loading

Author: Nyein Aye Lu

အိမ်ထောင်ဘက်နှင့် ရွေးချယ်မှု

       အရင်အပတ်က အိမ်ထောင်ဘက်ဟာမိမိထက် အသက်ကြီးတာကောင်းလား ငယ်တာကောင်းလား ဆိုတဲ့ခေါင်းစဉ်နဲ့ပက်သက်ပြီး voting တစ်ခုလုပ်ခဲ့ပါသေးတယ်။ အားလုံးသတိထားမိမယ် ထင်ပါတယ်။ voting result အရတော့ အသက်ကြီးတဲ့အိမ်ထောင်ဘက်က ပိုကောင်းတယ် ဆိုတဲ့ ရာခိုင်နှုန်းကပို များပါတယ်။ လက်တွေ့ဘဝထဲမှာတော့ ဘယ်ဖွားဇာတာတွေက ဘယ်လိုအိမ်ထောင်ဘက်ကို ရွေးရမလဲ …ဆိုတာက တော့ စဉ်းစားစရာပါပဲ။ 

   အိမ်ထောင်ဘက်ဆိုတာကတော့ မိမိနဲ့ဖူးစာရေစက်ပါသူပါပဲ။ ဖူးစာရေစက်နည်းရင် ခဏတာလေးနဲ့လမ်းခွဲ ခဲ့ရပြီး ဖူးစာရေစက်များရင်တော့ သေတပန်သက်တစ်ဆုံးလက်တွဲသွားရမှာပါပဲ။ ဗေဒင်ပညာအရတော့ တစ်ဦးတစ် ယောက်ချင်းစီရဲ့ ဇာတာအရတော့ အိမ်ထောင်ဘက်ကို ရွေးချယ်တတ်ဖို့ တတ်နိုင်သမျှ guide line ချပေးလို့ရတာ မျိုးရှိပါတယ်။ ဒါပေမဲ့ online ပေါ်မှာဖြစ်တာကြောင့် အများဖတ်လို့ရအောင် ရေးရတာမျိုးတွေတော့ ရှိပါတယ်။  ဗေဒင်ပညာနဲ့ပက်သက်ပြီး နက်နက်နဲနဲရေးဖို့ဆိုတာ အများနားမလည်ရင်အလကားပါပဲ။ ကဲထားတော့ ….။

 အိမ်ထောင်ဘက်ရွေးချယ်မှုနဲ့ပက်သက်ပြီး အထောက်အကူဖြစ်စေဖို့ မိမိသိသလောက်လေး ဝေမျှလိုက်ပါ တယ်။ အဓိကတော့ မွေးတဲ့နှစ်သိဖို့လိုပါတယ်။ မြန်မာမွေးခုနှစ်ကို တည်ပြီး ၇နဲ့စားလိုက်ပါ။ ရလတဲ့အကြွင်းတွေ အလိုက် ဟောကိန်းလေးတွေ ဖတ်သွားကြည့်ရအောင်ဗျာ။ အားလုံးအတွက် စဉ်းစားစရာလေးရသွားမယ်ဆိုရင် ကျေနပ်ပါတယ်။ 

   ဥပမာအနေနဲ့ ၁ကြွင်းတွေကိုတွက်ကြည့်ရအောင်ဗျာ။ ၁၃၈၀၊ ၁၃၇၃၊၁၃၆၆၊ ၁၃၅၉၊၁၃၅၂၊ ၁၃၄၅၊ ၁၃၃၈၊ ၁၃၃၁ စတဲ့ခုနှစ်တွေကို ၇နဲ့စားကြည့်ပါ။ ၁ကြွင်းနေတာကိုတွေ့ရပါလိမ့်မယ်။ ဒါကြောင့် ဒီခုနှစ်တွေမှာ မွေးဖွားကြတဲ့သူတွေကို ၁ကြွင်းဖွားတွေလိုပဲ ခေါ်ပါတယ်ဗျာ။နောက်အကြွင်းဖွားတွေကိုတော့ အသေးစိပ်မရေးပြ တော့ပါဘူး။ ကိုယ်ဘာသာတွက်ကြည့်ကြစေချင်ပါတယ်။ 

    ကိုယ်ရဲ့ မြန်မာမွေးသက္ကရာဇ်လေးတွေကို ၇နဲ့စားပြီး အောက်က အဟောလေးတွေနဲ့ တိုက်ဆိုင်  စစ်ဆေးကြည့်ပါ။အဟောလေးတွေကို ကြည့်ပြီး တွေးဆဆင်ခြင်နိုင်ဖို့ပါပဲ။ 

၁ကြွင်း

 ၁ကြွင်းဖွားတွေဟာ မိမိရဲ့အိမ်ထောင်ဖက်အပါ် ဂရုစိုက်လွန်းတဲ့သူပါပဲ။ အိမ်ထောင်ဘက်ရဲ့လိုအပ်ချက်တွေ ကိုလဲဖြည့်ဆည်းပေးချင်တဲ့သူတွေ များပါတယ်။ ဒါကြောင့်ပဲ အိမ်ထောင်ဘက်ရဲ့ အရိပ်အကဲကိုအမြဲကြည့်နေတတ် သူပါပဲ။ အိမ်ထောင်ဘက်အပေါ်အာရုံစိုက်လွန်းတော့ အမြင်မတော်တာတွေ့ရင် ပြောမိ အပြစ်တင်မိတတ်ပါတယ်။ အဝတ်အစားဝတ်တာ ၊ ဆံပင်ပုံစံကအစ ကောင်းမကောင်းပြောနေတတ်သူမျိုးပါပဲ။ ဒါကြောင့် ၁ကြွင်းဖွားတွေဟာ အိမ်ထောင်ဘက်ကိုရွေးချယ်တဲ့အခါ မိမိပြောစကားကို နာခံတတ်သူကို ရွေးမိဖို့လိုပါတယ်။ မိမိပြောနေတာကို စေ တနာနဲ့ပြောပါလားဆိုတာကို သိတဲ့သူဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် အိမ်ထောင်ဘက်ဟာ ငယ်တာကြီးတာထက် ပြောဆိုဆုံးမလွယ်သူဖြစ်ရပါလိမ့်မယ်။ ဒါကြောင့် မိမိထက်ငယ်ရွယ်သူမျိုးကတော့ မိမိထက် ကြီးသူထက်စာရင် ပိုမို နာခံတတ်တဲ့သူဖြစ်မယ်လို့တော့ ခန့်မှန်းရတာပေါ့ဗျာ။

၂ကြွင်း

 ၂ကြွင်းဖွားတွေရဲ့နေထိုင်မှုပုံစုံကတော့ ရှင်းပါတယ်။ အိမ်ထောင်ဖက်ရဲ့ စိုးမိုးတာ ချုပ်ချယ်တာကိုမခံလိုကြ ပါဘူး။ မိမိစိတ်ထဲရှိသလိုနေတတ်တဲ့သူမျိုးပါပဲ။ မိမိကလဲ အိမ်ထောင်ဘက်အပေါ် မစိုးမိုးပါဘူး။ အိမ်ထောင်ဘက် ကိုလဲ မချုပ်ချယ်တတ်သူမျိုးပါ၊ ကိုယ်လဲစိတ်ချမ်းသာသလိုနေတယ်။ မင်းလဲလွတ်လွတ်လပ်လပ်နေဆိုတာမျိုးပါပဲ။ အရမ်းလွန်လာတာမျိုးမှပဲ ပြောတတ်ဆိုတတ်သူပါ။ ၂ကြွင်း ဖွားတွေဟာအိမ်ထောင်တစ်ခုတည်ဆောက်ပြီဆိုရင် တော့ မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲ ဖြစ်ဖြစ် အိမ်ထောင်တစ်ခုကို မိမိကပဲဦးဆောင်ရတာပဲများပါတယ်။ ဒါကြောင့် အိမ်ထောင်ဘက်ရွေးချယ်ရာမှာတော့ မိမိနဲ့အသက်မတိမ်းမယိမ်းရှိသူကတော့ ပိုကောင်းတယ်လို့ ယေဘုယျ သုံးသပ်လို့ရပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ဆက်ဆံလို့ရတဲ့သူမျိုးဆို အကောင်းဆုံးပါပဲ။

၃ကြွင်း

 ၃ကြွင်းဖွားတွေဟာ အခြားအကြွင်းဖွားတွေနဲ့ မတူတဲ့အချက်တွေများပါတယ်။ ၃ကြွင်းဖွားတွေဟာ အနည်း ငယ်ဇီဇာကြောင်တတ်သူတွေများပါတယ်။ ဒါကြောင့်ပဲ ၃ကြွင်းဖွားတွေနဲ့ အဆင်ပြေမဲ့အိမ်ထောင်ဘက်ကရှားပါ တယ်။ အစားအသောက်ကအစ အဝတ်အစားကအစ ဇီဇာကြောင်တတ်သူတွေပါ။ စကားအပြောအဆိုလဲ မတတ်ပါဘူး။ သူများနားဝင်အောင်မပြောတတ်ကြပါဘူး။ ၃ကြွင်းဖွားတွေကို ဘဝကြင်ဖော်အဖြစ်ရွေးချယ်မဲ့သူတွေ ကတော့ ခန္တီပါရမီ ဖြည့်တယ်လို့သဘောထားရမှာပါ။ အိမ်ထောင်ဘက်ကိုရွေးချယ်ရာမှာလဲ မိမိက အထင်ကြီး လေးစားတဲ့သူကိုပဲရွေးချယ်တတ်ပါတယ်။မိမိစိတ်မှာလေးစားမှုတွေရှိတဲ့သူကိုပဲ အိမ်ထောင်ဘက်အဖြစ်ရည်မှန်း ထားတတ်ပါတယ်။ ဒါကြောင့်ပဲ ၃ကြွင်းဖွားတွေဟာ မိမိထက်အသက် ငယ်သူထက် မိမိကိုသည်းခံနိုင်မဲ့ မိမိထက် အသက်အရွယ်ကြီးသူက ပိုသင့်တော်ပါတယ်။

၄ကြွင်း

 လေးကြွင်းဖွားတော်တော်များများဟာ ငွေရှိမှ ရွှေရှိမှ ဂုဏ်ရှိတယ်ထင်ကြပါတယ်။ အားလုံးမဟုတ်ပေမဲ့ အများစုကတော့ အဲဒီစိတ်လေးအခြေခံရှိပါတယ်။ ဒါကြောင့်ပဲ ၄ကြွင်းဖွားတွေဟာမိမိအားကိုးရမဲ့သူမျိုးတွေပဲ ရွေး ချယ်တတ်ပါတယ်။ မိမိမှီခိုလို့ရမလား၊ နောက်ခံအင်အားတောင့်တင်းရဲ့လား၊ စီးပွားရေးရောရှိရဲ့လားဆိုတာကို ထည့်သွင်းစဉ်းစားတတ်သူပါပဲ။ ဖြတ်လမ်းနည်းနဲ့ ချမ်းသာချင်စိတ်လဲရှိကြပါတယ်။ နောက်ပြီး ၄ကြွင်းဖွားတွေဟာ စိတ်ဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်ကြပါဘူး။ အိမ်ထောင်ရေးမှာ စိတ်ဆင်းရဲစရာများကြုံလာပြီဆို အိမ်ထောင်ရေးကို ဖြိုခွဲ ဖို့ဝန်မလေးတတ်ကြပါဘူး။ ဒါကြောင့်ပဲ ၄ကြွင်းဖွားတွေရဲ့ အိမ်ထောင်ဘက်ဟာ မိမိကိုစိတ်ချမ်းသာ အောင်ထားနိုင်တဲ့သူ ၊မိမိအနွံတာ ကိုခံနိုင်တဲ့သူဖြစ်ရပါလိမ့်မယ်။ အဲဒါကြောင့် တွေးကြည့်မယ်ဆိုရင် ၄ကြွင်းဖွား တွေဟာမိမိထက်အသက်ကြီးသူကိုရွေးချယ်တာပိုသင့်တော်ပါတယ်။ 

၅ကြွင်း

 ၅ကြွင်းဖွားတွေဟာ အမြဲတမ်း active ဖြစ်နေကြတဲ့သူတွေပါပဲ။ အမြဲတမ်းနိုးကြားထက်သန်နေတဲ့သူတွေ များပါတယ်။ ၅ကြွင်းဖွားတွေရဲ့အိမ်ထောင်ဖက်ဟာ ပျင်းရိလေးတွဲနေတဲ့သူ ဖြစ်လို့မရပါဘူး။ လန်းဆန်းတတ်ကြွပြီး ဝတ်တာစားတာကအစ ခေတ်မီနေဖို့လိုပါတယ်။ ၅ကြွင်းဖွားတွေဟာ မယူခင်ကတည်းက အိမ်ထောင်ဘက်ဟာ မိမိနဲ့ ဘယ်လောက်ထိကိုက်ညီမှုရှိသလဲ ဆိုတာကိုသေချာကြည့်ပြီးမှ လက်တွဲလေ့ရှိပါတယ်။ သေချာစဉ်းစားပြီးမှ အိမ်ထောင်ပြုကြတဲ့အတွက် အိမ်ထောင်ရေးသောကတော့ နည်းပါတယ်။ ၅ကြွင်းဖွားတွေဟာ အိမ်ထောင်ဘက်ကို မိမိလိုရာပုံသွင်းလို့မရရင် စိတ်ပျက်သွားတတ်ပါတယ်။ နောက်တစ်ချက်က အိမ်ထောင်ဘက်က လက်ထက်ပြီး မပြင်မဆင်နေတာမျိုး နဲ့ body မထိန်းဘဲပုံပျက်နေတာမျိုးဆိုရင်တော့ အိမ်ထောင်ရေးကို စိတ်ကုန်သွားတတ်ပါ တယ်။ မိမိထက်အသက်ကြီးသူထက် မိမိထက် အသက်ငယ်သူကို ၅ကြွင်းဖွားတွေအနေနဲ့ ဦးစားပေးရွေးသင့် ကြောင်းတင်ပြလိုက်ရပါတယ်ဗျာ။

၆ကြွင်း

 ၆ကြွင်း သမားတွေဟာအချစ်ရေးအိမ်ထောင်ရေးမှာတော့ ပေးဆပ်မှုသက်သက်အတွက် မွေးဖွားလာသူလို့ တောင်ဆိုရမလိုပါပဲ။ အိမ်ထောင်ရေးမှာလဲ အနစ်နာခံရ ၊သည်းခံရတာမျိုးတွေအမြဲရှိနေတတ်သူပါပဲ။ ဘာသာမတူ၊ လူမျိုးမတူ၊ စရိုက်မတူသူတွေနဲ့ လက်တွဲခွင့်ကြုံရတတ်ပါတယ်။ နိုင်ငံခြားသားနဲ့ လက်ထပ်ထားသူအများစုဟာ ၆ကြွင်းတွေဖြစ်နေတတ်ပါတယ်။ လိင်တူချင်း လက်ထပ်ထားသူအများစုကလဲ ၆ကြွင်းတွေဖြစ်နေတာ အံ့သြစရာ ပါ။ အကျင့်စရိုက်ဗီဇတွေ မတူကြတာကြောင့် အိမ်ထောင်ရေးကံခေသူများဟာ ခြောက်ကြွင်းဖွားတွေများနေပါ တယ်။ ဒါကြောင့်ပဲ ၆ကြွင်းဖွားတွေဟာ အိမ်ထောင်ဖက်ကို ရွေးချယ်တဲ့အခါမှာတော့ မိမိအပေါ်နားလည်မှုရှိတဲ့သူ မိမိကို စာနာတတ်သူမျိုးကို ရွေးချယ်ရပါလိမ့်မယ်။ ကံကြမ္မာအရ မိမိထက် ငယ်လွန်းသူ ကြီးလွန်းသူတွေနဲ့ ဖူးစာ ဆုံတတ်ပါတယ်။ ဒါပေမဲ့ မိမိနဲ့ အသက် မတိမ်းမယိမ်းရှိတဲ့သူ မိမိအကြောင်းကို သေချာစွာသိသူ မိမိကိုမြတ်နိုးတဲ့ သူမျိုးကိုရွေးချယ်သင့်ပါတယ်။

၀ကြင်း

 ၀ကြွင်းတွေက အချစ်ရေးမှာအသည်းကွဲရ ၊ခံစားရတာတွေများနေတတ်ပါတယ်။ ၀ကြွင်းဖွားတွေကို အကောင်းဆုံးအကြံပေးချင်တာက ကိုယ်ချစ်ထက် သူချစ်ကိုရှာစေချင်တာပါပဲ။ မိမိက အသည်းအသန်ချစ်တယ်… အရမ်းပဲမြတ်နိုးတန်ဖိုးထားမိတယ်ဆိုရင် ထိုချစ်သူနဲ့ မဆုံဆည်းရဘဲ လမ်းခွဲရတာမျိုးတွေဖြစ်လွယ်ပါတယ်။ တနင်္ဂနွေဂြိုဟ်ဟာ တနင်္လာအိမ်မှာရပ်တည်ထားမှုတွေကလဲ လက်မထပ်ဘဲ အတူနေဖို့ကမ်းလှမ်းခံရခြင်း၊ အငယ် အနှောင်းအဖြစ်နေဖို့ ကမ်းလှမ်းခံရခြင်းမျိုးတွေကြုံရတွေရတတ်ပါတယ်။ လက်ထပ်ဖို့စဉ်းစားထားပြီဆိုရင်တော့ အမိအဖတွေကိုလဲတိုင်ပင်သင့်တဲ့ဇာတာမျိုးပါပဲ။ မိဘသဘောတူကြည်ဖြူတဲ့သူမျိုးကိုရွေးတာကတော့ ပိုကောင်းတတ်လို့ပါပဲ။ အိမ်ထောင်ရေး အချစ်ကိစ္စတွေရှိရင် မိမိယုံကြည်ရသူတွေကို တိုင်ပင်ပါ။အကြံဉာဏ် တောင်းပါ။ ဘဝလက်တွဲဖော်ရွေးချယ်ရာမှာတော့ မိမိရဲ့နမော်နမဲ့နိုင်မှုကို စိတ်ရှည်သည်းခံနိုင်သူမျိုးနဲ့ အသက်ငယ် တာကြီးတာကို အလေးမထားဘဲတစ်ယောက်အကြောင်းတစ်ယောက် အတွင်းသိအဆင်းသိတဲ့ သူမျိုးကို စဉ်းစား သင့်ပါတယ်။

   ယေဘုယျလောက်ပဲ ပြောပေးရတဲ့အတွက် အားရကျေနပ်မှုတွေတော့ မရှိပါဘူး။ အားလုံးဖတ်နိုင်အောင်လို့သာ ရေးပေးရတာမျိုးပါ။ အနုစိပ်အသေးစိပ်ကို တော့ ကိုယ်နဲ့နီးစပ်ရာဆရာဆီမှာ မေးပြီး အကြံဉာဏ်တောင်းစေချင်ပါတယ်။ အိမ်ထောင်ရေးဆိုတာလဲ ဘဝတစ်ခုမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ အထူးသဖြင့် မိန်းကလေးအတွက် အိမ်ထောင်ပြုမမှားစေချင်ပါဘူး။ 

      တွေးဆဆင်ခြင် ဆုံးဖြတ်နိုင်ကြပါစေ…..။

၇ရက်သားသမီးအပေါင်း 

       ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

                        ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

                 Viber Only( 09775555695)

ကံညံ့တော့မယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?

