loading

Author: Nyein Aye Lu

9.October.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၅)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရသိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လပြည့်တီထိဖြစ်ပါတယ်။ စိတ်ကြည်လင်မှု၊ အေးချမ်းမှုတွေကိုပေးတဲ့ ပုဏ္ဏတီထိ ကျရောက်တဲ့နေ့ရက်ပါပဲ။ဒီလိုနေ့ရက်တွေမှာ တရားထိုင်တာမျိုးတွေပုတီးစိပ်တာမျိုးတွေ  သေဆုံးသွားပြီးဖြစ်တဲ့ အမိအဘအဘိုးအဘွားတွေကို လှူတန်းမျှေ၀ တာမျိုးတွေအထူးကောင်းပါတယ်။ အဓိဌာန်ပုတီးစတင်စိပ်ခြင်းတွေ၊ ဂါထာမန္တာန်များစတင်ရွတ်ဖတ်ခြင်းတွေဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့မှာ မိမိလုပ်ချင်တာတွေကိုကောင်းစွာလုပ်ကိုင်သွားနိုင်ပါလိမ့်မယ်။ တတ်သိနားလည်ထားတဲ့ပညာတွေကိုမျှဝေ ခွင့်တွေရလာတတ်ပါတယ်။ မေတ္တာပွားခြင်းဖြင့်ကံကောင်းမှုတွေကိုရရှိပါလိမ့်မယ်။တိမ်မဖုံးဘဲ လသာသောအချိန် တွေမှာ လရောင်ကျတဲ့နေရာမှာ ရေသန့်လေးတွေ ဖန်ခရားထဲထည့်ပြီးတော့ချထားပါ။ ထိုလပြည့်နေ့လရောင်ဆမ်း တဲ့ရေကိုသောက်ခြင်းဖြင့် စန်းအားကောင်းစေပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀◌း၁၂)နာရီမှ (၂၁း၀၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေးရင်သွေးငယ်များဟာ  မရဏဖွား၊  မိန်စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အခက်အခဲတွေ ကောင်းစွာကျော်လွှားနိုင်တဲ့အစွမ်းအစတွေရှိပါလိမ့်မယ်။ ငွေကြေးကံအားကောင်းကြသူများဖြစ်ပြီးငွေပြတ်ပြီဆို ရင်တော့ တစ်နေရာရာကနေ ငွေဝင်လာတတ်ပါတယ်။ ကျန်းမာရေးအားနည်းချက်ရှိတဲ့သူတွေဖြစ်တာမို့ အရွယ်သုံး ပါးလုံးဂရုစိုက်ဖို့လိုပါတယ်။ အရက်နဲ့မတည့်တဲ့ဇာတာမို့ တတ်နိုင်သမျှအရက်မသောက်ဖြစ်အောင်မိဘတွေကသွန် သင်ပေးဖို့လိုအပ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄း၂၀) နာရီမှ ညနေ(၀၅း၄၉)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္ဂနွေ၊ သောကြာ  သားသမီးများဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္လာ၊ ကြာသပတေး သားသမီးများဖြစ်ပါတယ်။

ဒီနေ့မှကြက်သွေးရောင်၊ပန်းရောင်များများပါသော အဝတ်အစားအသုံးအဆောင်တွေကိုအထူး အလေးထား ဝတ်ဆင် သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့မျက်နှာသာပေးမှုကို အထူးပဲရရှိပါလိမ့်မယ်။

ဒီနေ့၇ရက်သားသမီးများအားလုံးအတွက် lucky number တွေကတော့ 2ဂဏန်း၊9ဂဏန်းတွေပါပဲ။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဘုရားရှင်ကို သောက်တော်ရေကပ် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထောပတ်သီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ခရီးကိစ္စတွေအဆင် မပြေဖြစ်ရတတ်ပါတယ်။ အလုပ် တွေများပြီးတော့ စိတ်ပင်ပန်း၊လူပင်ပန်းရတာမျိုးတွေ ဖြစ်ရ တတ်ပါတယ်။ငွေကံကောင်းပေမဲ့ ဝယ်ခြမ်းစရာ တွေ များနေတာကြောင့်ငွေကုန်နေအုံးမှာပါ။ ကျန်မာရေးကို အထူး ဂရု စိုက်လိုက်ပါ။ တရှောင်ရှောင်ဖြစ်လွယ်ပါတယ်။ ခါးနာတာ၊သွားကိုက်တာ၊မူးမော်တာမျိုးတွေ အထူးဖြစ်လွယ်ပါ တယ်။ မိမိနဲ့ရန်စသူတွေကိုဆုံရတတ်ပါတယ်။ မိန်းကလေးအချင်းချင်းဆိုလဲနောက်ကွယ်မှာအပုပ်ချတာ ခံရတတ်ပါ တယ်။ အိမ်ထောင်ရေးမှာ မိမိရဲ့စကား ရင့်သီးသွား တာကြောင့် အဆင်မပြေဖြစ်ရတတ်ပါတယ်။ အပျော်အပါးများ နေတာကို လျော့ချပါ။

တနင်္လာ

အစုစပ်လုပ် ငန်း၊ဖက်စပ်လုပ်ငန်းများ တိုင်တိုင်ပင်ပင် လုပ်ကိုင်မှအဆင်ပြေပါလိမ့်မယ်။ငွေကုန်ကြေးကျ များနေတဲ့ နေ့ဖြစ် တာကြောင့် မလိုအပ်ဘဲ ငွေမသုံးမိ အောင်နေ စေချင်ပါတယ်။ လေထဲတိုက်အိမ်ဆောက်နေမိပါတယ်။ လက်တွေ့ ထက် အပြင်မှာလက်တွေ့လုပ်တာ ပိုကောင်း ပါတယ်။ လူအချင်းချင်းလှည့်ပတ်တာမျိုးတွေမလုပ်ပါနဲ့။ အချစ်ရေးကံ ကောင်းပေမဲ့ သဘောထားသေး သိမ်တဲ့ချစ် သူရထားရင်တော့ ဒီနေ့မှာပြဿနာတတ်ရတတ်ပါတယ်။ အရေးကြီး အလုပ်များ၊အရေး ကြီးတဲ့ဆုံးဖြတ် ချက်များ မချဘူးဆိုရင်တော့ ဒီနေ့ဟာအဆင်ပြေတာများပါ လိမ့် မယ်။

အင်္ဂါ

အလုပ်နဲ့ပတ်သက်ပြီး အကျိုးအမြတ်ကြီးတဲ့အလုပ်အော်ဒါတွေရ လွယ်ပါတယ်။ ချစ်သူဆီကအထောက်အပံံ့တွေ ရလာတတ်ပါတယ်။အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူကမိမိ အတွက်လိုအပ်တဲ့ အကူ အညီတွေကိုပေးနေ တတ် ပါတယ်။ စိတ်ကူးတွေကိုရွက်လွှင့်လိုက်ပါ။ အနာဂတ်အတွက် လုပ်ဆောင်ရ မဲ့ကိစ္စတွေကိုစိတ်ကူးနဲ့ပုံဖော် လိုက်ပါ။ ဒါအပြင်စိတ်ကူးနဲ့လုပ်ကိုင်ရတဲ့စာရေးတဲ့အလုပ်တွေ၊သီချင်းစပ်တာမျိုးတွေလဲဆောင်ရွက်စေချင်ပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်ပြီးတော့ အလွန်အားရစရာကောင်းတဲ့နေ့ပါ ရောဂါ ခံစားနေရသူများ ဒီနေ့အနာနဲ့တည့်ပြီး ကျန်းမာ သွားတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ကြားကနေညှိနှိုင်းဆောင်ရွက်ပေးရခြင်းများ ဒီနေ့မှာအလေးပေးလုပ်ဆောင် လိုက်ပါ။ ဧည့်သည်များမိမိဆီကို ရောက်လာ တတ်ပါတယ်။ မိမိကိုကောင်းကျိုးပေးမဲ့ ဧည့်သည်တွေဖြစ်ပါလိမ့်မယ်။ လက်ဝတ်ရတနာများ ဝယ်ယူ လို့ အထူးကောင်းတဲ့ နေ့ရက်ပါပဲ။ အဝေးရောက်နေတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်း တွေနဲ့ပြန်လည်ဆုံဆည်း နေရ တတ်ပါတယ်။ဒီလိုနေ့မျိုးမှာတော့လုပ်ငန်းခွင်အတွင်းလိုအပ်တဲ့လူ အင်အား ကိုပြန်စစ်ဆေးပါ။ လူအင်အားနဲ့ လုပ်ရ မဲ့လုပ်ကွက်ကိုချိန်ဆတတ်ရင် တော့ပိုမိုအကျိုးရှိပါလိမ့်မယ်။ လူများ များနဲ့ ပက်သက်လုပ်ကိုင်ရသော ဈေး ရောင်း ဈေးဝယ်အလုပ်များ တိုးတတ်မှုတွေ ရှိနေပါလိမ့်မယ်။

ကြာသပတေး

သားသမီးတွေဆီက အထောက်အပံ့တွေအများကြီး ရတတ်ပါတယ်။ ကားကိစ္စ၊ခြံကိစ္စ၊ကျောက်ကိစ္စများ အဆင်ပြေ တိုးတတ်ပါလိမ့်မယ်။ စိတ်ကူးနဲ့လက်တွေ့တစ်ထပ် တည်းကျတတ်ပါတယ်။ ကံစမ်းမဲကံ၊ထီကံတွေကောင်းနေ ပါလိမ့်မယ်။ မင်္ဂလာကိစ္စများ ဆောင်ရွက်လို့အထူး ကောင်းပါတယ်။ ကံမြင့်မားနေပါတယ်။ ငွေရှာရလွယ်လိမ့်မယ်။ ငွေအစုလိုက် ဝင်ရတတ်ပါတယ်။ကျန်းမာရေး နဲ့ပတ်သက်ပြီးတော့လဲ ဒေါင်ဒေါင်မြည်နေပါလိမ့်မယ်။ ရာထူးတိုး တတ် ပါ တယ်။ ယုတ်ညံသော မင်္ဂလာမရှိသော ကိစ္စများကို အထူးရှောင်ရှားစေချင်ပါတယ်။

သောကြာ

ကျန်းမာရေးကောင်းပေမဲ့ အချိုတွေစားတာများပြီးချောင်း ဆိုး တတ်ပါတယ်။ သူများ တွေကိုသနားပြီး၊ အားနာပြီးငွေမချေး လိုက်ပါနဲ့။ လမ်းပေါ်မှာယာဉ်ကားမောင်းနင်းသွား လာသူများ ချမှတ်ထားတဲ့ လမ်း စည်းကမ်း ယာဉ် စည်းကမ်းတွေ ကိုလေးစားလိုက်နာသင့်ပါတယ်။ ဖိအားတွေ၊ ချုပ်ချယ်မှုတွေကြားကနေပြေးထွက်ချင်နေ ပါလိမ့်မယ်။ တစ်ဦးတစ်ယောက်ရဲ့ လက်အောက်ကနေ ခွဲထွက်ချင်နေ တတ်ပါတယ်။ ကံကြမ္မာအရတော့ ဘာလုပ် လုပ်နားလည်သူတွေ ဆီကနေအကြံဉာဏ်ယူသင့်ပါတယ်။ အချစ်ရေး မှာတော့ ချစ်သူနဲ့စိတ်ချင်းဝေးနေသလို…လူ ချင်းလဲဝေးနေတတ်ပါတယ်။

စနေ

ကောင်းသောလိုအင်တွေကိုပြည့်ဝအောင် လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ဘာလုပ်လုပ် စိတ်ညစ်စရာတွေကြုံပြီးမှ ပြေလည်တတ်ပါတယ်။ ပညာရေးနှင့်ပတ်သက် သောအလုပ်များ အခက်အခဲများပါတယ်။ ကျန်းမာရေးကတော့ ကူးစက်ရောဂါသတိထားပါ။ ကိုယ်ခံအားကောင်း အောင်နေထိုင်ပါ။ စီးပွားရေးကို လောဘတကြီးမရှာပါနဲ့။ လိုက်လေ ဝေးလေဖြစ်ရတတ်ပါတယ်။စိတ်ထဲရှင်းအောင်ထားဖို့လိုပါတယ်။ စိတ်ရှုပ်ထွေးစရာကိစ္စတွေဖြစ် လာ တတ် ပါတယ်။ ငွေကြေးများ ရသလောက်ပြန်ကုန်နေတတ်ပါတယ်။ ဘာသာရေး နဲ့ပတ်သက်ပြီးငြင်းခုန်ပြဿနာ ဖြစ်ရတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

လပြည့်ချိန်ခါ အစီအရင်များ

                                                       

လပြည့်နေ့တွေမှာဆောင်ရွက်ရမဲ့ အဓိဌာန်လေးတွေ၊အစီအရင်လေးတွေပြောပေးပါလို့ ပြောထားတဲ့ မိတ်ဆွေ တွေ အတွက်ရည်ရွယ်ပြီးတင်ပေးတာပါ။ လပြည့်နေ့အိမ်မှာပဲ ကုသိုလ်တရားတွေနဲ့ ထုံမွှန်းပြီး နေချင်သူများအတွက် ဆောင်ရွယ်ဖွယ်ကုသိုလ်ကံမြှင့် အစီအရင်ပဲဖြစ်ပါတယ်။

ဒီနှစ်လပြည့်နေ့က ပြက္ခဒိန်မှာပါတဲ့ လပြည့်ရက်ရယ်၊ဗေဒင်ကိန်းခန်းအရ လပြည့်တီထိအချိန်အခါရယ်တိုက် ဆိုင်တာမို့ တကယ့်ကိုပြည့်ဝတဲ့ သီတင်းကျွတ်လပြည့်နေပဲဖြစ်ပါတယ်။ လပြည့်နေ့ဟာ တနင်္ဂနွေနေ့လဲ တိုက်ဆိုင်နေ ပါတယ်။ လုပ်ငန်းစီးပွားတိုးတတ်ဖို့၊ငွေကံကောင်းဖို့ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်အချိန်အခါပဲဖြစ်ပါတယ်။

9.10.2022 သီတင်းကျွတ်လပြည့်နေ့ ရောက်ပြီဆိုပါက….

🙏🙏🙏ထိုနေ့ရက်ရဲ့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း ဘုရားရှင်ကို မုန့်ဟင်းခါးဆွမ်းကပ်ပြီး မေတ္တသုတ် ၆ခေါက်ပူဇော်ပါ။ ဝေနေယျသတ္တဝါတွေကိုဖြန့်ကြန့် မေတ္တာပို့ပါ။ ထိုအချိန်အခါကာလအတွင်းမေတ္တာသာပွားများနေပါ။

🙏🙏🙏မနက် ၇နာခွဲကျော်ချိန်ကနေ ၉နာရီအတွင်းကတော့ ဘုရားရှင်ကို ပေါင်မုန့်နို့ဆမ်းကပ်လှူပေးပါ။ ပေါင်မုန့်တွေ၊နို့ဆီအထုပ်လေးတွေတော့ ကြိုဝယ်ထားပေါ့။ပေါင်မုန့်နို့ဆမ်းကပ်လှူပြီးတာနဲ့ ပဌာန်းရွတ်ဖတ်ပါ။ ၂၄ပစ္စည်းအကျဉ်းကိုဆိုလိုတာမဟုတ်ပါ။ပဌာန်းအကျယ်ရွတ်ဖတ်ပူဇော်ပါ။တစ်ခေါက်ပဲပူဇော်လို့ရပါတယ်။ ရွတ်ဖတ် ချိတ်ဆိုရင်တော့ အာရုံတစ်ပါးစိတ်မသွားစေဘဲ စိတ်နှစ်ပြီးရွတ်ပွားဖို့တော့လိုပါတယ်။

🙏🙏🙏မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း ခေါင်းလျှော်လို့အဆင်ပြေတဲ့သူများ ခေါင်းဆေးမင်္ဂလာဆောင်ရွက်ပါ။ တရော်ကင်ပွန်းမရလဲ အဆင်ပြေရာခေါင်းလျှော်ရည်ကိုအသုံးပြုပြီးလျှော်နိုင်ပါတယ်။ ခေါင်းလျှော်တဲ့အခါမျက်နှာမူ ရမှာက………….

