loading

Author: Nyein Aye Lu

23.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ည၇နာရီအထိက အောင်မြင်ခြင်းတွေ စွမ်းအားတွေကိုပေးတဲ့ ဇယျတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီလိုနေ့ရက်မှာတော့ ကုန်ပစ္စည်းအသစ်များစတင်ဖြန်ချီနိုင်သည်။ အများသိစေ လိုတဲ့သတင်းစကားကိုဖြစ်စေ စတင်ဖြန့်ချီလို့အထူးကောင်းပါတယ်။ရပ်တန့်ထားတဲ့လုပ်ငန်းများကိုလဲပြန်လည်စ တင်သင့်ပါတယ်။ နံနက် ၇◌း၃၀ မှ ၉း၀၀ကြား။ နေ့ ၁း၃၀မှ ၃း၀၀ကြားကာလများတွင် ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို လက်တွေ့အသုံးချပြီးအောင်မြင်မှုတွေကိုဖြစ်စေပါတယ်။

ကုန်ပစ္စည်းသိုလှောင်ခြင်းတွေ၊ ငွေကြေးချေးငှားခြင်းတွေကိုလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ဖုန်းနှင့်ဆက်စပ် ပစ္စည်းလုပ်ငန်းများအထူးကောင်းပါတယ်။မိမိအာမခံထားချင်တဲ့အရာတွေကိုစတင်အာမခံထားလို့အလွန်မှကောာင်းတဲ့နေ့ရက်ပဲဖြစ်ပါတယ်။ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းခြင်းတွေ၊ လှောင်ထားခြင်းတွေ၊ အထူးကောင်းပါတယ်။

ဆိုင်သစ်စဖွင့်တာ၊ဆိုင်းဘုတ်သစ်တင်တာ၊ အလုပ်သစ်စလုပ်တာ၊ အိမ်အသစ်မှာ စတင်နေထိုင်တာ၊ အိမ်၊ကျောင်း တွေကိုစတင်ဆောက်လုပ်တာ၊ကုမ္ပဏီအသစ်၊ဈေးအသစ်စတင်ဖွင့် လှစ်တာမျိုးတွေအထူး ကောင်းပါတယ်။

နိုင်ငံခြားဘာသာစကားတစ်ခုခုကို စတင်သင်ကြားခြင်းမျိုးဒီနေ့မှာစတင်ခြင်းဖြင့် ဆုံးခန်းတိုင်အောင်တတ်မြောက်ပါ လိမ့်မယ်။ မိဘဘိုးဘွား အကြီးအကဲတွေကို အထူးဂါရဝပြုတာ၊ကန်တော့တာမျိုးတွေလဲ အထူးပဲဆောင်ရွက်စေ ချင်ပါတယ်။

ကြော်ငြာလုပ်ငန်းများအတွက် ဆောင်ရွက်ရန်အထူးကောင်းပါတယ်။ Online ကနေကြော်ငြာတာပဲဖြစ်ဖြစ်၊ media ကနေကြော်ငြာတာပဲဖြစ်ဖြစ် ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ဒီနေ့မှာမြေသန့်မင်္ဂလာပြုလုပ်ခြင်းတွေ၊ အုတ်မြစ်ချခြင်း၊တိုင်ထူခြင်းတွေကိုအထူးဆောင်ရွက်နိုင်ပါတယ်။ ဘုရားနေကဇာတင်ခြင်း၊ အိမ်တတ်ပြုလုပ်ခြင်း တွေကိုလဲ ဒီနေ့မှာအထူးဆောင်ရွက်လို့သင့်ပါတယ်။

ဒီနေ့ဟာ ဒီနေ့ဟာ ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၉း၁၇)နာရီမှ (၂၀း၀၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  ကန်စန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများအများနဲ့ပတ် သက်ဆက်နွယ်သောအလုပ်များ၊လူအများနဲ့ဆက်ဆံလုပ်ကိုင်ရသောအလုပ်များနဲ့အကျိုးပေးတယ်။ နိုင်ငံရပ်ခြားက နေဘွဲ့ထူးဆုထူးရမဲ့ကံဇာတာရှိနိုင်တာလဲတွေ့ရတယ်။ နိုင်ငံခြားဘာသာစကားကျွမ်းကျင်လွန်းတာမျိုးတွေလဲ ဒီလိုဇာတာမျိုးမှာတွေ့ရလေ့ရှိတယ်။ ကျန်းမာရေးကတော့ အအေးပတ်လွယ်တဲ့သူဖြစ်တာကိုတွေ့ရပါတယ်။ ရေလမ်းခရီးလဲသတိထားသင့်တဲ့ဖွားဇာတာမျိုးဖြစ်ပါတယ်။ အင်အားကြီးသူတစ်ဦးဦးရဲ့အထောက်အပံ့တွေကိုလဲ ရလွယ်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်ဘဝအခက်အခဲကြုံလာတိုင်း အကူအညီပေးမဲ့နောက်ခံဘက်ဂရောင်းကြီးကြီးရှိနေတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၁၂) နာရီမှ ညနေ(၅း၃၉)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာရောင်တောက်တောက် နှင့် အစိမ်းရောင်ရင့်ရင့်များများပါသော အဝတ်အစား၊ အသုံးအဆောင် ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစား နိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကြက်ကြော်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဧလမုန့် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မီးပင်လယ်ကိုဖြတ်ကူးရတဲ့နေ့ရက်လို့တင်စားချင်ပါတယ်။ ရုန်းကန်နေမှအဆင်ပြေမဲ့သဘောပါ။ ပျင်းနေသူတွေ အတွက် နေရာမရှိပါဘူး။ ဘဝပုစ္ဆာများလဲအဖြေညှိရပါလိမ့် မယ်။ဘဝခရီးအတွက် တိကျပြတ်သားသော ဆုံးဖြတ် ချက်များရရန် ခက်ခဲနေပါလိမ့်မယ်။လုပ်ငန်းခွင်အတွင်း အမျက်ထွက်စရာကိစ္စများလဲပေါ်လာတတ်ပါတယ်။ သတိနဲ့ ယှဉ်ပြီးဒေါသကို ထိန်းသိမ်းလိုက်ပါ။ လူမျိုးခြား၊တစိမ်း တွေနဲ့ဆက်စပ်လုပ်ကိုင်ရသူများ အမှားအယွင်းနည်းအောင် လုပ်ပါ။ပြဿနာဟောင်း၊ရန်ကြွေးဟောင်းတွေပြန်ပေါ် လာတတ်ပါတယ်။ ကျန်းမာရေးမှာတော့အညံ့အဆိုးနည်း နေ တတ်ပါတယ်။

တနင်္လာ

နိုးနိုးကြားကြားဖြင့် ဘဝခရီးကိုချီတတ်သင့်တဲ့နေ့ရက်လဲဖြစ် ပါတယ်။ ပြတ်ပြတ်သားသား လုပ်ဆောင်မှသာ အောင်မြင်ပါလိမ့်မယ်။ အားနာတတ်သူတွေကတော့ ကောင်း ကောင်းကြီးဒုက္ခရောက်ရတတ်ပါတယ်။ ဆင်ခြင်တုံ တရား ရှိပါစေ။ စေတနာကောင်း စိတ်ကောင်းနဲ့ လုပ်ကိုင်ပေး သူတွေကတော့ ဒီနေ့မှာစေတနာရောင်ပြန်ဟပ်ပါ လိမ့်မယ်။ ဝင်ငွေကောင်းလာပါလိမ့်မယ်။ လုပ်ငန်းခွင်မှာလဲ နှစ်ထပ်ကွမ်းအောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လူ အနည်းငယ်ပင်ပန်းမှုတွေ ကိုတော့ ကြုံရတတ်ပါတယ်။ စိတ်ဖိ ဆီးမှုကိုလျှော့ချလိုက်ပါ။ ကျန်းမာရေးကတော့ စိတ်ချမ်းသာ အောင်နေလေကျန်းမာလေပါပဲ။

အင်္ဂါ

ဘာနယ်ပယ်မှာမဆို ယှဉ်ပြိုင်အနိုင်ရသောနေ့ရက်ဖြစ် ပါလိမ့်မယ်။တီထွင်ဆန်းသစ်အောင်ကြိုးစားနိုင်မှုကြောင့် နာမည်ဂုဏ် သတင်းကြီးပါလိမ့်မယ်။ သိက္ခာရှိသူတွေက  တော့အသိုင်းအဝိုင်းနယ်ပယ်ကိုချဲ့ထွင်နိုင်ပါလိမ့်မယ်။ ကံကောင်းခြင်းတွေ ကြောင့်ပဲ မိမိကိုအဆင်ပြေမှုလမ်း ကြောင်းကိုတွန်းပို့ပါလိမ့်မယ်။ ပျင်းရိမှု၊တွေဝေမှု၊ချီတုံချတုံ ဖြစ်နေ မှုတွေကို ကောင်းစွာလျှော့ချနိုင်ပါလိမ့်မယ်။ အပျော်အပါးကိစ္စတွေကို မလုပ်ဘဲ နေရင်ကံပိုမိုကောင်း တတ်ပါတယ်။သီလရှိအောင်နေပါ။ဒါနတရားတွေနဲ့ ကောင်းစွာရှင်သန်ပါ။ ကျန်းမာရေးကတော့ အရက်နှင့်ဆေးလိပ် တတ်နိုင်သမျှရှောင်လိုက်ပါ။

ဗုဒ္ဓဟူး၊ရာဟု

စိတ်ချမ်းသာစရာတွေများပါလိမ့်မယ်။ ရည်မှန်းချက်များကို ကောင်းစွာစူးစူးစိုက်စိုက် လုပ်ဆောင်နေသောနေ့ရက် တစ်ခုဖြစ်ပါလိမ့်မယ်။ အကြံကောင်းတစ်ချက်ကြောင့်အောင် မြင်ကြီးပွားသွားနိုင်ပါလိမ့်မယ်။ပခုံးချင်း ယှဉ်လာသူ တွေကို ကောင်းစွာအနိုင်ရပါလိမ့်မယ်။ အပြောနှင့်အလုပ်ညီမျှ အောင်နေတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေ၊ မိသား စုတွေရဲ့ ယုံကြည်လေးစားခြင်းကိုခံယူပါလိမ့်မယ်။ စိတ်ကူးစိတ် ကူးစိတ်သန်းအချို့ကိုလက်တွေ့အကောင် အထည် ဖော်ခွင့် ရရှိပါလိမ့်မယ်။ အချစ်ရေးအထူးကောင်းမည်။ ချစ်သူနဲ့ ပြန်ပြေလည်မည်။ ကျန်းမာရေးကတော့ အိပ်ရေး ၀၀ အိပ်တာက ကျန်းမာဖို့အထောက်အကူပြုပါ။

ကြာသပတေး

စိတ်ပင်ပန်းစရာ၊လူပင်ပန်းစရာလေးတွေကြုံနေရတတ် ပါတယ်။ခရီးသွားလာရာမှာအနှောက်အယှက် ကြုံရတတ် ပါ တယ်။ ရွှေငွေ၊လက်ဝတ်ရတနာများဝယ်ယူလို့ကောင်းတဲ့ နေ့ရက်လဲဖြစ်ပါတယ်။အသောက်အစားများပြီးတော့ ကျန်းမာရေးညံ့သွားတဲ့ အတွက်ဆင်ခြင်ပါလို့မှာချင်ပါတယ်။ ပညာသင်ကြားနေသူများ ပညာရေးအတွက် အဆက် အသွယ် ကောင်းတွေ ရလာတတ် ပါတယ်။ လုပ်ငန်းရှင်များ မိမိ အလုပ်ရဲ့ဖွဲ့စည်းပုံကိုပြန်လည်တည်ဆောက်ယူရပါ လိမ့်မယ်။ ငွေကံကတော့ကောင်း နေချိန်ဖြစ်တာကြောင့် ငွေ အဝင်များနေတတ်ပါတယ်။ ဘာသာရေးကိစ္စ၊အလှူ ကိစ္စ တွေလဲကြုံရတတ်ပါတယ်။

သောကြာ

အလုပ်ကိစ္စများအဆင်ပြေသော်လည်း မိသား စု၊ညီအကိုမောင်နှတွေနဲ့ ပြဿနာကြုံရတတ်ပါတယ်။ထီကံစမ်းသင့် သော နေ့ရက်ဖြစ်ပြီး ခရီးကိစ္စကြောင့်ဒေသသစ် ၊နေရာသစ်ရောက်နေရင် ထီထိုးဖြစ်အောင်ထိုးလိုက်ပါ။ စီးပွား ရေးကိစ္စ များတွင်မိမိစကားအောင်တတ်ပါတယ်။ အိမ် ခြံမြေ ဝယ်ခြင်းရောင်းခြင်းတွေအထူးကောင်းပါ လိမ့် မယ်။အိမ်ထောင်ရှင်များ ငွေကြေးကိစ္စများနဲ့ပတ်သက်ပြီးလင် မယားချင်းစိတ်ဝမ်းကွဲရတတ်ပါတယ်။ ဆုံးဖြတ်ချက် တစ်ခု ချမယ် ဆိုရင်တော့ အမိအဖ လူကြီးတွေကိုတိုင်ပင်ပြီးလုပ် တာပိုကောင်းပါတယ်။ ကျန်းမာရေးအညံ့ အဆိုး ကင်းမည်။ ချစ်သူအတွက်ပူပန်ရတတ်ပါတယ်။

စနေ

ကြားလိုသောသတင်းစကားကြားရတတ်ပါတယ်။အပြောင်းအလဲများကြားကနေဘဝတိုးတတ်မှုလမ်းကိုတွေ့ရ မည်။ မိမိ ကိုယ်တိုင်က ဒီနေ့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတွေကို အလွန်စိတ်ဝင်စားနေတတ်ပါတယ်။ မီးခဲပြာဖုံး ဖြစ်နေတဲ့ မိမိရဲ့အစွမ်းအစတွေကိုထုတ်ဖော်ခွင့်ရမဲ့နေ့လဲ ဖြစ်ပါတယ်။အတိတ်ကကြိုးစားခဲ့တဲ့ ကိစ္စတွေကဒီနေ့မှာ အခွင့်အလမ်း အဖြစ်မိမိဆီရောက်လာတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲကောင်းစွာ တိုးတတ်မှုတွေမြင် ရပါလိမ့်မယ်။ ကျန်းမာရေး ကတော့အညံ့အဆိုးတွေကို ကောင်းစွာမောင်းထုတ်နိုင်ပါလိမ့်မယ်။ အနာနဲ့ဆေးတွေ့ ပြီး ကျန်းမာသွားပါလိမ့်မယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

22.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၁၃)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဝက် မြေခံဖြစ်၍ ဘေးသင့်ခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက် အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ တီထိအရတော့  ည၇နာရီအထိက ကံကောင်းခြင်းတွေကိုပေးတဲ့ ဘဒြာတီထိကျရောက်တဲ့ နေ့ရက် ပဲဖြစ်ပါတယ်။ဒီလိုနေ့ရက်တွေမှာတော့ အခွင့်အရေးနှစ်ခုပေါ်လာတတ်ပါတယ်။ တစ်ခုထက်မကသော အလုပ်တွေ လုပ်နေရတတ်ပါတယ်။ အစိုးရနှင့် ဆိုင်သော ဆက်စပ်ကိစ္စတွေကိုအထူးရှောင်ပါ။ လမ်းသွားလာစဉ် လာရောက် အလှူခံသူကို တတ်အားသမျှလှူဒါန်းလိုက်ပါ။ အဝတ်အထည်အသစ်များ၊ လက်ဝတ်ရတနာအသစ်များ ဝတ်ဆင်ရန် မသင့်ပေ။ လာဘ်ပိတ်သွားနိုင်လို့ပါ။

မြေသန့်မင်္ဂလာပြုလုပ်ခြင်းတွေ၊ အိမ်တတ်လုပ်ခြင်းတွေ၊ ဂါထာမန္တန်တွေကို သိဒ္ဓိတင်ခြင်းတွေ၊ အရေးကြီးသော ခွဲ စိပ်ကုသမှုများပြုလုပ်ခြင်းတွေကို အထူးပဲဆောင်ရွက်နိုင်ပါတယ်။ယာဉ်ကားများရောင်းဝယ်ခြင်းတွေ၊ ရုပ်သံလိုင်း အသစ်များဒီနေ့မှာစတင်တိုးချဲ့ခြင်းတွေ၊အလှကုန်ပစ္စည်းများကိုစတင်အရောင်းမြှင့်တင်ခြင်းတွေဆောင်ရွက်လို့ ကောင်းတဲ့နေ့လဲဖြစ်ပါတယ်။

အပေါင်းအသင်းတွေရဲ့အလိုကိုမလိုက်သင့်တဲ့နေ့မျိုးပါ။ အပျော်လွန်ရင်အလွန်ဒုက္ခများရတတ်ပါတယ်။ မိန်းကလေး များ ချစ်သူနဲ့ ဆိတ်ကွယ်ရာမနေပါနဲ့။ အချစ်နယ်ကျွံတာမျိုးတွေဖြစ်တတ်ပါတယ်။ အရောင်းအဝယ်ကိစ္စများနဲ့ ပတ်သက်ပြီးတော့ စာချုပ်ချုပ်ဆိုခြင်းများဆောင်ရွက်လို့အထူးကောာင်းတဲ့နေ့မျိုးပါပဲ။

အိမ်၊ခြံမြေကစလို့ ရောင်းချလိုသောပစ္စည်းတွေရှိရင်တော့ ဒီနေ့မှာရောင်းချလို့အလွန်ပဲကောင်းပါတယ်။ထီကံစမ်း လိုက်တာမျိုးတွေဆောင်ရွက်သင့်ပါတယ်။ ကျောက်မျက်ရတနာများဝယ်ယူမယ်ဆိုရင်လဲ ဒီနေ့ကအထူးကောင်းပါ တယ်။