 

ညအချိန်တွေ စာမရေးဖြစ်တာမျိုးနဲ့ လိုင်းပေါ်မှာ ဗေဒင်ဟောစရာ မကျန်တဲ့ နေ့မျိုးဆိုရင် ခပ်စောစော အိပ်ရာဝင်ဖြစ်ပါတယ်။ အဲလိုနေ့မျိုးဆို မနက်၄:၃၀လောက် အိပ်ရာနိုးနေတတ်ပါတယ်။

ဒီမနက်လဲ အိပ်ရာဝင်စောတာကြောင့် စောစောနိုးနေပြန်ပါပြီ။ ဒါကြောင့်ပဲ မျက်နှာသစ်ပြီး အိမ်နဲ့နီးတဲ့ ရွှေမောဓောဘုရားဆီ ခြေလျင်လျှောက်လာခဲ့မိတယ်။ အလုပ်ကလဲ အထိုင်များတဲ့ အလုပ်ဆိုတော့ ဝိတ်က သိသိသာသာတတ်နေတာပါ၊

ကျန်းမားရေးကောင်း ကုသိုလ်လဲရအောင် ဘုရားရင်ပြင်ပတ်ပြီး မေတ္တာသုတ်ပွားနေမိတယ်။ နံနက် ၆နာရီထိုးတော့ ယက္ခမယ်တော်နန်း အထက်ပစ္စယံမှာ ပုတီးစိပ်တရားမှတ်တယ်။ အမောလဲပြေ ၊ တိတ်ဆိတ်တော့ သမာဓိလဲ ရလွယ်တယ် မဟုတ်လား …ဒါကြောင့်ပဲ သူတော်ကောင်းတွေက ကာယဝိဝေက ဖြစ်တဲ့နေရာမှာ နေထိုင်ကြဟန်တူပါရဲ့။

တရားမှတ်ပြီး အနောက်ဖက်မုခ်လှေကားအတိုင်း ဆင်းလာခဲ့တယ်..။ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့်ပဲလားတော့ မသိ…ဝမ်းကဟာလာသည်။ ဒါနဲ့ပဲ သုဒဿ နလမ်း(ယခင်စွန်ပလွန်ကန်လမ်း)က ဒေါ်တဆုပ်ဘိန်းမုန့် ၂ချပ်ဝယ်…. tango လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်နဲ့ ဘိန်းမုန့် ကို မနက်စာအဖြစ်စားဖြစ်လေသည်။

ဝါတွင်းသက်သတ်လွတ်စားတာကြောင့် အခြားဖွယ်ဖွယ်ရာရာ အစားအသောက်တွေလဲ မစားဖြစ်။ စားသောက်ပြီးလို့ ရေနွေးကြမ်းသောက်နေတုန်း ……

“ဟာ ဆရာငြိမ်း …စောစောစီးစီး ဆိုင်ထိုင်လို့ပါလား…”

တစ်ရပ်ကွက်ထဲနေတဲ့ …ကိုအောင်မင်း…

သူနဲ့က အသက်ချင်းသိပ်မကွာ…ပြောမနာ ဆိုမနာ

နေကြသူတွေ…

” လာထိုင်ကိုအောင်မင်း .. စောစောနိုးတာနဲ့ ဘုရားဖူးပြီး ထွက်လာခဲ့တာ…ဘာသောက်မလဲ”

“ပေါ့ဆိမ့်ပဲ သောက်မယ်ဆရာ.. “

စာပွဲးထိုးလေးက ပေါ့ဆိပ်တစ်ခွက်လာချပေးသည်။

“ဆရာငြိမ်း…ကိုမေးရအုံးမယ်ဗျ …ရင်ထဲမရှင်းတာလေးရှိလို့ ….

“ဗေဒင်မေးတာဆိုရင်တော့ မဖြေဘူးဗျာ …စောစောစီးစီး ခေါင်းမစားချင်သေးဘူးဗျ….”

ကိုအောင်မင်းက သောက်လက်စလက်ဖက်ရည်ကို ကပျာကယာ ချလိုက်ပြီး…

“ဗေဒင်မမေးပါဘူးဗျ… ပြောရရင် ဒီလိုဗျ …ဆရာငြိမ်းတို့က ဗေဒင်ဆရာဆိုတော့ ဘယ်နှစ်ကံညံ့မယ်…ဘယ်နှစ်ဆို ကံတွေကောင်းမယ်….ကံညံ့နေရင် ဘယ်လိုဆင်ခြင်နေထိုင်ရမလဲဆိုတာ သိတယ်ဗျာ … ကျွန်တော်တို့လို ဗေဒင် နားမလည်တဲ့သူတွေကျတော့ မသိဘူးလေ…. “

ပြောရင်းမောသွားဟန်ဖြင့် ရေနွေးငှဲ့သောက်နေပြန်သည်။

“အဲဒီတော့ ကိုအောင်မင်းဆိုလိုချင်တာက …”

“ဒီလိုဆရာရေ …ဗေဒင်မမေးကြည့်ဘဲ ကံညံ့တော့မယ်ဆိုတာကို ဘယ်လိုအချက်တွေအရ သိနိုင်မလဲဗျာ…နောက်တစ်ခု အဲလိုကံညံ့လာပြီဆို ကိုယ့်ဘာသာ လုပ်လို့ရမဲ့ ယတြာအစီအရင်မျိုးရောရှိလားဗျ”

သူမေးတဲ့ကိစ္စက ဗေဒင်ဆရာတွေ အလုပ်ပါးမဲ့ကိန်းဆိုက်နေသည်၊

“သြော် …ခင်ဗျားက ကျွန်တော်ဆီ ဉာဏ်ပူဇော်ခပေးပြီး ဗေဒင်မမေးချင်လို့ ..ဒီလိုမေးတာလား…”

“ဟား..ဟား…ဟား…မဟုတ်ပါဘူးဆရာရယ်…ဗေဒင်ဆရာဆီ မရောက်ဖြစ်တဲ့ နိုင်ငံရပ်ခြားရောက်နေသူတွေ…နယ်အစွန်အဖျားရောက်နေသူတွေ..ဆို ဆင်ခြင်လို့ရအောင်မေးကြည့်တာပါ”

“အေးဗျ …ဒီလိုဆိုတော့လဲ ပြောပေးရတာပါ..ကျွန်တော်သိသလောက်ပဲ ပြောပြမယ်ဗျ….လိုအပ်တာလဲ ရှိရင်ရှိမှာပေါ့လေ…”

“ရပါတယ်ဆရာငြိမ်း…သိသလောက်ပေါ့”

“နံပါတ်အစဉ်လိုက်ပြောပြမယ်ဗျ…

လူတစ်ယောက်ဟာ ကံညံ့တော့မယ်ဆိုရင်

၁။ အရင်ကထက်ပိုပြီး ဒေါသ၊ လောဘ၊မောဟပိုကြီးလာတတ်တယ်ဗျ…အရင်ကထက် ထစ်ခနဲရှိစိတ်တိုနေပြီဆို …သတိထားဗျ ..ကံညံ့တော့မယ်လို့ပြတာပဲ…

၂။မကောင်းတဲ့ကိစ္စရပ်တွေကို ကောင်းတယ်လို့မြင်လာတတ်တယ်…ဥပမာဗျ ..အရင်ကအရက်သိပ်မသောက်ဖြစ်ဘူးဆိုပါတော့…ကံညံ့တော့မယ်ဆို ..အကြောင်းပြချက်မရှိ အရက်ခဏခဏ သောက်ဖြစ်တာမျိုး… မကောင်းတဲ့ မိုက်တဲ့ သူငယ်ချင်းတွေကို သူငယ်ချင်းကောင်းလို့ ထင်လာတာမျိုးပေါ့

၃။ ဆိုဆုံးမတဲ့စကားတွေကို နာခံဖို့ ခက်ခဲလာတတ်တယ်…လူကြီးမိဘတွေက ဆုံးမရင်မနာခံဘဲ ထင်ရာလုပ်နေမိတတ်ပါတယ်။

၄။ အပျော်အပါးပိုမက်လာတယ်…အရင်ကအပျော်အပါးကို ကြုံမှလုပ်တတ်ပေမဲ့ ကံညံ့တော့မယ်ဆို အပျော်ဘက်ကို အချိန်ပိုပေးလာတတ်တယ်…

၅။ မွေးလရောက်ခါနီးတိုင်း အပြောင်းအလဲ တစ်စုံတစ်ရာကြုံ တယ်…ဆိုပါတော့ဗျ …လူမှုရေးပြဿ နာတတ်တာမျိုး ၊အစွပ်အစွဲခံရတာမျိုး ၊accident အသေးလေးဖြစ်တတ်တာမျိုးတွေ ကြုံရတတ်တယ်..

၆။ ဒါကတော့ ကြိုသတိပေးတာပါ…အိမ်မက်ထဲမှာ နိမိတ်ပြတာမျိုးနဲ့ လာပြီးဆောင်ရန်ဆောင်ရန် ပြောတာမျိုးပါ။ ဒါကတော့ ကုသိုလ်များသူနဲ့ ပဌာန်းဆက်ရှိသူတွေရဲ့ အကူအညီကြောင့် သိရတာပေါ့ဗျာ

ဒီလောက်ဆို ကံညံ့တော့မယ်ဆိုတာ ကြိုတင်သတိထားမိမယ်ထင်ပါတယ်..

“ကျေးဇူးပါဆရာငြိမ်းရယ် …ဒီလောက်ဆိုတော်တော်လေးပြည့်စုံပါပြီ…”

“အေးပါဗျာ ပြောလက်စနဲ့က ယတြာတွေပါ ပြောလိုက်ပါ့မယ်ဗျ ….ယတြာက သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး…လူတိုင်းမှာ ကံသုံးပါဆိုတာကို ပြုမူကြတယ်.. ကာယကံ ဝစီကံနဲ့ မနောကံ…ပဲလေ…

ကောင်းတဲ့ ကာယကံအမှု ၊ကောင်းတဲ့ ဝစီကံအမှု နဲ့ ကောင်းတဲ့ မနောကံအမှုတွေကို ပြုရမယ်…

*ကံညံ့နေပြီဆို မေတ္တာနဲ့ယှဉ်တဲ့ စိတ်မျိုးနေထိုင်ရတယ်ဗျ…စိတ်ကောင်းမွေးရမယ်ပေါ့ဗျာ

*ဝစီကံအနေနဲ့ကတော့ ဝစီဒုစရိုက် ၄ပါးကိုရှောင်ပြီး ပရိတ်ပဌာန်းတွေနဲ့ ဘုရားရှင်ရဲ့ နှုတ်ခပတ်

တော်တွေကို ရွတ်ပွားနေသင့်တယ်။

*ကာယကံအနေနဲ့တော့ ဘုရားစေတီတွေမှာ တံမြက်စည်း လှဲတာ၊ ရေညှိတွေ ချွတ်တာ၊ ပန်းဟောင်းတွေစွန့် တာ …ဘုန်းကြီးကျောင်းတွေမှာ ဝေယျာဝစ္စလုပ်ပေးတာ …ကုဋီတွေကို ဆေးကြောပေးတာမျိုးတွေလုပ်သင့်တယ်….ပရဟိတအလုပ်နဲ့ လူမှုရေးအလုပ်တွေလဲ လုပ်သင့်တယ်ဗျ…..

ဒီအချက်တွေကို ဟန်ချက်ညီညီလုပ်ပေးမယ်ဆို ကံညံ့နေတဲ့ ဂြိုဟ်ဆိုး ဂြိုဟ်ညံ့တွေကနေ လျော့ပါးသက်သာခွင့်တွေရမယ်ပေါ့ဗျ….

ဒါတွေကတော့ ဗေဒင်ဆရာဆီလာစရာမလိုဘဲ မိမိတို့ ဘာသာပြုမူနေထိုင်လို့ရမဲ့ နည်းလမ်းတွေပါပဲ…

ဒီလောက်ဆို ကိုအောင်မင်း သဘောပေါက်မယ်နဲ့တူတယ်…”

“သဘောပေါက်ပါတယ်ဆရာ …ကျေးဇူးလဲတင်ပါတယ်…”

“ကဲ…နေလဲပူလာပြီ…ကိုအောင်မင်းရေ …ပြန်ကြရအောင်…”

“ဟုတ်ဆရာ …ပြန်မယ်လေ..လက်ဖက်ရည်ဖိုး ကျွန်တော်ရှင်းလိုက်ပါ့မယ်…”

“ကောင်းပါပြီဗျ”

လက်ဖက်ရည်ကနေ ထွက်လာခဲ့သည်။ စောသေးပေမဲ့ တော်သလင်းနေက ပူလွန်းသည်။ နေအပူကို အန်တုပြီး လူတွေလှုပ်ရှားသွားလာနေကြသည်…။

နေအပူထက် ရင်ထဲက အပူတွေက ပိုကြီးမယ်ဆိုတာ တွေးနေရင်း …

၇ရက်သားသမီးအပေါင်း

ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Viber Only- 09775555695

Hotline -09445555695

ဂဏန်းသမားများအားလုံးအတွက် အကျိုးပေးအရောင်နှင့် အဆောင်ရတနာများ

 

(1,10,19,28) ရက်မွေးသူများ (၁) ဂဏန်းဖွား တွေအတွက်
အကျိုးပေးအရောင်-ရွှေရောင်၊ အဝါရောင် ။
အကျိုးပေးကျောက်မျက်ရတနာ- စိန်၊ ပတ္တမြား၊ ပယင်း

(2,11,20,29) ရက်မွေးသူများ (၂) ဂဏန်းဖွားများအတွက်
အကျိုးပေးအရောင်-အစိမ်းရောင်
အကျိုးပေးကျောက်မြတ်ရတနာ-ကျောက်စိမ်း၊ ပုလဲ။

(3,12,21,30) ရက်မွေးသူများ (၃) ဂဏန်းဖွားများအတွက်
အကျိုးပေးအရောင်- အပြာရောင်၊ ခရမ်းရောင်
အကျိုးပေးကျောက်မြတ်ရတနာ- ကျောက်နီ၊ ဂေါ်မုတ်

(4,13,22,31) ရက်မွေးသူများ (၄) ဂဏန်းဖွားများအတွက်
အကျိုးပေးအရောင်- အညိုရောင်
အကျိုးပေးကျောက်မြတ်ရတနာ- နီလာ

(5,14,23) ရက်မွေးသူများ (၅) ဂဏန်းဖွားများအတွက်
အကျိုးပေးအရောင်- ရောယှက်ရောင်စုံ
အကျိုးပေးကျောက်မြတ်ရတနာ- စိန်၊ ငွေ

(6,15,24) ရက်မွေးသူများ (၆) ဂဏန်းဖွားများအတွက်
အကျိုးပေးအရောင်- အပြာရောင်
အကျိုးပေးကျောက်မြတ်ရတနာ- ပုလဲ၊ မြ

(7,16,25) ရက်မွေးသူများ (၇) ဂဏန်းဖွားများအတွက်
အကျိုးပေးအရောင်- အစိမ်း၊ အဖြူ ၊အဝါ၊အရောင်မှိုင်း
အကျိုးပေးကျောက်မြတ်ရတနာ- ကြောင်ကျောက်၊ပုလဲ။

(8,17,26) ရက်မွေးသူများ (၈) ဂဏန်းသမားများအတွက်
အကျိုးပေးအရောင်- အနက်၊ အပြာရောင်၊ ခရမ်းရောင်။
အကျိုးပေးကျောက်မြတ်ရတနာ- ပုလဲနက်၊ စိန်နက်၊ ကျောက်နက်။

(9,18,27) ရက်မွေးသူများ (၉) ဂဏန်းသမားများအတွက်
အကျိုးပေးအရောင်- အနီ၊ ကြက်သွေးရောင်။
အကျိုးပေးကျောက်မြတ်ရတနာ- ပတ္တမြား၊ သံ။

၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
09775555695
09445555695

#အညံ့စားဝီရိယများ

ကျွန်တော့်ပတ်ဝန်းကျင်မှာ ကောက်ရိုးမီး စိတ်ဓာတ်တွေများနေကြတယ်။ ကျွန်တော်ပြောတာလက်မခံရင် အနည်းငယ်စောင့်ကြည့်လိုက်ပါ။ shortcut (ဖြတ်လမ်း) ဆိုတဲ့စကားလုံးဟာ လူတွေရဲ့သည်းခြေကြိုက်စကားပေါ့ ။အလွယ်လမ်းဆိုအရမ်းသဘောကျတတ်တယ်။အဲဒါကြောင့်ပဲ ရက်တိုသင်တန်းတွေက အလွန်အောင်မြင်ကြတယ်။
အင်္ဂလိပ်စာလေ့လာမယ်ဆိုပါစို့။ အစကတော့ ငါ native speaker တစ်ယောက်လိုကျွမ်းကျင်ရမယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ ပေါ့။ သုံးလလောက်လဲ ကြာရော ထမင်းစား၊ရေသောက်လောက်တတ်ရင်တော်ပါပြီဖြစ်သွားရော။
ကျွန်တော်တို့ကိုးကွယ်တဲ့ ဗုဒ္ဓက လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတယ်။ သဗ္ဗညုတဉာဏ်ကို လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးလေ……။
”အဲဒါက ဘုရားရှင်ကွ….ဂရုဏာရှင်လေ “လို့ ထပ်တွန့်တတ်မယ်ဆို ကျွန်တော်ဖတ်ဖူးထားတာလေးထပ်ပြောပါ့မယ်။
ကမ္ဘာကျော်တဲ့ ဂီတပွဲတစ်ခုမှာပေါ့။ ပွဲကြီးပြီးလို့ သိမ်းနေချိန်မှာ ”ဗီသိုဗင်” ကို
ပရိသတ်တစ်ဦးကနှုတ်ဆက် ရင်းစကားဆိုတယ်။
”ခင်ဗျားရဲ့တီးခတ်သံတွေက အရမ်းကောင်းလွန်းတယ်ဗျ….ခင်ဗျားတီးသလိုသာ တီးတတ်ခွင့်ရမယ်ဆိုရင် ကျွန်တော့်ဘဝတစ်ခုလုံးကိုတောင် ပေးနိုင်ပါတယ်”……တဲ့
ဗီသိုဗင်ပြန်ဖြေတာက
”ကျုပ်လဲဒီလိုတီးတတ်ဖို့ ကျုပ်ဘဝတစ်ခုလုံး ပေးခဲ့ရပါတယ်” တဲ့
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မြန်မာဆိုင်းပညာရှင်ကြီး စိန်ဗေဒါဟာ သူ့ရဲ့လက်ကွက်တွေကို
နေ့တိုင်းပြန်လှန်လေ့ကျင့်လေ့ရှိတယ်တဲ့။
တစ်နေ့တော့ သူတပည့်တစ်ယောက်ကပြောတယ်။
”ဆရာရယ်….မြန်မာပြည်မှာ ဆရာ့လက်ရည်ကိုမှီတဲ့သူမရှိပါဘူး….
ဘာလို့လေ့ကျင့်နေတာလဲတဲ့..”
အဲဒီမှာ ဆရာကြီး စိန်ဗေဒါပြန်ဖြေတာက မှတ်သားစရာအလွန်ကောင်းပါတယ်။
”ငါသည်သာ ငါ့ပြိုင်ဖက်ကွ…မနေ့ကငါထက်ဒီနေ့ငါက သာအောင်ကြိုးစားနေရတာ..ဒီနေ့ငါထက် ..မနက်ဖြန်ငါက ပိုသာနေရမယ်ဆိုတဲ့ စိတ်နဲ့ ငါ့ကိုယ်ငါပြိုင်နေတာ”
ကျွန်တော်တို့တွေ့ကရော ဘယ်လောက်ထိအချိန်ပေးပြီးပြီလဲ … ဘယ်လောက်ထိဇွဲဝီရိယစိုက်ထုတ်ပြီးကြိုးစား ပြီးပြီလဲ…ကြိုးစားမှုမရှိဘဲ အောင်မြင်ချင်တာဟာ လစာအပြင် အောက်ဆိုက်ရှာခြင်းတဲ့သူနဲ့ တူတာပါပဲ။
သူများတွေ လမ်းကြောင်းတစ်ခုပေါ်ရောက်ပြီး အောင်မြင်သွားချိန်..သူအရင်ကဘာမှမဟုတ်ပါဘူးကွဆိုပြီး…မနာလိုစိတ်တွေ နဲ့ ပြောလေ့ရှိကြတယ်…
အရင်ကတော့ ဘာမှမဟုတ်ပေမဲ့ comfort zone မှာနေတဲ့သူနဲ့ဇွဲဝီရိယနဲ့ ကြိုးစားနေသူ တစ်ချိန်မှာမိုးနဲ့မြေလိုကွာ သွားမှာပါပဲ။ မိမိကိုမညာတမ်းပြန်မေးကြည့်ပါ။ ငါသက်သာသလိုနေနေတာလား။ ရေစီးမှာမျောလိုက်နေတာလား. ရေဆန်နဲ့ တိုးတဲ့အခါ တွန်းလှန်နိုင်ပါစေလို့ပြောကြားရင်း….ဗုဒ္ဓဘုရားရှင်ပြောခဲ့တဲ့ တရားစကားလေးနဲ့ ဆောင်းပါး ကိုအဆုံးသတ်ပါရစေ။
အညံ့စား ဝီရိယဖြင့်
အမြတ်စား
အထွတ်အထိပ်သို့
ရောက်ရိုးထုံးစံမရှိ
🙏ဗုဒ္ဓ🙏
ဆရာငြိမ်းအေးလူ

#သင်္ကြန်အိပ်မက်

 

စာအုပ်ပုံရှင်းရင် အသက်၁၉နှစ်လောက်(ကျောင်းပြီးချိန်)က ရေးထားတဲ့ ဝတ္ထူတိုလေးပြန်တွေ့လို သင်္ကြန်အလွမ်းပြေတင်ပေးလိုက်ပါတယ်။ မဂ္ဂဇင်းတွေ ခေတ်စားချိန်က ရေးပို့ထားတဲ့ ဝတ္ထူလေး ….စာမူပါမပါတော့ မသိတော့…။ အရေးအသားအားနည်းပေမယ့် ငယ်ဘဝကိုပြန်ရောက်သွားစေတာတော့အမှန်….။


#သင်္ကြန်အိပ်မက်

‘’ကိုကို…….မနက်ဖြန်ဆိုစာမေးပွဲကြီး ပြီးတော့မယ်နော်…မကြာခင်သင်္ကြန်လဲကျတော့မယ်….ပိတောက်တွေ ဖူးနေပြီ…သင်္ကြန်မိုးမရွာရင်တော့ဒုက္ခပဲနော်ကိုကို …ဒီပိတောက်တွေက နောက်ကျမှပွင့်တော့မယ်….. ‘’

မိန်းကလေးပီပီ သင်္ကြန်အမီ ပိတောက်တွေမပွင့်မှာကို တွေးပူနေတဲ့ချစ်သူ… …

‘’ကိုကိုကဗေဒင်တတ်တာပဲ…မိုးတားတဲ့နည်းတွေဗေဒင်မှာရှိတယ်လေ…မိုးခေါ်တဲ့နည်းလဲရှိမှာပဲ…သင်္ကြန် မတိုင်ခင် သင်္ကြန်မိုးလေးရွာအောင်လုပ်ပေးလေ…ဒီပဲခူးကောလိပ်ထဲပိတောက်တွေနဲ့ဆိုအရမ်းလှမှာ…ကိုကို….’’

ချစ်သူကတစ်ခါတလေ ကြံကြံဖန်ဖန်တွေ ပူဆာတတ်သူ..

‘’အချစ်ရယ်…..သင်္ကြန်မိုးရွာအောင်လုပ်ဖို့မလိုပါဘူး….ဟိုမှာတွေ့လား…. over head tank ကြီး…အဲဒီကနေ ရေသွယ်ပြီး ပိတောက်ပင်တစ်ပင်လုံးကိုရေဖြန်းပေးမယ်..ဘယ်လိုလဲ ကျေနပ်ပြီလား…..’’

ချစ်သူကကျောကိုတဖုန်းဖုန်းနဲ့ထုသည်….

‘’ဗေဒင်ဆရာလို့မပြောရဘူး….အပိုတွေအရမ်းပြောတတ်တာပဲ….တစ်လက်စထဲပြောထားမယ်နော်…ဗေဒင်ဟောပေးတယ်ဆိုပြီးမိန်းကလေးတွေနဲ့ တရုန်းရုန်းနေတာကိုလဲ မကြိုက် ဘူး….’’

ချစ်သူရဲ့သဝန်တိုစကား….။

‘’စိတ်ချပါကွ..ချစ်ကကိုယ့်နှလုံးသားထဲမှာအခြေခိုင်ခိုင်နဲ့နေရာယူထားပြီးပြီလေ..အခြားသူတွေအတွက်ခြေတစ်ချောင်း ချစရာတောင်နေရာမရှိပါဘူး…ကိုယ်ဟောပေးတယ်ဆိုတာကလဲ ဗေဒင်သင်နေတဲ့အချိန် တစ်ဖက်ကလဲ ဟောပေးတော့ ပညာတိုးအောင်လို့ပါ’’

ချစ်သူက…မျက်စောင်းလှလှထိုးသည်….သူ့ပခုံးလေးကိုကိုင်ပြီး ရင်ခွင်ထဲကိုဆွဲသွင်းလိုက်သည်…

နွေလေကတော…..တဖြူးဖြူးနဲ့တိုက်ခတ်နေသည်….ကွင်းပူပူထဲကနေဖြတ်တိုက်လာတဲ့လေဖြစ်တာကြောင့် နွေလေက ပူပြင်းတာတော့အမှန်….ဒါပေမဲ့ချစ်သူ ရင်ခွင်ထဲရှိနေတာကြောင့် အေးမြခြင်းတွေက အတိုင်းမသိ…။

ချစ်သူရဲ့ဆုတောင်းပြည့်သည်ထင်သည်….သင်္ကြန်မတိုင်ခင်…သင်္ကြန်မိုးရွာသည်..။သင်္ကြန်ကာလမှာပိတောက်တွေ လှိုင်လှိုင်ပွင့်လေသည်။

သင်္ကြန်ကာလအတွင်း ထူးထူးခြားခြားလျှောက်မလည်ဖြစ်…သနပ္ပင်လမ်းမတန်းမှာရှိတဲ့သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ရှေ့မှပဲအုန်းလက်မဏ္ဍပ်လေးထိုးပြီးရေပက်ဖြစ်သည်….ချစ်ရသူလဲပါသည်ပေါ့…..

အကျနေ့၊အကြတ်နေ့တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲပြီးဆုံးသွားလေသည်…..

‘’အတတ်နေ့’’

အတတ်နေ့ဖြစ်တာကြောင့် အရမ်းလဲစည်သလို..သူငယ်ချင်းယောကျာ်းလေးတစ်ချို့ကလဲ အချမ်းပြေဆိုပြီး နည်းနည်း သောက်ထားကြသည်…ကိုယ်သာမသောက်တတ်လို့မသောက်ဖြစ်…

ညနေ၅နာရီခန့်..သနပ္ပင်ဘက်ကနေပဲခူးဘုရားပွဲကိုလာတဲ့ လှည်းတစ်စင်းမောင်းလာသည်.။ တန်းခူးလမှာကျင်းပတဲ့ပဲခူးရွှေမောဓောဘုရားပွဲနှင့် သင်္ကြန်အချိန်တိုက်ဆိုင်လေ့ရှိသည်…ဒီနှစ်လဲပွဲဝင်မဲ့နေ့ရက်နှင့် သင်္ကြန်ကာလ တိုက်ဆိုင် တာကြောင့် ရွာဘက်ကသူတွေလှည်းတွေနှင့် အခုလိုပွဲလာကြည့်လေ့ရှိသည်

ဒီလှည်းမှာယောကျာ်းလေးနှစ်ယောက်နှင့် မိန်းကလေးတွေပါလာသည်။ မူးနေတဲ့သူငယ်ချင်းက လှည်းရှေ့မှာ ပိတ်ရက်ပြီး ရေပက်မလို့တားလေသည်….

လှည်းမောင်းသူက…

‘’ငါ့ညီတို့ အကိုတို့ကိုမပက်နဲ့ကွ…. ရေစိုလို့အဆင်မပြေဘူး….ဒီမှာကဆန်တွေနဲ့ အခြားအဝတ် အစားအထုပ်တွေ ရေစို လို့်မရဘူး..’’

ထိုအခါသူငယ်ချင်းတစ်ယောက်က

‘’..ရတယ်အကိုစိတ်ချ… အကိုတို့ပါလာတဲ့ရိက္ခာတွေ၊အဝတ်တွေမစိုစေရဘူး…ကျွန်တော်တို့ကလူ တွေကိုပဲပက်မှာပါ…’’

‘’မလိုချင်ဘူးကွ..မပက်နဲ့ဆိုမပက်နဲ့…’’

လှည်းမောင်းသူက ခက်ထန်ထန်စကားကိုပြောသည်….ထိုစကားကြောင့်ဒေါသဖြစ်သွားဟန်တူတဲ့သူငယ်ချင်း နောက်တစ်ယောက်က ..ရေပုံးနှင့် လှည်းပေါ်လှမ်းပက်လိုက်လေသည်…

အခြေအနေကတင်းမာလာသည်..ယောကျာ်းလေးနှစ်ဦးက အသင့်ပါလာတဲ့ ဓားတွေကို ကိုင်ပြီး လှည်းပေါ်က ဆင်းလာလေသည်…။

အခြေအနေကမကောင်းတော့….။ သူငယ်ချင်းတွေကမူးနေသည်..ပြန်ခုခံစရာကလဲ ရေပုံးရေခွက်တွေကလွဲလို့ ဘာမှ မရှိ….

ကိုယ်လဲမထူးတော့တဲ့အခြေအနေမို့ မဏ္ဍပ်ထိုးထားတဲ့ ဝါးလုံးကိုဆွဲဖြုတ်လိုက်ပြီး ပထဆုံးဓားနဲ့ဝင်လာသူရဲ့ လက်ကို ရိုက်ချလိုက်သည်…. ရိုက်ချပြင်းတာကြောင့် ဓားလွတ်ကျသွားလေသည်..

ချစ်သူကနောက်ကနေစူးစူးဝါးအော်ပြီး လက်ကိုဆွဲထားလေသည်…
ချစ်သူကိုထိခိုက်မှာဆိုး၍တွန်းထုတ်လိုက်သည်…

နောက်တစ်ယောက်က ဝါးလုံးကိုင်ထားတဲ့ကျွန်တော်ဆီပြေးဝင် လာသည်..။ ကံကောင်းသည်ဟုပြောရမည်။ သူငယ်ချင်းတစ်ယောက်ကလှမ်းပစ်လိုက်တဲ့ ရေပုံးခွံကထိုသူ့မျက်နှာ ကိုတည့်တည့်မှန် ပြီးဟန်ချက်ပျက်သွားလေသည်..။ထိုသူဟန်ချက်ပျက်သွားတုန်းသူ့ခြေထောက်ကို ဝါးလုံးနဲ့ရိုက်ချလိုက်လေသည်… ခြေပစ် လက်ပစ်လဲကျလေသည်…ရန်ဖြစ်နေတာကိုသတိထားမိတဲ့ အနီးအနားကလူတွေကဝင်ဆွဲသည်…..

လှည်းပေါ်ပါလာတဲ့မိန်းကလေးတွေကလဲ သူ့လူတွေကိုဝင်ထိန်းလေသည်….လူကြီးတွေပါလာတော့ ရုံးမရောက်၊ ဂတ်မ ရောက်ဘဲ ရန်ပွဲကပြီးသွားလေသည်…

အခုမှသတိတရချစ်သူကိုလှမ်းကြည့်လိုက်တော့….မဏ္ဍပ်ထဲကခုံလေးပေါ်မှာရင်ဘတ်ကိုဖိပြီးထိုင်နေလေသည်.။

ချစ်သူနှုတ်ခမ်းတွေကဖြူရော်နေသည်။ ကျွန်တော့်လက်ကိုတင်းတင်းဆုပ်ထားပြီးတော့…

‘’.ကိုကိုနောက်တစ်ခါ ရန်မဖြစ်နဲ့နော်…’’.ဟုတိုးတိုးလျလျပြောလေသည်။

ခေါင်းသာညိတ်နေပေမဲ့ နှုတ်ကပြန်မဖြေဖြစ်….ချစ်သူရဲ့အခြေအနေက လေကို မနည်းအားယူပြီးရှုသွင်းနေရသည့်အနေ အထား သူငယ်ချင်းတွေကိုလှမ်းခေါ်ပြီး ဆေးရုံပို့ဖို့စီစဉ်ရသည်… ဘေးအိမ်က ကားဖြင့်ဆေးရုံသို့လိုက်ပို့ပေးသည်။

အချိန်မီဆေးရုံရောက်ပြီး….ဆေးကုသမှုခံယူလိုက်တာကြောင့် ဘာမှဆိုးဆိုးဝါးဝါးမဖြစ်ခဲ့…ထိုအချိန်မှပဲ သက်ပြင်း ချနိုင်တော့သည်…..

ဆရာဝန်ကြီးကိုအကျိုးအကြောင်းမေးဖြစ်သည်။

‘’ဒေါက်တာ…လူနာကဘာဖြစ်တာလဲဟင်….ဘာရောဂါလဲ…’’

ဆရာဝန်ကြီးကသက်ပြင်းကိုလေးတွဲစွာချလိုက်ပြီး

‘’နှလုံး ရုတ်တရက်ထဖောက်တာပဲငါ့တူ…မင်းအချိန်မီဆေးရုံပို့နိုင်တာ အဆင်ပြေသွားတယ်….ဒီလိုအခြေအနေမျိုးက အသက် ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်….နောက်ပြီး လိုအပ်တဲ့ဆေးစစ်တာ၊E.C.G ဆွဲတာတွေထပ်လုပ်ဖို့လိုအပ်တယ်… သူရဲ့နှလုံးခုန်တဲ့ပုံစံကို ဆရာမကြိုက်ဘူး….ဒါနဲ့ လူနာရှင်ရဲ့ မိဘတွေရောက်ပြီလား…’’

‘’မရောက်သေးဘူးဆရာ …အကြောင်းကြားပြီးပါပြီ….သူကအမေမရှိတော့ဘူးဆရာ…သူ့အဖေပဲရောက်လာလိမ့်မယ်…’’

‘’အေးအေး…..ရောက်ရင် ဆရာဆီလွှတ်ပေးပါအုံး…..’’