          🧿တနင်္ဂနွေသားသမီး မြောက်အရပ်ကို မျက်နှာမူပြီး ခေါင်းလျှော်ပါ။

          🧿  တနင်္လာသားသမီး အရှေ့မြောက်အရပ်ကို မျက်နှာမူပြီး ခေါင်းလျှော်ပါ။

          🧿အင်္ဂါသားသမီး      အရှေ့အရပ်ကို  မျက်နှာမူပြီး ခေါင်းလျှော်ပါ။

          🧿ဗုဒ္ဓဟူးသားသမီး    အရှေ့တောင်အရပ်ကို  မျက်နှာမူပြီး ခေါင်းလျှော်ပါ။

          🧿ကြာသပတေးသားသမီး အနောက်တောင်အရပ်ကို မျက်နှာမူပြီး ခေါင်းလျှော်ပါ။

          🧿သောကြာသားသမီး   အနောက်မြောက်အရပ်ကို မျက်နှာမူပြီး ခေါင်းလျှော်ပါ။

          🧿စနေသားသမီး         တောင်အရပ်ကို  မျက်နှာမူပြီး ခေါင်းလျှော်ပါ။

ခေါင်းလျှော်ပြီးချိန် အမိအဘတွေ၊လူကြီးသူမတွေကို ဝတ္ထုပစ္စည်းတွေနဲ့ မကန်တော့ရသေးသူများဒီအချိန်ကာလ အတွင်း ကန်တော့နိုင်ပါတယ်။

🙏🙏🙏မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်းကတော့ ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးပြုလုပ်ပါ။ ဘုရား ကျောင်းဆောင်ကို အမွှေးနံ့သာများပက်ဖြန်းပါ။ဘုရားဆင်းတုတော်ကို ရောင်တော်ဖွင့်ပါ။ကြေးဆင်းတုတော်ဆို  ကြေး တိုက်ဆပ်ပြာတွေနဲ့ရောင်တော်ဖွင့်ပါ။ ရောင်တော်ဖွင့်ပြီးတာနဲ့ ဘုရားဆင်းတုတော်ကို နံ့သာဖြူအရည်နဲ့ ရေသပ္ပာယ်ပါ။

ကဲဒီလောက်ဆိုပြည့်စုံပါပြီ။

သီတင်းကျွတ်လပြည့်နေ့မှာ အကြောင်းမြှင့်ယတြာပြုချင်သူတွေရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ ညံ့နေတဲ့ကံတွေ ကို တတ်နိုင်သလောက် ခါချပြီးသားဖြစ်သွားပါလိမ့်မယ်။ကံကောင်းနေကြတဲ့သူတွေဆိုလဲ….ကောင်းနေတဲ့ကံတွေ ဆက်ကာ ဆက်ကာ ကောင်းစေပါလိမ့်မယ်။

                                                    ၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင်ကြပါစေ။   ။

                                                                                                                                                 ဆရာငြိမ်းအေးလူ

                                                                                                                                     ၀၉၇၇၅၅၅၅၆၉၅

8.October.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၄)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၂၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၁၄)နာရီဖြစ်ပြီး ၊ ညနေ(၀၅း၅၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက် အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ် တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့လဆန်းတီထိ ၁၄လုံး  ဆင်းရဲခြင်းတွေကိုပေးတဲ့ ရိတ္တာတီထိကျရောက်တဲ့နေ့ ရက်ပါပဲ။ တစ်ပိုင်းတစ်စနှင့်ရပ်တန့်ထားသော ပညာများလဲ ပြန်လည်တက်ရောက်ဖို့ စီစဉ်သင့်တဲ့နေ့ရက်လဲဖြစ်ပါ တယ်။ မြုပ်နှံထားသော ငွေကြေးများလဲ ပြန်ပေါ်လာလိမ့်မည်။ လှောင်ကုန်များ ရောင်းချမယ်ဆိုဒီနေ့ဟာအထူး သင့်တော်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။အရောင်းအဝယ်ကိစ္စတွေ၊ကုန်သွယ်မှုကိစ္စတွေမှာ ပြဿနာပေါ်ရင်ကောင်းစွာ ဖြေရှင်းနိုင်ပါ လိမ့် မယ်။လုပ်ငန်းခွင်အတွင်း ကျရောက်နေတဲ့ complainတွေရှိရင်ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။

ရန်ပြဿနာတွေကို ထိပ်တိုက်မျက်နှာချင်းဆိုင်ဖြေရှင်းခြင်းဖြင့် ပြေလည်အောင်ညှိယူနိုင်ပါလိမ့်မယ်။ ရန်သူစခန်း ကို ချေမှုန်းတာ၊ရန်သူအားလက်ရဖမ်းဆီးတာမျိုးတွေဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။အိမ်အသစ်ဆောက်ရန်၊ ဆိုင်အ သစ် ဆောက်ရန် အိမ်အဟောင်း၊ဆိုင်အဟောင်းတွေကို ဖြိုဖျက်ခြင်းများလဲ အထူးဆောင်ရွက်လို့ကောာင်းတဲ့နေ့ ရက်ပါပဲ။

ခွဲစိပ်ကုသရမဲ့ရောဂါတွေအတွက် ခွဲစိပ်လို့ကောင်းတဲ့နေ့ရက်လဲ ဖြစ်ပါတယ်။ အဆင်မပြေ၊မအောင်မြင်လို့လက် လျော့ ထားတဲ့အအလုပ်တွေရှိရင်တော့ ပြန်လည်လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတွေရရှိပါလိမ့်မယ်။  သံသရာက လွတ် မြောက် ကြောင်း ဝိပဿနာတရားတွေကို အားထုတ်ခြင်းဖြင့် အသိထူးတွေရနိုင်တဲ့နေ့ရက်လဲဖြစ်ပါတယ်။

ဒီနေ့မှာမြုပ်နှံထားသောအလုပ်တွေကနေ ငွေပြန်ဖော်လို့ကောင်းတဲ့နေ့ရက်ပဲဖြစ်ပါတယ်။စီးပွားဈေးကွက်သစ်များ အကောင်အထည်ဖော်လို့ကောင်းတဲ့ကာလလဲဖြစ်ပါတယ်။ရန်သဘော ၊အနိဌသဘောဆောင်တဲ့တီထိလဲဖြစ်ပါတယ်။ ဒါကြောင့်ပဲအရက်ချက်တာ၊ဓားလှံလက်နက်ပြုလုပ် တာ၊ အလောင်းအစားလုပ်တာတွေ၊စစ်လက်နက်ပြုလုပ်တာ တွေ အထူးဆောင်ရွက်နိုင်ပါတယ်။ စိုက်ပျိုးထား တဲ့ကောက်ပဲ သီးနှံတွေကို ပိုးသတ်ဆေးဖြန်းခြင်းကိစ္စများဆောင် ရွက် နိုင်တဲ့နေ့ပါပဲ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀◌း၁၆)နာရီမှ (၂၁း၀၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ  ခြင်း၊ ငွေ လိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ကုမ်စန်း၊ မွန်းလွဲ ၁၂နာရီခွဲပါက စန်းက မိန်ရာသီကူးပြောင်းပါတယ်။  ကန် ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးများဟာ အထောက်အကူကောင်းတွေရလာတတ်ပါ တယ်။ လူကမစွံရင်တောင် လူမစွမ်းနတ်မဆိုသလို ကူညီပေးမဲ့သူတွေ၊ထောက်ပံ့မဲ့သူတွေ၊ကာကွယ်ပေးမဲ့သူတွေ ပေါများတတ်ပါ တယ်။ ငယ်ရွယ် စဉ်တွေမှာလာဘ်ကောင်းသူတွေဖြစ်တာမို့  ဒီရင်သွေးငယ်မွေးပြီး မိဘတွေနဲ့လဲ ကံ တူရင် မိဘစီးပွား အလွန်ဖြစ်နိုင် တာကိုတွေ့ရပါတယ်။ ကျန်းမာရေးအနည်းငယ်ခြူခြာတတ်ပြီး ကျန်းမာရေး မကောင်းပါက ဆွေမျိုး တစ်အိမ် အိမ်ခဏ သွားပြောင်းနေခြင်းဖြင့် ကျန်းမာရေးကောင်းစေတတ်ပါတယ်။ ငွေကံ အားကောင်းသလို အလုပ် ကံလဲ အားကောင်း ကြပါတယ်။ အိမ်ထောင်ရေးမှာသတိထားဖို့ လိုတဲ့ဇာတာရှင်ဖြစ်တာ မို့ နာမည်ပေးသတိထားဖို့ လိုပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၈း၅၅) နာရီမှ မနက်(၁၀◌း၂၄)နာရီအတွင်း ကျ ရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာ တွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေး     သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္လာ၊ သောကြာ  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ အင်္ဂါ၊ စနေ၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင်၊အပြာရောင်         များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မုန့်ဟင်းခါးစား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရှမ်းထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ငွေကံကောင်းပြီး လာဘ်ရွှင်နေတတ်ပါတယ်။ ဘဏ်ကိစ္စများ၊ အာမခံကိစ္စများအထူးဆောင်ရွက်လို့ကောင်းပါတယ်။ အပေါင်ဆိုင်အ လုပ်များ တိုးတတ်မှုတွေကြုံရတတ်ပါတယ်။ လူငယ်ဆန်ဆန်တွေးတောလုပ်ကိုင်ခြင်းက ပိုမို သင့် တော်တဲ့ နေ့ရက်ပါပဲ။ ကျန်းမာရေး ကတော့ ဒီနေ့ဟာ အကောင်းများပါတယ်။စိတ်ကူးထားတာလေးတွေဖြစ်ရ တတ် ပါတယ်။ လုပ်ချင်တာ တွေကိုအချိန်ပေးလုပ်နိုင်ပါ လိမ့်မယ်။ အထက်လူကြီးအမျိုးသမီးအကြီးအကဲတွေဆီက အကူ အညီ တွေရတတ်ပါ တယ်။ ချစ်သူက မိမိရဲ့လိုအင် ဆန္ဒတွေကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးနေပါလိမ့်မယ်။

တနင်္လာ

မိတ်ဆွေကောင်းတွေက မိမိကိုကူညီချင်ပေမဲ့ သူတို့လဲအခက်အခဲတွေရှိနေတတ်ပါတယ်။  အထက်လူကြီးတွေအလုပ် ပျက်တာ ကြောင့်တာဝန်တွေပိုရတတ်ပါ တယ်။စိတ်ရှုပ်စရာတွေများတာကြောင့် အရာရာ ကိုနည်းမှန်လမ်းမှန် မတွေး နိုင်သလို ဖြစ်ရတတ်ပါတယ်။ အလုပ်ထဲ မှာစိတ်နှစ်ထားနေရတတ်ပါတယ်။ လုပ်စရာ တွေများနေတာကြောင့် သေချာ plan ဆွဲပြီးလုပ်စေချင်ပါတယ်။ ကျန်းမာရေးကတော့ ဒီနေ့မှာအားနည်းချက်တွေ များတယ်။ အအေးမိပြီးခေါင်း ကိုက်တတ်ပါ တယ်။ မိုးမိထား တာကို ခေါင်းခြောက်အောင်မသုတ်ဘဲအအေးခန်းထဲ နေလိုက်တာမျိုးအထူးသတိထား ရှောင်ရှားလိုက်ပါ။

အင်္ဂါ

အလုပ်နဲ့ပတ်သက်ပြီး အခက်အခဲလေးတွေရှိပေမဲ့အဆုံး သတ်မှာ တော့အဆင်ပြေသွားတတ်ပါတယ်။ အရက်သောက် တတ်သူများ ဒီနေ့မှာမသောက်တာပိုကောင်းပါတယ်။ အစာ အိမ်နဲ့ ပတ်သက်သော ရောဂါများအလွန်ဖြစ်လွယ်ပါ တယ်။ အများနဲ့တစ်ယောက်ဖြစ်နေတတ်နေတတ်ပါတယ်။ သူများတွေနဲ့ ဆန့်ကျင်ဘက်တွေတွေး၊ဆန့်ကျင်ဘက်တွေ လုပ်နေမိတတ် ပါတယ်။ ဒါပေမဲ့ မိမိတွေးတော လုပ် ကိုင်တာတွေက လမ်းကြောင်းမှန်ဖြစ်နေတတ်ပါတယ်။ ပညာ  ဉာဏ်ကြီးမားနေတဲ့နေ့ပါပဲ။ ပညာအမွေစတင်ခံ ယူခြင်း၊ပညာအသစ် တစ်ခုစတင်သင်ကြားခြင်းတွေအထူးကောင်းပါ တယ်။

ဗုဒ္ဓဟူး၊ရာဟု

လူငယ်များပေါင်းစုပြီးလုပ်ကိုင်ဆောင်ရွက်တဲ့အလုပ်တွေ အထူး တိုးတတ်ပါလိမ့်မယ်။ ကျန်းမာရေးကိစ္စများ အထူး ကောင်းပါလိမ့်မယ်။ ခွဲစိပ်ကုသခြင်းများလဲအထူးဆောင် ရွက် နိုင်ပါတယ်။ ဆုံးဖြတ်ရခက်နေ တဲ့ ကိစ္စတွေရှိရင် ချစ်သူ ကို တိုင်ပင်ပြီး အကြံဉာဏ်ယူသင့်ပါတယ်။ စိတ်ကူးကောင်း လေးတွေရှိနေတတ်ပါတယ်။ မိမိလုပ်ချင်တာ တွေကို အချိန်မဆွဲ ဘဲချက်ချင်းထလုပ်ပေးပါ။အဆင်ပြေပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ မိမိမှန်းထား သလောက် ငွေဝင် လာတတ်ပါတယ်။ သူတစ်ပါးတွေကိုပြန်လည် ကူညီပေး နိုင်ပါလိမ့်မယ်။ စက်ပစ္စည်းအဝင်တော်တဲ့ နေ့ရက်ပဲ ဖြစ်ပါတယ်။

ကြာသပတေး

မိတ်ဆွေသစ်တွေတိုးပွားတတ်ပါတယ်။ သူငယ်ချင်းတွေကနေတဆင့်  အလုပ်အကိုင်အခွင့်အလမ်းတွေအထူးရလာ တတ် ပါတယ်။ မိမိရဲ့ဆွေမျိုးသား ချင်းတွေထဲ မှာမိမိအဆင်ပြေနေတာကိုမနာလိုအပုပ်ချသူတွေရှိနေတတ်ပါတယ်။ အိမ်တွင်းရေး အပူတွေရှိရင်တော့ ပြေလည် အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ အလုပ်ခွင်မှာဆက်ဆံရေးကောင်းမှု၊ ကူညီတတ်မှု ကြောင့်လူအများရဲ့ ချစ်ခင်ခြင်းကို ရနိုင်တဲ့နေ့ရက်ပါပဲ။ အလုပ်နဲ့ပတ်သက်တဲ့ခရီးတွေ သွားရတတ် ပါတယ်။ ကောင်းသောခရီးဖြစ်နေ ပါလိမ့်မယ်။ အိမ် ထောင်ဘက်ဆီက အကူအညီတွေအများကြီးရလာမဲ့နေ့ရက်ပါပဲ။

သောကြာ

စိတ်ချမ်းသာဖို့သည်းခံရပါလိမ့်မယ်။ကျန်းမာရေးကတော့ အညံ့များ နေတတ်ပါတယ်။ ရေချိုးဆင်ခြင်ပါ။ ခေါင်းမလျှော် ပါနဲ့။ အလုပ်နဲ့ပတ်သက်ပြီးလိုအပ်တဲ့အချိတ် အဆက်တွေလဲရလာတတ်ပါတယ်။ အိမ်နီးနားချင်းတွေ၊ အခန်းဖော် တွေနဲ့ သဘောထားမတိုက် ဆိုင်ဖြစ်ရ တတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်တွေရဲ့သဘောဆန္ဒတွေ ကိုလဲဦးစားပေးလိုက်ပါ။ ဒီနေ့ဟာ မိမိကိုယ်တိုင်နှိမ့်ချပြောဆိုဆက်ဆံနိုင်မှအဆင်ပြေပါလိမ့်မယ်။ အသင်းအဖွဲ့ ကိစ္စ များ၊ ပရဟိတအလုပ်များမှာ ဦး ဆောင်ဦးရွက်မလုပ်ကြပါနဲ့။ဒီနေ့ဟာခေါင်းဆောင် လုပ်ခြင်းထက်နောက်လိုက် လုပ် တာ ကပို ကောင်းပါတယ်။