ဒီနေ့ဟာ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉း၂၁)နာရီမှ ည(၂၀း၁၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  သိဟ်စန်း၊  ည၈နာရီကျော်ရင် စန်းကကန်ရာသီပြောင်းသည်။ တူရာသီ ဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်ဟာ မိန်းကလေးဖြစ်မယ်ဆိုရင်တော့ အိမ်ထောင်ရေးကိုဂရုစိုက် ပေးဖို့လို ပါတယ်။  အိမ်ထောင်ဘက်ကောင်းရဖို့ခဲယဉ်းတာမို့ပါ။ ငွေကြေးစုဆောင်းရလွယ်ကူတတ်ပြီး ချွေတာလွန်း တာ ကြောင့် ပဲ ကပ်စေးနည်းသူအဖြစ်အပြောခံရတတ်တဲ့ဇာတာမျိုးလဲဖြစ်ပါတယ်။ အလုပ်ကောင်း၊နေရာကောင်း၊ အိုးကောင်း၊အိမ်ကောင်းနဲ့ နေရတတ်တဲ့ဖွားဇာတာရှင်ဖြစ်တာကိုတွေ့ရပါတယ်။ လေးလေးမှန်မှန်သာ ရှေ့ဆက်မှာ အောင်မြင်မှာဖြစ်တယ်။ အရာရာကိုလောကြီးလေ အမှားများလေဖြစ်တတ်ပါတယ်။ ပညာရေးမှာလဲ အတွက် အချက်ပိုင်းအားနည်းတာမို့ မိဘတွေကဂရုစိုက်ပေးဖို့လိုကြောင်း တင်ပြအပ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက် (၈း၅၅) နာရီမှ နံနက်(၁၀း၂၂)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အညိုနုရောင် နှင့် အပြာရောင်တောက်တောက် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါ လိမ့်မည်။           

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊၁) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ လစ်ပိုတစ်ပုလင်း သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငချိပ်ပေါင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အလှအပနှင့်ဆိုင်သောအလုပ်များ၊ အနုပညာအလုပ်များ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ဇာတာစန်းလဂ် တတ်နေ ချိန်မို့ အရာရာအဆင်ပြေမည်။ သူများထက်နှာတစ်ဖျား သာအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ပြိုင်ဘက်တွေ ကတောင်အထင်ကြီး လေးစားခြင်းခံရတတ်ပါတယ်။ထူးခြား သောကံအလှည့်အပြောင်းကြုံရတတ်ပါ။ ငွေကြေးနဲ့ ပတ်သက်ပြီး အဘက်ဘက်က ဝင်လာတတ်ပါတယ်။ ကျန်းမာ ရေးကတော့ ရောဂါသေးသည်ဟူ၍ မပေါ့ဆသင့်ပါ။ နေမထိထိုင်မသာဖြစ်တာနဲ့ ဆေးခန်းပြသေချာပြသင့်ပါတယ်။ မိမိပြောသောစကားအောင်တတ်ပါတယ်။

တနင်္လာ

အသွားအလာသတိထားပါ။ ညဉ့်နက်သန်းခေါင် အပြင်ထွက် တာမျိုးတွေအထူးရှောင်ပါ။စီးပွားရေးမှာလဲ မိမိက ခြေတစ်လှမ်းမှားတာနဲ့ မိမိကိုအလဲထိုးလိုသောပြိုင်ဘက်တွေရှိ နေတယ်ဆိုတာသိထားစေချင်ပါတယ်။ပြီးတော့လဲ ရှေ့တင်မှာချီးကျူးပြီး ကွယ်ရာမှအပုပ်ချတဲ့ မိတ်ဆွေလုပ်ဖော် ကိုင်ဖက်တွေလဲရှိနေတတ်ပါတယ်။လုပ်ငန်းခွင်ကို အာရုံစိုက်ထားပါ။ အတွေးများပြီး စာရင်းအမှားတွေလုပ်မိတတ် ပါတယ်။ အချစ်ရေးမှာစန်းပွင့်နေတတ်ပါတယ်။ ချစ်သူဆီကအဖြေရလွယ်ပါတယ်။ ကျန်းမာရေးကတော့ သိပ်မ ကောင်း။ ရောဂါမကြီးမားပေမဲ့ အစာမကြေ၊ လေထိုး လေအောင့်ဆိုတာမျိုးဖြစ်လွယ်ပါတယ်။

အင်္ဂါ

လူသစ်၊စိတ်သစ်နဲ့ပြောင်းလဲမှုအသစ်တွေလဲကြုံနေရ တတ်ပါတယ်။လုပ်ငန်းနယ်ပယ်အသစ်တစ်ခုကို ခြေဆန့် ခွင့်ရလာပါ လိမ့်မယ်။ စွန့်စားလုပ်ကိုင်ရတဲ့ကိစ္စမှန်သမျှအ ဆင်ပြေတိုးတတ်ပါလိမ့်မယ်။ အလုပ်လျှောက်ခြင်း၊ အင်တာဗျူးဖြေခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ မိမိရောင်းလို တဲ့ပစ္စည်းတွေရောင်းထွက်မဲ့နေ့ရက်ပါပဲ။ ရပ်ဝေးနဲ့ ဆက်စပ်လုပ်ကိုင်ရတဲ့အလုပ်တွေ အဆင်ပြေတိုးတတ်ပါလိမ့် မယ်။ သွားလာလှုပ်ရှားလုပ်ကိုင် ရတဲ့အလုပ်တွေ ပိုမိုအဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေးအဆင် ပြေပါလိမ့်မယ်။  ကျန်းမာရေးကတော့ကောင်းနေချိန်ပါ။ အမှည့် လွန်နေတဲ့အသီးအနှံတွေကိုစားသောက်ခြင်းရှောင်ပါ။

ဗုဒ္ဓဟူး၊ရာဟု

ခေါင်းအေးအေးထားပြီးလုပ်ဆောင်သင့်သည့်ကာလပါပဲ။  ဘာလုပ်လုပ်လေးလေးနက်နက်နဲ့လုပ်လေ အောင်မြင် လေပါပဲ။ ဘာသာရေးနဲ့ပတ်သက်ပြီးလုပ်ကိုင်ဆောင်ရွက် သူများ၊ အဓိဋ္ဌာန်ဝင်နေသူများ ပိုမိုအဆင်ပြေအောင်မြင် လွယ်တဲ့နေ့ရက်ပါပဲ။ စိတ်ဝင်စားစရာကောင်းသော၊ပျော်စ ရာကောင်းသောခရီးတစ်ခုသွားရတတ်ပါတယ်။ မမျှော် လင့်တဲ့ခရီးမျိုးလဲဖြစ် တတ်ပါတယ်။ စိတ်ကူးကောင်းတွေ ရှိနေရင်တောင်လက်တွေ့အကောင် အထည်ဖော်လို့ မရ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးကတော့ ဆီးဝမ်းလေမှန်နေ ရင် အဆင်ပြေပါတယ်။ အချိန်မှန်အိပ်၊အချိန်မှန် စား လိုက်ပါ။

ကြာသပတေး

အများကောင်းကျိုး၊လောကကောင်းကျိုးဆောင်ရွက်ခွင့်ရမဲ့ နေ့ရက်ပါ။ စူးရှထက်မြက်သောဉာဏ်ပညာနှင့် ဝီရိယ တန်ခိုးကြောင့် ဘဝတတ်လမ်းတွေပွင့်မဲ့နေ့ရက်ပါပဲ။ အောင် မြင်မှုစင်မြင့်ပေါ်သို့တွန်းပို့ခြင်းခံရတတ်ပါ တယ်။ ဘာသာရေး လုပ်နေသူများလဲ သမာဓိအင်အားအရင်ကတည်းက ကောင်းသူဆို ဒီနေ့မှာ အသိထူးရလွယ်ပါ တယ်။ အတွေးသစ်၊အမြင်သစ်တွေက အလုပ်ကိုအားကောင်းဖို့ စွမ်းဆောင်ပေးလိမ့်မယ်။ဘာလုပ်လုပ် စိုးရိမ်တတ်၊ပူပန် တတ် သူတွေ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ နေပြီးတော့ လုပ်ကိုင် ခြင်းဖြင့်ပိုမိုအောင်မြင်တတ်ပါတယ်။ ကျန်းမာရေး ကတော့ ဥတုနဲ့ အာဟာရမျှအောင်နေထိုင်စားသောက်ပါ။

သောကြာ

မိမိကိုယ်တိုင်က လိမ္မာပါးနပ်ပြီး နည်းပရိယာယ်ကြွယ်မှပဲ အဆင်ပြေတတ်ပါတယ်။ လမ်းရိုးအတိုင်းလိုက်နေလို့ ကတော့ အခက်အခဲများမဲ့နေ့ပါပဲ။ မိသားစုဝင်တစ်ဦး၏ပီတိ ဖြစ်စရာအောင်မြင်မှုသတင်းကြားရတတ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝနေသူများ အခွင့်အလမ်းတွေကို ကောင်းစွာဖမ်းဆုပ်ယူနိုင်ပါလိမ့်မယ်။ ငွေကြေး ရင်းနှီးမြုပ်နှံမှုတွေကိုတော့ ချင့်ချိန်လိုက်ပါ။ ဖြစ်နိုင်ရင် ကုန်ပစ္စည်း ဝယ်လှောင်တာမျိုးကိုတော့ အားမပေးပါဘူး။ ရှယ်ယာအလုပ်များ ငွေကြေးအရှုပ်အရှင်းပေါ်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ ပုံမှန်အားကစားလုပ်နေ သူဆို အညံ့မရှိတဲ့နေ့ရက်လို့ပဲ ပြောချင်ပါတယ်။

စနေ

မိမိရဲ့ကိုယ့်စွမ်းကိုယ်စတွေတောက်ပနေချိန်ပဲဖြစ်ပါတယ်။ ရုတ်တ ရက်အခွင့်ထူးများကို လက်ခံရရှိတတ်ပါတယ်။ ဖြစ်လိုသည့်ကိစ္စရပ်အတိုင်း မလွဲမသွေအကောင်အထည်ဖော်နိုင်ပါ လိမ့်မယ်။ မင်္ဂလာကိစ္စများအတွက် ဆွေးနွေးလို့ တိုင်ပင်လို့အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။ငွေကြေးကို ချင့်ချိန်စွာ အသုံးချဖို့လိုပါတယ်။ ဒါမှလဲ ဝင်ငွေတိုးပါ လိမ့် မယ်။ လုပ်ငန်းနှစ်မျိုး၊သုံးမျိုး တစ်ပြိုင်နက် လုပ်ဆောင်ခွင့်ရရှိပါလိမ့် မယ်။မိမိကျန်းမာရေးအတွက် လောဘ၊ဒေါသ၊ မောဟ များ ကို လျှော့ချနိုင်မှရပါလိမ့်မယ်။ အကောင်းမြင်စိတ်ရှိသူ တွေကတော့ ဒီနေ့မှာအရာရာအဆင်ပြေ ပါ လိမ့် မယ်။ ထီဝါသနာပါရင် ထီကံစမ်းသင့်တဲ့နေ့ပါပဲ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

21.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၁၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

တီထိမြေခံ အရ ကိတ်မြေခံဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင်တာမို့ နီးစပ်တဲ့ဆရာတွေနဲ့ အချိန်အခါပြန်ရွေးပြီးမှ ဆောင်ရွက်ပါ။

ဒီနေ့ဟာရက်ကန်း၊ သမားညို၊ ရက်ယုတ်မာ ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ညနေ ၆နာရီထိလဆုတ်တီထိ ၁၁လုံးဖြစ်ပြီး ကြွယ်ဝခြင်းကိုပေးသော ပျော်ရွှင်မှုကို ထပ်ပြန် ရသော နန္ဒတီထိကျ ရောက်နေတဲ့နေ့ရက်ဖြစ်ပါတယ်။ ဒီနေ့ဟာ ဥပုသ်သီလစောင့်တည်ခြင်း၊ ဘုရားဖူးခြင်း များ အထူးဆောင်ရွက်လို့ သင့်တဲ့နေ့ရက်ပါပဲ။ တစ်ဦးတစ်ယောက်နဲ့ဖြစ်စေ၊ နိုင်ငံတစ်ခုနဲ့ တစ်ခုဖြစ်ပါစေငြိမ်းချမ်း ရေးပတ်သက်ပြီးတော့  အထူး ဆွေးနွေးဆောင်ရွက်လို့ကောင်းပါတယ်။ သိုလှောင်ထားသောပစ္စည်းများရောင်းချရန် အထူးကောင်းပါတယ်။ စိတ်ကူးထားတာလေးတွေကိုကောင်းစွာ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ အလုပ်ရှာ ခြင်း၊အလုပ်လျှောက်ခြင်းများစတင်သင့်တဲ့နေ့ရက်ပါပဲ။

အိမ်တွင်းအလှဆင်ခြင်း၊အိမ်ကိုဆေးပြန်သုတ်ခြင်း၊အိမ်ထောင်ပရိဘောဂတွေကို ပေါ်လစ်တင်ခြင်းများဆောင်ရွက် သင့်တဲ့နေ့ရက်ပါပဲ။ ဘုရားဖူးခရီးများလဲ သွားလို့အထူးအဆင်ပြေတဲ့နေ့ရက်ပါပဲ။ အရည်နှင့်ပတ်သက်သော စား သောက်ကုန်လုပ်ငန်းများ အထူးအဆင်ပြေပါလိမ့်မယ်။ ဖက်ရှင်ဒီဇိုင်းလုပ်ငန်းလုပ်ငန်းများလဲ အထူးအောင်မြင် တတ်ပါတယ်။

မိမိကိုးကွယ်သော မိရိုးဖလားနတ်တွေကို ပူဇော်ခြင်း၊ပသခြင်းများလဲ အထူးဆောင်ရွက်လို့သင့်ပါတယ်။ အိမ်မှာနေ ပြီးပရိတ်ပဋ္ဌာန်းရွတ်ဖတ်တာ၊ ဘုရားနှုတ်ခပတ်တော်တွေကို ရွတ်ဖတ်တာမျိုးအထူးကောင်းတဲ့နေ့ရက်ပါပဲ။

ဘုရားနေကဇာတင်ခြင်းများ၊ ဘုရားပင့်ဆောင်ခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။ သောကြာဂြိုဟ်စိုးမိုးတာ ကြောင့်ဖျော်ဖြေရေးနဲ့ပတ်သက်သော အကအခုန်၊ဂီတသီချင်းနဲ့ပက်သက်သောကိစ္စများလဲ အထူးအဆင်ပြေတတ် ပါတယ်။ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲ ဒီနေ့မှာအထူးဆောင်ရွက်လို့ကောင်းပါတယ်။ စတုဒိသာကျွေး မွေးခြင်းတွေ အထူးဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉း၂၅)နာရီမှ ည(၂၀း၁၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေ ရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦး တွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ် လွယ်ပါတယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိ၊  သိဟ်စန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးများဟာ လူအများရဲ ခင်မင်မှု၊ချစ်ခင်မှု ရရှိကြတယ်။ ခဏလောက်ဆုံရရင်ပဲ တော်တော်များများကကိုယ့်ကို မှတ်မိနေသည်အထိ ညှို့ အား ပြင်းကြသူတွေဖြစ်တယ်။ လူချစ်လူခင်များပြီး မိမိထက် များစွာအဘက်ဘက်က သာလွန်သူတွေကို ခေါင်း ခေါက် ရွေးချယ်နိုင်လိမ့်မယ်။ ရင်သွေးငယ်ဟာ တစ်ဦး တည်သော သားသမီးဆိုရင်တော့ အလွန်ကောင်းပြီးတော့ မောင်နှမများရင်တော့ ထိုသူတွေနဲ့မတည့်တာမျိုးတွေ အထူးဖြစ်တတ်ပါတယ်။ အိုင်တီအလုပ်များတွင် ထူးချွန် တယ်။ ဖင်ပေါ့တော့ လူကြီးချစ်တယ်။ မိမိကိုဖျက်နေတာ တစ်ခုက အပျော်အပါးမက်ခြင်းပါ။ အပေါင်းအသင်းနဲ့ ဟေးလေးဟားလေး နေချင်တဲ့ ဇာတာရှင်တွေပဲဖြစ်တယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀း၂၃) နာရီမှ မနက်(၁၁း၅၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင်၊ နို့နှစ်ရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ချောကလက်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကောက်ညှင်းပေါင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

စကားအပြောအဆိုဆင်ခြင်ပါ။ မိမိကစေတနာနဲ့ပြောပေမဲ တစ်ဖက်လူကအထအနကောက်ပြီး ပြဿနာရှာ တတ် ပါတယ်။ အောက်လက်ငယ်သားတွေကို မျက်နှာလွှဲထား လို့မရပါဘူး။ အရေးကြီးတဲ့လုပ်ငန်းဆောင်တာများ မိမိ ကိုယ်တိုင် လုပ်ပါ။လူမျိုးခြား၊ဘာသာခြားတွေနဲ့ တွဲဖက် လုပ်ကိုင်ခြင်းတွေကအဆင်မပြေမှုတွေကိုဖြစ်စေပါတယ်။ ရပ်ဝေးခရီးသွားခြင်းမျိုး တွေကလဲ အခက်အခဲများ နိုင်ပါတယ်။ ဒီနေ့ဟာ မိမိကသာ  သူများတွေထက်ချွန်ပြီး အထူးကြိုးစားနေသူဆိုသတိထားပါ။ လုပ်ဖော်ကိုင်ဖက် တွေရဲ့မနာလိုချောက်ချခြင်းတွေကို ခံရတတ်ပါတယ်။