ချစ်သူရဲ့ ဖခင်မကြာခင်ရောက်လာသည်….။ဆရာဝန်နှင့် အချိန်အတော်ကြာစကားပြောနေတာ တွေ့ ရသည်…။
ကိုယ်ကတော့ချစ်သူနားမှာအရိပ်တကြည့်ကြည့်နဲ့ပေါ့…..
ခဏနေတော့ ဆရာဝန်ကြီးလဲအနားရောက်လာသည်…လူနာ အတွက် နေထိုင်ရမဲ့ ဆောင်ရန်ရှောင်ရန်တွေပြောပြသည်…။

သူငယ်ချင်းတစ်ယောက်က အနားကိုလာပြီး အခြားသူတွေမသိအောင်လက်ကုပ်ပြီးလာခေါ်သည်..။လိုက်သွား တော့ ချစ်သူရဲ့ ဖခင်က ဆေးရုံရှေ့ကလက်ဖက်ရည်ဆိုင်မှာစကားပြောဖို့ တောင်းဆိုလေသည်။

‘’ဒီလိုငါ့တူရေ…အခုဆရာဝန်နဲ့သေချာစကားပြောကြည့်တဲ့အခါမှာ….သမီးလေးမှာသူ့အမေဆီမှာရှိတဲ့ နှလုံးရောဂါကမျိုးရိုး လိုက်ပြီးပါလာတာပဲ….သူ့အမေလဲ သမီးကိုခက်ခက်ခဲခဲမွေးပြီးမီးတွင်းထဲမှာပဲ ဆုံးသွားခဲ့တာ…သမီးမှာရှိနေတဲ့နှလုံးရောဂါဟာ အချိန်မရွေးအပြင်းထန်ဆုံးအခြေအနေကိုရောက်နိုင်တယ်…အဆိုးဆုံးပြောရရင် ..အိမ်ထောင်ပြုဖို့ သားသမီးယူဖို့တောင် မလွယ်ဘူး ကွာ….အဲလိုလုပ်ရင်သူ့ကိုဒုက္ခပေးသလိုဖြစ်နေမှာ…’’

ချစ်သူရဲ့ဖခင်က ယောကျာ်းတန်မဲ့ငိုသံပါကြီးနှင့်ပြောလေသည်..။ကျွန်တော်လဲစိတ်ထဲမွန်းကြပ်လွန်းသည်။တစ်နေ့ရွှေ…တစ်နေ့ ငွေဖြစ်သွားနိုင်တဲ့ချစ်သူရဲ့အခြေအနေက…စိုးရိမ်ဖွယ်မဟုတ်လား….

‘’ငါ့တူနဲ့သမီး… ချစ်သူတွေဆိုတာဦးကြားပါတယ်….ငါ့တူကရိုးသားသူ၊ကြိုးစားသူဖြစ်တာကြောင့် ဦးကန့်ကွက်တာ မျိုးတွေ လဲမလုပ်ခဲ့ဘူး….အခုလိုအခြေအနေရောက်နေလဲ ဦးကခါးခါးသီးသီးငြင်းနေမှာမဟုတ်ဘူး….ငါ့တူသာသမီး ကိုတကယ်ချစ် မယ် ဆိုရင်သမီးဒုက္ခရောက်အောင်လုပ်မယ်လို့ဦးမထင်ဘူး…”

နှုတ်က ရုတ်တရက် ဘာပြောရမှန်းမသိ …ဆွံအနေမိသည်…. ချစ်သူရဲ့ဖခင်က ပုခုံးလေးကိုပုတ်ပြီး

‘’ငါတူ…အချိန်ယူစဉ်းစားပါ….ငါ့တူအတွက် ခက်ခဲတဲ့ကိစ္စဖြစ်နေမယ်ဆိုတာလဲ …နားလည်ပါတယ်… သမီးကိုလဲ ဦးအနေနဲ့ အချိန်ယူပြီးနားချလိုက်ပါ့မယ်…. ‘’

ချစ်သူအဖေက ပြောဆိုပြီး လက်ဖက်ရည်ဆိုင်က ထထွက်သွားသည်။

ဆေးရုံအဝင်က ဗာဒံပင်ကြီးကလဲ သစ်ရွက် ခြောက်တွေ တဖြုတ်ဖြုတ်ကြွေလို့….. သစ်ရွက်ခြောက်တွေလို လေနှင်ရာသာ လွင့်ပါ သွားလိုက်ချင်မိသည်။

လက်ဖက်ရည်ဆိုင်ရှေ့ ကားတစ်စီး အရှိန်ပြင်းပြင်းမောင်းထွက်သွားသည်…အင်ဂျင်ကျနေလို့လားမသိ …ကားအနောက်မှာ မီးခိုးတွေက တအူအူ…..
အခုအချိန် မီးခိုးငွေ့တွေလို လေနဲ့ရောပြီး ပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ …..

စိတ်တွေက ဂနာမငြိမ်…. မချစ်မနှစ်သက်သူနဲ့ ပေါင်းဖက်ရခြင်းက ဒုက္ခဖြစ်သလို… ချစ်ခင်နှစ်သက်သူနဲ့ ကွေကွင်းရခြင်းကလဲ ဒုက္ခပဲ ….မဟုတ်လား…..

တံလျှပ်တွေထပ​ြီး ပူပြင်းတဲ့နွေနေက ကျွန်တော်ရင်ထဲက ပူလောင်ခြင်းတွေကို မီနိုင်မည်မထင်….

နှစ်လလောက်ကြာတော့ သစ်တောအရာရှိဖြစ်တဲ့ ချစ်သူရဲ့ဖခင်က ပြောင်းရွှေ့တင်ပြီး အထက်မြန်မာပြည်ဘက်ပြောင်းသွား သည်…ချစ်သူလဲလိုက်ပါသွားခဲ့သည်ပေါ့.


သစ်စိမ်းချိုးချိုးတယ်လို့ ချစ်သူက ထင်သွားလေမလား…..
အနေဝေးလို့သွေးအေးသွားတယ်လို့များထင်လေမလား…..
အသစ်တွေ့သွားလို့ ငါ့ကိုစိမ်းကားသွားတယ်လို့ ထင်လေမလား……

တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ဝေးသွားခဲ့သည်…. ကောင်းကင်နဲ့ မြေကြီးက…မိုးကုတ်စက်ဝိုင်းတစ်နေရာမှာ ဆုံနိုင်ခွင့် ရှိပေမယ့် ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆုံနိုင်ခွင့်ကတော့…..။

ဒီနှစ်သင်္ကြန်မှာလဲ ပိတောက်တွေ ဝေဝေဆာဆာပွင့်နေပြန်ပြီ ချစ်သူ…..။ ချစ်သူသာ ဒီစာကို မြင်မိ….ဖတ်မိ….တွေ့မိမယ်ဆိုရင်ဖြင့်……။ ။

ငြိမ်းအေးလူ

မင်္ဂလာရက်မြတ် လက်ထပ်ရာဝယ် ရွှေဂဟေတွဲ သစ္စာမြဲစေဖို့-၂

ဒီဆောင်းပါးရေးဖို့ဖြစ်လာတာက မိတ်ဆွေတစ်ဦးရဲ့မေးခွန်းကြောင့်ပါ။ လိုရင်းပဲပြောကြရအောင်ဗျာ။အားတဲ့ ရက်တွေမှပဲ ကျွန်တော်က လူတွေ့မေးမြန်းခြင်းကို လက်ခံလေ့ရှိပါတယ်။တစ်နေ့ အိမ်မှာဗေဒင်ဟောနေချိန် ကျွန်တော့်မိတ်ဆွေကလဲ ကျွန်တော်အိမ်မှာရှိနေချိန်ပါ။ အားလပ်ရက်ဆိုတော့ ကျွန်တော့်ရဲ့စာအုပ်စင်ကို သူလာပြီး မွှေတာပါ။ ကျွန်တော်ကလဲ ဗေဒင်မေးတဲ့ပရိတ်သတ်တွေကို ခြံထဲမှာပဲခုံခင်းပြီးတွေ့ဆုံလေ့ရှိပါတယ်။ သစ်ရိပ်ဝါး ရိပ်နဲ့ အာဝါသကောင်းတာကြောင့် ခြံထဲမှာပဲ ဟောဖြစ်တာပါ။ ၅ယောက်ခန့်ဟောပြီးတော့ ကျန်တဲ့ appointment တွေကနေ့လည်ခင်းမှာချိန်ဆိုထားတာကြောင့် ရေခဲ သေတ္တာထဲက ကော်ဖီအေးလေးတစ်ဘူးဖောက်သောက်ပြီး ခဏနားနေမိတယ်။ 

မိတ်ဆွေက သူလိုချင်တဲ့စာအုပ်လေးကို လက်မှာကိုင်ထားပြီး ကျွန်တော့ ဘေးမှာလာထိုင်လေသည်။ 

” ငါဒီစာအုပ်တွေယူသွားမယ် သူငယ်ချင်းရေ….နောက်တစ်ပတ်မှာ လာပို့ပေးမယ်….” 

 “ရပါတယ္ကြာ ယူသြားပါ….”

” ဒါနဲ့စကားမစပ် မင်းကိုမေးရအုံးမယ်ကွာ…ခုနကဗေဒင်လာမေးကြသူတွေ မေးတာကြားတယ်ကွာ… အဲဒီမှာ ဇာတာတိုက်စစ်ပြီး  လက်ထပ်ဖို့ မင်္ဂလာရက်လာရွေးကြတာများတယ်နော်…”

  ”သီတင်းကျွတ်လေကွာ ..ဒီလောက်တော့ရှိမှာပေါ့”

မိတ်ဆွေဖြစ်သူက ဧည့်သည်တွေကို ဧည့်ခံထားတဲ့ ရေနွေးကိုငှဲ့သောက်ရင်း

” ငါစဉ်းစားမိတာတစ်ခုရှိတယ်ကွ…လူတိုင်းနီးပါး မင်္ဂလာရက်ကောင်းကို ရွေးကြတာပဲလေ….ဗေဒင်ဆရာနဲ့ မနီးစပ်သူဆိုရင်တောင်မှ ပြဿ     ဒါး ရက်ရာဇာလောက်တော့ ကိုယ့်ဘာသာရွေးကြတာပဲမဟုတ်လား…..ဒါပေမဲ့လက်ထပ်ပြီးတော့ ကွဲသွားကြသူတွေ စီးပွားရေးအဆင်မပြေကြတာတွေ အဘက်ဘက်ကညံ့သွားသူတွေလဲ ရှိတာပဲ မဟုတ်လား …..အဲဒါဘာကြောင့်လို့မင်းပြောမလဲ….”

မိတ်ဆွေဖြစ်သူအမေးစကားကို ပြန်ဖြေဖို့ အတန်ငယ်စဉ်းစားလိုက်ပြီး …….

” ဒီလိုကွ ငါ့ဆီမှာ မင်္ဂလာရက်ရွေးသူတွေကို ငါ့က ရက်ရွေးပေးတာအပြင် ဇာတာတိုက်စစ်တာကြောင့် အခြားဆောင်ရန်ရှောင်ရန်တွေလဲ ပြောပြတယ်ကွ…..မင်္ဂလာရက်ရွေးတယ်ဇာတာတိုက်စစ်တယ်ဆိုတာ ဥပမာ ပေးရရင် ခရီးရှည်ကြီးတစ်ခုကိုသွားဖို့ အတွက်  ဇနီးမောင်နှံနှစ်ယောက်စီးသွားမဲ့ ကားကို ဝပ်ရှော့ဆရာဆီ အပ်ပြီး စစ်ဆေးခိုင်းတာနဲ့ ခပ်ဆင်ဆင်တူတယ်ကွ……

           ဝပ်ရှော့ ဆရာက ကားကို မိုင်ထောင်ချီအဝေးကြီးသွားမှာဆိုတော့  သေချာစစ်ဆေးပြီး အပ်ထားတဲ့သူကို မေးတယ်ကွ…လက်ရှိဆီတွေကမသန့်ဘူး ဆီအသစ်လဲမယ် ဖစ်တာတွေလဲ ရမယ်။ ရေတိုင်ကီကလဲ ပိတ်နေတာ ရေတိုင်ကီတွေဖြုတ်ဆေးရမယ်။ မီးခိုးလိုက်နေတဲ့အတွက် စစ်ဆေးလိုက်တော့ပန့်ကျနေတယ်…ပန့်ပြင်ရမယ် ကားတာယာမှာအချို့တာယာတွေက ပန်းတွေပါး နေ တယ်…တာယာအသစ် တွေလဲရမယ်… .စသည်ဖြင့်ဝပ်ရှော့ဆရာကလိုအပ်တာတွေ ပြုပြင်ဖို့ပြောမယ်ကွာ……. 

 လဲမလဲပြင်မပြင်ကတော့ ကိုယ့်သဘောပဲလေ…ပြုပြင်သွားမယ်ဆိုရင်တော့ ခရီးသွားရတာအဆင်ပြေမယ် စိတ်ချမ်းသာမယ်ပေါ့ကွ…..ငါလဲအဲလိုမျိုးအကြံပေးတာပဲလေ…. ဇာတာနှစ်ခုစစ်ဆေးလိုက်ရင် မတူညီတဲ့အချက် တွေကို ပြုပြင်ဖို့ လင်မယားချင်းနားလည်မှုရှိဖို့ စတာတွေကို ပြောပြတယ်လေကွ ….လိုက်နာတာမနာတာက သူတို့အပိုင်းပဲလေ….”

”အေးပါကွာ နားလည်ပါပြီ…အခုကတော့ သဘောပေါက်သွားပါပြီ….”

”လူတစ်ယောက်ဆီမှာ ကောင်းတဲ့စရိုက်လေးတွေရှိသလိုဆိုးတဲ့စရိုက်လေးတွေရှိကြပါတယ်။ ဆိုးတဲ့စရိုက်တွေက အိမ်ထောင်ရေးကို ထိခိုက်စေနိုင်တာတွေရှိတယ်လေ”

”အေး …ဆက်ပါအုံးကွ…စိတ်တောင်ဝင်စားလာပြီ”

”ဒီလိုကွ…ငါ့တို့ ဗေဒင်ပညာမှာ အကြွင်းဖွားလေးတွေရှိတယ်။ အထူးသဖြင့် မဟာဘုတ်အကြွင်းဖွားပေါ့..။မြန်မာမွေးသက္ကရာဇ်ကိုရနဲ့စားလိုက်လို့ရလာတဲ့ အကြွင်းတွေပေါ့။ အဲဒီထဲက အိမ်ထောင်ရေးကို ထိခိုက်နိုင်တဲ့ဆိုးတဲ့ စရိုက် လေးတွေ မင်းကိုပြောပြမယ်….

၁ကြွင်း 

 ဒီအကြွင်းဖွားတွေမှာ အိမ်ထောင်ရေးကို ထိခိုက်စေနိုင်တာက လိမ္မာပါးနပ်မှုနည်းပါးတဲ့ စကားအပြောအဆို တွေကြောင့်ပဲ။ စကားပြောကောင်းပေမဲ့ သူတစ်ပါးကြိုက်တဲ့စကားလား …မကြိုက်တဲ့စကားလား..မခွဲခြားတတ်တာ။ အဲဒါက အိမ်ထောင်ရေးမှာရော အခြားလူမှုဆက်ဆံရေးမှာပါ အားနည်းသွားနိုင်တာပဲ…နောက်တစ်ချက်က အမှား ကိုဝန်မခံတတ်တာ….တစ်ခုခုလုပ်တာမှားတဲ့အတွက် အိမ်ထောင်ဘက်က အပြစ်တင်ရင် ဝန်မခံတာပဲ..အကြောင်း ပြချက်တွေ အမျိုးမျိုးပေးပြီး အပြစ်ကိုရှောင်လွှဲတတ်တာက အိမ်ထောင်ဘက်ကို ငြိုငြင်စေတာပဲလေ….

