loading

Author: Nyein Aye Lu

သစ္စာခိုင်မြဲ မယိုင်လဲတဲ့ ချစ်ခြင်းတွေ

သစ္စာခိုင်မြဲ မယိုင်လဲတဲ့ ချစ်ခြင်းတွေ 

(ချစ်သူ ရည်းစားရှိသူတိုင်းအတွက်    ယတြာအစီအရင်နှင့်ဆောင်ရန်ရှောင်ရန် အကြံပြုချက်ဆောင်းပါး)

  လူငယ်တွေ နဲ့တွေ့ရဆုံရပြီဆိုရင် အများဆုံးကြားရတာကအချစ်ရေးအကြောင်းပင်။ သစ္စာရားရှိပါလျက်နဲ့…တစ်ယောက်ဆိုတစ်ယောက်လက်တွဲမယ်လို့ဆုံးဖြတ်ထားပါလျက်နဲ့……

ချစ်သူက ….အတွေ့မခံဘဲရှောင်နေတာ

ချစ်သူက …ဖုန်းအဆက်အသွယ်မလုပ်တာ

ချစ်သူနဲ့  …စကားများပြီးလမ်းခွဲမလို ဖြစ်နေတာ

ချစ်သူက…ကြားစကားတွေယုံပြီးကိုယ့်အပေါ်အထင်လွဲနေတာ

ချစ်သူက …အခြားတစ်ယောက်အပေါ်

               စိတ်ရောက်နေတာ 

အစရှိတဲ့မဆုံးနိုင်တဲ့အချစ်ရေးသောကတွေ ကြားနေရမြဲပါပဲ။

   ဘာပဲဖြစ်ဖြစ်အချစ်ရေးအတွက် အခက်ခဲတွေကြုံလာပြီဆိုရင်တော့ စိတ်ဓာတ်ခိုင်မာသူတွေအနေနဲ့တည်ငြိမ်စွာဖြတ်သန်းနိုင်ပေမဲ့ 

စိတ်.. ဓာတ်ခံအားနည်းသူတွေအနေနဲ့က ဖြေမဆည်နိုင်အောင်ခံစားရပါတယ်။ အချိုဆိုရင်မိမိ ခန္ဓာကိုယ်ကိုထိခိုက်အောင်

ထိပြုလုပ်ကြတာမြင်နေရပါတယ်။

   လူငယ်ဆိုလဲ လူငယ်အလျောက် ချစ်သူဘဝမှာ

အချစ်ရေးသောကတွေရှိတတ်စမြဲပါပဲ။

မာနတရားတွေ၊အူတိုခြင်းတွေ၊စိတ်ကောက်ခြင်းတွေအထင်လွဲခြင်းတွေက ချစ်သူတို့သဘာဝပင်။

 တစ်ခုသတိထားရမှာက ကိုယ့်ချစ်ဟာလူကောင်းလား ၊လူဆိုးလားဆိုတာခွဲခြားတတ်ဖို့လိုသည်။ချစ်သူကိုအမှန်အတိုင်းမြင်ဖို့လိုသည်။အချို့ကအရမ်းချစ်မိပြီဆို မြင့်မိုရ်တောင်လောက်ရှိတဲ့အပြစ်ကိုမမြင်ကြ။ဇီးစေ့လောက်ရှိတဲ့ ကောင်းကွက်လေးကိုအဟုတ်ထင်နေကြသည်။ 

     စရိုက်မကောင်းမှန်းသိသိကြီးကို”ရအောင်ပြုပြင်မယ်”ဆိုတဲ့စိတ်နဲ့ လက်တြွဲကသည်။နောက်တော့ စရိုက်ကပြင်မရ၊ ကိုယ့်ရဲ့အသွေးအသားတွေပေးလိုက်ရသည်သာအဖတ်တင်သည်။ မိန်းကလေးတွေအထူးဆင်ခြင်ပါ။

    ရောဂါကျွမ်းမှ ဆရာဝန်ဆီရောက်လာတဲ့ လူနာကို ဆရာဝန်ကခေါင်းခါသလို ၊ ကျူ းလွန်ပြီးမှ ပြန်ပြင်မရတဲ့အမှားတွေလုပ်ပြီးမှ “ကယ်ပါအုံးဆရာ”ဆိုလို့ ဘာမှတတ်နိုင်မည်မဟုတ်ပါ။

 ကြိုက်ခဲ့သည်က မလွတ်လပ်တဲ့သူ ၊ အိမ်ထောင်သည်။

“လူပျိုပါ”ဆိုတဲ့စကားလေးတစ်ခွန်းကို ယုံမှတ်ကြတာတွေ ခဏခဏမြင်နေတွေ့နေရသည်။သတိထားစေချင်သည်။ 

      အချစ်ရေးပြဿ     နာတွေကြောင့် ရောက်လာကြတဲ့ကောင်မလေးတွေ ကောင်လေးတွေကို မိမိဉာဏ်စွမ်းရှိသလောက် ယတြာအစီအရင်တွေနဲ့ကူညီပေးခဲ့သည်။ ဖြေရှင်းပေးခဲ့သည်။

 သူတို့အဆင်ပြေလို့စိတ်ချမ်းသာတာမြင်ရင် 

ကိုယ်လဲပျော်ရွှင်ရသည်သာ။

    အချစ်ရေးအတွက် ဒုက္ခများနေသူအတွက် ဒီကနေ အစီအရင်လေးတွေပြောပေးချင်သည်။ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြချင်သည်။ အချစ်ရေးသောက မကြုံချင်သူတွေ ကြို လုပ်ထားနိုင်သလို ၊ ကြံုနေရသူတွေအတွက်လဲ သောကတွေငြိမ်းအေးစေပါလိမ့်မည်။

    တစ်ခုမှာချင်တာက အခုကျွန်တော်ပြောမဲ့အစီအရင်က သစ္စာရှိတဲ့သူတွေအတွက်သာအစွမ်းထက်ပါလိမ့်မည်။ “ဒီတစ်ယောက်ကိုလဲ 

မပြတ်နိုင်ဘူး နောက်တစ်ယောက်နဲ့လဲ အဆင်ပြေချင်တယ် ” ဆိုသူတွေအတွက် အစွမ်းထက်မည်မဟုတ်ပါ။

   ကိုယ်ကျင့်တရားကောင်းသူ ၊ချစ်သူပေါ်သစ္စာရှိတဲ့သူတွေသာ အကျိုးထူးအစွမ်းထက်ပါလိမ့်မယ်။

……………………………………………………

                   ယတြာ -၁

 အစီအရင်စပြောပါ့မယ်။ ပထမဦးစွာ ညဘက်အိပ်ရာဝင်ခါနီး ဘုရားရှိခိုးမေတ္တာပို့ပြီးတာနဲ့ ကိုယ့်အိမ်ရာခေါင်းရင်းတစ်နေရာမှာ ဖန်ခွက်လေးတစ်လုံးထဲရေထည့်ပါ။ ပြီးရင်ကျောက်စရစ်ခဲလှလှလေးတစ်လုံးကို ရေဖန်ခွက်ထဲထည့်လိုက်ပါ။ ထိုကျောက်စရစ်ခဲလေးကို ကိုယ့်ချစ်သူလို့ 

စိတ္ထဲမွာ သေဘာထား၍

ကျောက်စရစ်ခဲလေးကိုကြည့်ပြီး မေတ္တာပို့ပေးပါ။

  ကိုယ့်ချစ်သူနာမည်ကိုစိတ်ထဲကရွတ်ဆိုပြီး သူကျန်းမာပါစေ ၊ချမ်းသာပါစေ ၊ကောင်းသောလိုအင်ဆန္ဒပြည့်ဝပါစေ စသည်ဖြင့်မေတ္တာပို့ပေးပါ။ ညစဉ် အနည်းဆုံး ၁၅မိနစ်ခန့်မေတ္တာပို့ပေးပါ။

************************************

                       ယတြာ -၂

  နီးစပ်ရာစေတီပုထိုးတွေရောက်တဲ့အခါမှာ ကိုယ့်ချစ်သူရဲ့ မွေးနံပန်း၊မိမိရဲ့မွေးနံပန်းနှစ်မျိုးပေါင်းပြီးဘုရားကပ် လှူပေးပါ။ 

   ဥပမာ သူကသောကြာနေ့ဖွားဆို သစ္စာပန်းပေါ့။ ကိုယ်က ကြာသပတေးဆို မေမြို့ပန်းပေါ့ ။ သစ္စာပန်းနဲ့မေမြို့ပန်းနှစ်မျိုးပေါင်း ဘုရားကပ်ပေါ့။ အရေအတွက်မလိုပါဘူး။

 ပန်းနှစ်မျိုးပေါင်းလက်တစ်ဆုပ်ခန့်ဆိုရပါပြီ။  

တနင်္ဂနွေ          -အုန်းပန်း

တနင်္လာ           – ကံကော်ပန်း ၊ငွေပန်း၊ခရေပန်း

အင်္ဂါ                -ဇီဇဝါ ၊စိန်ခြယ်၊စံပယ်

ဗုဒ္ဓဟူး              -ရွက်လှ၊ရွှေပန်း

ကြာသပတေး     -မေမြို့ပန်း၊ပိန်းပန်း

သောကြာ         -သစ္စာပန်း၊သစ်ခွပန်း၊သဇင်ပန်း

စနေ                -နှင်းဆီပန်း၊ဒေါနပန်း

***********************************

                   ယတြာ-၃

  တနင်္လာနံသတ္တဝါလေးတွေကို အာဟာရဒါနပြုပါ။ ဌက်ကလေးတွေ၊ခိုလေးတွေ ၊ငါးလေးတွေ ၊လမ်းဘေးခွေးလေခွေးလွင့်လေးတွေကို အစာကျွေးပါ။  

ကျွေးရမဲ့နေ့ကတော့ အင်္ဂါနေ့ သောကြာနေ့ စနေနေ့လေးတွေမှာကျွေးပေးပါ။ စိတ်ထဲဘာမှဆုမတောင်းပါနဲ့။ သဒါ္ဓတရားထက်သန်စွာကျွေးရင်ရပါပြီ။ ရွေးပေးထားတဲ့နေ့တိုင်း မပျက်မကွက်ကျွေးရမည်ဟု

မဆိုလိုပါ။ မိမိအားတဲ့နေ့မှကျွေးဖို့ပါပဲ။ 

  အထက်ပါအစီအရင်တွေကို လုပ်မယ်ဆိုရင်တော့

ချစ်သူနဲ့အဆင်မပြေတဲ့သူတိုင်းအဆင်ပြေလာပါလိမ့်မယ်။ အဆင်ပြေနေတဲ့သူတွေက ချစ်ခြင်းတွေခိုင်မြဲမယ်။ တစ်ဦးနဲ့တစ်ဦးအချစ်တွေ ဆထက်ပွားလာပါလိမ့်မယ်။

*************************************

ယတြာအစီအရင်တွေပြောပြီးပြီဆိုတော့ …

ရှောင်ရန်ကိစ္စလေးတွေထပ်ပြောပါ့မယ်ဗျ။

 ချစ်သူရည်းစားဘဝ အားလပ်ရက်လေးတွေမှာ 

တွေကြဆုံကြတာမျိုးတွေရှိကြမှာပါ။ 

အဲဒီမှာပြောချင်တာက ကိုယ့်ချစ်သူနဲ့တွေ့ဖို့date

လုပ်ထားတဲ့နေ့ကတနင်္ဂနွေနေ့ဆိုရင်တော့ 

ထိုနေ့အနက်ရောင်လုံးဝမဝတ်သွားပါနဲ့။

တနင်္လာနေ့ဆို အနီရောင်မဝတ်ပါနဲ့။

အင်္ဂါနေ့ဆို အဖြူ ရောင်မဝတ်ပါနဲ့။

ဗုဒ္ဓဟူးနေ့ဆို အစိမ်းရောင်မဝတ်ပါနဲ့။

ကြာသပတေးနေ့ဆို အဝါရောင်မဝတ်ပါနဲ့

သောကြာနေ့ဆို  အရောင်ဖျော့များ၊အရောင်မှိုင်းများမဝတ်ပါနဲ့

စနေနေ့ဆို အရောင်ရောများ အရောင်ပြေးများ၊ပြောက်ကျား ကွက်ကျားအရောင်များ မဝတ်ပါနဲ့။ 

ဒီလောက်ဆို ဘယ်နေ့ ဘာအရောင်ရှောင်ရမယ်ဆိုတာသိလောက်ပါပြီ။ ထိုအရောင်တွေကထိုနေ့တွေအတွက် ကံအားညံ့သွားစေတဲ့အရောင်တွေမို့လို့ပါ။

   နောက်ထပ်ပြောချင်တာက စကားအပြောအဆို ဆင်ခြင်ရမဲ့နေ့လေး၂နေ့ကို ပြောချင်ပါတယ်။

အင်္ဂါနဲ့ ကြာသပတေးပါ။ 

    အင်္ဂါနေ့ ၊ကြာသပတေးနေ့တွေမှာ ကိုယ့်ချစ်သူနဲ့တွေ့မယ်ဆို တတ်နိုင်သလောက်စကားနည်းပါစေ။ အပိုစကားတွေမပြောမိပါစေနဲ့။

ချစ်သူအချင်းချင်း တီတီတာတာစကားကလွဲလို့ ဟိုအကြောင်းဒီအကြောင်း စပ်မိစပ်ရာဘာတစ်ခုမ

ှမပြောမိပါစေနဲ့။ စကားအမှားတွေကြောင့်ပြဿ     နာအထူးတတ်တဲ့နေ့တွေမို့လိုပါ။  

  ” အသံကြောင့်ဖားသေတယ်” ဆိုတဲ့စကားပုံအသက်ဝင်တဲ့နေ့ပါပဲ။ 

      ကဲအဲလောက်ဆိုရင်…ရှောင်ရန်အတွက်တော့

ရပါၿပီ။ 

…………………………………………………….

ဆောင်ရန်လေးတွေထပ်ပြောပါအုံးမည်။ ဆောင်ရန်ဆိုတာတော့ မိမိလက်ထဲမှာဆောင်ထားရမဲ့ဟာတွေ ပြောပေးမှာမဟုတ်ပါဘူး။ 

မိမိ ချစ်သူကိုချစ်သက် လက်ဆောင်အဖြစ်ပေးရမဲ့ဆောင်ရန်တွေပါ။ 

    ကျွန်တော်တို့လူငယ်ဘဝမှာ

 ပန်းပေးရင်အလှမ်းဝေးတယ်…

 နာရီလက်ဆောင်ပေးရင်ကွဲတတ်တယ်…

လက်ကိုင်ပဝါပေးရင် အချစ်အတွက်ငိုရလိမ့်မယ်…

စသည်ဖြင့်ကြားဖူးခဲ့ကြမှာပါ။ 

အဲဒါတွေယူဆချက်တွေပါ။မမှန်ကန်ဘူးဆိုတာသိကြမယ်ထင်ပါတယ်။

အခုပြောချင်တာက ချစ်သူကိုလက်ဆောင်ပေး

ခြင်းဖြင့် ချစ်သူက ကိုယ့်ကို ပိုပြီးချစ်မြတ်နိုးလာစေဖို့ ၊ပိုပြီးတန်ဖိုးထားလာစေဖို့ အထောက်အကူဖြစ်စေမဲ့ လက်ဆောင်တွေပါ။ ကဲစရအောင်……

  ကိုယ့်ချစ်သူက တနင်္ဂနွေသားသမီးဆိုရင်တော့သစ်သီးလေးတွေခဏခဏလက်ဆောင်ပေးပါ။

ဘယ်သစ်သီးဖြစ်ဖြစ်ပါ။ အသင့်စားလို့ရမဲ့ပန်းသီး စတော်ဘယ်ရီ ၊လိမ္မော်သီး စသည်ဖြင့်ပေးလို့ရပါတယ်။

ကိုယ့်ချစ်သူက တနင်္လာသားသမီးဆိုရင်တော့ 

အောင်ပါလေထီလက်မှတ်လေးလက်ဆောင်ပေးလိုက်ပါ။ 

ကိုယ့်ချစ်သူက အင်္ဂါသားသမီးဆိုရင်တော့ သူ့အတွက်လက်ဆောင်ပစ္စည်းမဝယ်ပေးပါနဲ့။  သူ့မိဘတွေ၊သူရဲ့ အုပ်ထိန်းသူတွေအတွက် လက်ဆောင်ပစ္စည်းတစ်ခုဝယ်ပေးလိုက်ပါ။ ဘာလက်ဆောင်ပဲဖြစ်ဖြစ်ပါ။သူ့မိဘတွေအသုံးတည့်မဲ့ပစ္စည်းဆိုရပါပြီ။

ကိုယ့်ချစ်သူက ဗုဒ္ဓဟူးသားသမီးဆိုရင် ငွေရောင်အဆင်းရှိတဲ့ ဖန်စီပစ္စည်းလေးတွေဝယ်ပေးလိုက်ပါ။ 925 လိုမျိုး ၊ငွေထည်အသုံးအဆောင်လိုမျိုး လက်ဆောင်ပေးလဲရပါတယ်။

ကိုယ့်ချစ်သူက ကြာသပတေးသားသမီးဆိုရင်တော့ 

ဆံနွယ်ကို ပြုပြင်ထိန်းသိမ်းပေးမဲ့ လက်ဆောင်လေးတွေပေးပါ။ ဥပမာ ခေါင်းလျှော်ရည် ၊ဆံပင်ပျော့ဆေးအရည် ၊ခေါင်းလိမ်းဆီ စသည်ဖြင့်ပေးလို့ရပါတယ်။

ကိုယ့်ချစ်သူက သောကြာသားသမီးဆိုရင်တော့

ရေမွှေးတစ်ပုလင်းလက်ဆောင်ပေးလိုက်ပါ။

ကိုယ့်ချစ်သူက စနေသားသမီးဆိုရင်တော့ ဘာသာရေးနဲ့ပက်သက်တဲ့ လက်ဆောင်လေးတွေပေးသင့်ပါတယ်။ ပုတီးကုံးလေးတွေ၊ဘာသာရေးစာအုပ်တွေ စသည်ဖြင့်ပေါ့။

      ဒီလောက်ဆိုတော်တော်လေးပြည့်စုံပြီလို့ထင်ပါတယ်။ လက်တွေလဲညောင်းပြီ။ နောက်ဆုံးမှာချင်တာတစ်ခုက အထက်ပါအစီအရင်တွေ ၊ဆောင်ရန် ရှောင်ရန်တွေပြုလုပ်ဖို့ချစ်သူက အနားမှာမရှိတာမျိုး တစ်ယောက်တစ်နယ်စီဝေးလို့ နေတာမျိုး ၊မတွေ့ရမဆုံရတာကြာလို့ သွေးအေးမှာ ကြောက်တာမျိုးဆိုရင်တော့ မေတ္တာသုတ်ကိုသာနေစဉ်နိုင်သလောက်ရွတ်ပေးပါလို့အကြံပြုလိုက်ပါရစေဗျ…….။    ။

                      ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

တားရော့ပညာ မိတ်ဆက်

  တားရော့ပညာ မိတ်ဆက်

 တားရော့ပညာရပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကျော်ခန့် ၁၈ ရာစုခန့်ကပေါ်ထွန်းခဲ့ပြီး ဟီဘရူး၊ ဟေဗြဟေသလ အနွယ်ဖြစ်သော ဂျစ်ပစီတို့ထံမှဆင်းသက်လာပါတယ်။ တချို့က တရုတ်တွေ တီထွင်ခဲ့တယ်လို့ဆိုပြီး အိန္ဒိယမှလာတယ်လို့လည်းဆိုကြပါတယ်။ ၂၂ လုံးရှိတဲ့ ဟီဘရူး အက္ခရာတွေ ကို အခြေခံထားတယ်လို့ ယူဆရပါတယ်။ ဟီဘရူးတို့ရဲ့ ကဗလာဆိုတဲ့ရှေ့ဖြစ်ဟောနည်း ပညာရပ်ကြီးလည်း ပါဝင်ပေါင်းစပ်ထား တယ်လို့ယူဆကြပါတယ်။ Tar- လမ်း ၊ Rot- ရွှေနန်းတော်လို့အဓိပ္ပယ်ရပြီး Tarot- ရွှေနန်းတော်သို့ သွားရာ လမ်း ဆိုပြီး မြန်မာတားရော့ ပညာရှင်အချို့ကသုံးစွဲကြပါတယ်။ တားရော့ကို ဂျစ်ပစီတွေက ဂမ္ဘီရကျင့်စဉ်တစ်ခုအနေနဲ့ အသုံးပြုကြတယ်လို့လည်းသိရပါတယ်။ တားရော့ဖဲချပ်တွေဟာ ၇၈ ချပ်ရှိပြီး မေဂျာကဒ်(၂၂)ကဒ်နဲ့ မိုင်နာကဒ်(၅၆)ကဒ်ရှိပါတယ်။ မိုင်နာကဒ်တွေကို တုတ်၊ ခွက်၊ ဓား၊ ကြယ် အုပ်စု လေးစုနဲ့ဖွဲ့စည်းထားပါတယ် အုပ်စုတစ်ခုတွင် ၁၄ ကဒ်ပါဝင်ပါတယ်။ ဖဲထုပ်နဲ့ အခြေခံသဏ္ဍာန်တူညီမှုရှိပါတယ်။ တားရော့ကနေပြီး ဗေဒင်နည်းနာတွေဖြစ်ကြတဲ့ ရှေ့ဖြစ်ဟောကဗလာနည်း၊ ဂဏန်းဗေဒင်နည်း၊ အဆောင်၊ အစီအရင်ပြုသောကယ်လီစမန်နည်း၊ သင်္ချာဗေဒင်တစ်မျိုးဖြစ်သော နျူမရော်လော်ဂျီနည်း စတာတွေ ခွဲထွက်သွားတယ်လို့ လေ့လာမှတ်သားရပါတယ်။ မေဂျာကဒ် ၂၂ ကဒ်ကတော့ တားရော့ဟောသူတွေ အဓိကထားသုံးစွဲရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆရာကြီးမင်းသိင်္ခနဲ့ တပည့်ဆရာတွေလည်း မေဂျာကဒ်တွေကိုသာ အဓိကထား ဟောပြော ကြတယ်လို့သူတို့ကဆိုကြပါတယ်။ တားရော့ကဒ်တွေဟာ အီဂျစ်နတ်ဘုရားတွေဖြစ်ကြတဲ့ သော့သ် ၊ အိုင်စစ် နဲ့ အိုဆီရစ် တို့ရဲ့တပည့် သာဝကတွေသုံးခဲ့တဲ့ လျှို့ဝှက်သင်္ကေတတွေဖြစ်မယ်လို့ ပြင်သစ်ပညာရှင် ကုတ်ဒီဂါဘလင်က ၁၈ ရာစုနှစ် မှာ ပြောကြားခဲ့ပါတယ်။ တားရော့ကဒ်တွေကို ၁၈၅၀ လောက်မှာပြင်သစ်မှော်ပညာရှင်အီလီဖတ်စ်လယ်ဗီက အသစ်မွမ်းမံ ခဲ့ပါတယ်။ ၁၉ ရာစုမှာလည်း ပုံစံအသစ်တွေကို စာရေးဆရာနဲ့ပညာရှင်တွေက တီထွင်သုံးစွဲခဲ့ပါတယ်။ အဲဒီ ကဒ်တွေကိုတော့ ဒီနေ့ခေတ်အထိ အသုံးများနေကြဆဲပါပဲ။ တားရော့မေဂျာကဒ်(The Major Arcana)တွေကို ပါဠိလို မဟာမဉ္စူသာလို့ခေါ်ပြီး မိုင်နာကဒ်(The Minor Arcana)တွေကိုတော့ စူဠမဉ္ဇူသာလို့ခေါ်ပါတယ်။ တားရော့ပညာဟာ မျက်လှည့်၊ နက္ခတ်နဲ့ တခြား သိပ္ပံပညာရပ်တွေမထွန်းကားခင်ကတည်းက ပေါ်ပေါက်နေခဲ့ပါပြီ။ ဂျစ်ပစီတွေ အကြားအမြင်ရသလို ဟော ပြောနေကြတာလည်း တားရော့ကဒ်နဲ့ပါပဲ။ တားရော့ကဒ်ပြားတစ်ခုစီမှာ တားရော့အနှိုးမန္တာန်တွေရှိကြပါတယ်။ အဲဒါကိုတော့ မြန်မာဆရာတွေ ကိုယ်တိုင်သိပ်ရကြပုံမပေါ်ပါဘူး။ အဓိကမန္တာန်တစ်ခုနဲ့သာသုံးစွဲကြတာကိုတွေ့ရပါတယ်။ တားရော့နဲ့ပတ် သက်တဲ့ သမိုင်းကြောင်းကို အပြည့်အစုံမဟုတ်တောင် မြန်မာလို ဒီထက်ပိုသိချင်တယ်ဆိုရင်တော့ ဆရာ ဟိန်းလတ်ရေးသားထုတေ်ဝတဲ့ ဂမ္ဘီရအစီအရင်တားရော့ဗေဒင် ဆိုတဲ့စာအုပ်ကိုဝယ်ဖတ်လိုက်ပါ။ အင်္ဂလိပ်လို ရေးသားထုတေ်ဝကြတဲ့ ရှေးစာအုပ်တွေကိုရှာဖွေလေ့လာနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။

မေဂျာကဒ်များ 

၁။ မှော်ဆရာ

၂။ သူတော်စင်(သီလရှင်)

၃။ ဧကရီ

၄။ ဧကရာဇ်

၅။ ဘုန်းကြီး

၆။ ချစ်သူများ

၇။ စစ်ရထား

၈။ စွမ်းအားရှင်

၉။ ရသေ့ (ပုဏ္ဏားဘကွန်း)

၁၀။ ကံကြမ္မာစက်ဝိုင်း

၁၁။ တရားသူသူကြီးမနုစာရီ

၁၂။ဇောက်ထိုးဆွဲခံရသူ

၁၃။ သေမင်း

၁၄။ စောင့်ထိန်းခြင်း(ရေခွက်နှစ်ခွက်)

၁၅။ တစ္ဆေ

၁၆။ မိုးကြိုးပစ်ရဲတိုက်(မျှော်စင်)

၁၇။ ဓူဝံကြယ်

၁၈။ ငိုကြွေးနေသောလမင်း

၁၉။ နေသူရိန်(နေမင်းသားတော်)

၂၀။ ရှင်ပြန်ထမြောက်ခြင်

၂၁။ ကမ္ဘာလောက

၂၂။ အရူး (နံပတ်“၀”ကဒ်ပြား)

မေဂျာကဒ် အကောင်းအဆိုး 

၁ ၊ ၂ ၊ ၃ ၊ ၅ ၊ ၆ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၄ ၊ ၁၇ ၊ ၁၉ ၊ ၂၀ ၊ ၂၁ ကဒ်ပြားများမှာ အကောင်းနိမိတ်ပုံ ဟောရမည့်ကဒ်များဖြစ်သည်။

၄ ၊ ၇ ၊ ၈ ၊ ၁၂ ၊ ၁၃ ၊ ၁၅ ၊ ၁၆ ၊ ၁၈ ၊ ၀(၂၂) ကဒ်များမှာ အဆိုးနိမိတ်ပုံ ဟောရမည့်ကဒ်များဖြစ်သည်။

တားရော့နှင့်ဓာတ်ကြီးလေးပါး 

မေဂျာတားရော့ကဒ်များမှာ ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇော စသော ဓာတ်ကြီးလေးပါးနှင့်ဆက်စပ်လျှက် ရှိသည်။

မြေဓာတ်။ ။ ၃၊ ၅၊ ၉၊ ၁၅၊ ၂၁

ရေဓာတ်။ ။ ၂၊ ၇၊ ၁၂၊ ၁၃၊ ၁၈

လေဓာတ်။ ။ ၁၊ ၆၊ ၈၊ ၁၀၊ ၁၇၊ ၀

မီးဓာတ်။ ။ ၄၊ ၁၁ ၊ ၁၄၊ ၁၆၊ ၁၉၊ ၂၀

မိုင်နာတားရော့ကဒ်များ ပြင်ဆင်ရန်

တုတ်တောငေ်ဝှးများ (Wands) – မီးဓာတ် – ရဲရင့်စွန့်စား၊အောင်မြင်ကျော်ကြားမှု

ခွက်ဖလားများ (Cups) – ရေဓာတ် – ချစ်မေတ္တာ၊ ပျော်ရွှင်မှု

ဓားများ ( Swords) – လေဓာတ် – လှုပ်ရှားရုန်ကန်ရမှု၊ ကံခေမှု

ငါးထောင့်ကြယ်ဒင်္ဂါးများ (Pentacles)- မြေဓာတ် – ငွေကြေး၊ အကျိုးစီးပွား

မိုင်နာကဒ်များမှာ အုပ်စုတစ်ခုလျှင် ၁၄ ချပ်ပါဝင်သည်။ ၁ မှ ၁၀ အထိဆယ်ချပ်နှင့် တော်ဝင်ကဒ်လေးချပ်ဖြစ် သည်။ တော်ဝင်ကဒ်လေးချပ်မှာ – ဘုရင်၊ မိဖုရား၊ မြင်းစီးသူရဲကောင်း၊ မင်းလုလင် တို့ဖြစ်သည်။ ကိုယ်စားပြုချက်များမှာ- ဘုရင် – စိတ်

မိဖုရား- ဝိညာဉ်

သူရဲကောင်း – အတ္တ

မင်းလုလင်- ကိုယ်ခန္ဓာ – တို့ဖြစ်သည်။

တားရော့လေ့လာခြင်း 

တားရော့ဟောကိန်းများအား ကျက်မှတ်ခြင်းဖြင့်မရနိုင်ဘဲ တွေးခေါ်စဉ်းစားခြင်းဖြင့်သာ အဓိကကျ ကြောင်း ပညာရှင်များက ခံယူထားသည်။ တားရော့သည် ကမ္ဘာမြေလောကမှာရှိသည့် အရာများ ဖြစ်စဉ်များ ကို စနစ်တကျထည့်သွင်းထား သောအရာဖြစ်သည်။ ထိုကဲ့သို့ပေါင်းစပ်ထားသောနိမိတ်ပုံနှင့် ဖြစ်နိုင်သည့် အဓိပ္ပယ်အရာများကို ကိုယ်တိုင် ရှာဖွေဖော်ထုတ်ဟောပြောရမည်ဖြစ်သည်။ များများတွေးလေ၊ များများ စဉ်းစားလေ ပိုင်နိုင်လေဖြစ်သည်။ တားရော့အဟောမှန်ကန်ခြင်းမှာ အတွေးအခေါ်နှင့်လည်းသက်ဆိုင်သည် ဟု ထင်သည်။

