‌တေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ညိုဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။          

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်ရည်သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပဲနို့ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

နိုင်ငံခြားသွားဖို့စောင့်ဆိုင်းနေသူများ သတင်းကောင်း ကြားရတတ်ပါတယ်။ လှောင်ထားတဲ့ကုန်တွေရှိရင် ဈေးကောင်း ရတတ်ပါတယ်။ လက်စမသတ်သေးတဲ့ လုပ်လက် စအလုပ်တွေရှိရင်ပြီးဆုံးအောင်ဆောင်ရွက်နိုင်ပါ လိမ့်မယ်။ ငွေစတင် စုဆောင်းလို့ကောင်းတဲ့နေ့ရက်ပါပဲ။ သီလ စောင့်တည်ခြင်း၊တရားဘာဝနာပွားများခြင်းမျိုးတွေ အထူး အလေးပေးဆောင်ရွက်ပါ။ အလွန်ပဲကံကောင်းနေတတ် ပါတယ်။မိမိဖြစ်ချင်တာတွေကို အလေးပေး ဆောင်ရွက် သွားနိုင် ပါလိမ့်မယ်။ လူမျိုးခြားဘာသာခြားနဲ့ပတ်သက် သော အလုပ်များတိုးတတ်ပါလိမ့် မယ်။

တနင်္လာ

ကျန်းမာရေးက အညံ့ကြီးမဟုတ်ပါ။ မိုးရွာပါက မိုးရေချိုးတာမျိုး၊မိုးမိမခံသင့်တဲ့နေ့ရက် ပါပဲ။ ငွေကြေးပတ်သက်ရင် လက်မလွယ်ပါနဲ့။ ချေးလိုက် ငှားလိုက်ရင်ပြန်ရဖို့ခက်ခဲတဲ့နေ့ရက်ပါပဲ။ မိမိရဲ့စိတ်ကူး အကြံ အစည်အတိုင်းသာ လုပ်ကိုင်ဆောင်ရွက်ပါ။ သူများ တိုက်တွန်းလို့ လုပ်တဲ့ကိစ္စမှန်သမျှအဆင်မပြေတာများပါတယ်။ လုပ်ငန်းကြီးများ အထူး သတိထားပါ။ ဆုံးရှုံးစရာတွေ များ တတ်တယ်။ အရေးကြီးတဲ့လုပ်ငန်းဆောင် တာများ ဆုံးဖြတ်လုပ်ကိုင် လို့မသင့်သေးတာကိုတွေ့ရပါတယ်။ ပညာ တစ်ခုစသင်ဖို့ သင်တန်းအပ်မယ်ဆိုသေချာ စဉ်းစားပါ။ မိမိအတွက် အသုံးမဝင်တဲ့သင်တန်းမျိုးဖြစ်ရတတ်ပါတယ်။