စနေ

သားသမီးတွေအတွက်ပူပန်ရတတ်ပါတယ်။ စိတ်ကူးထား သမျှလက်တွေ့ဖြစ်လာဖို့မလွယ်သေးပါ။ သူတစ်ပါးတွေဆီက အကူအညီတွေတောင်းခံရတတ်ပါတယ်။ အချစ်ရေးမှာ တော့သဘော ထားကွဲလွဲစရာလေးတွေများနေတတ်ပါတယ်။ မိမိရဲ့ကြိုးစားအားထုတ်မှုတွေက အချည်းနှီးတော့ မဖြစ်ပါဘူး။ လုပ်သလောက်အကျိုးပြန်ခံစားရတတ်ပါ တယ်။ လူမှု ရေး ကိစ္စတွေမှာဦးဆောင်ဦးရွက်မလုပ်ပါနဲ့။ အမှု အခင်းတွေမှာအာမခံတာမျိုးအထူးရှောင်လိုက်ပါ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မိမိကောင်းနေရင်တောင်မှ အိမ်သား တွေကျန်းမာရေးညံ့တတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

7.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၃)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၇)ရက်နေ့ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၆)နာရီမှာ အရုဏ်တတ်ပါတယ်။  နေထွက်ချိန်နံနက်(၀၆း၁၄)နာရီဖြစ်ပြီး ၊ ညနေ(၀၅း၅၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။သို့သော်သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့ အချိန်အခါကိုနေ့နံအလိုက်ပြန်ရွေးပြီးမှဆောင်ရွက်ပါ။

ဒီနေ့ဟာ ရက်ကန်းသမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မနက် ၈နာရီခွဲကစလို့ လဆန်းတီထိ ၁၃လုံးအောင်မြင်မှုကိုပေးတဲ့တီထိဖြစ်ပါတယ်။ ပြဿနာများကိုရင်ဆိုင်ဖြေရှင်းရတဲ့နေ့ရက်လဲဖြစ်ပါတယ်။ အလုပ်တွေကအခက်အခဲတွေကို ကောင်းစွာဖြေရှင်း သွားနိုင်ပါလိမ့်မယ်။ စစ်ရေးကိစ္စ၊အစိုးရနဲ့ပက်သက်သောကိစ္စ တွေမှာပြေလည်အောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဆေးကု၊ဆေးစစ်ရန်အတွက်ကောင်းမွန်သောရက်ကောင်းဖြစ်ပါ တယ်။ ကြုံရနိုင်တဲ့ အကြပ်အတည်းတွေကိုလဲ ကောင်းစွာကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီနေ့တွေ့ကြုံရတဲ့ အလှူခံမှန် သမျှကို သဒ္ဓါကြည်ဖြူစွာ လှူဒါန်းလိုက်ခြင်းဖြင့် အောင်မြင်မှုတွေကိုဖြစ်ပေါ်စေပါလိမ့်မယ်။

ရစရာရှိသောအကြွေးများ၊ရပိုင်ခွင့်များ ကောင်းစွာတောင်းခံနိုင်ပါလိမ့်မယ်။ အလုပ်ပိနေသူများ၊ အလုပ်တာဝန်များ နေသူများ ကောင်းစွာစီမံခန့်ခွဲနိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ ခရီးသွားရင် တွေ့တဲ့ဆိုင်မှာထီကံစမ်းခြင်းတွေပြုလုပ်လို့ အထူးသင့်လျော်ပါတယ်။ လိုအပ်နေတဲ့ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများဝယ်ယူမယ်ဆိုရင်လဲ ဝယ်ယူလို့အထူး သင့်တော်ပါတယ်။ ဘာကိစ္စမဆို အချိန်မဆွဲဘဲ လက်ဦးမှုတွေစတင်ယူလိုက်မယ်ဆိုရင်တော့အထူးပဲအဆင်ပြေ သွား တတ်ပါတယ်။ စားသောက်ကုန်နဲ့ပတ်သက်သော ကုန်စည်ပြပွဲများကျင်းပခြင်း၊ promotion များပြုလုပ်ခြင်း တွေ အထူးကောင်းပါလိမ့်မယ်။

ခရီးကိစ္စများဆောင်ရွက်လို့ အထူးကောင်းပါတယ်။ အပျော်ခရီးတွေပဲဖြစ်ဖြစ်၊ကုန်သွယ်စီးပွားခရီးတွေပဲဖြစ်ဖြစ် အဆင်ပြေချောမွေ့ပါလိမ့်မယ်။ မိမိလုပ်ငန်းအတွင်းဝန်ထမ်းတွေကို အလုပ်နဲ့ ပတ်သက်သောသင်တန်းတွေပေး တာ မျိုးတွေဆောင်ရွက်လို့အထူးကောင်းပါတယ်။အိမ်ပြုပြင်ခြင်း၊ အိမ်ခန်းဖွဲ့ခြင်း၊ ပျက်စီးယိုယွင်းနေတဲ့နေရာ တွေကိုပြင် ဆင် ခြင်းများပြုလုပ်သင့်တဲ့နေ့ရက်ပါပဲ။ ကြော်ငြာကိစ္စများဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကုန်ရောင်း ကုန်ဝယ် အလုပ်များ၊ ဈေးရောင်းဈေးဝယ် အလုပ်များအထူးအဆင်ပြေနိုင်ပါတယ်။

ဆောင်ရွက်သမျှကိစ္စတွေမှာ နှေးကွေးကြန့်ကြာပြီးမှအောင်မြင်တတ်သောနေ့ဖြစ်ပါတယ်။မိမိလိုအပ်နေသော သတင်း အချက်အလက်တွေ၊ဒေတာတွေစုဆောင်းနိုင်သောနေ့ရက်ဖြစ်ပါတယ်။ရန်ပဋိပက္ခများဖြေရှင်းနိုင်ပါလိမ့်မယ်။ ငွေကြေး လာဘ်လာဘအတွက်ပြောဆိုဆောင်ရွက်ရန် အခါသင့်သည်။ ကျန်းမာရေးအညံ့ကြုံက မပေါ့ဆအပ်ပါ။ ချက်ချင်းကုသမှုခံယူပါ။ ဆေးမြီးတိုနဲ့မကုသင့်တဲ့နေ့ရက်ပါပဲ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀း၂၀)နာရီမှ (၂၁း၁၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

 ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိ ဖွား၊  ကုမ်စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာစိတ်ကူး အယူအဆကောင်းတယ်ဗျ။ အတွေးကောင်းတယ်။ ခင်တတ်မင်တတ်တယ်။ ကူညီမဲ့သူတွေပေါများတယ်။ငွေကြေး နဲ့ပတ်သက်ပြီးအကူအညီကောင်းတွေရလွယ်ကြသူတွေဖြစ်တယ်ဗျ။ ထူးခြားတာကမိခင်ရဲ့အကျိုးကျေးဇူးကို အထူး ခံစားရတဲ့သူတွေအဖြစ်တွေ့ရတယ်။  ကြိုးစားဖို့လိုတာက သက်လတ်ပိုင်းကာလတွေပဲဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ ကံပေးချိန်တွေမို့လို့ အသက် ၂၇ကစလို့ လုပ်တိုင်းဖြစ်တဲ့ပန်းပန်ချိန်ကာလတွေပဲဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၄) နာရီမှ နံနက်(၁၁း၅၃)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ တနင်္လာ၊ ကြာသပတေး၊ သောကြာ  သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္ဂနွေ၊ ဗုဒ္ဓဟူး  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ အင်္ဂါ၊ စနေ၊ ရာဟု  သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင်၊အညိုရောင်         များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊၇)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဂဏန်းပေါင်းစက် အသေးလေး တစ်လုံးဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကန်စွန်းဥဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အခြားကိစ္စထက်လိင်ကိစ္စတွေကင်းအောင်နေပါ။အထူး သဖြင့်အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့လဲ အိမ်ထောင် ဘက် အပေါ်သစ္စာရှိလိုက်ပါ။ ကျန်းမာရေးက အခံရှိတဲ့ရောဂါတွေပြန်ဖောက်လာတတ်ပါတယ်။ ကျန်းမာရေးကို ဂရု စိုက်ပေးပါ။ မိမိလိုချင်တာတွေကိုလဲ သူများ အကူအညီမပါဘဲ ကိုယ့်ဒူးကိုယ်ချွန်လုပ်ယူရတတ်ပါတယ်။ စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာအခြေအနေမျိုးလေးတွေနဲ့ ကြုံရတတ်ပေမဲ့ မိမိကတော့ တတ်နိုင်သလောက်သည်းခံပေးလိုက်စေ ချင်ပါတယ်။ ပညာရေးအတွက်ရလဒ် ကောင်းတွေရှိလာမဲ့နေ့ရက်ပါပဲ။ စာမေးပွဲကိစ္စ၊အင်တာဗျူးကိစ္စတွေအထူးပဲ ကောင်းနေ တတ်ပါတယ်။

တနင်္လာ

ကိုယ့်ရဲ့ဆရာသမားတွေရဲ့အကူအညီတွေကိုကောင်းစွာရရှိ ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်သော အကြံပေးတာမျိုး တွေ အထူးရရှိပါလိမ့်မယ်။ အလုပ်တွေများနေတတ်ပါတယ်။ ဒါပေမဲ့အလုပ်တွေနဲ့ပတ်သက်ပြီး ငွေနောက်ကမလိုက် နိုင်တာမျိုးတွေ လဲအထူးဖြစ်ရတတ်ပါတယ်။ ငွေအဝင် အထွက်မမျှတာမျိုးတွေဖြစ်ရတတ်ပါတယ်။သူတစ်ပါးတွေကို အလုပ်တွေထပ်ပေး နိုင်ပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးရောဂါကင်းနေပါလိမ့်မယ်။ မိမိဖြစ်ချင်တာတွေကို ဖြစ်အောင် လုပ်သွားနိုင် ပါလိမ့်မယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးချစ်သူကမိမိကိုဂရုမစိုက်သလိုခံစားနေရတတ်ပါတယ်။

အင်္ဂါ

ပျော်ပွဲရွှင်ပွဲများ၊ ပွဲလမ်းသဘင်များစီရင်ကျင်းပလို့ အထူးကောင်းပါတယ်။ခန်းဝင်ပစ္စည်းများဝယ်ယူခြင်း၊ ပရိဘောဂ များ ဝယ်ယူခြင်းတွေလဲဒီနေ့မှာ အထူးဆောင်ရွက် နိုင်ပါလိမ့်မယ်။သွေးလည်ပတ်မှုအားကောင်းနေတာကြောင့်လဲ ကျန်းမာရေး အတွက်လဲ စိတ်ပူစရာမလိုတာမျိုးတွေ့ ရပါတယ်။ ခရီးရှည်သွားမယ်ဆိုဒီနေ့မှာ စတင်ထွက်ခွာလို့ ကောင်းပါတယ်။ ခရီးသွားလုပ်ငန်းများ၊ ကုန်သွယ်မှု လုပ်ငန်းများလဲ တိုးတတ်အောင်မြင်နေပါလိမ့်မယ်။ မိသားစုလိုက် ခရီးထွက်တာ၊ ချစ်သူနဲ့ လျှောက်လည်တာ မျိုးတွေဆောင်ရွက်သင့်တဲ့နေ့မျိုးပါပဲ။

ဗုဒ္ဓဟူး၊ရာဟု

အတွေးချော်နေတတ်ပါတယ်။ဒါကြောင့်လဲလုပ်ကိုင် ဆောင်ရွက်သမျှတွေမှာလဲ အမှားမှားယွင်းယွင်းတွေဖြစ်နေ တတ်ပါတယ်။ သူများတွေရဲ့စေတနာစကားတွေကို အပြစ်တင်စကားလို့ အထင်ရောက်နေတတ်ပါတယ်။ ငွေကြေးရှာ လို့ဖွေလို့လွယ်ပေမဲ့ ကုန်စရာတွေများနေတတ်ပါ တယ်။ ငွေတွေမြုပ်အောင်တော့ မလုပ်မိပါစေနဲ့။ငွေမြုပ်ရင် ဖော်ရခက်ခဲပါတယ်။  အရောင်းသွက်တဲ့ ပစ္စည်းတွေကိုပဲ လှောင်ဖို့အကြံပေးချင်ပါတယ်။ ပညာရေးအတွက် အနည်းငယ် ပင်ပန်း ရမဲ့နေ့ပါပဲ။ စီစဉ်ထားတဲ့ခရီးများ ရှိရင်ခရီး အပြောင်းအလဲမျိုးတွေကြုံ ရနိုင်ပါ တယ်။

ကြာသပတေး

ရည်ရွယ်ချက်တွေပြည့်မီအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ သူ တစ်ပါးတွေရဲ့အကူအညီတွေကို ပြန်ပေးနိုင်မဲ့ နေ့ရက်လဲ ဖြစ်ပါတယ်။ အချစ်ရေးကိစ္စတွေကအလွန်ကောင်းပါတယ်။ ချစ်သူနဲ့အမှတ်တရအချိန်လေးတွေကို ဖန်တီး နိုင်မဲ့နေ့ရက်ပါပဲ။ လုပ်သလောက်အကျိုးမခံစားရတာတွေရှိ တတ်ပါ တယ်။ ဘယ်လောက်ပဲလုပ်လုပ် အထက်လူကြီး က အကောင်း မမြင်တာမျိုးတွေလဲကြုံရနိုင်ပါတယ်။  မိတ်ဆွေ သစ် တွေလဲရလာတတ်ပါတယ်။ မိမိဆိုင်တွေ ဖောက် သည်သစ်တွေရလာပြီး ရောင်းပန်းဝယ်ပန်းပွင့်ရ ပါလိမ့်မယ်။ ကျန်းမာရေးကတော့ အကောင်းနည်း ပါတယ်။ ဆီး ရောဂါများ ဂရုစိုက်ပါ။

သောကြာ

ကံမြင့်မားနေပါလိမ့်မယ်။ အတွေးကောင်းစိတ်ကူးကောင်းတွေ လဲရလာတတ်ပါတယ်။ ပညာရှာလို့ကောင်းသလို၊ ပညာရေးနဲ့ပတ်သက်သောအလုပ်အကိုင်တွေလဲ တိုးတတ်နိုင်မဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ ဆရာသမားတွေရဲ့ အကူ အညီတွေ အထောက်အပံ့တွေရတတ်ပါတယ်။ ဘာသာရေးနဲ့ပတ် သက်သော ကိုးကွယ်စရာများ လက်ဆောင်ရတတ် ပါတယ်။ စိတ်ချမ်းသာမှု၊ကိုယ်ကျန်းမာမှုတွေလဲအထူးတွေ့ရ ပါလိမ့်မယ်။ ဘာသာရေးနဲ့ပတ်သက်သော တရား ဆွေးနွေး တာမျိုးတွေ အထူးကောင်းပါတယ်။စာမေးပွဲကိစ္စနှင့် အင်တာဗျူးကိစ္စများ အထူးကောင်းမွန်တဲ့နေ့ရက်ပါ။

စနေ

နေရာလုပွဲတွေ၊ အတိုက်အခံများတာမျိုးတွေအထူးဖြစ်ရတတ် ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးနေရာသစ်မှာ အခြေချ လို့ ကောင်းပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းများတိုးတတ် အောင်မြင်လာတတ်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး ဘုရားဆင်တုတော်ထုလုပ်ခြင်းတွေ၊ စတင်နေကဇာတင် ခြင်းတွေအထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ အကူအညီပေးမဲ့ သူတွေကိုလဲ အကြွင်းမဲ့ယုံလို့မရသေးပါဘူး။ ကူညီတာကနည်းနည်း ဒုက္ခပေးတာကများများဖြစ်နေပါ လိမ့်မယ်။ အရေပြားမှာ အဖုအပိန့်များ၊ယားနာများ ဖြစ်လွယ်ပါတယ်။အပူများပြီး ဝက်ခြံပုန်းတွေလဲထွက်လာ တတ်ပါ တယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