နောက်တစ်ခုပြောချင်သည်မှာ တားရော့ကဒ်များ တားရော့ပုံစံများသည် တစ်ခုနှင့်တစ်ခုမတူညီကြ ပါ။ ကျွန်တော်လည်းအစက တော်တော်တိုင်ပတ်ခဲ့ပါသည်။ ဟိုတားရော့ထုပ်ကကောင်းမလား၊ ဒီတားရော့ ထုပ်က အဆင်ပြေမလား၊ ဟိုပုံတွေကစုံတယ်၊ ဒီပုံတွေက မပြည့်စုံဘူး… စသဖြင့် ဘဲဥအစရှာမရဖြစ်ခဲ့ရပါ သည်။ တကယ်တော့ပုံစံသာကွဲပြီး အခြေခံက မကွဲလွဲပါ။ ဆရာကြီးမင်းသိင်္ခဆိုလျှင် မြန်မာတားရော့ထုပ်ဆို၍ စမ အင်းပုံစံများနှင့် မြန်မာမှုတားရော့ပြုခဲ့သည်ကိုလေ့လာရပါသည်။ တားရော့မေဂျာကဒ်များကိုပိုင်နိုင်စွာလေ့ကျင့်ပြီးပါက မိုင်နာ ၅၆ ကဒ်ကိုလည်း တို့ထိမိထားရန်လို အပ်သည်ဟုထင်ပါသည်။ တကယ်တမ်းဟောချက်ဖော်သည့်အခါ မိုင်နာကဒ်များနှင့်တွဲဖက်ဟောပြောပါမှ ခြုံငုံမိမည်ဟုမြင်မိပါသည်။ တားရော့သည် ဝိဇ္ဇာပညာရပ်ကို လက်ရေးတိုများ၊ သင်္ကေတများဖြင့်ဖန်တီးစီရင်ထားသော ဂမ္ဘီရ ဖဲချပ်များဖြစ်ပါသည်။ ထို့ကြောင့်ကလေးကစားသလို အပျော်မလုပ်သင့်ပါ။ မြန်မာအယူအဆဖြင့်ပြောရသော် နတ်ကိုင်ပါလိမ့်မည်။ ဘယ်နေရာကိုင်မလဲဆိုတာတော့ စမ်းကြည့်ပေါ့လေ။ တားရော့ကို ဝိဇ္ဇာထွက်ရပ်လမ်း လိုက်သူတွေသုံးကြသည်။ တားရော့ဖြင့် ပညာအဆင့်တက်ကြသည်။ ထို့ကြောင့် လေ့လာခြင်းတွင် အလေး ထားစေချင်သည်။ ရိုသေမှုရှိစေချင်သည်။

လေ့လာရာတွင် ပထမဆုံးလုပ်ရမည့်အလုပ်က တားရော့ကဒ်များကို မှတ်သားရမည်။ တားရော့ဟောချက်များကို အတည့်ရောပြောင်းပြန်ရောမှတ်သားရမည်။ တားရော့ဆက်စပ်မှုများကို မှတ်သား ရမည်။ တားရော့နှင့်ပတ်သက်မှုများကို မှတ်သားရမည်။ ဟောပြောနည်းများကိုမှတ်သားရမည်။ လေ့လာ မှတ်သားရင်းနှင့်ပင် တားရော့ကို တစ်ခါတည်းမွေးမြူထားရမည်။ တားရော့နှိုးထားရမည်။ တားရော့နှင့်ကိုယ့် စိတ်နှလုံးသားနှင့် တစ်ထပ်တည်းကျအောင် ကျင့်ကြံနေရမည်။ တားရော့ကို ကိုယ့်ချစ်သူကဲ့သို့ မြတ်နိုး တန်ဖိုးထားရမည်။ ခင်ဗျားတို့ရဲ့ မအားလပ်သောအချိန်များထဲမှ အချိန်အနည်းငယ်ကိုဖဲ့ပြီး တားရော့ကို လေးနက်စွာလေ့လာသင့်သည်။ တားရော့ကို စတင်လေ့လာနေချိန်တွေမှာ တားရော့ကလည်း ခင်ဗျားကိုပြန် လေ့လာနေသည်ဆိုတာ သတိပြုထားပါ။

တားရော့လေ့လာချိန်ကို သတ်သတ်မှတ်မှတ်လုပ်နိုင်ရင်ပိုကောင်းပါမည်။ မသန့်ရှင်းသောနေရာမှာ ဖြစ်ကတတ်ဆန်းမလေ့လာပါနှင့်။ စတင်လေ့လာရာတွင် မေဂျာ ၂၂ ကဒ်ဖြင့်စတင်ပါဟုအကြံပေးချင်ပါသည်။ တားရော့ကို စားပွဲပေါ်တွင် အခင်းနှင့်တင်ထားပါ။ ကုလားဖန်ထိုးပါ။ ကုလားဖန်ထိုးရာတွင်ဖဲထုပ်ကို နှစ်ထုပ် ခွဲပြီး ဟိုဖက်ဒီဖက် တဗျပ်ဗျပ်နှင့်သမခြင်းကိုရှောင်ပါ။ နှံ့စပ်အောင်အမြဲလုပ်ပေးပါ။ စတင် လေ့လာချိန်တိုင်း တားရော့မန္တာန်ကိုရွတ်ပေးပါ။ ကျယ်ကျယ်ရွတ်ရွတ်။ တိုးတိုးရွတ်ရွတ်ရပါသည်။ နောက်ဆို တဖြည်းဖြည်းနှင့် မန္တာန်ရွတ်ချိန်တွင် တစ်ကြောင်းရွတ်လိုက်တိုင်း ကျောရိုးထဲမှ စိမ့်စိမ့်တက်လာပါလိမ့်မည်။ တားရော့ကို အမြဲနမ်းပေးပါ။ လေးနက်စွာနမ်းရှိုက်ပါ။ တစ်ချပ်ဆွဲပြီးတိုင်းနမ်းပေးပါ။ တားရော့ကိုယုံကြည်ချစ်ခင်ကြောင်းပြောပြပါ။ ကိုယ်ချစ်သလို တားရော့ကကိုယ့်ကိုပြန်လည်ချစ်ခင် ရန် တိုက်တွန်းပေးပါ။ တားရော့ကိုယုံကြည်ပါသည်ဟု ပြောပြပါ။ တားရော့အစောင့်များကို ဖိတ်ခေါ်ပါ။ မေတ္တာပို့ပေးပါ။ ကျွန်တော်ပြောနေတာတွေက ကိုယ်တွေ့တွေဖြစ်ပါသည်။ ပြန်လည်မျှေဝခြင်းသာဖြစ်သည်။ တားရော့ကိုကုလားဖန်ထိုး၊ အပေါ်အောက် သုံးကြိမ်ထပ်တင်ပြီး ချလိုက်ပါ။ တားရော့ထုပ်ကို ဖဲချိုးသလို ချိုးပါ။ ဘယ်လက်ဖြင့်သာချိုးရပါမည်။ ကျန်သောအပုံမှ အပေါ်ဆုံးဖဲကိုလှန်ချလိုက်ခြင်းဖြင့်စလေ့လာပါ။ အဆိုးကဒ်များကျလာသော်လည်း စိတ်ရှည်ပါ။ ထပ်ဆွဲပါ။ တစ်နေ့ အကြိမ်နှစ်ဆယ်လောက် ပြုလုပ်ပါ။ ကိုယ်ပိုင်သောကိုယ့်တားရော့ကဒ်များတွင် အစောင့်များရှိပါသည်။ အဲဒါကိုတော့ ကိုယ့်ဘာသာရှာ ဖွေပါ။ တဖြည်းဖြည်းနားလည်လာပါလိမ့်မည်။ ရှင်းလင်းစွာမပြောဆိုနိုင်ခြင်းကို နားလည်စေချင်ပါသည်။ ကိုယ့်ဘာသာ ဆက်သွယ်ပါ။ တားရော့ကို နေ့စဉ်ထိတွေ့လေ့လာနေရင်းနှင့် တွေ့လာရမည်မှာ ကိုယ့်နှင့် ဆက်သွယ်ချိတ်ဆက်သော တားရော့ကဒ်များဖြစ်သည်။ တချို့ကဒ်များဆို ဘာဆွဲဆွဲ ဒီကဒ်သာပေါ်လာလိမ့် ရှိသည်။ ဥပမာ – ကျွန်တော်အမြဲမြင်တွေ့ကျရောက်သည့်ကဒ်များမှာ ကမ္ဘာလောက၊ သေမင်း၊ ရှင်ပြန်ထ မြောက်ခြင်း၊ မှော်ဆရာ တို့ဖြစ်ကြပါသည်။ ထိုကဒ်များကို ရေမွှေးဖျန်းပေးပါ။ မမြင်ရသောအစောင့်များကို မေတ္တာပို့ပေးပါ။ တားရော့ကဒ်များကို စနစ်တကျ အလေးအနက်မွေးမြူပါ။ ဒီလောက်ဆိုစလေ့လာဖို့ အသင့်ဖြစ်ပြီ ထင်ပါတယ်။ ဆက်ကြည့်ရအောင်ဗျာ။ ။

တားရော့ဟောမည် 

တားရော့ဖဲချပ်တွေကို နေ့စဉ်ကိုင်တွယ်ပေးပါ။ ကိုယ်ကိုင်နေကျဖဲထုပ်က ကိုယ်နှင့်ဓာတ်ကူးမှု လွယ်ကူပြီး ဟောပြောရာတွင် ပိုမိုမှန်ကန်စေပါတယ်။ ကိုယ်ကိုင်တွယ်နေကျဖဲထုပ်ကို သူများကိုပေးမသုံးရ ပါဘူး။ ဓာတ်ပျက်တတ်တယ်လို့အယူရှိပါတယ်။ တားရော့ထုပ်ကို မကြာခဏရေမွှေးဆွတ်ပေးပါ။ တားရော့ကို အရက်တိုက်သည်ဟူသောအသုံးအနှုန်းကို မိတ်ဆွေယုံကြည်ပါသလား။ ဂျစ်ပစီတွေဟာ တားရော့ကို အရက် နဲ့ဆွတ်လေ့ ရှိပါတယ်။ အရက်မသုံးချင်ရင်လည်း ရေမွှေးနဲ့သုံးနိုင်ပါတယ်။ အဓိကကတော့ သန့်ရှင်းမှုနဲ့ ပိုးမွှားကင်းစင်စေဖို့၊ တားရော့ဆီကို ပြင်ပမကောင်းမှုအညစ်အကြေးတွေ မဝင်လာစေဖို့ရည်ရွယ်ပါတယ်။ တားရော့မှာ အတည့်ဟောနဲ့ပြောင်းပြန်ဟောဆိုတဲ့ အဓိပ္ပယ်နှစ်မျိုးရှိပါတယ်။ အဲဒါကြောင့်ဖဲချပ်တွေ ကို အတည့်ရောပြောင်းပြန်ရော စီထားပါ။ ရောနှောထားပါ။ ကုလားဖန်ထိုးနေစဉ်မှာ ကိုယ်သိလိုတဲ့ မေးခွန်း ကိုစိတ်ထဲကပြောပြပါ။ မေးမည့်သူကို ကိုယ့်ရှေ့မှာထိုင်ခိုင်းပါ။ သင်ကမြောက်အရပ်ကိုမျက်နှာမူပြီးမေးသူကတောင် အရပ်ကို မျက်နှာမူပြီးထိုင်ရင်ပိုကောင်းပါတယ်။ မဟောခင်လက်ကိုစင်အောင်ဆေးပါ။ ရေမွှေးဆွတ်ပါ။ မေးမယ့်သူကိုလည်း လက်ကိုရေမွှေးဆွတ်ပေးပါ။

တားရော့ကိုစတင်ဟောပြောတော့မယ်ဆိုရင်တော့ အထက်အောက် သုံးကြိမ်ထပ်ပြီး ဘယ်လက်နဲ့ ချလိုက်ပြီး ဘယ်ဖက်ကိုခွဲထုတ်လိုက်ရပါမယ်။ ကျန်ခဲ့တဲ့အပုံက အပေါ်ဆုံးဖဲချပ်ကိုလှန်ချပြီး ဟောပြောရမှာ ဖြစ်ပါတယ်။ ဖဲချပ်လှန်တာကို မေးမယ့်သူကိုလုပ်ခိုင်းရမှာပါ။ ဟောပြောချက်ကို လိုရင်းတိုရှင်းသာလုပ်ပါ။ ဝေ့လည်ကြောင်ပတ်မဟောပါနဲ့။ ပြီးတော့ ကိုယ့်စိတ်ထဲမှာပေါ်တာကိုရဲရဲဟောပါ။

လိုအပ္မႈ 

(၁)တားရော့ဖဲထုပ်

(၂) အပြာရောင်(သို့မဟုတ်)အနက်ရောင်ပိုးသားပဝါ- တားရော့ထုပ်ရန်ဖြစ်သည်။

(၃)သစ်သားဘူး(သို့)ယွန်းဘူး- တားရော့သိမ်းဆည်းရန်ဖြစ်သည်။

(၄) တားရော့အခင်း – တားရော့ဟောရန်အတွက် နှစ်ပေပတ်လည်အနက်ရောင်ပိုးစဖြစ်သည်။

(၅) သစ်သားစားပွဲ- ဟောပြောရန်။

(၆)တုတ်၊ ခွက်၊ ဓား၊ ကြယ်- အစွမ်းထက်စေရန်။

လိုက်နာရန် ပြင်ဆင်ရန်

(၁)တားရော့ကို ပိုးစအိတ်တစ်အိတ်နှင့် ထုပ်ပိုးသိမ်းဆည်းပါ။

(၂)မိမိခေါင်းအုံးအောက်မှာ အနည်းဆုံး ၈ည။အများဆုံး ရက်ပေါင်း ၆၀ ထားအိပ်ပါ။

(၃) ခရီးထွက်ရင် ယူဆောင်သွားပါ။

(၄)ကြုံသည့်နေရာမှာမဟောရ။ အခင်းနှင့်သာဟောရမည်။

(၅)ဘယ်နေရာမှာဟောဟော အမွှေးတိုင်ထွန်းရပါမည်။

(၆)ဟောတဲ့အခါ နံ့သာချောင်းတုတ်လေးတစ်ခု၊ ကြေးခွက်(သို့)လုံခွက်(သို့)အပ်ထောက်ခွက် တစ်လုံး၊ မောင်းချဓားတစ်ချောင်း၊ ကြယ်ပုံပါတဲ့ဒင်္ဂ ါးပြားတစ်ခုကို အခင်းထောင့်တွေမှာတင်ထားပါ။

(၇)ဟောကာနီးမှာ လက်ကို ရေမွှေး၊ အရက်တို့နဲ့သန့်စင်ပါ။

(၈)ဟောကာနီးမှာ တားရော့ထုပ်ကို ရင်မှာကပ်ပြီး မန္တာန်ကိုအလေးအနက်ရွတ်ပါ။

(၉)သုံးႀကိမ္ကုလားဖန္ထိုးပါ။

(၁၀)ကိုယ့်ကိုယ်ကိုယ် ပညာရှင်သို့သဘောထားလိုက်ပါ။

(၁၁)အဆိုးကျရင် အကောင်းမဟောရပါ။

(၁၂) အာရုံစူးစိုက်ပါ။ အချိန်ယူဟောပါ။

(၁၃) အရေးမပါတဲ့မေးခွန်းတွေမဖြေရပါ။ အရေးပါသောမေးခွန်းများသာမေးခိုင်းပါ။

တားရော့ဟောနည်းများ 

တစ်ချပ်ဟော 

အလွယ်ဆုံးနည်းလမ်းကတော့ ဖဲတစ်ချပ်ဆွဲဖြစ်ပါတယ်။ ဖဲထုပ်ကို နှံ့စပ်အောင် သေချာကုလားဖန် ထိုးပါ။ ဘယ်လက်နဲ့ခွဲလိုက်ပြီး ကျန်အပုံကအပေါ်ဆုံးဖဲချပ်ကိုကောက်လှန်လိုက်ပါ။ အဲဒါအဖြေဖြစ်တယ်။ ကိုယ့်ဘာသာဟောချင်လည်း ဒီနည်းကအဆင်ပြေပါတယ်။ အတည့်ကျရင်အတည့်ဟော။ ပြောင်းပြန်ကျရင် ပြောင်းပြန်ဟောပေါ့။ ရမလား မရဘူးလား။ အောင်မြင်မလား။ ဆုံးရှုံးမလားဆိုတဲ့ လိုတိုရှင်းမေးခွန်းတွေကို ဟောနိုင်ပါတယ်။

သုံးချပ်ဟော 

သုံးကြိမ်ကုလားဖန်ထိုး။ ချိုးလိုက်။ ပြီးရင် ပထမတစ်ချပ်ဆွဲချ။ ဒုတိယတစ်ချပ်ဆွဲချ။ တတိယ တစ်ချပ်ဆွဲချ။ (ဟောတဲ့သူဖက်က အတည့်ဆိုရင် အတည့်ဟောပါ)။ ပထမအချပ်က အတိတ်ပါ။ ဒုတိယ အချပ်က ယခုလက်ရှိကာလပါ။ တတိယအချပ်ကတော့ အနာဂတ်လို့ဟောပါ။

(သုံးချပ်ဟောပုံ)

နောက်ထပ်နည်းတွေ နောက်တစ်မျိုးက ပါပဟောနည်း၊ ဆဲလ်တစ်ဟောနည်း နဲ့ ဖဲခုနှစ်ချပ်ဟောနည်းတွေ ပါ။ ဒီနည်းတွေက စလေ့လာသူတွေအတွက် ခက်ခဲမယ်ထင်လို့ ချန်ခဲ့ပါတယ်။ သေချာလေ့ကျင့်ရမယ့်နည်းတွေဖြစ်ပါတယ်။ နည်းနည်းရှုပ်တာမို့စာစီရတာပျင်းတာလည်းပါတာပေါ့လေ။

တားရော့ထုပ် ပြင်ဆင်ရန်

မြန်မာပြည်မှာ တားရော့အထုပ်တွေကို ရောင်းချတာသိပ်နည်းပါတယ်။ ကျွန်တော်တွေ့တာကတော့ တစ်ထုပ်ပါပဲရှိပါတယ်။ Tarot and Magic ဆိုတဲ့တားရော့ထုပ်ပါ။ အမြို့မြို့အနယ်နယ်ရှိ အရောင်းဆိုင်များ တွင်တော့ ဝယ်ယူမရရှိနိုင်ပါဘူး။ ရန်ကုန်မှာတောင် ရှိတဲ့ဆိုင်မှာပဲရှိပါတယ်။ ဗိုလ်ချုပ်လမ်းက အရုဏ်သစ် စာအုပ်ဆိုင်နဲ့ ပန်းဆိုးတန်းက အင်းဝ၊ စာပေလောက၊ ပညာရွှေတောင်တို့မှာ သွားစုံစမ်းကြည့်ကြပါ။

မြန်မာ ပြည်မှာရှိတဲ့ တားရော့စာအုပ်တွေမှာ တားရော့ဖဲချပ်တွေပါတတ်ပေမယ့် မေဂျာကဒ်၂၂ ကဒ်သာပါတတ်ပါ တယ်။ အဲဒီအတွက် တားရော့ပညာကို ကျင့်ကြံလိုက်စားတော့မယ်ဆိုရင် တားရော့ ၇၈ ချပ်စလုံးပါဝင်တဲ့ အထုပ်တစ်ထုပ်ရှိဖို့လိုပါမယ်။ အပျော်သဘော ကိုယ့်ဘာသာကြည့်မယ်ဆိုရင်တော့ မေဂျာကဒ်တွေနဲ့ပဲ ဖြစ်ချင်ဖြစ်နိုင်တာပေါ့လေ။ ဆရာဝင်းဇော်(သစ်တော)ရဲ့ မနောမယတားရော့ဟောကိန်း အိတ်ကလေးထဲမှာ တားရော့အစုံပါဝင်ပေမယ့် ကဒ်ပြားတွေပေါ်မှာ ဟောချက်အကျဉ်းတွေကို တစ်ပါတည်း ရိုက်နှိပ်ထားတဲ့ အတွက် အဆင်သိပ်မပြေပါဘူး။ အဲဒါကြောင့်မို့ တားရော့ထုပ်ကိုရအောင်ဝယ်ထားပေါ့ဗျာ။ ပိုက်ဆံတတ်နိုင်ရင်လည်း နိုင်ငံခြားကနေမှာပေါ့။ ဈေးတော့ကြီးတယ်ကြားတာပဲ။ ကျွန်တော်တော့ မြင်တောင်မမြင်ဖူးပါဘူး။ တားရော့ကိုလေ့လာပါ။ ဟောကိန်းတွေကို လောလောဆယ်တော့ အလွတ်ကျက်ပါ။ မေဂျာကဒ် တွေကိုပိုင်ပြီဆိုရင် မိုင်နာကဒ်တွေကိုပါတစ်ဆင့်တက်ကျက်မှတ်ပါ။ မိုင်နာကဒ်တွေက ဟောကိန်းနည်းပါ တယ်။ မခက်ပါဘူး။ များတာလေးပဲရှိတာပါ။ မေဂျာကဒ်ဟောကိန်းတွေကို လူကြီးမင်းတို့အလွယ်တကူလေ့လာနိုင်ဖို့အတွက် ကျွန်တော်မှတ်စု ထုတ်ပေးထားပါတယ်။ မြန်မာတားရော့စာအုပ်တွေကို အားလုံးဝယ်မလေ့လာနိုင်တဲ့၊ အချိန်မပေးနိုင်တဲ့သူ တွေအတွက် ကျွန်တော်အပင်ပန်းခံပြီး ပြုစုထားတာပါ။ ကျွန်တော့်ဟောကိန်းတွေမဟုတ်ပါဘူး။ သက်ဆိုင်ရာ တားရော့ဆရာကြီးတွေရဲ့ဟောကိန်းတွေကို ပေါင်းစပ်ပေးထားတာပါ။ ညသန်းခေါင်ယံတိုင်းမှာ သေချာလေ့ လာမှတ်သားပြုစုထားတာဖြစ်လို့ အသင့်ဖတ်ရှုနိုင်ပါတယ်။ ဆရာတွေပြောပြထားတာတွေကိုပဲ ချပြထားတာ ဖြစ်တဲ့အတွက် လိုအပ်မယ်ထင်တဲ့ဟောချက်တွေကိုတော့ ကိုယ့်ဘာသာဟောပြောကြတဲ့အခါမှ ဖြည့်စွက်ကြ ပါတော့ခင်ဗျာ။ စတင်လေ့လာသူတွေအတွက်တော့ လုံလောက်မယ်လို့ယုံကြည်ပါတယ်။ မြန်မာဂျစ်ပစီရဲ့ သန်းခေါင်ယံမှတ်စု ရှင်းတမ်း

ဗေဒင်ပညာရပ်ထဲမှာမပါတဲ့ တားရော့ပညာရပ်ကို စိတ်ဝင်စားပြီး တားရော့ပညာနဲ့ တားရော့ကဒ် တွေကို ကျွန်တော် စတင်လေ့လာခဲ့ပါတယ်။ မြန်မာဂျစ်ပစီဆိုတော့ မြန်မာလို ထုတေ်ဝတဲ့ စာအုပ်တွေကိုပဲ ဖတ်ရှုရတာပေါ့။ တားရော့ကဒ်တွေမှာက သူ့အစွမ်းနဲ့ သူ့ဟောကိန်းနဲ့သူ ရှိနေပါတယ်။ သူ့နိမိတ်ပုံနဲ့သူ ရှိကြပါတယ်။ လေ့လာမယ်ဆိုရင်တော့ နက်ရှိုင်းခက်ခဲတဲ့ ပညာရပ်ပါပဲ။

ကျွန်တော်စဝယ်လိုက်တဲ့ စာအုပ်က ဆရာကြီးမင်းသိင်္ခရဲ့ ညီအရင်း ဆရာဝင်းဇော်(သစ်တော) ရဲ့ မနောမယတားရော့ဟောကိန်း ဆိုတဲ့အရာပါပဲ။ သူက စာအုပ်ကလေးရယ်၊ ကဒ်ပြားလှလှလေးတွေရယ်၊ အပြာရောင်ပဝါစလေးရယ်ကို စက္ကူဘူးလေးနဲ့ လက်ဆွဲအိတ်လေးနဲ့ ထည့်ရောင်းတာပါ။ မြန်မာဂျစ်ပစီက အလှကြိုက်တော့ ဝယ်လိုက်တာပေါ့။ တကယ်တမ်းလေ့လာတော့ အဆင်မပြေပါဘူး။ ကဒ်ပြားတွေက လှပေမယ့် ဟောကိန်းအနည်းငယ်ကို ကဒ်ပြားအပေါ်ထိပ် အောက်ထိပ်မှာစီရေးထားတာပါ။ အပျော်တမ်း လေ့လာ သူတွေ အတွက်လောက်ပဲ အဆင်ပြေမှာပါ။

အဲဒါနဲ့ နောက်တစ်အုပ်ထပ်ရှာရပါတယ်။ တားရော့နဲ့ပတ်သက်ပြီး လတ်တလောမှာ တော်တော်လေးပြည့်ပြည့်စုံစုံရေးထားတဲ့ စာအုပ်တစ်အုပ်ကိုသွားတွေ့ပါတယ်။ အဲဒါက ဆရာဟိန်းလတ် ရေးသားပြုစုတဲ့ ဂမ္ဘီရအစီအရင်တားရော့ဗေဒင် ဆိုတဲ့စာအုပ်ပါ။ နိုင်ငံခြားကျမ်းပေါင်း ၁၂ ကျမ်းကိုကိုးကားပြီး ပြုစုထားတာပါ။ တော်တော်သဘောတွေ့စရာ ကောင်းပါတယ်။ အဲဒီမှာ တားရော့နဲ့ပတ်သက်တဲ့ သဘော တရားတွေ၊ ဟောကိန်းတွေ၊ သမိုင်းတွေ၊ ဟောပြောနည်းတွေနဲ့ ဂမ္ဘီရဆိုင်ရာအစီအရင်တွေကိုပါ ရေးသား ထားတာမို့ ဝယ်ယူလေ့လာ ခဲ့ပါတယ်။ အဲဒီလိုနဲ့တစ်ပတ်လောက်နေတော့ ကျွန်တော်စိတ်မပြေသေးပါဘူး။ ဝင်းဇော်နဲ့ ဟိန်းလတ် တို့ ဘယ်လိုဟောကိန်းထုတ်တယ်ဆိုတာ အနည်းငယ်သိသွားပါပြီ။ တခြားဗေဒင်ဆရာတွေရော တားရော့ကို ဘယ်လိုဟောကိန်းထုတ်သလဲဆိုတာ ထပ်သိချင်လာပြန်ပါတယ်။ အဲဒီတော့ စာအုပ်ဆိုင်တွေပတ်ရှာဖွေပြန် ပါတယ်။ ဆရာတစ်ဆူဖြစ်တဲ့ စံဇာဏီဘို ကို အရင်တွေ့ပါတယ်။ အသုံးချတားရော့ဟောကိန်း ဆိုတဲ့ စာအုပ်ပါ။ သူကလည်း တားရော့မေဂျာ ၂၂ ကဒ်ကို သေသေချာချာရှင်းလင်းပြပြီး အလုပ်အကိုင်၊ ငွေကြေး၊ ပညာရေး၊ ကျန်းမာရေး၊ ကဒ်ပြောင်းပြန် ဆိုပြီး ခွဲခြားဟောပြထားပါတယ်။ မြန်မာတားရော့အဟော စာအုပ် တွေထဲမှာ သူက စိတ်အရှည်ဆုံးရေးသားသူလို့ အသိအမှတ်ပြုမိပါတယ်။ တစ်ရက်မှာတော့ ပန်းဆိုးတန်းဂုံးတံတားနားက စာအုပ်အဟောင်းတန်းမှာ ဖုန်တက်ပြီး ဝယ်သူမဲ့ နေတဲ့ တားရော့စာအုပ်ပါးပါးလေးတစ်အုပ်ကိုတွေ့ပါတယ်။ စာရေးဆရာ တင်မော်(ဓာတု)ရေးသား တဲ့ တားရော့ဂမ္ဘီရဗေဒင်ဟောပြောနည်း ပါ။ ပြည်ပစာအုပ် ၁၀ အုပ်ကိုအခြေပြုပြီးရေးသားခဲ့တယ်လို့သိရပါတယ်။ အတည့်ဟောနဲ့ပြောင်းပြန်ဟောဆိုပြီး ခွဲပြထားတာပါ။ ကံကောင်းမယ့်ဂဏန်းဆိုပြီးတောင်ပါလိုက်သေးတယ်။ နောက်တစ်အုပ်ကတော့ ဆရာဝင်းဇော်(သစ်တော) ပါပဲ။ သူက ကျွန်တော်နားမလည်တဲ့ ဇယားကွက်ကြီးနဲ့ မနောမယလက်ထောက်တားရော့ဟောကိန်း ဆိုပြီးထုတ်ထားတာပါ။ ဟောကိန်းကိုသိချင် ရင် ဇယားကွက်ကြီးမှာ လက်နဲ့ထောက်ရမယ်လို့ ဆိုပါတယ်။ အဲဒါကို သဘောမကျပေမယ့် တားရော့ဟော ကိန်းတွေပါတဲ့အတွက် ဝယ်ယူခဲ့ပါတယ်။ အဲဒီထဲမှာတော့ တားရော့ ၇၈ ကဒ်စလုံးကို ဟောကိန်းထုတ်ပြထား တာမို့ သဘောကျမိပါတယ်။ တစ်ပတ်လောက်နေတော့ ကျွန်တော် ထပ်ရှာပါတယ်။ စာအုပ်အရောင်းဆိုင် တော်တော်များများကို ပြဲပြဲစင်အောင် မွှေနှောက်ပြီးတဲ့အခါမှာတော့ ကျွန်တော်စိတ်တွေ့တာ တစ်အုပ်ပဲရခဲ့ပါတယ်။ နောက်စာအုပ် တွေလည်း ရှိတော့ပုံမပေါ်ပါဘူး။ အဲဒါကတော့ ဆရာကြီးမင်းသိင်္ခရဲ့တပည့်ကျော် ဆရာဇင်ယော်နီ ရဲ့ ရွှေတဲရော့ စာအုပ်ပါ။ ကိုယ်ပိုင်တွေးနည်း၊ ဟောနည်းများ (ကျက်မှတ်စရာမလိုဘဲ ဟောနိုင်တဲ့အံ့ဘနန်း ဟောကွက်များ) လို့ မျက်နှာဖုံးမှာရေးထားပါတယ်။ တားရော့ကို ဘယ်လိုဆိုလိုချက်ကောက် ဟောပြော ရမယ်ဆိုတာတွေကို သူ့အတွေ့အကြုံတွေနဲ့ ပေါင်းစပ် ရှင်းပြ ရေးသားထားတာပါ။ ကျွန်တော့်စိတ်မှာတော့ နည်းနေပါတယ်။ အကျဉ်းချုပ်တွေလို ဖြစ်နေလို့ပါ။ ဘယ်လိုဖြစ်ဖြစ် တားရော့လေ့လာသူတွေအတွက် အကျိုးရှိစေပါတယ်။ တားရော့နဲ့ပတ်သက်ပြီး ဆရာကြီးမင်းသိင်္ခရဲ့ မြန်မာတားရော့ဟောကိန်းနဲ့ မြန်မာတားရော့ဖဲချပ် ထုပ်လေးရှိပါတယ်။ အဲဒီထဲက ဟောကိန်းတွေက ဆရာဟိန်းလတ်ရဲ့ စာအုပ်ထဲမှာထည့်သွင်းဖော်ပြပြီးဖြစ် တာမို့ အဲဒါကိုချန်လှပ်ထားလိုက်ပါတယ်။ ကဒ်ပြားနဲ့ဟောရာမှာ ယီချင်းဗေဒင်တို့ဘာတို့ကိုလည်းတွေ့ရပါတယ်။ လီမန်နို ကဒ်ဆိုတာကိုလည်း တွေ့ရပါတယ်။ ဧကံသဗျာကရဏ ဗေဒင်ကို လည်း ဧကံသကဒ်ပြားနဲ့ဟောလို့ရပါတယ်။ ဧကံသဗျာကရဏ ဆိုတာက ယီချင်းဗေဒင်နိမိတ်ပုံတွေနဲ့ ဆင်တူပြီး ဆရာမင်းသိင်္ခတီထွင်ထားတဲ့ ပညာရပ်ကြီးဖြစ်ပါတယ်။ စကြဝဠာမနောဓာတ်နဲ့ဆက်သွယ်ပြီး လှိုင်းတွန့်လေးတွေ ရေးခြစ်ဟောပြောရတာမို့ စိတ်စွမ်းအင်ကို သေချာ လေ့ကျင့်ထားတဲ့သူမှ ဖြစ်မြောက်တာပါ။ ဧကံသအဟောကဒ်ပြား ဆိုတာက စတင်လေ့လာသူတွေအတွက် လွယ်ကူအောင် ထုတ်ထားတာလို့မြင်ပါ တယ်။