တနင်္လာ

ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အားရစရာကောင်း လောက်အောင်ငွေဝင်တတ်ပါတယ်။ သူများကိစ္စတွေ၊လူမှုရေး ကိစ္စတွေကိုတော့ဝင်မပါဖို့လိုအပ်ပါတယ်။ မကောင်း တဲ့နေရာသွားခြင်းများ ၊အပျော်အပါးကိုလွန်ကျူးခြင်းများ ဒီနေ့မှာလုံးဝမလုပ်ပါနဲ့။ ဒီနေ့ဟာ မှန်အောင်နေမှအဆင် ပြေအောင်မြင်ပါလိမ့်မယ်။ စိတ်ချမ်းသာရပါလိမ့်မယ်။ မနာလိုတိုက်ခိုက်အပုပ်ချတဲ့ သူတွေကိုလဲ အသားစီးရ ပါလိမ့်မယ်။ လုပ်ငန်းတွေချဲ့ထွင်နိုင်သလိုလုပ်ငန်းသစ် တွေကိုလဲ တိုးတတ်အောင်လုပ် ဆောင်နိုင်ပါလိမ့်မယ်။ လခစားအလုပ်များ ရာထူးတိုးတာနေရာကောင်းရ တာမျိုး တွေ အထူးကြုံရတတ်ပါတယ်။

အင်္ဂါ

ကံကြမ္မာက မိမိအတွက်ကံကောင်း ခြင်းတွေကိုပေး ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်သောစာမေးပွဲများလဲ ဖြေဆို အောင်မြင်တတ်ပါတယ်။  အိမ်တွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအလုပ်တွေချဲ့ထွင်နိုင်မှာပါ။ ကျန်းမာရေး အတွက် စိတ်ချမ်းသာရမဲ့နေ့ရက်ဆိုရင် လဲမမှားပါဘူး။ ရှေ့တိုးဆောင်ရွက်စရာကိစ္စတွေရှိရင်တော့ စတင်ဆောင် ရွက်လို့အလွန်ပဲ ကောင်းပါတယ်။ အရေးကြီးတဲ့ကိစ္စ မှန်သမျှအလေးပေးပြီးဆောင်ရွက်နိုင် ပါလိမ့်မယ်။ တန်ဖိုး ကြီးတဲ့ပစ္စည်းတွေ ရောင်းခြင်း၊ဝယ်ခြင်းများလဲ အထူး ဆောင်ရွက်လို့ကောင်းတဲ့နေ့ပါပဲ။ လက်တွေ့ကျကျလုပ်ကိုင် ဆောင် ရွက်သမျှ အဆင်ပြေပြီးမြောက်တတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ငွေကံထူးထူးခြားခြားကောင်းနေမယ်။ ကိုယ်ပိုင်အလုပ်များ လဲရောင်းပန်း ဝယ်ပန်းတွေပွင့်ပါလိမ့်မယ်။ စုတ်ရော ဝင်လာ နိုင်တဲ့အတွက် အိမ်ထောင်သည်တွေကတော့ သတိ ထား ဖို့လိုပါတယ်။ စပ်တူအလုပ်များ ၊ရှယ်ယာ အလုပ်များ အလွန်ပဲအဆင်ပြေ ပါလိမ့်မယ်။ အချစ်ရေးနဲ့ပတ်သက် ပြီးကံကောင်းနေတတ်ပါတယ်။ချစ်သူနှစ်ဦး မိဘတွေကိုဖွင့်ပြောပြီး အနာဂတ်အစီအစဉ်တွေဆွဲလို့ ကောင်းတဲ့ နေ့ရက်လဲဖြစ်ပါတယ်။ ကားများဝယ်တာပဲ ဖြစ်ဖြစ်၊ရောင်းတာပဲ ဖြစ်ဖြစ်ဒီနေ့မှာ အဆင်ပြေနိုင်ပါတယ်။ပရဟိတ အလုပ်များ၊အသင်းအဖွဲ့အတွက်အလုပ်များ လဲ ကောင်းစွာစွမ်းဆောင်နိုင်ပါလိမ့်မယ်။

ကြာသပတေး

မိမိဖြစ် ချင်တာတွေကို မလုပ်သေး ဘဲ ဖြစ်သင့်တာ တွေကိုဦးစားပေးလုပ်ကိုင်လိုက်ပါ။ သူများပြဿနာ တွေကို ကိုယ့်ပြဿ နာဖြစ်အောင်မလုပ်ပါနဲ့။ စာချုပ်စာတန်း တွေမှာသက်သေအဖြစ် လက်မှတ်ထိုးတာမျိုးတွေအလွန်ပဲ ရှောင် လိုက်စေ ချင်ပါတယ်။ မိမိရဲ့ကျန်းမာရေးကိုလဲ အထူး ဂရုစိုက်စေချင်ပါတယ်။ စိုးရိမ်စိတ်တွေ ပူပန်စိတ်တွေ များနေရတတ်ပါတယ်။ အဝေးရောက်နေ တဲ့သားသမီး တွေကျန်းမာရေးမကောင်းတာ ကြောင့်လဲစိတ်ဆင်းရဲ ရတတ် ပါတယ်။ အလုပ်အကြွေး မထားပါနဲ့။ ဒီနေ့ဟာ အချိန်မ ဖြုန်း ဘဲလုပ်မှပဲအဆင်ပြေနိုင်တာ ကိုတွေ့ရ ပါတယ်။

သောကြာ

အလုပ်နဲ့ပတ်သက်ပြီး အကျိုးအမြတ် ကြီးမဲ့နေ့ရက်ပါပဲ။ အလုပ်နဲ့ပတ်သက်ပြီး အဆက်အသွယ်ကောင်းတွေ ၊အချိတ် အဆက်ကောင်း တွေရလာတတ်ပါ တယ်။ အသင်း အဖွဲ့တွေမှာ ဦးဆောင်ဦးရွက်လုပ်ပေးရတတ်ပါတယ်။ အခက်အခဲတစ်ခု၊ ဆုံးဖြတ်စရာကိစ္စတစ်ခု ရှိတယ်ဆိုရင် တော့ မိမိရဲ့ဆရာသမားတစ်ဦး ဆီကနေအကြံဉာဏ်ယူပါ။ ရှေ့တိုးဆောင်ရွက်ရမဲ့ကိစ္စတွေအတွက်ဦးစားပေး လုပ်ကိုင် ပါ။ မိမိအတွက်လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူလို့ အထူးကောင်းတဲ့ နေ့ရက်ပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီး ရင်းနှီးမြုပ်နှံလိုက်ပါ။ နောင်တွင်အကျိုးအမြတ်ကြီးမဲ့ အလုပ်တွေကို အထူးအားစိုက်ထားလိုက်ပါ။

စနေ

လက်ဝယ်ရှိတဲ့စက်ပစ္စည်းတွေ ခြူခြာနေတတ်ပါတယ်။ ကျန်းမာရေးအတွက် အနည်းငယ်စိတ်ပူပန်ရပါလိမ့်မယ်။ ဒူးနာတာ၊ သွားရင်းလာရင်းနဲ့ ဒူးခေါင်းကိုထိခိုက်မိတာ မျိုးတွေလဲ ကြုံရတတ်ပါ  တယ်။ မိမိဖြစ်ချင်တာ တွေကိုဖြစ်အောင်လုပ်ဖု့ိအတွက် အဖျက်ဝင်တတ်ပါတယ်။ စိတ် ဒေါသကြီးနေသူတွေဒုက္ခရောက်တတ်ပါတယ်။ သည်းခံ စိတ်မွေးပြီးတော့ အရာရာကိုအကောင်းမြင်စိတ်လေး မွေးပါ။ဒါမှပဲအဆင်ပြေမဲ့နေ့ဖြစ်ပါလိမ့်မယ်။ သူတစ် ပါးရဲ့အကူ အညီကိုယူပြီးမှလုပ်ပါ။ မိမိဘာသာလုပ်ကိုင်ဆောင်မှု တွေဟာအလွဲလွဲ အချော်ချော်ဖြစ်နေရ တတ်ပါ တယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

18.October.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၉)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၁)နာရီဖြစ်ပြီး၊ ညနေ(၅း၅၀)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

တီထိမြေခံအရတော့ မွန်းတည့် ၁၂နာရီထိ တနင်္လာမြေခံဖြစ်တာမို့ အိုးအိမ်တိုက်တာအဆောက်အဦးတွေဆောက်လုပ် ခြင်း၊တိုင်ထူခြင်း၊ပန္နက်ရိုက်ခြင်းများဆောင်ရွက်နိုင်ပါတယ်။မွန်းလွဲသွားရင်တော့ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ ရက်တံခွန်၊ရသေ့ကျော် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ နေ့လယ်အထိက လဆုတ်တီထိ ၈လုံး၊ကျော်ရင်လဆုတ်တီထိ ၉လုံးကိုကူးပြောင်းပါ တယ်။  ဒီနေ့မှာလောင်ကစားဆန်ဆန်ကိစ္စများ၊ အရက်ချက်ခြင်း ၊မွေးမြူရေးလုပ်ငန်းများစတဲ့ အနိဋ္ဌနှင့်ဆိုင်သောအလုပ်များ ဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ဒီနေ့မှာ ဦးတည်ချက်၊ရည်မှန်းချက်တွေကိုအကောင် အထည်ဖော်လို့ကောင်းပါတယ်။ စက်ကားတွေကို အရှိန်ပြင်းပြင်းမောင်းနှင်ခြင်းများရှောင်လိုက်ပါ။ စက်ပစ္စည်းများကို သေချာစစ်ဆေးပြီးမှအလုပ်လုပ် သင့်တဲ့နေ့ရက်ပါပဲ။ ခရီးဝေးသွားဖို့ အိမ်ကိုသော့ပိတ်ထားမယ်ဆိုမီးလိုင်းတွေကိုသေချာစစ်ဆေး မိန်းချပြီးမှသွားပါ။

ငွေကြေးချေးငှားခြင်းများအတွက် သတိပြုဖွယ်နေ့ရက်လဲဖြစ်ပါတယ်။ငွေလာချေးရင် တတ်နိုင်သမျှစကားလှအောင် ပြောပြီး ရှောင်ထွက်စေချင်ပါတယ်။ မိမငွေကြေးသူများလက်ထဲရောက်ရင်ပြန်ရဖို့ခဲယဉ်းတဲ့နေ့ရက်ဖြစ်ပါတယ်။

မပြေလည်တဲ့ကိစ္စတွေကို ထိပ်တိုက်ဖြေရှင်းခြင်း၊လေချိုမသွေးဘဲ လူမိုက်ဆန်ဆန်ဖြေရှင်းခြင်းဖြင့် အောင် မြင်မှု တွေကိုရလာတတ်ပါတယ်။ လက်နက်ကိုင်စွဲ သုံးစွဲခြင်း၊ ရန်သူအားဖမ်းဆီးခြင်းတွေကို ဒီနေ့မှာဆောင်ရွက် နိုင်ပါ လိမ့်မယ်။

ဆေးဝါးကုသခြင်း၊ ဆေးစစ်ခြင်း၊သမားတော်နဲ့ပြသခြင်းမျိုးဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကျန်းမာရေး နှင့် ပတ်သက်ပြီးတော့ အနာနဲ့ဆေးတွေ့မဲ့နေ့ရက်ပါပဲ။ဒီနေ့ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး ချစ်ရသူကို purpose လုပ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီနေ့မှာဖွင့်ပြောလိုက်ပါ။ ရလဒ်တွေကောင်းတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉း၃၇)နာရီမှ (၂၀း၂၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

တနင်္ဂနွေဂြိုဟ် တူရာသီကိုစတင်ကူးပြောင်းပါတယ်။ တူရာသီမှာတနင်္ဂနွေတည်ဆဲ ကာလတွေမှာတော့ လုံခြုံ ရေး နဲ့ဆိုင်သောကိစ္စများ၊ အလှအပနှင့်ဆိုင်သောကိစ္စများ၊တရားမျှတမှုနှင့်သက်ဆိုင်သောကိ စ္စများ အကောင်းအဆိုး တစ်မျိုးမျိုး တွေ့ရကြုံရတတ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရသေ့ကျော်၊ရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှု ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊  ကရကဋ်စန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အားနာ တတ်သူတွေ၊သနားတတ်သူတွေ၊ဂရုဏာအားကြီးသူတွေ ဖြစ်ပါတယ်။ ထိုအားနည်းချက်ကို နင်းပြီး မိမိကို ဒုက္ခပေးသွားရင်တော့ ရေဆုံးမြေဆုံးလိုက်ပြီး ကလဲ့စားပြန်ချေလို စိတ်ရှိကြပါတယ်။ ကူညီတတ်သူတွေဖြစ်တယ်။ ငယ်ငယ်ကတည်းက အမိအဘတွေအားကိုးရမဲ့သူတွေဖြစ်သလို ကြီးလာရင်လဲမိဘတွေကို အိမ်ဦးခန်းမှာထားမဲ့ သူတွေဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်ရှိပြီးတစ်ဖက်အခက်အခဲကို ကူညီဖြေရှင်းပေးကြသူတွေ၊တစ်ပါးသူကိုကောင်းစွာ အကြံပေးနိုင်ကြသူတွေဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၂း၄၇) နာရီမှ (၄း၁၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ သောကြာ၊ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင်(သို့)ခဲရောင်၊ အနက်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါ လိမ့်မည်။           

ဒီနေ့မှာ(၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပလာတာစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ဟင်းခါး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မိမိကိုယ်တိုင်က ပါးနပ်လိမ္မာဖို့တော့လိုပါတယ်။ မိမိ အတွက် ဒုက္ခရောက်စေတဲ့တာဝန်မျိုးကို လာရောက်ထိုးပေးတာ မျိုးတွေကြုံရတတ်ပါတယ်။ အုပ်စုဖွဲ့ချောက်ချတာ မျိုးတွေကြုံရတတ်ပါတယ်။ ရိုးလွန်းသူတွေ၊ အားနာတတ်သူတွေ ဆိုရင်တော့အလွန်မှပဲဒုက္ခများရနိုင်ပါတယ်။ သူ တစ်ပါးဆီက အကူအညီတောင်းဖို့ခက်ခဲနေတဲ့ နေ့ရက်မျိုးလဲဖြစ်ပါ တယ်။ ကိုယ်ပိုင်စီးပွားများ လုပ်ငန်းပြိုင်တွေကို စောင့်ကြည့်ထားဖို့လိုပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့ ရွေးချယ် ရခက်ခဲနေတဲ့အနေအထား ကိုရောက်နေ တတ်ပါတယ်။ ရေရည်ကိုကြည့်ပြီးတော့ ဆုံးဖြတ်စေချင်ပါတယ်။

တနင်္လာ

စိတ်ကူးတွေအယူအဆတွေက လက်တွေ့မှာလဲ အသုံး ချလို့အလွန်မှအကျိုးများပါတယ်။ ဒီနေ့အတွက်ပြောချင်တာက ချီတုံချတုံမဖြစ်ပါနဲ့။ လုပ်စရာရှိတာရဲရဲလုပ်လိုက်ပါ။  အောင်မြင်ပါလိမ့်မယ်။ ခရီးသွားပြီးလုပ်ကိုင်ဆောင်ရွက်ရတဲ့ ကိစ္စ မှန်သမျှအောင်မြင်ထွန်းပေါက်ပါလိမ့်မယ်။ အရင် ကတည်းက ဇွဲကြီးသူတွေ၊ စိတ်ရှည်သူတွေအတွက် ဒီနေ့မှာ အခွင့်အလမ်းပေါ်လာပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားများ အထူးတိုးတတ်ပါလိမ့်မယ်။ အဆင်မပြေတဲ့အိမ်ထောင်ရေး ကိစ္စတွေကိုတော့ဒီနေ့မှာပြေလည်အောင် စွမ်းဆောင် နိုင်ပါလိမ့်မယ်။ ဆိုင်အသစ် စဖွင့်တာမျိုးတွေအထူး ကောင်း ပါတယ်။

အင်္ဂါ

မိမိအတွေးအခေါ်ကလွဲမှားနေတတ်ပါတယ်။ လက်ရှိအဆင် ပြေနေတာကိုစွန့်ခွာနေချင်တတ်ပါတယ်။ ဘာလုပ်လုပ် ပစ္စုပ္ပန်တည့်တည့်ကြည့်လုပ်ပါ။ ကံကိုယုံပြီးဆူးပုံမနင်းသင့်  တဲ့နေ့ရက်ပါပဲ။ စွန့်စားလုပ်ကိုင်ရမဲ့ ကိစ္စတွေကို သေချာ ပိုင်နိုင်မှလုပ်စေချင်ပါတယ်။ ငွေများများလိုချင်စိတ်က မိမိကိုဒုက္ခပေးတတ်ပါတယ်။ ရသင့်တာထက်ပိုလိုချင်လေ ပြဿနာများလေပါပဲ။ခရီးသွားပြီး လုပ်ရတဲ့အလုပ်မှန် သမျှအောင်မြင်တာကိုတွေ့ရပါတယ်။ ကျန်းမာရေး အတွက် စိတ်ပူစရာမလိုဘူးလို့လဲမြင်ပါ တယ်ဗျ။ လူငယ်များ ဖခင်ရဲ့စေတနာကိုမမြင်ဘဲ အတိုက်အခံလုပ်မိနေတတ် ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

မိမိအတွက်လိုအပ်နေတဲ့ အလုပ်အကိုင်တွေရလာတတ်ပါ တယ်။ အင်တာဗျူးဖြေထားသူများ အလုပ်ရလွယ်ပါလိမ့် မယ်။ အဘက်ဘက်ကကံကောင်းနေချိန်ဖြစ်တဲ့အတွက် လုပ်သမျှအဆင်ပြေခြင်း ကြံစည်သမျှအောင်မြင်ခြင်း တွေကို ကြုံရ တတ်ပါတယ်။ပွဲစားအလုပ်များ ၊စကားဖြင့်ရင်းနှီး လုပ်ကိုင်ရတဲ့အလုပ်များ အဆင်ပြေတိုးတတ်လာပါလိမ့်မယ်။ စိတ်ထဲမတင်မကျဖြစ်နေတာလေးတွေကိုဒီနေ့မှာ ရှင်းလင်းသွားပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီး စုဆောင်းမယ်ဆို ဒီနေ့စစုလို့အထူးကောင်းပါ တယ်။ကျန်းမာ ရေးကတော့  အကောင်းဘက်ကိုအလေးသာနေပါလိမ့်မယ်။