6.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၂)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၁၃)နာရီဖြစ်ပြီး ၊ ညနေ(၀၅း၅၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ မနက် ၁၀နာရီခွဲအထိ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။သို့သော် ထိုအချိန်ကာလကျော်တာနဲ့ မြေခံမကောင်းတာရယ်၊ သမားညိုနဲ့လဲတိုက်ဆိုင်တာ ရယ်၊ရက်ယုတ်မာလဲဖြစ်တာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့် အဆောက် အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေကို ရှောင်လိုက်တာ  အကောင်း ဆုံးပါ။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားညို၊ ရက်ယုတ်မာ ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မနက် ၁၀◌း၄၀အထိက လဆန်းတီထိ ၁၁လုံး ပျော်ရွှင်မှုတွေ၊ ကြွယ်ဝခြင်းတွေ ကိုပေးတဲ့ နန္ဒတီ ထိကျရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ထိုအချိန်လွန်ပါက လဆန်းတီထိ၁၂လုံးကူးပြောင်းပါတယ်။ ခေါင်းဆေး ခေါင်း လျှော်ခြင်းတွေ ပြုလုပ်လို့သင့်ပါတယ်။ ရောဂါဆိုး၊ဘေးဆိုး အန္တရာယ်ဆိုးတွေကနေကင်းဝေးမဲ့ နေ့ရက်ပါပဲ။ အလုပ်ရှာခြင်း၊အလုပ်သစ်လျှောက်ခြင်းများပြုလုပ်ရန်ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။ မိမိတို့ ရဲ့မိရိုးဖလာရိုးရာ နတ်များအားပူဇော်ခြင်း၊ပသခြင်းများလဲ ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။

စက်ပစ္စည်းရောင်းဝယ်ခြင်းများ၊ ဒီနေ့မှာဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ဆေးဝါးအသစ်မှာစတင်ဖော်စပ် ခြင်းများလဲအထူးကောင်းပါတယ်။ ဆံသဆိုင်၊BEAUTY SALOON ၊အလှကုန်ပစ္စည်းအရောင်းဆိုင်များလဲဒီနေ့မှာ အဆင်ပြေချော့မွေ့တာတွေ့ရပါတယ်။

တံတားပြုပြင်ခြင်း၊လမ်းပြုပြင်ခြင်း၊စည်းရိုးကာခြင်းများကိုလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်ရေနံတူးဖော် ခြင်း တွေ၊ဆည်မြောင်းတာတမံတူးဖော်ခြင်းတွေကိုလဲဒီနေ့မှာအလေးပေးဆောင်ရွက်လို့ကောင်းပါတယ်။ဒီနေ့မှာ ပါတီ ပွဲ များ ကျင်းပခြင်း၊ မိတ်ဆုံစားပွဲများကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်လို့ကောင်းပါတယ်။  ကျောက်မျက်ရတ နာများ ဝယ်ယူခြင်း၊ အဝတ်အထည်များဝယ်ခြင်း၊ဖက်ရှင်ဒီဇိုင်းများစတင်ချုပ်လုပ်ခြင်းတွေ ဆောင်ရွက်လို့ကောင်း ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀:၂၄)နာရီမှ (၂၁း၁၅)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက်နိုင်ပါလိမ့်မယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ဘင်္ဂဖွား၊  မကာရစန်း၊ မနက် ၉နာရီခွဲကျော်ရင် စန်းကကုမ်ရာသီပြောင်းသည်။ ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အမိအဘ တွေရဲ့ အထောက်အပံ့အလွန်ရကြသူတွေဖြစ်သလို ဉာဏ်ကြီးတဲ့အသိုင်းအဝိုင်း၊ဒါမှမဟုတ်မိမိကိုလမ်းပြနိုင်တဲ့သူ တွေကြားမှာ ဝင်စားကြတဲ့သူတွေဖြစ်တယ်။ ပညာ အရာမှာအထွတ်အထိပ်ရောက်ပြီး ဘာသာစကားများသင်ယူ တတ်မြောက်လွယ်ကြတဲ့ဇာတာပဲဖြစ်ပါတယ်။ ကံ ကောင်း တာက ဒီနေ့မွေးရင်သွေးငယ်ဟာ ကျားဖြစ်စေ၊မဖြစ်စေ အိမ်ထောင်ရေးအတွက် စိတ်ချမ်းသာ ရင်အေးရ တဲ့ဖွားဇာတာ မျိုးပဲဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၂၃) နာရီမှ မွန်းလွဲ(၂း၅၂)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ သောကြာ၊ တနင်္လာ၊ အင်္ဂါ   သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား စနေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂ‌နွေ၊ ကြာသပတေး  သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ ငွေရောင်၊မီးခိုးရောင်    များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၃)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်ရည် သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဩဇာသီး ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

သူတစ်ပါးတွေကိုလဲ တတ်နိုင်သလောက်ကူညီပေးနိုင်ပါ တယ်။ ဇိမ်ခံပစ္စည်း တွေနဲ့ သက်သောင့်သက်သာ နေခွင့်ရမဲ့ နေ့ရက်လဲဖြစ်ပါတယ်။ ကတိတည်သော ပြောတဲ့ အတိုင်းလုပ်ပေးသူများ ဒီနေ့မှာလူအများရဲ့ယုံကြည်မှု ကိုရလာ တတ်ပါတယ်။့ကံကောင်းခြင်းတွေကို တစ်လှည့် ခံစားရပါလိမ့်မယ်။ ပျော်ပွဲ ရွှင်ပွဲများအထူးကြုံရတတ်ပါတယ်။ မိမိအနှစ်နှစ်အလလ လိုချင်နေတဲ့အရာတစ်ခု ကိုရ လာတတ်ပါတယ်။စိတ်ပျော်ရွှင်စရာတွေများနေရတတ်ပါတယ်။ မိမိအကြံပေး၊အားပေးစကားကြောင့် တစ်ဖက်သား ကောင်းသောအပြောင်း အလဲတွေကိုအထူးကြုံရတတ်ပါတယ်။

တနင်္လာ

လက် တလောငွေရမဲ့ကိစ္စထက် ရေရှည်အကျိုးများမဲ့ကိစ္စတွေ ကိုကြည့်ပြီးဆောင်ရွက်တာကပိုမို အဆင်ပြေပါလိမ့် မယ်။ မိမိအခက်အခဲတွေရှိရင် ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသမျှ ကူညီပေးမဲ့မိတ်ဆွေကောင်းတွေရှိ နေတတ်ပါတယ်။ အချစ်ရေး မှာလဲ ချစ်သူကမိမိကို အဆက်အသွယ်မလုပ်တာ မျိုးလဲကြုံရတတ်ပါသေးတယ်။ မိမိရဲ့ဆုံးဖြတ်လုပ်ကိုင်မှု တွေဟာ အခြားသူတွေအတွက်ဝေဖန် အပြစ်တင်စရာများ ပေမဲ့ မိမိအတွက်တော့ ရေရှည်ကောင်းသွားတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကာယပင်ပန်းပြီး လုပ် ကိုင်ဆောင်ရွက်ရတာတောင်မှ ဖျားတာနာတာ၊ကိုယ်လက်ကိုက်ခဲ တာမျိုးတောင် မဖြစ်ပါဘူ။

အင်္ဂါ

မိမိဖြစ်ချင်တဲ့ကိစ္စတွေကိုလဲ ဦးစားပေးလုပ်ကိုင်နိုင် ပါလိမ့်မယ်။ငွေရှာလို့ကောင်းတယ်။ ရင်းနှီးမြုပ်နှံလို့သင့် တော် တဲ့နေ့ရက်ပါပဲ။မိမိလိုချင်တဲ့စက်ပစ္စည်းတွေဝယ်ယူ မယ်ဆိုရင်တော့ဒီနေ့မှာအထူးကောင်းပါတယ်။ အစား ကောင်း ၊ အသောက်ကောင်းတွေလဲ စားရသောက်ရ တတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့ တိုးတတ်စရာများပါတယ်။ ကိုယ်ပိုင်စီးပွားများဝန်ထမ်းတွေရဲ့ကြိုးစား မှုကြောင့်သိသိသာသာ လုပ်ငန်းတွေတိုးတတ်နေပါလိမ့်မယ်။စိတ်ချမ်း သာကိုယ်ကျန်းမာမှုတွေရှိပါလိမ့်မယ်။ မိမိမိတ်ဆွေတွေဆီကမိမိနဲ့အပ်စပ်တဲ့အကြံဉာဏ်ကောင်းတွေရလာတတ်ပါ တယ်။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်မှာအထက်လူကြီးက ကြီးလေးတဲ့တာဝန်တွေကို ပေးအပ် တတ်ပါတယ်။ အရေး ကြီးတဲ့ကိစ္စတွေကို အခြား သူတွေကိုမခိုင်းဘဲမိမိကိုပဲခိုင်းစေတတ်ပါတယ်။ လက်ရှိအလုပ်မှာ စိတ်အနှောက်အယှက် ဖြစ်စရာလေးတွေ ကြုံရ ပေမဲ့ယာယီအ ညံ့မျိုးပါပဲ။ အိမ်ရှင်အိမ်ငှားပြဿနာလေးတွေ ကြုံလွယ်ပါတယ်။ ဘာလုပ်လုပ် အခက်အခဲတွေ ကြုံပြီး မှပဲ အဆင်ပြေတတ်ပါတယ်။ ဘာမှလွယ်လွယ်ကူကူဖြစ်နိုင် တာမျိုးတော့ မရှိပါဘူး။ အိမ်သစ် စတင်ဆောက်လုပ်ဖို့ ဆောက်ပေးမဲ့သူနဲညှိနှိုင်းခြင်းများ မင်းအစိုးရနဲ့ပက်သက်တဲ့ ကိစ္စအ၀၀ကိုလဲဒီနေ့မှာလက် ရှောင်လိုက်ဖို့လိုပါတယ်။

ကြာသပတေး

ပညာရပ်နဲ့ပတ်သက်ပြီး မိမိလိုအပ်နေတဲ့ပညာရပ်လေး တွေကိုသင်ကြားခွင့်တွေ ရလာတတ်ပါတယ်။ ကျန်းမာရေး အားနည်းသူများ ဆေးကောင်းဝါးကောင်းတွေ့ပြီး ရောဂါ တွေ သက်သာ ခွင့်ရပါ လိမ့်မယ်။ ONLINE စီးပွားရေးများ အလွန်အောင်မြင်နေတတ်ပါတယ်။မီဒီယာ အလုပ်များ တိုးတတ်နိုင်ပါတယ်။ မိမိထုတ်ကုန်သစ် အတွက် ဒီနေ့မှာ ကြော်ငြာခြင်းဖြင့် လူအများရဲ့သတိထားခြင်းကိုရရှိပါ လိမ့်မယ်။ မပြတ်သား၊တွေဝေနေတဲ့အတွေး တွေရှင်းလင်း သွား တတ်ပါတယ်။  စိတ်ရှည်နိုင်မှု၊သည်းခံနိုင်မှု တွေမြင့်မားနေတဲ့နေ့ရက်ဖြစ်တာကြောင့် ခက်ခဲနေ တဲ့ကိစ္စတွေကိုဦးစား ပေး လုပ်ပါ။

သောကြာ

ဘာလုပ်လုပ်အများနဲ့ပူးတွဲလုပ်ကိုင်ခြင်းများကပိုမိုတိုးတတ်မှု တွေကိုကြုံရ တတ်ပါတယ်။ ချစ်သူရဲ့လှည့်စားခြင်း တွေ ကိုလဲခံရတတ်ပါတယ်။ အိမ်ကို ရပ်ဝေးကဧည့်သည်တွေလဲ ရောက်လာ တတ်ပါတယ်။ လက်ဝယ်ရှိတဲ့ရွှေပြန် ရောင်းမယ် ဆိုဒီနေ့ဆောင်ရွက်လို့ကောင်းပါတယ်။ လုပ်ငန်းခွင်မှာ အဆင်ပြေပေမဲ့ မိသားစုနဲ့တော့စိတ်တူသဘော တူဖြစ်ဖို့မလွယ်တာ ကိုတွေ့ရပါတယ်။ အလုပ်ထဲမှာ မိမိမလုပ်ဖူး သေးတဲ့အလုပ်ကိစ္စတွေကိုစတင်ခိုင်းစေခြင်းခံရ တတ်ပါတယ်။ ဒါကြောင့်အနည်းငယ်ခက်ခဲပေမဲ့ ကြာရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။ အရောင်းအဝယ်အလုပ် များ လူလိမ်တွေနဲ့တွေ့ရတတ်ပါတယ်။

စနေ

အလှူအတန်းကိစ္စဘာသာရေးကိစ္စတွေနဲ့ပတ်သက်ပြီး တော့လဲ ခရီးသွားရတတ်ပါတယ်။ တရားစကားဆွေးနွေး လို့ကောင်းပါတယ်။ ဘာကိစ္စလုပ်လုပ်မပိုင်နိုင်ဘဲ မလုပ်ဖို့သတိပေးချင်ပါတယ်။ ကျန်းမာရေးကတော့ အဆိုးကြီး မဟုတ်ပေမဲ့ တရှောင်ရှောင်တော့ ဖြစ်လွယ် ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီး မရှင်းတာ၊နားမလည်တာတွေကို မေးမြန်းတာမျိုးတွေ အထူးဆောင်ရွက်လိုက်ပါ။ ဘာနယ်ပယ်မှာဖြစ်ဖြစ်မသိရင်မရှင်းရင်မေးပါ။ ကိုယ်ထင်ရာကိုယ် လုပ်ပြီး အမှားတွေဖြစ် တတ်လွန်းလို့ပါ။ ငွေအထွက်များနေတဲ့နေ့ရက်ဖြစ်တာကြောင့်လဲ အိတ်ကပ်ပိန်နေတတ်ပါ တယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

5.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၁၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရသိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ ၁နာရီအထိကအေးချမ်းခြင်းတွေ၊ ကြည်နူးခြင်းတွေကိုပေးတဲ့ပုဏ္ဏာ တီထိကျ ရောက်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ ဒီနေ့မှာ တစ်ပတ်ရစ်များ၊အရောင်းထိုင်းပစ္စည်းများရောင်းဝယ်ဖောက် ကားလို့ အထူးကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အထူးကောင်းမွန်ပါလိမ့်မယ်။ မြုပ်နေတဲ့ငွေ တွေလဲ ပြန်ဖော်နိုင်ပါလိမ့်မယ်။ ရန်များ ပဋိပက္ခများကိုလဲကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။

ရာဟုကာလအမှောင်ချိန်ကလွဲလို့ ည၁၁နာရီ မတိုင်ခင်အထိက အချိန်အခါကောင်းပါတယ်။ မင်္ဂလာမည်သော ကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ ဘဏ်လုပ်ငန်းများ၊ငွေကြေးဆိုင်ရာကိစ္စများလဲဆောင်ရွက်လို့ကောင်းပါ တယ်။အိမ်၊ခြံ၊မြေ၊လုပ်ငန်းများစတင်ခြင်းတွေ အထူးကောင်းပါတယ်။

ကြာပသတေးပိုင်တဲ့တီထိဖြစ်တာကြောင့် ပညာရေးနဲ့ပတ်သက်သောကိစ္စအ၀၀မှာဆောင်ရွက်လို့ အထူးကောင်း ပါတယ်။ ပညာရှာခြင်း၊သင်တန်းတတ်ရောက်ခြင်း။တပည့်ခံခြင်းများဆောင်ရွက်နိုင်သလို ဆရာတွေ အနေနဲ့ ပညာသင် ပေးခြင်း၊သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။

ရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေကနေ အကျိုးအမြတ်တွေပြန်လည်ရရှိတတ်ပါတယ်။ခဏဆိုင်းငံ့ထားတဲ့အလုပ်တွေ ကိုပြန်လည်လုပ်ကိုင်နိုင်မဲ့နေ့ရက်ပါပဲ။ ရစရာရှိတဲ့အကြွေးတွေကိုတောင်းခံနိုင်မဲ့နေ့ရက်ပါပဲ။ အလှူအတန်းပြုခြင်း၊ ရေစက်ချအမျှဝေခြင်းများ၊အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဘုရားထီးတင်ခြင်း၊ ဘုရားနေက ဇာတင်ခြင်း၊ ဘုရား ဆင်းတုတော်ပင့်ဆောင်၍စတင်ပူဇော်ကိုးကွယ်ခြင်းများ အထူးကောင်းတဲ့နေ့ပါပဲ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  မကာရစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးများဟာ ပညာနဲ့ အကျိုးပေးကြတယ်။ပညာရှာနိုင်ပြီး ဘွဲ့ထူးဂုဏ်ထူး ရကြသလို ပညာကို ပြန်ဖြန့်ဝေပေးတဲ့သူတွေဖြစ် နေတာကိုတွေ့ ရပါတယ်။ မိန်းကလေးရင်သွေးငယ်တွေဆိုရင်တော့ အိမ်ထောင်ရေးဂရုစိုက်သင့်သလို့ သွေး၊ဓမ္မတာ၊သည်းခြေနဲ့ ပတ်သက်ပြီးရောဂါဘယ်ဖြစ်လွယ်ပါတယ်။ အလုပ်စီးပွား နယ်ပယ်ထက် ပညာရှင်နယ်ပယ်ကိုဦးတည် သွားတဲ့ဇာတာ မျိုးဖြစ်တာကိုတွေ့ရပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀း၂၈)နာရီမှ ည(၂၁း၁၉)နာရီအတွင်း အတွင်း ဖြစ် ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီ မဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။ ဒါအပြင်ဒီနေ့ဟာ ဓနသိဒ္ဓိနက္ခတ်နဲ့ပါ စန်းယှဉ်နေ တာမို့ ယနေ့ည ၁၁နာရီခွဲ ကနေ နောက်နေ့ည ၉နာရီခွဲထိ မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းများလဲ ထပ်တိုးဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(11;54) နာရီမှ မွန်းလွဲ(1;23)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ         သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား အင်္ဂါ၊ သောကြာ  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင်၊အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊၉)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ချိုသော သကြားလုံးငုံ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒံပေါက် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အလုပ်တွင်း အစည်းအဝေး လုပ်ပြီး အလုပ်ရဲ့အနာဂတ် အတွက် ပိုကောင်းတဲ့ကိစ္စတွေကိုဆွေးနွေး ပုံဖော်သင့်တဲ့ နေ့ရက်ပါပဲ။  အတိုက်အခံတွေဘယ်လောက်ရှိပါစေ.. အောင်မြင်စွာကျော်လွှားနိုင်ပါလိမ့်မယ်။ လူကြီးသူမတွေက မိမိ စိတ် အခြေအနေကို စမ်းသပ်တာမျိုးကြုံရတတ်ပါ တယ်။ ကိစ္စကြီးကြီးမားမားတွေ၊လုပ်ငန်းကြီးကြီးမားမားတွေကို ကိုင် တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ငွေကြေးနဲ့ ပက်သက်တဲ့ ကိစ္စတွေမှာလဲ မိမိရဲ့ကြိုးကြိုးစားစားလုပ်ကိုင်မှုကြောင့် ဝင်ငွေလဲတိုးဖွယ်ရှိနေပါတယ်။ကျန်းမာရေး ကလဲဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။

တနင်္လာ

စက်ကားတော့ဖြေးဖြေးမောင်းပါ။ သတိမကပ်ဘဲ မောင်းမိတာကြောင့် ဒုက္ခ ရောက်တတ်တယ်။ အဓိကတော့ အတွေး တွေလွန်နေတတ်တာကို တွေ့ရတတ်ပါတယ်။ စီစဉ်ထားတဲ့ခရီးတိုတွေ လဲသွားရတတ်ပါတယ်။ အောက်လက်ငယ်သား တွေကို ခိုင်းရင်တလွဲတွေပဲလုပ်နေတတ်ပါ တယ်။ ကျန်းမာရေး အညံ့နည်းပေမဲ့ လေထိုးလေအောင့်တော့ ဖြစ်တတ် ပါတယ်။ ကံကောင်းခြင်းတွေနဲ့အတူအဆင် မပြေခြင်းတွေပါပူးတွဲပါလာတတ်ပါတယ်။ အဆင်ပြေတယ်ဆိုပြီး မာန်ကြွတာနဲ့ ဒုက္ခရောက်တတ်ပါတယ်။ မကြွားဝါ ဘဲနေရင်တော့ ဒီနေ့ဟာအဆင်ပြေတတ်ပါတယ်။

အင်္ဂါ

အဆင်မပြေတာလေးတွေအနည်းငယ်ရှိပါလိမ့်မယ်။ ခရီးနဲ့ ပတ်သက်ပြီး အနည်းငယ်တော့အခက်အခဲများရတတ် ပါတယ်။ စကားအကူးအပြောင်းလုပ်သူတွေကြောင့် မိတ်ဆွေရင်းတွေနဲ့စကားများရတတ်ပါတယ်။ အိမ်တွင်းရေး ပြဿနာများရှိရင်တော့ ပြေလည်အောင်ဖြေရှင်းနိုင်ပါ လိမ့်မယ်။ အရောင်းအဝယ်သမားများ၊ကုန်သည်များ ဈေး အပြောင်းအလဲကြောင့် အမြတ်အစွန်းနည်းပါးတတ်ပါ တယ်။ အကူ အညီပေးမိလိုက်ရင်လဲစေတနာကဝေဒနာ ဖြစ်ရတတ်တဲ့နေ့ရက်ပါပဲ။ ကောင်းသောအတွေးအကြံတွေ ရှိပေမဲ့ ဒီနေ့ မှာလက်တွေ့အကောင်အထည်ဖော်လို့ မသင့်ပါဘူး။

ဗုဒ္ဓဟူး၊ရာဟု

တစ်ကိုယ်တည်းချွန်ပြီးလုပ်ချင်းထက်ပေါင်းစပ်ပြီးတော့ လုပ်ကိုင် ခြင်းတွေကပိုမိုကောင်းပါတယ်။ ဒါကြောင့် ပဲစပ်တူအလုပ်တွေ ဒီလိုနေ့မှာပိုမိုအဆင်ပြေတာကိုတွေ့ရ ပါတယ်။ အချစ်ရေးမှာတော့ အထူးကောင်းပါတယ်။ နားဖောက်တာ၊ မင်္ဂလာစကားပြောတာတွေဆောင်ရွက်သင့် ပါတယ်။ ရလာတဲ့ငွေတွေကို ပရဟိတတစ်ခုခုမှာ တတ်နိုင်သမျှ လှူတန်းသင့်တဲ့နေ့ရက်မျိုးပါပဲ။ မီဒီယာအလုပ်များ၊ ကြော်ငြာအလုပ်များတိုးတတ်ကောင်းမွန်နေပါ လိမ့်မယ်။ ကားဝယ်တာ၊ ကားရောင်းတာမျိုးတွေ၊ မိမိကားကို အလှဆင်တာမျိုးတွေလဲ ဆောင်ရွက်လို့စိတ်တိုင်းကျ ပါလိမ့်မယ်။ ငွေကြေးလာဘ်လာဘတွေ ရွှင်လန်းပါလိမ့်မယ်။

ကြာသပတေး

အဆင်ပြေတာများပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး လိုအပ်ချက်လေး တွေကို အမုန်းခံထောက်ပြမဲ့သူတွေရှိ နေတာ ကိုယ်က မိမိကံကောင်းတာပါ။ ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်လု့ိ သင့်တော်တဲ့နေ့ရက်ပါပဲ။ လုပ်ငန်းကြီးများပိုမိုတိုး တတ်နေမှာပါ။ အလုပ်နဲ့ပက်သက်ပြီး ခက်ခဲ နေတဲ့ ကိစ္စတွေရှိရင်လဲ ဒီနေ့မှာအဆင်ပြေရတတ်ပါတယ်။ မိသားစု အတွက် ပူပန်ရတာတွေလျော့ပါးသက်သာသွား ပါလိမ့် မယ်။ စိတ်ထဲမတင်မကျဖြစ်နေတာတွေရှင်းလင်းသွားမဲ့နေ့ပါ။ စီးပွားရေးနဲ့ပက်သက်ပြီး အကြံဉာဏ်များ ၊ပညာများ ကိုဆရာတွေထံက သင်ယူလေ့လာလို့အလွန်ကောင်းပါတယ်။

သောကြာ

စိတ်ပင်ပန်းရတာလေးတွေရှိနေမှာပါ။ သူတစ်ပါးရဲ့ အကြံကိုယူပြီးလုပ်တာက ပိုမိုအောင်မြင်နိုင်ပါတယ်။ ငွေရှာလို့ ကောင်းပါတယ်။ ဒါပေမဲ့ ငွေတော့မချေးလိုက်ပါနဲ့။ ဒီနေ့ချေးလိုက်ရင်တော့ပြန်ရဖို့ကြန့်ကြာသွားတတ်ပါတယ်။ ရောဂါ ဝေဒနာ တစ်ခုခုခံစားရရင်ဆေးမြီးတိုနဲ့မကုလိုက် ပါနဲ့။အလုပ်တွေများတာကြောင့်လဲအထက်လူကြီးက မိမိကိုဖိအား ပေးခိုင်း စေတာမျိုးတွေကြုံရတတ်ပါတယ်။သူတစ် ပါး တွေရဲ့အလုပ် တွေကိုလဲကိုယ်စား လုပ်ပေးနေရ တတ်ပါတယ်။ အလုပ်နေရာပြောင်းရတာ၊ဌာနပြောင်းရတာတွေ ကိုလဲ ကြုံရတတ် တဲ့နေ့မျိုးပါပဲ။

စနေ

တစိုက် မတ်မတ်ကြိုးစားထားသမျှအရာထင်အကောင် အထည်ဖော်နိုင်ပါလိမ့်မယ်။ လူများများနဲ့ ဆက်ဆံလုပ် ကိုင်ခြင်း ထက်တစ်ယောက်ထဲတွေးတောကြံဆလုပ်ကိုင် တာမျိုးကပိုမိုအကျိုးဖြစ်ထွန်းပါလိမ့်မယ်။ သီလလုံအောင် နေ ရင်တော့အထူးပဲ ကံကောင်း တတ်တဲ့နေ့ရက်ပါပဲ။ မိမိကြိုးစားလုပ်ကိုင်ခဲ့တဲ့ရည်မှန်းချက်တွေလဲပြည့်မြောက်ပါ လိမ့်မယ်။ ဇွဲ၊ဝီရိယတွေရဲ့ အကျိုးကိုခံစားရပါလိမ့်မယ်။ စိတ်ချမ်းသာရတာ၊စိတ်အေးချမ်းရတာ မျိုးတွေကြုံရပါ လိမ့်မယ်။ အတိုက်အခံတွေ မိမိနေရာကိုလုမဲ့သူတွေကြုံ ရပေမဲ့အဆုံးသတ်မိမိကအသားစီးရရှိပါလိမ့်မယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

4.October.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၀)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၂)နာရီဖြစ်ပြီး ၊ညနေ(၅း၅၈)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရ ပါ တယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ရက်တံခွန်၊ နဂါးပေါ်ရက်၊ ဝါရမိတ္တုငယ် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ဆင်းရဲခြင်းသဘောကိုဆောင်တဲ့ ရိတ္တာတီထိကျရောက် တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီလို နေ့ရက်မှာတော့ ကျန်းမာရေးအညံ့များကင်းစင်ပါလိမ့်မယ်။ အရေပြားမှာရှိတဲ့အနာ ရောဂါတွေလဲ ကင်းစင်သွား တတ်ပါတယ်။ ကုန်သွယ်စီးပွားရေးလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အလွန်မှရင်းနှီးမြုပ်နှံလို့ကောင်းတဲ့နေ့ရက်ပါပဲ။ အလုပ်ဆိုင်းဘုတ်တင်ခြင်းတွေ၊ အလုပ်ခန်းစတင်ဖွင့်လှစ်ခြင်းတွေလဲ ဆောင်ရွက်လို့ကောင်းပါတယ်။

အရောင်းပြပွဲများ၊ကုန်စည်ပြပွဲများ၊ဈေးပွဲတော်များကျင်းပလို့အထူးကောင်းပါတယ်။ပြည်ပဈေးကွက်သို့ကုန်ပစ္စည်း တွေတင်ပို့ရောင်းချခြင်းတွေကိုအထူးဦးစားပေးဆောင်ရွက်လို့ကောင်းပါတယ်။ပညာရေးနဲ့ပက်သက်သော ကိစ္စ အ၀၀ လဲဆောင်ရွက်လို့ကောင်းပါတယ်။

 အမဲလိုက်ခြင်း၊အရက်ချက်ခြင်း၊  ပိုးသတ်ဆေးဖြန်းခြင်းစတဲ့အနိဌနဲ့ဆိုင် တဲ့အလုပ်များဆောင်ရွက်နိုင်တဲ့နေ့ပါပဲ။ ခဲယမ်းလက်နက်များပြုလုပ်ခြင်းများ၊ရန်အတိုက်အခံပြုခြင်းများလဲဒီနေ့မှာဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ အရေး ပေါ်မှာဖြစ်ပေါ်နေတဲ့အနာရောဂါပဲဖြစ်ဖြစ်၊ကိုယ်တွင်းမှာဖြစ်တဲ့အနာရောဂါပဲဖြစ်ဖြစ် ခွဲစိပ်ကုသရမယ် ဆိုရင်ဒီနေ့ ဟာဆောင်ရွက်လို့အထူးသင့်လျော်တဲ့နေ့ရက်ပါပဲ။

ကုန်စည်ဒိုင်အသစ်များစတင်ဖွင့်လှစ်ခြင်းတွေဒီနေ့မှာဆောင်ရွက်လို့ကောင်းပါတယ်။ စပါးများကိုစတင်စပါးကျီ သွင်းခြင်း၊ကုန်ပစ္စည်းသိုလှောင်ခြင်းများလဲ ပြုလုပ်ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။

အားကစားနှင့်ပတ်သက်သောလုပ်ငန်းများ အထူးတိုးတတ်မဲ့နေ့ပါပဲ။ အဖိုးများသောအားကစားပစ္စည်းများဝယ်ယူ မယ်ဆိုရင်လဲဒီနေ့ဟာဝယ်ယူလို့သင့်တော်တဲ့နေ့ရက်ပါပဲ။ ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့ နေ့ရက်ဖြစ်တာ ကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာ တွေ မှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေခြင်း၊အင်တာဗျူးခြင်းများလဲ ဒီနေ့မှာစတင်ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ရေနံ၊ ရွှေနှင့်ကျောက်မျက်ရတနာတူးဖော်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။ ခရီးကိစ္စများ သွားလာ လုပ်ကိုင်လို့ကောင်းမွန်တဲ့နေ့ရက်ပါပဲ။ အထူးသဖြင့်လေကြောင်းခရီများအဆင်ပြေချော့မွေ့တတ်ပါတယ်။

ဘာသာရေးနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ အစည်းအဝေးလုပ်ခြင်း၊အနာဂတ်လုပ် ဆောင်သွားမဲ့ကိစ္စတွေအတွက်တိုင်ပင်ဆွေးနွေးခြင်းများအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀◌း၃၂)နာရီမှ ည(၂၁း၂၃)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာ ဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့ အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယို ဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ဒီနေ့ဟာရက်ရာဇာကျဖြစ်ပေမဲ့ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံ ရှောင် သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာ ပေါ်ပင် အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင် မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊  မကာရစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများ အနည်းငယ်စိတ် ကြီးတတ်ပါတယ်။ သည်းခံရင်အလွန်သည်းခံတတ်ပြီး သည်းခံနိုင်စိတ်ကျော်လွန်သွားရင်တော့ အကွက်ကျကျဒုက္ခ ပြန်ပေးတတ်သူတွေပါပဲ။ဘာလုပ်ရင် ဘာဖြစ်မယ်။ အနာဂတ်မှာ ဘယ်လိုတွေဖြစ်တာနိုင်တယ်…စတဲ့ကြိုတင်ခန့် မှန်းတဲ့နေရာတွေမှာ လွန်စွာတော်သူတွေဖြစ်ပါတယ်။ စိတ်လောပြီး အရာရာစိုးရိမ်တတ်သူတွေဖြစ်တတ်မို့ ဘဝမှာ အမှားအယွင်းနည်းကြတဲ့သူတွေအဖြစ်တွေ့ရတယ်။ နောင်တအနည်းဆုံးဇာတာရှင်လို့ တင်စားရမယ်ထင်ပါတယ်။ ထူးခြားချက်ကအခြားသူရဲ့စိတ်ကို ခံစားနားလည်နိုင်တဲ့ သူတွေဖြစ်ကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၂း၅၃) နာရီမှ ညနေ(၄း၂၃)နာရီအတွင်း ကျရောက်နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများ တနင်္လာ၊ ကြာသပတေး      သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ ကြေးနီရောင် နှင့် အပြာနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၁)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နေကြာစေ့စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အနည်းငယ်ပူပန်ရလိမ့် မယ်။ အစားကိုအချိန်မှန်စားစေ ချင်ပါတယ်။ အသုပ်များ အထူးရှောင်လိုက်ပါ။ဒီနေ့မှာဘာသာရေးနဲ့ပက်သက်ပြီး တော့လဲ တတ်နိုင်သလောက်အား ဖြည့်လုပ်ပါ။ ဘုရားတရား မေ့နေသူဆိုဒီနေ့မှာစတင်ပြီးတော့ အဓိဌာန်ဝင်တာ မျိုးတွေဆောင်ရွက်လိုက်ပါ။ စာမေးပွဲနဲ့ပတ်သက်သော၊ အင်တာဗျူးနဲ့ ပက်သက်သော ကိစ္စများ အနည်းငယ်ညံ့နေ တတ်ပါတယ်။ လုပ်ငန်းကြီးလုပ်ကိုင်သူများသတိထားပါ။ လုပ်ငန်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေမှားတတ်လို့ ပါ။ ဒီနေ့မှာအရေးကြီးတဲ့လုပ်ငန်းဆောင်တာ တွေကိုတတ်နိုင် သလောက် ရှောင်စေချင်ပါတယ်။

တနင်္လာ

မိမိဖြစ်ချင်တာတွေကိုလဲ လုပ်ဖို့အချိန်ရပါလိမ့်မယ်။ အောက် လက်ငယ်သားတွေကိုမြှောက်စားသင့်တဲ့ နေ့ရက်ပါပဲ။ တော်တဲ့ သူကိုချီးမြှောက်ပါ။ စားသောက်ကုန်လုပ် ငန်းများ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ အထူးတိုး တတ်မဲ့ နေ့ရက်ပါပဲ။ မိမိဆိုင်၊မိမိအလုပ်ခန်းအား ပြင်ဆင်ခြင်းများ၊ဆေးပြန်သုတ်ခြင်းများ ဒီနေ့မှာဆောင်ရွက်လို့ အလွန်ပဲကောင်းပါ တယ်။ ထီထွင်ဉာဏ်တွေ၊စူးစမ်း စိတ်တွေပြည့်နှက်နေတတ်ပါ တယ်။ ဆေးဝါးအသစ်ဖော်စပ်ခြင်း၊ နည်းပညာအသစ်တွေ ကိုဖန်တီးခြင်း၊ ပြင်ဆင်ရ ခက်ခဲနေတဲ့ စက်ပစ္စည်းတွေကို အာရုံစိုက် ပြင်ဆင်ခြင်းများ အထူး ကောင်း ပါတယ်။

အင်္ဂါ

အထိုင်အလုပ်တွေထက် လှုပ်ရှားရမဲ့အလုပ်တွေ ကိုအထူး အလေး ပေးလုပ်ကိုင်လိုက်ပါ။ ဒီနေ့မှာငွေကြေး ချေးငှား ခြင်း ကိစ္စတွေကိုလဲ တတ်နိုင်သလောက်ရှောင် လိုက်စေချင် ပါတယ်။ မိဘ တွေရဲ့ စကားကို တတ်နိုင်သလောက် အလေးပေး နားထောင် စေချင်ပါတယ်။အပြောင်း အလဲတွေများတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့ ဌာနပြောင်း၊နေရာပြောင်း တွေ လဲ အထူးကြုံနေရတတ် ပါတယ်။ နယ်မှယာယီတာဝန်ထမ်းဆောင်ရတာမျိုးတွေလဲ ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးကလဲ ဒီနေ့မှာအနည်း ငယ်ညံ့နေတတ်ပါတယ်။ ဝမ်းပျက်စေမဲ့ အစားသောက်တွေ ကိုအထူးရှောင်လိုက်စေချင်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ရစရာရှိတာတွေကိုရအောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ကောင်း သောစကား တွေပြောပါ။ ပရိတ်တွေ၊ဂုဏ်တွေတွေနှုတ်ကရွတ်ဖတ်နေလိုက်ပါ။ ကံတွေမြင့်မားလာတာကို အထင်အရှားတွေ့ရပါ လိမ့် မယ်။ ဘာကိစ္စ ဖြစ်ဖြစ်အသစ်စတင်ခြင်းတွေအထူးကောင်းပါ တယ်။ မိမိရဲ့အခက်အခဲတွေကို ကူညီဖြေရှင်း ပေးမဲ့သူတွေနဲ့ အထူး ကြုံရ တတ်ပါ တယ်။ ဘာပဲဖြစ်ဖြစ်ဒီလိုနေ့မျိုး ဟာ အညံ့တွေတစ်ခန်းရပ်ပြီးတော့ အကောင်း တွေ စတင်လာမဲ့နေ့ရက် ဆိုလဲမမှားပါ ဘူး။ အလုပ်နဲ့ပတ်သက်တဲ့ ခရီးတွေသွားရမယ်ဆိုရင်တော့ ကောင်းသော အဆင်ပြေသောခရီးတွေဖြစ် နေပါလိမ့်မယ်။

ကြာသပတေး

အရောင်းအဝယ်စာချုပ်များ လဲချုပ်ဆိုလို့သင့်တော်ပါတယ်။ အလှပြုပြင်ခြင်းတွေ၊ ဆံပင်ပြုပြင်ခြင်းတွ ေဆောင် ရွက်လို့ ကောင်းပါတယ်။ ချစ်သူ ဆီမှမိမိလိုချင်တဲ့အဖြေမျိုးတွေ လဲရတတ်ပါတယ်။ ရွှေငွေလက်ဝတ်ရတနာ များ၊ အဖိုးတန် ကျောက် မျက် ရတနာများ ဝယ်ယူမယ်ဆိုရင်လဲဒီနေ့မှာ ဝယ်ယူတာမျိုးက ကောင်းမွန်သင့်တော်ပါ တယ်။အလုပ်နဲ့ပတ်သက်ပြီး လုပ်ဖော် ကိုင်ဖက်တွေဆီက ပညာတွေ ရပါလိမ့်မယ်။ အလှူအတန်းကိစ္စတွေကြုံရ တတ်ပါတယ်။ ဒါနတွေလဲပြုရပါလိမ့်မယ်။ သူတစ်ပါး ရဲ့  အကူအညီတွေကို လဲ အထူးရရှိတတ်ပါတယ်။ဘာကိစ္စပဲ ဖြစ်ဖြစ် အဆင်ပြေပြေနဲ့ပြီးဆုံးသွားတတ်ပါတယ်။

သောကြာ

အလုပ်တွေအဆင်ပြေပေမဲ့ အနည်းငယ်စိတ်ပင်ပန်း ကိုယ်ပင် ပန်းရနိုင်တဲ့နေ့မျိုးပါပဲ။ ကိုယ်ပိုင်အလုပ်များ နည်းလမ်း သစ် စိတ်ကူး သစ်တွေအထူးရရှိပါလိမ့်မယ်။ အားနာ၊သနားပြီး ကူညီလိုက်တဲ့ကိစ္စတွေကစေတနာကနေ ဝေဒနာဖြစ် သွားရတတ်တဲ့ နေ့မျိုးပါပဲ။ ပူပန်စရာတွေများနေတတ်ပါ တယ်။ အလုပ်ခွင်ထဲ လုပ်ဖော် ကိုင်ဖက်တွေနဲ့ နားလည်မှု တွေလွဲနေတတ်ပါတယ်။ ငွေပေးငွေယူကိစ္စများ အငြင်း ပွားဖွယ်ရာများလဲ ကြုံရတတ် ပါတယ်။ အချစ်ရေးကိစ္စတွေမှာ အလုပ်တွေများနေတာကြောင့် ဆုံစည်းဖို့ ခက်ခဲနေ တတ်ပါတယ်။ အဖွဲ့အစည်းမှ ငွေများ လက်ခံခြင်းမျိုး အထူး ရှောင်လိုက်ပါ။

စနေ

သူတစ်ပါးတွေရဲ့ယုံကြည်မှုရှိလာအောင်လဲ တည်ဆောက် ယူနိုင်ပါလိမ့်မယ်။ နိုင်ငံခြားကိစ္စများ၊ ရပ်ဝေးနယ်ခြား ကိစ္စများ ရှိရင် အဆင်ပြေအောင်မြင်တတ်ပါ တယ်။ ပညာ သင်ခြင်း၊ ပညာယူခြင်း မျိုးဆောင်ရွက်နိုင်တဲ့ နေ့မျိုးပါပဲ။ စုတ်အားတွေ တစ်အား များ နေတတ်ပါတယ်။ မိမိဖြစ်ချင်တာ တွေကိုလဲ ဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ လိင်ကိစ္စ အရှုပ်အထွေးတွေ မလုပ်မိ အောင် နေထိုင်လိုက်ပါ။ ရင်းနှီး မြုပ်နှံထားတဲ့အလုပ်တွေကနေ အကျိုးအမြတ်တွေ ရလိမ့်မယ်။ ထင်ထားတာ၊ စီစဉ်ထားတာ တွေဖြစ်မလာဘဲ မရည် ရွယ်တာတွေဖြစ်လာတတ်ပါတယ်။ ဖြစ်လာသမျှ အကောင်း ပါပဲ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

3.October.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၉)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၉)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူး ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ယနေ့ညနေ ၅နာရီခွဲထိကတော့ လဆန်းတီထိ ၈လုံးပဲရှိသေးပြီးတော့ အောင်မြင်မှုတွေ၊ စွမ်းအားသတ္တိတွေကိုပေးတဲ့ ဇယျတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲ စိတ်ကူး ထားသမျှအဆင်ပြေတိုးတတ်မှုတွေလဲရှိ လာပါလိမ့်မယ်။ ဒီနေ့ဟာခေါင်းဆေး ခေါင်းလျှော်ခြင်းများဆောင်ရွက် ခြင်း ဖြင့် ကျန်းမာရေးကိုအားကောင်းစေဖို့ အထောက်အပံ့ပေးပါတယ်။ စိတ်တူ သဘောတူဖြစ်မဲ့ မိတ်ဆွေတွေနဲ့လဲ ကြုံရ တတ်ပါတယ်။ မိမိလိုချင်နေတဲ့ ငွေကြေး အထောက်အပံ့တွေကိုလဲ ရလာတတ်ပါတယ်။ ရပိုင်ခွင့်တွေရဲရဲပြန် တောင်း လို့ ကောင်းပါတယ်။ ဆေးစစ် ခြင်း၊ဆေးစားခြင်းများ ရောဂါရှာဖွေခြင်းများလဲ ဆောင်ရွက်လို့ကောင်းတဲ့ နေ့ရက်လဲ ဖြစ်ပါတယ်။ အခက်အခဲပြဿ နာများကိုရဲရဲရင်ဆိုင်ဖြေရှင်းလို့ကောင်းတဲ့နေ့ရက်ပါပဲ။

စတင်ဆောင်ရွက်လိုက်တဲ့ကိစ္စမှန်သမျှ အချိန်တော့ယူရပါလိမ့်မယ်။ တဖြည်းဖြည်းတော့အောင်မြင်သွားတတ်ပါ တယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲ ဇွဲရှိသူတွေအတွက်အလွန်မှအဆင်ပြေမဲ့နေ့ရက်ပါပဲ။ ဘဏ်စာရင်းဖွင့်ခြင်း ကိစ္စ တွေ၊ငွေကြေးစတင်စုဆောင်းခြင်းကိစ္စတွေလဲ ဒီနေ့မှာစတင်လို့အထူးကောင်းပါတယ်။ ငွေကြေးဝန်ဆောင် မှုနှင့်ပတ် သက်သောလုပ်ငန်းများ၊ငွေပေးငွေယူကိစ္စများအထူးအဆင်ပြေအောင်မြင်တတ်ပါတယ်။ထီဝါသနာပါသူများ လမ်းသွား ရင် တွေ့တဲ့ထီဆိုင်တစ်ခုမှာ ထီကံစမ်းလိုက်ပါ။

Mediaတစ်ခု၊tv channel တစ်ခုစတင်ပြီးတော့ ထုတ်လွှင်တာမျိုးတွေလဲ ဆောင်ရွက်နိုင်တဲ့နေ့ပါပဲ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းများ၊ စာအုပ်ထုတ်ဝေဖြန့်ချီရေးလုပ်ငန်းများ ဒီနေ့မှာ အဆင်ပြေအောင်မြင်တတ်ပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး ရသေ့ကျော်ရက်ကျရောက်နေတာဖြစ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀◌း၃၅)နာရီမှ ည(၂၁း၂၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊  ဓနုစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။စိတ်ကူးထားသမျှကို လက်တွေ့ မဖြစ်မနေအကောင်အထည်ဖော်တတ်ကြသူတွေဖြစ်ပါတယ်။ မာနကြီးပြီး တော်ရုံအဆင့်အတန်းမတူရင် ခွဲခြားဆက်ဆံတာကြောင့် အပေါင်းအသင်းနည်းပါတယ်။ ငွေကြေးလာဘ်ရလွယ်သူမို့ မကြာခဏထီပေါက်တာ၊ကံ စမ်းမဲပေါက်တာမျိုးတွေအထူးကြုံရတတ်ပါတယ်။ ကောင်းတဲ့အချက်က ပညာတက်လွယ်တယ်။လွယ်တာထက် ခက်တာကိုပိုကြိုက်တာမို့ ခက်ခဲနက်နဲပါတယ်ဆိုတဲ့ပညာတွေကိုပိုနှစ်သက်လေ့ရှိကြပါတယ်။ ပညာကိုစီးပွားနဲ့ ပေါင်းတတ်သူဖြစ်လာနိုင်တာမို့ ပညာတက်စီးပွားရေးသမားအဖြစ်ဘဝရပ်တည်နိုင်ကြပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၇◌း၂၆) နာရီမှ မနက်(၀၈း၅၅)နာရီအတွင်း ကျ ရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာ တွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်းပါတယ်။

ကံကောင်းသောနေ့သားများ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ       သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္ဂနွေ  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အနက်ရောင် နှင့် ကြေးနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၁)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အမွှေးနံ့သာဆွတ်ဖျန်း သွားပါ။  ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထမင်းကြော် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

စိတ်နှစ်ခွဖြစ်စရာများပါတယ်။ သူတစ်ပါးတွေဆီကအကူ အညီတောင်းတာမျိုးရှောင်ပါ။ အကူအညီမရဘဲစကားပဲ အဖတ်တင်ရ တတ်ပါတယ်။ အချစ်ရေးမှာချစ်သူကစည်း ကမ်းချက်တွေထုတ်တာများတာကြောင့် စိတ်ကုန်နေမိပါ လိမ့်မယ်။ စိတ်ပူပန်ကြောင့်ကြရတတ်တဲ့နေ့ရက်ပါပဲ။ စည်းကမ်းတင်းကျပ်မှု တွေအောက်မှာဖိအားတွေနဲ့လုပ်ကိုင် နေရတတ်တဲ့ နေ့ရက်ပါပဲ။ ဒါကြောင့် လက်ရှိလုပ်နေရ တဲ့အလုပ်များကနေ ထွက်ချင်စိတ်တွေပေါ်နေတတ်ပါတယ်။ အထက်လူကြီး မိဘတွေရဲ့ကျန်းမာရေးအားနည်းမှု တွေကိုလဲကြုံရတွေ့ရ တတ်ပါတယ်။ မထင်မှတ်ဘဲခရီးတို လေးတွေသွားနေရတတ်ပါတယ်။