မြန်မာနိုင်ငံမှာ တားရော့ပညာရပ်နဲ့ပတ်သက်ရင် ဆရာခန့်လို့ခေါ်တဲ့ ပုဂ္ဂိုလ်ကြီးကိုလေးစားကြတယ် လို့ကြားဖူးပါတယ်။ ဆရာမင်းသိင်္ခကိုင်တဲ့ ဖဲထုပ်က ဆရာခန့်ရဲ့ဖဲထုပ်လို့ ဆရာဒဂုန်နဲ့အင်တာဗျူးမှာ ဆရာ မင်းသိင်္ခက ပြောထားပါတယ်။ ကျွန်တော်ကတော့ မသိမမှီလိုက်တဲ့အတွက် ဆရာခန့်ရဲ့ ဟောချက်တွေကို မသိသေးပေမယ့် ကျွန်တော့်လက်ထဲမှာ တားရော့ဆိုင်ရာ မြန်မာစာအုပ်ငါးအုပ်ရှိနေချိန်မှာ ကျွန်တော်စတင် လေ့လာပါတော့တယ်။ ညစဉ် ည ၁၂ နာရီ သန်းခေါင်ခန့်ကစပြီး မနက် ၂ နာရီအထိ တားရော့ ဟောချက် တွေနဲ့ တားရော့ကဒ်ပြားတွေကို ကျွန်တော်လေ့လာခဲ့ပါတယ်။ တားရော့ဟောကိန်းတွေကို သေချာလေ့လာကြည့်တော့ မြန်မာဆရာတွေရဲ့ ဟောကိန်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် တူညီတာတွေရှိသလို ကွဲလွဲမှုတွေလည်းရှိပါတယ်။ တစ်ယောက်ဆီမှာ မပါတဲ့ ဟောချက်တွေကို တခြားတစ်ယောက်ဆီမှာ တွေ့ရပါတယ်။ ¬ တစ်ယောက်က အကောင်းဟောရင် တစ်ယောက်ဆီမှာ အဆိုးဟောတာကိုတွေ့ပါတယ်။ သဘောတရားတွေကတော့ အတူတူပါပဲ။ နိမိတ် ကောက်ယူပုံတွေပဲကွဲသွားကြတာပါ။ အဲဒီတော့ ကျွန်တော်က ရှိတဲ့တားရော့စာအုပ်တွေကိုစုလိုက်ပါတယ်။ အခြေခံတူညီတဲ့ ဟောပြောမှု တွေကို ဗလာစာအုပ်ပေါ်မှာ ရေးချလိုက်ပါတယ်။ စာအုပ်ငါးအုပ်စလုံးက တူညီတဲ့အရာတွေကို စုစည်းပြီး မတူညီတာတွေကို ခွဲထုတ်လိုက်ပါတယ်။ ပြီးတော့ ဖြစ်နိုင်ချေရှိတဲ့ဟောကိန်းတွေကို စဉ်းစားပြီး ကဒ်ပြားနဲ့ တိုက်ကြည့်ပါတယ်။ အဖက်ဖက်ကတွေးတောပြီး ဖြစ်နိုင်ချေရှိတယ်လို့ ယူဆရတဲ့ဟောကိန်းတွေကို ကဒ်ပြား တစ်ခုချင်းစီအတွက် ပေါင်းစပ်ပြီး မှတ်စုထုတ်လိုက်ပါတယ်။ တခြားပတ်သက်ရာ နည်းနာစနစ်တွေနဲ့ အသုံး တည့်မယ့် (ဧကံသဗျာကရဏကဲ့သို့သော) ဗေဒင်ဆိုင်ရာလေးတွေကို ရောနှောပါတယ်။ မှတ်စုထုတ်ပုံ ကတော့ တားရော့ကဒ်ပြားတွေကိုမွေးမြူလေ့လာရင်းနဲ့ မှတ်စုအလုပ်စတော့မယ်ဆိုပြီးဆွဲလိုက်တဲ့ အချိန်မှာ ကျလာတဲ့ ကဒ်ပြားကို စာအုပ်တွေကပေါင်းစပ် ထုတ်နှုတ်တာပါပဲ။ အဓိကကတော့ ကျွန်တော့်အတွက် ကျွန်တော်လုပ်တာပါ။ ကျွန်တော့်လေ့လာသင်ယူမှုအတွက် လိုအပ်မယ်ထင်တာတွေကို မှတ်သားတဲ့ သဘောပါပဲ။ အဲဒါတွေကို မြန်မာဂျစ်ပစီရဲ့သန်းခေါင်ယံမှတ်စု လို့အမည်ပေးလိုက်ပါတယ်။ ဘယ်သူ့ကိုမှ လည်း ဖြနေ့်ဝဖို့မရည်ရွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်လို တားရော့ကိုစလေ့လာကြတဲ့သူတွေအတွက် အသုံး ဝင်ကောင်းဝင်နိုင်လိမ့်မယ်ထင်လို့ ဖြနေ့်ဝမျှရခြင်းဖြစ်ပါတယ်။

ကိုးကား မြန်မာဝီကီးပီးဒီးယား

တနင်္လာသက်ရောက်နှင့် အလုပ်ကံကြမ္မာ

 တနင်္လာသက်ရောက်နှင့် အလုပ်ကံကြမ္မာ

တနင်္လာသက်ရောက်ဆိုတာကိုအရင်စပြော ကြရအောင်ဗျာ။ဗေဒင်တတ်ကျွမ်းသူတွေကတော့ တနင်္လာ သက်ရောက်ဆိုတာကိုသိနိုင်ပေမဲ့ နားမလည်သူတွေကတော့ ဘာမှန်းမသိဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် တနင်္လာ သက်ရောက် ဘယ်အသက်အပိုင်းအခြားတွေမှာ ကျရောက်သလဲဆိုတာကို နေသားတစ်ဦးချင်းစီအလိုက်အောက် မှာရေးပေးထားပါတယ်ဗျာ။
တနင်္ဂနွေသားသမီးများ ••• 18 /26 /34 /42 / 50 /58 / 66 နှစ်
တနင်္လာသားသမီးများ ••• 17 /25 / 33 / 41 /49 / 57 /65 နှစ်
အင်္ဂါသားသမီးများ ••• 16 / 24 / 32 / 40 / 48 / 56 / 64 နှစ်
ဗုဒ္ဓဟူးသားသမီးများ ••• 15 / 23 / 31 / 39 / 47 / 55 / 63 / နှစ်
ရာဟုသားသမီးများ…20/ 28/ 36 / 44/ 52 /60/ 68 နှစ်
ကြာသာပတေးသားသမီးများ ••• 21 / 29 /37 / 45 / 53 / 61 နှစ်
သောကြာသားသမီးများ••• 19 / 27 / 35 / 43 /51 /59 / 67 နှစ်
စနေသားသမီးများ ••• 14 /22 /30 / 38 /46 /54 / 62 /70 နှစ်
ဒါကတော့ နေ့သားတစ်ဦးချင်းစီအလိုက် တနင်္လာသက်ရောက်ထဲ ကျရောက်မဲ့ နှစ်အပိုင်းအခြားတွေပါ။ အသက်တွက်တာကလဲ အချို့က အယူအဆလွဲနေတာဗျ။
ဥပမာပြောရအောင် ကိုယ်က 2000ခုနှစ် March လ 31 ရက်နေ့မှာ မွေးဖွားတယ်ဆိုပါစို့ ။ ဒါဆို 2020 ခု၊March လ၊ 31 ရက်နေ့ဆို အသက် 20 နှစ်ပြည့်ပါတယ်။ ဒါကြောင့် မွေးနေ့ကျော်လို့ April လ ၊1ရက်နေ့ရောက်တာနဲ့ အသက် 21နှစ်လို့ ယူရမှာပါ။နားလည်မယ်လို့ ထင်ပါတယ်။
လူတစ်ယောက်ဟာ တနင်္လာသက်ရောက်ထဲရောက်နေပြီဆို ထိုနှစ်ထဲမှာအလုပ်နဲ့ ပက်သက်ပြီး ကံအခြေ အနေတွေကတစ်မျိုးတစ်ဖုံပြောင်းလဲသွားတတ်ပါတယ်။ တနင်္လာသက်ရောက်ထဲရောက်နေတဲ့ တစ်နှစ်တာကာလပြီးရင် အဆိုးလောကဓံတွေဖြစ်တဲ့ အင်္ဂါ၊ဗုဒ္ဓဟူး၊စနေ သက်ရောက်တွေကို ဖြတ်သန်းရပါလိမ့်မယ်။ ဒါကြောင့် တနင်္လာသက်ရောက်ဟာလူတစ်ယောက်ချင်းစီအတွက်အခရာကျတဲ့ နှစ်တစ်ခုပါပဲ။
ဒါကြောင့်တနင်္လာသက်ရောက်နေတဲ့နှစ်ဟာ အတိမ်းအစောင်းမခံပါဘူး။ ကြိုးတန်းပေါ်လမ်းလျှောက်ရသ လိုပါပဲ။ ဟန်ချက်ပျက်တာနဲ့ ပြုတ်ကျသွားနိုင်ပါတယ်။ တနင်္လာသက်ရောက်ဟာဘာကိုဒုက္ခပေးသလဲဆိုရင် အလုပ်ကို ဒုက္ခပေးပါတယ်။ နားလည်အောင်ပြောရရင် ဝန်ထမ်းဆိုအလုပ်မှာအခက်အခဲများလာတယ်။ ဖိအားတွေ များလာတတ်တယ်။ အလုပ်မှာဆက်လက်လုပ်ကိုင်ဖို့ ဆန္ဒမရှိတော့ဘူး။
အထက်လူကြီးကြောင့် စိတ်ညစ်ရတာမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ​့အစေးမကပ် တော့တာမျိုးဖြစ်စေ၊အလုပ်မှာ တာဝန်ယူ၊ တာဝန်ခံရတာများပြီး လစာမတိုးတာမျိုးတွေ စသည်ဖြင့်သောအကြောင်းအရာတွေကြောင့် အလုပ်မှာမပျော်တာတွေဖြစ် လာတတ်ပါတယ်။
မနက်ခင်းရုံးတတ်ရမှာကိုကြောက်နေမိတတ်ပါတယ်။ တနင်္လာသက်ရောက်ထဲမှာ ဒီလိုအခြေအနေကြုံ လာရပြီဆိုရင်တော့ ပထမဦးစွာ ခေါင်းအေးအေးထားပြီး စဉ်းစားပါ။ ငါဒီအလုပ်ကနေ ထွက်မှာလား…? နောက် အလုပ်ကရော အဆင်သင့်ချိတ်ဆက်ထားပြီးပြီလား….?…ငါကရောဘာလုပ်ချင်နေတာလဲ….? လက်ရှိအလုပ်က အခက်အခဲအကြပ်အတည်းတွေကို မဖြေရှင်းနိုင်တော့ဘူးလား..?
စသည်ဖြင့် မိမိကိုယ်ကိုမေးစေချင်ပါတယ်။ ထိုသို့ မေးပြီးမှဘာလုပ်သင့်လဲ ဆိုတာကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချပါ။
အချို့ကတော့ လက်ရှိအလုပ်ကကောင်းတယ်။ ဒါပေမဲ့အခြားသူတွေရဲ့စကားကိုနားယောင်နေမိတတ်ပါ တယ်။ ဒါကြောင့်စိတ်ထဲမှာ ဒီအလုပ်ကတော့ အဆင်မပြေပါဘူး။ ရေရှည်လဲမကောင်းဘူး။ ဟိုအလုပ်ဆိုရင်တော့ အရမ်းကောင်းမှာပဲ…စသည်ဖြင့်အတွေးဝင်လာတတ်ပါတယ်။
ကိုယ်ပိုင်အလုပ်များလုပ်ကိုင်မဲ့သူများကလဲ ဒီနှစ်အလုပ်သစ်စဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ သေချာ planဆွဲပါ။ နားလည်သူတွေနဲ့ တိုင်ပင်ပါ။ ကိုယ်လုပ်မဲ့အလုပ်အပေါ် ထဲထဲဝင်ဝင် နားလည်တတ်ကျွမ်းပါစေ။ plan A အပြင် plan B ဆိုတာမျိုးကိုပါထည့်စဉ်းစားထားရမဲ့ကာလပါ။ သေချာပြီးဆိုတော့မှစတင်ပါ။
တနင်္လာသက်ရောက်ဆိုတာ အကောင်းတွေရှိသလိုအဆိုးတွေလဲရှိပါတယ်။ အထူးသဖြင့်အလုပ်နဲ့ပက်သက်ရင် ကမောက်ကမ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် တနင်္လာသက်ရောက်ထဲ ရောက်နေတဲ့နှစ်အပိုင်းအခြားထဲ မှာအလုပ်နဲ့ပက်သက်ပြီး ကြီးမားတဲ့ဆုံးဖြတ်ချက်တွေချတော့မယ်ဆို ခေါင်းအေးအေးထားပြီးစဉ်းစားပါ။ အလုပ်သစ်စီးပွားသစ်ထူထောင်မယ်ဆို အဖက်ဖက်ကပြင်ဆင်ပြီးမှ လုပ်စေချင်ပါတယ်။
တနင်္လာသက်ရောက်ထဲ ပေါ့ပေါ့ပါးပါးနဲ့ အလုပ်အတွက် စိတ်မပူရဘဲ ဖြတ်သန်းသွားရတဲ့သူတွေလဲ ရှိကြသလို ….အလုပ်နဲ့ပက်သက်ပြီး သောကများစွာကြုံရမဲ့သူတွေလဲ ရှိနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်နဲ့ ပက်သက်ရင် သတိလေးနဲ့နေသင့်တဲ့နှစ်ပါ။
တနင်္လာသက်ရောက်ထဲမှာ အလုပ်နဲ့ပက်သက်ပြီး ထူးခြားတာလေးတွေ ကြုံခဲ့ရသူဆို commentsမှာ မိမိအတွေ့အကြုံလေးတွေ ဖလှယ်သွားနိုင်ပါတယ်ဗျ
အလုပ်နဲ့ပက်သက်ပြီးတွေးဆဆင်ခြင်နိုင်ကြပါစေဗျာ……..။
၇ရက်သားသမီးအပေါင်း ကောင်းသော
လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
Viber only -09775555695
Zawgyi
တနင်္လာသက်ရောက်နှင့် အလုပ်ကံကြမ္မာ
တနင်္လာသက်ရောက်ဆိုတာကိုအရင်စပြော ကြရအောင်ဗျာ။ဗေဒင်တတ်ကျွမ်းသူတွေကတော့ တနင်္လာ သက်ရောက်ဆိုတာကိုသိနိုင်ပေမဲ့ နားမလည်သူတွေကတော့ ဘာမှန်းမသိဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် တနင်္လာ သက်ရောက် ဘယ်အသက်အပိုင်းအခြားတွေမှာ ကျရောက်သလဲဆိုတာကို နေသားတစ်ဦးချင်းစီအလိုက်အောက် မှာရေးပေးထားပါတယ်ဗျာ။
တနင်္ဂနွေသားသမီးများ ••• 18 /26 /34 /42 / 50 /58 / 66 နှစ်
တနင်္လာသားသမီးများ ••• 17 /25 / 33 / 41 /49 / 57 /65 နှစ်
အင်္ဂါသားသမီးများ ••• 16 / 24 / 32 / 40 / 48 / 56 / 64 နှစ်
ဗုဒ္ဓဟူးသားသမီးများ ••• 15 / 23 / 31 / 39 / 47 / 55 / 63 / နှစ်
ရာဟုသားသမီးများ…20/ 28/ 36 / 44/ 52 /60/ 68 နှစ်
ကြာသာပတေးသားသမီးများ ••• 21 / 29 /37 / 45 / 53 / 61 နှစ်
သောကြာသားသမီးများ••• 19 / 27 / 35 / 43 /51 /59 / 67 နှစ်
စနေသားသမီးများ ••• 14 /22 /30 / 38 /46 /54 / 62 /70 နှစ်
ဒါကတော့ နေ့သားတစ်ဦးချင်းစီအလိုက် တနင်္လာသက်ရောက်ထဲ ကျရောက်မဲ့ နှစ်အပိုင်းအခြားတွေပါ။ အသက်တွက်တာကလဲ အချို့က အယူအဆလွဲနေတာဗျ။
ဥပမာပြောရအောင် ကိုယ်က 2000ခုနှစ် March လ 31 ရက်နေ့မှာ မွေးဖွားတယ်ဆိုပါစို့ ။ ဒါဆို 2020 ခု၊March လ၊ 31 ရက်နေ့ဆို အသက် 20 နှစ်ပြည့်ပါတယ်။ ဒါကြောင့် မွေးနေ့ကျော်လို့ April လ ၊1ရက်နေ့ရောက်တာနဲ့ အသက် 21နှစ်လို့ ယူရမှာပါ။နားလည်မယ်လို့ ထင်ပါတယ်။
လူတစ်ယောက်ဟာ တနင်္လာသက်ရောက်ထဲရောက်နေပြီဆို ထိုနှစ်ထဲမှာအလုပ်နဲ့ ပက်သက်ပြီး ကံအခြေ အနေတွေကတစ်မျိုးတစ်ဖုံပြောင်းလဲသွားတတ်ပါတယ်။ တနင်္လာသက်ရောက်ထဲရောက်နေတဲ့ တစ်နှစ်တာကာလပြီးရင် အဆိုးလောကဓံတွေဖြစ်တဲ့ အင်္ဂါ၊ဗုဒ္ဓဟူး၊စနေ သက်ရောက်တွေကို ဖြတ်သန်းရပါလိမ့်မယ်။ ဒါကြောင့် တနင်္လာသက်ရောက်ဟာလူတစ်ယောက်ချင်းစီအတွက်အခရာကျတဲ့ နှစ်တစ်ခုပါပဲ။
ဒါကြောင့်တနင်္လာသက်ရောက်နေတဲ့နှစ်ဟာ အတိမ်းအစောင်းမခံပါဘူး။ ကြိုးတန်းပေါ်လမ်းလျှောက်ရသ လိုပါပဲ။ ဟန်ချက်ပျက်တာနဲ့ ပြုတ်ကျသွားနိုင်ပါတယ်။ တနင်္လာသက်ရောက်ဟာဘာကိုဒုက္ခပေးသလဲဆိုရင် အလုပ်ကို ဒုက္ခပေးပါတယ်။ နားလည်အောင်ပြောရရင် ဝန်ထမ်းဆိုအလုပ်မှာအခက်အခဲများလာတယ်။ ဖိအားတွေ များလာတတ်တယ်။ အလုပ်မှာဆက်လက်လုပ်ကိုင်ဖို့ ဆန္ဒမရှိတော့ဘူး။
အထက်လူကြီးကြောင့် စိတ်ညစ်ရတာမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အစေးမကပ် တော့တာမျိုးဖြစ်စေ၊အလုပ်မှာ တာဝန်ယူ၊ တာဝန်ခံရတာများပြီး လစာမတိုးတာမျိုးတွေ စသည်ဖြင့်သောအကြောင်းအရာတွေကြောင့် အလုပ်မှာမပျော်တာတွေဖြစ် လာတတ်ပါတယ်။
မနက်ခင်းရုံးတတ်ရမှာကိုကြောက်နေမိတတ်ပါတယ်။ တနင်္လာသက်ရောက်ထဲမှာ ဒီလိုအခြေအနေကြုံ လာရပြီဆိုရင်တော့ ပထမဦးစွာ ခေါင်းအေးအေးထားပြီး စဉ်းစားပါ။ ငါဒီအလုပ်ကနေ ထွက်မှာလား…? နောက် အလုပ်ကရော အဆင်သင့်ချိတ်ဆက်ထားပြီးပြီလား….?…ငါကရောဘာလုပ်ချင်နေတာလဲ….? လက်ရှိအလုပ်က အခက်အခဲအကြပ်အတည်းတွေကို မဖြေရှင်းနိုင်တော့ဘူးလား..?
စသည်ဖြင့် မိမိကိုယ်ကိုမေးစေချင်ပါတယ်။ ထိုသို့ မေးပြီးမှဘာလုပ်သင့်လဲ ဆိုတာကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချပါ။
အချို့ကတော့ လက်ရှိအလုပ်ကကောင်းတယ်။ ဒါပေမဲ့အခြားသူတွေရဲ့စကားကိုနားယောင်နေမိတတ်ပါ တယ်။ ဒါကြောင့်စိတ်ထဲမှာ ဒီအလုပ်ကတော့ အဆင်မပြေပါဘူး။ ရေရှည်လဲမကောင်းဘူး။ ဟိုအလုပ်ဆိုရင်တော့ အရမ်းကောင်းမှာပဲ…စသည်ဖြင့်အတွေးဝင်လာတတ်ပါတယ်။
ကိုယ်ပိုင်အလုပ်များလုပ်ကိုင်မဲ့သူများကလဲ ဒီနှစ်အလုပ်သစ်စဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ သေချာ planဆွဲပါ။ နားလည်သူတွေနဲ့ တိုင်ပင်ပါ။ ကိုယ်လုပ်မဲ့အလုပ်အပေါ် ထဲထဲဝင်ဝင် နားလည်တတ်ကျွမ်းပါစေ။ plan A အပြင် plan B ဆိုတာမျိုးကိုပါထည့်စဉ်းစားထားရမဲ့ကာလပါ။ သေချာပြီးဆိုတော့မှစတင်ပါ။
တနင်္လာသက်ရောက်ဆိုတာ အကောင်းတွေရှိသလိုအဆိုးတွေလဲရှိပါတယ်။ အထူးသဖြင့်အလုပ်နဲ့ပက်သက်ရင် ကမောက်ကမ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် တနင်္လာသက်ရောက်ထဲ ရောက်နေတဲ့နှစ်အပိုင်းအခြားထဲ မှာအလုပ်နဲ့ပက်သက်ပြီး ကြီးမားတဲ့ဆုံးဖြတ်ချက်တွေချတော့မယ်ဆို ခေါင်းအေးအေးထားပြီးစဉ်းစားပါ။ အလုပ်သစ်စီးပွားသစ်ထူထောင်မယ်ဆို အဖက်ဖက်ကပြင်ဆင်ပြီးမှ လုပ်စေချင်ပါတယ်။
တနင်္လာသက်ရောက်ထဲ ပေါ့ပေါ့ပါးပါးနဲ့ အလုပ်အတွက် စိတ်မပူရဘဲ ဖြတ်သန်းသွားရတဲ့သူတွေလဲ ရှိကြသလို ….အလုပ်နဲ့ပက်သက်ပြီး သောကများစွာကြုံရမဲ့သူတွေလဲ ရှိနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်နဲ့ ပက်သက်ရင် သတိလေးနဲ့နေသင့်တဲ့နှစ်ပါ။
တနင်္လာသက်ရောက်ထဲမှာ အလုပ်နဲ့ပက်သက်ပြီး ထူးခြားတာလေးတွေ ကြုံခဲ့ရသူဆို commentsမှာ မိမိအတွေ့အကြုံလေးတွေ ဖလှယ်သွားနိုင်ပါတယ်ဗျ
အလုပ်နဲ့ပက်သက်ပြီးတွေးဆဆင်ခြင်နိုင်ကြပါစေဗျာ……..။
၇ရက်သားသမီးအပေါင်း ကောင်းသော
လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
Viber only -09775555695