၂ကြွင်း

 ဒီအကြွင်းဖွားတွေမှာက ကိစ္စတစ်ခုကိုလုပ်ကိုင်တော့မယ်ဆိုရင် အချိန်ဆွဲတတ်ကြတာများပါတယ်။ အိမ်ထောင်ဘက်ကကိစ္စတစ်ခုခုခိုင်းတာမျိုးဆိုရင်လဲ တော်တော်နဲ့မပြီးတတ်ကြဘူး။ အများအားဖြင့် ခပ်အေးအေး ခပ်ဖြေးဖြေးပဲ လုပ်ကိုင်ကြသူတွေများတယ်။ ဒါကြောင့်ပဲ စိတ်မြန်လက်မြန်ရှိတဲ့ အိမ်ထောင်ဘက်တွေဆို မိမိကို စိတ်မရှည်ဖြစ်ရတတ်ပါတယ်။ နောက်ပြီးဒီအကြွင်းဖွားတွေက အားနားတတ်တယ်၊သနားတတ်တယ်၊ ယုံလွယ်ကြ တယ်။ ဒါကြောင့်ပဲ ဆွေမျိုးတွေ မိတ်ဆွေတွေက အသနားခံပြီး အကူအညီတောင်းရင် ရှိတာလေးထုတ်ပေးပြီး ကူညီတတ်ကြတယ်။ ဒါကလဲ အိမ်ထောင်ဘက်ကမိမိအပေါ်စိတ်ပျက်စေတဲ့ အချက်တွေပါပဲ။

၃ကြွင်း

 ဒီအကြွင်းဖွားတွေက စကားအပြောအဆိုအများကြီးလိုပါတယ်။ ငါ့စကားနွားရပြောတာ သူများကိုအပြစ် တင်လွယ်တာ…ငါသိငါတတ် ငါဆရာကြီးဆိုတဲ့ စိတ်မျိုး အပြောမျိုးရှိနေရင်အမြန်ပြင်ဆင်လိုက်ပါ။ စကားအမှား တွေကပဲ အိမ်ထောင်ရေးကို အဓိက အက်ကြောင်းထစေတာပါ။ နောက်တစ်ခုက အဘက်ဘက်ကနေ ဇီဇာကြောင်တတ်တယ်။ အစားအသောက်ကအစ ငန်တယ်ပေါ့တယ်…တူးတယ်.. စပ်တယ် စသည်ဖြင့် ဝေဖန်နေ တတ်တဲ့ သူပါပဲ။ ဒါကြောင့်ပဲ အိမ်ထောင်ဘက်က မိမိကိုစိတ်ပျက်လာစေပါတယ်။

၄ကြွင်း

 ဒီအကြွင်းဖွားတွေက အိမ်ထောင်ဘက်ကိုတကယ်ရောချစ်ရဲ့လားလို့ အရင်ဆုံးမေးရမယ်….စိတ်ချမ်းသာ မယ်ထင်လို့ ပျော်မယ်ထင်လို့ သူက ငွေကြေးပြည့်စုံလို့စသည်ဖြင့်လက်တွဲလိုက်တယ်ဆိုရင်တော့ တကယ့်အရေး ဆို အိမ်ထောင်ဘက်အပေါ်အနွံတာမခံကြပါဘူး။ နောက်ပြီး ဒီအကြွင်းဖွားတွေက စိတ်အလိုလိုက်တတ်ကြပါတယ် စိတ်ချမ်းသာမှုကို ဦးစားပေးတယ်။ အိမ်ထောင်ဘက်နဲ့အတူ ဆင်းရဲလဲအတူတူ ချမ်းသာလဲ အတူတူ ဆိုတဲ့စိတ်မျိုး နည်းကြတယ်..။နောက်ပြီးကိုယ့်မိဘ ညီအကိုမောင်နှမကိုတော့ ကြည့်တယ်…အိမ်ထောင်ဘက်ရဲ့ ဆွေမျိုးတွေကို တော့အပေါ်ယံသာဆက်ဆံတတ်ကြတယ်….ဒါတွေက အိမ်ထောင်ရေးမှာ အဆင်မပြေဖြစ်ရမဲ့ အကြောင်းပါပဲ

၅ကြွင်း

 ဒီအကြွင်းဖွားတွေက အိမ်ထောင်ဖက်ကို လက်ညှိုးထောင် ခေါင်းညိတ်လုပ်စေချင်တဲ့ သူပါပဲ။ မိမိစိတ် ကြိုက် မိမိလိုရာကို ပုံသွင်းချင်ကြတယ်။ မိမိစိတ်နဲ့ မိမိကိုယ် လွတ်လပ်စွာ နေလိုတဲ့အိမ်ထောင်ဘက်ကတော့ မိမိကို စိတ်ပျက်သွားတတ်ပါတယ်။ ဒီအကြွင်းဖွားတွေက မိမိအိမ်ထောင်ကျပြီးသည့်တိုင်အောင် မိဘတွေကိုပြန် လည်ထောက်ပံ့လွန်းတဲ့သူတွေပါ။ သဘောထားသေးသိမ်တဲ့ အိမ်ထောင်ဘက်မျိုးဆိုရင် ဒီကိစ္စကလဲ အိမ်ထောင် ရေးပြဿနာတစ်ခုဖြစ်သွားနိုင်ပါတယ်။ အရာရာတိုင်းမှာ စိတ်ပူပန်တတ်လွန်းတာ စိတ်လောလွန်းတာတွေက မိမိအိမ်ထောင်ဘက်အတွက် စိတ်ဆင်းရဲစရာဖြစ်နေနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။

၆ကြွင်း

 ကတိကိုလွယ်လွယ်ပေးတတ်ကြတယ်။ ကတိပေးတာလွယ်ပေမဲ့ ကတိတည်ဖို့ကတော့ ခက်ခဲတဲ့သူတွေပါ။ စဉ်းစားကြည့်ပါ။ အိမ်ထောင်ဘက်ကို ဘာလုပ်ပေးမယ်…ဘာဝယ်ပေးမယ်ပြောပြီး တကယ်တမ်းကျတော့ ကတိ မတည်ဘူးဆိုရင်…ဘာဖြစ်မလဲ..။ နောက်တစ်ခုကအသုံးအဖြုန်းကြီးတာ…ရတာလေးနဲ့ ဘယ်လိုလောက်ငှအောင် သုံးမလဲ မစဉ်းစားဘဲ ဖြုန်းဖို့ပဲ လုပ်နေတဲ့သူဆိုရင်တော့ အိမ်ထောင်ရေးမှာ ပြဿ     နာကြီးကြီးတတ်မှာပါ။ နောက်တစ်ခု စွဲလမ်းရင်ဖြတ်ရခက်ခဲတယ်ဗျ။ အရက်သောက်တတ်သူဆို အရက်စွဲမယ်…ဘယ်လိုကိစ္စတွေနဲ့မှ အရက်ပြတ်သွားဖို့ကမလွယ်ဘူး။ မကောင်းတဲ့ကိစ္စတစ်ခုခုကို စွဲလမ်းနေပြီဆိုရင်တော့ အိမ်ထောင်ဘက်က စိတ်ပျက်လာမှာ အမှန်ပဲလေ။

၀ကြွင်း

 ဒီအကြွင်းဖွားတွေဟာ သူများတွေအမြင်မှာ လေးတဲ့သူတွေ ပျင်းရိတဲ့သူတွေလိုထင်နေမိတတ်ပါတယ်။ အနည်းငယ်လဲနမော်နမဲ့နိုင်ပါတယ်။တစ်ခုခုကိုအာရုံစိုက်မိပြီဆိုရင်တော့ အခြားကိစ္စတွေအားလုံးကိုမေ့သွားတတ် သူပါပဲ။ ဂိမ်းအရမ်းဆော့သူတွေ တစ်ခုခုကို ထမင်းမေ့ဟင်းမေ့ လုပ်တတ်သူတွေပါ။ဒါတွေက အိမ်ထောင်ဖက်ကို စိတ်ပျက်စေတာတော့ အမှန်ပါပဲ။ အိမ်ထောင်ဘက်က တစ်ခုခုခိုင်းထားတယ်ဆိုရင် တစ်ခုခုအပြောင်းအလဲကိစ္စ ကြုံတာနဲ့ ခိုင်းထားတဲ့ကိစ္စမေ့သွားတတ်သူပါ။ ဒါအပြင် အိမ်ထောင်ဘက်အပေါ်တွင်လဲ သဝန်တိုတတ်သူပါပဲ။ တော်ရုံမဟုတ်ဘဲ အလွန်အကျွံသဝန်တိုမိတယ်ဆိုရင်တော့ ခဏခဏပြဿ     နာများရပါလိမ့်မယ်။

ဒီအချက်လေးတွေအကြမ်းဖျင်းသိရပြီဆိုရင်တော့ အိမ်ထောင်ရေးအတွက် တစ်ထောင့်တစ်နေရာအကျိုးပြုနိုင်မယ် မဟုတ်လား…..”

”အခုလို  သိရတော့လဲ အိမ်ထောင်ပြုမဲ့လူတွေအတွက် ဆင်ခြင်လို့ရတာပေါ့…”

“ကဲနေလဲမြင့်နေပြီ …မင်းလဲသွားတော့ …ငါလဲ ခဏနားအုံးမယ်…..”

“ok သူငယ်ချင်းနောက်တစ်ပတ်မှ ပြန်ဆုံမယ်….”

 မိတ်ဆွေကနေပူတာကြောင့် စာအုပ်လေးကို ခေါင်းပေါ်တင်ပြီး အိမ်ပြန်သွားလေပြီ….

မိုးအကုန် ဆောင်းအကူးကာလဆိုပေမဲ့နေမင်းက ပူပြင်းလွန်းတယ်…. ဒီအပူထက် အိမ်ထောင်ရေးအပူက ပိုပြင်းသည်မဟုတ်လား…..မိမိတတ်ကျွမ်းတဲ့ ဝေဒပညာဖြင့် အိမ်ထောင်ရေးအပူကို ထီးတစ်လက်အဖြစ် အနည်းငယ် အပူသက်သာစေမယ်ဆိုရင်ဖြင့်………။

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ 

          ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )

      viber only -09775555695

” မင်္ဂလာရက်မြတ် လက်ထပ်မဲ့သူတွေ”

 

     ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုတာနဲ့ ဟိုမှဒီမင်္ဂလာတေးသံ 

တွေပျံ့လွင့်လာပေအုံးမည်။ မင်္ဂလာရက်မြတ် ရွေးချယ်ကြသူတွေ ဇာတာတိုက်စစ်ကြသူတွေလဲ ဒီကာလမှာ ကျွန့်တော့်ဆီတဖွဲဖွဲလာမေးလေ့ရှိသည်။   ကျွန်တော့်အနေနဲ့ ပေါ့ပေါ့တန်တန်လုပ်လို့မရပေ။ တာဝန်ကြီးသည်။ပြဿ     ဒါး၊ရက်ရာဇာလောက်နှင့် တွက်လို့မရ။ မင်္ဂလာ ဆောင်သင့်သည့်လ၊ဆောင်သင့်သည့်ရက် ဆောင်သင့်သည်အချိန်တွေကို အသေးစိပ်တွက်စစ်ရသည်။  

  မင်္ဂလာသတို့သားလောင်း သတို့သမီးလောင်းလျားတွေရဲ့ နေ့နံဇာတာအလိုက် အသုံးပြုရမဲ့ မင်္ဂလာပန်း ၊ ဆင်မြန်းရမဲ့ မင်္ဂလာဝတ်စုံအရောင်တွေကအစ စီစစ်ရလေသည်။ နောက်ပြီး တရားရုံးမှာ လက်ထပ်စာချုပ်ပေါ်တွင် လက်မှတ်ထိုးကြမဲ့ နေ့ရက်အခါသည်လဲအရေးကြီးသည်မဟုတ်လား။    

 သွေးမတော် သားမစပ် တစိမ်း ယောကျာ်းလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး ဘဝကြင်ဖော်အဖြစ်တစ်သက်စာလက်တွဲသွားမည့် အဦးအစမင်္ဂလာဦးအချိန်သည် လွန်စွာအရေး ကြီးလေသည်။ ဘဝတစ်ခုစတင်တည်ဆောက်ကြပြီဆိုရင် လိုအပ်သောဆောင်ရန်ရှောင်ရန်တွေ အများကြီးလိုအပ်သည်။ နီးစပ်ရာ ဆရာတစ်ဦးထံတွင်သေချာ တွက်စစ်သင့်ပေသည်။ ဒီဆောင်းပါးကနေ ယေဘုယျသဘောတရားလောက်သာ ပြောပြနိုင်သည်။  

   ရှေးဆရာကြီးတွေရဲ့အယူအဆအရ မည်သည့်လတွင် မင်္ဂလာဆောင်ရင် မည်သို့အကျိုးအပြစ်တွေရှိသည်ဆိုတာမျိုးတွေ့ရသည်။  မင်္ဂလာဆောင်အပ်သောလ ၆ လရှိသလို မင်္ဂလာမဆောင်အပ်သောလကလဲ ၆လရှိသည်။

လုံးဝမင်္ဂလာမဆောင်သင့်သော ၆လကတော့ 

 (၁)ဝါဆိုလ – (ဖျားနာခြင်း ၊ ဘေးအန္တရာယ်ကြုံခြင်း)

 (၂)ဝါခေါင်လ-(စိတ်သောကဖြစ်စရာကြုံတတ်ခြင်း)

 (၃)တော်သလင်းလ-(ရောဂါထူပြောတတ်ခြင်း၊  

              သေကြေ ပျက်စီးတဲ့အထိ ဖြစ်တတ်ခြင်း) 

 (၄)နတ်တော်လ -(အိမ်ထောင်ရေးသောက 

               ကြုံရတတ်ခြင်း၊ရောဂါထူပြောတတ်ခြင်း)

 (၅)ပြာသိုလ-(ပစ္စည်းဥစ္စာ ခေါင်းပါးတတ်ခြင်း၊ 

                        ဆင်းရဲဒုက္ခရောက်ရတတ်သည်)

(၆)တပေါင်းလ- (စကားခဏခဏများတတ်၊ ရှင်ကွဲ ကွဲတတ်သည်)

အဲဒါတွေကတော့ မင်္ဂလာမဆောင်အပ်သောလတွေပါပဲ။ 

မဂ်လာဆောင်အပ်သော ၆လကတော့ 

 (၁)တန်ခူးလ-(ပစ္စည်းဥစ္စာကြွယ်ဝတတ်သည်)

 (၂)ကဆုန်လ-(ချမ်းသာကြွယ်ဝတတ်သည်)

(၃)နယုန်လ-(ပျော်ရွှင်ရတတ်သည်၊ မေတ္တာဓာတ်နဲ့ ပြည့်ဝသည်)

(၄) သီတင်းကျွတ်-(ဆန်ရေစပါး ပြည့်စုံတတ်သည်၊    သားကောင်းသမီးကောင်းထွန်းကာတတ်သည်)

(၅)တန်ဆောင်မုန်း-(နေအိမ်မင်္ဂလာ အသုံးအဆော င်တွေ ပြည့်စုံတတ်သည်)

(၆)တပို့တွဲ- (စိန်ရွှေငွေ ရတနာပစ္စည်းတွေနဲ့ပြည့် စုံတတ်သည် )

အဲဒါကတော့ မင်္ဂလာလက်ထပ်ပွဲ ဆင်နွဲသင့်တဲ့ လတွေပါပဲ။ ဒါဟာရှေးလူကြီးသူမတွေ လက်ဆင့်ကမ်းပြောကြားခဲ့တဲ့ဆောင်ရန် ရှောင်ရန်တွေပါ။ 

   နေ့ရက်အလိုက် ဆောင်ရန်ရှောင်ရန်ကတော့  တနင်္ဂနွေ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တွေမှာ မင်္ဂလာဆောင်ရင် သားကောင်းရတနာထွန်းကားတတ်သလို ဥစ္စာပစ္စည်းလဲ ကြွယ်ဝချမ်းသာတတ်ကြပါတယ်။

  စနေနေ့၊ တနင်္လာနေ့တွေမှာ မင်္ဂလာဆောင်ရင်တော့ သားသမီးအရနည်းတတ်သလို လင်မယားချင်းလဲ တကျက်ကျက်ဖြစ်တတ်ပါတယ်။ 

    မင်္ဂလာနေ့ရက်တွေရွေးချယ်ပေးပြီးပြီဆိုတော့  အကောင်းဆုံးမင်္ဂလာအချိန်လေးတွေရွေးချယ်ပေးလိုက်ပါတယ်ဗျာ။  အခုရွေးချယ်ပေးမဲ့ မင်္ဂလာအချိန်တွေဟာ မင်္ဂလာပွဲတွေမှာ အခမ်းအနားမှူးက  “မင်္ဂလာအချိန်ကျရောက်ပါပြီ”လို့   နှုတ်မြွက်ပြောကြားပြီး မင်္ဂလာအခမ်းအနားစတင်ဖွင့်လှစ်ဖို့  အကောင်းဆုံး အချိန်တွေပါပဲ။   

   ဒါ့အပြင် ရုံးတတ်လက်မှတ်ထိုးဖို့ အကောင်းဆုံးအချိန်တွေကိုလဲ ထပ်မံရွေးချယ်ပေးလိုက်ပါ့မယ်ဗျာ။ 

     တနင်္ဂနွေနေ့ ၊ဗုဒ္ဓဟူးနေ့၊ သောကြာနေ့တွေမှာ မင်္ဂလာဆောင်မယ်ဆိုရင်  အကောင်းဆုံး မင်္ဂလာအချိန်တွေကတော့ မနက် ၆နာရီမှ ၈နာရီ ၂၄မိနစ် အတွင်းပါပဲ။ မင်္ဂလာအခမ်းအနားစတင်နိုင်တဲ့အချိန်ပါ။

  လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးကြမယ်ဆိုရင်တော့ဗုဒ္ဓဟူးနေ့မှာ မွန်းလွဲ ၁နာရီ ၁၃မိနစ် မှ ၃နာရီ ၃၆မိနစ်အတွင်းက လက်မှတ်ရေးထိုးဖို့အကောင်းဆုံးအချိန်ပါပဲ။

    သောကြာနေ့ မှာ ရုံးတတ်လက်မှတ်ထိုးဖို့ အကောင်းဆုံး အချိန်ကတော့ မနက် ၁၀နာရီ ၄၉မိနစ်က

နေ မွန်းလွဲ ၁နာရီ ၁၂မိနစ်အတွင်းဟာ အကောင်းဆုံးအချိန်ပါပဲ။

     အင်္ဂါနေ့ နှင့် ကြာသပတေးနေ့တွေမှာ မင်္ဂလာဆောင်မယ်ဆိုရင်တော့ ညနေပိုင်းကပိုသင့်တော်ပါတယ်။  ညနေ ၃နာရီ ၃၇မိနစ် မှ ၆နာရီအတွင်း မင်္ဂလာအခမ်းအနား စတင်ဖို့အကောင်းဆုံးအချိန်ကာလပါပဲ။ 

 တရားရုံးမှာ လက်ထပ်စာချုပ်ပေါ်လက်မှတ်ရေးထိုးဖို့ အကောင်းဆုံးအချိန်တွေကတော့ အင်္ဂါနေ့ဆို မနက် ၁၀နာရီ ၄၉မိနစ် မှ မွန်းလွဲ ၁နာရီ ၁၂ မိနစ်အတွင်းကအကောင်းဆုံးဖြစ်ပြီး ကြာသပတေးနေ့ဆို မနက် ၈နာရီ ၂၅မိနစ် မှ ၁၀နာရီ ၄၈မိနစ် အတွင်းက မင်္ဂလာလက်မှတ်  ရေးထိုးဖို့ အကောင်းဆုံးအချိန်ပါပဲဗျ။ 