ကြာသပတေး

ကြာနေတဲ့ကိစ္စတွေ၊  ကြန့်ကြာနေတဲ့ကိစ္စတွေမှန်သမျှပြေ လည်မှုတွေရသွားပါလိမ့်မယ်။ ထီကံစမ်းမယ်ဆိုဒီနေ့က အလွန် ကံစမ်းလို့ကောင်းတဲ့နေ့ရက်ပါပဲ။ လူမျိုးခြား၊ဘာသာ ခြားတွေဆီက အကူအညီရလွယ်နေတတ်ပါတယ်။ ရပ်ဝေးနှင့် ချိတ်ဆက်လုပ်ကိုင်သောအလုပ်များအဆင်ပြေတိုး တတ်မည်။ စန်းပွင့်နေတဲ့အတွက်အချစ်ရေး ကိစ္စတွေ မှာ ထူးထူးခြားခြား တိုးတတ်ပါလိမ့်မယ်။တစ်ကိုယ်တည်း အေးအေးဆေးဆေးလုပ်ရတဲ့ အလုပ်မျိုးတွေက အကျိုး ပေးပါလိမ့်မယ်။ အနုပညာအလုပ်များ၊ခံစားပြီးမှလုပ်လို့ရတဲ့ အလုပ်အကိုင်များ တိုးတတ် နိုင်ပါတယ်။ ရင်းနှီးမြုပ်နှံ ထားတဲ့ အလုပ်စီးပွားတွေက နေငွေပြန်ပေါ်ပါလိမ့်မယ်။

သောကြာ

မလိုအပ်ဘဲ အချိန်ကုန်မခံပါနဲ့ ။အလေမလိုက်နဲ့လို့ ပြော ချင်တာပါ။ လုပ်စရာရှိတာကို အာရုံစိုက်လုပ်ပါ။ အထက် လူကြီးမိဘတွေက မိမိစောင့်ကြည့်ပြီး အကဲဖြတ်နေတဲ့ နေ့ရက်မို့ပါပဲ။ အိမ်ထောင်ရှင်အမျိုးသမီးများ သားသမီးရဲ့ အမှားကို လင်ယောကျာ်းမသိအောင်ဖုံးဖိတာမျိုးမလုပ်မိ စေနဲ့။ ပြဿနာကြီးသွားနိုင်လို့ပါ။ နားကပ်ပန်ထားသူများ နောက်ပိတ် ချောင်ပြီး  ပျောက်ရှတတ်ပါတယ်။ အလိုတူ  ဆန္ဒတူတဲ့မိတ်ဆွေတွေနဲ့ပေါင်းပါ။ အလုပ်သစ်၊ ဆိုင် သစ်ဖွင့်တာ မျိုးတွေဒီနေ့မကောင်းပါဘူး။  သားသမီးတွေအ တွက် လိုအပ်တာဝယ်ပေးနေရတာကြောင့် ငွေကုန်ကြေး ကျ များနေ ရတတ်ပါတယ်။

စနေ

အလုပ်တွေများနေတတ်ပါတယ်။ မိမိလုပ်ချင်တာရော၊မဖြစ် မနေလုပ်ရမဲ့ဟာတွေရောရှိနေတတ်ပါတယ်။ ပညာရေးမှာ လဲကျောင်းပြောင်း၊အခန်းပြောင်း၊သင်တန်းပြောင်းဆိုတာ မျိုးတွေလဲကြုံ ရနိုင်ပါတယ်။ ကျန်းမာရေး ကတော့ အားနည်းချက်များပါတယ်။ အရေပြားရောဂါ၊အစာအိမ်ရောဂါ များဖြစ်လွယ်တာ မျိုးတွေ့ရပါတယ်။ ငွေကြေးရင်းနှီးမြုပ်နှံခြင်း မျိုးကိုဒီနေ့မှာမစသင့်သေးပါဘူး။ အလုပ်နဲ့ပတ်သက် ရင်ဒီအတိုင်းမှေးထားပါ။ ထပ်ချဲ့ပြီး လုပ်တာမျိုးတွေကိုတော့ ဒီနေ့မှာအားမပေးပါဘူး။ ငွေရှာရလွယ်သလောက် ငွေကုန်တာလဲမြန်တတ်ပါတယ်။ အချစ် ရေး ကံကောင်းတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

16.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၇)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁၆)ရက်နေ့ လဲဖြစ်ပါတယ်။

ဒီဗန့နံနက်(၅း၃၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၁)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ် တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက် နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ပါပဲ။

ဒီနေ့ဟာ တီထိအရတော့  ကံကောင်းခြင်းတွေကိုပေးတဲ့ ဘဒြာတီထိကျရောက်တဲ့ နေ့ရက်ဖြစ်ပါတယ်။ဒီလိုနေ့ရက် တွေမှာတော့ မိမိသိချင်တာတွေကိုကောင်းစွာသိခွင့်ရလိမ့်မယ်။ လိုချင်တဲ့သတင်း အချက်အလက်တွေကိုရဖို့ လွယ်ကူ တတ်ပါတယ်။ဒီနေ့ညနေ ၄း၃၀ကနေ ညနေ၆း၀၀အထိက အသောက်အစား အပျော်အပါးတွေကိုအထူးရှောင် လိုက် ပါ။ ရန်များ၊ခိုက်ရန်များတတ်လို့ပါပဲ။ ထိုအချိန်အတွင်းမှာပဲ အထူးသတိထား ပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း တွေ ကိုလိုက်နာပါ။ စက်ကားကိုအရှိန်လျှော့မောင်းပါ။

အမှုမဲ့မနေတတ်ဘဲ အရာရာကို စူးစပ်လုပ်ကိုင်တတ်သူတွေအတွက်အခွင့်အရေးကောင်းတွေရလာတတ်ပါတယ်။  ဒီနေ့မှာ တတ်နိုင်သမျှအသားကြီးငါးကြီးစားတာမျိုးတွေရှောင်ခြင်းဖြင့် ကံပိုမိုမြင့်လာတတ်ပါတယ်။

အနုပညာနှင့်ပတ်သက်သောအလုပ်များ၊ မည့်သည့်စက်ပစ္စည်းမဆို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ တိုးတတ်မှု တွေအထင်အရှားကြုံရတတ်ပါတယ်။ ခရီးသွားခြင်းကိစ္စများဆောင်ရွက်နိုင်ပါတယ်။ သွားနေကြခရီးမျိုးတွေဆို ပိုမို အဆင်ပြေနိုင်ပါတယ်။

ဆောက်လုပ်ရေးနဲ့ပတ်သက်သော သဲ၊ကျောက်၊ဘိလပ်မြေ ရောင်းဝယ်ဖောက်ကားခြင်းများလဲ အဆင်ပြေမှုတွေ  ရှိလာတတ်ပါတယ်။ အစိုးရနှင့်ပက်သက်သောကိစ္စများ၊ ဌာနဆိုင်ရာနှင့်ပတ်သက်သောကိစ္စများ လိုက်ပါဆောင် ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ဒီနေ့ဟာ ပဋိပက္ခများဖြေရှင်းရန် ရက်ကောင်းဖြစ်ပါတယ်။ထည်ဝါတောက် ပြောင်သော အဝတ်အစားများဝတ်ဆင်ခြင်း မသင့်တဲ့နေ့ရက်ပါပဲ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉း၄၄)နာရီမှ (၂၀◌း၃၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပတ်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက် စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေး အညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  မေထုန်စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။စိတ်ကူးအယူအဆတွေတမူ ထူးခြားသူပါ။ ဘာလုပ်လုပ်အတိတ်ကလုပ်ရပ်ကိုကြည့်ပြီး သင်ခန်းစာယူတတ်သူမို့ အမှားနည်းပါလိမ့်မယ်။ သမိုင်း ကို လေ့လာလိုက်စားသူဖြစ်ပြီး ရာဇဝင်တွေ၊ အတ္ထုပ္ပတ္တိ တွေကို စိတ်ဝင်စားသူဖြစ်နေတာကို တွေ့ရပါတယ်။ ငယ်ရွယ်စဉ် အသက် ၆နှစ်အတွင်း လာဘ်ကောင်းလေးတွေဒီရင်သွေးကြောင့် ရနိုင်တာမို့ မိဘတွေအနေနဲ့ ကလေးရဲ့ ကံကြောင့် အထိုက်အလျောက်တိုးတတ်နိုင်ပါတယ်။ မိဘတွေကံမှာလဲ ကံကောင်းချိန်တိုက်ဆိုင်နေပါက  ရင်သွေး မွေးပြီး ၅နှစ် အတွင်း မိဘတွေအိမ်ခြံဝယ်နိုင်သည်အထိအကျိုးပေးပါတယ်။ အားနည်းချက်က ခရီးသွားခြင်း၊ ရေကူး ခြင်းတွေမှာ ကံညံ့တာမို့ ခရီးသွားပြီး ကျောင်းထားရတဲ့ကျောင်းတွေ၊ ရေကူးတာမျိုးတွေ တတ်နိုင်သလောက် သတိနဲ့ဆောင်ရွက်ပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(4;16) နာရီမှ ညနေ(5;44)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေ   သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား ရာဟု၊ တနင်္ဂနွေ  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္လာ၊ သောကြာ  သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် မီးခိုးရောင်(သို့)ခဲရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ငွေ၂ရာတစ်ရွက်ကိုမသုံးဘဲ ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရှမ်းထမင်းသုတ် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အိမ်ထောင်သည်များကြားစကားတွေကိုယုံကြည်ရာက လင်မယားချင်းစကားများရတတ်ပါတယ်။ ရပ်ဝေး စီးပွားရေး များ ထင်တိုင်းမပေါက်ဖြစ်ရတတ်ပါတယ်။ လူငယ်တွေ ဆိုရင်တော့ မိဘတွေ အုပ်ထိန်းသူတွေရဲ့ အားတက် စရာ ဆုံးမစကားကိုကြားရတတ်ပါတယ်။ လှောင်ထားတဲ့ပစ္စည်း တွေ ဈေးကောင်းမရဖြစ်တတ်ပါတယ်။ ငွေရှာလို့ ကောင်း ပေမဲ့ ငွေကြေးစုဆောင်းရခက်ခဲနေတတ်ပါတယ်။ ရန်များ တဲ့နေ့ရက်ဖြစ်ပါတယ်။ ဒါကြောင့်ခပ်ဆိုး ဆိုးသူ ငယ်ချင်း တွေနဲ့သွားတာ လာတာမျိုးအထူးရှောင်ပါ။ သူများပြဿနာ ထဲ ကြားညှပ်ပါရတတ်ပါတယ်။

တနင်္လာ

ဘာကိစ္စပဲဖြစ်ဖြစ်အလျင်စလို မလုပ်ဘဲနေရင်တော့ပို ကောင်းပါတယ်။ အချိန်ယူမှအဆင်ပြေနိုင်တဲ့နေ့ရက်ပါပဲ။ နိုင်ငံခြားသားများနဲ့ဆက်စပ်သော အလုပ်များ၊ နိုင်ငံခြား သွင်းကုန်ထုတ်ကုန်ကိစ္စများ အဆင်မပြေဖြစ်ရတတ်ပါတယ်။ ဒီနေ့မှာကျန်းမာရေးကတော့ ကိုယ်တွင်းအပူများနေ နိုင် ပါတယ်။ အပူငြိမ်းဆေးသောက်ပေးပါ။ အလုပ်နဲ့ပတ်သက်ပြီး အခွင့်အရေးနှစ်မျိုးနှစ်ခွကြုံရ တတ်ပါတယ်။ ရပ်ဝေး အလုပ်တွေကိုပိုမိုအလေးထားလုပ်ကိုင်လိုက်ပါ။ သူများကိစ္စတွေ ကူညီမယ်ဆိုရင်လဲ အနည်းငယ်သတိ ထားပါ။ ကိုယ်ပါအမှုပတ်လာနိုင်တဲ့ ကိစ္စတွေကိုတော့ရှောင်ပါ။

အင်္ဂါ

စိတ်ချမ်းသာစရာတွေများနေတတ်ပါတယ်။  လူငယ် များအချစ်ရေးကိစ္စတွေမှာ အထူးအဆင်ပြေလာတတ်ပါတယ်။ ချစ်သူနဲ့ပျော်စရာအချိန်တွေကိုလဲ ဖန်တီးနိုင်ပါလိမ့် မယ်။ အိမ်အလှဆင်မယ်ဆို အထူးကောင်းတဲ့နေ့ရက်ပါပဲ။ အလုပ် တွေ ကတော့ များတယ်။ အလုပ်နဲ့ပတ်သက်သော  အခွင့်အလမ်းကောင်းတွေရလာတတ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး အနည်းငယ်ကြန့်ကြာနေတတ်ပါတယ်။ ဈေးဆိုင်နဲ့ပတ်သက်ပြီးတော့လဲ ရောင်းပန်းဝယ်ပန်းတွေပွင့်ပေမဲ့ အကြွေးကျတတ်တာကို တွေ့ရပါတယ်။ ငွေရှာလို့ ကောင်းပေမဲ့ ရစရာရှိတာတွေကတော့ ကြန့်ကြာနေအုံးမှာပါ။

ဗုဒ္ဓဟူး၊ရာဟု

လူကြီးတွေရဲ့အားကိုးယုံကြည်တာခံရသူဆိုရင်တော့ ပိုမိုအလုပ်များတတ်ပါတယ်။ စားသောက်ကုန်လုပ်ငန်းများ အထူး ပဲ လူကျ တတ်ပါတယ်။  မိမိကိုအကူအညီပေးမဲ့ ဧည့်ကောင်း ဆောင်ကောင်းတွေလဲ မိမိအိမ်ကိုရောက်လာတတ် ပါတယ်။ ဝန်ထမ်းတွေကတော့ အလုပ်တွေ များပြီးမနိုင်ဝန်ဖြစ် တတ်ပါတယ်။ နည်းနည်းတော့ ပင်ပန်းရတတ်ပါတယ်။ အလုပ်တွေနှင့် ပတ်သက်ပြီး အားမရ သလိုခံစားနေတတ်ပါတယ်။ မိမိအကောင်းဆုံးလုပ်ပေမဲ့ အဆင်မပြေဘူးလို့ထင် နေမိတတ် ပါတယ်။ ကျန်းမာရေး အားနည်းချက်တွေကိုတော့တွေ့ရတယ်ဗျ။ အစာအိမ်နဲပတ်သက်တဲ့ရောဂါတွေ အထူးဂရုစိုက်ပေးပါ။

ကြာသပတေး

လက်ကား စီးပွားများ၊လူအများနဲ့ တွဲဖက်လုပ်ကိုင်ရသော အလုပ်များ ချဲ့ထွင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အစီအရင် များ၊ အဆောင်လက်ဖွဲ့များစတင် စီရင်လို့ကောင်းတဲ့ နေ့ပါပဲ။ ငွေကြေးနဲ့ပတ်သက်ရင်များများဝင်တတ်တဲ့နေ့မျိုးပါပဲ။ ပညာရပ်တစ်ခုစတင်သင်ကြား ခြင်းမျိုးဒီနေ့မှာ လုပ်သင့်ပါတယ်။ ဒီလိုနေ့ရက်တွေမှာတော့မိမိသိလိုတဲ့ကိစ္စတွေ၊ မိမိရချင်တဲ့ သတင်းအချက် အလက်တွေရ လာတတ်ပါတယ်။မိမိရည်စူးထားတဲ့အလှူအတန်းတွေလဲ ပြုရတတ်ပါ တယ်။ ဥပုသ်သီလစောင့်တည်ခြင်း၊တရားရှု မှတ်ခြင်း တွေပြုလုပ်သင့်တဲ့နေ့ရက်ပါပဲ။

သောကြာ

စုတ်ကိစ္စတွေ တော့သတိထားပါ။ မလွတ်လပ်သူတွေရဲ့မြူဆွယ် ခြင်းကိုခံရတတ်ပါတယ်။အနေနီးသူတွေနဲ့ ငြိစွန်းလွယ် တယ်။ ချစ်သူနဲ့ဆိတ်ကွယ်ရာ မသွားသင့်တဲ့နေ့မျိုးပါပဲ။ အခက်အခဲနဲ့ပတ်သက်ပြီးတော့ ထူးထူးခြားခြားမရှိဘူး။ ဒါပေမဲ့ အထိုင်မနေရဘဲ သွားလာနေရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ခရီးတိုတွေသွားရတတ်ပါတယ်။ အထိုင်လုပ်ငန်း လုပ်ကိုင်သူတောင် အလုပ်အတွက်လိုအပ် တဲ့ပစ္စည်းတွေဝယ်ရတာကြောင့် အပြင်ထွက်ရတတ်ပါတယ်။ ဒါကြောင့်မိမိ လုပ်ငန်း အတွက် marketingဆင်းတာ မျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

စနေ

အချစ်ရေး၊မေတ္တာရေး ကိစ္စတွေကိုအလေးပေး ဆောင်ရွက် နိုင်ပါ တယ်။ ချစ်သူသစ်ရည်းစားသစ်ရလွယ်ပါတယ်။ မိဘတွေကိုလဲ မိမိတို့အချစ်ရေးအကြောင်းဖွင့်ဟ တိုင်ပင်သင့် တဲ့နေ့ရက်ပါပဲ။ မိမိအတွက်၊မိသားစုအတွက်အချိန် ပေးနိုင်ပါ လိမ့်မယ်။  အလုပ် ထဲမှာပဲအချိန်ပေးနေရာကနေ ဒီနေမှာအပန်းဖြေဖို့ အခွင့်အရေးရပါလိမ့်မယ်။ စိတ်ချမ်း သာ ရပါလိမ့်မယ်။ မိမိတို့အတွက်ကောင်းကျိုး လိုအင်ဆန္ဒ တွေလဲ ပြည့်ဝရတတ်ပါတယ်။ မိမိလုပ်ချင်တာတွေကို အချိန်ပြည့်လုပ်ကိုင် နိုင်ပါလိမ့်မယ်။ ကျန်းမာရေး လဲ ဒေါင် ဒေါင်မြည် နေပါလိမ့်မယ်။ ကိုယ်ခံအားကောင်း နေမဲ့ နေ့ရက်ပဲ ဖြစ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