ဒုက္ခလောကဓံ သို့မဟုတ် ဗုဒ္ဓဟူးသက်ရောက်

 ဒုက္ခလောကဓံ သို့မဟုတ် ဗုဒ္ဓဟူးသက်ရောက်

Unicode
ဒုက္ခ…..စာလုံးအရေအတွက်က နည်းပေမဲ့ ခံစားရတဲ့ဝေဒနာကတော့ မနည်းပေ။ ဒုက္ခဆိုတာကိုတော့ လူ အတော်များများ ကြုံဆုံခဲ့ဖူးမှာပါ။ ထိုဒုက္ခတောထဲမှာ ဘဝပျက်သွားသူတွေ၊ လက်မြောက်အရှုံးပေးသွားသူတွေ မရေတွက်နိုင်အောင်ရှိကြသလို ဒုက္ခတွေကိုခါးစည်းခံပြီး ပြန်လည်ထူထလာနိုင်သူတွေလဲရှိခဲ့မှာပါ။
လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အတိတ်ကံအရ ဒုက္ခကြီးတာနဲ့သေးတာနဲ့ပဲ ကွာပါတယ်။ ဒုက္ခရောက်တဲ့ နှစ်တွေကိုတော့ဖြတ်သန်းခဲ့ကြဖူးမှာပါ။
ပုံပြင်လေးတစ်ပုဒ်ကြားဖူးပါတယ်။မျောက်တစ်ကောင်က လူတွေ ပြောပြော နေတဲ့ ဒုက္ခဆိုတဲ့အရာကို သူအရမ်းသိချင်တယ်။
တစ်နေ့ကျတော့ မျောက်ကလူတစ်ယောက်ကို မေးမိတယ်။ “ခင်ဗျားတို့ အမြဲညည်းနေတဲ့ ဒုက္ခဆိုတာ ဘာလဲဗျ…ကျုပ်လဲသိချင်တယ်”
ထိုလူက မျောက်ကိုပီနံအိတ်တစ်လုံးပေးလိုက်ပြီး ….”ဒီအိတ်ကိုမင်းထမ်းသွားကွာ…သစ်ပင်သစ်ရိပ်မရှိတဲ့ ကွင်းပြင်ရောက်ရင်ဖွင့်ကြည့် ….ဒုက္ခဆိုတာကို မင်းနဖူးတွေ့ဒူးတွေ့ မြင်ရလိမ့်မယ်…”
မျောက်ကလဲ အားရဝမ်းသာနဲ့ ပီနံအိတ်ကိုကျောမှာထမ်းပြီးသွားပါတော့တယ်…ကွင်းပြင်ထဲရောက်တော့ ပီနံအိတ် ကိုဖွင့်လိုက်တဲ့အခါ ဒေါသထွက်နေတဲ့ ခွေးတစ်ကောင်ထွက်လာပြီး မျောက်ကိုလိုက်ကိုက်ပါတော့တယ်။
ကွင်းပြင်ဆိုတော့ တက်ပြေးစရာသစ်ပင်ကလဲမရှိ ၊နေကလဲပူ၊ ပြေးလိုက်နေတဲ့ခွေးလက်ကလွတ်အောင်လဲ အားကုန်ပြေးရပါတော့တယ်။
စာဖတ်နေသူတွေအတွက် ဒီပုံပြင်ဟာ ဟာသတစ်ပုဒ်လဲဖြစ်ချင်ဖြစ်နေမှာပါ။ မျောက်အတွက် တော့ ထိုခဏတာ ဟာ အလွန်ဒုက္ခကြီးမဲ့ကာလပါပဲ။ ဒုက္ခဆိုတာကလဲ နှစ်တွေကြာသွားတဲ့အခါ ပြန်ပြောစရာဟာသတစ်ပုဒ်လဲ ဖြစ်ချင်ဖြစ်နေတတ်တာပဲလေ။
ဗေဒင်ပညာကိုလေ့လာတော့ လောကဓံရှစ်ပါး သက္ခတ်ပညာကို လေ့လာသင်ယူခွင့်ရခဲ့တယ်။ ထိုသက္ခတ်ပညာမှာဗုဒ္ဓဟူးသက်ရောက်ဆိုတာမျိုးရှိတယ်ဗျ။အဲဒါကဒုက္ခံလောကဓံပါပဲ။လူတွေကို အကြီးအကျယ် ဒုက္ခများစေတဲ့ဗုဒ္ဓဟူးသက်ရောက်ဆိုတာအရမ်းကြောက်စရာကောင်းတဲ့ ဒုက္ခအစုအဝေးတစ်ခုပါပဲ။
ဗေဒင်ဟောသက် ကြာလာတော့ဒုက္ခလောကဓံဆိုတာလောကဓံရှစ်ပါးထဲမှာ အဆိုးဆုံးဆိုတာ သုံးသပ်မိတယ်။ လူတစ်ယောက်ဟာ ဒုက္ခလောကဓံထဲရောက်ပြီ ဆိုရင်တော့ အမျိုးမျိုးသော ဆိုးကျိုးတွေခံစားရပါတော့တယ်….။
ဥပမာ ပြောရရင် ….
* လူလိမ်ခံရခြင်း
*အုပ်စုဖွဲ့ ရိုက်နှက်လုပ်ကြံခြင်းကိုခံရခြင်း
*ငွေကြေးမြောက်များစွာ ဆုံးရှုံးနစ်နာရခြင်း
*စပ်တူလုပ်မိရင် ပြဿနာများခြင်း
*လုပ်ငန်းသစ်စမိရင် အရှုံးနှင့်ရင်ဆိုင်ရခြင်း
*နိုင်ငံခြားထွက်စီးပွားရှာပါက အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခရောက်ရခြင်း
*အသင်းအဖွဲ့ ပါတီတွေမှာ ရာထူးကြီးကြီး တာဝန်ယူထားပါက ရုတ်တရက်ထုတ်ပယ်ခံရခြင်း
*ကျန်းမာရေးရုတ်တရက် အားနည်းယုတ်လျော့လာခြင်း
*ချစ်သူရဲ့လမ်းခွဲခြင်းကို ခံရခြင်း
*အရှက်တကွဲအကျိုးနည်းဖြစ်စရာကိစ္စများကြုံရခြင်း
*အမှုအခင်းဖြစ်ခြင်း
*မင်္ဂလာကိစ္စများ ရက်ရွှေ့ခံရခြင်း
*အိမ်ထောင်ရေး အိမ်တွင်းရေးမကောင်းခြင်း
စတဲ့စတဲ့ဆိုးကျိုးတွေ ကြုံရဆုံရတတ်ပါတယ်။
၇ရက်သားသမီးအားလုံး အနည်းနဲ့အများတော့ ဒုက္ခများရတတ်တဲ့ နှစ်လို့ပြောရမှာပါပဲ။
ဒီဒုက္ခံလောကဓံကို နေ့သားတစ်ဦးချင်းစီအလိုက် ကြုံရမဲ့နှစ်အပိုင်းအခြားတွေကတော့ မတူညီကြပါဘူး။
အောက်မှာနေ့သားအလိုက် ရေးပေးထားပါတယ်။
တနင်္ဂနွေ သားသမီးများ …..အသက် ၄ ၁၂ ၂၀ ၂၈ ၃၆ ၄၄ ၅၂ ၆၀ ၆၈ ၇၆ နှစ်များ
တနင်္လာ သားသမီးများ……အသက် ၃ ၁၁ ၁၉ ၂၇ ၃၅ ၄၃ ၅၁ ၅၉ ၆၇ ၇၅ နှစ်များ
အင်္ဂါ သားသမီးများ……အသက် ၂ ၁၀ ၁၈ ၂၆ ၃၄ ၄၂ ၅၀ ၅၈ ၆၆ ၇၄ နှစ်များ
ဗုဒ္ဓဟူး သားသမီးများ…….အသက် ၁ ၉ ၁၇ ၂၅ ၃၃ ၄၁ ၄၉ ၅၇ ၆၅ ၇၃ နှစ်များ
စနေ သားသမီးများ…….အသက် ၈ ၁၆ ၂၄ ၃၂ ၄၀ ၄၈ ၅၆ ၆၄ ၇၂ ၈၀ နှစ်များ
ကြာသပတေးသားသမီးများ…..အသက် ၇ ၁၅ ၂၃ ၃၁ ၃၉ ၄၇ ၅၅ ၆၃ ၇၁ နှစ်များ
ရာဟု သားသမီးများ…….အသက် ၆ ၁၄ ၂၂ ၃၀ ၃၈ ၄၆ ၅၄ ၆၂ ၇၀ ၇၈ နှစ်များ
သောကြာ သားသမီးများ…အသက် ၅ ၁၃ ၂၁ ၂၉ ၃၇ ၄၅ ၅၃ ၆၁ ၆၉ ၇၇ နှစ်များ
စတဲ့နှစ်တွေဟာ ဗုဒ္ဓဟူးသက်ရောက် ဒုက္ခလောကဓံထဲရောက်နေတဲ့နှစ်တွေမှာပါပဲ။ ဒီနှစ်ပိုင်းမှာ တော်ရုံလူ ဆို နလန်ပြန်ထူဖို့ မလွယ်တဲ့နှစ်တွေပါ။ ဒီအသက်အပိုင်းခြားတွေရောက်လို့ ဒုက္ခမရောက်၊သောကမကြုံသူတွေ လဲရှိကြပါတယ်။ ရှားတယ်ပေါ့လေ….၊ ကုသိုလ်များသူနဲ့ သက်ရောက်အတိုင်းလိုက်လျောညီထွေနေသွားနိုင်တဲ့သူ ဆိုရင်တော့ အဆိုးနည်းတယ်ပေါ့ဗျ။
ကဲဒီဗုဒ္ဓဟူးသက်ရောက်ဒုက္ခလောကဓံထဲရောက်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားရမလဲ…?
ဘယ်လိုရှောင်ရန်ဆောင်ရန်တွေလုပ်ထားသင့်လဲ…..?
ပထမဦးစွာ ဒုက္ခသည်နဲ့တူအောင်နေပေးပါ။ ဒုက္ခသည်နဲ့တူအောင်ဘယ်လိုနေရမလဲ…ရှင်းပါတယ်။ ဇိမ်နဲ့ မနေပါနဲ့။ အပင်ပန်းခံပြီးအလုပ်လုပ်ပါ။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူဆို အောက်လက်ငယ်သားကိုပဲ လက်ညှိုးထိုးမခိုင်း ပါနဲ့။ ကိုယ်တိုင်လဲဝင်လုပ်ပါ။
လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဆိုပါစို့၊ ကောင်တာထိုင်ပြီးငွေအမ်းတာပဲ လုပ်မနေပါနဲ့။ ကိုယ်တိုင်လဲ အချိန်အားရင်အားသလို စားပွဲဝင်ထိုးပါ။ ဆိုင်သန့်ရှင်းရေးလုပ်ပါ။
အရင်က တစ်တောင်လောက်ရှိတဲ့ မွေ့ယာနဲ့အိပ်တယ်ဆိုရင် ထိုမွေ့ယာကို စတိုခန်းထဲသွားထည့်ပြီး ဖျာကြမ်းလောက်နဲ့အိပ်ပါ။ အရင်ကတစ်နေ့ကို ၁၀နာရီလောက်အိပ်ပြီး နေဖင်ထိုးမှထသူဆို ဒီနှစ်ထဲ ၇နာရီလောက် နဲ့အိပ်ရေးဝအောင်အိပ်ကြည့်ပါ။
စားကောင်းသောက်ဖွယ်တွေနဲ့ ကောင်းပေ့ညွှန့်ပေ့အစား အသောက်တွေပဲစားနေသူဆို အရန်ဟင်းလေးလောက်နဲ့စားကြည့်ပါ။ နိုင်တဲ့သူဆို သက်သတ်လွတ်ခဏခဏစား ပေးပါ။
စကားတင်စီးပြီးပြောတတ်သူတွေ ၊ မာနတစ်ခွဲသားနဲ့ မတူမတန်ဆက်ဆံသူတွေ ဒီကာလမှာဒုက္ခအကြီး အကျယ်ရောက်တတ်ပါတယ်။ ဘယ်သူမဆို ဒီနှစ်ပိုင်းတွေမှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနှင့် ချိုကျိုးနွားလား ဒွန်းစဏ္ဍားပမာ မာန်ချပါ။
ဂါရဝတရားရှိပါစေ။ ဗြဟ္မာစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီးနေထိုင်သွားရမှာပါ။ အိမ် မှာဆိုလဲ အိမ်သာဆေးတာကအစ အောက်ခြေသိမ်းအလုပ်တွေမိမိလုပ်ပါ။ အလုပ်ခွင်မှာလဲ သူများက ပင်ပန်းလို့ လက်ရှောင်တဲ့အလုပ်တွေကို မိမိကဝင်လုပ်ပေးလိုက်ပါ။
ဒါဆိုရင်အဆိုးတွေလျော့ပါးသက်သာပြီး အကောင်းတွေ ရောက်လာမယ်ဆိုတာပြောကြားရင်း……
၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
viber -09775555695
09445555695
ဒုက္ခလောကဓံ သို့မဟုတ် ဗုဒ္ဓဟူးသက်ရောက် (Zawgyi)

ဘဝတစ်ဆစ်ချိုး ပြောင်းလဲတတ်သောနှစ် သို့မဟုတ် စနေသက်ရောက်

 ဘဝတစ်ဆစ်ချိုး ပြောင်းလဲတတ်သောနှစ်

သို့မဟုတ်
စနေသက်ရောက်
လူတစ်ယောက်ဟာ စနေဂြိုဟ်စနေသက်ရောက်ထဲကို ရောက်နေပြီဆိုရင်တော့ မမေ့နိုင်စရာ အမှတ်ရစရာ ဖြစ်ရပ်မျိုးတွေ ကြုံရတတ်ပါတယ်။ ဘဝ တစ်ဆစ်ချိုး ပြောင်းလဲနိုင်တဲ့ အထိ ကံကအပြောင်းအလဲများပါတယ်။ စနေဂြိုဟ်အကြောင်းမပြောခင် TV မှာလာတဲ့ “တန်ခိုးထွန်းလင်း စနေဂြိုဟ်မင်း” series ဇာတ်ကားကိုကြည့်ဖူးကြမယ်ထင် ပါတယ်။
အဲဒီဇာတ်ကားထဲက လိုပါပဲ။စနေဂြိုဟ်ရဲ့ သဘောက အမှန်တရားကို မြတ်နိုးတယ်။ မကောင်းတဲ့သူတွေ မကောင်းတဲ့ အကျိုးဆက်ကို ခံစားရမယ်။ လူတစ်ယောက်ကို အမြင်မှန်ရစေဖို့ အထောက်အကူပြုတယ်။ တရားသဘောအရပြောမယ်ဆိုရင်တော့ ဖြစ်ခြင်း ပျက်ခြင်းသဘောတွေကို မျက်ဝါးထင်ထင်မြင်ရမဲ့ ဂြိုဟ်ပါပဲ။
ဒါကြောင့်ပဲ …စနေဂြိုဟ်က ချစ်ခြင်းတွေရှိသလို မုန်းခြင်းတွေရှိပါလား?.. အောင်မြင်ခြင်းတွေ ရရှိတတ်သလို ရှုံးနိမ့်ခြင်းတွေလဲ ရှိပါလား? … ကျန်းမာခြင်းနောက်ကွယ်မှာ ရောဂါဝေဒနာတွေကပ်ပါလာပါလား ဆိုတာကို ဒိဋ္ဌဓမ္မ မြင်အောင်ပြုမူတတ်ပါတယ်။ ဒါကြောင့်ပဲ စနေဂြိုဟ်ဆိုရင် လူတော်တော်များများ ကြောက်ကြပါတယ်။ ကြောက်ရလောက်အောင်လဲ စနေဂြိုဟ်က ရိုက်ချက်ပြင်းပါတယ်။
စနေသက်ရောက်ထဲရောက်နေတဲ့ အချစ်ရေးကိစ္စလေး စပြောရအောင်ဗျ။
*ချစ်သူက မိမိကို စိတ်ကုန်သွားတတ်ပြီး လမ်းခွဲစကားတွေ ပြောလာတတ်ပါတယ်။
* လက်ထပ်ဖို့ ရည်မှန်းထားရင် မင်္ဂလာမဆောင်ရဘဲ နှစ်ဦးသဘောတူ လက်ထပ်လိုက်ရတာမျိုး၊ မင်္ဂလာဆွမ်းကပ်ရတာမျိုးနဲ့ပြီးသွားတတ်ပါတယ်။
* ချစ်သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် အနေဝေးရာက စိတ်ချင်းပါ ဝေးသွားတာမျိုး ကြုံ ရတတ်ပါတယ်။
လူမှုရေး အကြောင်းဆက်ရအောင်
* မိတ်ဆွေကောင်းရှားနေတတ်တယ်။ ဒုက္ခပေးမဲ့သူတွေပဲ ဝန်းရံနေလိမ့်မယ်။
* မိမိထက်ငယ်ရွယ်သူတွေရဲ့ သြဇာပေးတာ ဆရာလုပ်တာခံရတတ်ပါတယ်။
* အုပ်စုဖွဲ့ ချောက်ချ ခြင်းမျိုး ခံရတတ်ပါတယ်။
အလုပ်စီးပွား ကံတွေကတော့ စနေသက်ရောက်ထဲ ရောက်လာရင်
*စီးပွားပျက်တတ်ပါတယ်။ လုပ်လက်စအလုပ်တွေ
ရပ်တန့်သွားတတ်ပါတယ်။
* ဝန်ထမ်းများ မသွားချင်တဲ့ ဒေသမျိုးကို ပြောင်းရွှေ့
ခံရတတ်ပါတယ်။ အလုပ်ပြုတ်တတ်တယ်။
*အလုပ်လည်ပတ်နိုင်ဖို့ ငွေထပ်မထည့်နိုင်တော့တာမျိုးတွေလဲ ကြုံရတတ်ပါတယ်။
*လူလိမ်ခံရတတ်ပါတယ်။
*အောက်ဆိုဒ်ရှာသူများ ၊ တရားဥပဒေနဲ့ မလွတ်ကင်းတဲ့ စီးပွားလုပ်သူများ ထောင်တန်းရောက်တတ်ပါတယ်၊
ကျန်းမာရေး ဆိုးကျိုး ပေးပုံကတော့ ဒီလိုပါ။
*ရောဂါဟောင်း ဝေဒနာဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။
* accident ဖြစ်ပြီး ထိခိုက်ရှနာ ဖြစ်လွယ်ပါတယ်..၊
*ကိုယ်မဖြစ်ရင် ကိုယ့်မိသားစုထဲက အိမ်သားတစ်ဦး ကျန်းမာရေးညံ့သွားတတ်ပါတယ်။
ပညာရေးကံကို ပြောရရင်
* ပညာရေးအပေါ် စိတ်ကုန်လွယ်နေတတ်ပါတယ်။
*ဆရာသင်ကြားတဲ့ အပေါ်မှာ နားမလည်မှုတွေများ နေတတ်ပါတယ်။
* ကျက်ထားတာတွေ စာမေးပွဲခန်းထဲရောက်ရင် မေ့နေတတ်ပါတယ်။
ဒါကြောင့်ပဲ စနေဂြိုဟ် စနေသက်ရောက်ဟာ လူအတော်အများများကို ဒုက္ခပေးတတ်ပါတယ်။ စနေဂြိုဟ်က အဆိုးကြီးပဲ ကောင်းတာမရှိဘူးလား ..လို့ မေးစရာရှိပါတယ်။
အဲလိုမေးလာရင် စနေဂြိုဟ်ကကောင်းတဲ့ အချက်တွေ အများကြီးပါပဲလို့ ပြောရမှာပါ။ အဆိုးတွေ များလို့လားတော့ မသိဘူး….စနေသက်ရောက်ကို ဖြတ်သန်းပြီးရင် လူတွေ မာန်ကျိုးလာတယ်။ လူအောက်ကျို့ လာတယ်။ တစ်နေ့တစ်ကြိမ်တောင် ဘုရားဝတ်ပြုဖို့ မေ့နေတဲ့သူတွေ ပုတီးကြီးတကိုင်ကိုင်နဲ့ ဘုရားဖက်လာတတ်တယ်။ သံဝေဂဉာဏ်ရင့်သန်သူတွေ အသိထူး အမြင်ထူးတွေ ရလာတတ်ပါ။
အရင်ကထက် ကုသိုလ်တရားတွေ ပိုလုပ်ဖြစ်တယ်…၊ ကျရှုံးခဲ့တဲ့ အလုပ်စီးပွားတွေကြောင့် စိတ်ထိခိုက်မနေဘဲ….”လဲရင်ပြန်ထ ..ဒါဘဝပဲ” ကြွေးကြော် ကြိုးစားသူတွေ အောင်မြင်သွားတတ်တယ်။
ဒါကြောင့် စနေဂြိုဟ် စနေသက်ရောက်ထဲမှာ အားလျော့ လိုက်တဲ့သူတွေဆို နလန်ပြန်ထူဖို့ မလွယ်တော့ပါဘူး ။
ဘယ်လိုအခက်အခဲကြုံ ကြုံ ၊ ဘယ်လိုဒုက္ခတွေပဲရောက်ရောက် အရှုံးမပေးစေချင်ပါဘူး….။ စနေဂြိုဟ်ဟာ ဒုက္ခတွေပေးပြီးရင် သုခတွေလာတတ်ပါတယ်။ မုန်တိုင်းတိုက်ပြီး လေပြေညင်းလာတတ်သလိုပါပဲ….။ မုန်တိုင်းကို ကြံံ့ကြံ့ခံနိုင်ဖို့တော့ လိုပါတယ်….။ အထူးသဖြင့် စနေဂြိုဟ် စနေသက်ရောက်ထဲမှာ ၄ကြွင်း သမားတွေနဲ့ သုညကြွင်းသမားတွေဟာ အခြားအကြွင်းဖွားတွေထက် ကံပိုမိုညံ့တတ်ပါတယ်။ ထိုအကြွင်းဖွားတွေက စနေသက်ရောက်ထဲမှာ ကံပိုညံ့တတ်လို့ပါ။
(အကြွင်းဖွားဆိုသည်မှာ …မြန်မာမွေး ခုနှစ်ကို ၇နဲ့စားပြီး ရလာတဲ့ အကြွင်းကို ဆိုလိုတာပါ)
စနေသက်ရောက်ထဲကို ရောက်နေတဲ့ နေ့သားတစ်ဦးချင်းစီရဲ့ အသက်အပိုင်းအခြားတွေကတော့…
စနေ သား သမီးများ အသက်
၁ ၉ ၁၇ ၂၅ ၃၃ ၄၁ ၄၉ ၅၇ ၆၅ ၇၃ ၈၁ နှစ်များ
ကြာသပတေး သားသမီးများ အသက်
၈ ၁၆ ၂၄ ၃၂ ၄၀ ၄၈ ၅၆ ၆၄ ၇၂ ၈၀ ၈၈ နှစ်များ
ရာဟု သားသမီးများ အသက်
၇ ၁၅ ၂၃ ၃၁ ၃၉ ၄၇ ၅၅ ၆၃ ၇၁ ၇၉ ၈၇ နှစ်များ
သောကြာ သားသမီးများ အသက်
၆ ၁၄ ၂၂ ၃၀ ၃၈ ၄၆ ၅၄ ၆၂ ၇၀ ၇၈ ၈၆ နှစ်များ
တနင်္ဂနွေ သားသမီးများ အသက်
၅ ၁၃ ၂၁ ၂၉ ၃၇ ၄၅ ၅၃ ၆၁ ၆၉ ၇၇ ၈၅ နှစ်များ
တနင်္လာ သားသမီးများ အသက်
၄ ၁၂ ၂၀ ၂၈ ၃၆ ၄၄ ၅၂ ၆၀ ၆၈ ၇၆ ၈၄ နှစ်များ
ုအင်္ဂါ သားသမီးများ အသက်
၃ ၁၁ ၁၉ ၂၇ ၃၅ ၄၃ ၅၁ ၅၉ ၆၇ ၇၅ ၈၃ နှစ်များ
ုဗုဒ္ဓဟူး သားသမီး အသက်
၂ ၁၀ ၁၈ ၂၆ ၃၄ ၄၂ ၅၀ ၅၈ ၆၆ ၇၄ ၈၂ နှစ်များ
သည် စနေသက်ရောက်စနေဂြိုဟ် ထဲ ရောက်နေတဲ့ နှစ်တွေပါပဲ။
မိမိဟာ ရဲ့ အသက်အပိုင်းအခြားဟာ စနေသက်ရောက်ထဲသာရောက်နေခဲ့မယ်ဆိုရင်တော့ … အောက်ပါယတြာတွေကို လုပ်ပေးထားခြင်းဖြင့် စနေဂြိုဟ်ရဲ့ အဆိုးတွေမှ သက်သာခွင့်ရပါလိမ့်မယ်။
-စနေညနေစောင်းမှာ မိမိ၏ အဝတ်အထည်ဟောင်း တစ်စုံကို ငါ့ဒဏ်နင်ခံဆိုပြီး စီးနေတဲ့ ရေမှာ မျှောပစ်လိုက်ပါ။
– စနေညနေစောင်းမှာ နှင်းဆီပန်း (၇)ပွင့်ကို နို့ဆီဗူးခွံထဲမှာ ထည့်ပြီး “ငါ့ဒဏ်နင်ခံ “ဟု ပြော၍ ထုထောင်းကာ စွန့်ပစ်လိုက်ပါ။
-ဘာနေ့သားပဲ ဖြစ်ဖြစ် စနေနေ့မှာ သက်သတ်လွတ်စားပါ။
-အိုးတစ်လုံးသဲအပြည့်ထည့်ပါ….ထိုသဲအိုးပေါ်ကို အခွံချွတ်ပြီးသား အုန်းသီးတင်ပါ။ အုန်းသီးတွင် “အရဟံ “ဂုဏ်တော်ကို Marker pen နဲ့ရေးပါ…
ထိုနောက် ထိုအုန်းသီးတင်ထားသော သဲအိုးကို ဘုရားခန်းတစ်နေရာမှာ ခုံတစ်လုံးနှင့် တင်ထားလိုက်ပါ။ တစ်နေ့တကြိမ် အုန်းသီးပေါ် ဖယောင်းတိုင် တစ်တိုင် တင်ထွန်းပြီး (အရဟံ သိဒ္ဓိ သိဒ္ဓိ အရဟံ) ပုတီးတစ်လုံးချ၍ တစ်နေ့ ပုတီး တစ်ပတ် စိတ်ပါ ။ နေ့စဉ်စိပ်ပေးပါ…
ဒီလောက်ဆို စနေသက်ရောက်ထဲရောက်နေတဲ့
၇ရက်သားသမီးများအတွက် တစ်စိတ်တစ်ဒေသ အကူအညီဖြစ်မယ် ထင်ပါတယ်။.…အသေးစိပ်သိချင်ရင်တော့ နီးစပ်ရာဆရာတွေဆီမှာ အကြံယူမေးမြန်းစေချင်ပါတယ်။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)

ငွေကြေးကံကြမ္မာ (သို့) ကြာသပတေး သက်ရောက်

ကြာသပတေး သက်ရောက်ကိုတော့ အရုဏ်ဦးနဲ့တင်စားချင်တယ်။စနေသက်ရောက်ပြီးတော့ ကြာသပတေး သက်ရောက်ကိုကူးပါတယ်။ ဒါကြောင့် စနေသက်ရောက်ရဲ့ ညံ့တဲ့အရှိန်လေးတွေကို အနည်းငယ်ခံစားရတတ်တာကို အထူးတွေ့ရပါတယ်။
သန်းခေါင်ထက် ညဉ့်မနက်ဘူးလို့ ပြောလေ့ပြောထရှိကြပါတယ်။ စနေသက်ရောက်က သန်း ခေါင်းယံအချိန်ပါပဲ။ ဒါကြောင့် ကြာသပတေးသက်ရောက်က အရုဏ်ဦးပေါ့ဗျ။ အရုဏ်ဦးစောစောထကြဖူးမယ်ထင် ပါတယ်။ အလင်းရောင်အနည်းငယ်နဲ့အတူ အမှောင်ကလဲ ကြီးစိုးနေဆဲပါပဲ။
ဒါကြောင့်ပဲ ကြာသပတေးသက်ရောက်ဟာ အကောင်းအဆိုးရောထွေးနေတတ်တာကိုတွေ့ရပါတယ်။ ဘယ်လိုတွေရောထွေးနေသလဲဆက်ပြောရရင်တော့ ကိုယ်ပိုင်စီးပွားရေးသမားတစ်ယောက်ဆိုရင် အလုပ်အော်ဒါ တွေများလာပေမယ့် ၊ဆိုင်တွေဆိုဖောက်သည်တွေတိုးလာပေမယ့် အကြွေးကျတာမျိုးတွေအလွန်ဖြစ်တတ်ပါတယ်။ ရောင်းတော့ရောင်းရတယ်။ အကြွေးရောင်းရတယ်ဆိုတာမျိုးဖြစ်နေတတ်ပါတယ်။
လုပ်ငန်းတွေထပ်မချဲ့ပါနဲ့။ လုပ်ငန်းတွေကချဲ့ပြီး နောက်ကငွေမနိုင်တာမျိုးတွေအလွန်ဖြစ်တတ်တဲ့နှစ်ပါပဲ။ ဒီလိုနှစ်မျိုးဟာ ဘုရင့်နောင်ဖောင်ဖျက်ဆိုသလို လုပ်လို့မရဘူးဗျ။ အခြေအနေမဟန်ရင် နောက်တစ်နည်းဆိုတဲ့ plan B ဆိုတာမျိုးကိုလဲ စဉ်းစားသင့်ပါတယ်။ ဒါကြောင့်ဒီနှစ်မှာကုန်ပစ္စည်းလှောင်မယ်ဆိုရင်တော့ သတိထားပါ။ ရှင်းရှင်း ပြောရရင်တော့ ငွေမြုပ်အောင်ဘာမှမလုပ်နဲ့ဗျ။ ငွေမြုပ်သွားလို့ကတော့ ပြန်ဖော်ရခက်ခဲပြီလို့သာမှတ်လိုက်တော့။
ဒါကြောင့် ဒီလိုနှစ်မှာငွေအမှုအခင်းတွေဖြစ်တတ်တယ်ဗျ။ ချေးထားပြီးမရလို့ ကိုယ်ကအမှုလုပ်တာပဲဖြစ် ဖြစ်၊ ကိုယ်ကမပေးနိုင်လို့ အခြားလူတွေက တရားစွဲတာပဲဖြစ်ဖြစ်ကြုံရတတ်ပါတယ်။ကြာသပတေးသက်ရောက်မှာ တစ်ခုဆိုးတာက သူများအကြံပေးတာကိုလုပ်မိရင် လွဲချော်တာများတတ်တယ်။ မိမိစိတ်ကူးအကြံအစည်ကဒီနှစ်မှာ လက်တွေ့အသုံးတည့်လိမ့်မယ်။
ကိုယ်ပိုင်စီးပွားအသေးစားလေးစလုပ်မယ်လို့စိတ်ကူးရင်တော့ ဒီနှစ်ကအရမ်းကောင်းပါတယ်။ နည်းနည်းကနေအစပျိုးတာမျိုးကို ကြိုက်တဲ့နှစ်ပါ။ အချီကြီးစလုပ်မယ်ဆိုရင်တော့ မကောင်းဘူးဗျ။ ဒီလိုကြာသပတေးသက် ရောက်က ဟိုဆိုရိုးစကားနဲ့သွားညီတယ်ဗျ။ နာမည်ကြီး ထမင်းငတ် ဆိုတဲ့စကားလေ။ တကယ်လဲဟုတ်တယ်။ ဘေးလူအမြင်မှာတော့ ကိုယ်အဆင်ပြေနေတယ်လို့ထင်ကြတာ။ ကိုယ်တိုင်ကတော့ လုပ်သာလုပ်နေရပြီး ငွေကအစရှာမရဘူး။
ဝန်ထမ်းတွေဆိုအလုပ်တွေတိုးလာပြီး ငွေမတိုးတဲ့နှစ်ပေါ့ဗျ။ အချို့ကျတော့ ရာထူးတိုးတာခံရတယ်။ လစာကတော့ နည်းနည်းလေးတိုးပေးလိုက်တယ်။ လုပ်ခိုင်းတာကတော့ ရာထူးမတိုးခင်ထက် နှစ်ဆလုပ်နေရတတ် တယ်။ ဒါကြောင့် ဒီနှစ်မှာ ငွေကြေးစီမံခန့်ခွဲမှုတွေကိုတော့ လုံး၀ကျွမ်းကျင်ဖို့လိုပါတယ်။ အသုံးအဖြုန်းတွေ နားလည် မှအဆင်ပြေလိမ့်မယ်။
ဒီနှစ်ဟာ မနှစ်ကစနေသက်ရောက်မှာ ကံညံ့လို့ဆိုပြီး ဘာသာရေးဖိလုပ်တဲ့သူတွေဆိုရင်တော့ ဒီနှစ်မှာစတင် ပြီးကောင်းကျိုးတွေခံစားရလာတတ်ပါတယ်။ ဖြေးဖြေးမှန်မှန်နဲ့ လုပ်ကိုင်ဆောင်ရွက်သွားဖို့လိုတယ်။ အကြပ် အတည်းတွေကိုသည်းခံပြီးကျော်ဖြတ်သွားရင်ကောင်းကျိုးကိုရစေနိုင်ပါတယ်။
ဒီလိုကြာသပတေးသက်ရောက်မှာအထူးသတိထားရမယ့်သူတွေကတော့ သောကြာသားသမီးတွေပဲဖြစ်ပါ တယ်။ သောကြာသားသမီးတွေကတော့အထူးကံညံ့နေတာကိုတွေ့ရပါတယ်။ နောက်ပြီးမိမိတို့ရဲ့မွေးခုနှစ်ကို ၇နဲ့စား လို့ ၂ကြွင်းကြတဲ့ သူတွေကလဲ ဒီနှစ် ထင်သလောက်ကံမကောင်းတာမျိုးကိုလဲတွေ့ရပါတယ်။
ဒီလိုကြာသပတေးသက်ရောက်ကို ရောက်နေပြီ။ ကံတွေကလဲ ညံ့နေတယ်ဆိုအခြားအထွေအထူးယတြာတွေမလုပ် ပါနဲ့။ အကောင်းဆုံးကတော့ သရဏဂုံသုံးပါးဖြစ်စေ၊ မဟာသရဏဂုံတော်ကြီးဖြစ်စေ၊ သရဏံဂုံ (၃၀)ဂါထာကို ဖြစ်စေ မပြတ်ပွားနေခြင်းဖြင့် အညံ့အဆိုးတွေလျော့ပါးစေနိုင်ပါကြောင်းပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။
ဒီထက်အသေးစိပ်သိ ချင်ရင်တော့ နီးစပ်တဲ့ဆရာတွေဆီသာ မေးမြန်းတာကအကောင်းဆုံးပါပဲ။
ကြာသပတေးသက်ရောက်ထဲရောက်နေတဲ့ နေ့သားအလိုက်အသက်အပိုင်းအခြားများ
တနင်္ဂနွေသားသမီးများအသက်—၆/၁၄/၂၂/၃၀/၃၈/၄၆/၅၄/၆၂/၇၀/၇၈ နှစ်များ
တနင်္လာသားသမီးများအသက်—၅/၁၃/၂၁/၂၉/၃၇/၄၅/၅၃/၆၁/၆၉/၇၇ နှစ်များ
အင်္ဂါသားသမီးများ—၄/၁၂/၂၀/၂၈/၃၆/၄၄/၅၂/၆၀/၆၈/၇၆ နှစ်များ
ဗုဒ္ဓဟူးသားသမီးများ—၃/၁၁/၁၉/၂၇/၃၅/၄၃/၅၁/၅၉/၆၇/၇၅ နှစ်များ
စနေ သားသမီးများ—၂/၁၀/၁၈/၂၆/၃၄/၄၂/၅၀/၅၈/၆၆/၇၄ နှစ်များ
ကြာသပတေးသားသမီးများ—၁/၉/၁၇/၂၅/၃၃/၄၁/၄၉/၅၇/၆၅/၇၃ နှစ်များ
ရာဟုသားသမီးများ—၈/၁၆/၂၄/၃၂/၄၀/၄၈/၅၆/၆၄/၇၂ နှစ်များ
သောကြာသားသမီးများ— ၇/၁၅/၂၃/၃၁/၃၉/၄၇/၅၅/၆၃/၇၁ နှစ်များ
၇ရက်သားသမီးများအားလုံး
ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ
ဆရာငြိမ်းအေးလူ
viber-09775555695
ငွေကြေးကံကြမ္မာ (သို့) ကြာသပတေး သက်ရောက်
ကြာသပတေး သက်ရောက်ကိုတော့ အရုဏ်ဦးနဲ့တင်စားချင်တယ်။စနေသက်ရောက်ပြီးတော့ ကြာသပတေး သက်ရောက်ကိုကူးပါတယ်။ ဒါကြောင့် စနေသက်ရောက်ရဲ့ ညံ့တဲ့အရှိန်လေးတွေကို အနည်းငယ်ခံစားရတတ်တာကို အထူးတွေ့ရပါတယ်။
သန်းခေါင်ထက် ညဉ့်မနက်ဘူးလို့ ပြောလေ့ပြောထရှိကြပါတယ်။ စနေသက်ရောက်က သန်း ခေါင်းယံအချိန်ပါပဲ။ ဒါကြောင့် ကြာသပတေးသက်ရောက်က အရုဏ်ဦးပေါ့ဗျ။ အရုဏ်ဦးစောစောထကြဖူးမယ်ထင် ပါတယ်။ အလင်းရောင်အနည်းငယ်နဲ့အတူ အမှောင်ကလဲ ကြီးစိုးနေဆဲပါပဲ။
ဒါကြောင့်ပဲ ကြာသပတေးသက်ရောက်ဟာ အကောင်းအဆိုးရောထွေးနေတတ်တာကိုတွေ့ရပါတယ်။ ဘယ်လိုတွေရောထွေးနေသလဲဆက်ပြောရရင်တော့ ကိုယ်ပိုင်စီးပွားရေးသမားတစ်ယောက်ဆိုရင် အလုပ်အော်ဒါ တွေများလာပေမယ့် ၊ဆိုင်တွေဆိုဖောက်သည်တွေတိုးလာပေမယ့် အကြွေးကျတာမျိုးတွေအလွန်ဖြစ်တတ်ပါတယ်။ ရောင်းတော့ရောင်းရတယ်။ အကြွေးရောင်းရတယ်ဆိုတာမျိုးဖြစ်နေတတ်ပါတယ်။
လုပ်ငန်းတွေထပ်မချဲ့ပါနဲ့။ လုပ်ငန်းတွေကချဲ့ပြီး နောက်ကငွေမနိုင်တာမျိုးတွေအလွန်ဖြစ်တတ်တဲ့နှစ်ပါပဲ။ ဒီလိုနှစ်မျိုးဟာ ဘုရင့်နောင်ဖောင်ဖျက်ဆိုသလို လုပ်လို့မရဘူးဗျ။ အခြေအနေမဟန်ရင် နောက်တစ်နည်းဆိုတဲ့ plan B ဆိုတာမျိုးကိုလဲ စဉ်းစားသင့်ပါတယ်။ ဒါကြောင့်ဒီနှစ်မှာကုန်ပစ္စည်းလှောင်မယ်ဆိုရင်တော့ သတိထားပါ။ ရှင်းရှင်း ပြောရရင်တော့ ငွေမြုပ်အောင်ဘာမှမလုပ်နဲ့ဗျ။ ငွေမြုပ်သွားလို့ကတော့ ပြန်ဖော်ရခက်ခဲပြီလို့သာမှတ်လိုက်တော့။
ဒါကြောင့် ဒီလိုနှစ်မှာငွေအမှုအခင်းတွေဖြစ်တတ်တယ်ဗျ။ ချေးထားပြီးမရလို့ ကိုယ်ကအမှုလုပ်တာပဲဖြစ် ဖြစ်၊ ကိုယ်ကမပေးနိုင်လို့ အခြားလူတွေက တရားစွဲတာပဲဖြစ်ဖြစ်ကြုံရတတ်ပါတယ်။ကြာသပတေးသက်ရောက်မှာ တစ်ခုဆိုးတာက သူများအကြံပေးတာကိုလုပ်မိရင် လွဲချော်တာများတတ်တယ်။ မိမိစိတ်ကူးအကြံအစည်ကဒီနှစ်မှာ လက်တွေ့အသုံးတည့်လိမ့်မယ်။
ကိုယ်ပိုင်စီးပွားအသေးစားလေးစလုပ်မယ်လို့စိတ်ကူးရင်တော့ ဒီနှစ်ကအရမ်းကောင်းပါတယ်။ နည်းနည်းကနေအစပျိုးတာမျိုးကို ကြိုက်တဲ့နှစ်ပါ။ အချီကြီးစလုပ်မယ်ဆိုရင်တော့ မကောင်းဘူးဗျ။ ဒီလိုကြာသပတေးသက် ရောက်က ဟိုဆိုရိုးစကားနဲ့သွားညီတယ်ဗျ။ နာမည်ကြီး ထမင်းငတ် ဆိုတဲ့စကားလေ။ တကယ်လဲဟုတ်တယ်။ ဘေးလူအမြင်မှာတော့ ကိုယ်အဆင်ပြေနေတယ်လို့ထင်ကြတာ။ ကိုယ်တိုင်ကတော့ လုပ်သာလုပ်နေရပြီး ငွေကအစရှာမရဘူး။
ဝန်ထမ်းတွေဆိုအလုပ်တွေတိုးလာပြီး ငွေမတိုးတဲ့နှစ်ပေါ့ဗျ။ အချို့ကျတော့ ရာထူးတိုးတာခံရတယ်။ လစာကတော့ နည်းနည်းလေးတိုးပေးလိုက်တယ်။ လုပ်ခိုင်းတာကတော့ ရာထူးမတိုးခင်ထက် နှစ်ဆလုပ်နေရတတ် တယ်။ ဒါကြောင့် ဒီနှစ်မှာ ငွေကြေးစီမံခန့်ခွဲမှုတွေကိုတော့ လုံးဝကျွမ်းကျင်ဖို့လိုပါတယ်။ အသုံးအဖြုန်းတွေ နားလည် မှအဆင်ပြေလိမ့်မယ်။
ဒီနှစ်ဟာ မနှစ်ကစနေသက်ရောက်မှာ ကံညံ့လို့ဆိုပြီး ဘာသာရေးဖိလုပ်တဲ့သူတွေဆိုရင်တော့ ဒီနှစ်မှာစတင် ပြီးကောင်းကျိုးတွေခံစားရလာတတ်ပါတယ်။ ဖြေးဖြေးမှန်မှန်နဲ့ လုပ်ကိုင်ဆောင်ရွက်သွားဖို့လိုတယ်။ အကြပ် အတည်းတွေကိုသည်းခံပြီးကျော်ဖြတ်သွားရင်ကောင်းကျိုးကိုရစေနိုင်ပါတယ်။
ဒီလိုကြာသပတေးသက်ရောက်မှာအထူးသတိထားရမယ့်သူတွေကတော့ သောကြာသားသမီးတွေပဲဖြစ်ပါ တယ်။ သောကြာသားသမီးတွေကတော့အထူးကံညံ့နေတာကိုတွေ့ရပါတယ်။ နောက်ပြီးမိမိတို့ရဲ့မွေးခုနှစ်ကို ၇နဲ့စား လို့ ၂ကြွင်းကြတဲ့ သူတွေကလဲ ဒီနှစ် ထင်သလောက်ကံမကောင်းတာမျိုးကိုလဲတွေ့ရပါတယ်။
ဒီလိုကြာသပတေးသက်ရောက်ကို ရောက်နေပြီ။ ကံတွေကလဲ ညံ့နေတယ်ဆိုအခြားအထွေအထူးယတြာတွေမလုပ် ပါနဲ့။ အကောင်းဆုံးကတော့ သရဏဂုံသုံးပါးဖြစ်စေ၊ မဟာသရဏဂုံတော်ကြီးဖြစ်စေ၊ သရဏံဂုံ (၃၀)ဂါထာကို ဖြစ်စေ မပြတ်ပွားနေခြင်းဖြင့် အညံ့အဆိုးတွေလျော့ပါးစေနိုင်ပါကြောင်းပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။
ဒီထက်အသေးစိပ်သိ ချင်ရင်တော့ နီးစပ်တဲ့ဆရာတွေဆီသာ မေးမြန်းတာကအကောင်းဆုံးပါပဲ။
ကြာသပတေးသက်ရောက်ထဲရောက်နေတဲ့ နေ့သားအလိုက်အသက်အပိုင်းအခြားများ
တနင်္ဂနွေသားသမီးများအသက်—၆/၁၄/၂၂/၃၀/၃၈/၄၆/၅၄/၆၂/၇၀/၇၈ နှစ်များ
တနင်္လာသားသမီးများအသက်—၅/၁၃/၂၁/၂၉/၃၇/၄၅/၅၃/၆၁/၆၉/၇၇ နှစ်များ
အင်္ဂါသားသမီးများ—၄/၁၂/၂၀/၂၈/၃၆/၄၄/၅၂/၆၀/၆၈/၇၆ နှစ်များ
ဗုဒ္ဓဟူးသားသမီးများ—၃/၁၁/၁၉/၂၇/၃၅/၄၃/၅၁/၅၉/၆၇/၇၅ နှစ်များ
စနေ သားသမီးများ—၂/၁၀/၁၈/၂၆/၃၄/၄၂/၅၀/၅၈/၆၆/၇၄ နှစ်များ
ကြာသပတေးသားသမီးများ—၁/၉/၁၇/၂၅/၃၃/၄၁/၄၉/၅၇/၆၅/၇၃ နှစ်များ
ရာဟုသားသမီးများ—၈/၁၆/၂၄/၃၂/၄၀/၄၈/၅၆/၆၄/၇၂ နှစ်များ
သောကြာသားသမီးများ— ၇/၁၅/၂၃/၃၁/၃၉/၄၇/၅၅/၆၃/၇၁ နှစ်များ
၇ရက်သားသမီးများအားလုံး
ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ
ဆရာငြိမ်းအေးလူ
viber-09775555695