  ဒီလောက်ဆို မိမိတို့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ မင်္ဂလာအခါ ရွေးတတ်ပြီလို့ ထင်ပါတယ်။  စနေနဲ့တနင်္လာ မပါတာက ထိုနေ့တွေက မင်္ဂလာမဆောင်သင့်ဘူးလို့ အထက်ကပြောထားပြီးဖြစ်တဲ့အတွက် အချိန်မရွေးပေးတာပါ။ ဒါတွေက ယေဘုယျသဘောတွေပါ။ အတိအကျလိုက်နာရမယ်လို့တော့မဆိုလိုပါဘူး။ လိုက်နာကျင့်သုံးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အရမ်း ဥပါဒါန်စွဲနေဖို့တော့ မလိုပါဘူး။

  ရက်ရာဇာ ၊ ပြဿ     ဒါး၊သမားဖြူ၊၊ သမားညို ၊ဝါရမိတ္တူ ရက်တွေရွေးချယ်ဖို့ကတော့ ပြက္ခဒိန်ကြည့်ပြီး ရွေးလို့ရပါတယ်။

 အဲဒီမှာ တစ်ခု သတိပေးချင်တာက မင်္ဂလာအခါတွေ ဘယ်လောက်ရွေးရွေး ကာယကံရှင်ဇနီးမောင်နှံ နှစ်ဦးရဲ့ဇာတာနှစ်ခုကို တိုက်စစ်ပြီး ဆောင်ရန်ရှောင်ရန်တွေ လုပ်ဆောင်ထားခြင်းကတော့ အကောင်းဆုံးပါ။  အခါကောင်းတွေ ရွေးချယ်ပြီး ထိမ်းမြားလက်ထက်ထားပေမဲ့ ဇာတာတွေ မတိုက်ဆိုင်ဘဲနဲ့ ယူထားရင် စလယ်ဝင်အိုးဖင်မမဲခင် ပြန်ကွဲသွားကြမည်သာ။ 

     အဲဒါကြောင့် နီးစပ်ရာဆရာတွေဆီမှာ သေချာစွာ ဇာတာတိုက်စစ်ပါ။ 

 ဇာတာတွေမတိုက်ဆိုင်ဘူးဆိုရင် ဆရာ့တွေဆီကနေ လိုအပ်တဲ့ အိမ်ထောင်ရေးအေးချမ်းစေမဲ့ ယတြာတွေတောင်းပါလို့ တိုက်တွန်းရင်းနိဂုံးချုပ်လိုက်လိုက်ပါတယ်။

     နောင်များ အချိန်ရရင် မိမိတို့ရဲ့ဇာတာအလိုက် ဘဝကြင်ဖော်အဖြစ် လက်မတွဲသင့်တဲ့ နေ့နံတွေကို ရွေးချယ်ပေးသွားပါ့မယ်။ 

                       ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

သရဏံဂုံ ( ၃၀ )မန္တာန် နှင့် ကျွန်တော်ကိုယ်တွေ့

————————-
ပဲခူးမြေကိုအခြေပြန်ချဖြစ်တာသိပ်မကြာသေးပါ။ အလုပ်နဲ့ပက်သက်ပြီးနေရာအနှံ့အပြားကိုခြေဆန့်ခဲ့သည်။ မြို့…တော်တော်စုံစုံရောက်သလို တောတောင်တွေထဲလဲရောက်ခဲ့ရသည်။
အခုတော့ခရီးသွားရမဲ့ကိစ္စတွေ ၊ဗျာများပြီးတည်ငြိမ်မှုကင်းတဲ့အလုပ်တွေကို ကျောခိုင်းထားချင်ပြီ။
ဇာတိမြေအိမ်ကိုပြန်ရောက်တိုင်း ပထမဆုံးရောက်ဖြစ်တာက ရွှေမော်ဓောစေတီတော်မြတ်ကြီးပါ။
ကလေးဘဝကတည်းက အမြဲလိုလိုရောက်ဖြစ်သည့်စေတီတော်။ ရင်ပြင်တော်ကျယ်၍ မိမိတို့ကြိုက်နှစ်သက်ရာ အာရုံခံတန်ဆောင်းတွင် ဘုရားရှိခိုး၊ ဂုဏ်တော်ပွား ၊မေတ္တာပို့၊အမျှဝေပြီးအေးချမ်းစွာ တရားနှလုံးသွင်းလို့ရသည်။
ကျွန်တော်ကတော့ဘုရားဝတ်ပြုပြီးတိုင်းအင်္ဂါထောင့်နားရှိခရေပင်ကြီးအောက်မှာထိုင်ပြီး ဘုရားရှင်၏ဉာဏ်တော်ကို ဖူးမဝဖြစ်ရသည်။
ရာသီချိန်မဟုတ်၍ ခရေပန်းတွေမပွင့်သေး။ မိုးနံ့ကလေးကျန်သေး၍ ခရေရွက်တွေစိမ်းစိုနေသည်။ ရွက်ခြေက်တွေမရှိ။ ခရေပင်ကြီးအောက်ရောက်တိုင်းလွန်ခဲ့သော ဆယ်စုနှစ်ကျော်အချိန်ကအဖြစ်အပျက်လေးကိုပြန်တွေးမိရင်း….သတိရရင်းနှင့်………..
———————————————————
ရာသီက ဆောင်းရာသီကုန်ခါနီး။ လက်ကျန်ဆောင်းက စာမဖွဲ့တတ်အောင်အေးသည်။မြောက်ပြန်လေက ခန္ဓာကိုယ်အတွင်းပိုင်းထဲ ထိုးဖောက်ဝင်ရောက်သွားသလိုခံစားရသည်။
အေးမြခြင်းတွေက အရိုးကွဲမတတ်။ လေကတဖြေးဖြေးတိုက်ခတ်နေဖြင့် ပဲခူးရွှေမောဓောဘုရားကြီးထီးတော်ရှိခေါင်းလောင်းတွေရဲ့ တချွမ်းချွမ်း မြည်သံက သာယာနာပျော်ဖွယ်ကောင်းလှသည်။
မနက်စောစောဘုရားဖူးရသည့်အရသာက အေးငြိမ်းချမ်းသာမှုအပြည့်ပေးသည်။ ကျီးမနိုးချိန်ဖြစ်၍ ကာယဝိဝေက ၊ စိတ္တဝိဝေကရှိတဲ့အတွက် ဘုရားကိုအာရုံပြုလို့ကောင်းသည်။
မနက်လေးနာရီခွဲဝန်းကျင်လောက်ဆိုရင် ရွှေမောဓောဘုရားရင်ပြင် တံခါးဖွင့်သည်။ တစ်ခါတလေ ကိုယ်ရောက်တာစောရင်တံခါးမဖွင့်သေး၍ ဘာဂျာတံခါးနားထိုင်စောင့်ရတတ်သည်။
ပန်းဆိုင်ကနေ အောင်သပြေပန်း ၊ စံပယ်ပန်းဝယ်သည်။ ဘုရားပန်းကပ်၊ ဘုရားရှိခိုး၊ပုတီးစိတ် ၊ မေတ္တာပို့ပြီးရင် ရင်ပြင်တော်ရှိအာရုံခံတန်ဆောင်းတွေမှာ တံမြက်စည်းလှည်းသည်။ ထိုနောက်အင်္ဂါထောင့်ရှိ ခရေပင်ကြီးအောက် တဖြုတ်ဖြုတ်ကြွေနေသော ခရေရွက်ခြောက်တွေကိုလှည်းထုတ်ဖြစ်သည်။
ခရေပန်းကောက်ပြီးဘုရားကပ်သူတွေအတွက် အရွက်ခြောက်တွေမရှိတော့ပန်းကောက်ရတာ အဆင်ပြေကြသည်။ အာရုံခံ တန်ဆောင်းတွေသန့်ရှင်းရေးလုပ်ပြီးတိုင်း ၊ ခရေပင်အောက် တံမြက်စည်းလှည်းဖြစ်သည်။ တစ်ခါတလေသူများဦးစွာ လှည်းသွားတာမျိုးလဲရှိသည်။
ဒီနေ့မနက်တော့ ဘယ်သူ့မှခရေပင်အောက်တံမြက်စည်းလှည်းတာမမြင်သေး။ကျွန်တော်တံမြက်စည်းနှစ်ချောင်း ကိုင်ပြီးဘယ်ညာ စုံလှည်းသည်။
တံမြက်စည်း လှည်းနေရင်း သစ်သားနှင့် ကြမ်းခင်းရိုက်သံကြားရပြီး ပွတ်လုံးနှင့် ချောထားသောသစ်သားတုတ်ချောင်းလေးတစ်ချောင်း ကျွန်တော့်အရှေ့ကို လှိမ့်လာသည်။
လာရာဘက်ကိုလှည့်ကြည့်တော့ ခရေပင်အောက် ထိုင်နေသည့်အဘတစ်ဦးနှင့် မျက်လုံးခြင်းဆုံသည်။ထိုအဘ၏မျက်လုံးတွေကစူးရှတောက်ပလွန်းသည်။ သူ့မျက်လုံးအကြည့်ဒဏ်ကိုကြာကြာမခံနိုင်။မျက်နှာလွှဲလိုက်ရသည်။
ကချင်ပုဆိုးနှင့်လိုက်ဖက်စွာ အကျီင်္အဖြူဝတ်ဆင်ထားပြီး ယောဂီရောင်သဘက်ကိုခေါင်းပေါင်း
ပေါင်းထားသည်။အသက်ကတော့ ၇၀ ဝန်းကျင်လောက်ရှိမည်ထင်သည်။
ကျွန်တော် တုတ်လေးကိုကောက်ပြီး
” အဘ ဒီတုတ်လေးက အဘ ပစ္စည်းလား”
” ဟုတ်တယ် ငါ့မြေး”
“တောင်ဝှေး အလွယ်တကူမတွေ့တာနဲ့ တုတ်လေးယူလာခဲ့တာ
ဒီခရေပင်အောက်မှာ အညောင်းပြေထိုင်ရင်း
တုတ်လေးထောင်ထားတာ
လေတိုက်တော့ ငါ့မြေးဆီ လိမ့်သွားတာပဲ”
“လိမ့်တာပေါ့အဘရာ တောင်ဝှေးလိုထိပ်က အကောက်လေးမှမပါတာ”
” ငါတူက ပဲခူးကပဲလား”
” ဟုတ္ပါတယ္အဘ “
” ငါ့တူ တန်ဆောင်းတွေမှာတံမြက်စည်းတွေ
လှည်းနေတာသတိထားမိတယ်
နေတိုင်းလှည်းတာလား”
” မနက်တိုင်းနီးပါးတော့ လှည်းဖြစ်တယ်အဘ
ခရီးသွားစရာ မရှိရင်တော့ဘုရားကိုလာဖြစ်တာများ ပါတယ်”
“ကောင်းတာပေါ့ကွာ တံမြက်စည်းလှည်းကုသိုလ်ယူတာ အတိုက်အခံကင်းတယ်
ကိုယ့်ကိုမနာလိုမုန်းထားတဲ့ သူ နည်းတာပေါ့ကွ
ဒါနဲ့စကားမဆက် ငါ့တူက အင်္ဂါသားလား”
ရင်ထဲဒိတ်ခနဲဖြစ်သွားဖြစ်သွားသည်
ဘယ်လိုများသိတာလဲပေါ့
” ဟုတ္ပါတယ္အဘ”
” ဟုတ်တယ်ဆို ငါတူအခု လေ့လာနေတဲ့ပညာရပ်တွေနဲ့ ငါ့တူနာမည်ကြီးလာလိမ့်မယ်”
” အခုဗေဒင်ပညာလေ့လာနေပါတယ်အဘ”
အဲဒီတုန်းက ဗေဒင်ပညာသင်ကြားနေပြီး မိတ်ဆွေတွေကိုအနည်းအကျဉ်းပြန်ဟောနေချိန်ဖြစ်သည်။
ဒါပေမဲ့ငါမြေး အလုပ် နေရာထိုင်ခင်းမမြဲဘူး အလုပ်စုံ နေရာစုံကျင်လည်ရအုံးမယ်
သက်လတ်ပိုင်းလောက်မှ မိမိတတ်ကျွမ်းတဲ့
ပညာနဲ့ရပ်တည် ကျော်ကြားလိမ့်မယ်”
” မနောနဲ့ကြည့်တယ်ဆိုတာအဲဒါလားအဘ”
” ဘာမနောမှမဟုတ်ပါဘူး ငါ့ မြေးအင်္ဂဝိဇ္ဇာတတ်တယ်မဟုတ်လား”
“ဟုတ်ကဲ့ တတ်ပါတယ် အဘ
” အဲဒါဆို အခုဘာအခါလဲ “
“တနင်္ဂနွေ မနက်ခြောက်နာရီကျော်ပြီဆိုတော့ သူရဇ္ဇအခါပါအဘ “
“အခါတိုင်ကိုသုံးသပ်ကြည့်ရင် သိတယ်လေကွာ ……
ပြီးတော့ နာမက္ခရဆန်းအရ နာမည်နဲ့အသားအရောင်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လေ”
“အဲလောက်ထိ နက်နက်နဲနဲမသိသေးဘူးအဘ “
“အတွေ့အကြုံက အကောင်းဆုံးဆရာဖြစ်လာပါလိမ့်မယ်ကွ …… ကြိုးစားပေါ့”
( သူရဇ္ဇအခါကိုသုံးသပ်ရာတွင် တံမြက်စည်းလှည်းနေခြင်း လှုပ်ရှားများခြင်းကိုဆင်ခြင်၍အင်္ဂါသားဟုပြောခဲ့ဟန်တူပါသည်။ ပညာနဲ့ပက်သက်ပြီး အခိုက်ကနေ နဝင်းကိုဆက်သွယ်ချက်အရပြောခဲ့ပြီး
အလုပ်မမြဲခြင်းကို “စ”နဲ့စပြီး အသားညို၍ခြင်း နာမည်အရင်းလုံး
အဖျားစာလုံးကို သုံသပ်ပြောသွားသည်ဟုထင်ပါသည်။ ကျွန်တော့်အထင်သာဖြစ်ပါသည်။ အခါတစ်ခုကိုဆုံးဖြတ်ဆင်ခြင်ရာတွင်တစ်ဦးနဲ့တစ်ဦး ချဉ်းကပ်ပုံခြင်းမတူပါ။
ဤကား စကားခ်ပ္)
” အဘက ပဲခူးဘယ်ရပ်ကွက်မှာနေတာလဲ”
” အဘကပဲခူးက မဟုတ်ဘူး ….မန္တလေးက ဒီမှာရှိတဲ့ညီမဆီလာလည်တာ ဒီနေပဲပြန်မှာကွာ “
” အဘအဲဒါဆို ပညာပိုင်းနဲ့သက်ဆိုင်တဲ့အစီအရင်လေးဖြစ်ဖြစ် ၊ပညာလေးတစ်ကွက်လောက်ဖြစ်ဖြစ်ချီမြှင့်ပေးပါဦး”
” အေး……အေး ပေးရမှာပေါ့ကွာ
ငါမြေးက ဘာသာရေးဝါသနာပါတယ်ဆိုတော့ဘာသာရေးနဲ့သက်ဆိုင်တဲ့အစီအရင်တစ်ခုပေးမယ်
ငါ့မြေး သရဏံဂုဏ်၃၀ မန္တာန်ရလား”
” ကြားတော့ကြားဖူးတယ် မရဘူးအဘ”
” မရရင်အဘရွတ်ပြမယ်”
သရဏံဂုဏ် ၃၀ မန္တာန်
(၁) ဇာတိ ပရိယန္တံံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဇာတိ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဇာတိ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၂)ဘောဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၃) ဇီဝိတ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၄) ယာဝဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ယာဝဇီဝံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ယာဝဇီဝံ သံဃံ သရဏံ ဂစ္ဆာမိ
(၅) မရဏ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
မရဏ ပရိယန္တံံ ဓမ္မံ သရဏံ ဂစ္ဆာမိ
မရဏ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၆) မရဏ ကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံဂစ္ဆာမိ
မရဏ ကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
မရဏ ကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၇) အရဟတ္တ မဂ္ဂ ပရိယန္တံ ဗုဒ္ဓံ သရဏံဂစ္ဆာမိ
အရဟတ္တ မဂ္ဂ ပရိယန္တံံ ဓမ္မံ သရဏံ ဂစ္ဆာမိ
အရဟတ္တ မဂ္ဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၈) အရဟတ္တမဂ္ဂ ကာလ ပရိယန္တံံ
ဗုဒၶံသရဏံ ဂစၧာမိ
အရဟတ္တမဂ္ဂ ကာလ ပရိယန္တံံ ဓမ္မံ
သရဏံ ဂစၧာမိိ
အရဟတ္တမဂ္ဂ ကာလ ပရိယန္တံံ သံဃ ံ
သရဏံ ဂစၧာမိ
(၉) နိဗ္ဗာန ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
နိဗ္ဗာန ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
နိဗ္ဗာန ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
(၁၀)နိဗ္ဗာန ကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံဂစ္ဆာမိ
နိဗ္ဗာန ကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
နိဗ္ဗာန ကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
အတိုကောက်မှတ်ရန်-( ဇာ-ဘော-ဇီ-ယာ-မ-မ-အ-အ-နိ-နိ-)
အနက္ကား—
(၁) ဇာတိပရိယန္တံ—–ဇာတိပဋိသန္ဓေ ကုန်ဆုံးသည့်တိုင်အောင်၊
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၂) ဘောဂပရိယန္တံ——စည်းစိမ်ဥစ္စာ ကုန်ဆုံးသည့်တိုင်အောင်၊
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၃) ဇီဝိတပရိယန္တံ——-အသက် ကုန်ဆုံးသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၄) ယာဝဇီဝံ——–အသက်ထက်ဆုံး။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၅) မရဏပရိယန္တံ———-သေခါနီးတိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၆) မရဏကာလ ပရိယန္တံ——-
-သေသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၇) အရဟတ္တမဂ္ဂ ပရိယန္တံ——–အရဟတ္တမဂ် ရသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၈) အရဟတ္တမဂ္ဂကာလပရိယန္တံ—-အရဟတ္တဖိုလ် ရသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၉) နိဗ္ဗာနပရိယန္တံ——ပရိနိဗ္ဗာန် ဝင်စံခါနီးတိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏။
(၁၀) နိဗ္ဗာနကာလပရိယန္တံ—–ပရိနိဗ္ဗာန် ဝင်စံသည့်တိုင်အောင်။
ဗုဒၶံ——ျမတ္စြာဘုရားကို၊
သရဏံ—–ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
ဓမ္မံ——-တရားတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ——-ဆည်းကပ်ပါ၏။
သံဃံ—–သံဃာတော်မြတ်ကို၊
သရဏံ——ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ———ဆည်းကပ်ပါ၏
” အဲဒီဂါထာကိုအမြဲရွတ်ပေးကွ။ မင်းဉာဏ်တွေပွင့်လာလိမ့်မယ်
ထုံလာပြီဆိုရင် ဗေဒင်လာမေးသူတွေရဲ့စိတ်အကြံကအစကြိုသိနိုင်တယ်။လာဘ်လာဘတွေပေါလာလိမ့်မယ် အခက်အခဲတွေ ဘေးအန္တရာယ်တွေ
ရှောင်ကွင်းသွားလိမ့်မယ် ကြံစည်စိတ်ကူးထားတာလေးတွေ မျှော်လင့်ထားတာလေးတွေဖြစ်လာလိမ့်မယ်
လူတွေ၊နတ်တွေ ချစ်ခင်စောင်မလိမ့်မယ်ကွ ၊အိမ်မှာအိမ်ထောင်ဦးစီးအမြဲရွတ်ရင်အိမ်ကျက်သရေတိုးတယ် အိမ်အေးချမ်းတယ် ကြံတိုင်းအောင်ပြီးဆောင်တိုင်းမြောက်နိုင်လိမ့်မယ် ရန်သူနည်းပြီးအသက်ရှည်ကျန်းမာလိမ့်မယ်ကွ
ဗေဒင်လာမေးတဲ့သူ ကံအရမ်းနိမ့်နေပြီ
ဆို ဒီမန္တာန်ကိုများများသာရွတ်ခိုင်းပေး ကံညံ့တဲ့နှစ်တောင်ခံသာတယ် ၊အဆိုးတွေသိပ်မကြုံရတာတွေ့ရတယ် ဘုမ္မိကြီးပဲကြံုကြံု ၊စနေဂြိုဟ်ထဲပဲရောက်နေ
ပါစေ အဆိုးတွေကိုလျော့ပါးသက်သာစေလိမ့်မယ်ကွ”
” ဘယ်လိုရွတ်ရမလဲအဘ သက်စေ့ပဲလား”
“ကြည်ညိုလို့ရွတ်တာကတော့ဘယ်လိုရွတ် ရွတ်ပေါ့ကွာ
အစီအရင်အနေနဲ့ကတော့ တစ်နေ့ကို
၁၀၈ပုတီးနဲ့ ဆယ်ပတ်စိပ်ရမယ် “
” တစ်ပုဒ်လုံးဆုံးရင်ပုတီးတစ်လုံးချရမှာလားအဘ”
” မဟုတ္ဘူးကြ
“ဇာတိ ပရိယန္တံံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လို့ရွတ်ဆိုပြီးပုတီးတစ်လုံးချ၊
ဇာတိ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ လို့ ရွတ်ပြီးတစ်လုံးချ
အဲလိုမျိုးသာရွတ်ဆိုပြီးစိပ်သွား
၁၀၈ လုံးပုတီး၁၀ ပတ်ပြည့်ရင်
နိဗ္ဗာန ကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
မှာ အဆုံးသတ်သွားလိမ့်မယ်။
အခေါက်ရေနဲ့ဆိုရင် ၃၆ ခေါက်ပေါ့ကွ”
“ဟုတ်ကဲ့အဘ ဂါထာကိုရအောင်ကျက်ပြီးကျွန်တော်စိပ်ပါ့မယ်”
” ေအး .. သာဓု…သာဓု….သာဓု
ဆန္ဒနဲ့သာဦးဆောင်ပြီးလုပ်ရင်အရာရာမပြီးမြောက်တာမရှိဘူးငါမြေး”
“ဟုတ်ကဲ့ပါ အဘ ၊ကျွန်တော်လိုက်နာကျင့်သုံးပါ့မယ်”
အဘကို လက်အုပ်ချီပြီး ကျွန်တော်ရှိခိုးကန်တော့လိုက်၏
“အေး ငါ့မြေး ဆင်းရဲနဲ့ငရဲကင်းပါစေ ကွာ”
“အဘ ပေးတဲ့ဆုနဲ့ပြည့်ပါစေ “
” အေး …ငါ့မြေးလဲဝေယျာဝစ္စကုသိုလ် တွေဆက်လုပ်ဦး အဘသွားတော့မယ်”
“ခနလေးစောင့်ပါ အဘ
အဘကိုနံနက်စာတစ်ခုခုလိုက်ကျွေးချင်လို့ “
” နေနေ ငါ့မြေး
အဘစားခဲ့ပြီးပြီ ငါ့မြေးသာ လုပ်စရာရှိတာဆက်လုပ်ပါ
အဘသြားၿပီ …..
ရေစက်ရှိသေးရင်တော့ပြန်ဆုံကြမှာပေါ့ကွာ”
အဘကလက်ပြပြီးထွက်ခွာသွားသည်။
အဲဒီကစပြီးထိုအဘနှင့်မဆုံဖြစ်တော့……။
————————————————-
အဲဒီကစလို့သရဏံဂုဏ် ၃၀ အမြဲရွတ်ဖတ်သည်။ အန္တရာယ်ကင်းတာ စိတ်အကြံအတိုင်းဖြစ်တာ လာဘ်ရွှင်တာတွေက အံ့မခန်းပင် ။ ကျန်းမာရေးချူခြာတဲ့ကျွန်တော် နှာစေးချောင်းဆိုးပင်မဖြစ်တော့။
အသက်အန္တရာယ်မှခဏခဏလွတ်သည်။
ကားမောင်းနေရင်း တောင်တတ်လမ်းမှာ ကားရှေ့ဘီးပေါက်ပြီး ချောက်ကမ်းနား မေးတင်သွားဖူးသည်။ကံကောင်းချင်တော့ ချောက်ထဲမကျ။
တစ်ခါက အတက်မှာကားဆီပြတ်ဖူးသည်။
စက်သေပြီး ပြန်လိမ့်ကျသည်။ ကံကောင်းချင်တော့ ချောက်ကမ်းပါးမှာ စိုက်ထားတဲ့ ကွန်ကရစ် ဓာတ်တိုင်အကြီးကြီးတစ်ခုနှင့် ဝင်တိုက်ပြီး ချောက်ထဲကိုမကျ။
ရေနစ်ဖူးသည်။ မိမိကိုယ့်ကို အထင်ကြီးပြီး
ရေကန်၏ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်ကိုကူးသည်။ ဟိုးဘက်ကမ်းရောက်တော့မနားဘဲပြန်ကူးလာသည် ။ ရေလယ်ရောက်တော့ ဆက်မကူးနိုင်၊ လက်ပန်းကျလာသည်။ ကိုယ်ဖော့မယ်ဆိုပြီး ရေကူးတာရပ်လိုက်တော့ ဟန်ချက်ပျက်ပြီးရေနစ်ပါတော့သည်။
နှာခေါင်းတွေ၊ ပါးစပ်တွေထဲရေတွေဝင်ပါတော့သည်။ ရေကန်နားဘယ်သူမျှမရှိ၍ ကူညီမဲ့သူနတ္ထိ။ ရှိသမျှအားနှင့်ရုန်းကန်သည်။ ကံကောင်းချင်တော့ ရုန်းနေရင်း ကျောက်တုံးအကြီးကြီးတစ်တုံးပေါ် ခြေထောက်သွားထောက်မိသည်။
ကျောက်တုံးပေါ်ရောက်၍ လူကတစ်ကိုယ်လုံးမမြုပ်တော့။ လည်ပင်းထိသာမြုပ်တော့သည်။ ခဏနားပြီး ရေပြန်ကူးလာ၍အသက်ချမ်းသာရာ ရခဲ့ဖူးသည်။
မိမိစိတ်ထဲမှန်းထားတာလေးတွေဖြစ်ဖြစ်လာတာအံ့သြစရာပါ။
ဗေဒင်လာမေးသူကို အခြားအရွက်အခက်တွေနဲ့စီရင်သလို ဗုဒ္ဓယတြာအဖြစ် ဒီမန္တာန်ကိုပေးလေ့ရှိသည်။ ထူးထူးခြားခြားအောင်မြင်ကြကြောင်းပြန်ပြောကြသည်။
စီရင်ကြည့်ပါ။ အထက်ကပြောခဲ့သလို တစ်နေ့ပုတီးဆယ်ပတ်စိပ်ပြီးတစ်လတိတိ အဓိဌာန်ဝင်ကြည့်ပါ။ လောဘရှေ့တန်းမတင်ဘဲ ရတနာသုံးပါးကို အာရုံပြုပြီးစိပ်ပါ။ ထူးထူးခြားခြားဆန္ဒပြည့်တာတွေ့ရပါလိမ့်မယ်ဗျ……။ ။
ခုနှစ်ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒပြည့်ဝကြပါစေ
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