15.October.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၆)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(.၅း၃၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၁)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်းတံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူး ကောင်း ပါတယ်။

ဒီနေ့ဟာ ဝါရမိတ္တုငယ်ရက်ကျရောက်နေတာဖြ့စ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့လဆုတ်တီထိ ၆လုံး  ကောင်းမြတ်ခြင်း၊ပျော်ရွှင်ခြင်းတွေကိုပေးတဲ့နန္ဒတီထိ ကျရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ ဒီနေ့ဟာ မင်္ဂလာယူတဲ့ကိစ္စတွေမလုပ်သင့်ပေမဲ့ အလုပ်နဲ့ပတ်သက်သော ကိစ္စ ရေးရာ အဖြာ ဖြာ ကတော့ ဆောင်ရွက်လို့ကောင်းပါတယ်။ အရပ်ဝေးနှင့်ချိတ်ဆက်လုပ်ကိုင်ရသောအလုပ်တွေက တော့ အဆင် ပြေပါလိမ့်မယ်။  ငွေကြေးအလွဲအပြောင်းတွေလုပ်လို့ရပေမဲ့ သတိနဲ့လုပ်ပါ။ အငြင်းပွားဖွယ်ရာတွေ ဖြစ်လာ တတ် လို့ ပါပဲ။လူအများကတိပေးမိရင်တော့ တည်ဖို့ခဲယဉ်းတဲ့နေ့ရက်ပဲဖြစ်ပါတယ်။

ကုန်သွယ်စီးပွားများ ၊ကုန်ရောင်းကုန်ဝယ်အလုပ်များ အထူးအကျိုးပေးပါတယ်။  အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း များ၊ ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းများအဆင်ပြေပါလိမ့်မယ်။ ဖုန်းနှင့် အပိုပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများ အရောင်း တက်ပါလိမ့်မယ်။

နည်းပညာအသစ်သစ်များ ရှာဖွေတွေ့ရှိလာမဲ့နေ့ရက်လဲဖြစ်ပါတယ်။ မိမိလုပ်ငန်းအတွက် Marketing ဆင်းတာမျိုး တွေတွေ၊ customer တွေရဲ့ လိုအပ်ချက်တွေကို survey ကောက်ယူတာမျိုးတွေအထူးပဲအဆင်ပြေ ပါလိမ့်မယ်။ မိတ်ဆွေသစ်များနှင့် မိတ်ဆုံစားပွဲတွေကျင်းပတာ၊ပျော်ပွဲရွှင်ပွဲပါတီပွဲများကျင်းပတာမျိုးတွေအထူး ဆောင်ရွက်လို့ ကောင်းပါတယ်။

အလုပ်ရှာခြင်း၊အလုပ်သစ်လျှောက်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ ခရီးကိစ္စများဆောင်ရွက်လို့အဆင်ပြေ တတ်ပါတယ်။

ဆိုင်းငံ့ထားတဲ့ ကိစ္စအ၀၀တွေကို ပြန်လည်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အခက်အခဲအကြပ်အတည်းတွေက နေလွတ် မြောက်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကုန်ပစ္စည်းအသစ်များရှိရင် ဒီနေ့မှာမိတ်ဆက်တာ၊ကြော်ငြာတာ၊ ဖြန့်ဖြူး ရောင်း ချတာမျိုးတွေ အထူးကောင်းပါတယ်။ ဒီနေ့ဟာ ကြော်ငြာရင်လူသိများနိုင်တဲ့နေ့ရက်ပါပဲ။

အချစ်ရေးကိစ္စများ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ အဆက်အသွယ်ပြတ်နေတဲ့ချစ်သူဆီကနေ အဆက် အသွယ်တွေပြန်ရလာတတ်ပါတယ်။ ချစ်ရသူတွေကိုလဲ ချစ်စကားတွေထုတ်ဖော်ပြောသင့်တဲ့နေ့ရက်ပါပဲ။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့အချိန်ကာလကတော့ည(၁၉း၄၈)နာရီမှ (၂၀◌း၄၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ပြိဿစန်း၊ နေ့လယ် ၁၁နာရီ ကျော်ရင်စန်းကမေထုန်ရာသီပြောင်းသည်။ ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ  အနည်းငယ် ဇွဲကြီးကြသူတွေဖြစ်တယ်။ မလုပ်ရင်လဲ မလုပ်ဘူး။ စိတ်ဝင်စားတာလုပ်မိပြီဆိုရင်လဲ ထမင်းမေ့ဟင်းမေ့လုပ်ကိုင် တတ်ကြသူတွေဖြစ်ပါတယ်။ကောင်းတဲ့အချက်က ဘဝမှာအလှူအတန်းတွေလှူခွင့်ရလာတတ်ပါတယ်။ မိမိကြိုက်တဲ့ ကုသိုလ်မျိုးတွေ ပြုခွင့်ရတဲ့သူတွေပါ။ ငယ်ငယ် ကတည်းကသာ ဘာသာရေးလိုက်စားမယ်ဆိုရင်တော့ တစ်မဂ်တစ် ဖိုလ်ကို ဒီဘဝဒီခန္ဓာနဲ့တောင်ရသွားနိုင်တဲ့ ဇာတာရှင်တွေပဲဖြစ်ပါတယ်။ပေါင်းသင်းဆက်ဆံရေးညက်ညောတယ်။ဘယ်လိုလူကို ဘယ်လိုပေါင်းရမလဲ သိ တယ်။ ဒါပေမဲ့ ဆွေမျိုးသားချင်းတွေနဲ့ကတော့ အမြဲတမ်းကြောင်နဲ့ကြွက်လို ရန်လိုနေတတ်တဲ့ဇာတာမျိုးတွေ ပဲ ဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၅၅) နာရီမှ နံနက်(၁၀◌း၂၃)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ ဗုဒ္ဓဟူး၊ ကြာသပတေး       သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္လာ၊ သောကြာ  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ အင်္ဂါ၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် အစိမ်းရောင်     များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၁)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လိမ္မော်သီးစား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နွားနို့ထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အိမ်ပြောင်း၊အိုးပြောင်း၊နေရာပြောင်း၊ရုံးခန်းပြောင်းဆို မျိုးကြုံရမည်။ စိတ်ကူးပြီးလက်တွေ့လုပ်ရမယ်ဆိုရင်တော့ အဆင်မပြေ တာကြုံရတတ်ပါတယ်။ငွေပေးငွေယူကိစ္စ များ အငြင်းပွားစရာကြုံရတတ်ပါတယ်။ ငွေမချေး လိုက် ပါနဲ့။ စပ်တူ အလုပ်များဒီနေ့မှာမစလိုက်ပါနဲ့။ သွားချင်တဲ့ ခရီးတွေအကြောင်းအမျိုးမျိုးကြောင့်လွဲချော်ရ တတ်ပါ တယ်။ ကုန် ရောင်းကုန်ဝယ်အလုပ်များနှင့် ကုန်စည်ဒိုင် ဖွင့်ထားသူများအရောင်း အဝယ်တွေဖြစ်ထွန်းပါလိမ့် မယ်။ ကျန်းမာရေးက တော့စိတ်ချမ်းသာမှုတွေများပါလိမ့်မယ်။ သွေးလည်ပတ်မှုအား ကောင်းပြီး နေလို့ထိုင်လို့ကောင်း ပါလိမ့် မယ်။

တနင်္လာ

မိမိဖြစ်ချင်တာကတစ်မျိုးဖြစ်နေတာကတစ်မျိုးဆိုတာ မျိုးတွေဖြစ်ရတတ်ပါတယ်။ အထင်နဲ့အမြင်တွေလွဲနေရ တတ်ပါ တယ်။ တတ်နိင်သမျှဦးဆောင်ဦးရွက်မလုပ်ပါနဲ့။ အများအကြံကိုလက်ခံပြီးမှ ဆုံးဖြတ်ချက်တွေကို ချမှတ် လိုက် ပါ။ စပ်တူအလုပ်များ ငွေကြေးအရှုပ်တစ်ခုကြောင့်စ ကားများနေရတတ်ပါတယ်။ လမ်းခရီးအန္တရာယ် ဖြစ် ခြင်း ကြန့်ကြာတတ်ခြင်းတွေကြုံတွေ့ရ တာကြောင့် စက်ကားရဲ့ ကြံ့ခိုင်ရေးကိုစစ်ဆေးပြီးမှခရီးသွားပါ။ အားနာလို့ ငွေကြေးချေးငှားလိုက်တာမျိုး မလုပ်မိပါစေနဲ့။ ဘယ်လောက်ပဲ စေတနာထားလုပ်ပေးလုပ်ပေးမကောင်း မြင်ခံရ တတ်ပါ တယ်။ငွေကြေးနဲ့ပတ်သက်ပြီး အသုံးများနေတတ် ပါတယ်။

အင်္ဂါ

ပူပန်စရာတွေ၊ စိုးရိမ်သောကရောက်စရာတွေများနေတတ်ပါ တယ်။ အလုပ်နဲ့ပတ်သက်ပြီး နားချိန်မရနိုင် အောင် ဖြစ် တတ်ပါတယ်။ ရောင်းလိုတဲ့ပစ္စည်းတွေရှိရင် ရောင်းထွက် သွားတတ်ပါတယ်။ ကုန်သည်များဈေးအပြောင်း အလဲ ကြောင့်နစ်နာရတတ်ပါတယ်။ မိမိကိုယ်တိုင်ဘာမှမသိဘဲ သူများပြောလို့ ယုံကြည်လုပ်ကိုင်ရတဲ့အလုပ်တွေက အဆင်ပြေတတ်ဘူးနော်။ မည်သည့်စကားမှမယုံနဲ့ ။မည်သူ တစ်ဦးတစ်ယောက်ရဲ့ကတိစကားကိုမျှ တည်လိုက် မယ်လို့ မထင်လိုက်ပါနဲ့။ကျန်းမာရေးကောင်းပေမဲ့ ဦးမူးခေါင်း ကိုက်ဖြစ်ရင်တော့သတိထားသင့်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်ပိုတွေကိုလဲကောင်းစွာ လျှော့ချနိုင်ပါလိမ့်မယ်။  လုပ် ငန်းခွင်အတွင်းကောင်းစွာစီမံခန့်ခွဲနိုင်ပါလိမ့်မယ်။ အထက် လူကြီးကိုဖြစ်စေ၊ မိဘတွေကိုဖြစ်စေ မိမိပြောပြတိုင်ပင် ချင်တာတွေကို ဖွင့်ဟပြောပြလို့သင့်ပါတယ်။ ရွှေပျောက်တတ်ပါတယ်။ မိမိဆွဲကြိုးတွေ၊နားကပ်တွေခိုင်မခိုင်ပြန်စစ် ပေးပါ။ အိမ်တွင်းရေးမှာတော့ အပူသောက လေးတွေကြုံရနိုင်ပါတယ်။ လူငယ်များ အချစ်ရေးမှာစန်းအလွန်ပွင့်နေ တတ်ပါတယ်။ ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းနေတတ်ပါတယ်။ ခရီးထွက်လို့ကောင်းတဲ့ နေ့ရက်ပါပဲ။ အပျော် ခရီးတွေလဲသွားလို့သင့်ပါ တယ်။ စိတ်ချမ်း သာ စရာများပါတယ်။

ကြာသပတေး

အလုပ်တွေပြန်လည်ကောင်းမွန်လာလိမ့်မယ်။ ရောင်း ပန်းဝယ်ပန်းတွေပွင့်ပါလိမ့်မယ်။ လူအများရဲ့အထင်ကြီး လေးစား ခြင်းကိုလဲခံရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဆီကအကူအညီတွေရလိမ့်မယ်။ အလှအပနှင့် ဆိုင်သော ပစ္စည်းများ လက်ဆောင်ရတတ်ပါတယ်။ လုပ်ချင်တာ တွေကို လုပ်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ပြီး အခွင့်လမ်း ကောင်းတွေ ရလာတတ်ပါတယ်။ အလုပ်စာမေးပွဲ ဖြေခြင်းတွေ၊အင်တာဗျူးဖြေခြင်း တွေ အထူး ကောင်း ပါတယ်။ပွဲစားများပွဲဖြစ်မဲ့နေ့ပါပဲ။  အနုပညာအလုပ်များ၊ခံစား ချက်ကိုဦးစားပေးတဲ့အလုပ် များအထူး ကောင်း ပါတယ်။

သောကြာ

စည်းကမ်းဆိုတာကို မိမိကိုယ်တိုင်က ချိုးဖောက်ချင်နေတတ် ပါတယ်။ အလုပ်အကိုင်နဲ့ပက်သက်ရင် မိမိကို မတရား ခိုင်းနေတယ်လို့ထင်နေမိတတ်ပါတယ်။ စိတ်ထားတတ်ဖို့ လိုပါတယ်။ ပင်ပန်းတယ်သဘောမထားဘဲ တတ်နိုင်သမျှ လုပ်ပေးလိုက်ပါ။ လှောင်ကုန်တွေတော့ရောင်းထွက် လိမ့်မယ်။ ပျောက်ရှနေတဲ့ပစ္စည်းတွေ မထင် မှတ်ဘဲပြန်တွေ့ တတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာ သဘောထားကွဲ လွဲစရာတွေကြုံနေရတတ်ပါတယ်။ တွေ့ ကရာ လူနဲ့ မိတ်ဆွေမဖွဲ့မိ ပါစေနဲ့။ ကြုံရတဲ့သူတွေဟာလူကောင်းထက် လူဆိုးများနေတတ်ပါ တယ်။ကျန်းမာရေး အညံ့မရှိ သလောက်နည်းပါတယ်။

စနေ

မိတ်ဆွေသစ်တွေတိုးပွားလာပါလိမ့်မယ်။ မိမိလုပ်ချင်တာတွေ လုပ်ခွင့်ရလိမ့်မယ်။ ငွေအစုလိုက်ဝင်နိုင်တာမျိုးလဲ တွေ့ရပါတယ်ဗျာ။ ငွေကြေးနဲ့ပတ်သက်တဲ့ ဘဏ်လုပ်ငန်းတွေ၊ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ငွေလွှဲ လုပ်ငန်းတွေ အဆင်ပြေတတ်ပါတယ်။ လူအများကိုလဲ စည်းရုံး သိမ်း သွင်းနိုင်မဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ညံ့နေရင် တောင်ဆရာကောင်း၊ဆေးကောင်းနဲ့တွေ့ပြီးသက် သာ ခွင့်ရပါလိမ့်မယ်။ ဒီကာလဟာ အကူ အညီ တွေရဖို့အခွင့်အလမ်း နည်းပါတယ်။ ဒီနေ့ဟာကိုယ်ကပဲကူညီပေး လိုက်ရ တာများပါ တယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

14.October.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၅)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၃၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၈)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင် ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထား သော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင် ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက် လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။သို့သော်သမားညိုနဲ့တိုက်ဆိုင်တာမို့ ရှောင် တာကတော့ပိုကောင်းပါတယ်။

ဒီနေ့ဟာ ရက်ကန်း၊သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာတီထိအရတော့  လဆုတ်တီထိ၅လုံးဖြစ်ပြီးတော့ ပြည့်စုံခြင်း၊မြင့်မြတ်ခြင်းတွေကိုပေးတဲ့ပုဏ္ဏတီထိကျ ရောက် တဲ့ နေ့ရက်လဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီလိုနေ့ရက်တွေမှာ အလုပ်နဲ့ပတ်သက်ပြီးလဲ အထိုင်အလုပ်ပဲဖြစ်ဖြစ်၊ လှုပ် ရှားသွားလာလုပ်ကိုင်ရတဲ့အလုပ်ပဲ ဖြစ်ဖြစ်အလုပ်နဲ့ ပတ်သက် ရင်အဆင်ပြေပါလိမ့်မယ်။ ဒီနေ့မှာ အပျော်ခရီး တွေ ပဲဖြစ်ဖြစ်၊ မွေးရပ်မြေကိုပြန်တဲ့ ခရီးပဲဖြစ်ဖြစ်၊ အလုပ်နဲ့ ပတ်သက် သောခရီးပဲဖြစ်ဖြစ် ခရီးကိစ္စတွေစတင်လို့ အလွန်ပဲ ကောင်းတာကိုတွေ့ရပါတယ်။

ပညာရပ်အသစ်များစတင်သင်ကြားခြင်း၊ ပညာရေးနဲ့ပတ်သက်ပြီးတော့ သင်တန်းဖွင့်ခြင်းတွေလဲအထူးကောင်းပါ တယ်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများလဲအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ဘဏ်လုပ်ငန်းများ ငွေလွှဲဝန်ဆောင် မှု လုပ်ငန်းများတိုးတတ်ပါတယ်။

ဆိုင်လုပ်ငန်းများရိုးသားကြိုးစားလို့အောင်မြင်တဲ့သူတွေဆိုရင်တော့သတိထားပါဗျာ၊မနာလိုသူတွေရှိနေတတ်ပါ တယ်။ ချောက်ချနိုင်တာမျိုးတွေလဲ ရှိတတ်ပါတယ်။ရေနှင့်ပတ်သက်သော ပင်လယ်စာလုပ်ငန်းများ၊ အချိုရည်၊ အအေး၊ရေ သန့် လုပ်ငန်းများလဲ တိုးချဲ့လုပ်ကိုင်နိုင်တဲ့ နေရက်ပါပဲ။