 အိုအေစစ်နှင့်တူသောနှစ် (သို့)ရာဟုသက်ရောက်

ကံကြမ္မာက လူတွေကို စမ်းသပ်တဲ့နည်းနှစ်မျိုးရှိပါတယ်။ ပထမတစ်နည်းက လူတစ်ယောက်ကို ဒုက္ခရောက် အောင်လုပ်ပြီး အဆိုးလောကဓံတွေကို ဘယ်လောက်ကြံ့ကြံ့ခံနိုင်လဲ စောင့်ကြည့် ပါတယ်။ အချို့တွေက ဒုက္ခတွေ ကြားမှာ သီလတွေပျက်ကုန်တယ်။ ဒုက္ခကိုရင်မဆိုင်ဘဲ ဘ၀ကြီးကို ရေစုံမျောလိုက်ကြတယ်။ ဒါနဲ့ပဲ နလံမထူတော့ ဘူး။ ဒုတိယတစ်နည်းက လူတစ်ယောက်ကို လောကီစည်းစိမ်နဲ့ဖျက်စီးခြင်းပါ။ ငွေတွေအစုလိုက်ပေးလိုက်တယ်။ ကာမဂုဏ်ကိစ္စတွေ ပတ်ဝန်းကျင်မှာ ဝန်းရံပေးလိုက်တယ်။ အဲဒီမှာ လောကီစည်းစိမ်နဲ့ ကိလေသာရေယဉ်ကြောမှာ မျောပြီး အမှားအမှန်အကောင်းအဆိုးတွေကို ခွဲခြားမသိဘဲ ဒုက္ခတွေကိုဖြစ်သွားတတ်ပါတယ်။
ရာဟုသက်ရောက်ဆိုတာကတော့ အခုပြောတဲ့ နှစ်မျိုးထဲက ဒုတိယနည်းလမ်းလို့ပဲပြောရပါလိမ့်မယ်။ ဒါကြောင့်ပဲ ဗေဒင်သင်ယူချိန်ကာလတွေတုန်းက ရာဟုသက်ရောက်ကို အိုအေစစ်နဲ့ တင်စားပြီး သင်ပြလေ့ရှိပါ တယ်။ ဒီထက်မျက်စိထဲမြင်အောင်ပြောရရင် တစ်ပတ်လုံးအလုပ်ထဲမှာ ပင်ပန်းနွမ်းနယ်နေတဲ့ ကာယ၊ဉာဏတွေကို အနားပေးတဲ့အနေနဲ့ တနင်္ဂနွေနေ့ကို ရုံးပိတ်ပေးတာမျိုးပေါ့။ ရာဟုသက်ရောက်ဟာ တနင်္ဂနွေနဲ့ဆင်တူပါတယ်။
ဒါကြောင့် ရာဟုသက်ရောက်မှာ ငွေအစုလိုက်ဝင်လာတတ်ပါတယ်။ ငွေယားလေးတွေရှိနေရင်လူတွေက ဘာလုပ်တတ်လဲဗျ။ ယောကျာ်းလေးတွေဆို အများစုက ဘီယာလေးပဲစုတ်ချင်သလိုလို၊ ကေတီဗီလေးပဲသွားချင် သလိုလို၊ ဒီထက်ပိုအဆင်ပြေလာရင် small လေးပဲတစ်ယောက်လောက်လိုချင်သလိုလို ဖြစ်လာတတ်ပါတယ်။ ဒါကို ငွေဒဏ်မခံနိုင်ဘူးလို့ ခေါ်ပါတယ်။ ဒါကြောင့် ရာဟုသက်ရောက်မှာ ငွေဒဏ်မခံနိုင်သူတွေ အပျော်ကနေ အပျက်ဘက် ရောက်ပြီး အလုပ်စီးပွားတွေထိခိုက်လာတတ်ပါတယ်။
ရာဟုသက်ရောက်မှာ ကိုယ်ပြောလိုက်တဲ့ နှုတ်ထွက်စကားလေးတွေက လက်တွေ့မှာဖြစ်ဖြစ်လာတတ်ပါ တယ်။ ဒါကိုသာယာပြီး ငါသိတယ်၊ ငါတတ်တယ်၊ ငါပြောတာဖြစ်တယ်ဆိုတဲ့ မာနတရား ဝင်လာတာနဲ့ ကျဆုံးခန်းပါ ပဲ။ရာဟုသက်ရောက်မှာစားချင်တာလေးတွေ စိတ်ညွှတ်လိုက်တာနဲ့ ထိုအစားအစာလေးတွေ မကြာမီစားခွင့်ရ တတ်တယ်။ ဝယ်ချင်တာလေးတွေ ဝယ်ယူခွင့်ရဖို့အကြောင်းဖန်လာတတ်ပါတယ်။
စန်းပွင့်ပြီး လူချစ်လူခင်များလာတတ်ပါတယ်။ လူအများရဲ့အရေးပေးခြင်းကိုခံလာရတတ်ပါတယ်။ ဒါကိုမိမိကဒီလူတွေက ငါကို ရိုသေတာပဲ၊လေးစားတာပဲ၊အသိအမှတ်ပြုတာပဲဆိုပြီး ကျေးဇူးတင်စိတ်မမွေးဘဲ ငါကအရေးပါ လို့ ၊အရာရောက်လို့ ငါကို ဦးစားပေးတာလို့ ထင်မိတာနဲ့ ဒုက္ခတွေကို လက်ယက်ခေါ်သလိုဖြစ်တတ်ပါတယ်။
နတ်ပြည်ရောက်နေတဲ့ နတ်သား၊နတ်သမီးတွေလိုပါပဲ။ အရမ်းအပျော်လွန်လိုက်ရင်လဲ နတ်သက်ကြွေသွား တတ်သလို ၊အရမ်းဒေါသကြီးရင်လဲ နတ်သက်ကြွေသွားတတ်ပါတယ်။ ဒါကြောင့် ရာဟုသက်ရောက်မှာ ပျော်စရာရှိ ထိန်းထိန်းသိမ်းသိမ်းပျော်ကြပါ။
လူငယ်ကျောင်းသားတွေအနေနဲ့ အပျော်နောက်လိုက်၊အပေါင်းအသင်းမှားပြီး ဆေးစွဲအရက်စွဲသွားကြာတာ မျိုးတွေရာဟုသက်ရောက်မှာ အလွန်တွေ့ရတတ်ပါတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးများ တစ်ခုလတ်၊မုဆိုးဖိုတွေရဲ့ ဖျားယောင်းခြင်းကို အဟုတ်ထင်နေတတ်ပြီး ၊ယောကျာ်းလေးများကတော့ မုဆိုးမ တစ်ခုလတ်တွေရဲ့ သိမ်းသွင်းခြင်း ကို ခံရတတ်တဲ့ကာလတွေပါပဲ။ ဒါကြောင့် ရာဟုသက်ရောက်မှာ လိင်မတူသူတစ်စိမ်းတွေနဲ့ ကင်းကင်းနေလေ၊ ကောင်းလေပါပဲ။ မကင်းနိုင်ရင် အချိန်တိုအတွင်းမှာပဲ ငြိစွန်းသွားတတ်ပါတယ်။
စန်းပွင့်နေတော့ ချစ်စကားပြောသူတွေကများလာ၊ ဒါကိုသာယာပြီး ငါချောလို့ ငါခန့်လို့ဆိုပြီး ဘဝင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဒီရာဟုသက်ရောက်မှာ ချစ်သူစတွဲရင် အလွန်သတိထားရတတ်တယ်။ ချစ်သူဖြစ်လို့မှလပိုင်း မကြာသေးဘူး။ ငြိစွန်းပြီး မဖုံးနိုင်မဖိနိုင်ပြဿနာတွေဖြစ်ကြ၊ အရှက်တကွဲအကျိုးနည်းတွေဖြစ်ရတတ်ပါတယ်။
ကဲစာကို နိဂုံးချုပ်ရအောင်။ စီးပွားရေး လုပ်နေသူတွေ အဆင်မပြေရင် အပြုံးမပျက်ဘဲ ဆက်လက်ချီတတ်ပါ ။ သေချာပေါက်အဆင်ပြေလိမ့်မယ်။ ငွေဝင်လာရင်လဲ မဖြုန်းတီးဘဲ စုဆောင်းပါ။ ချွေတာပါ။ အသုံးအစွဲကျစ်လစ်ပါ
လုပ်ငန်းထဲမှာ ရာထူးတိုး၊ နေရာကောင်းရရင်လဲ အောက်လက်ငယ်သားတွေကို အထက်ဖားအောက်ဖိမလုပ်ပါနဲ့။ ကိုယ်နိုင်တိုင်း မဖိနှိပ်ပါနဲ့။ ငယ်သားတွေကို လက်တွဲခေါ်ပါ။ ကိုယ်အထက်လူကြီးကိုယ့်ကို နေရာမပေး၊ဖိနှိပ်ရင်လဲ မေတ္တာနဲ့ တုန့်ပြန်ပါ။ ကိုယ့်စေတနာကို နားလည်လာပါလိမ့်မယ်။
လူငယ်များ ချစ်သူနဲ့ ဆိတ်ကွယ်ရာမနေမိပါနဲ့။ လွန်လွန်ကျူးကျူးတွေဖြစ်တတ်ပါတယ်။ ကျွန်တော့်အတွေ့ အကြုံအရတော့ ရာဟုသက်ရောက်မှာ စတင်ပြီး ချစ်သူနဲ့ လွန်ကျူးမိရင် ထိုချစ်သူနဲ့ လက်ထပ်ရဖို့အလွန်ပဲခဲယဉ်း သွားတတ်ပါတယ်။ လက်မထက်ရသေးခင် ချစ်သူကိုအလိုမလိုက်သင့်တဲ့နှစ်တစ်ခုပါပဲ။
ဒီနှစ်မှာ ကျန်းမာရေးအနေနဲ့ အကောင်းများပါတယ်။ ငါကောင်းနေတာပဲလေဆိုပြီးတော့ လေ့ကျင့်ခန်းမလုပ် ၊စားချင်ရာဇွတ်စားရာကနေ ဖြစ်လဲဖြစ်ရော မရှုနိုင်မကယ်နိုင်ထိဖြစ်ရတတ်ပါတယ်။ ဒီလောက်နဲ့ပဲကျေနပ်ကြပါ တော့ … ။ အခုအဟောတွေက ယေဘုယျဖြစ်တဲ့အတွက် အပြည့်အ၀မမှန်နိုင်ပါဘူး။ အချို့တွေ ရာဟုသက်ရောက်မှာ လုံး၀အကောင်းမကြုံဘဲ အဆိုးတွေပဲ ကြုံကြသူတွေလဲ ရှိကြပါတယ်။ နာမည်အရ၊ ဖွားဇာတာအရ၊ မိမိတို့ပြုလုပ်တဲ့ ပစ္စုပ္ပန် ကုသိုလ်ကံ ၊အကုသိုလ်ကံတွေပေါ်မူတည်ပြီး အကောင်းအဆိုးတွေကွဲသွားတတ်ပါတယ်။
ဒီထက်အသေးစိပ်သိချင်ရင်တော့နီးစပ်တဲ့ဆရာတွေဆီသာမေးမြန်းတာကအကောင်းဆုံးပါပဲ။ ရာဟုသက်ရောက်ထဲရောက်နေတဲ့ နေ့သားအလိုက်အသက်အပိုင်းအခြားများ
တနင်္ဂနွေသားသမီးများအသက်—၇/၁၅/၂၃/၃၁/၃၉/၄၇/၅၅/၆၃/၇၁ နှစ်များ
တနင်္လာသားသမီးများအသက်—၆/၁၄/၂၂/၃၀/၃၈/၄၆/၅၄/၆၂/၇၀ နှစ်များ
အင်္ဂါသားသမီးများ
အသက်—၅/၁၃/၂၁/၂၉/၃၇/၄၅/၅၃/၆၁/၆၉ နှစ်များ
ဗုဒ္ဓဟူးသားသမီးများအသက်—၄/၁၂/၂၀/၂၈/၃၆/၄၄/၅၂/၆၀/၆၈/ နှစ်များ
စနေ သားသမီးများအသက်—၃/၁၁/၁၉/၂၇/၃၅/၄၃/၅၁/၅၉/၆၇/၇၅ နှစ်များ
ကြာသပတေးသားသမီးများ အသက်—၂/၁၀/၁၈/၂၆/၃၄/၄၂/၅၀/၅၈/၆၆/၇၄ နှစ်များ
ရာဟုသားသမီးများအသက်—၁/၉/၁၇/၂၅/၃၃/၄၁/၄၉/၅၇/၆၅/၇၃ နှစ်များ
သောကြာသားသမီးများ
အသက်— ၈/၁၆/၂၄/၃၂/၄၀/၄၈/၅၆/၆၄/၇၂ နှစ်များ
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695
09 44 5555 695
Zawgyi
အိုအေစစ်နှင့်တူသောနှစ် (သို့)ရာဟုသက်ရောက်
ကံကြမ္မာက လူတွေကို စမ်းသပ်တဲ့နည်းနှစ်မျိုးရှိပါတယ်။ ပထမတစ်နည်းက လူတစ်ယောက်ကို ဒုက္ခရောက် အောင်လုပ်ပြီး အဆိုးလောကဓံတွေကို ဘယ်လောက်ကြံ့ကြံ့ခံနိုင်လဲ စောင့်ကြည့် ပါတယ်။ အချို့တွေက ဒုက္ခတွေ ကြားမှာ သီလတွေပျက်ကုန်တယ်။ ဒုက္ခကိုရင်မဆိုင်ဘဲ ဘဝကြီးကို ရေစုံမျောလိုက်ကြတယ်။ ဒါနဲ့ပဲ နလံမထူတော့ ဘူး။ ဒုတိယတစ်နည်းက လူတစ်ယောက်ကို လောကီစည်းစိမ်နဲ့ဖျက်စီးခြင်းပါ။ ငွေတွေအစုလိုက်ပေးလိုက်တယ်။ ကာမဂုဏ်ကိစ္စတွေ ပတ်ဝန်းကျင်မှာ ဝန်းရံပေးလိုက်တယ်။ အဲဒီမှာ လောကီစည်းစိမ်နဲ့ ကိလေသာရေယဉ်ကြောမှာ မျောပြီး အမှားအမှန်အကောင်းအဆိုးတွေကို ခွဲခြားမသိဘဲ ဒုက္ခတွေကိုဖြစ်သွားတတ်ပါတယ်။
ရာဟုသက်ရောက်ဆိုတာကတော့ အခုပြောတဲ့ နှစ်မျိုးထဲက ဒုတိယနည်းလမ်းလို့ပဲပြောရပါလိမ့်မယ်။ ဒါကြောင့်ပဲ ဗေဒင်သင်ယူချိန်ကာလတွေတုန်းက ရာဟုသက်ရောက်ကို အိုအေစစ်နဲ့ တင်စားပြီး သင်ပြလေ့ရှိပါ တယ်။ ဒီထက်မျက်စိထဲမြင်အောင်ပြောရရင် တစ်ပတ်လုံးအလုပ်ထဲမှာ ပင်ပန်းနွမ်းနယ်နေတဲ့ ကာယ၊ဉာဏတွေကို အနားပေးတဲ့အနေနဲ့ တနင်္ဂနွေနေ့ကို ရုံးပိတ်ပေးတာမျိုးပေါ့။ ရာဟုသက်ရောက်ဟာ တနင်္ဂနွေနဲ့ဆင်တူပါတယ်။
ဒါကြောင့် ရာဟုသက်ရောက်မှာ ငွေအစုလိုက်ဝင်လာတတ်ပါတယ်။ ငွေယားလေးတွေရှိနေရင်လူတွေက ဘာလုပ်တတ်လဲဗျ။ ယောကျာ်းလေးတွေဆို အများစုက ဘီယာလေးပဲစုတ်ချင်သလိုလို၊ ကေတီဗီလေးပဲသွားချင် သလိုလို၊ ဒီထက်ပိုအဆင်ပြေလာရင် small လေးပဲတစ်ယောက်လောက်လိုချင်သလိုလို ဖြစ်လာတတ်ပါတယ်။ ဒါကို ငွေဒဏ်မခံနိုင်ဘူးလို့ ခေါ်ပါတယ်။ ဒါကြောင့် ရာဟုသက်ရောက်မှာ ငွေဒဏ်မခံနိုင်သူတွေ အပျော်ကနေ အပျက်ဘက် ရောက်ပြီး အလုပ်စီးပွားတွေထိခိုက်လာတတ်ပါတယ်။
ရာဟုသက်ရောက်မှာ ကိုယ်ပြောလိုက်တဲ့ နှုတ်ထွက်စကားလေးတွေက လက်တွေ့မှာဖြစ်ဖြစ်လာတတ်ပါ တယ်။ ဒါကိုသာယာပြီး ငါသိတယ်၊ ငါတတ်တယ်၊ ငါပြောတာဖြစ်တယ်ဆိုတဲ့ မာနတရား ဝင်လာတာနဲ့ ကျဆုံးခန်းပါ ပဲ။ရာဟုသက်ရောက်မှာစားချင်တာလေးတွေ စိတ်ညွှတ်လိုက်တာနဲ့ ထိုအစားအစာလေးတွေ မကြာမီစားခွင့်ရ တတ်တယ်။ ဝယ်ချင်တာလေးတွေ ဝယ်ယူခွင့်ရဖို့အကြောင်းဖန်လာတတ်ပါတယ်။
စန်းပွင့်ပြီး လူချစ်လူခင်များလာတတ်ပါတယ်။ လူအများရဲ့အရေးပေးခြင်းကိုခံလာရတတ်ပါတယ်။ ဒါကိုမိမိကဒီလူတွေက ငါကို ရိုသေတာပဲ၊လေးစားတာပဲ၊အသိအမှတ်ပြုတာပဲဆိုပြီး ကျေးဇူးတင်စိတ်မမွေးဘဲ ငါကအရေးပါ လို့ ၊အရာရောက်လို့ ငါကို ဦးစားပေးတာလို့ ထင်မိတာနဲ့ ဒုက္ခတွေကို လက်ယက်ခေါ်သလိုဖြစ်တတ်ပါတယ်။
နတ်ပြည်ရောက်နေတဲ့ နတ်သား၊နတ်သမီးတွေလိုပါပဲ။ အရမ်းအပျော်လွန်လိုက်ရင်လဲ နတ်သက်ကြွေသွား တတ်သလို ၊အရမ်းဒေါသကြီးရင်လဲ နတ်သက်ကြွေသွားတတ်ပါတယ်။ ဒါကြောင့် ရာဟုသက်ရောက်မှာ ပျော်စရာရှိ ထိန်းထိန်းသိမ်းသိမ်းပျော်ကြပါ။
လူငယ်ကျောင်းသားတွေအနေနဲ့ အပျော်နောက်လိုက်၊အပေါင်းအသင်းမှားပြီး ဆေးစွဲအရက်စွဲသွားကြာတာ မျိုးတွေရာဟုသက်ရောက်မှာ အလွန်တွေ့ရတတ်ပါတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးများ တစ်ခုလတ်၊မုဆိုးဖိုတွေရဲ့ ဖျားယောင်းခြင်းကို အဟုတ်ထင်နေတတ်ပြီး ၊ယောကျာ်းလေးများကတော့ မုဆိုးမ တစ်ခုလတ်တွေရဲ့ သိမ်းသွင်းခြင်း ကို ခံရတတ်တဲ့ကာလတွေပါပဲ။ ဒါကြောင့် ရာဟုသက်ရောက်မှာ လိင်မတူသူတစ်စိမ်းတွေနဲ့ ကင်းကင်းနေလေ၊ ကောင်းလေပါပဲ။ မကင်းနိုင်ရင် အချိန်တိုအတွင်းမှာပဲ ငြိစွန်းသွားတတ်ပါတယ်။
စန်းပွင့်နေတော့ ချစ်စကားပြောသူတွေကများလာ၊ ဒါကိုသာယာပြီး ငါချောလို့ ငါခန့်လို့ဆိုပြီး ဘဝင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဒီရာဟုသက်ရောက်မှာ ချစ်သူစတွဲရင် အလွန်သတိထားရတတ်တယ်။ ချစ်သူဖြစ်လို့မှလပိုင်း မကြာသေးဘူး။ ငြိစွန်းပြီး မဖုံးနိုင်မဖိနိုင်ပြဿနာတွေဖြစ်ကြ၊ အရှက်တကွဲအကျိုးနည်းတွေဖြစ်ရတတ်ပါတယ်။
ကဲစာကို နိဂုံးချုပ်ရအောင်။ စီးပွားရေး လုပ်နေသူတွေ အဆင်မပြေရင် အပြုံးမပျက်ဘဲ ဆက်လက်ချီတတ်ပါ ။ သေချာပေါက်အဆင်ပြေလိမ့်မယ်။ ငွေဝင်လာရင်လဲ မဖြုန်းတီးဘဲ စုဆောင်းပါ။ ချွေတာပါ။ အသုံးအစွဲကျစ်လစ်ပါ
လုပ်ငန်းထဲမှာ ရာထူးတိုး၊ နေရာကောင်းရရင်လဲ အောက်လက်ငယ်သားတွေကို အထက်ဖားအောက်ဖိမလုပ်ပါနဲ့။ ကိုယ်နိုင်တိုင်း မဖိနှိပ်ပါနဲ့။ ငယ်သားတွေကို လက်တွဲခေါ်ပါ။ ကိုယ်အထက်လူကြီးကိုယ့်ကို နေရာမပေး၊ဖိနှိပ်ရင်လဲ မေတ္တာနဲ့ တုန့်ပြန်ပါ။ ကိုယ့်စေတနာကို နားလည်လာပါလိမ့်မယ်။
လူငယ်များ ချစ်သူနဲ့ ဆိတ်ကွယ်ရာမနေမိပါနဲ့။ လွန်လွန်ကျူးကျူးတွေဖြစ်တတ်ပါတယ်။ ကျွန်တော့်အတွေ့ အကြုံအရတော့ ရာဟုသက်ရောက်မှာ စတင်ပြီး ချစ်သူနဲ့ လွန်ကျူးမိရင် ထိုချစ်သူနဲ့ လက်ထပ်ရဖို့အလွန်ပဲခဲယဉ်း သွားတတ်ပါတယ်။ လက်မထက်ရသေးခင် ချစ်သူကိုအလိုမလိုက်သင့်တဲ့နှစ်တစ်ခုပါပဲ။
ဒီနှစ်မှာ ကျန်းမာရေးအနေနဲ့ အကောင်းများပါတယ်။ ငါကောင်းနေတာပဲလေဆိုပြီးတော့ လေ့ကျင့်ခန်းမလုပ် ၊စားချင်ရာဇွတ်စားရာကနေ ဖြစ်လဲဖြစ်ရော မရှုနိုင်မကယ်နိုင်ထိဖြစ်ရတတ်ပါတယ်။ ဒီလောက်နဲ့ပဲကျေနပ်ကြပါ တော့ … ။ အခုအဟောတွေက ယေဘုယျဖြစ်တဲ့အတွက် အပြည့်အဝမမှန်နိုင်ပါဘူး။ အချို့တွေ ရာဟုသက်ရောက်မှာ လုံးဝအကောင်းမကြုံဘဲ အဆိုးတွေပဲ ကြုံကြသူတွေလဲ ရှိကြပါတယ်။ နာမည်အရ၊ ဖွားဇာတာအရ၊ မိမိတို့ပြုလုပ်တဲ့ ပစ္စုပ္ပန် ကုသိုလ်ကံ ၊အကုသိုလ်ကံတွေပေါ်မူတည်ပြီး အကောင်းအဆိုးတွေကွဲသွားတတ်ပါတယ်။
ဒီထက်အသေးစိပ်သိချင်ရင်တော့နီးစပ်တဲ့ဆရာတွေဆီသာမေးမြန်းတာကအကောင်းဆုံးပါပဲ။ ရာဟုသက်ရောက်ထဲရောက်နေတဲ့ နေ့သားအလိုက်အသက်အပိုင်းအခြားများ
တနင်္ဂနွေသားသမီးများအသက်—၇/၁၅/၂၃/၃၁/၃၉/၄၇/၅၅/၆၃/၇၁ နှစ်များ
တနင်္လာသားသမီးများအသက်—၆/၁၄/၂၂/၃၀/၃၈/၄၆/၅၄/၆၂/၇၀ နှစ်များ
အင်္ဂါသားသမီးများ
အသက်—၅/၁၃/၂၁/၂၉/၃၇/၄၅/၅၃/၆၁/၆၉ နှစ်များ
ဗုဒ္ဓဟူးသားသမီးများအသက်—၄/၁၂/၂၀/၂၈/၃၆/၄၄/၅၂/၆၀/၆၈/ နှစ်များ
စနေ သားသမီးများအသက်—၃/၁၁/၁၉/၂၇/၃၅/၄၃/၅၁/၅၉/၆၇/၇၅ နှစ်များ
ကြာသပတေးသားသမီးများ အသက်—၂/၁၀/၁၈/၂၆/၃၄/၄၂/၅၀/၅၈/၆၆/၇၄ နှစ်များ
ရာဟုသားသမီးများအသက်—၁/၉/၁၇/၂၅/၃၃/၄၁/၄၉/၅၇/၆၅/၇၃ နှစ်များ
သောကြာသားသမီးများ
အသက်— ၈/၁၆/၂၄/၃၂/၄၀/၄၈/၅၆/၆၄/၇၂ နှစ်များ
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695
09 44 5555 695