ကျန်းမာခြင်း (သို့)သက်တော်မြဲဂါထာ

ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ ကာလံ၊
ကရောန္တော အတိဒုက္ကရာနိ။
ခေဒံ ဂတော လောကဟိတာယ နာထော၊
နမော မဟာကာရုဏိကဿ တဿ ။
ယောနာထော – ဝေနေယျများစွာ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊
နာထမည်ငြား၊ အကြင် ရှင်တော်မြတ်ဘုရားသည်၊
ကပ္ပကောဋီဟိပိ – ကုဋေကမ္ဘာ၊ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊
အပ္ပမေယျ – ရေတွက်တိုင်းတာ၊ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊
ကာလံ – လေးအသင်္ချေ၊ သိန်းနေကမ္ဘာ၊ ရှည်ကြာသော ကာလပတ်လုံး၊
လောကဟိတာယ – သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊
အတိဒုက္ကရာနိ – ဥစ္စာအသက်၊ ခြေ လက် အင်္ဂါ၊ မေတ္တာကြီးမား၊ သမီးသားနှင့်၊ သက်ထားဇနီး၊ စွန့်ခြင်းကြီးဟု၊ ကြက်သီးထဖွယ် ငါးသွယ်အစု၊ အလွန်ခဲယဉ်းသောအမှုတို့ကို၊
ကရောန္တော – ဘုရား ဖြစ်ရန်၊ ရည်သန်ကြိုးကုတ်၊ အားထုတ်တော်မူရသည်ဖြစ်၍၊
ခေဒံ – လက် ခြေ မျက်လုံး၊ အသက်ဆုံးလျက်၊ နှလုံးစိတ်ဝမ်း၊ ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊
ဂတော – ဘဝတန်တန်၊ ကြိမ်ဖန်များစွာ၊ ရောက်တော်မူခဲ့ရရှာလေပြီ၊
မဟာကရုဏိကဿ – သတ္တဝါများ၊ ရင်ဝယ်သားကဲ့သို့၊ သနားချစ်ခင်၊ မဟာကရုဏာရှင်ဖြစ်တော်မူသော၊
တဿ နာထဿ – ဝေနေယျများစွာ၊ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊
နာထမည်ငြား၊ ထိုရှင်တော်မြတ်ဘုရားအား၊
နမော – ရိုသေပျောင်းပျော့၊ မာန်ကိုလျှော့၍၊ ကန်တော့ရိုကျိုး၊ ရှိခိုးခြင်းသည်၊
အတ္ထု – ဘဝတု – စင်စစ်မသွေ ဖြစ်ပါစေသတည်း။
_/_ _/_ _/__/_ _/_ _/__/_ _/_ _/__/_ _/_ _/__/_ _/_ _/__/_ _/_ _/__/_ _/_
ခြံဝရောက်ကတည်းကပင် အဘမင်းသိုက်၏ဘုရားရှစ်ခိုးသံကို ရှင်းလင်းပြတ်သားစွာကြားရ၏။ အသံသြဇာနှင့်ပြည့်စုံသော သံလိုက်ဓာတ်ပါသော အသံမျိုးဖြစ်တာကြောင့် တော်ရုံမသိတဲ့သူဆိုဘုရားရှစ်ခိုးနေ သည်ဟုမထင်၊ တရားခွေဖွင့်ထားသည်ဟုထင်ကြလေသည်။
အဘဘုရားရှစ်ခိုးနေတာကြောင့် ခြံထဲမှာပင်ထိုင်ပြီး စာအုပ်စင်မှစာအုပ်ယူဖတ်နေလိုက်သည်။ အဘက စာအုပ်တွေယူမဖတ်ရဲမှာစိုးတာကြောင့် အိမ်အဝင်အဝနားမှာပင် စာအုပ်စင်ကိုထားလေ့ရှိသည်။
”ရောက်နေတာ ကြာနေပြီလား….ငါ့တူ”
စာအုပ်ထဲဘယ်လောက်တောင်မှ စျာန်ဝင်သွားသည်မသိ အဘ အသံပြုမှပင်သိလေတော့သည်။
”ကြာပြီပဲဆိုပါတော့ အဘရယ်…ဖတ်နေတဲ့စာအုပ်တောင်တစ်ဝက်ကျိုးပြီဆိုတော့ ….”
”အေးအေး လက်ဖက်ရည်ကြမ်းသောက်အုံး ငါ့တူရေ….”
”ဟုတ္အဘ”
”ငါ့တူလဲ တစ်နေ့တစ်ခြားဝဝလာတယ်နော် …. ကျန်းမာရေးလဲဂရုစိုက်ဦး…”
အဘတင်မကဘဲ တော်တော်များများကဝသည်ဟုမှတ်ချက်ပေးကြသည်။ ကိုယ်တိုင်ကလဲ တတ်နိုင်သလောက် ကိုယ်အလေးချိန်လျော့ချဖို့ ကြိုးစားမိလေသည်။
” ၀မှန်းသိတယ်အဘရေ.. မနက်အရုဏ်တတ်ချိန်လောက်တော့ လိပ္ပျာကန်ကို ပတ်ပြီးပြေးနေပါတယ်…အဘ… ဒါပေမဲ့ ညညလိုင်းပေါ်မှာဗေဒင်ဟောလို့ ညဉ့်နက်သွားရင်တော့ မနက်မထနိုင်ပြန်ဘူး….ဗေဒင်အလုပ်ကလဲ အချိန်ပြည့်ထိုင်နေရတာဆိုတော့ ….အရင်ပေါင်၁၄၀ လောက်ကနေ အခုပေါင် ၁၈၀လောက်ဖြစ်နေတာ…”
“ဂရုစိုက် ငါ့တူရေ….အရောဂျံ ပရမံ လာဘံဆိုတဲ့စကားက အလကားရှိနေတာမဟုတ်ဘူးကွ..မနက်မျက်လုံး၂လုံး ပွင့်လို့ ကျန်းကျန်းမာမာ နိုးထလာပြီဆိုကတည်းက ဒီနေ့ကံကောင်းပြီး လာဘ်ရပြီလို့သာ မှတ်လိုက်တော့ …..”
” နာယူမွတ္သားပါ့မယ္အဘ”
“ကမ္ဘာ့လူဦးရေသန်းရထောင်ရှိတယ်ကွာ…တစ်နေ့ကို လူတစ်သန်းနေ့စဉ်သေနေတယ်… တစ်နေ့တာလုပ်ငန်း ကိစ္စ တွေပြီးလို့ အိပ်ရာဝင်ပြီဆိုတာနဲ့ သြော် ငါသေရမဲ့လူတစ်သန်းထဲမပါသေးပါလား…..အချိန်မရွေးသေသွားနိုင်ပါလား ဆိုပြီးလဲနှလုံးသွင်းသံဝေဂဉာဏ်ရအောင်ယူဖို့လိုအပ်တယ်….”
အဘကပြောရင်းမောသွားဟန်ဖြင့် ကျွန်တော်ငှဲ့ထားတဲ့ရေနွေးကြမ်းကို တစ်ကျိုက်မော့သောက်လိုက်လေသည်။
“အသက်ရှင်နေစဉ်မှာလဲ မိသားစုကောင်းကျိုး၊လူအများကောင်းကျိုးလုပ်ဖို့ဆိုတာက ကျန်းမာနေဖို့အထူးလိုအပ် တယ်…..ငါတူဒီထက်ဝလာရင် မကောင်းတော့ဘူး….အားကစားလဲလုပ်ပေး….ကံ၊စိတ်၊ဥတု၊အာဟာရလဲ မျှတ အောင်နေပေး…”
“ဟုတ်ကဲ့ပါအဘရေ…ဒီနေ့ကစပြီးတော့ သေသေချာချာလုပ်ပါမယ်…”
“အေး..အေးဒါနဲ့စကားမစပ် လူလေးက လောကီအလုပ်တွေနဲ့ ၇၇က်သားသမီးကို အကြံပေးနေတာဆို တော့ ကျန်းမာရေးအားနည်းသူကို ဘာအစီအရင်တွေပေးလဲ ……”
“နံတူစွန့်တာမျိုးနဲ့ အာယုဂြိုဟ်ကိုကောင်းအောင်လုပ်ပေးတာမျိုးတွေလုပ်ဖြစ်ပါတယ်……အဘ…”
” အဲတာလဲကောင်းပါတယ်ကွ…ကျန်းမာရေးနဲ့ပက်သက်ပြီးတော့အထောက်အကူဖြစ်စေမဲ့ ဂါထာကိုလဲ ကြုံ တုန်းတစ်ခါထဲပေးလိုက်ပါ့မယ်…..”
” ကောင်းတာပေါ့အဘရယ် ….ကျွန်တော့်အတွက်လဲ အဆင်ပြေတာပေါ့….”
“ဒီဂါထာလေးက ဘုရားရှင်ရဲ့နှုတ်ခပတ်တော်စစ်ပဲ….ဒီဂါထာလေးကို တစ်နေ့၃၇ခေါက်ရွတ်မယ်ဆိုရင် ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေတယ်လေ…..ရွတ်လို့ထုံလာပြီဆိုရင်တော့ ကိုယ်တိုင်က မိမိနဲ့မတည့်တဲ့ အစားအသောက်တွေကို အလိုလိုစားချင်စိတ်ပျောက်သွားတတ်တယ်….
အရင်ကတည်းကကျန်းမာရေးခြူခြာသူတွေဆို..ဒီဂါထာရဲ့အစွမ်းကြောင့် တဖြည်းဖြည်းကျန်းမာလာပြီး ဝေဒနာခံစားရတာတွေလျော့ပါးသက်သာလာတတ်ပါတယ်….
အချို့ဆိုရင်ရောဂါရှိလို့ ဆေးစစ်၊သွေးစစ်လုပ်တယ်…ပြီးရင်ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်ကိုခံယူတယ်.ဆရာဝန် ကအယူအဆမှားပြီးတော့ ပေးတဲ့ဆေးက ရောဂါတစ်ခြား၊ဆေးတစ်ခြားဖြစ်တာမျိုးတွေ ငါ့တူကြားဖူးမှာပေါ့….”
“ၾကားဖူးပါတယ္…..အဘ”
” ဒီဂါထာကိုရွတ်ပွားနေသူဟာအဲလို အနာနဲ့ဆေးလွဲတာမျိုးတွေမဖြစ်ဘူးကွ…..ရှေ့ဆရာကြီးတွေက ဘယ်လောက် တောင်ပြောလဲဆိုရင် ဒီဂါထာကို နေ့စဉ်မပြတ် ရွတ်ပွားနေသူဟာ..အောက်လမ်းအတတ်၊စုန်းကဝေအတတ်တွေ နဲ့ ပြုစားခြင်းကိုမခံရဘူးလို့ ပြောတယ်…..”
“ဟုတ်ကဲ့အဘ ဘယ်ဂါထာကိုပြောတာလဲ….မသိဘူး…..ချီးမြှင့်ပါဦးအဘရယ်…အဘကညွှန်းတာများတော့ အရမ်းကိုစိတ်ဝင်စားနေပြီ..”
“လူလေးလဲ ဒီဂါထာကိုပြောလိုက်ရင်သိမှာပါ…သုဗြဟ္မာနတ်သားကို ဘုရားရှင်ဟောတဲ့တရားလေ…”
အဘပြောတော့ဒီဂါထာကိုပြန်အမှတ်ရမိသည်.။ မဟာစည်ရိပ်သာမှာ တရားစခန်းဝင်တုန်းက ကမ္မဋ္ဌာန်း ဆရာတော်ကဒီဂါထာလေးရဲ့ဇာတ်တော်ကိုရှင်းပြဖူးသည်…ဂါထာကိုလဲ လက်ကမ်းစာစောင်လေးတွေ ဝေတာရဖူးသည်… အဲဒီကတည်းကဒီဂါလေးကို မှတ်မှတ်ရရရှိနေခဲ့လေသည်..ဒါပေမဲ့မရွတ်ပွားဖြစ်ခဲ့…….။
“သိတယ်အဘ…ဘုရားရှင်ဟောပြခဲ့တဲ့တရားလေးပဲ အခုထိအလွတ်ရနေတုန်းပါ…….”
“ရွတ်ပြစမ်းပါအုံးကွာ”
နညတြ ဗောဇ္ဈတပသာ _နညတြိန္ဒြိယ သံဝရာ ။
နညၾတ သဗၺနိႆဂၢါ _ ေသာတၳိ ံ ပႆာမိ ပါဏိနံ ။
“အနက်အဓိပ္ပါယ်ကိုရော မှတ်မိသေးရဲ့လားကွ…..ရသေးရင်ပြောပါအုံး”
“မှတ်မိပါသေးတယ်အဘရယ်….တရားဂါထာလေးကတိုတော့ မမေ့သေးဘူး……”
***
ဗောဇ္စု တပသာ-ဗောဇ္ဈင်ခုနစ်ပါးမြတ်တရားကို၊ အညတြ-ကြဉ်ထား၍၊ ပါဏိနံ-သတ္တဝါတို့၏၊ သောတ်္ထိံ- ချမ်းသာရာ ချမ်းသာခွင့်ကို၊ အဟံ-သင်တို့ဆရာ ငါဘုရားသည်၊ နပဿာမိ-မြင်တော်မမူ။
***
ဣနြိ္ဒယသံဝရာ – ဣနြိ္ဒယ သံဝရသီလကို၊ အညတြ-ကြဉ်ထား၍၊ ပါဏိနံ-သတ္တဝါတို့၏၊ သောတိံ်္ထ -ချမ်းသာရာ ချမ်းသာခွင့်ကို၊ အဟံ-သင်တို့ဆရာ ငါဘုရားသည်၊ နပဿာမိ-မြင်တော်မမူ။
***
သဗ္ဗနိဿဂ္ဂါ-အလုံးစုံသော ဒုက္ခတရားတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်တည်းဟူသော အမြိုက်တရားကို၊ အညတြ-ကြဉ်ထား၍၊ ပါဏိနံ -သတ္တဝါတို့၏၊ သောတိံ်္ထ-ချမ်းသာရာ ချမ်းသာခွင့်ကို၊ အဟံ-သင်တို့ ဆရာ ငါဘုရားသည်၊ နပဿာမိ-မြင်တော်မမူ။”
“သာဓု..သာဓု..သာဓုပါကွ…ငါ့တူက အမှတ်သည်းခြေကောင်းသားပဲ…ဒီဂါထာလေးကို လက်တွေ့လဲ အသုံးချကြည့် ..ကျန်းမာရေးအတွက် အထောက်အကူဖြစ်အောင်လဲ အခြားသူတွေကိုဝေမျှပေါ့ကွာ….”
“ဟုတ်အဘရွတ်ဆိုပွားများပါမယ်…..အခြားသူတွေကိုလဲ ဝေမျှပေးပါ့မယ်အဘရယ်…မိုးချုပ်နေပြီဆိုတော့ ပြန်တော့မယ် အဘရေ….”
ကောင်ပါပြီဗျ…ငါ့တူလဲ ၇၇က်သားသမီးကိုကယ်တင်နိုင်တဲ့သူတော်ကောင်းကြီးဖြစ်ပါစေ”
“အဘပေးတဲ့ဆုနဲ့ပြည့်ပါစေ”
ဒီဂါထာလေးဖြင့် ကျန်းမာရေးအားနည်းနေသူများစွာကို သက်သာရာရ စေခဲ့လေသည်။
စာဖတ်သူအနေနဲ့ ကျန်းမာရေးအားနည်းသူတွေကို လက်တို့လိုက်သင့်သလို မိမိမိတ်ဆွေသူငယ်ချင်းတွေထဲက ကျန်းမာရေးအားနည်းသူတွေကိုလဲ mentionခေါ်ပေးလိုက်ပါဗျ။
၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။
ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )
viber only -09775555695