အလုပ်နဲ့ပတ်သက်ပြီး meetingထိုင်ခြင်းတွေ၊ ဆွေးနွေးခြင်းတွေအထူးပဲဆောင်ရွက်လို့ကောင်းပါတယ်။အရပ်ဝေး နှင့်ဆက်သွယ်လုပ်ရသောအလုပ်တွေအထူးပဲသင့်လျော်ပါတယ်။အလုပ်ပိုကိစ္စပိုတွေကိုလဲကောင်းစွာလျှော့ချနိုင်ပါ လိမ့်မယ်။ အိုးအိမ်နဲ့ပတ်သက်သော စကားမှန်သမျှပြောဆိုလို့အလွန်ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။နံနက် ၈း၂၄ ကနေ၁၀း၂၀ကြား၊မွန်းလွဲ ၁း၁၂မိနစ်ကနေ ညနေ၃း၃၆ ကြားစတင်ဆောင်ရွက်သောကိစ္စများလဲ ထူးခြားသောအကျိုး ဆက်တွေကိုပေးစွမ်းပါလိမ့်မယ်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉း၅၂)နာရီမှ (၂၀◌း၄၄)နာရီ အတွင်း အတွင်းဖြစ် ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊ ပြိဿ စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာကံကောင်းတာက မိဘဆွေမျိုးတွေရဲ့ သည်းသည်းလှုပ်အချစ်ခံရတတ် ပါတယ်။ ဆိုးတာက စည်းကမ်းတွေ၊ဘောင်တွေကို ကျော်လွန် ပြီးလုပ်လေ့ရှိကြသူတွေဖြစ်ပါတယ်။ ဒါမလုပ်နဲ့လို့တားရင် ရအောင်ခိုးလုပ်တတ်သူတွေဖြစ်ပါတယ်။ အပေါင်းအသင်း ဝင်ဆန့်တယ်။ အချိတ်အဆက်ကောင်းတယ်။ နည်းပညာ အလုပ်များနှင့် စက်ကားယန္တရားကို ဝါသနာထုံသူတွေဖြစ် ကြတယ်။ ရပ်ဝေးကိုခရီးဆန့်လိုတယ်။ အားတိုင်းကမ္ဘာအနှံ ခရီးသွားလိုသူတွေဖြစ်ကြတယ်။ ကံကောင်းတာက ဘဝက ဘယ်တောအခါမှ ဆိုးဆိုးဝါးဝါးနိမ့်ကျသွားလေ့မရှိတဲ့ဇာတာ ရှင်ရင်သွေးများပဲဖြစ်ပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀◌း၂၃) နာရီမှ နေ့လယ်(၁၁း၅၂)နာရီအတွင်း ကျ ရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာ တွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများ တနင်္လာ၊ ကြာသပတေး၊ သောကြာ  သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္ဂနွေ၊ ဗုဒ္ဓဟူး   သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ အင်္ဂါ၊ ရာဟု၊ စနေ  သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင်နှင့်မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေ ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေက‌တော့  (၂၊ ၉)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့စတော်ဘယ်ရီစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပဲထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ငွေထွက်စရာလေးတွေများနေတတ်ပါတယ်။ အလုပ် တွေ များပေမဲ့အကြွေးကျတာ၊ချက်ချင်းငွေမပေါ်တာမျိုးတွေလဲ ဖြစ်ရတတ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အနည်း ငယ်ပင်ပန်းတာနဲ့ နေမထိထိုင်မသာဖြစ်ရတတ်ပါတယ်။ စိတ်ကူးထားတာလေးတွေဖြစ်နေရတတ်ပါတယ်။ လုပ်သမျှ ပင်ပန်းမှုတွေရှိတာကြောင့် အနားယူချိန်လေးတွေကို သပ်သပ် ခွဲထားသင့်ပါတယ်။ အချစ်ရေးကိစ္စတွေမှာ တော့ ချစ်သူ ရဲ့သဝန်တိုမှုတွေကြောင့်အနေအထိုင် ခက်ရ တတ်ပါတယ်။ အလုပ်အော်ဒါတွေများပြီးအလုပ် အဆင်ပြေပေမဲ့ လူက တော့ပင်ပန်းရတတ်ပါတယ်။ စိတ်ကူးကောင်း အကြံဉာဏ်ကောင်းတွေ မထွက်တာမျိုး ကြုံရ တတ်ပါတယ်။

တနင်္လာ

ဘာလုပ်လုပ် မဆိုင်းမတွထလုပ်ပါ။ စဉ်းစားနေရင် အပျက် ဘက်ကိုပဲစဉ်းစားနေမိတတ်ပါတယ်။ တစ်ခုဝယ်ချင်တာကို ချိန်ဆပြီး စဉ်းစားနေမဲ့အစား မျက်စိမှိတ်ပြီး ဝယ်လိုက်တာ မျိုးကိုဒီနေ့မှာဆောင်ရွက်စေချင်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်ပြီး လှူချင်တာတွေကိုလှူခွင့်ရ လာတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီနေ့မှာဒေါင်ဒေါင်မြည်ကောင်းနေ တတ်ပါတယ်။ မိသားစုအတွင်းစိတ်ဝမ်း ကွဲတာလေးတွေကို ပြန်လည်ညှိနှိုင်းဆောင်ရွက်နိုင် ပါလိမ့်မယ်။ ညှိနှိုင်း စရာ ကိစ္စများ၊ ဆွေးနွေးဆုံးဖြတ်ရမဲ့ ကိစ္စများရှိရင်တော့ ဒီနေ့မှာ လုပ်ဆောင်လို့ အလွန်ပဲသင့်တော်ပါတယ်။

အင်္ဂါ

လိင်မတူသူတွေရဲ့အကူအညီပေးတာမျိုးကြုံရတတ်ပါ တယ်။ မိမိကိုပိုးပန်းပြီး ကူညီပေးတာမျိုးတွေလဲကြုံနေရ တတ် ပါတယ်။ အလုပ်စီးပွားနဲ့ပတ်သက်ပြီး ကောင်းစွာ တိုးချဲ့ နိုင်လိမ့်မယ်။ ရင်းနှီးမြုပ်နှံဖို့လိုအပ်တဲ့ငွေကြေးတွေကိုလဲ ရှာ ဖွေလို့လွယ်ကူပါလိမ့်မယ်။မိမိဖြစ်ချင်တာတွေကိုလဲအချိန်ပေးပြီးလုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။ကျန်းမာရေး အတွက် တော့ ငွေကုန်ရလိမ့်မယ်။ အောက်လက် ငယ်သားများ သားသမီးများကိုတော့ အားကိုးရမဲ့နေ့ရက်ပါပဲ။ ရပ်ဝေးကိစ္စများ ၊နယ်ဝေးကိစ္စများ နှင့် နိုင်ငံရပ်ခြားနဲ့ ပက်သက် သောကိစ္စများအလွန်ပဲကောင်းနေတဲ့နေ့ရက်ပါပဲ။

ဗုဒ္ဓဟူး၊ရာဟု

တွေးထင်ထားသည်နဲ့ လက်တွေ့နဲ့အလွန်မှပဲကွာခြားနေတတ်ပါ တယ်။ ကံကောင်းခြင်းတွေကို ဉာဏ်ဝီရိယတွေနဲ့ပဲ တည်ဆောက်ယူရပါလိမ့်မယ်။ ကျန်းမာရေးကတော့ အညံ့များ နေတတ်ပါ တယ်။သူတစ်ပါးဆီက အကူအညီ ကောင်း တွေ ကိုတော့ရတတ်ပါတယ်။ ဝယ်စရာများတာကြောင့် စုထား တာလေးတွေ ထုတ်သုံးရတတ်ပါတယ်။ အသေးစား၊ အလတ်စားထက် လုပ်ငန်းကြီးများ အမှားအယွင်းတွေများ နေတတ်ပါတယ်။ သိ သင့်တာလေးတွေကို သိခွင့်ရလိမ့် မယ်။ ပညာရေးနဲ့ပတ်သက်ပြီးလဲ ခက်ခက်ခဲခဲသင်ယူရ တတ်ပါတယ်။ အသုံးမလို သေးတဲ့ပစ္စည်းတွေကိုဝယ်ယူ တာမျိုး ရှောင်ရှားစေချင်ပါတယ်။

ကြာသပတေး

လုပ်ငန်းရှင်ဆို ဝန်ထမ်းတွေစည်းလုံးရေးကိုဦးစားပေး ဆောင်ရွက်ပါ။ အသင်းအဖွဲ့တွေ ဖွဲ့စည်းပုံပြင်ဆင်လုပ်ဆောင် ခြင်းဖြင့် ပိုမိုတိုးတတ်ပါတယ်။ ဝန်ထမ်းများ လုပ်ငန်း ခွင်အအတွင်းစီမံခန့်ခွဲမှုကောင်းလေလေ တိုးတတ်လေပါပဲ။ ကျန်းမာရေး အတွက်လဲ စိတ်ချမ်းသာရမယ်။ဆေးဝါး လုပ်ငန်းများ ဆေးအသစ်တွေဖော်တာမျိုး၊ အရောင်းမြှင့်တင် တာမျိုးတွေ အထူးလုပ်သင့်ပါတယ်။ အိမ်တွင်းမှုလုပ် ငန်းများ၊ မိသားစု လုပ်ငန်းများအထူးတိုးတတ်မဲ့နေ့ပါပဲ။ မိမိ ချစ်သူ ဆီက လက်ဆောင်ပစ္စည်းလေးတွေရလာ တတ်ပါ တယ်။မိမိဆွေမျိုး သားချင်းတွေအလည်အပတ် ရောက်လာ တတ် တဲ့နေ့ပါပဲ။

သောကြာ

စီမံကိန်းတွေရေးဆွဲလို့အလွန်ကောင်းပါတယ်။ ရေရှည် အတွက် plan ချသင့်တဲ့နေ့လဲဖြစ်ပါတယ်။ ကောင်းသော လိုအင်တွေလဲပြည့်ဝလာလိမ့်မယ်။ အချိန်အတော် ကြာဖြည့်ဆည်းထား တဲ့၊ရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေကနေ အကျိုးအမြတ် များတတ်ပါတယ်။ တွေးတော စိတ်ကူးထားတာလေးတွေလဲ ပြည့်မြောက်လာတတ်ပါတယ်။ အနီး အနားမှာမီးဖွားတယ်လို့ ကြားရင်တော့ ထီကံစမ်းကြည့်လိုက်ပါ။ကံထူးတတ်ပါ တယ်။ ခရီးနဲ့ပတ်သက်ပြီး လမ်းမှာ အခက် အခဲတွေများရတတ်ပါတယ်။ အပျော်အပါးလျှော့ ထားလေ ကံမြင့်လေပါပဲ။ ချစ်သူခင်သူတွေပေါများသလို ကူညီမဲ့သူတွေလဲပေါများနေ တတ်ပါတယ်။

စနေ

ပညာရေးကိစ္စတွေ အရေးပေးဆောင်ရွက်လို့မကောင်း သေးပါဘူး။ မိမိဖြစ်ချင်တဲ့ကိစ္စတွေထက် လူကြီးမိဘတွေရဲ့ ဖြစ်ချင်တာကိုဦးစားပေးလိုက်ပါ။မြေကိစ္စများ၊ပဲကိစ္စ များ အဆင်မပြေ ဖြစ်လွယ်ပါတယ်။ စီးပွားရေးကိစ္စတွေမှာ အရမ်း ကြီး ပုံမချဲ့ပါနဲ့။ ချဲ့ကားလုပ်လေ အရှုံးများလေ ပါပဲ။ အလှူ တွေလုပ်မိရင်လဲ မှန်းထားသည်ထက်ပိုမိုကုန်ကျ သွား တတ် ပါတယ်။  အရာရာအနစ်နာခံပြီးတော့ လုပ်ကိုင်ပေးရတဲ့ နေ့ရက်ပါပဲ။ အလုပ်နဲ့ ပတ်သက်ပြီး နေရာသစ်မှာ တာဝန် ထမ်းဆောင်ရတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်သော စာမေးပွဲများ အခက်အခဲ အကြပ်အတည်းတွေရင် ဆိုင်ရတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

13.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၄)ရက်၊ ကြာသပတေးနေ့ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၈)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့ အချိန်အခါပြန်ရွေးပြီးမှဆောင်ရွက်ပါ။

ဒီနေ့ဟာ ရက်ရာဇာ၊ အမြိတ္တစုတ်၊ သမားဖြူ၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ ၄လုံးဖြစ်ပြီးတော့ဆင်းရဲခြင်းသဘောဆောင်တဲ့ ရိတ္တာတီထိကျ ရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ဒီလိုနေ့တွေမှာတော့ မိမိဖြစ်ချင်တဲ့ကိစ္စတွေကိုအချိန်ပေးလုပ်သွားနိုင်ပါလိမ့်မယ်။ ဘာလုပ်လုပ် သတိတော့ မလွတ်သင့်ပါဘူး။ စာရင်းဇယားအမှားတွေလုပ်မိတတ်လို့ပါပဲ။

စနေဂြိုဟ်အုပ်စိုးတဲ့တီထိဖြစ်ပါတယ်။ စစ်လက်နက်များ ထုတ်လုပ်ခြင်း၊ဓားလှံလက်နက် များထုတ်လုပ်ခြင်း တွေ အထူးဆောင်ရွက်နိုင်ပါတယ်။ အရက်၊ဘီယာစတဲ့ယမကာများ ထုတ်လုပ်ခြင်း ဖြန့်ဖြူးခြင်း တွေလဲ ဆောင်ရွက်နိုင် ပါတယ်။

ရန်သူစခန်းကိုသိမ်းပိုက်ခြင်း၊ တရားခံကို ဖမ်းဆီးခြင်းမျိုးတွေပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။ လက်လျော့ ထားတဲ့ အလုပ်တွေကို တကျော့ပြန်လည်လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ အတိတ်ကလုပ် ခဲ့တဲ့ ကောင်း တဲ့ကိစ္စတွေဆိုကောင်းကျိုး၊ဆိုးတဲ့ကိစ္စတွေလုပ်ခဲ့ရင် ဆိုးကျိုးတွေအနေနဲ့ပြန်လည်ခံစားရတတ်ပါတယ် ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲ အထူးအဆင်ပြေမှုတွေရှိပါလိမ့်မယ်။ လက်လွန်ထားတဲ့ငွေတွေ၊ ဆုံးမယ်ထင်တဲ့ ငွေတွေပြန်ရတတ်တဲ့နေ့ရက်ပါပဲ။။

တရားအားထုတ်ခြင်၊ဘဝနာပွားများခြင်း၊ ကမ္မဌာန်းရှုမှုတ်ပွားများခြင်းများလဲ အထူးဆောင်ရွက်ခြင်းဖြင့် ထူးခြားတဲ့ ဉာဏ်စဉ် တွေကိုရလာတတ်ပါတယ်။ လျှပ်စစ်ပစ္စည်းဆိုင်များ၊ လျှပ်စစ်နှင့်ပက်သက်ဆက်နွယ်သောလုပ် ငန်းများ အထူးပဲအဆင်ပြေလာတတ်ပါတယ်။

စိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ပိုးသတ်ဆေးဖြန်းခြင်းများလဲ အထူးပဲပြုလုပ်ဆောင်ရွက်သင့်တဲ့ နေ့ ရက်ပါပဲ။ လုပ်ငန်းသစ်တွေစတင်လည်ပတ်တာ၊ အလုပ်လျှောက်တာမျိုးတွေ စတင်လို့အထူးကောင်းပါတယ်။ ကံစမ်းမဲနှိုက် ခြင်းများ၊ ထီထိုးခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။  အဝတ်ချုပ်လုပ်တာမျိုးတွေ၊ အဝတ်ဒီဇိုင်းရေး ဆွဲတာမျိုးတွေ၊ ဖက်ရှင်ရှိုးပွဲများပြုလုပ်ခြင်းများလဲ အထူးဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။

ဒီနေ့မှာရှောင်သင့်တာကတော့ ပိုက်ဆံမချေးပါနဲ့ ဆုံးတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲ လူယုံမထား သင့်ပါ။ မဖွင့်ပြောသင့်တဲ့စကားတွေကို လျှို့ဝှက်ထားလိုက်ပါ။ အချိန်ဆွဲလို့ အခွင့်အလမ်းတွေ၊ ရပိုင်ခွင့်တွေဆုံးရှုံး ရတတ်တဲ့နေ့ရက်လဲဖြစ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉း၅၆)နာရီမှ ည(၂၀◌း၄၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ဘင်္ဂဖွား၊  ပြိဿစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။စိတ်ကူးကောင်းတွေရှိနေတဲ့ဇာတာ ရှင်တွေပါ။ ကောင်းတဲ့အချက်က လူကြီးမိဘစကားနားထောင်ကြသူတွေများပါတယ်။ နောက်ထပ်ကောင်းတဲ့  အချက် က လူချစ်လူခင်များခြင်း၊ ထောက်ပံ့နိုင်တဲ့အသိုင်းအဝန်းရှိနေတတ်ကြခြင်းပါပဲ။ မိမိထက်တော်တဲ့ထက်တဲ့ အိမ်ထောင် ဘက်ကောင်းလဲ ရရှိတတ်တာကိုတွေ့ရပါတယ်။ အလုပ်တွေနဲ့ပတ်သက်ပြီးတော့ မတည်ငြိမ်တဲ့အလုပ် တွေ၊လှုပ်လှုပ် ရှားရှားအလုပ်တွေနဲ့ တိုးတတ်နိုင်ပါတယ်။ ကုန်သည်၊ဂိုက်၊သင်္ဘာသား၊delivery လုပ်ငန်း၊ကုန်စည်ပို့ ဆောင်ရေးစတဲ့ အလုပ်တွေနဲ့အောင်မြင်ကြတာကို တွေ့ရပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၂၀) နာရီမှ မွန်းလွဲ(၂း၄၉)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ အင်္ဂါ၊ သောကြာ၊ စနေ        သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား ကြာသပတေး၊ ရာဟု၊ ဗုဒ္ဓဟူး   သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ တနင်္လာ   သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင်၊အပြာရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၆)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရေဗူးအသေးလေး တစ်ဗူး ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘူးသီးကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မိမိအတွက် ငြိမ်နေတာ၊အရာရာဦးဆောင်ဦးရွက် မလုပ်တာအကောင်းဆုံးပါပဲ ။ အောက်လက် ငယ်သားတွေကို ဆူပူ တာမျိုး၊ သားသမီးဆူတာမျိုးရှောင်ပါ။ ပြောပြီး စိတ်ဆင်းရဲရတတ်ပါတယ်။ လုပ်ငန်း မကျွမ်းကျင်သေးတဲ့ လုပ်ဖော် ကိုင်ဖက်တွေနဲ့တွဲလုပ်ခြင်းမျိုးသတိထားစေချင် ပါတယ်။တွေးထင်ထားတဲ့ကိစ္စတွေက လက်တွေ့လုပ်ဆောင်လို့ မသင့် သေးပါဘူး။ တတ်နိုင်သမျှသူတစ်ပါးကို ရှေ့ကထားပြီးလုပ်ဆောင်ရမဲ့နေ့ပါ။ မိမိကနောက်လိုက်အနေနဲ့ပဲနေ လိုက်ပါ။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အနည်းငယ်သတိထားပါ။ စက်ယန္တရားတွေနဲ့ပက်သက်ပြီး ထိခိုက်ရှနာ ဖြစ်လွယ် ပါတယ်။