သစ်ပင်တစ်ပင် ပျိုးထောင်ခြင်း (သို့မဟုတ်) သောကြာသက်ရောက်

သောကြာသက်ရောက်က အများအားဖြင့်တော့ အဆိုးနည်းပြီးအကောင်းများတယ်ဗျ။ အောင်မြင်မှုလမ်းကြောင်းပေါ်စတင် ခြေချမိတဲ့ကာလလို့ ပြောလို့ရသလို ၊ဝင်ငွေ တူးမြောင်းကို စတင်ဖောက်လုပ်တဲ့ကာလလဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနှစ်ကိုသစ်ပင် တစ်ပင် စတင်စိုက်ပျိုးတဲ့နှစ်လို့ ခေါ်ချင်ပါတယ်။ သစ်ပင်စစိုက်တဲ့ ကာလဟာ ဒီနေ့သစ်ပင်စိုက် မနက်ဖြန် သစ်သီးခူးစားလို့တော့ မရဘူးပေါ့။ ဒီအပင်လေးရှင်အောင်လို့ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ရတယ်။ ပိုးမကိုက်အောင်၊ ရေမငတ်အောင် ပျိုးထောင်ရ တဲ့ အတွက် သောကြာ သက်ရောက်ဟာငွေကုန် လူပန်းတာမျိုးတော့ ရှိပါတယ်။အသီးအနှံမစားရသေးခင်ထိတော့ပင်ပန်း ရမယ့် သဘောပေါ့လေ။ ဒါကြောင့် သောကြာသက်ရောက်ဟာ သေချာတဲ့ အလုပ်အတွက် စတင်ရင်းနှီးမြုပ်နှံရတဲ့ ကာလဆိုရင်လဲ မမှားပါဘူး။
ဝင်ငွေတူးမြောင်းစတင်ဖောက်တဲ့ကာလဖြစ်တဲ့ အတွက် ငွေကနောက်ကချက်ချင်းမလိုက်လာသေးပါဘူး ။ မိမိကိုယ်တိုင် ကာယအား၊ဉာဏအားတွေနဲ့ အရင်ဆုံး စိုက်ထုတ်လုပ်ကိုင်ရပါလိမ့်မယ်။ ဒါကြောင့် ဒီလိုနှစ်တွေမှာ ငွေတေွဝင်တယ်။ ဒါပေမယ့် ငွေတွေက ဆီလိုအပေါက်ရှာပြီးပြန်ထွက်တတ်ပါတယ်။ ငွေစုဆောင်းလို့မရတတ်ဘူး။ဒါကြောင့် ဒီလိုနှစ်မျိုးရောက်ပြီဆိုရင်တော့ ပစ္စည်းတစ်ခုခုကို တကယ်လိုအပ်ပြီဆိုမှပဲဝယ်ပါ။ လိုချင်လို့ဝယ်တာမျိုး လုံး၀မဖြစ်မခံပါနဲ့။ နောက်ပြီးငွေတွေကို လက်လွတ်စပယ် မချေးငှားလိုက်ပါနဲ့။ ပြန်ရဖို့ကြာတတ်ပါတယ်။
ဒီနှစ်ဟာ မိမိရဲ့ ကြိုးစားမှု၊အားထုတ်လုပ်ကိုင်မှုအရ နေရာကောင်းရခြင်း၊မျက်နှာပေးခံရခြင်း၊ ရာထူးတိုးခြင်းတွေအထူးကြုံ ရတတ်ပါတယ်။ ဒါကြောင့် သောကြာသက်ရောက်ထဲကို ရောက်နေတဲ့ လူတိုင်းနီးပါး ရန်များတယ်။ မနာလိုသူများတယ်။ အတိုက် အခိုက်တွေများ ပါတယ်။ လူအများရဲ့ ဝိုင်းဝန်းချောက်ချခြင်းကိုခံရတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးသမားဆိုလဲ ပြိုင်ဘက်လုပ်ငန်း တွေက မသမာတဲ့နည်းနဲ့ကအစ တိုက်ခိုက်တာမျိုးတွေခံရတတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်အတွင်း လျှို့ဝှက်သင့်တဲ့ကိစ္စတွေကို ဘယ်သူမှမပြောတာအကောင်းဆုံးပါပဲ။
ဒီသောကြာသက်ရောက်ဟာမှန်သောစကား၊အကျိုးရှိသောစကားတွေပဲပြောသင့်တယ်။ ကတိလွယ်လွယ်မပေးသင့်ဘူး ။ အဆဲလေးပါမှ စကားပြောတတ်သူတွေ၊ အနှစ်မရှိတဲ့စကား၊ကုန်းတိုက်စကားပြောတတ်သူတွေလွန်စွာမှဒုက္ခရောက်တတ်ပါတယ်။ နှုတ်က ကျက်သရေရှိတဲ့စကားတွေသာပြောကြည့်ပါ။ လွန်စွာမှကံကောင်းတတ်ပါတယ်။
ဒီနှစ်မှာ အိမ်ထောင်ရေးနဲ့ ပက်သက်ပြီး အရှုပ်အထွေးတွေလဲ ဖြစ်ရပါတယ်။ အရင်ကတည်းက တိတ်တိတ်ပုန်း တွဲနေသူ တွေဒီနှစ်မှာ လက်ရှိအိမ်ထောင်ဘက်ကို ကွဲပြီး အငယ်ကို ပေါ်ပေါ်တင်တင်တွဲချင်စိတ်ပေါ်လာတယ်။ တကယ်လဲ ဒီလိုပြဿနာတွေ အိမ်ထောင်ရေးမှဇရှိတဲ့သူတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် လိင်မတူသူတွေ ကိုယ့်အိမ်အဝင်အထွက်များနေရင်၊ အလုပ်ရုံးခန်း မှာလိင်မတူသူတွေအဝင်အထွက်များနေရင် သတိထားပါ။ မိမိက စိတ်မခိုင်သူဆို ကြိုးချင်းထား ကြိုးချင်းငြိဆိုတာမျိုး ဖြစ် တတ် ပါတယ်။
သောကြာသက်ရောက်မှာ ပညာအသစ်တစ်ခု စတင်သင်ယူတာမျိုးကအလွန်ကောင်းပါတယ်။ ဆရာတစ်ယောက်ဆီမှာ တပည့်ခံပြီး ပညာအမွေယူတာမျိုးတွေ၊ သင်တန်းတတ်တာမျိုးတွေ အွန်လိုင်းကနေ self study လုပ်တာမျိုးတွေအထူးပဲဆောင်ရွက် လို့ကောင်းတဲ့ကာလပါပဲ။
နိုင်ငံခြားပညာတော်သင်ကိစ္စတွေ၊ စကော်လာရှစ်ရဖို့ ကြိုးစားတာမျိုးတွေအထူးအကျိုးပေးပါတယ်။
ဒီနှစ်မှာ အားနည်းချက်ရှိတဲ့ ကိစ္စတွေကတော့ ခရီးသွားလုပ်ငန်းတွေပါပဲ။ ကုန်သွယ်လုပ်ငန်း၊ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ၊ဘုရားဖူးလုပ်ငန်းစတဲ့ ခရီးသွားလုပ်ငန်းများ အခက်အခဲများတတ်ပါတယ်။ တော်တော်လေးပါးနပ်လိမ္မာပြီး လုပ်ငန်းကျွမ်းကျင်သူ တွေကတော့ အဆင်ပြေပါတယ်။
တစ်ခုကောင်းတာက နိုင်ငံခြားသွားဖို့ calling စောင့်နေသူတွေကတော့ အမြန်ကျလာတတ်ပါ တယ်။ နိုင်ငံခြားသွားပြီး ကြန့်ကြာနေသူတွေ အဆင်ပြေတတ်ပါတယ်။
ဒီသောကြာသက်ရောက်မှာ အားနည်းချက်ရှိသူတွေကတော့ မည်သည့်နေ့သားမဆို မိမိမြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားလို့ ၃ကြွင်းကြသူတွေ၊ တနင်္လာသားသမီးတွေ၊စနေသားသမီးတွေ အညံ့ပို့ပါတယ်။ နာမည်ကို လင်းထွန်း ၊ထွန်းအောင်လွင်၊ လွင်ထူးနိုင်၊ ထက်မြက်လင်း၊ ထက်ရတီလင်း၊ ယုဝါနိုင် စတဲ့ ဗုဒ္ဓဟူးအစ စနေအဆုံးနှင့် စနေ အစဗုဒ္ဓဟူးအဆုံး နာမည်ရှင်များ အထူးအညံ့ပိုတတ်ပါကြောင်း ပြောကြားရင် နိဂုံး ချုပ်အပ်ပါတယ်။
ဖြစ်နိုင်ရင် ပထမံဂါထာကို အဓိဋ္ဌာန်နဲ့ရွတ်ပွားပါ။ ပေါင်မုန့် ၅ချပ် ကို စတော်ဘယ်ရီယိုသုပ်ပြီး မွေးနေ့တိုင်းဘုရားကပ်ပေးပါ။ ဒီထက်အသေးစိပ်သိချင်ရင်တော့ နီးစပ်တဲ့ဆရာတွေဆီမှာ ဆွေးနွေးအကြံယူပါလို့ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ဗျ။
သောကြာသက်ရောက်ထဲရောက်နေတဲ့ နေ့သားအလိုက်အသက်အပိုင်းအခြားများ
တနင်္ဂနွေသားသမီးများအသက်—၈/၁၆/၂၄/၃၂/၄၀/၄၈/၅၆/၆၄/၇၂ နှစ်များ
တနင်္လာသားသမီးများအသက်—၇/၁၅/၂၃/၃၁/၃၉/၄၇/၅၅/၆၃/၇၁ နှစ်များ
အင်္ဂါသားသမီးများ
အသက်—၆/၁၄/၂၂/၃၀/၃၈/၄၆/၅၄/၆၂/၇၀ နှစ်များ
ဗုဒ္ဓဟူးသားသမီးများအသက်—၅/၁၃/၂၁/၂၉/၃၇/၄၅/၅၃/၆၁/၆၉ နှစ်များ
စနေ သားသမီးများအသက်—၄/၁၂/၂၀/၂၈/၃၆/၄၄/၅၂/၆၀/၆၈/၇၆ နှစ်များ
ကြာသပတေးသားသမီးများ အသက်—၃/၁၁/၁၉/၂၇/၃၅/၄၃/၅၁/၅၉/၆၇/၇၅ နှစ်များ
ရာဟုသားသမီးများအသက်—၂/၁၀/၁၈/၂၆/၃၄/၄၂/၅၀/၅၈/၆၆/၇၄ နှစ်များ
သောကြာသားသမီးများ
အသက်— ၉/၁၇/၂၅/၃၃/၄၁/၄၉/၅၇/၆၅/၇၃ နှစ်များ
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695
09 44 5555 695
သစ်ပင်တစ်ပင် ပျိုးထောင်ခြင်း (သို့မဟုတ်) သောကြာသက်ရောက်
သောကြာသက်ရောက်က အများအားဖြင့်တော့ အဆိုးနည်းပြီးအကောင်းများတယ်ဗျ။ အောင်မြင်မှုလမ်းကြောင်းပေါ်စတင် ခြေချမိတဲ့ကာလလို့ ပြောလို့ရသလို ၊ဝင်ငွေ တူးမြောင်းကို စတင်ဖောက်လုပ်တဲ့ကာလလဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနှစ်ကိုသစ်ပင် တစ်ပင် စတင်စိုက်ပျိုးတဲ့နှစ်လို့ ခေါ်ချင်ပါတယ်။ သစ်ပင်စစိုက်တဲ့ ကာလဟာ ဒီနေ့သစ်ပင်စိုက် မနက်ဖြန် သစ်သီးခူးစားလို့တော့ မရဘူးပေါ့။ ဒီအပင်လေးရှင်အောင်လို့ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ရတယ်။ ပိုးမကိုက်အောင်၊ ရေမငတ်အောင် ပျိုးထောင်ရ တဲ့ အတွက် သောကြာ သက်ရောက်ဟာငွေကုန် လူပန်းတာမျိုးတော့ ရှိပါတယ်။အသီးအနှံမစားရသေးခင်ထိတော့ပင်ပန်း ရမယ့် သဘောပေါ့လေ။ ဒါကြောင့် သောကြာသက်ရောက်ဟာ သေချာတဲ့ အလုပ်အတွက် စတင်ရင်းနှီးမြုပ်နှံရတဲ့ ကာလဆိုရင်လဲ မမှားပါဘူး။
ဝင်ငွေတူးမြောင်းစတင်ဖောက်တဲ့ကာလဖြစ်တဲ့ အတွက် ငွေကနောက်ကချက်ချင်းမလိုက်လာသေးပါဘူး ။ မိမိကိုယ်တိုင် ကာယအား၊ဉာဏအားတွေနဲ့ အရင်ဆုံး စိုက်ထုတ်လုပ်ကိုင်ရပါလိမ့်မယ်။ ဒါကြောင့် ဒီလိုနှစ်တွေမှာ ငွေတွေဝင်တယ်။ ဒါပေမယ့် ငွေတွေက ဆီလိုအပေါက်ရှာပြီးပြန်ထွက်တတ်ပါတယ်။ ငွေစုဆောင်းလို့မရတတ်ဘူး။ဒါကြောင့် ဒီလိုနှစ်မျိုးရောက်ပြီဆိုရင်တော့ ပစ္စည်းတစ်ခုခုကို တကယ်လိုအပ်ပြီဆိုမှပဲဝယ်ပါ။ လိုချင်လို့ဝယ်တာမျိုး လုံးဝမဖြစ်မခံပါနဲ့။ နောက်ပြီးငွေတွေကို လက်လွတ်စပယ် မချေးငှားလိုက်ပါနဲ့။ ပြန်ရဖို့ကြာတတ်ပါတယ်။
ဒီနှစ်ဟာ မိမိရဲ့ ကြိုးစားမှု၊အားထုတ်လုပ်ကိုင်မှုအရ နေရာကောင်းရခြင်း၊မျက်နှာပေးခံရခြင်း၊ ရာထူးတိုးခြင်းတွေအထူးကြုံ ရတတ်ပါတယ်။ ဒါကြောင့် သောကြာသက်ရောက်ထဲကို ရောက်နေတဲ့ လူတိုင်းနီးပါး ရန်များတယ်။ မနာလိုသူများတယ်။ အတိုက် အခိုက်တွေများ ပါတယ်။ လူအများရဲ့ ဝိုင်းဝန်းချောက်ချခြင်းကိုခံရတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးသမားဆိုလဲ ပြိုင်ဘက်လုပ်ငန်း တွေက မသမာတဲ့နည်းနဲ့ကအစ တိုက်ခိုက်တာမျိုးတွေခံရတတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်အတွင်း လျှို့ဝှက်သင့်တဲ့ကိစ္စတွေကို ဘယ်သူမှမပြောတာအကောင်းဆုံးပါပဲ။
ဒီသောကြာသက်ရောက်ဟာမှန်သောစကား၊အကျိုးရှိသောစကားတွေပဲပြောသင့်တယ်။ ကတိလွယ်လွယ်မပေးသင့်ဘူး ။ အဆဲလေးပါမှ စကားပြောတတ်သူတွေ၊ အနှစ်မရှိတဲ့စကား၊ကုန်းတိုက်စကားပြောတတ်သူတွေလွန်စွာမှဒုက္ခရောက်တတ်ပါတယ်။ နှုတ်က ကျက်သရေရှိတဲ့စကားတွေသာပြောကြည့်ပါ။ လွန်စွာမှကံကောင်းတတ်ပါတယ်။
ဒီနှစ်မှာ အိမ်ထောင်ရေးနဲ့ ပက်သက်ပြီး အရှုပ်အထွေးတွေလဲ ဖြစ်ရပါတယ်။ အရင်ကတည်းက တိတ်တိတ်ပုန်း တွဲနေသူ တွေဒီနှစ်မှာ လက်ရှိအိမ်ထောင်ဘက်ကို ကွဲပြီး အငယ်ကို ပေါ်ပေါ်တင်တင်တွဲချင်စိတ်ပေါ်လာတယ်။ တကယ်လဲ ဒီလိုပြဿနာတွေ အိမ်ထောင်ရေးမှဇရှိတဲ့သူတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် လိင်မတူသူတွေ ကိုယ့်အိမ်အဝင်အထွက်များနေရင်၊ အလုပ်ရုံးခန်း မှာလိင်မတူသူတွေအဝင်အထွက်များနေရင် သတိထားပါ။ မိမိက စိတ်မခိုင်သူဆို ကြိုးချင်းထား ကြိုးချင်းငြိဆိုတာမျိုး ဖြစ် တတ် ပါတယ်။
သောကြာသက်ရောက်မှာ ပညာအသစ်တစ်ခု စတင်သင်ယူတာမျိုးကအလွန်ကောင်းပါတယ်။ ဆရာတစ်ယောက်ဆီမှာ တပည့်ခံပြီး ပညာအမွေယူတာမျိုးတွေ၊ သင်တန်းတတ်တာမျိုးတွေ အွန်လိုင်းကနေ self study လုပ်တာမျိုးတွေအထူးပဲဆောင်ရွက် လို့ကောင်းတဲ့ကာလပါပဲ။
နိုင်ငံခြားပညာတော်သင်ကိစ္စတွေ၊ စကော်လာရှစ်ရဖို့ ကြိုးစားတာမျိုးတွေအထူးအကျိုးပေးပါတယ်။
ဒီနှစ်မှာ အားနည်းချက်ရှိတဲ့ ကိစ္စတွေကတော့ ခရီးသွားလုပ်ငန်းတွေပါပဲ။ ကုန်သွယ်လုပ်ငန်း၊ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ၊ဘုရားဖူးလုပ်ငန်းစတဲ့ ခရီးသွားလုပ်ငန်းများ အခက်အခဲများတတ်ပါတယ်။ တော်တော်လေးပါးနပ်လိမ္မာပြီး လုပ်ငန်းကျွမ်းကျင်သူ တွေကတော့ အဆင်ပြေပါတယ်။
တစ်ခုကောင်းတာက နိုင်ငံခြားသွားဖို့ calling စောင့်နေသူတွေကတော့ အမြန်ကျလာတတ်ပါ တယ်။ နိုင်ငံခြားသွားပြီး ကြန့်ကြာနေသူတွေ အဆင်ပြေတတ်ပါတယ်။
ဒီသောကြာသက်ရောက်မှာ အားနည်းချက်ရှိသူတွေကတော့ မည်သည့်နေ့သားမဆို မိမိမြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားလို့ ၃ကြွင်းကြသူတွေ၊ တနင်္လာသားသမီးတွေ၊စနေသားသမီးတွေ အညံ့ပို့ပါတယ်။ နာမည်ကို လင်းထွန်း ၊ထွန်းအောင်လွင်၊ လွင်ထူးနိုင်၊ ထက်မြက်လင်း၊ ထက်ရတီလင်း၊ ယုဝါနိုင် စတဲ့ ဗုဒ္ဓဟူးအစ စနေအဆုံးနှင့် စနေ အစဗုဒ္ဓဟူးအဆုံး နာမည်ရှင်များ အထူးအညံ့ပိုတတ်ပါကြောင်း ပြောကြားရင် နိဂုံး ချုပ်အပ်ပါတယ်။
ဖြစ်နိုင်ရင် ပထမံဂါထာကို အဓိဋ္ဌာန်နဲ့ရွတ်ပွားပါ။ ပေါင်မုန့် ၅ချပ် ကို စတော်ဘယ်ရီယိုသုပ်ပြီး မွေးနေ့တိုင်းဘုရားကပ်ပေးပါ။ ဒီထက်အသေးစိပ်သိချင်ရင်တော့ နီးစပ်တဲ့ဆရာတွေဆီမှာ ဆွေးနွေးအကြံယူပါလို့ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ဗျ။
သောကြာသက်ရောက်ထဲရောက်နေတဲ့ နေ့သားအလိုက်အသက်အပိုင်းအခြားများ
တနင်္ဂနွေသားသမီးများအသက်—၈/၁၆/၂၄/၃၂/၄၀/၄၈/၅၆/၆၄/၇၂ နှစ်များ
တနင်္လာသားသမီးများအသက်—၇/၁၅/၂၃/၃၁/၃၉/၄၇/၅၅/၆၃/၇၁ နှစ်များ
အင်္ဂါသားသမီးများ
အသက်—၆/၁၄/၂၂/၃၀/၃၈/၄၆/၅၄/၆၂/၇၀ နှစ်များ
ဗုဒ္ဓဟူးသားသမီးများအသက်—၅/၁၃/၂၁/၂၉/၃၇/၄၅/၅၃/၆၁/၆၉ နှစ်များ
စနေ သားသမီးများအသက်—၄/၁၂/၂၀/၂၈/၃၆/၄၄/၅၂/၆၀/၆၈/၇၆ နှစ်များ
ကြာသပတေးသားသမီးများ အသက်—၃/၁၁/၁၉/၂၇/၃၅/၄၃/၅၁/၅၉/၆၇/၇၅ နှစ်များ
ရာဟုသားသမီးများအသက်—၂/၁၀/၁၈/၂၆/၃၄/၄၂/၅၀/၅၈/၆၆/၇၄ နှစ်များ
သောကြာသားသမီးများ
အသက်— ၉/၁၇/၂၅/၃၃/၄၁/၄၉/၅၇/၆၅/၇၃ နှစ်များ
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695
09 44 5555 695