အင်္ဂါ

ကိုယ်ပိုင်စီးပွားရေးအလုပ်များ အလုပ်ကောင်းပေမဲ့ အကြွေး ကျနေတတ်ပါတယ်။ တတ်နိုင်သမျှ ဒီနေ့ဟာ ပြုံးပြုံးရွှင်ရွှင်နေပါ။ ပြုံးနေလေကံကောင်းလေပါပဲ။ အချစ်ရေးကိစ္စတွေ မှာကြားစကားတွေမယုံလိုက်ပါနဲ့။ ခရီးကိစ္စ များ လဲ ထင်တိုင်းမပေါက်ဖြစ် ရတတ်ပါတယ်။ ဘာလုပ်လုပ်မိမိကိုချစ်ခင် သူတွေနဲ့ တိုင်ပင်ပြီးမှ လုပ်စေ ချင်ပါတယ်။ မိမိစိတ်ကူးအတိုင်းလုပ်လေ အမှားများလေပါပဲ။ ငွေကြေးနဲ့ပတ် သက်ပြီး စုမဲစုတာမျိုးတွေ အထူးရှောင်ပါ။ ငွေကြေး ရင်းနှီးမြုပ်နှံမှုတွေမှားတတ်ပါတယ်။ ကံကြမ္မာကမိမိကိုမျက်နှာ သာမပေးတာမျိုးကြုံရတတ်ပါတယ်။ သည်းခံစိတ် ရှည်ဖို့ လိုအပ်နေတဲ့နေ့ရက်ပါပဲ။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်သစ်ရှာနေသူများအလုပ်ကောင်းတွေရလာတတ်ပါတယ်။ ကံကောင်းခြင်းတွေကိုအထူးတွေ့ရကြုံနိုင်တဲ့ နေ့ ရက် ပါပဲ။ ဒါကြောင့်ပဲ ထီကံစမ်းတာမျိုးတွေလုပ်သင့်သလို၊ အဓိဋ္ဌာန်တွေစတင် ဝင်ရောက်မယ်ဆိုလဲ လွယ်ကူပြီး မြောက်ပါ လိမ့်မယ်။ မိမိလိုချင်တာလေးတွေဝယ်ယူနိုင်ပါ လိမ့်မယ်။ မိမိစိတ်ကူး ထားသမျှအရာထင်အဆင်ပြေပါ လိမ့်မယ်။ အချစ်ရေးနဲ့ပတ်သက်သောကိစ္စတွေအထူး ကောင်းပါတယ်။ မိမိဖြစ်ချင် တာတွေကိုဖြစ်အောင်လုပ်သွား နိုင်ပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အထူးစိတ် ချမ်းသာရပါလိမ့်မယ်။ ချစ်သူဆီကမိမိ လိုချင်တဲ့အဖြေရ ပါလိမ့်မယ်။

ကြာသပတေး

မိမိကုသိုလ်ကံတောက်ပြောင်နေတတ်ပါတယ်။ စီးပွား ရေးပိုမိုတည့်မတ်ကောင်းမွန်လာပြီး အဆင်ပြေမှုတွေကိုကြုံရ တတ် ပါတယ်။ ကုန်ထုတ်လုပ်ငန်းများ သတ်မှတ်ထား သည်ထက်ပိုမိုထုတ်လုပ်နိုင်လိမ့်မယ်။ ဖောက်သည်များနှင့် ဆက်ဆံရေး ပိုမိုခိုင်မာမယ့်နေ့ရက်ပဲဖြစ်ပါတယ်။ ဝန်ထမ်း များမိမိအလုပ်တွေကို ပိုမိုအာရုံစိုက်လိုက်တာက မိမိ အတွက် အကျိုးရှိလာ ပါလိမ့်မယ်။ ဥစ္စာဓနကံကောင်းမွန်နေပါ ပြီ။ ငွေဝင်လမ်းကြောင်းနှင့်ထီပေါက်ကံ အားသာချက် ရှိနေတဲ့နေ့ရက်ဖြစ်တာကြောင့် ထီထိုးဖို့လဲတိုက်တွန်းအပ်ပါ တယ်။ဉာဏ်အမြော်အမြင်ကြီးသူတွေကတော့ ပိုမိုအောင် မြင်တတ်ပါတယ်။

သောကြာ

ကတိမတည်တဲ့သူတွေကြောင့် စိတ်ဆင်းရဲရတတ်ပါ တယ်။ ဒါကြောင့် ဘယ်သူစကားကိုမှမယုံသင့်တဲ့နေ့ရက်ပါပဲ။ အလုပ်အကိုင်တွေမှာ စွန့်ဦးတီ ထွင်လုပ်ချင်တာရှိ ရင်စတင်လို့အထူးကောင်းပါတယ်။ သူများတွေကိုမတိုင်ပင်ပါနဲ့။ အဖျက်ဝင်တတ်ပါတယ်။ လုပ်စရာအလုပ်တွေပုံနေ တတ်ပါတယ်။ ဒါကြောင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းများအချိန်ပိုဆင်းရသည်ထိ အလုပ်များနေနိုင်ပါတယ်။ အလုပ်တွေကတော့လုပ်ပေးထားပြီး ငွေကြန့်ကြာတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး အတွင်းရေးတွေပေါက်ကြားတာမျိုးတွေ ဖြစ် တတ်ပါတယ်။