တနင်္လာ

အရောင်းအဝယ်စာချုပ်ချုပ်ဆိုခြင်းမျိုးတွေလက်ရှောင်သင့်တဲ့နေ့ ရက်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်ရင် တော့ အမျိုး သမီး တွေအထူးသတိထားပါ။ အမျိုးသမီးရောဂါအထူးဖြစ် လွယ်ပါတယ်။စကားမတည်တဲ့သူတွေနဲ့ တွေ့ရတတ်ပါ တယ်။ အောက်ခြေသိမ်းလိုက်လုပ်ခြင်းဖြင့် ကံအညံ့တွေ ပြယ်ပျောက်ပါလိမ့်မယ်။ အတွေးလေးတွေချွတ်ချော်နေ တတ်ပါတယ်။  ဒါကြောင့်မိမိအကြံ အစည်ကိုဦးစား မပေးစေချင်ပါဘူး။ စိတ်ကိုတတ်နိုင်သလောက်လျှော့ချထားလိုက် ပါ။ စိတ်တို၊စိတ်ဆတ်တာမျိုး တွေဖြစ်လွယ်နေ တတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက်လဲ မိမိဘက်က အပြောအဆိုအပြုအမူတွေကိုဆင် ခြင်လိုက်ပါ။

အင်္ဂါ

အဝေးကမိတ်ဆွေတွေက မိမိကိုအကြံဉာဏ်တွေပေးပါ လိမ့်မယ်။ online ကနေမိမိလိုချင်တဲ့သတင်းအချက်အလက် တွေလဲ ရပါလိမ့်မယ်။ ကျန်းမာရေးလဲ အကောင်းများ ပါတယ်။ မိတ်ဆွေသစ်တွေလဲတိုးပွားပါလိမ့်မယ်။ အိမ်တွင်း ရေးအပူတွေဒီနေ့ မှာဖြေရှင်းနိုင်ပါလိမ့်မယ်။ ကိုယ့်ရဲ့ အလုပ်အကိုင်တွေကို တစ်ဖက်တစ်လမ်းကနေ မိဘတွေက ကူညီပေးနေပါလိမ့်မယ်။ စိတ်ကူးထားတဲ့ကိစ္စတွေ တော်တော်များများက အဆင်ပြေတိုးတတ်မှုတွေကို ပေးပါ လိမ့်မယ်။ စိတ်ကူးကောင်းတွေကို လက်တွေ့အကောင် အထည်ဖော်ကြည့်လိုက်ပါ။

ဗုဒ္ဓဟူး၊ရာဟု

ငွေကြေးနဲ့ပတ်သက် ပြီးတော့လဲ အယုံမလွယ်မိပါစေနဲ့။ ကားဝယ်ခြင်း၊ကားရောင်းခြင်း၊အလဲအထပ်လုပ်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက် လို့မသင့်သေး ပါဘူး။ စိတ်ကူး ပုံဖော်ထားတာလေးတွေဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက် ပြီးတော့လဲ အနည်းငယ်အားနည်းနေတတ်ပါ တယ်။ အလုပ်နဲ့ပတ်သက်ပြီး တွေးစရာတွေ များနေတတ်ပါ တယ်။ သားသမီးတွေအတွက် ကုန်ကျနေတာတွေများ နေတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူ နဲ့နယ်ကျွံတာမျိုး တွေ ဖြစ်လွယ်တယ်။ မရည်ရွယ်ဘဲ အတူနေမိတတ် တဲ့အတွက်သတိထားပါ။

ကြာသပတေး

မိမိအဆင်ပြေနေတယ်ဆိုရင် ကျေးဇူးရှိဖူးသူတွေကို ပြန်လည် ကူညီလိုက်ပါ။ခရီးသွားမယ် ဆိုရင်တော့ ထင်ထား သည်ထက် ပိုပင်ပန်းတတ်ပါတယ်။ မသွားဖူးတဲ့ဒေသတွေကို တတ်နိုင်သလောက်ရှောင်ပါ။ ကာလရှည်ကြာမအောင် မြင်တဲ့လုပ်လက်စ အလုပ်ကိစ္စတွေရှိရင်တော့ ပြန်အဆင်ပြေ တတ်တဲ့နေ့ရက်ပါ။ ကူညီမဲ့သူနည်းပါးပြီး ကိုယ်ထူ ကိုယ်ထ ကြိုးစားရတတ်ပါတယ်။ ကိုယ်ကပဲသူတစ်ပါးကို ကူညီလိုက်ရတာများနေတတ်ပါတယ်။ အိမ်တွင်းရေးအရှုပ် အရှင်း တွေမရှိအောင်နေထိုင် လိုက်ပါ။ ကျန်းမာရေး ကတော့ အကောင်းများပါတယ်။ အပင်ပန်းခံနိုင်ပါလိမ့်မယ်။ စိတ်ကူးထားတာလေးတွေလဲ ပြည့်မြောက်ပါ လိမ့်မယ်။

သောကြာ

လူမှုရေးကိစ္စတွေကတော့ ကောင်းစွာတိုးတတ်မယ်။ မိတ်ဆွေတွေပေါမယ်။ မိမိလုပ်ငန်းတွေကို  လူသိဖို့ promotion လုပ်ခြင်းတွေကိုဒီနေ့မှာစတင်နိုင်ပါလိမ့်မယ်။ ရွှေငွေလက်ဝတ်ရတများဝယ်ယူလို့အလွန်ကောင်း တဲ့နေ့ ရက်ပါပဲ။ မိမိလှူချင်တဲ့အလှူအတန်း များလဲလှူခွင့်ရ တတ်ပါတယ်။စိတ်ချမ်းသာမှုလေးတွေ၊ အောင်မြင်မှုလေးတွေရအောင် လုပ် သွားနိုင်ပါလိမ့်မယ်။  ကံကြမ္မာကတော့ ကောင်းနေတတ်ပါတယ်။အခက်အခဲတွေကိုကောင်းစွာကျော်ဖြတ်နိုင် ပါ လိမ့်မယ်။ ကျန်းမာရေးကတော့ ဒီနေ့မှာ အကောင်းများပါတယ်။ ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်သွားနိုင်ပါ လိမ့် မယ်။

စနေ

ငွေကြေးနဲ့ပတ်သက်ပြီးတာ့လဲ ရပေါက်ရလမ်း အကုန်လုံး ရလာပါလိမ့်မယ်။ ငွေကံကောင်းနေတဲ့အတွက် ငွေကြေး ဝန်ဆောင်မှုအလုပ်တွေအထူးတိုးတတ်ပါလိမ့် မယ်။ ကျန်းမာရေးကတော့ အလွန်မှကောင်းနေပါလိမ့်မယ်။ စန်းပွင့် နေတဲ့နေ့ရက်ဖြစ်တာ ကြောင့် ချစ်သူကို အဖြေ တောင်းခြင်း၊ ချစ်ခွင့်ပန်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး တော့လဲ သင်တန်းလေးတွေတတ် ခွင့်ရပါလိမ့်မယ်။ နည်းကောင်းလမ်း ကောင်လေးတွေတွေ့ရ တတ် ပါတယ်။ မိမိဖြစ်ချင် တာတွေကို ချစ်သူခင်သူတွေရဲ့အကူအညီတွေနဲ့ရလာတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

12.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၃)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၇)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့်သေးပါ။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ ဂါးပေါ်ရက်၊ ရှမ်းရက် ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ ၃လုံး အင်အားတွေ၊ စွမ်းအားတွေကိုပေးတဲ့ ဇယာတီထိကျရောက်တဲ့ နေ့ ရက် ပါပဲ။ဒီလိုနေ့ရက်တွေမှာတော့အတတ်ပညာတစ်ခုတတ်ကျွမ်းသူနှင့်ရှယ်ယာဝင်ခြင်း တွေ၊ အခက်အခဲတွေ အတွက်ကောင်းစွာဖြေရှင်းခြင်းတွေ၊အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ ဆွေးနွေးခြင်းတွေ ကိုအထူးဆောင်ရွက်လို့ ကောင်းပါတယ်။နာတာရှည်ဖြစ်နေသူများ ဆေးစွမ်းကောင်း၊ ဆရာကောင်းနှင့်ဆုံပြီးသက်သာပျောက်ကင်းမည် ။အကြီးအကဲများထံမှ သြဝါဒခံယူလို့အလွန်ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။

ရင်းနှီးမြုပ်နှံမှုတွေတစ်ခုခုလုပ်တော့မယ်ဆိုရင်တော့ သတိနဲ့ယှဉ်ပြီးလုပ်စေချင်ပါတယ်။တန်ဖိုးကြီးပစ္စည်း အသစ်များ ဝယ်မယ်ဆိုဒီနေ့ကမသင့်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ လုပ်လက်စအလုပ်တွေမှာ ကြုံတွေ့နေရတဲ့အခက်အ ခဲတွေကိုလဲ ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။

အိမ်ဆောက်ပစ္စည်းရောင်းဝယ်တဲ့အလုပ်များကုန်မာပစ္စည်းရောင်းဝယ်တဲ့အလုပ်များအထူးတိုးတတ်ပါ လိမ့်မယ်။ ရေနံ သဘာဝဓာတ်သတ္တုများ စူးစမ်းရှာဖွေခြင်းမျိုးအထူးဆောင်ရွက်နိုင်ပါတယ်။ မြေသန့်မင်္ဂလာများပြု လုပ်ခြင်းများအထူး ကောင်း ပါတယ်။ အစုရှယ်ယာဝင်ခြင်း၊ဖက်စပ်လုပ်ခြင်းများလဲ ဒီနေ့မှာစတင်လို့အထူးကောင်းပါ တယ်။

ဘာသာရေးနှင့်ပတ်သက်ပြီးတော့လဲ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်း၊ဘုရားတည်ခြင်းများဆောင်ရွက် သင့်တဲ့နေ့ရက်ပါပဲ။ မိမိရဲ့ ကုန်ပစ္စည်းများကို mediaက ကြော်ငြာခြင်း၊online ကနေကြော်ငြာခြင်းများ လဲဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၀◌း၀၀)နာရီမှ (၂၀◌း၅၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာ ဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့ အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယို ဆိုတာ မျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့ စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊ တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  မိဿစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးများဟာ ပညာ ရေးကံအားသာချက်ရှိကြသူတွေဖြစ်ပါတယ်။ မိဘတွေရဲ့အထောက်အပံ့ကိုကောင်းစွာရရှိတတ်ပြီး ကူညီမဲ့သူတွေ ပေါများမဲ့ ဇာတာရှင်ဖြစ်ပါလိမ့်မယ်။ အလုပ်ပိုတွေကို လျှောက်လုပ်တတ်သူလဲဖြစ်ပါတယ်။ ဘဝမှာနေရာကောင်း ရတတ်တဲ့ဇာတာမို့ ရာထူးကြီး၊ဂုဏ်ဒြပ်ကြီးမားတဲ့နေရာတွေမှာ အကြီးအမှူးခန့်အပ်ခြင်းကိုခံရတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁း၅၂) နာရီမှ မွန်းလွဲ(၁း၂၁)နာရီအတွင်း ကျ ရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်းပါတယ်။

ကံကောင်းသောနေ့သားများ  တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေ        သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား  အင်္ဂါ၊ သောကြာ  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္လာ၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ ကာကီရောင် နှင့် အဖြူရောင်    များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပဲကပ်ကြော်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သင်္ဘောသီး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ခရီးသွားလုပ်ငန်းများ တိုးတတ်ပါလိမ့်မယ်။အနုပညာအလုပ် များ အဆင်ပြေမှုတွေများမဲ့နေ့ရက်ပါပဲ။ ငွေရှာရလွယ် ပါတယ်။  ကိုယ်ပိုင် အလုပ်များ ဖောက်သည်တွေ တိုးပါလိမ့်မယ်။ အလုပ်မှာအကြီးအကဲတာဝန်ယူထားသူ ဆိုရင်တော့ အောက်လက် ငယ်သားတွေကို မိမိလိုရာ ပုံသွင်းနိုင်မဲ့နေ့ရက်ပါပဲ။ စိတ်ချမ်းသာမှုတွေများနေတတ်ပါတယ်။ မိတ်ကောင်းဆွေ ကောင်းတွေရဲ့အကူအညီတွေ အများ အပြားရတတ်ပါတယ်။ခရီးတို၊ခရီးရှည် တွေသွားရမယ် ဆိုရင်လဲ ကောင်းသော ခရီးအဆင်ပြေတဲ့ခရီး တွေဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးကတော့ အကောင်းများပါတယ်။

တနင်္လာ

လက်လွတ်စပယ်လုပ်ထားမိတဲ့ကိစ္စတွေကနောင်ပြဿနာ ကြီးလာတတ်ပါတယ်။ သေးငယ်တဲ့အလုပ်တွေကအစ အားထည့်ပြီးလုပ်ကိုင်ပါ။ မိမိအိမ်မှာ အရွယ်ရောက်ပြီဖြစ်တဲ့ သားသမီးတွေရှိရင်တော့ ရပ်ဝေးကိုခရီးသွားတာပဲ ဖြစ်ဖြစ်၊ အိမ်ကနေစိတ်ဆိုးပြီးဆင်းသွားတာပဲဖြစ်ဖြစ်တွေ့ရ တတ်ပါတယ်။ လုပ်ငန်းခွင်အ တွင်းလုပ်ဖော်ကိုင်ဖက် တွေရဲ့ အလိုကိုလိုက်ပါ။ အောက်လက်ငယ်သားတွေကို သူတို့နိုင်မဲ့ကိစ္စတွေကို လုပ်ပိုင်ခွင့် တွေပေးလိုက်ပါ။ မိမိကို ပိုချစ် ပါလိမ့်မယ်။ ကျန်းမာရေးကတော့ဒီနေ့ဟာ အားနည်းတယ်။ လေဝမ်းသတိထားပါ။ ဝမ်းပျက်လွယ်နေတတ်ပါ တယ်။

အင်္ဂါ

အိုးအိမ်ကိစ္စတွေဆောင်ရွက်လို့မကောင်းသေးပါဘူး။ အလုပ်အင်တာဗျူးဖြေခြင်းများ ၊စာမေးပွဲဖြေခြင်းများ အထူး ညံ့နေ တတ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေ ထက် ဒုက္ခပေးမဲ့ သူတွေနဲ့ကြုံရဆုံရတတ်ပါတယ်။ ဆရာအတု အယောင်တွေ နဲ့ အလွန်ပဲကြုံရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး အခက်အခဲများနေတတ်ပါတယ်။ အလုပ်ခွင် အတွင်း မိမိနားမလည်တဲ့ အပိုင်းတွေကို လုပ်ကိုင်ပေးနေရတတ်ပါတယ်။ လက်ရှိလုပ်နေရတဲ့အလုပ်တွေ ကနေ စိတ် ကုန်၊စိတ်ပျက်နေမိတတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ စိတ်ချမ်းသာရပါလိမ့်မယ်။ ဒီနေ့က တော့ပင်ပန်း ရတာတွေများနေတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

အပန်းဖြေခြင်း၊အနားယူခြင်းများအလေးပေးဆောင်ရွက်စေ ချင်ပါတယ်။ ကျန်းမာရေးကတော့အကောင်းဘက်ကို အလေးသာ ပါတယ်။ ဘုရားရှင်ရဲ့ ပရိတ်ပဌာန်းတွေကိုအထူး ရွတ်ဖတ်ခြင်းဖြင့်ကံကောင်းစေပါတယ်။ မိမိရဲ့ကြိုးစား ထားသမျှကို အသိအမှတ်အပြုခံရခြင်း၊ချီးကျူးခံရခြင်း မျိုးတွေကြုံရတတ်ပါတယ်။ လုပ်သမျှအဆင်ပြေခြင်း၊ ကြံစည် သမျှအောင်မြင်ခြင်းတွေကြုံ ရတတ်ပါတယ်။ တွေးတောကြံစည်ထားတာတွေလက်တွေ့အကောင်အထည်ဖော် လာ နိုင် မဲ့နေ့ရက်ပါပဲ။ကံကောင်း ခြင်းတွေနဲ့ အတူ ပျော်စရာတွေလဲ ကြုံရတတ်ပါတယ်။