တနင်္လာ

ကောင်းသောလိုအင်ဆန္ဒလေးတွေလက်တွေ့ပြည့်မြောက်လာပါ လိမ့်မယ်။ အလုပ်ခွင်အတွင်း မိမိကြောင့် အခက်အခဲ တွေအဆင်ပြေသွားတာကြောင့်နာမည်ကောင်းရတတ်ပါ တယ်။ချစ်သူရည်းစားများမိဘတွေကိုဖွင့်ပြောတိုင်ပင်ပြီး လက်ထပ်ဖို့ ကြိုးစားသင့်တဲ့နေ့ရက်ပါပဲ။အလုပ်သစ် လျှောက်ထားခြင်းများလဲ အဆင်ပြေပါလိမ့်မယ်။ စန်းအားကောင်း နေတတ်ပါတယ်။ ဒါကြောင့်ပဲလုပ်သလောက် အကူအညီပေးမဲ့သူတွေရှိတာကြောင့် အဘက်ဘက်ကအဆင်ပြေနေ တတ်ပါတယ် ။ ငွေရှာရလွယ်နေတာကြောင့် လိုချင်တာတွေကိုလဲဝယ်ယူရရှိနိုင်ပါလိမ့်မယ်။

အင်္ဂါ

အလုပ်တွေထပ်ချဲ့နိုင်ပါလိမ့်မယ်။ ဝန်ထမ်းများ အလုပ်ကြွေး တွေပြီးစီးအောင်လုပ်နိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ မိမိ အကျိုး ဆောင်ပေးလိုက်တာမျိုးကြောင့် အခြားသူတွေရဲ့ကိစ္စတော်တော်များများ အဆင်ပြေသွား တတ်တဲ့နေ့မျိုးပါပဲ။ မိမိအတွက်ခက်ခဲနေတဲ့ကိစ္စရပ်တွေကို အောင်မြင်စွာကျော် လွှားသွားနိုင်ပါလိမ့်မယ်။ ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲ ရှာရဖွေရလွယ်ကူပါလိမ့်မယ်။ ဆွေမျိုးသားချင်းတွေဆီ ကနေအကူအညီကောင်းတွေရလာ တတ်ပါတယ်။ အပန်းဖြေ ခရီးများ ထွက်သင့်တဲ့နေ့ပါပဲ။ အထူးသဖြင့် လေကောင်းလေ သန့် ရတဲ့နေရာမျိုးမှာအပန်းဖြေလိုက်စေချင်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

သူတစ်ပါးရဲ့အလှူအတန်းကိစ္စများ၊ ရပ်ရေးရွာရေးကိစ္စများလဲ လိုက်ပါဆောင်ရွက်ပေးရတတ်ပါတယ်။ စပ်တူ အလုပ်များသေချာမှလုပ်သင့်တဲ့နေ့ရက်ပါပဲ။ ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ အညံ့များနေတတ်ပါတယ်။ အလုပ်များ ကိစ္စများနေရတတ်ပါတယ်။ အလုပ်တွေချဲ့ထားသူ ဆိုပိုမို ပင်ပန်းရတတ်ပါတယ်။ မနိုင်ဝန်ထမ်းရသလိုဖြစ်ရ တတ်ပါ တယ် ။ငွေကြေးရင်းနှီးမြုပ်နှံမှုတွေမှားရတတ်ပါ တယ်။ ကြိုးစား သမျှအရာမထင်ဖြစ်ရတတ်ပါတယ်။ ရာဟုသားသမီး ကတော့ကျန်းမာရေးကိုပိုမိုဂရုစိုက်သင့်တဲ့နေ့ရက် လဲဖြစ်ပါတယ်။

ကြာသပတေး

ကံကြမ္မာကလဲမျက်နှာသာပေးသလို မိမိကိုယ်တိုင်ကလဲ ကြိုးစားမှု၊စိတ်ရှည်ဇွဲသန်မှုတွေရှိနေတတ်တာကြောင့် အဘက်ဘက် ကအဆင်ပြေပါလိမ့်မယ်။ သံသရာကလွတ် မြောက်ကြောင်းဖြစ်တဲ့ ဝိပဿနာတရားတွေကိုလဲ ပွားများ လို့အထူးကောင်း ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး တော့လဲ ဝမ်းထဲမှာရှိတဲ့ရောဂါဝေဒနာတွေသက်သာခွင့်ရ တတ် ပါတယ်။ ဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင် ပါလိမ့်မယ်။ အဆုံးမသတ်ဘဲ ပစ်ထားတဲ့အလုပ်မှန်သမျှ အဆင် ပြေ ပြီးဆုံးအောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ မိမိစေတနာကောင်း၊စိတ်ထား ကောင်းနဲ့လုပ်ခဲ့တဲ့အကျိုးတွေကို ဒီနေ့မှာ ခံစားရပါလိမ့်မယ်။

သောကြာ

ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အနည်းငယ်ညံ့နေ တာကိုတွေ့ရပါတယ်။ သွေးအားနည်းတာမျိုးဖြစ်တတ်ပါတယ်။ အလုပ်တွေပင်ပန်းပေမဲ့ တိုးတတ်မှုတွေကိုတော့ အထင်အရှားမြင်ရပါလိမ့်မယ်။ မိသားစုကိစ္စတွေကို လျစ်လျူရှု ပြီးတော့ အလုပ်ကိစ္စနဲ့ပဲ အချိန်ကုန်နေရမဲ့ နေ့ရက်ပါ။ အလုပ်ခွင်မှာဖိအားတွေများတတ်ပါတယ်။ အစိုးရဝန်ထမ်း ဆိုရင် အထက်ကို ထုချေလွှာတင်ရမဲ့အကြောင်းတရား တွေလဲပေါ်လာတတ်ပါ တယ်။ စီစဉ်ထားတဲ့ခရီးစဉ် တွေပျက် ရတတ်ပါတယ်။ ချိန်းဆိုထားတဲ့ကိစ္စတွေအကြောင်း အမျိုးမျိုးကြောင့်လွဲရတတ် ပါတယ်။

စနေ

ချစ်သူကို မချုပ်ချယ်မိပါစေနဲ့ ၊မိမိကိုယ်စိတ်ကုန်သွားတတ် ပါတယ်။ ငွေကြေးသုံးစွဲမှုကျစ်လစ်ဖို့လဲလိုအပ်ပါတယ်။ မလိုအပ်တာတွေကြောင့်ငွေကုန်ကြေးကျများနေရတတ်ပါ တယ်။ အရက်သေစာအလွန်အကျူးသောက်တာတွေ၊ အပျော်ကနေ အပျက် ဘက်ရောက်သွားအောင်နေတာ မျိုးတွေ မလုပ်လိုက်ပါနဲ့။ လူငယ်များ စိတ်လေနေတတ်ပါ တယ်။  အခက်အခဲအသေး လေးတွေကိုရင်မဆိုင်နိုင်ဖြစ် ရတတ်ပါတယ်။ ဘာလုပ်လုပ် ဇွဲရှိမှစိတ်ရှည်မှအဆင်ပြေပါ လိမ့်မယ်။ ကျန်းမာရေး အတွက်အနည်းငယ်ညံ့နေ တတ်ပါတယ်။ကိုယ်ခံအားကောင်းအောင်နေ နိုင်မှအဆင်ပြေပါ လိမ့်မယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

2.October.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၈)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၂၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၁၁)နာရီဖြစ်ပြီး ၊ ညနေ(၀၅း၅၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက် ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ သိကြားပြဿဒါး၊အမြိတ္တစုတ် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ၂လုံးပဲရှိသေးပြီးတော့ ကံကောင်းခြင်း၊ ကြွယ်ဝခြင်းတွေကိုပေးတဲ့ ဘဒြာတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ အတီးအမှုတ်အကအခုန်နှင့်ပတ်သက်သော လုပ်ငန်းများ၊ အနုပညာ နှင့်ပတ်သက်သော ကိစ္စများလဲ အထူးဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။လက်မှုအတတ်ပညာနှင့်ပတ်သက်သော လုပ်ငန်းဆောင်တာများ အထူးပဲအဆင်ပြေ နေတာကိုတွေ့ရပါတယ်။

နည်းပညာနှင့် ပတ်သက်သောလုပ်ငန်းဆောင်တာများအဘက်ဘက်ကနေတိုးတတ်လာနိုင်တာကိုတွေ့ရပါလိမ့် မယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ အတိုက်အခိုက်တွေနဲ့ တိုးတတ်ပါလိမ့်မယ်။ customer တွေရဲ့ စိတ်ကျေနပ် မှုရအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဗုဒ္ဓဟူးဂြိုဟ်နောက်ပြန်သွားခြင်းမှရပ်တန့်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀◌း၃၉)နာရီမှ (၂၁း၃၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံ ပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  ဓနုစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ရှည်ကြသူ တွေဖြစ်တယ်။ တော်ရုံဒေါသထွက်ခဲပါတယ်။ လူဘဝနဲ့နီးနဲ့လူဝင်စားတဲ့သူတွေဖြစ်တာမို့ ဒီနေ့မွေးသူ များဟာ သိလွယ်၊ နားလည်လွယ်၊ခံစားလွယ်ကြသူတွေဖြစ်ပါတယ်။ ကျန်းမာရေးကတော့ အသက်ခြောက်နှစ်ထိ အနည်းငယ်ဂရုစိုက် ပေးရ တတ်ပါတယ်။ ရေနဲ့ဓာတ်မတည့်တာမို့ အရွယ်မရောက်သေးခင် ရေကူးတာ၊ရေဆော့တာ မျိုးတွေကို အုပ်ထိန်း သူမပါဘဲ မဆော့သင့်ပါ။ဘဝမှာ အတိတ်ကံအကျိုးပေးပါလာကြတာမို့ တော်ရုံကတော့ကံက ပဲဖေးမသွားနိုင်တာကို တွေ့ရ ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄း၂၄) နာရီမှ ညနေ(၀၅း၅၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ   သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္ဂနွေ၊ သောကြာ  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္လာ၊ ကြာသပတေး   သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ ညိုဝါရောင် နှင့် အနက်ရောင်    များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၆)ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကိတ်မုန့်အနည်းငယ် စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘယာကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ကံကောင်းမှုတွေ အဆင်ပြေမှုတွေကို ဆက်တိုက်ကြုံရတတ်ပါ တယ်။လူတစ်ဖက်သားရဲ့အကူအညီတွေကိုတော့ လက်မခံလိုက်ပါနဲ့။ သူတို့တွေကတော့ အကျိုးလိုလို့ညောင်ရေ လောင်းတာမျိုးတွေဖြစ်တတ်လို့ပါ။ စိတ်ပင်ပန်း ရတာတွေ လျော့ပါးသက်သာပါလိမ့်မယ်။ ညဘက်အပြင်ထွက် တာမျိုး၊သောက်စားသွားလာ တာမျိုး တော့ ဒီနေ့မှာ ရှောင်လိုက်ပါ။ ဒီနေ့မှာပင်ပန်းအဆင်းရဲခံကြိုးစားထားတာ တွေဟာ နောက်ရက်တွေအတွက် အဆင်ပြေမှုတွေကို ကြုံရပါလိမ့်မယ်။ သူငယ်ချင်းအပေါင်းအသင်းတွေကိုပေါင်း ရာမှာ ခပ်ဆိုးဆိုးသူငယ်ချင်းတွေ ကိုတော့ ဒီနေ့ရှောင် စေချင်တယ်။

တနင်္လာ

မိတ်ဆွေရင်းချာတွေအတွက်ပူပန်ရတတ်ပါတယ်။ သူတို့ရဲ့ အဆင်မပြေမှုတွေကိုကူညီပေးရတတ်ပါတယ်။ မိမိ ဖြစ် ချင်တာ တွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အလုပ်အော်ဒါ တွေများတာကြောင့် ပင်ပန်းဆင်းရဲ ရမဲ့နေ့ ရက်ပါ။ မိမိလုပ်ငန်းခွင်အတွင်း ဆရာသမားတွေအပြောင်းအလဲဖြစ်ရတတ် ပါတယ်။ လူကြီးအပြောင်းအလဲ ကြောင့် အလုပ်တွေလဲအနည်းငယ်ရှုပ်ရတတ်ပါတယ်။ အိမ်ပြင် တာ၊အိမ်စတင် ဆောက်တာမျိုးတော့ ရှောင်လိုက်စေချင်ပါ တယ်။ ကျန်းမာရေးကတော့ ခေါင်းမကြည်တာ၊ ခေါင်း ကိုက်တာမျိုးတွေ ဖြစ်လွယ်နေပါလိမ့်မယ်။

အင်္ဂါ

ဘာလုပ်လုပ်ပန်းခင်းလမ်းဖြစ်နေတတ်ပါတယ်။ အခက်အခဲ နည်းပြီး အဆင်ပြေမှုတွေများနေတတ်ပါတယ်။ ကံ ကောင်းတာတစ်ခုကတော့ငွေအစုလိုက်ဝင်နိုင်တဲ့နေ့မျိုးပါပဲ။ရစရာရှိတဲ့ငွေတွေလဲရနိုင်တဲ့နေ့ရက်မျိုးပါပဲ။ လူအများရဲ့ လေးစားခြင်းကို ခံရတတ်ပါတယ်။ နာမည်ဂုဏ်သတင်း မွှေးပျံ့ပါလိမ့်မယ်။ ချစ်ရသူကိုဖွင့်ပြောလို့ကောင်းတဲ့နေ့ ဖြစ် ပါတယ်။ ငွေပေးငွေယူ ကိစ္စများ၊ ဘဏ်ကိစ္စများ၊ငွေကြေး ဝန်ဆောင်မှုနှင့်ပတ်သက်သော ကိစ္စများအထူး ကောင်းပါ လိမ့်မယ်။ ရေထွက်ကုန် လုပ်ငန်း၊ပင်လယ်စာလုပ်ငန်းများ ပိုမိုတိုးတတ်ပါလိမ့်မယ်။

ဗုဒ္ဓဟူး၊ရာဟု

ဆန္ဒလေးတွေပြည့်ဝနေတတ်ပါတယ်။ စိတ်ထဲဆုတောင်း ထားတာလေးတွေပြည့်ဝတတ်ပါတယ်။ စက်ကားများ ဝယ်ယူ လို့ သင့် တော်တဲ့နေ့ရက်ပါပဲ။ကောင်းသောလိုအင် ဆန္ဒများလဲ ပြည့်ဝရတတ်ပါတယ်။ ချစ်သူရဲ့အလိုလိုက်ခြင်း ကိုခံ ရတတ် ပါတယ်။အိမ်တွင်း မီးအလှဆင်ခြင်းများ လဲ ဆောင်ရွက်နိုင်ပါတယ်။ ကံကောင်းနေသလို ဉာဏ်ဝီရိယပါ စိုက် ထုတ်လုပ်ကိုင်မယ်ဆိုရင်တော့ အတိုင်းထက် အလွန် အဆင်ပြေပါလိမ့်မယ်။ သူတစ်ပါးရဲ့အကူအညီတွေကို ရလွယ် ပါလိမ့်မယ်။ လူချစ်လူခင်တွေများ နေရတတ် ပါတယ်။လူအများရဲ့အခက်အခဲတွေကိုလဲ ကူညီဖြေရှင်းပေး နိုင်ပါလိမ့် မယ်။

ကြာသပတေး

ကိုယ်ပိုင်လုပ်ငန်းများ တိုးတတ်ပါလိမ့်မယ်။ စိတ်ကူးထား တာ လေးတွေပြည့်မြောက်ရတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက် ပြီးတော့ အထူးကောင်းပါတယ်။ မိမိဖြစ်ချင် တာတွေ ကိုကောင်းစွာလုပ်ရတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက် ရင်တော့ စီးပွားရေးနဲ့ဆိုင်သော ပညာများ သင်ယူ ခွင့်တွေရရှိတတ်ပါတယ်။ နှုတ်ဆိုပါစေ၊ကြမ်းတမ်းတဲ့ စကားအပြောအဆိုတွေကို ရှောင်လိုက်ပါ။ သူတစ်ပါး ရဲ့အကူအညီတွေကိုလဲ အထူးရရှိမယ်။လုပ်ဖော်ကိုင်ဖက် တွေရဲ့ဝိုင်းဝန်ကူညီမှုကြောင့်် မိမိ ခက်ခဲနေတဲ့ကိစ္စတွေ ပြေလည်သွားရတတ်ပါတယ်။