စနေ

စိတ်ထဲလိုချင်နေတဲ့အရာတွေကို လက်တွေ့ရလာတတ်ပါ တယ်။  လက်ကားစီးပွားများပိုမိုအောင်မြင်တတ်ပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်ပြီးတော့လဲ အကောင်းများပါ တယ်။ရပ်ဝေးသွားပြီးစီးပွားရှာသူများ အကျိုးအမြတ် ကြီးပါလိမ့်မယ်။ စကား တည်သူတွေ၊ သစ္စာရှိသူတွေအတွက် အခွင့်အလမ်းတွေပိုလာရတတ်ပါတယ်။ ငွေကြေးကံ ကတော့ အလွန်မှကောင်းပါတယ်။ ထီကံစမ်းလို့လဲသင့်ပါ တယ်။ပညာတစ်ခုစသင်မယ်ဆိုရင်လဲ ဒီနေ့ကသင့်တော် ပါတယ်။ ဆရာသမားတွေဆီက မေးမြန်းအကြံယူလို့ ကောင်းပါလိမ့်မယ်။ ပိတ်ဆို့နေတဲ့ကံအခွင့်အလမ်း တွေသေချာ ပေါက် ပွင့်လာပါလိမ့်မယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

28.October.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၅)ရက်၊ သောကြာနေ့ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရပ် မြောက်ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

တီထိမြေခံ အရ မနက် ၁၁း၃၀မိနစ်ထိ မြေခံကောင်းတာဖြစ်တဲ့အတွက် အိုးအိမ်တိုက်တာ၊အဆောက်အဦးတွေကို စတင်ဆောက်လုပ်၊တိုင်ထူ၊ပန္နက်ရိုက်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ထိုအချိန်ကျော်သွားပါကတနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန် ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါ တယ်။

ဒီနေ့ဟာ ရှမ်းရက် ကျရောက်နေတာြဖစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မနက် ၁၁း၃၀ကျော်ရင် လဆန်းတီထိ ၄လုံးကိုကူးပြောင်းပြီးတော့ ဆင်းရဲခြင်းကိုဖြစ်စေ နိုင်တဲ့ ရိတ္တာတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ဒီနေ့ဟာတီထိအရတော့ အနိဋ္ဌသဘောကိုဆောင်တဲ့တီထိလဲ ဖြစ်ပါ တယ်။ အိုးအိမ်ချဲ့ထွင်ခြင်း၊ အိမ်ခန်းဖွဲ့ခြင်း၊အဖီးချခြင်းများဆောင်ရွက်လို့ကောင်းပါတယ်။ လှောင်ကုန်များ ပြန် လည် ရောင်းချနိုင်ပါလိမ့်မယ်။ ကုန်သွယ်ရေးကိစ္စများဆောင်ရွက်လို့အထူးအဆင်ပြေပါလိမ့်မယ်။ ငွေကြေး အပေး အယူ ကြောင့်ဖြစ်လာတဲ့ ပြဿနာတွေရှိခဲ့ရင်တော့ ဒီနေ့မှာ ကောင်းစွာဖြေရှင်းပြီး ပြေလည်မှုရပါလိမ့်မယ်။