ကြာသပတေး

ကိုယ်ပိုင်စီးပွားတွေလဲအလုပ်အော်ဒါတွေအများအပြားကို မနိုင်ဘဲ လက်မခံလိုက်ပါနဲ့။ ကျန်းမာရေးကတော့ အားနည်း နေတတ်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့ ဆေးမြီးတို နဲ့ မကုပါနဲ့။ ဒီနေ့ဟာ ရောဂါဖြစ်ရင်ကြီးမားတတ်ပါ တယ်။ ငွေကုန်ကြေးကျများနေလိမ့်မယ်။ မိမိပိုင်ငွေ တွေ၊စုထား ငွေတွေလဲ ထုတ်သုံးရတတ်ပါတယ်။ စိတ်ကူးထားတာ လေးတွေ ပြည့်မြောက်လာတတ်ပါတယ်။ မိမိဖြစ် ချင်တာတွေကို ကူညီပေးမဲ့သူတွေရှိလာတတ်ပါတယ်။ ဝန်ထမ်း တွေ ကတော့ အလုပ်တွေပိနေတတ်ပါတယ်။ အလုပ်မှာ အချိန်ပိုတွေဆင်းနေရတတ်ပါတယ်။

သောကြာ

ငွေကြေးစီးပွား ကို သင့်တော်ရုံရှာပါ။ မသမာနည်းနဲ့ ရှာမိရင်တော့ အညံ့များနေတတ်ပါတယ်။ ကောင်းမွန်သော ခရီး တွေသွားနေရ တတ်ပါတယ်။ အဓိဌာန်ဝင်ခြင်းများ ဒီနေ့မှာ စနိုင်ရင်ပိုကောင်းပါတယ်။ လူငယ်တွေဆို လက်ရှိချစ်သူ အပေါ် စိတ်ကုန် ၊စိတ်ပျက်နေမိတတ်ပါတယ်။ အခွင့်အရေးနှစ်မျိုး၊ အလုပ်အကိုင်နှစ်မျိုးလဲဖြစ်ရတတ်ပါ တယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လဲ စိတ်ချမ်းသာရ ပါလိမ့်မယ်။ မိမိစိတ်ကူးတဲ့အတိုင်းအကောင်အထည်ဖော် လိုက် ပါ။ အဖျက်ဝင်တတ်ပေမဲ့ ရေတိုမကြည့်ဘဲ ရေရှည်ကြည့်ပြီးလုပ်လေအဆင်ပြေလေပါပဲ။

စနေ

ကျန်းမာရေးကတော့ ဒီနေ့မှာဒေါင်ဒေါင်မြည်ကောင်းနေပါလိမ့်မယ်။ ဘာသာခြားတွေနဲ့ ဆက်စပ်လုပ်ကိုင်ထားသော အလုပ်များ ရှိရင်တော့ အကျိုးဖြစ်ထွန်းပါလိမ့် မယ်။လှောင်ကုန်များရောင်းထုတ်လို့ အကျိုးအမြတ်များမဲ့နေ့ရက်ပါပဲ။ အရာရာစွန့်လွှတ်အနစ်နာခံထားသမျှပြန်လည်အကျိုးခံစားရ မဲ့နေ့ရက်ပါပဲ။ ထီကံစမ်းလိုသူများဒီနေ့မှာ ထီထိုးလို့ အလွန်ကောင်း ပါတယ်။ 6/0/3 များများပါတဲ့ထီလက်မှတ်ကို ရွေးချယ်ကံစမ်းလိုက်ပါ။ ချစ်ရသူကိုမေတ္တာတောင်း ခံလို့ အထူးကောင်းတဲ့ နေ့ရက်ပါပဲ။ အထက်လူကြီးတွေကို လုပ်ငန်းလိုအပ်ချက်တွေကို တင်ပြလို့အထူးကောင်း တဲ့နေ့ရက်ပါပဲ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

10.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁၀)ရက်နေ့ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၂၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၁၆)နာရီဖြစ်ပြီး ၊ ညနေ(၀၅း၅၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကမြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာ တွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါ တယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ တစ်လုံး အောင်မြင်ခြင်းတွေ၊ပျော်ရွှင်ခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။ ဒီနေ့ဟာ ကတိပေးခြင်း၊စာချုပ်ချုပ်ဆိုခြင်းများဆောင်ရွက်လို့မကောင်းသေးပါ ဘူး။ငွေကြေးအပေးအယူကိစ္စများအငြင်းပွားဖွယ်ရာကြုံရတတ်ပါတယ်။ ပြဿနာဖြစ်ပါက ဖြေရှင်းရန်ခက်ခဲတဲ့ နေ့ရက်ဖြစ်ပါတယ်။ယနေ့ဆောင်ရွက်သောကိစ္စမှန်သမျှ တကြိမ်မက လုပ်ကိုင်ရတတ်သည်။

ခေါင်းဆေးခြင်း၊ခေါင်းလျှော်ခြင်းများပြုလုပ်ခြင်းဖြင့် ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အနာ ရောဂါကင်းပါ လိမ့် မယ်။ အထက်လူကြီးများ၊ ဌာနဆိုင်ရာလူကြီးများနှင့် တွေ့ဆုံဆွေးနွေးလို့အထူးကောင်းတဲ့ကာလ ပါပဲ။ ဒီလိုနေ့ရက် မှာ တော့ အနုပညာလုပ်ငန်းများ၊ဂီတ၊သီချင်းကိစ္စများ အထူးအဆင်ပြေပါလိမ့်မယ်။ ပန်းချီ၊ပန်းပု လုပ်ငန်းများ၊ ဥယျာဉ်ခြံလုပ်ငန်းများ အထူးအဆင်ပြေအောင်မြင်မှုတွေရလာတတ်ပါတယ်။

ဒီလိုနေ့ရက်တွေမှာ ခန်းဝင်ပစ္စည်းဝယ်တာမျိုးတွေ၊အိမ်ထောင်ပရိဘောဂအသစ်တွေလဲလှယ်တာမျိုးတွေ အထူးပဲ ဆောင်ရွက်နိုင်ပါတယ်။အိမ်ပြုပြင်ခြင်း၊ အိမ်ခန်းဖွဲ့ မလွတ်ကင်းတဲ့သစ်ပင်များကိုခုတ်လှဲခြင်းမျိုးတွေ ဆောင်ရွက် လို့အထူးကောင်းပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်သောအလုပ်တွေ အထူးပဲအဆင်ပြေပါ လိမ့်မယ်။

ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းများလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ မိမိချစ်ရသူကို ချစ်ကြောင်း၊ ကြိုက်ကြောင်း မေတ္တာစကားပြောဆိုခြင်းများ အထူးဆောင်ရွက်လို့ကောင်းတဲ့ နေ့ရက်ပါပဲ။ ဈေးများ၊ စူပါမားကတ်များ၊ အထည် ဆိုင်များ၊ အလှပြင်ဆိုင်များ ရောင်းအားတိုးတတ်မှုတွေရှိလာနိုင်တဲ့ နေ့ရက်မျိုးပါပဲ။ နည်းပညာအသစ်အဆန်းများ ကို စူးစမ်းလေ့လာခြင်း၊တီထွင်ကြံဆခြင်းများအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။

အရည်နှင့်ပတ်သက်သောစားသောက်ကုန်လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းးများထုတ်လုပ် ခြင်း၊ဖြန့်ဖြူးခြင်း၊ရောင်းချခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ အိုးသစ်၊အိမ်သစ်နေရာသစ်မှာနေထိုင်တာမျိုး တွေဒီနေ့မှာစတင်သင့်ပါတယ်။ 

 ရှောင်စေချင်တာကတော့ ခရီးကိစ္စတွေရှောင်လိုက်စေချင်ပါတယ်။ မည်သည့်ခရီးမဆို ကြန့်ကြာမှု၊အဆင်မပြေမှု တွေအထူးပဲကြုံရတတ်ပါတယ်။ စတော့ရှယ်ယာလုပ်ငန်းများ ၊ကုမ္ပဏီအစုရှယ်ယာလုပ်ငန်းများလဲ တတ်နိုင်သမျှ ရှောင်လိုက်စေချင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀◌း၀၈)နာရီမှ ည(၂၁း၀၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊  မိန်စန်း၊ ညနေ ၆နာရီကျော်ရင်စန်း မိဿရာသီပြောင်းပါတယ်။ ကန် ရာသီ ဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အများအားဖြင့် ငယ်ရွယ်စဉ်ကာလတွေမှာ အဆင်ပြေကြတာများတာ တွေ့ရပါတယ်။ မွေးချိန်တွေအရ ကွာဟနိုင်ပေမဲ့ အသက်၂၅နှစ်ဝန်းကျင်မှာအောင်မြင်မှုတွေကိုစတင်ထိတွေ့ခွင့်ရ လာနိုင်မဲ့ကာလတွေပဲဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၇◌း၂၆) နာရီမှ နံနက်(၀၈း၅၅)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ အင်္ဂါ၊ သောကြာ၊ စနေ          သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား ဗုဒ္ဓဟူး၊ ရာဟု၊ တနင်္ဂနွေ  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္လာ၊ ကြာသပတေး  သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင်၊ အနီရောင် နှင့် သွေးနီရောင် များများပါသော အဝတ်အစားအသုံးအဆောင်တွေ ကို အထူး အလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့မျက်နှာသာပေးမှုကို အထူးပဲရရှိပါလိမ့်မယ်။

ဒီနေ့၇ရက်သားသမီးများအားလုံးအတွက် lucky number တွေကတော့ (၅၊ ၇၊ ၉)တွေပါပဲ။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ကနာရီကို သန့်ရှင်း ရေးလုပ်ပြီးမှသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နွားနို့ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အကြပ် အတည်းလေး တွေအနည်းငယ်ရှိပေမဲ့အဆင်ပြေသွားတတ်ပါတယ်။ မိမိ ဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင် ပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေမှာတော့ အဆင်မပြေတာတွေကို အချိန် ယူညှိနှိုင်းမှအဆင်ပြေပါလိမ့်မယ်။ငွေလွယ်လွယ်ပေးလိုက်တာမျိုးတွေတော့ ဒီနေ့မှာရှောင်ရှားစေချင်ပါတယ်။ လူငယ်တွေအနေနဲ့ စိတ်ကူးထားတာလေးတွေကို လက်တွေ့လုပ်ကြည့်ပါ။ လူငယ်တွေစုပေါင်းထားတဲ့အလုပ်တွေ က ပိုအောင်မြင်တတ်တဲ့နေ့ရက်ပါပဲ။စိတ်ကူးအကြံ ဉာဏ်ကောင်းတွေကနေတဆင့်ရလဒ်ကောင်းတွေကိုရ လာ တတ် ပါတယ်။

တနင်္လာ

လူချစ်လူခင်ပိုများပါလိမ့်မယ်။ လူငယ်များလိုင်း ပေါ်ကနေ ချစ်သူရတတ်တဲ့နေ့ရက်ပါပဲ။သူတစ်ပါးရဲ့ အကူအညီ မပါဘဲ ကိုယ်စွမ်းကိုယ်စနဲ့ထွန်းပေါက်အောင်စွမ်း ဆောင်နိုင်ပါ လိမ့်မယ်။ ပျော်စရာခရီးစဉ်လေးတွေရှိ တတ် ပါတယ်။ မိမိတို့ရဲ့ နှုတ်၏ဆောင်မမှုကြောင့် တစ်ဦးတစ် ယောက် အဆင်ပြေတိုးတတ်သွားပါလိမ့်မယ်။ စိတ်ကူး ထား တာလေးတွ ေပြည့်မြောက်အောင်မြင်တတ်ပါတယ်။ မိမိရဲ့ ကြိုးစားမှုကို ကံတရားရဲ့ဖေးမမှုနဲ့ ပေါင်းစပ် လိုက်ပါက အတိုင်းထက်အလွန် အဆင်ပြေသွားပါလိမ့်မယ်။ နှုတ်ကနေ မိမိရွတ်နေကြဂါထာတစ်ပုဒ်ကို မပြတ်ရွတ် နေလိုက်ပါ။

အင်္ဂါ

ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ အခွင့်အလမ်းကောင်းတွေရ လာတတ်ပါတယ်။ကျန်းမာရေးအတွက် စိတ်ချမ်းသာ ရပါလိမ့်မယ်။ငွေရှာလို့လဲအဆင်ပြေပါလိမ့်မယ်။ ဖြစ်လာတဲ့ ပြဿနာတွေကိုထိပ်တိုက်ရင်မဆိုင်ဘဲ ကြားလူကနေ တဆင့် ဆွေးနွေးညှိနှိုင်းခြင်းဖြင့်ပိုမိုအောင်မြင်တတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲ အထူးကောင်းပါတယ်။ အလုပ် နဲ့ပတ်သက်ပြီးတော့ခရီးတွေလဲသွားရတတ်ပါတယ်။ အလုပ်သစ်စဖို့အကြံကောင်းဉာဏ်ကောင်း တွေရလာ တတ်ပါ တယ်။ အလုပ်အတွက်ပဲတွေးကြည့်ပါ။ လက်ရှိလုပ် နေတာတွေထက်ပိုကောင်းအောင်လုပ်နိုင် သွားပါ လိမ့်မယ်။

ဗုဒ္ဓဟူး၊ရာဟု

လိုချင်တာတွေက တန်ဖိုး ကြီးနေတာကြောင့် စုထားတာ လေးတွေထုတ်သုံးရတတ်ပါတယ်။မိမိနဲ့အတူ ဆိုးတူ ကောင်းဖက် မိတ်ဆွေတွေကို လဲတွေ့ရှိရပါလိမ့်မယ်။ ကျန်းမာ ရေးအတွက် ထိခိုက်ရှနာကိုအထူးသတိထား လိုက်ပါ။ ကိုယ်ပိုင်အလုပ်ပဲ ဖြစ်ဖြစ်၊အများဝန်ထမ်းပဲဖြစ်ဖြစ် လုပ်စရာ အလုပ်တွေပုံနေတတ်ပါတယ်။ ပတ်ဝန်း ကျင်နဲ့ဆန့်ကျင်ဘက်တွေ ဖြစ်ရတတ်ပါတယ်။ ငွေကုန်ကြေးကျတွေလဲများ နေရတတ်ပါတယ်။ အိမ်နီးနားချင်း တွေ နဲ့ ပြဿနာဖြစ်ရတတ်တာကြောင့် သည်းခံမှ အဆင်ပြေပါလိမ့်မယ်။ လမ်းသွားရင်းချော်လဲတာမျိုးတွေဖြစ် တတ် ပါတယ်။ သတိထားပါ။

ကြာသပတေး

ကျန်းမာရေးကတော့ အကောင်းဘက်ကိုအလေးသာ ပါတယ်။ အစားအသောက်တော့သတိထားပါ။မတည့်တာတွေ စားမိပြီးတော့အရေပြားယားယံတာတွေဖြစ်ရတတ် ပါတယ်။ ဒီနေ့ရက်မှာလုပ်တာကိုင်တာတွေက နှေးကွေး လေး လံနေတတ်ပါတယ်။ အတွေးတွေများနေပြီး အချိန် ကုန် သွားတတ်ပါတယ်။ အများဝန်ထမ်းရတတ်ပါတယ်။ သူများ တွေရဲ့အရှုပ်တွေ ကိုလက်လွှဲယူသလိုဖြစ်ရ တတ်ပါတယ်။ နားလည်မှုရှိတဲ့ချစ်သူတောင် မိမိကိုပြဿနာ ရှာတတ်ပါ တယ်။ ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲ ဝင်ငွေကောင်းပေမဲ့ငွေကြေးရင်းနှီးမြုပ်နှံမယ်ဆိုရင်တော့ ပြန်ဖော်ရခက်ခဲ နေတတ်ပါတယ်။

သောကြာ

မိမိလိုချင် တာတွေကိုလဲရအောင်လုပ်သွားနိုင်ပါ လိမ့်မယ်။ ခရီးတိုလေးတွေလဲသွားရတတ်ပါတယ်။ စိတ်ကူးထား တာ လေး တွေဖြစ်မြောက်အောင်လုပ်သွားနိုင်ပါ လိမ့်မယ်။မိမိအတွက်ကောင်းသောအကျိုးဆက်တွေကို ရလာပါ လိမ့်မယ်။ အချစ်တွေမှာ လူကြီးမိဘတွေရဲ့ကန့် ကွက် မှုတွေကြောင့် အဆင်မပြေဖြစ်ရတတ်ပါတယ်။ အလုပ်တွေ ကို စိတ်မနှစ်နိုင်ဖြစ်ရတတ်ပါတယ်။ သူတစ်ပါး တွေအကူအညီတောင်းတဲ့ကိစ္စတွေကိုလဲ ဆောင်ရွက်ပေးရ ပါလိမ့်မယ်။ ကျန်းမာရေးကတော့ အထူးကောင်းပါတယ်။ အကြံဉာဏ်ကောင်းတွေရတတ်ပါ တယ်။ငွေကံကောင်း နေရတာလေတွေဖြစ်ရတတ်ပါတယ်။

စနေ

အလှူအတန်းတွေ ပြုရတတ်ပါတယ်။ လိုချင်တဲ့တောင်းဆု တွေလဲပြည့်ဝတတ်ပါတယ်။ မိဘတွေ၊ဆရာသမား အထက်လူကြီးတွေကို မသိတာမေးပါ။ ပြောချင်တာတွေ၊ တောင်းဆိုချင်တာတွေကိုဖွင့်ပြောတောင်းဆိုလိုက်ပါ။ ပညာရေးနဲ့ပတ်သက်ပြီး တော့ ပညာတစ်ခုစတင်သင်ခြင်း များ၊ သင်တန်းစတင်တတ်ရောက်ခြင်းများ ဆောင်ရွက် သင့်တဲ့နေ့ရက်ပါပဲ။ ဘာသာရေးအလုပ်၊ကုသိုလ်ရေး အလုပ်တွေ စိတ်နှစ်ပြီး လုပ်ထားသူတွေ သိသိသာသာ ကံကောင်းတတ်ပါတယ်။ အနာဂတ်အတွက်အကောင်း ဆုံးပုံဖော်ဖို့ နည်းလမ်းတွေ ရလာတတ်ပါတယ်။ ပိတ်နေတဲ့ လာဘ်တွေပွင့်လာတတ်ပါတယ်။ငွေအစုလိုက်ဝင် တတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695