နဘယံ ….ဘေးဟူသမျှမရှိ၊ကပ်ဟူသမျှကင်းကြပါစေ

လူတိုင်းဟာ ကျန်းကျန်းမာမာ၊ချမ်းချမ်းသာသာနဲ့ သက်တမ်းစေ့နေသွားချင်သူတွေပါပဲ။ ဒါကလူတွေတင် မဟုတ်ဘဲ တိရစ္ဆာန်တွေမှာတောင် ကိုယ်အသက်ကို ကိုယ်နှမြောကြတာပဲလေ။ ဖြစ်ချင်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် ဆိုပေမယ့် ကိုယ်သတိမကပ်လို့ ပျက်ချိန်မတန်ဘဲ ပျက်သွားခဲ့ရင် ရခဲလှတဲ့ လူဘ၀မှာ အချည်းနှီးဖြစ်ရချည်ရဲ့ဗျာ။
ကပ်ရောဂါတွေကြုံလာရတဲ့ အချိန်မှာတော့ မလွှဲသာမရှောင်သာ သူသူငါငါ ခံကြရလေ့ရှိပါတယ်။ သာမန် မျက်စိနဲ့ မြင်ရတဲ့ ရန်သူကို ကိုယ်အားရှိသလောက် တွန်းလှန်တိုက်ခိုက်နိုင်ပေမယ့် သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ရန်သူကိုတော့ ကိုယ်စွမ်းအားနဲ့တင်မရဘဲ ဉာဏ်စွမ်းအားလဲရှိမှပဲ တွန်းလှန်နိုင်မည်မဟုတ်လား။
COVID-19 နဲ့ ပက်သက်တဲ့ Awareness တွေကိုလဲ fb ဖွင့်ကြည်လိုက်တာနဲ့ မြင်နေရပြီးသားပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီအကြောင်းတွေကို ထပ်ထပ်ပြောနေတော့မှာမဟုတ်ဘဲ မိမိတတ်ကျွမ်းတဲ့ ပညာရပ်ကနေတစ်ဖက်တစ် လမ်းကနေ အထောက်အကူဖြစ်စေဖို့ ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
ကပ်ဘေးဒဏ်ရန်မာန်အန္တရာယ်တွေကကင်းလွတ်အောင်လို့ရတနာသုတ်ပရိတ်တော်ကြီးလဲ အားကိုးတကြီး ရွတ်ဖတ်ကြဖို့လဲ ပြောခဲ့ပြီးပါပြီ။ ထပ်လောင်းပြောလိုတာက မနက်တစ်ကြိမ်၊နေ့လည်တစ်ကြိမ်၊ညတစ်ကြိမ် သုံးကြိမ်တော့ အနည်းဆုံးရွတ်စေချင်ပါတယ်။ ဒါအပြင် မေတ္တာခြုံရင် လုံတယ်ဆိုတဲ့စကားအတိုင်း မေတ္တာတရား ပွားများဖို့လဲလိုပါသေးတယ်။ ဘုရားဆောင်ရှေ့မှာထိုင်ပြီးတော့ ဘုရားရှစ်ခိုးပြီးမှ မေတ္တာပို့ရမယ်အောက်မေ့နေ တယ်ဆိုရင်တော့ မဟုတ်သေးပါဘူးဗျ။
ဘုရားရှင်က မေတ္တာပို့တဲ့ အလုပ်ကို ‘’သွား၊ထိုင်၊ရပ်၊လျောင်း’’ ဣရိယာပုတ် လေးပါးစလုံးမှာ လုပ်ကြရမယ်လို့ ဟောကြားတော်မူခဲ့တာကို မမေ့မလျော့သင့်ပါဘူး။
‘’သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။ ကပ်ကြီးသုံးပါး ကျော်နင်းနိုင်ကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ သူတော်ကောင်းစိတ် မွေးမြူနိုင်ကြပါစေ’’ စသည်ဖြင့် မိမိပွားများတတ်သလို စိတ်ညွှတ်ပြီး ပွားများနေစေချင်ပါတယ်။ မေတ္တာတရားဖြစ်တဲ့ အဒေါသရဲ့ ဆန့်ကျင်ဘက်က ဒေါသပါပဲ။ စိုးရိမ်တာ၊ကြောက်တာ၊ပူပန်တာ တွေက ဒေါသကိလေသာထဲမှာ ပါဝင်ပါတယ်ဗျ။ စိုးရိမ်နေတာ ဒေါသဖြစ်နေတာပါပဲ။ ဒါကြောင့် မေတ္တာပွားမယ်ဆိုရင်တော့ စိုးရိမ်စိတ်၊ကြောက်လွန်းတဲ့ စိတ်တွေကို လျှော့ချပြီးပွားမှပဲ တကယ်ထိရောက်ပါလိမ့်မယ်။
တစ်အိမ်မှာ တစ်ယောက်က မေတ္တာပွားတယ်ဆိုရင်တောင် အိမ်ခြေတစ်ထောင်ရှိတဲ့ ရွာတစ်ရွာမှာ လူတစ်ထောင် မေတ္တာတရားတွေပွားများပြီးသားဖြစ်နေပါလိမ့်မယ်။ ဒါဆိုဒီမြို့ဒီရွာလုံခြုံမှုတွေရှိစေတာပေါ့ဗျာ။ဒါအပြင် သူတော်ကောင်း၊ သူမြတ်လောင်းတွေရဲ့ မေတ္တာကိုလဲခံယူဖို့လိုပါတယ်။ ဒါကတော့ နေ့တစ်နေ့ရဲ့ စိတ်အကြည်လင်ဆုံးအချိန်မှ ဆောင်ရွက်ရပါ တယ်။
လူတိုင်းက မနက်မိုးလင်းချိန်ဆိုရင်တော့ စိတ်ကြည်လင်လန်းဆန်းကြတာများပါတယ်။ ဒါကြောင့် မနက်မိုးလင်းတာနဲ့ မိမိသက်သောင့်သက်သာ အနေအထားမျိုး ထိုင်ပြီး ‘’သူတော်ကောင်း၊သူမြတ်လောင်းတွေ၊ အရိယာပုဂ္ဂိုလ်တွေ၊သီလ သမာဓိ ရှိသူတွေရဲ့ ပို့သတဲ့ မေတ္တာကို ခံယူဆောက်တည်ပါတယ် ” လို့ စိတ်ညွှတ်ပြီး ခံယူပါ။ ခဏလောက် ဘာအတွေးမှမဝင်ဘဲ မေတ္တာခံယူဖို့ပဲ စိတ်ညွှတ်နေလိုက်ပါ။ ဒါဆို ဒီတစ်နေ့တာအတွက် လုံလောက်ပါတယ်။ နေ့စဉ်ဆောင်ရွက်နိုင်ရင်အကောင်းဆုံးပါပဲ။
နောက်ဆုံးတစ်ခုကတော့ အခုပုံတင်ထားတဲ့ အရဟံစမနဲ့ နဘယံ စမပုံကို မိမိတို့ကိုယ်တိုင် အိမ်အဝင်ရဲ့ ခေါင်းရင်း အမြင့်တစ်နေရာမှာ မြေဖြူရေးတာပဲဖြစ်ဖြစ်၊ ဆေးတစ်မျိုးနဲ့ရေးတာပဲဖြစ်ဖြစ်ရေးထားစေချင်ပါတယ်။ ဒါမှမဟုတ် အခုအောက်ကပုံကို မိတ္တူဆွဲကဒ်လောင်းပြီး ချိတ်ဆွဲထားလဲရပါတယ်။ ကာလာအရောင်နဲ့မှမဟုတ်ဘဲ အဖြူအမဲဆို လဲရပါတယ်။ ရှေ့မီနောက်မီလူကြီးသူမ တွေကို ဒီပုံကိုသိပါလိမ့်မယ်။ ဒီဘက်ခေတ်မှာတော့ နယ်ဘက်က ရှေ့ဟောင်းအိမ်တွေ လောက်မှာသာ တွေ့နိုင်ပါတော့ မယ်။ တော်တော်ရှားသွားပါပြီ။ ရှေး‌ခေတ်အိမ်တွေ တော်တော်များများမှာ အခုလို စီရင် ဆောင်ရွက်ထားလေ့ရှိပါတယ်။ ကောင်းကျိုးက ကပ်သုံးပါးကိုကျော်လွှားနိုင်ပါတယ်။ သူခိုးဓားပြကစလို့ ရန်သူမျိုးငါးပါး ရန်က ကင်းပါတယ်။ မကောင်းတဲ့ အတတ်တွေနဲ့ မိမိအိမ်ကို တိုက်လို့မရပါဘူး။ အိမ်သားတွေကလဲ သီလရှိသူတွေဖြစ်မယ်ဆိုရင် တရိပ်ရိပ်နဲ့ စီးပွားတတ်ပါတယ်ဆိုတဲ့အကြောင်းပြောရင်း နဲ့ နိဂုံးချုပ်အပ်ပါတယ်ဗျ။ ယုံကြည်သူများ အတွက်ဆောင်ရွက်နိုင်ဖို့ ပါ။ မယုံကြည်သူများ ကျော်သွားနိုင်ပါကြောင်း….။ ။
၇ရက်သားသမီးများအားလုံး ရောဂန္တရကပ်မှကင်းဝေးလွတ်မြောက်နိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ
Zawgyi
နဘယံ ….ဘေးဟူသမျှမရှိ၊ကပ်ဟူသမျှကင်းကြပါစေ
လူတိုင်းဟာ ကျန်းကျန်းမာမာ၊ချမ်းချမ်းသာသာနဲ့ သက်တမ်းစေ့နေသွားချင်သူတွေပါပဲ။ ဒါကလူတွေတင် မဟုတ်ဘဲ တိရစ္ဆာန်တွေမှာတောင် ကိုယ်အသက်ကို ကိုယ်နှမြောကြတာပဲလေ။ ဖြစ်ချင်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် ဆိုပေမယ့် ကိုယ်သတိမကပ်လို့ ပျက်ချိန်မတန်ဘဲ ပျက်သွားခဲ့ရင် ရခဲလှတဲ့ လူဘဝမှာ အချည်းနှီးဖြစ်ရချည်ရဲ့ဗျာ။
ကပ်ရောဂါတွေကြုံလာရတဲ့ အချိန်မှာတော့ မလွှဲသာမရှောင်သာ သူသူငါငါ ခံကြရလေ့ရှိပါတယ်။ သာမန် မျက်စိနဲ့ မြင်ရတဲ့ ရန်သူကို ကိုယ်အားရှိသလောက် တွန်းလှန်တိုက်ခိုက်နိုင်ပေမယ့် သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ရန်သူကိုတော့ ကိုယ်စွမ်းအားနဲ့တင်မရဘဲ ဉာဏ်စွမ်းအားလဲရှိမှပဲ တွန်းလှန်နိုင်မည်မဟုတ်လား။
COVID-19 နဲ့ ပက်သက်တဲ့ Awareness တွေကိုလဲ fb ဖွင့်ကြည်လိုက်တာနဲ့ မြင်နေရပြီးသားပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီအကြောင်းတွေကို ထပ်ထပ်ပြောနေတော့မှာမဟုတ်ဘဲ မိမိတတ်ကျွမ်းတဲ့ ပညာရပ်ကနေတစ်ဖက်တစ် လမ်းကနေ အထောက်အကူဖြစ်စေဖို့ ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
ကပ်ဘေးဒဏ်ရန်မာန်အန္တရာယ်တွေကကင်းလွတ်အောင်လို့ရတနာသုတ်ပရိတ်တော်ကြီးလဲ အားကိုးတကြီး ရွတ်ဖတ်ကြဖို့လဲ ပြောခဲ့ပြီးပါပြီ။ ထပ်လောင်းပြောလိုတာက မနက်တစ်ကြိမ်၊နေ့လည်တစ်ကြိမ်၊ညတစ်ကြိမ် သုံးကြိမ်တော့ အနည်းဆုံးရွတ်စေချင်ပါတယ်။ ဒါအပြင် မေတ္တာခြုံရင် လုံတယ်ဆိုတဲ့စကားအတိုင်း မေတ္တာတရား ပွားများဖို့လဲလိုပါသေးတယ်။ ဘုရားဆောင်ရှေ့မှာထိုင်ပြီးတော့ ဘုရားရှစ်ခိုးပြီးမှ မေတ္တာပို့ရမယ်အောက်မေ့နေ တယ်ဆိုရင်တော့ မဟုတ်သေးပါဘူးဗျ။
ဘုရားရှင်က မေတ္တာပို့တဲ့ အလုပ်ကို ‘’သွား၊ထိုင်၊ရပ်၊လျောင်း’’ ဣရိယာပုတ် လေးပါးစလုံးမှာ လုပ်ကြရမယ်လို့ ဟောကြားတော်မူခဲ့တာကို မမေ့မလျော့သင့်ပါဘူး။
‘’သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ။ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။ ကပ်ကြီးသုံးပါး ကျော်နင်းနိုင်ကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ သူတော်ကောင်းစိတ် မွေးမြူနိုင်ကြပါစေ’’ စသည်ဖြင့် မိမိပွားများတတ်သလို စိတ်ညွှတ်ပြီး ပွားများနေစေချင်ပါတယ်။ မေတ္တာတရားဖြစ်တဲ့ အဒေါသရဲ့ ဆန့်ကျင်ဘက်က ဒေါသပါပဲ။ စိုးရိမ်တာ၊ကြောက်တာ၊ပူပန်တာ တွေက ဒေါသကိလေသာထဲမှာ ပါဝင်ပါတယ်ဗျ။ စိုးရိမ်နေတာ ဒေါသဖြစ်နေတာပါပဲ။ ဒါကြောင့် မေတ္တာပွားမယ်ဆိုရင်တော့ စိုးရိမ်စိတ်၊ကြောက်လွန်းတဲ့ စိတ်တွေကို လျှော့ချပြီးပွားမှပဲ တကယ်ထိရောက်ပါလိမ့်မယ်။
တစ်အိမ်မှာ တစ်ယောက်က မေတ္တာပွားတယ်ဆိုရင်တောင် အိမ်ခြေတစ်ထောင်ရှိတဲ့ ရွာတစ်ရွာမှာ လူတစ်ထောင် မေတ္တာတရားတွေပွားများပြီးသားဖြစ်နေပါလိမ့်မယ်။ ဒါဆိုဒီမြို့ဒီရွာလုံခြုံမှုတွေရှိစေတာပေါ့ဗျာ။ဒါအပြင် သူတော်ကောင်း၊ သူမြတ်လောင်းတွေရဲ့ မေတ္တာကိုလဲခံယူဖို့လိုပါတယ်။ ဒါကတော့ နေ့တစ်နေ့ရဲ့ စိတ်အကြည်လင်ဆုံးအချိန်မှ ဆောင်ရွက်ရပါ တယ်။
လူတိုင်းက မနက်မိုးလင်းချိန်ဆိုရင်တော့ စိတ်ကြည်လင်လန်းဆန်းကြတာများပါတယ်။ ဒါကြောင့် မနက်မိုးလင်းတာနဲ့ မိမိသက်သောင့်သက်သာ အနေအထားမျိုး ထိုင်ပြီး ‘’သူတော်ကောင်း၊သူမြတ်လောင်းတွေ၊ အရိယာပုဂ္ဂိုလ်တွေ၊သီလ သမာဓိ ရှိသူတွေရဲ့ ပို့သတဲ့ မေတ္တာကို ခံယူဆောက်တည်ပါတယ် ” လို့ စိတ်ညွှတ်ပြီး ခံယူပါ။ ခဏလောက် ဘာအတွေးမှမဝင်ဘဲ မေတ္တာခံယူဖို့ပဲ စိတ်ညွှတ်နေလိုက်ပါ။ ဒါဆို ဒီတစ်နေ့တာအတွက် လုံလောက်ပါတယ်။ နေ့စဉ်ဆောင်ရွက်နိုင်ရင်အကောင်းဆုံးပါပဲ။
နောက်ဆုံးတစ်ခုကတော့ အခုပုံတင်ထားတဲ့ အရဟံစမနဲ့ နဘယံ စမပုံကို မိမိတို့ကိုယ်တိုင် အိမ်အဝင်ရဲ့ ခေါင်းရင်း အမြင့်တစ်နေရာမှာ မြေဖြူရေးတာပဲဖြစ်ဖြစ်၊ ဆေးတစ်မျိုးနဲ့ရေးတာပဲဖြစ်ဖြစ်ရေးထားစေချင်ပါတယ်။ ဒါမှမဟုတ် အခုအောက်ကပုံကို မိတ္တူဆွဲကဒ်လောင်းပြီး ချိတ်ဆွဲထားလဲရပါတယ်။ ကာလာအရောင်နဲ့မှမဟုတ်ဘဲ အဖြူအမဲဆို လဲရပါတယ်။ ရှေ့မီနောက်မီလူကြီးသူမ တွေကို ဒီပုံကိုသိပါလိမ့်မယ်။ ဒီဘက်ခေတ်မှာတော့ နယ်ဘက်က ရှေ့ဟောင်းအိမ်တွေ လောက်မှာသာ တွေ့နိုင်ပါတော့ မယ်။ တော်တော်ရှားသွားပါပြီ။ ရှေး‌ခေတ်အိမ်တွေ တော်တော်များများမှာ အခုလို စီရင် ဆောင်ရွက်ထားလေ့ရှိပါတယ်။ ကောင်းကျိုးက ကပ်သုံးပါးကိုကျော်လွှားနိုင်ပါတယ်။ သူခိုးဓားပြကစလို့ ရန်သူမျိုးငါးပါး ရန်က ကင်းပါတယ်။ မကောင်းတဲ့ အတတ်တွေနဲ့ မိမိအိမ်ကို တိုက်လို့မရပါဘူး။ အိမ်သားတွေကလဲ သီလရှိသူတွေဖြစ်မယ်ဆိုရင် တရိပ်ရိပ်နဲ့ စီးပွားတတ်ပါတယ်ဆိုတဲ့အကြောင်းပြောရင်း နဲ့ နိဂုံးချုပ်အပ်ပါတယ်ဗျ။ ယုံကြည်သူများ အတွက်ဆောင်ရွက်နိုင်ဖို့ ပါ။ မယုံကြည်သူများ ကျော်သွားနိုင်ပါကြောင်း….။ ။
၇ရက်သားသမီးများအားလုံး ရောဂန္တရကပ်မှကင်းဝေးလွတ်မြောက်နိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ

အမည် သင်္ချာ ဝိဉာဉ် ဂဏန်းအဟော

အမည် သင်္ချာ ဝိဉာဉ် ဂဏန်းအဟော

အနောက်တိုင်း ဂဏန်းဗေဒင်နည်းအရ အမည်သင်္ချာဝိဉာဉ် ဂဏန်း တွက်ပုံတွက်နည်းကို ဦးစွာ ဖေါ်ပြလိုပါသည်။ ဒီနည်းက ငယ်ငယ်ကတည်းက ကျွန်တော်စာဖတ်တဲ့အခါမှတ်စုထုတ်ထားလေ့ရှိပါတယ်။ မဂ္ဂဇင်း တစ်အုပ်အုပ်ထဲမှာ ပါတဲ့နည်းပါ။ (မဂ္ဂဇင်းတော့ မမှတ်မိတော့ပါ.ဂမ္ဘီရဆန်းကြယ်လို့ထင်ပါတယ်.)ကိုယ်တိုင် တွက်စစ်လို့ရအောင်ပါ။ဤနည်းမှာ နာမည်တစ်ခုခုကို သိရှိရုံမျှနှင့် တွက်ချက်နိုင်ပါသည်။
#အောက်ကပုံမှာဖေါ်ပြထားသည့် အက္ခရာစာလုံးများနှင့် သင်္ချာသက်မှတ်ချက်များအရ နာမည်တစ်ခု၏ အမည်သင်္ချာ ဝိဉာဉ်ဂဏန်း ကို တွက်ယူ နိုင်ပါသည်။
ဥပမာ(၁) ကျော် ကျော် သန်း ဆိုသော အမည်ကို တွက်ချက်လိုလှျင်
K y a w K y a w T h a n
(၂+၁+၁+၆) + (၂+၁+၁+၆) + (၄+၅+၁+၅)
၁၀ + ၁၀ + ၁၅ = ၃၅
၃+၅ = ၈
အမည် သင်္ချာဝိဉာဉ် ဂဏန်း (၈) ကိုရရှိပါသည်။
အမည် သင်္ချာ ဝိဉာဉ် ဂဏန်းအဟောများ
၁ – ဂဏန်း
၁ – ဂဏန်းရသော အမည်သည် နေမင်း (သို့မဟုတ်) တနင်္ဂနွေဂြိုဟ်ကို ကိုယ်စားပြုသည်။ သက်ဆိုင်သူကို ပြီးမြောက်အောင်မြင်စေသော သင်္ချာဂဏန်းဖြစ်သည်။ စွန့်ဦးတီထွင်သူ၊ စတင်တည်ထောင်သူ၊ ခြေလှမ်းသစ်များ ကြီးကျယ်မြင့်မြက်လိုသော ဆန္ဒ၊ ဆုလာဘ်ဘွဲ့တံဆိပ်တို့ကို ဖေါ်ညွှန်းပြဆိုပါသည်။ အလုပ်တစ်ခုခုကို ပြတ်သားစွာ နောက်မဆုတ်ပဲ ဖြစ်သည့်နည်းနှင့်အောင်မြင် ပြီးမြောက်သည်အထိ လုပ်ဆောင်တတ်သည့် သဘောရှိသည်။ ချုပ်ချယ်မှုကို လက်မခံနိုင်ပဲ လွတ်လပ်မှုကို မြတ်နိုးသည်။ အများနှင့်ကွဲပြားသော မှတ်သားစရာအချက်များ ရှိတတ်၏။ အားကောင်းသော စိတ်တန်ခိုး စွမ်းအားများကို ပိုင်ဆိုင်စေသည်။ အရေးပါမှု၊ ဂုဏ်ကျက်သရေ၊ အကျင့်စာရိတ္တ၊ ရည်ရွယ်ချက်နှင့် မာန်မာနကို အပွန်းအပဲ့မခံ ဇွဲသန်တတ်သည်။ ထီးထီးမားမား မြင့်မြင့်မြတ်မြတ် ရှိသည့် ဂိုဏ်းဂဏ၊ ပါတီသမဂ္ဂ၊ ဘာသာအယူ ဝါဒတစ်ခုခုတို့၏ ခေါင်းဆောင်အဖြစ် ပြဆိုသည်။ စေ့စပ်သေချာ၍ အောက်သက်ကျေကာ ပိုင်နိုင်ပါသည်။ ဓနဂုဏ်၊ ရာထူးဂုဏ်၊ ဘဝအခြေအနေ၊ အဆင့်အတန်း ပြောင်းလဲတိုးတတ် ဖြစ်ထွန်းမှုနှင့် အောင်မြင်မှုကို သေချာအောင် အာမခံချက်ပေးသည့် ဂဏန်းတစ်ခု ဖြစ်ပေသည်။
၂ – ဂဏန်း
၂ ဂဏန်း ရသော အမည်သည် လမင်း (သို့မဟုတ်) တနင်္လာဂြိုဟ်ကို ကိုယ်စားပြုသည်။ အနုပညာဆန်သည်။ အလှအပများစွာနှင့် သက်ဆိုင်သည်။ တေးကဗျာ၊ လင်္ကာဂီတ၊ ပန်းချီ၊ ပန်းပု၊ ပန်းပညာအနုလက်ရာများ၊ သုခုမသဘင် ပညာတို့တွင် ထင်ရှားအကျိုးပေးတတ်သည်။ ရှေးဟောင်းအမွေအနှစ်နှင့် ပိုင်ဆိုင်မှုကို ဖေါ်ပြသည်။ သို့သော် လက်တွေ့မဆန်သော စိတ်ကူးယဉ်မှုက အားနည်း၊ အားပျော့သည့်သဘောကို ပြဆိုသည်။ ဆွဲဆောင်ရာသို့ ပါလွယ်ခြင်း၊ စုစည်းခိုင်မာမှုမရှိခြင်းတို့ကြောင့် အလွယ်တကူ သိမ်းပိုက်ခံရတတ်သည်။ မငြိမ်သက်ခြင်း၊ ရွေ့လျား ပြောင်းလဲတတ်ခြင်း၊ စွဲမြဲမှုမရှိတတ်ခြင်း၊ ယုံကြည်မှုအားနည်းခြင်းများ ရှိမည်။ အရှက်အကြောက်ကြီးသော ယဉ်ကျေးသော ဗီဇသဘာဝရှိသည်။ တီထွင်ကြံဆမှုသဘော ပြဆိုလိုသော်လည်း ဆုံးဖြတ်ချက်များ ခိုင်မာပြတ်သားမှု မရှိပဲ အကြံအစည်များ မအောင်မမြင် ဖြစ်ကာ ပျက်ပြားတတ်သောကြောင့် ခိုင်မာပြတ်သားသောစိတ်ဓါတ်၊ ကြံ့ခိုင်သော အားမာန်ကို ပြုစုပျိုးထောင်၍ တတ်ကြွပြီး လက်တွေ့ကျသည့် ပြောင်းလဲမှုများ လိုအပ်ပါသည်။
၃ – ဂဏန်း
၃ – ဂဏန်း ရသောအမည်သည် ကြာသပတေးဂြိုဟ်ကို ကိုယ်စားပြုသည်။ စည်းမျဉ်း၊ စည်းကမ်း ဥပဒေကို လိုက်နာ၊ လေးစားခြင်းကို ဖေါ်ပြသည်။ ရည်ရွယ်ချက်မြင့်မား၍ ကြီးမြင့်လိုသော ဆန္ဒအားကြီးခြင်း၊ စည်းကမ်းကြီးခြင်းကို ပြဆိုသည်။ မည်သည့်လူမျိုး၏ လက်အောက်တွင်မှ မနေလိုကြချေ။ အုပ်ချုပ်ရေးဘက်၊ စစ်ဘက်တွင် အကျိုးပေးသည်။ သူတစ်ပါးလက်အောက်ခံဘဝတွင် နေလိုစိတ်မရှိပဲ၊ အလုပ်အကိုင်၊ အရွှေ့အပြောင်း များတတ်သည်။ အမိန့်ဩဇာ၊ အာဏာပေးရန် ဝါသနာပါသည်။ စေခိုင်းညွှန်ကြားချက်များ တစ်ခုပြီးတစ်ခု ထုတ်တတ်သည်။ သူတစ်ပါးကို ဆရာလုပ်ကာ ပါဝါပြပြီး လမ်းညွှန်ဩဝါဒများ ပေးတတ်သည်။ ကြာသပတေးဂြိုဟ်၏ သဘောအရ ကောင်းကျိုးချမ်းသာ၊ ဂုဏ်ကျက်သရေတို့ကို ညွှန်းဆိုသည်။ တစ်နေ့ထက်တစ်နေ့ တစ်ရွေ့ရွေ့ တိုးပွား ကြီးမြင့်ခြင်း၊ မြင့်မားသော ဘဝအဆင့်အတန်းသို့ ရောက်ရှိခြင်းကို ပြဆိုသည်။ ဉာဏ်ပညာနှင့်ပြည့်စုံ၍ အမည်သတင်း ကျော်ကြားတတ်သည်။ သို့သော် မမျှော်လင့်သော အဖျက်တရားကို ကြုံတွေ့ရတတ်သည်။ သူတစ်ပါးကို အတင်းကာရော ပုံစံခွက်သို့ထည့်ကာ ပုံသွင်းတတ်မှုကြောင့် ဆန့်ကျင်မှုများ ကြုံရတတ်ပါသည်။ ကြီးပွားရေး၊ စီးပွားဖြစ်ထွန်းရေးအတွက် ဂဏန်းကောင်းပင် ဖြစ်ပါသည်။
၄ – ဂဏန်း
၄ – ဂဏန်းသည် ယူရေးနပ်စ်ဂြိုဟ်ကို ကိုယ်စားပြုသည်။ စိတ်နေ၊ စိတ်ထား တင်းမာ၍ အလုပ်တစ်ခုကို မဖြစ်ဖြစ်အောင် ပြုလုပ်တတ်သည့် သဘောဆောင်မည်။ ၄ – ဂဏန်းသည် ထကြွ၊ ဆန့်ကျင်၊ အုံကြွ၊ ပုန်ကန်မှု၏ ပြယုဂ်ပင်ဖြစ်၏။ ဥပဒေကို ပြောင်းပြန်လုပ်ပစ်ခြင်း၊ သူတစ်ပါးနှင့် အတိုက်အခံ ဆန့်ကျင်ခြင်း၊ ငြင်းခုန်စောဒကတတ် ခြင်းများ ရှိမည်။ ပတ်ဝန်းကျင်နှင့် မသင့်မတင့်ရှိတတ်သည်။ ၎င်းအား ဝိုင်းပယ်မှု၊ အားနှင့် ဖိနှိပ်မှုပြုခြင်းကို ခံရတတ် ပါသည်။ စီးပွားရေးတွင် အောင်မြင်မှုရရန် ခဲယဉ်းစွာ ရင်ဆိုင်၍ အခက်အခဲများစွကို ကျော်ဖြတ်ရတတ်သည်။ ဆက်ဆံရေးတွင် ချောမောပြေလည်ခြင်းမရှိပဲ ထင်ရာမြင်ရာကိုသာ ပြောဆိုလုပ်ကိုင်တတ်ကြသည်။ အမူအကျင့် ဓလေ့စရိုက်မှာ တစ်မူထူးခြားပြီး ထိုအချက်သည်ပင် အများနှင့်ကွဲလွဲမှုကို ဖြစ်စေသည်။ ပြောဆိုလုပ်ကိုင်ရာတွင် တရားသေ ကိုင်စွဲမှုများ ရှိမည်ဖြစ်ပြီး သက်ဆုံးတိုင်လည်း လုပ်ကိုင်တတ်သည်။ ဘာသာတရား၊ ဝါဒသဘောထား၊ ဥပဒေစည်းမျဉ်းများကို ပြောင်းလဲလိုသော ဉာဉ်ရှိမည်။ မဟုတ်မခံစိတ်ရှိပြီး အလျှော့မပေးတတ်ပေ။ လှုပ်ရှားရုန်းကန် ရမည့် သင်္ချာဂဏန်းပင် ဖြစ်သည်။ ဒေါသဖြစ်လှျင် ပြေရန်မလွယ်ကူပါ။ စိတ်ကြီးပြီး၊ စိတ်ထိခိုက်လွယ်သည်။ ထင်သလို ဖြစ်မလာသောအခါ စိတ်ဖြေဖျောက်ရန် ခဲယဉ်းမည်။ စိတ်ရှည်သည်းခံမှသာ အောင်မြင်နိုင်ပါလိမ့်မည်။
၅ – ဂဏန်း
၅ – ဂဏန်း ရသောအမည်သည် ဗုဒ္ဓဟူးဂြိုဟ်ကို ကိုယ်စားပြုသည်။ သွက်လက်ဖျက်လက်ခြင်း၊ သိလွယ်၊ တတ်လွယ်ခြင်း၊ အကင်းပါးခြင်းများရှိမည်။ ပညာဉာဏ်ကြီးမြင့်ကာ ဉာဏ်ထက်မြက်သည်။ မြန်ဆန်မှုရှိမည်။ ဟောဟောဒိုင်းဒိုင်း ပြုမူလုပ်ကိုင်တတ်သည်။ ဆုံးဖြတ်ချက်မြန်ဆန်ပြီး ဆိုင်းငံ့ခြင်းမရှိပဲ ချက်ချင်းလုပ်ရမှ ကျေနပ်မှု ရှိမည်။ ငွေကြေးရှာဖွေရာတွင် စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး အလှျင်အမြန် ရှာဖွေတတ်သောကြောင့် ရလွယ်သည်။ သို့ရာတွင် အလောင်းကစားဆန်ဆန် ပြုမူလုပ်ကိုင်တတ်၍ မှားယွင်းကုန်ဆုံးရတတ်သည်။ သို့သော် အမှားကို ပြန်လည် ပြုပြင်နိုင်စွမ်းရှိသောကြောင့် အောင်မြင်မှုများပြန်၍ ရတတ်ပြန်ပါသည်။ မိတ်ဆွေများနှင့် ချစ်ခင်၊ ပျော်ရွှင်စွာ ပေါင်းသင်း၊ ဆက်ဆံမှုရှိတတ်သည်။ အပေါင်းအသင်း ဝင်ဆန့်ပြီး များပြားရတတ်သည်။ လုပ်ငန်းများတွင် အကွက်ချပြီး လုပ်ကိုင်ဆောင်ရွက်တတ်သည်။ စိတ်မြန်ခြင်းကို ရှောင်၍ ခွင့်လွှတ်သည်းခံကာ စဉ်းစားဆင်ခြင် လုပ်ကိုင်လှျင် စီးပွားရေးတွင် အထူးအောင်မြင်မည်။ မိတ်ဆွေသစ်များနှင့်ခင်မင်လွယ်ကာ လိုင်းရွေးချယ်မှု များပြား မည်။ စိတ်ထိခိုက်လွယ်သည်။ ကုန်ရောင်း၊ ကုန်ဝယ် လုပ်ကိုင်တတ်ခြင်း၊ ဈေးကစားတတ်ခြင်းတို့ ရှိမည်။ အလုပ်တစ်ချို့ကို တစ်ပိုင်းတစ်စနှင့် ပစ်ထားတတ်သော အကျင့်ရှိတတ်သည်။ တစ်ခါတစ်ရံ မရေမရာ၊ မသေချာပဲ နေရာတကာ ဝင်ပါကာ အချိန်ကို အလဟဿ ဖြုန်းတီးတတ်ပါသည်။ စိတ်ထားနှစ်မျိုး ရှိတတ်၍ အချို့ကိစ္စများတွင် ရဲရင့်လွန်းနေတတ်ပြီး အချို့တွင်မူ ကြောက်ရွံ့လွန်းနေတတ်ပြန်ပါသည်။ တစ်ခါတစ်ရံ ရက်ရောသော်လည်း တစ်ခါတစ်ရံတွင် နှမြောတွန့်တိုတတ်ပြန်ပါသည်။ သနားတတ်သော စိတ်ရှိသော်လည်း တစ်ခါတစ်ရံ ရက်စက်တတ် ပြန်ပါသည်။ တည်ငြိမ် စွဲမြဲမှုရှိရန် လိုအပ်ပါသည်။
၆ – ဂဏန်း
၆ – ဂဏန်းရသော အမည်သည် သောကြာဂြိုဟ်၏ အမှတ်အသားဖြစ်သည်။ အပေါင်းအသင်း၊ မိတ်သင်္ဂဟ ပေါများခြင်း၊ လူချစ်၊ လူခင်များခြင်း၊ ပရိသတ် ချစ်ခင်ကြည်ညိုမှုများ ရရှိခြင်းတို့ကို ပြဆိုပါသည်။ အနုပညာကို လိုက်စား ဝါသနာထုံတတ်သည်။ အလှအပကို မက်မောတတ်သည်။ လှပအောင် ပြုပြင်ပြင်ဆင်တတ်ကာ အနုအရွ များကို ဖန်တီးလုပ်ဆောင်တတ်သည်။ အနုပညာစိတ်ရှိကာ စိတ်နှလုံး နူးညံ့သိမ်မွေ့တတ်သော်လည်း အယူအဆနှင့် ဆုံးဖြတ်ချက်များတွင် လွန်စွာခေါင်းမာ၍ မာန်မာန ရှိတတ်သည်။ အလုပ်ကိုတိကျသေချာ၍ ဆုံးခန်းတိုင်အောင် လုပ်ဆောင်တတ်သည့် သဘောရှိသည်။ စိတ်ဆန္ဒက ပြဌာန်းထားသည့် ကိစ္စများကို အရိုးကြေကြေ၊ အရေခန်းခန်း ရရှိသည်အထိ စွမ်းဆောင်တတ်ကြသည်။ စိတ်တန်ခိုးအင်အား ထက်မြက်မှုကြောင့် စီးပွားရေး၊ လူမှုရေးနယ်ပယ်တွင် အောင်မြင်တတ်ကြပါသည်။ ချစ်ခင်မိသူများကို အစစအရာရာသည်းခံကာ အလိုလိုက်တတ်ကြသော်လည်း ခေါင်းမာမိပါက မည်သူ့ကိုမှ အလျှော့ပေးမည်မဟုတ်ပါ။ တောက်ပကြည်လင်သော အရောင်အဆင်းနှင့် အလှအပကို ကြိုက်နှစ်သက်တတ်ကာ သင့်တင့်လျောက်ပတ်အောင် ဆင်ယင်တတ်သော ပန်းချီမျက်စိ အခြေခံရှိပါသည်။ အပေါင်းအသင်းများကို ချစ်ခင်အောင် ဧည့်ခံစည်းရုံးနိုင်စွမ်းရှိပြီး အချင်းချင်း မနာလို ကွဲပြားခြင်းကို လက်မခံကြချေ။ ချစ်ခြင်း မေတ္တာစိတ်သည် တစ်ခါတစ်ရံ အစွန်းရောက်၍ သွားတတ်ပါသည်။ သူတစ်ပါးကို ဆွဲဆောင်အား ရှိမည်။
၇ – ဂဏန်း
၇ – ဂဏန်းရှိသော အမည်သည် နက်ပ်ကျွန်းဂြိုဟ်ကို ကိုယ်စားပြုသော အမှတ်အသားဖြစ်သည်။ စိတ်ကူး၊ စိတ်သန်းကောင်းသော အကြံဉာဏ်ကောင်းများ ရှိကာ တွေးတော ကြံဆနိုင်စွမ်းရှိသော သဘောကို ပြဆိုသည်။ လှျို့ဝှက်နက်နဲသော သဘော၊ အဘိဓမ္မာဆန်သော သဘောတရားများလည်း ရှိမည်။ ထူးခြားသော စိတ်တန်ခိုး များကိုလည်း ပိုင်ဆိုင်မှု ရှိမည်။ အဘိဓမ္မာဉာဏ်နှင့် စိတ်ပညာရပ်များ၊ ဒဿန အတွေးအခေါ်ဆန်းများ၊ ဂမ္ဘီရပညာ၊ ဂန္ဓာရီပညာရပ်များလည်း စူးစမ်းလေ့လာမှုများ ရှိမည်။ စာပေဂီတ၊ ပန်းချီ၊ ပန်းပု၊ ပညာရပ်များနှင့် ဆက်နွယ် တတ်မြောက်နိုင်ပါသည်။ လေးနက်သော အကြောင်းအရာများ၊ ဆန်းကြယ်သော အကြောင်းအရာများကို ထူးထူးခြားခြား ရေးဖွဲနိင်စွမ်း ရှိတတ်ကြပါသည်။ ခိုင်မာသော အောင်မြင်မှုများ ရရှိနိုင်ပါသည်။ လွတ်လပ်သော စိတ်ထားကို သဘောကျတတ်မည်။ စိတ်ပူပင်တတ်သည်။ အနာဂတ် နောင်ရေးကို တွေးတော ပူပင် ကြောင့်ကြမှုများ ရှိတတ်ပါတယ်။ ဘာသာရေးဆိုင်ရာ သီးခြားအတွေးအခေါ်များလည်း ရှိနေမည်။ ငွေကြေးမမြဲသော သဘောရှိ၏။ ကြိုတင်အလိုအလျောက် သိမြင်နိုင်စွမ်းရှိကာ တစ်ပါးသူကို ပြုပြင် ဆွဲဆောင်နိုင်မည်။ ဝိဉာဉ် သင်္ချာ(၇)မှာ ရေကို ပိုင်စိုးသော ဓါတ်ဖြစ်သဖြင့် ပင်လယ်နှင့်သက်ဆိုင်သော ပညာရပ်များ၊ နိုင်ငံရပ်ခြား၊ ဒေသန္တရ ဗဟုသုတများ အလွန်ပင် ဝါသနာထုံတတ်ပါသည်။ ရေလုပ်ငန်းဆိုင်ရာနှင့် ခရီးသွားလာမှုဆိုင်ရာ လုပ်ငန်းများကို နှစ်ခြိုက်သဖြင့် ထိုကိစ္စများတွင် တတ်ကျွမ်းအောင်မြင်မှုများရှိမည်။
၈ – ဂဏန်း
၈ – ဂဏန်း ရသောအမည်သည် စနေဂြိုဟ်၏ အမှတ်အသား သင်္ကေတ ဖြစ်သည်။ အထီးကျန်၊ အဖေါ်မဲ့မှုကို ဖေါ်ညွှန်းသည်။ (၈)ဂဏန်းအမည် သင်္ချာ ရရှိသူသည် စိတ်ဓါတ်ပြင်းထန်ကာ လေးနက်မှုရှိသည်။ အလယ်အလက်တွင် မနေတတ်ပါ။ အောက်ဆုံးနှင့် အထက်ဆုံး တစ်ခုခုတွင်သာ ရပ်တည်တတ်ကြပါသည်။ အနိမ့်အမြင့်၊ အတတ်အကျ များပြား မြန်ဆန်စွာ ပြောင်းလဲတတ်သည့် သဘောရှိပါသည်။ ဇွဲအလွန်ကောင်း၍ ထူးထူးချွန်ချွန် ကြိုးစားမှု များကြောင့် အဆင့်မြင့်သော ရာထူး၊ ဌာနန္တရ ကြီးများတွင် ရရှိအောင်မြင်တတ်ကြသော်လည်း ကျဆင်း၊ ပျက်စီး၊ နိမ့်ပါးရသည့် သဘောများ ရှိတတ်ကြပြန်ပါသည်။ မနာလိုသူများ၊ မယုံကြည်သူများ၊ အထင်အမြင်လွဲမှား ခံရမှုများ ကြောင့် အခက်အခဲများစွာကို တွေ့ကြုံရတတ်ပါသည်။ တစိုက်မက်မက် မရှိခြင်း၊ အစွမ်းကုန် အားမထုတ်ခြင်း များကြောင့် ဆုံးရှုံးကျဆင်းရခြင်းများ ကြုံတွေ့ရတတ်ပါသည်။ အထင်အမြင်လွဲမှားမှု အမျိုးမျိုး ခံရကာ ဖြေရှင်းနိုင် စွမ်းအားလည်း မရှိပဲ ဖြစ်နေတတ်ပြန်ပါသည်။ ပြင်းထန်သော အယူအဆများလည်း ရှိနေတတ်ကြပြီး ရန်သူလည်း များပြားနေရတတ်သည်။ ဆင်းရဲဒုက္ခရောက်သူများအပေါ် ကြင်နာသနားစိတ်ကြီးသည်။ မိမိ၏ကိုယ်ကျိုးစွန့်ကာ ဆောင်ရွက်ကူညီတတ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးကို မည်သူ့ကိုမှ ဂရုစိုက်မနေတတ်ပဲ မိမိထင်သလို စိတ်ကြိုက် ပြုမူနေထိုင်တတ်ကြပါသည်။ မေတ္တာတရားနှင့် သမာဓိအားတည်ဆောက်ကာ ဆင်ခြင်တုံတရား လက်ကိုင်ထားမှသာ ကံကြမ္မာဆိုးများကို ဖယ်ရှားအနိုင်ယူနိုင်ပေလိမ့်မည်။
၉ – ဂဏန်း
၉ – ဂဏန်း နာမည်သင်္ချာသည် အင်္ဂါဂြိုဟ် ဂုဏ်သတ္တိများကို ကိုယ်စားပြုပါသည်။ အင်္ဂါဂြိုဟ်၏ သဘော သဘာဝကြောင့် အတိုက်အခိုက်တွင် တော်တတ်ကြပါသည်။ သူရဲကောင်းစိတ်မျိုးရှိကာ သူရဲကောင်းဆန်ဆန်လည်း ပြုမူတတ်ကြသည်။ ရုတ်ခြည်းဆုံးဖြတ်ချက်ချကာ စစ်မျက်နှာအများအပြားဖွင့်၍ ရန်သူကို ရင်ဆိုင်ခြင်းအမှု ပြုလိုတတ်ကြသည်။ မအောင်မြင်သော တိုက်ပွဲများကိုလည်း ခေါင်းမာမာနှင့် ဆင်နွှဲတတ်ပြန်ပါသည်။ ငယ်ရွယ်စဉ်တွင် ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြုံတွေ့ရတတ်ပြီး ကြီးပြင်းလာသောအခါမှ အောင်မြင်မှုများ ရရှိတတ် ပါသည်။ စိတ်မြန်၊ စိတ်ကြီးကာ လွတ်လပ်မှုကို ခုံမင်၍ သူတစ်ပါး လက်အောက်တွင် မနေလိုကြချေ။ အတိုက်အခံ များစွာရှိပြီး မိမိကလည်း အတိုက်အခံ လုပ်လိုသည်။ ဖြတ်ထိုးဉာဏ်ကောင်းပြီး မိမိကိုယ်ကို ယုံကြည်ကိုးစားမှု လွန်ကဲတတ်ကြပါသည်။ အချစ်ကြီးလွန်းတတ်ပြီး အချစ်အတွက်ကြောင့် ဘာမဆိုလုပ်ပေးတတ်သည့် သဘောရှိကာ အချစ်ရူးပမာ အရူးအမူး ဖြစ်တတ်သည်။ သတ္တိစွမ်းရည်ကြောင့် တုပြိုင်သူများနေသော်လည်း နောက်ဆုံးတွင် အောင်မြင်ရတတ်ပါသည်။ ဘဝစစ်သည်တော်များ ဖြစ်ကြသည်။ မီးဒဏ်၊ ဗုံးသေနတ်၊ ယမ်းပေါက်ကွဲမှုဒဏ် များကြောင့် ထိခိုက်အနာတရ ဖြစ်တတ်ကြပါသည်။ အိမ်သူ၊ အိမ်သား အတူနေသူများနှင့် မသင့်တင့်ပဲ ခိုက်ရန် ဖြစ်ပွားကာ ရွံ့ကြောက်အဖြစ် အထင်အမြင်လည်း ခံရတတ်ပါသည်။ အများနှင့် ဆန့်ကျင်ဘက်အဖြစ်မှ အောင်မြင် တတ်ပါမည်။
အမည် သင်္ချာ ဝိဉာဉ် ဂဏန်းအဟော
အနောက်တိုင်း ဂဏန်းဗေဒင်နည်းအရ အမည်သင်္ချာဝိဉာဉ် ဂဏန်း တွက်ပုံတွက်နည်းကို ဦးစွာ ဖေါ်ပြလိုပါသည်။ ဒီနည်းက ငယ်ငယ်ကတည်းက ကျွန်တော်ကစာဖတ်တဲ့အခါမှတ်စုထုတ်ထားလေ့ရှိပါတယ်။ မဂ္ဂဇင်း တစ်အုပ်အုပ်ထဲမှာ ပါတဲ့နည်းပါ။ (မဂ္ဂဇင်းတော့ မမှတ်မိတော့ပါ.ဂမ္ဘီရဆန်းကြယ်လို့ထင်ပါတယ်)ကိုယ်တိုင် တွက်စစ်လို့ရအောင်ပါ။ဤနည်းမှာ နာမည်တစ်ခုခုကို သိရှိရုံမျှနှင့် တွက်ချက်နိုင်ပါသည်။
#အောက်ကပုံမှာဖေါ်ပြထားသည့် အက္ခရာစာလုံးများနှင့် သင်္ချာသက်မှတ်ချက်များအရ နာမည်တစ်ခု၏ အမည်သင်္ချာ ဝိဉာဉ်ဂဏန်း ကို တွက်ယူ နိုင်ပါသည်။
ဥပမာ(၁) ကျော် ကျော် သန်း ဆိုသော အမည်ကို တွက်ချက်လိုလျှင်
K y a w K y a w T h a n
(၂+၁+၁+၆) + (၂+၁+၁+၆) + (၄+၅+၁+၅)
၁၀ + ၁၀ + ၁၅ = ၃၅
၃+၅ = ၈
အမည် သင်္ချာဝိဉာဉ် ဂဏန်း (၈) ကိုရရှိပါသည်။
အမည် သင်္ချာ ဝိဉာဉ် ဂဏန်းအဟောများ
၁ – ဂဏန်း
၁ – ဂဏန်းရသော အမည်သည် နေမင်း (သို့မဟုတ်) တနင်္ဂနွေဂြိုဟ်ကို ကိုယ်စားပြုသည်။ သက်ဆိုင်သူကို ပြီးမြောက်အောင်မြင်စေသော သင်္ချာဂဏန်းဖြစ်သည်။ စွန့်ဦးတီထွင်သူ၊ စတင်တည်ထောင်သူ၊ ခြေလှမ်းသစ်များ ကြီးကျယ်မြင့်မြက်လိုသော ဆန္ဒ၊ ဆုလာဘ်ဘွဲ့တံဆိပ်တို့ကို ဖေါ်ညွှန်းပြဆိုပါသည်။ အလုပ်တစ်ခုခုကို ပြတ်သားစွာ နောက်မဆုတ်ပဲ ဖြစ်သည့်နည်းနှင့်အောင်မြင် ပြီးမြောက်သည်အထိ လုပ်ဆောင်တတ်သည့် သဘောရှိသည်။ ချုပ်ချယ်မှုကို လက်မခံနိုင်ပဲ လွတ်လပ်မှုကို မြတ်နိုးသည်။ အများနှင့်ကွဲပြားသော မှတ်သားစရာအချက်များ ရှိတတ်၏။ အားကောင်းသော စိတ်တန်ခိုး စွမ်းအားများကို ပိုင်ဆိုင်စေသည်။ အရေးပါမှု၊ ဂုဏ်ကျက်သရေ၊ အကျင့်စာရိတ္တ၊ ရည်ရွယ်ချက်နှင့် မာန်မာနကို အပွန်းအပဲ့မခံ ဇွဲသန်တတ်သည်။ ထီးထီးမားမား မြင့်မြင့်မြတ်မြတ် ရှိသည့် ဂိုဏ်းဂဏ၊ ပါတီသမဂ္ဂ၊ ဘာသာအယူ ဝါဒတစ်ခုခုတို့၏ ခေါင်းဆောင်အဖြစ် ပြဆိုသည်။ စေ့စပ်သေချာ၍ အောက်သက်ကျေကာ ပိုင်နိုင်ပါသည်။ ဓနဂုဏ်၊ ရာထူးဂုဏ်၊ ဘဝအခြေအနေ၊ အဆင့်အတန်း ပြောင်းလဲတိုးတတ် ဖြစ်ထွန်းမှုနှင့် အောင်မြင်မှုကို သေချာအောင် အာမခံချက်ပေးသည့် ဂဏန်းတစ်ခု ဖြစ်ပေသည်။
၂ – ဂဏန်း
၂ ဂဏန်း ရသော အမည်သည် လမင်း (သို့မဟုတ်) တနင်္လာဂြိုဟ်ကို ကိုယ်စားပြုသည်။ အနုပညာဆန်သည်။ အလှအပများစွာနှင့် သက်ဆိုင်သည်။ တေးကဗျာ၊ လင်္ကာဂီတ၊ ပန်းချီ၊ ပန်းပု၊ ပန်းပညာအနုလက်ရာများ၊ သုခုမသဘင် ပညာတို့တွင် ထင်ရှားအကျိုးပေးတတ်သည်။ ရှေးဟောင်းအမွေအနှစ်နှင့် ပိုင်ဆိုင်မှုကို ဖေါ်ပြသည်။ သို့သော် လက်တွေ့မဆန်သော စိတ်ကူးယဉ်မှုက အားနည်း၊ အားပျော့သည့်သဘောကို ပြဆိုသည်။ ဆွဲဆောင်ရာသို့ ပါလွယ်ခြင်း၊ စုစည်းခိုင်မာမှုမရှိခြင်းတို့ကြောင့် အလွယ်တကူ သိမ်းပိုက်ခံရတတ်သည်။ မငြိမ်သက်ခြင်း၊ ရွေ့လျား ပြောင်းလဲတတ်ခြင်း၊ စွဲမြဲမှုမရှိတတ်ခြင်း၊ ယုံကြည်မှုအားနည်းခြင်းများ ရှိမည်။ အရှက်အကြောက်ကြီးသော ယဉ်ကျေးသော ဗီဇသဘာဝရှိသည်။ တီထွင်ကြံဆမှုသဘော ပြဆိုလိုသော်လည်း ဆုံးဖြတ်ချက်များ ခိုင်မာပြတ်သားမှု မရှိပဲ အကြံအစည်များ မအောင်မမြင် ဖြစ်ကာ ပျက်ပြားတတ်သောကြောင့် ခိုင်မာပြတ်သားသောစိတ်ဓါတ်၊ ကြံ့ခိုင်သော အားမာန်ကို ပြုစုပျိုးထောင်၍ တတ်ကြွပြီး လက်တွေ့ကျသည့် ပြောင်းလဲမှုများ လိုအပ်ပါသည်။
၃ – ဂဏန်း
၃ – ဂဏန်း ရသောအမည်သည် ကြာသပတေးဂြိုဟ်ကို ကိုယ်စားပြုသည်။ စည်းမျဉ်း၊ စည်းကမ်း ဥပဒေကို လိုက်နာ၊ လေးစားခြင်းကို ဖေါ်ပြသည်။ ရည်ရွယ်ချက်မြင့်မား၍ ကြီးမြင့်လိုသော ဆန္ဒအားကြီးခြင်း၊ စည်းကမ်းကြီးခြင်းကို ပြဆိုသည်။ မည်သည့်လူမျိုး၏ လက်အောက်တွင်မှ မနေလိုကြချေ။ အုပ်ချုပ်ရေးဘက်၊ စစ်ဘက်တွင် အကျိုးပေးသည်။ သူတစ်ပါးလက်အောက်ခံဘဝတွင် နေလိုစိတ်မရှိပဲ၊ အလုပ်အကိုင်၊ အရွှေ့အပြောင်း များတတ်သည်။ အမိန့်ဩဇာ၊ အာဏာပေးရန် ဝါသနာပါသည်။ စေခိုင်းညွှန်ကြားချက်များ တစ်ခုပြီးတစ်ခု ထုတ်တတ်သည်။ သူတစ်ပါးကို ဆရာလုပ်ကာ ပါဝါပြပြီး လမ်းညွှန်ဩဝါဒများ ပေးတတ်သည်။ ကြာသပတေးဂြိုဟ်၏ သဘောအရ ကောင်းကျိုးချမ်းသာ၊ ဂုဏ်ကျက်သရေတို့ကို ညွှန်းဆိုသည်။ တစ်နေ့ထက်တစ်နေ့ တစ်ရွေ့ရွေ့ တိုးပွား ကြီးမြင့်ခြင်း၊ မြင့်မားသော ဘဝအဆင့်အတန်းသို့ ရောက်ရှိခြင်းကို ပြဆိုသည်။ ဉာဏ်ပညာနှင့်ပြည့်စုံ၍ အမည်သတင်း ကျော်ကြားတတ်သည်။ သို့သော် မမျှော်လင့်သော အဖျက်တရားကို ကြုံတွေ့ရတတ်သည်။ သူတစ်ပါးကို အတင်းကာရော ပုံစံခွက်သို့ထည့်ကာ ပုံသွင်းတတ်မှုကြောင့် ဆန့်ကျင်မှုများ ကြုံရတတ်ပါသည်။ ကြီးပွားရေး၊ စီးပွားဖြစ်ထွန်းရေးအတွက် ဂဏန်းကောင်းပင် ဖြစ်ပါသည်။
၄ – ဂဏန်း
၄ – ဂဏန်းသည် ယူရေးနပ်စ်ဂြိုဟ်ကို ကိုယ်စားပြုသည်။ စိတ်နေ၊ စိတ်ထား တင်းမာ၍ အလုပ်တစ်ခုကို မဖြစ်ဖြစ်အောင် ပြုလုပ်တတ်သည့် သဘောဆောင်မည်။ ၄ – ဂဏန်းသည် ထကြွ၊ ဆန့်ကျင်၊ အုံကြွ၊ ပုန်ကန်မှု၏ ပြယုဂ်ပင်ဖြစ်၏။ ဥပဒေကို ပြောင်းပြန်လုပ်ပစ်ခြင်း၊ သူတစ်ပါးနှင့် အတိုက်အခံ ဆန့်ကျင်ခြင်း၊ ငြင်းခုန်စောဒကတတ် ခြင်းများ ရှိမည်။ ပတ်ဝန်းကျင်နှင့် မသင့်မတင့်ရှိတတ်သည်။ ၎င်းအား ဝိုင်းပယ်မှု၊ အားနှင့် ဖိနှိပ်မှုပြုခြင်းကို ခံရတတ် ပါသည်။ စီးပွားရေးတွင် အောင်မြင်မှုရရန် ခဲယဉ်းစွာ ရင်ဆိုင်၍ အခက်အခဲများစွကို ကျော်ဖြတ်ရတတ်သည်။ ဆက်ဆံရေးတွင် ချောမောပြေလည်ခြင်းမရှိပဲ ထင်ရာမြင်ရာကိုသာ ပြောဆိုလုပ်ကိုင်တတ်ကြသည်။ အမူအကျင့် ဓလေ့စရိုက်မှာ တစ်မူထူးခြားပြီး ထိုအချက်သည်ပင် အများနှင့်ကွဲလွဲမှုကို ဖြစ်စေသည်။ ပြောဆိုလုပ်ကိုင်ရာတွင် တရားသေ ကိုင်စွဲမှုများ ရှိမည်ဖြစ်ပြီး သက်ဆုံးတိုင်လည်း လုပ်ကိုင်တတ်သည်။ ဘာသာတရား၊ ဝါဒသဘောထား၊ ဥပဒေစည်းမျဉ်းများကို ပြောင်းလဲလိုသော ဉာဉ်ရှိမည်။ မဟုတ်မခံစိတ်ရှိပြီး အလျှော့မပေးတတ်ပေ။ လှုပ်ရှားရုန်းကန် ရမည့် သင်္ချာဂဏန်းပင် ဖြစ်သည်။ ဒေါသဖြစ်လျှင် ပြေရန်မလွယ်ကူပါ။ စိတ်ကြီးပြီး၊ စိတ်ထိခိုက်လွယ်သည်။ ထင်သလို ဖြစ်မလာသောအခါ စိတ်ဖြေဖျောက်ရန် ခဲယဉ်းမည်။ စိတ်ရှည်သည်းခံမှသာ အောင်မြင်နိုင်ပါလိမ့်မည်။
၅ – ဂဏန်း
၅ – ဂဏန်း ရသောအမည်သည် ဗုဒ္ဓဟူးဂြိုဟ်ကို ကိုယ်စားပြုသည်။ သွက်လက်ဖျက်လက်ခြင်း၊ သိလွယ်၊ တတ်လွယ်ခြင်း၊ အကင်းပါးခြင်းများရှိမည်။ ပညာဉာဏ်ကြီးမြင့်ကာ ဉာဏ်ထက်မြက်သည်။ မြန်ဆန်မှုရှိမည်။ ဟောဟောဒိုင်းဒိုင်း ပြုမူလုပ်ကိုင်တတ်သည်။ ဆုံးဖြတ်ချက်မြန်ဆန်ပြီး ဆိုင်းငံ့ခြင်းမရှိပဲ ချက်ချင်းလုပ်ရမှ ကျေနပ်မှု ရှိမည်။ ငွေကြေးရှာဖွေရာတွင် စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး အလျှင်အမြန် ရှာဖွေတတ်သောကြောင့် ရလွယ်သည်။ သို့ရာတွင် အလောင်းကစားဆန်ဆန် ပြုမူလုပ်ကိုင်တတ်၍ မှားယွင်းကုန်ဆုံးရတတ်သည်။ သို့သော် အမှားကို ပြန်လည် ပြုပြင်နိုင်စွမ်းရှိသောကြောင့် အောင်မြင်မှုများပြန်၍ ရတတ်ပြန်ပါသည်။ မိတ်ဆွေများနှင့် ချစ်ခင်၊ ပျော်ရွှင်စွာ ပေါင်းသင်း၊ ဆက်ဆံမှုရှိတတ်သည်။ အပေါင်းအသင်း ဝင်ဆန့်ပြီး များပြားရတတ်သည်။ လုပ်ငန်းများတွင် အကွက်ချပြီး လုပ်ကိုင်ဆောင်ရွက်တတ်သည်။ စိတ်မြန်ခြင်းကို ရှောင်၍ ခွင့်လွှတ်သည်းခံကာ စဉ်းစားဆင်ခြင် လုပ်ကိုင်လျှင် စီးပွားရေးတွင် အထူးအောင်မြင်မည်။ မိတ်ဆွေသစ်များနှင့်ခင်မင်လွယ်ကာ လိုင်းရွေးချယ်မှု များပြား မည်။ စိတ်ထိခိုက်လွယ်သည်။ ကုန်ရောင်း၊ ကုန်ဝယ် လုပ်ကိုင်တတ်ခြင်း၊ ဈေးကစားတတ်ခြင်းတို့ ရှိမည်။ အလုပ်တစ်ချို့ကို တစ်ပိုင်းတစ်စနှင့် ပစ်ထားတတ်သော အကျင့်ရှိတတ်သည်။ တစ်ခါတစ်ရံ မရေမရာ၊ မသေချာပဲ နေရာတကာ ဝင်ပါကာ အချိန်ကို အလဟဿ ဖြုန်းတီးတတ်ပါသည်။ စိတ်ထားနှစ်မျိုး ရှိတတ်၍ အချို့ကိစ္စများတွင် ရဲရင့်လွန်းနေတတ်ပြီး အချို့တွင်မူ ကြောက်ရွံ့လွန်းနေတတ်ပြန်ပါသည်။ တစ်ခါတစ်ရံ ရက်ရောသော်လည်း တစ်ခါတစ်ရံတွင် နှမြောတွန့်တိုတတ်ပြန်ပါသည်။ သနားတတ်သော စိတ်ရှိသော်လည်း တစ်ခါတစ်ရံ ရက်စက်တတ် ပြန်ပါသည်။ တည်ငြိမ် စွဲမြဲမှုရှိရန် လိုအပ်ပါသည်။
၆ – ဂဏန်း
၆ – ဂဏန်းရသော အမည်သည် သောကြာဂြိုဟ်၏ အမှတ်အသားဖြစ်သည်။ အပေါင်းအသင်း၊ မိတ်သင်္ဂဟ ပေါများခြင်း၊ လူချစ်၊ လူခင်များခြင်း၊ ပရိသတ် ချစ်ခင်ကြည်ညိုမှုများ ရရှိခြင်းတို့ကို ပြဆိုပါသည်။ အနုပညာကို လိုက်စား ဝါသနာထုံတတ်သည်။ အလှအပကို မက်မောတတ်သည်။ လှပအောင် ပြုပြင်ပြင်ဆင်တတ်ကာ အနုအရွ များကို ဖန်တီးလုပ်ဆောင်တတ်သည်။ အနုပညာစိတ်ရှိကာ စိတ်နှလုံး နူးညံ့သိမ်မွေ့တတ်သော်လည်း အယူအဆနှင့် ဆုံးဖြတ်ချက်များတွင် လွန်စွာခေါင်းမာ၍ မာန်မာန ရှိတတ်သည်။ အလုပ်ကိုတိကျသေချာ၍ ဆုံးခန်းတိုင်အောင် လုပ်ဆောင်တတ်သည့် သဘောရှိသည်။ စိတ်ဆန္ဒက ပြဌာန်းထားသည့် ကိစ္စများကို အရိုးကြေကြေ၊ အရေခန်းခန်း ရရှိသည်အထိ စွမ်းဆောင်တတ်ကြသည်။ စိတ်တန်ခိုးအင်အား ထက်မြက်မှုကြောင့် စီးပွားရေး၊ လူမှုရေးနယ်ပယ်တွင် အောင်မြင်တတ်ကြပါသည်။ ချစ်ခင်မိသူများကို အစစအရာရာသည်းခံကာ အလိုလိုက်တတ်ကြသော်လည်း ခေါင်းမာမိပါက မည်သူ့ကိုမှ အလျှော့ပေးမည်မဟုတ်ပါ။ တောက်ပကြည်လင်သော အရောင်အဆင်းနှင့် အလှအပကို ကြိုက်နှစ်သက်တတ်ကာ သင့်တင့်လျောက်ပတ်အောင် ဆင်ယင်တတ်သော ပန်းချီမျက်စိ အခြေခံရှိပါသည်။ အပေါင်းအသင်းများကို ချစ်ခင်အောင် ဧည့်ခံစည်းရုံးနိုင်စွမ်းရှိပြီး အချင်းချင်း မနာလို ကွဲပြားခြင်းကို လက်မခံကြချေ။ ချစ်ခြင်း မေတ္တာစိတ်သည် တစ်ခါတစ်ရံ အစွန်းရောက်၍ သွားတတ်ပါသည်။ သူတစ်ပါးကို ဆွဲဆောင်အား ရှိမည်။
၇ – ဂဏန်း
၇ – ဂဏန်းရှိသော အမည်သည် နက်ပ်ကျွန်းဂြိုဟ်ကို ကိုယ်စားပြုသော အမှတ်အသားဖြစ်သည်။ စိတ်ကူး၊ စိတ်သန်းကောင်းသော အကြံဉာဏ်ကောင်းများ ရှိကာ တွေးတော ကြံဆနိုင်စွမ်းရှိသော သဘောကို ပြဆိုသည်။ လျှို့ဝှက်နက်နဲသော သဘော၊ အဘိဓမ္မာဆန်သော သဘောတရားများလည်း ရှိမည်။ ထူးခြားသော စိတ်တန်ခိုး များကိုလည်း ပိုင်ဆိုင်မှု ရှိမည်။ အဘိဓမ္မာဉာဏ်နှင့် စိတ်ပညာရပ်များ၊ ဒဿန အတွေးအခေါ်ဆန်းများ၊ ဂမ္ဘီရပညာ၊ ဂန္ဓာရီပညာရပ်များလည်း စူးစမ်းလေ့လာမှုများ ရှိမည်။ စာပေဂီတ၊ ပန်းချီ၊ ပန်းပု၊ ပညာရပ်များနှင့် ဆက်နွယ် တတ်မြောက်နိုင်ပါသည်။ လေးနက်သော အကြောင်းအရာများ၊ ဆန်းကြယ်သော အကြောင်းအရာများကို ထူးထူးခြားခြား ရေးဖွဲနိင်စွမ်း ရှိတတ်ကြပါသည်။ ခိုင်မာသော အောင်မြင်မှုများ ရရှိနိုင်ပါသည်။ လွတ်လပ်သော စိတ်ထားကို သဘောကျတတ်မည်။ စိတ်ပူပင်တတ်သည်။ အနာဂတ် နောင်ရေးကို တွေးတော ပူပင် ကြောင့်ကြမှုများ ရှိတတ်ပါတယ်။ ဘာသာရေးဆိုင်ရာ သီးခြားအတွေးအခေါ်များလည်း ရှိနေမည်။ ငွေကြေးမမြဲသော သဘောရှိ၏။ ကြိုတင်အလိုအလျောက် သိမြင်နိုင်စွမ်းရှိကာ တစ်ပါးသူကို ပြုပြင် ဆွဲဆောင်နိုင်မည်။ ဝိဉာဉ် သင်္ချာ(၇)မှာ ရေကို ပိုင်စိုးသော ဓါတ်ဖြစ်သဖြင့် ပင်လယ်နှင့်သက်ဆိုင်သော ပညာရပ်များ၊ နိုင်ငံရပ်ခြား၊ ဒေသန္တရ ဗဟုသုတများ အလွန်ပင် ဝါသနာထုံတတ်ပါသည်။ ရေလုပ်ငန်းဆိုင်ရာနှင့် ခရီးသွားလာမှုဆိုင်ရာ လုပ်ငန်းများကို နှစ်ခြိုက်သဖြင့် ထိုကိစ္စများတွင် တတ်ကျွမ်းအောင်မြင်မှုများရှိမည်။