ခဲယမ်းမီးကျောက်ထုတ်လုပ်ခြင်း၊ ဓားလှံလက်နက်ပြုလုပ်ခြင်းတွေ၊ အရက်သေစာထုတ်လုပ်ဖြန့်ချီခြင်းတွေ ဆောင် ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ရန်သူစခန်းအားသိမ်းပိုက်ခြင်း၊တရားခံအားဖမ်းဆီးခြင်းများဆောင်ရွက်နိုင်တဲ့နေ့ ရက် ပါပဲ။ အခက်အခဲအကြပ် အတည်းတွေကြားကနေလဲ လွတ်မြောက်အောက်စွမ်းဆောင်နိုင်မဲ့နေ့ရက်ပါပဲ။ သတ္ထုထုတ် လုပ်ရေး လုပ်ငန်း များ မိုင်းခွဲခြင်းတွေ အထူးဆောင်ရွက်နိုင်ပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီး ရဖို့ကြန့်ကြာနေတဲ့ ကိစ္စတွေ၊အကြွေးရစရာရှိတာတွေကို ဒီနေ့မှာပြန်တောင်းခံလို့အထူး ကောင်းပါတယ်။ အထားမှားပြီး ပျောက်ဆုံးနေတဲ့ ပစ္စည်းများ ပြန်ရှာတွေ့တတ်ပါတယ်။ အနုစိပ်အသေး စိပ် လုပ်ကိုင်ရသောအလုပ်များ အထူးအဆင်ပြေပါတယ်။ ဖုန်းပြင်တာ၊ ကွန်ပြုတာပြင်တာ၊ စတဲ့အလုပ်တွေကို ဆို လိုတာပါ။

အိမ်ပြောင်းနေရာပြောင်း၊ အလုပ်ရုံးခန်းပြောင်းရွှေ့ခြင်းများ အထူးကောင်းပါတယ်။ အိမ်အသစ်စတင်နေထိုင်ခြင်း၊ အိမ်တတ်ကျင်းပခြင်းတွေလဲ အထူးကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရောဂါဝေဒနာတွေကို အရှင်း ပျောက်မဲ့နေ့မျိုးပါပဲ။ ဆရာကောင်းသမားကောင်းနဲ့ တွေ့ရတတ်ပါတယ်။အရောင်းအဝယ်ပဲပတ်သက်သော စာချုပ် မှန်သမျှချုပ်ဆိုလို့ အလွန်ပဲကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး မည်သည့်အလုပ်ကိုမဆိုရဲရဲ တင်းတင်း ပြောဆိုလုပ်ကိုင်မှပဲအဆင်ပြေပါလိမ့်မယ်။

ဒီနေ့ဟာ ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၈း၅၇)နာရီမှ (၁၉း၄၉)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  ဗြိစ္ဆာစန်း၊  တူရာသီဖွားဖြစ်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀း၂၂) နာရီမှ နေ့လယ်(၁၁း၄၉)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ စနေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂ‌နွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ  ရွှေရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။       

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့Marker pen ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်တီ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ကံကြမ္မာက လမ်းကြမ်းမှာဖိနပ်မပါဘဲလမ်းလျှောက်ရသလိုပါပဲ။ မြေပြင်ကြမ်းခင်းမှာ ငုတ်တွေရှိနေမလား၊ ပုလင်း ကွဲတွေရှိနေမလား မသိလို့ စမ်းလျှောက်နေသလို စမ်းတဝါးဝါးဖြစ်နေမဲ့ နေ့ရက်ပါပဲ။ သေးမွှားသော အမှားတွေ ကနေ ကြီးမားသောပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ကိုဒုက္ခများ အောင်လုပ်မဲ့သူတွေနဲ့ကြုံရတတ်ပါ တယ်။ ဝန်ထမ်းများ၊ လခစားများ စွမ်းစွမ်းတမံ စွမ်းဆောင်နိုင်မှသာ နေရာရမဲ့ နေ့ရက်ပါပဲ။ဥစ္စာဓနကံက အားရ စရာမရှိတဲ့နေ့ရက်ပါပဲ။ လာဘ်ပိတ်နေတတ်ပါတယ်။ သင့်ရဲချစ်သူနဲ့ သင့်မြတ် အောင်နေထိုင်ပါ။ ချစ်သူနဲ့ စကားအကြီး အကျယ်များတတ်ပါတယ်။