ကျွန်တော် မှတ်သားခဲ့ဖူးသော ရုက္ခစိုး ယတြာ

လွန်ခဲ့သောနှစ်များစွာက….။ ကဆုန်လပြည့်နေ..။ လူအများသိကြတဲ့ ကဆုန်ညောင်ရေသွန်းပွဲနေ့။
ကဆုန်လထဲ ရောက်ပေမဲ့ ကောင်းကင်တွင် မိုးရိပ်တိမ်ရိပ်ပင်မမြင်ရသေး။ နွေလေရူးက တဖြူ းဖြူ း
တိုက်ခတ်ပေမဲ့ လေပူကြီးတွေသာ။ ရွှေမော်ဓောဘုရားရှိ ဗေဓိညောင်ပင်မှာ ညောင်ရေသွန်းဖို့အတွက် ရွှေမောဓောဘုရားနှင့် ဟင်္သာကုန်း ဘုရားကို ဆက်သွယ်ထားတဲ့ ဦးခန္တီတန်ဆောင်းအတိုင်း တရွေ့ရွေ့ လမ်းလျှောက်လာခဲ့သည်။
ရွှေမောဓောဘုရားရင်ပြင် အရှေ့ဘက်မုခ်အနီး ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းသူတွေနဲ့ စည်ကားနေသည်။ လူတွေကြိတ်ကြိတ်တိုးနေတာကြောင့် ချက်ချင်းညောင်ရေမသွန်းသေးဘဲ အရှေ့ဘက်မုခ်ရှိ ကကုဿ န်ဘုရားတန်ဆောင်းတွင် ဘုရားဝတ်ပြု ပြီး ပရိတ်ပဌာန်းရွတ်နေမိလေသည်။
လူအနည်းငယ်ရှင်းသွားမှပဲ ညောင်ရေသွန်းဖြစ်သည်။ ဝေယျဝစ္စအဖွဲ့တွေ ဂေါပကလူကြီးတွေရဲ့ ကျေးဇူးကြောင့် အဆင်သင့် ညောင်ရေသွန်းခွင့်ရလေသည်။ ညောင်ရေသွန်းပြီး ရင်ပြင်တော်ကို လက်ယာရစ် ပတ်ပြီး ဂုဏ်တော်ပွားနေမိသည်။
“ငါတူ ဘုရားလာတာလားကြဲ..”
အသံလာရာဘက်ကြည့်လိုက်တော့ အဘမင်းသိုက် ။
“ဟာ အဘရောက်နေတာ ကြာပြီလား “
“ကြာပြီပဲ ဆိုပါတော့ကွယ်”
“ညောင်ရေရော သွန်းခဲ့ရဲ့လား..ငါ့တူရဲ့ “
“သွန်းခဲ့ပါတယ်အဘ “
“ဘုရားရှင်ထားခဲ့တဲ့ စေတီလေးမျိုးထဲက ပရိဘောဂစေတီပဲလေ …ညောင်ရေသွန်းတာကုသိုလ်များတာပေါ့ ငါ့တူရယ်…ညောင်ရေသွန်းလို့ အကျိုးများတဲ့ သာဓကတွေလဲမနည်းဘူးလေ…
ဒီလို နွေနေပူပူမှာ အောက်ရေတွေဆုတ်သွားချိန်လဲဖြစ်တော့ …အခုလိုရေသွန်းပေးနိုင်မှ အဆင်ပြေမှာ…”
“ဟုတ္ကဲ့ပါ…အဘ ..”
“ဒါနဲ့ ငါ့တူရော ညောင်ပင်စောင့်ရုက္ခစိုးကို မေတ္တာပို့ အမျှဝေရဲ့လား…”
အဘကရုတ်တရက် မေးခွန်းထုတ်လေသည်။ ညောင်ရေသွန်းပြီး ဆုတောင်းခဲ့ပေမဲ့ ညောင်ပင်စောင့်နတ်ကိုတော့ မေတ္တာမပို့မိတာတော့ အမှန်ပင်။
” ရုက္ခစိုးကိုတော့ မေတ္တာမပို့မိပါဘူးအဘ..”
အဘက အားမလိုအားမရသည့်အသံမျိုးဖြင့် စကားစလေသည်။
“နောက်မမေ့စေနဲ့ ငါ့တူ..ရေ ….
ရုက္ခစိုး ဆိုတာ နတ်ပြည်ခြောက်ထပ်ထဲက အောက်ဆုံးထပ်ဖြစ်တဲ့ စတုမဟာရာဇ်နတ်ဘုံထဲမှာ ပါတဲ့ နတ်တစ်မျိုးပဲ …တန်ခိုး သိဒ္ဓိတွေလဲရှိတယ်ပေါ့ကွယ်..မေတ္တာပေးရင် မေတ္တာရတာပေါ့ကွယ်….”
“ဟုတ်ကဲ့ပါ ..အဘ ..နောက်ဆိုမေတ္တာပို့ပါမယ်”
“ရုက္ခစိုးကို မေတ္တာပို့ အကူအညီတောင်းပြီး အဆင်ပြေသွားတဲ့ ကိစ္စတွေက ပြောပြရင် …ငါ့တူရေ…
နေသာဝင်သွားမယ်…ပြောလို့မကုန်ဘူး…”
“ဟုတ်ကဲ့ပါ..အဘ ..ဘယ်လိုများ အကူအညီတောင်းရမလဲ …အဘ ..မှတ်သားရအောင်ပြောပေးပါအုံး”
“တစ်နေ့ပေါ့ကွာ ….ငါ့ဆီကိုလူတစ်ယောက် အပြေးတစ်ပိုင်းနဲ့ ရောက်လာတယ်…သူ့အိမ်နဲ့ခြံပေါင်ထားတာ ဆုံးတော့မယ်တဲ့ …ဒီလကုန်မှမရွေးနိုင်ရင် ဆုံးမှာကွ…ပေါင်ထားတာကလဲ ကာလပေါက်စျေးထက် အရမ်းနည်းတယ်ကွ… လကုန်မှ အိမ်ရောင်းမထွက်ရင် ပိုက်ဆံအပိုမရတော့ဘဲ အိမ်ကထိုးပေးလိုက်ရတော့မှာ”
အဘကမောသွားဟန်ဖြင့် စကားပြောတာခဏနားပြီး PMGရေသန့်ဘူးခွံထဲထည့်ထားသော ရေနွေးကို တစ်ကျိုက်မော့သောက်လိုက်လေသည်။
” သူ့ကံကိုကြည့်တော့လဲ အိမ်ရောင်းထွက်မဲ့ကံက အရမ်းနည်းနေတယ်…ဓာတ်ရိုက်လဲ ထွက်ဖို့ကမလွယ်ဘူး… လကုန်ဖို့ကလဲ ၂၀ရက်လောက်ပဲ ကျန်တော့တာ…”
“အဲဒါ….အဘဘယ်လိုလုပ်ပေးလိုက်လဲ..”
ကျွန်တော်သိချင်စောနဲ့ အလောတကြီးမေးမိသည်။
“သူက ရိုးသားတယ်…ဘာသာတရားကိုင်းရှိုင်းတဲ့သူဆိုတာလဲ သိထားတယ်…ဒါကြောင့်အဘလဲ ရုက္ခစိုး ယတြာပဲပေးလိုက်တယ်..နီးစပ်ရာညောင်ပင်ဆီကိုသွား ညောင်ပင်စောင့် ရုက္ခစိုးကိုတစ်နေ့ကို နွားနို့ တစ်ခွက်လှူဒါန်းပေး… ပြီးသွားရင်တော့ မေတ္တသုတ်ကိုးခေါက်ရွတ်ဆိုပါ..အမျှဝေပါ…
အမျှဝေပြီးတာနဲ့ မိမိအခက်အခဲကို ပြောပြပြီး အဆင်ပြေနိုင်ဖို့ ဆုတောင်းပါ..အဲဒီအတိုင်း ကိုးရက်တိတိလုပ်ခိုင်းတာပါပဲ…. မနက်ဝေလီဝေလင်းအချိန် ဒါမှမဟုတ် ညအချိန်တွေမှာ လုပ်ရင်တော့ အကောင်းဆုံးပဲ….”
“အဆင်ပြေသွားလား..အဘ “
“ထူးခြားတယ်ပဲ ပြောရမှာပဲ ငါ့တူရေ..ကိုးရက်ပြည့်
ပြီး ၂ရက်လောက်ကြာတော့ …အိမ်ဝယ်မဲ့သူ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပဲ … အပေါင်ခံထားသူနဲ့ အကြွေးတွေရှင်းသွားပြီး ….ငွေလဲအတော့်ကိုရလိုက်သေးတာပေါ့”
“စွမ်းသားပဲ အဘရဲ့ ဒီယတြာ အရမ်းအကြပ်အတည်းကြုံ လာတဲ့ သူတိုင်းကိုရော ပေးလို့ရလား”
အဘကပြုံးလိုက်ပြီး ဘာမှမပြောသေးဘဲ ကွမ်းတစ်ယာခန့် ယာပြီး စားနေလေသည်။
ခဏလောက်ကြာတော့မှ
“ရုက္ခစိုး ဆိုတာက နတ်ပဲလေ …အကုသိုလ်သမားတွေ ဒီယတြာလုပ်ပြီး အကူအညီတောင်းလို့မရဘူး..,အမိအဘကိုလုပ်ကျွေးသူ၊သားမယားကိုလုပ်ကျွေးသူ၊ သမာအာဇီဝနဲ့ အသက်မွေးသူ၊ အလှူ
နဲ့လက်နဲ့ မပြတ်တဲ့သူတွေ ၊မေတ္တာအားကြီးသူတွေ ကိုပဲ ရုက္ခစိုးနတ်မင်းက သူကူညီနိုင်တဲ့ဘက်ကနေ ကူညီပေးတာလေ”
“သြော်…ဟုတ်ကဲ့အဘ”
“အခုလို အိမ်ကိစ္စမှမဟုတ်ဘူး…အခြားမည်သည့်ကိစ္စမဆို အရမ်းကြီးအကြပ်အတည်းကြုံလာရင် ရုက္ခစိုးယတြာ လုပ်ပေးလို့ရတယ်…တကယ်လဲထိရောက်တယ်..”
“ဟုတ်ကဲ့ပါ…အဘ..အခုလိုပညာပေးပြီး ပြောပြတာ ကျေးဇူးပါ..”
အဘက လွယ်အိတ်ကြီးကိုလွယ်ပြီး ထရန်ပြင်လိုက်လေသည်။
“ထ ငါ့တူ…စနေထောင့်ဘက်မှာ စတုဒိသာ ကျွေးနေတယ်တဲ့ …လာ..လှူဒါန်းသူ ဒါနမြောက်သွားအောင် သွားစားကြရအောင်…”
အဘခေါ်လို့တာ လိုက်ရသည်။ အမှန်တော့ စတုဒိသာစားတာမျိုးတွေကို ကျွန်တော်အနေနဲ့ ဘာရယ်မဟုတ်ရှက်လို့ မစားခဲ့ပေ။ အခုတော့ အဘနောက်ကနေ မလိုက်ချင်လိုက်ချင်နှင့် လိုက်ခဲ့ရလေတော့သတည်း….။ ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)