သောကြာ

အချစ်ရေးနဲ့ပတ်သက်ပြီး မိမိမာနတွေကိုထိပါးလာ တာမျိုးတွေကြုံရတတ်ပါတယ်။ကောင်းသောအခြေအနေတွေ ကိုကြုံရတတ်ပါတယ်။ မိဘတွေက စေတနာစကား ဆိုပေမဲ့မိမိရဲ့အခွင့်အရေးတွေကိုပိတ်ပင်သလိုမျိုး ဖြစ်ရတတ် ပါတယ်။အိမ်ထောင်ရေးမှာလဲနားလည်မှုတွေ လွဲတတ် ပါတယ်။ လူပင်ပန်းရတတ်ပါတယ်။သူတစ်ပါးတွေရဲ အခက် အခဲ တွေကိုလိုက်ပါဆောင်ရွက်ပေးနေရတတ်ပါတယ်။ မိမိဖြစ်ချင်တဲ့ကိစ္စတွေကို လုပ်ကိုင်ဖို့အခွင့်အရေးမပေးသေး ပါဘူး ။ စီးပွားရေးမှာလဲ လမ်းဟောင်းမလိုက်ဘဲ လမ်းသစ် ထွင်ပြီး လုပ်မှပဲ အဆင်ပြေမှုတွေရလာတတ်ပါတယ်။

စနေ

အဆင်မပြေတာလေးတွေများနေတတ်ပါတယ်။ အလုပ်ခွင်မှာ ဘယ်လောက်စေတနာထားထား မျက်နှာကောင်း မရ တာ တွေဖြစ်တတ်ပါတယ်။ စိတ်အလိုမကျစရာတွေဖြစ်နေရ ပေမဲ့ လောကဓံရဲ့ရိုက်ခတ်မှုလို့ သဘောထားကျော်ဖြတ် လိုက်ပါ။ မိမိရဲ့အောက်လက်ငယ်သားဝန်ထမ်းတွေ အလုပ်ပျက်တာများပါလိမ့်မယ်။ ဒါကြောင့်အလုပ်နှစ်ဆလုပ် ရတတ်ပါ တယ်။ ဝတ်ထားတဲ့ရွှေတွေပြတ်သွားတာပျောက် သွားတာ မျိုးတွေလဲဖြစ်ရတတ်ပါတယ်။ ကျန်းမာရေး အတွက် တော့ စိတ်မညစ်ရပေမဲ့ မိသားစုဝင်တွေကျန်းမာရေး အားနည်း တာကြောင့်စိတ်ပူရတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

1.October.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၇)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၀)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကမြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ ဝါရမိတ္တုကြီး ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာတီထိအရတော့လဆန်းတီထိ၆လုံးဖြစ်ပြီးတော့အောင်မြင်မှုတွေ၊ပျော်ရွှင်မှုတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက် တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင်တော့သေချာစစ်ဆေးပြီးမှဝယ်စေချင်ပါတယ်။ ငွေကြေးအပေး အယူ လုပ် မယ်ဆိုရင်တော့ သက်သေတွေရှေ့မှာလုပ်ကိုင်ဆောင်ရွက်တာပိုမိုကောင်းပါတယ်။ ဖုန်းနဲ့ဆက်စပ် ပစ္စည်းရောင်းဝယ် ရေးအလုပ်များအထူးကောင်းပါတယ်။စိတ်ထဲလိုချင်နေတဲ့အကူအညီတွေကိုကောင်းစွာရရှိတတ် ပါတယ်။ ရေကြောင်း ခရီး၊လေကြောင်းခရီးများလဲသွားလာလို့အလွန်ကောင်းပါတယ်။

မိမိအိုးအိမ်များကို အလှဆင်ခြင်း၊ဆေးသုတ်ခြင်း မိမိရုံးခန်းကို မွမ်းမံပြင်ဆင်ခြင်းများလဲ ဆောင်ရွက်လို့အထူး ကောင်း ပါလိမ့်မယ်။ ငွေကြေးနဲ့ပက်သက်ပြီး ငွေပေးငွေယူကိစ္စများ၊အာမခံခြင်းများ၊ဘဏ်ကိစ္စများလဲ အထူး ဆောင်ရွက် နိုင်ပါ လိမ့်မယ်။

အချစ်ရေး၊မေတ္တာရေးနဲပတ်သက်တဲ့ ကိစ္စအ၀၀လဲ ဆောင်ရွက်နိုင်မဲ့နေ့ပါပဲ။ အလှကုန်လုပ်ငန်း၊လူသုံးကုန်ပစ္စည်း  ရောင်းချခြင်းလုပ်ငန်း၊  အရည်နှင့်ပတ်သက်သောစားသောက်ကုန်လုပ်ငန်းများလဲ အထူးပဲတိုးတတ်အောင်မြင်နိုင် တဲ့ နေ့ပါပဲ။ကုန်ပစ္စည်းအသစ်များစတင်ဖြန့်ချီရန် ရက်ကောင်းဖြစ်ပါတယ်။ပြန့်ပွားလိုတဲ့ပစ္စည်းများစတင်မိတ်ဆက်တာမျိုး ဆောင် ရွက်နိုင်ပါတယ်။လုပ်ရိုးလုပ်စဉ်မဟုတ်သော၊ဥပဒေနဲ့မလွတ်သောကိစ္စများဆောင်ရွက်ခြင်းမပြုရ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀◌း၄၃)နာရီမှ ည(၂၁း၃၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ဗြိစ္ဆာစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်များဟာ  အယူ အစွဲကြီးကြပါတယ်။ ရှေးရိုးဆန်ကြတယ်။တစ်ခုခု ကိုစွဲကိုင်ထားမိရင် မလွှတ်တော့ဘဲ ဒါကအမှန်ဆိုတာမျိုး ပုံသေယူ သွားတတ်တဲ့ဇာတာပါ။ ငွေကြေးအထားအသို ကောင်းတာမို့ ငွေစုဆောင်ရလွယ်ကူကြတယ်။ စီးပွားရေး အား ကောင်း တဲ့ဇာတာမို့ အသက် ၂၈ကစလို့ အောင်မြင်မှု ကိုစတင်ထိတွေ့ရတယ်။ မွေးချိန်အရ ကွာဟမှုတော့ ရှိနိုင် ပါတယ်။ အိမ်ထောင်ရေးစိတ်ချမ်းသာရတတ်ပြီး နာမည် ပေးမှန်မယ်ဆိုရင်တော့ ဘဝအောင်မြင်ရေးအတွက် ပူဖို့ မလိုတဲ့ဇာတာတွေပဲဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၈း၅၅) နာရီမှ မနက်(၁၀◌း၂၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သား တနင်္လာ၊ သောကြာ  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ အင်္ဂါ၊ စနေ   သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ညိုဝါရောင်  များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၅၊ ၇)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဖခင်ကို ရည်မှန်း ကန် တော့ပြီးမှ  သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးသီး ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အမိအဘ တွေဆီကအထောက်အပံ့တွေရလွယ်နေတတ်ပါ တယ်။ကျန်းမာရေးကိုလဲ အထူးဂရုစိုက်ပေးပါ။ အတူနေ ညီအကို မောင်နှမတွေနဲ့ မတည့်တာစိတ်ဝမ်းကွဲတာဖြစ်ရ တတ်ပါတယ်။ မိမိတို့ အနေနဲ့ဒီနေ့မှာ စာမေးပွဲကိစ္စ၊ အင်တာဗျူးကိစ္စတွေရှိရင် အဆင်ပြေအောင်မြင်တတ်ပါ တယ်။ မိတ်ကောင်းဆွေကောင်းတွေပေါများပါလိမ့်မယ်။ ဆရာသမား တွေဆီကအကူအညီ ကောင်းတွေရလာတတ်ပါ တယ်။ အလုပ်နဲ့ပတ်သက်ပြီး နယ်ခရီးထွက်ရ တာမျိုးတွေ လဲ ကြုံရ နိုင်ပါတယ်။ မိမိတို့လိုချင်တဲ့ ရွှေငွေ၊ လက်ဝတ် ရတနာတွေကိုလဲ ဝယ်ယူလို့အလွန်ကောင်းတဲ့ နေ့ရက်ပါပဲ။

တနင်္လာ

ငွေကြေးနဲ့ပတ်သက်ပြီးတော့ အသုံးနဲ့အဖြုန်းကိုခွဲခြား သုံးစွဲတတ်ရင်အဆင်ပြေပါပြီ။ လူငယ်တွေဆိုရင်တော့ မိဘတွေ အုပ်ထိန်းသူတွေနဲ့ စကားများပြဿနာတတ် ရတတ်ပါတယ်။ခရီးကိစ္စများ၊ကုန်သွယ်စီးပွားကိစ္စများ အခက်အခဲများ နိုင်ပါ တယ်။ အပေါင်းအသင်းကြောင့် ဒုက္ခ ရောက်တတ်ပါတယ်။ ဆိုးတဲ့ရမ်းကားတဲ့မိတ်ဆွေ တွေနဲ့သွားလာတာမျိုး တတ်နိုင် သလောက် ရှောင်လိုက်စေချင် ပါတယ်။အလုပ်စီးပွားတွေမှာတော့ အဖျက်တွေဝင်တတ်ပါတယ်။ လုပ်ဖော် ကိုင်ဖက်တွေရဲ့ အမှားလုပ်ထားတာတွေ ကို ပြန်လည်လုပ်ကိုင်နေရတတ်ပါတယ်။

အင်္ဂါ

မိမိနဲ့ပတ်သက် တဲ့ သတင်းအချက်အလက်တွေ၊ လျှို့ဝှက် သင့်တဲ့စကားတွေကိုမပေါက်ကြားအောင် ထိန်းသိမ်းသင့်တဲ့ နေ့ရက် ပါပဲ။ဒီနေ့မှာစိတ်ကိုမိမိဝါသနာပါရာ အလုပ်တစ် ခုခုမှာနှစ်ထားလိုက်စေချင်ပါတယ်။ ရည်ရွယ် ထားတဲ့ ခရီးစဉ်တွေပျက်ရ တတ်ပါတယ်။ ကတိလွယ်လွယ်ပေးတဲ့ သူတွေကြောင့်စိတ်ညစ်ရတတ်ပါတယ်။ အချစ်ရေး မှာ ချစ်သူ တောင်းဆိုတာကို မလိုက်လျောမိ တာကြောင့်ပြဿနာ လေးတွေဖြစ်နေ ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက် ရင်လဲ လက်ရှိအနေအထား ထက် တိုးချဲ့ လုပ်ကိုင်ခြင်းမျိုးရ သလောက်ရှောင်လိုက်ပါ။ ငွေကိုလွယ်လွယ်နဲ့ မသုံး လိုက်မိဖို့ အရေးကြီးပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

လူမှုရေးကိစ္စတွေ၊ အလှူအတန်းကိစ္စတွေလဲ လိုက်ပါဆောင် ရွက် ပေးနေရတတ်ပါတယ်။ သူတစ်ပါးရဲ့ အကူအညီ တွေအများ ကြီးရလာတတ်ပါတယ်။  မိသားစုစီးပွားရေးများနှင့် အသေးစားအလတ်စားစီးပွားရေးများတိုးတတ် ကောင်း မွန်ပါလိမ့်မယ်။ ဒီလိုနေ့မျိုးမှာလဲမိမိရင်ထဲမှာပရဟိတစိတ်၊သူတစ်ပါးကိုကူညီချင်စိတ်လေးတွေကိန်းအောင်း နေတတ် ပါ တယ်။ စိတ်ကူးထား တာ လေးတွေလက်တွေ့ဖြစ်ဖြစ်လာတတ်ပါတယ်။ ကောင်းတဲ့မွန်မြတ်တဲ့ကိစ္စတွေကို အလေး ပေး လုပ်ကြည့်ပါ။ ဆိုင်များ ဈေးဝယ်သူကို စေတနာ ပါပါနဲ့ရောင်းကြည့်လိုက်ပါ။ အဘက်ဘက်ကအဆင် ပြေပါလိမ့် မယ်။

ကြာသပတေး

ငွေကြေးလာဘ်ရွှင်နိုင်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ ငွေအစု လိုက်ဝင်တတ်ပါတယ်။ အချစ်ရေးစန်းကောင်းနေတဲ့ နေ့ ရက်ဖြစ်တာ ကြောင့် မိမိချစ်ရသူကို ရင်တွင်းခံစားချက် တွေထုတ်ဖော်ပြီး ချစ်ခွင်ပန်သင့်တဲ့နေ့ရက်ပါပဲ။ ပညာရေး ဟော ပြောပွဲများ၊ စာပေ နှင့် စာနယ်ဇင်း မိတ်ဆက် ပွဲများအထူးဆောင်ရွက်လို့ကောင်းပါတယ်။ စိတ်ကူးထားသမျှ အဆင်ပြေ တိုးတတ်မှုတွေရှိပါလိမ့် မယ်။ ရည်ရွယ် ထားတာလေးတွေကိုလက်တွေ့ အကောင်အထည်ဖော်လာနိုင် ပါလိမ့်မယ်။ ငွေကြေးစတင်စုဆောင်းလို့အလွန် ကောင်းပါတယ်။ ချစ်သူနဲ့ပျော်စရာအချိန်တွေကိုဖန်တီးနိုင်ပါ လိမ့် မယ်။

သောကြာ

စက်ပစ္စည်းအသစ်အဆန်းဝယ်တာမျိုးဆိုနားလည်သူတွေ ကိုမေးမြန်ပြီးမှပဲဝယ်စေချင်ပါတယ်။ ကိုယ်ပိုင်အလုပ်များ အောက် လက်ငယ် သားတွေနဲ့လွှတ်မထားဘဲ မိမိကိုယ် တိုင်ဦးစီးပါ။ စိတ်ပူပန်စရာကိစ္စလေးတွေများနေတတ်ပါတယ်။ တွေးထင် စိတ်ကူး ထား တဲ့ကိစ္စတွေက လက်တွေ့မဖြစ် လာသေးတာမျိုးကြုံရတတ်ပါတယ်။မိုးလင်းကတည်းကtime table လေးဆွဲ ထား လိုက်ပါ။ အဲလိုမှမဟုတ်ရင်အရေး မပါတဲ့ကိစ္စတွေနဲ့အချိန်တွေကုန်သွားတတ်ပါတယ်။ ကျန်းမာ ရေး ပတ်သက်ရင်တော့ မတည့်တဲ့အစား အသောက် စားမိရာကနေ ရောဂါတိုးလာတတ်ပါတယ်။

စနေ

ဒီနေ့မှာကုန်စရာများနေတာကြောင့် ချွေတာနေရတတ်ပါတယ်။ အချစ်ရေးကိစ္စ တွေမှာ စန်းအားကောင်းနေတာ ကြောင့် ရေလာ မြောင်းပေးစကားတွေ ပြောလာမဲ့သူတွေအနားမှာရှိနေတတ်ပါ တယ်။ ကြန့်ကြာနေတဲ့ လုပ်အားခတွေ ရှိရင် ဒီနေ့ပြန်ရလာ တတ် ပါတယ်။ ဘာလုပ်လုပ်လေးလေးနက်နက်ထားပြီး လုပ်တတ်တဲ့အကျင့်ရှိသူတွေ အဆင်ပြေ မှုပိုများတတ်ပါတယ်။ သူတစ်ပါး ကိုကူညီချင်စိတ်အပြည့်နဲ့ကူညီခဲ့တာတွေရဲ့ အကျိုးဆက်ကိုပြန်ခံ စားရတတ်ပါ တယ်။လိုချင်တာတွေကိုရအောင် ဖန်တီး ယူနိုင်ပါလိမ့်မယ်။ အရှုပ်တွေရှိရင်လဲရှင်းထုတ်နိုင်မဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695