တနင်္လာ

ဒီနေ့ကတော့ခရောင်းလမ်းကိုဖြတ်သန်းရမဲ့နေ့ရက်လဲဖြစ်ပါတယ်။  တတ်နိုင်သမျှမည်သည့်ရင်းနှီးမြုပ်နှံမှုကိုမှ ဒီနေ့ မှာမစသင့် ပါဘူး။ ပေါ်ပင်အလုပ်တွေလုပ်မိရင်လဲ မှန်းချက်နဲ့ နှမ်း ထွက်မကိုက်သလိုဖြစ်ရတတ်ပါတယ်။ ကြိုးစားရမယ်။ ဇွဲရှိရမယ်။သည်းခံရမယ်။ဒါမှပဲအဆင်ပြေပါလိမ့်မယ်။ ဘယ် သူကိုမှယုံကြည်မှုမလွန်ကဲပါစေနဲ့။ မျက်မြင်မဟုတ်ဘဲ မည်သည့်ကိစ္စကိုမှမယုံသင့်ပါဘူး။ ကျန်းမာရေးကတော့ဆီး မျက်စိနဲ့ပတ်သက်ပြီးအားနည်း တတ်ပါတယ်။ မီးပြင်ခြင်း၊ လျှပ်စစ်ကိုင်တွယ်ခြင်းများသတိနဲ့ဆောင်ရွက်ပါလို့မှာ ချင်ပါတယ်။ ပညာရှာနေသူများ ပညာရေးအပေါ်စိတ်နှစ်လို့မရနိုင် ဖြစ်ရတတ်ပါတယ်။

အင်္ဂါ

          မိမိဖြစ်ချင်တာတွေကိုလဲဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ ကုသိုလ်ကံအင်အားကောင်းနေတတ်ပါတယ်။ အေးချမ်း တည်ငြိမ် သောဘဝနေထိုင်မှုတွေကိုလဲ ရနိုင်သလို၊မှန်ကန် သောအတွေးအမြင်တွေကိုလဲ ရလာတတ်ပါ တယ်။အခြားသူတွေနဲ့ ဆက်ဆံရေးပိုကောင်းအောင်စွမ်းဆောင်နိုင်ပါ လိမ့်မယ်။ ဒါကြောင့်မိတ်ဆွေတိုးမဲ့နေ့ရက်လဲ ဖြစ်ပါတယ်။ အသုံးအစွဲကျစ်လစ် သူတွေအတွက် ငွေစတင်စုဆောင်း နိုင်ပါလိမ့်မယ်။ အလုပ်ခွင်အတွင်းနေရာရ လာတတ်ပါတယ်။ မိမိသြဇာညောင်းမဲ့နေ့ရက်မျိုး လဲဖြစ်ပါတယ်။ မိမိဝယ် ချင်တဲ့စက်ပစ္စည်းတွေ၊ဖုန်းတွေ၊ ကွန်ပျူတာတွေဝယ်ချင်တယ်ဆိုရင်ဒီနေ့ဝယ်စေချင်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

         အလုပ်ခွင်အတွင်းလူချစ်လူခင်များနိုင်ပါတယ်။ မိမိဆိုင် လဲအရောင်းအဝယ်တိုးလာတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ ဆီကအကြံဉာဏ်ကောင်းတွေရလာတတ်ပါ တယ်။ အလှူကိစ္စများ၊ ပရဟိတကိစ္စများလဲ ကြုံရတတ်ပါတယ်။ အကျိုးအမြတ်ကြီးမဲ့နေ့ဆိုပေမဲ့ စိတ်ကြီးဝင်ပြီး ဘဝင်မြင့်နေရင်အဆင်ပြေမည်မဟုတ်ပါ။ ပင်မဝင်ငွေလမ်းကြောင်းအပြင် အခြားချဲ့ထားတဲ့အလုပ်တွေကနေငွေ တွေဝင်လာတတ်ပါတယ်။ လောင်းကစားနှင့် လောဘဇောတိုက်ပြီး စီးပွားရှာငွေရှာ ခြင်းမျိုးကိုတော့ရှောင်လိုက်စေ ချင်ပါတယ်။ ကျန်းမာရေးအညံ့နည်းပါတယ်။ အိမ်ထောင်ဘက်ရဲ့ငြိုငြင်ခြင်းကိုတော့ ခံရတတ်ပါတယ်။

ကြာသပတေး

              မုန်တိုင်းထန်နေတဲ့ကာလပါပဲ။စီးပွားရေးလုပ်ငန်းများအ အနှောက်အယှက်ကြုံရတတ်ပါတယ်။ အလုပ် ကိုခဏနားထားပြီးတော့ အပန်းဖြေအနားယူတာမျိုးကိုအလေးပေး ဆောင်ရွက်စေချင်ပါတယ်။ ကျန်းမာရေး ကတော့ ဒီနေ့အတွက်အားနည်းချက်များတာ မျိုးတွေကြုံရတတ်ပါတယ်။ အထူးသဖြင့်အရက်ရှောင်ပါ။ ကူးစက် ရောဂါဖြစ်တတ်၍ နာမကျန်းသူနဲ့ကင်းကင်းနေလိုက်ပါ။ လူငယ်တွေဆို အကျိုးရှိတဲ့ကိစ္စတွေကိုပဲဦးစားပေး လိုက်ပါ။ လူမှုရေးနယ်ပယ်မှာလူသိများအောင်လုပ်စေချင်ပါတယ်။ အချစ်ရေးမှာ စန်းအားကောင်းနေ တဲ့နေ့ရက် လို့မြင်ပါတယ်ဗျ။ ဝန်ထမ်းများအလုပ်တာဝန်တွေပိုလာမဲ့နေ့ပါပဲ။

သောကြာ

             စပ်တူအလုပ်များ၊ဖက်စပ်ရှယ်ယာအလုပ်များစတင်လို့ မကောင်းသေးပါဘူး။ လူငယ်များ မိခင်ရဲ့ ကန့်ကွက် မှုကြောင့် ဖြစ်ချင်တာတွေလုပ်ခွင့်မရတာမျိုးတွေကြုံရ တတ်ပါ တယ်။ အပျော်အပါးလောင်းကစား ရှောင်ပါ။ လောင်းကစား လုပ်မိရင်ငွေအစုလိုက်ကုန်သွားပါလိမ့်မယ်။ ဘာလုပ် လုပ်မလောပါနဲ့။ အလျင်လိုလေ အနှေးဖြစ်ရလေပါပဲ။ မိမိရဲ့ အပြောအဆို ကြောင့်အောက်လက်ငယ်သားတွေရဲ့ အထင်လွဲတာခံရတတ်ပါတယ်။ ကျန်းမာရေးကိုတော့ စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ထိခိုက်ရှနာ၊သွေးထွက်သံယို ဖြစ်လွယ်ပါတယ်။ လျှပ်စစ်ကိုင် တွယ်ခြင်းများသတိနဲ့ ကိုင်တွယ်လုပ်ကိုင်ပါ။

စနေ

          အသင်းအဖွဲ့များတွေနေရာပေးခံရတတ်ပါတယ်။ အိမ် ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။ မိသားစု အဆင်မပြေတာတွေရှိရင်လဲ ညှိနှိုင်းဆောင်ရွက် နိုင်ပါလိမ့် မယ်။လူမျိုးခြား၊ဘာသာခြားတွေဆီက အကူ အညီကောင်းတွေ ရလာပါလိမ့်မယ်။ ကံကောင်းခြင်းတွေ၊ အဆင်ပြေခြင်းတွေကြုံရပါလိမ့်မယ်။ အလုပ်အကိုင်တွေ အဆင် ပြေမယ်။ အလုပ်အော်ဒါတွေရလိမ့်မယ်။ အလုပ် ကြီးကြီးမားမားတွေလက်ခံရရှိတတ်ပါတယ်။ မိမိရင်းနှီး မြုပ်နှံထားတဲ့ ကုန်ပစ္စည်းတွေ ကနေဈေးကောင်းရလာ တတ်ပါတယ်။ အလှူအတန်းနဲ့ပတ်သက်ပြီး တော့လဲမိမိ လှူချင် တာကိုလှူရတန်းရတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695