loading

Author: Nyein Aye Lu

30.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၇)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

 ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက် အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့အချိန်အခါရွေးပြီးမှဆောင်ရွက်ပါ။

ဒီနေ့ဟာ ရက်ရာဇာ၊သမားညိုရက်တွေနဲ့တိုက်ဆိုင်နေတဲ့နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ကြွယ်ဝခြင်း၊ပျော်ရွှင်ခြင်းကိုပေးတဲ့ နန္ဒတီထိ ကျရောက်တဲ့နေ့ရက် ပဲဖြစ်ပါတယ် ။ဒီလိုနေ့ရက်မှာတော့ ပညာရပ်နဲ့ရပ်တည်အသက်မွေးသူ များလဲ ဒီလိုနေ့မျိုး မှာတော့ ကျောင်းအသစ်တွေစတင်ဖွင့်လှစ်တာ ၊သင်တန်းတွေ၊တန်းခွဲသစ်တွေစတင်ဖွင့်လှစ်တာမျိုး တွေ အထူးကောင်းပါတယ်။

အဓိဋ္ဌာန်ဝင်ခြင်းများ၊ ရေရှည်စီမံကိန်းဆွဲထားတဲ့အလုပ်တွေအတွက် ဒီနေ့မှာစတင်ပြီးတော့ ခြေတစ် လှမ်းလှမ်းခြင်း များလဲအထူးအဆင်ပြေပါလိမ့်မယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး တော့ ကိုယ်စားလှယ် ယူခြင်းများ၊ လက်ကားဝယ်ပြီး ပြန်လည်ဖြန့်ဖြူးခြင်းများလဲ အထူးဆောင်ရွက်လို့ကောာင်းတဲ့နေ့ရက် ပါပဲ။

ရိုးသားကြိုးစားလို့ အောင်မြင်နေသူများ လုပ်ငန်းပြိုင်တွေအတိုက်အခိုက်တွေကိုခံရတတ်ပါတယ်။ သတိထားပါ။ အိမ်ထောင်သည်များ၊ရိုးသားသူများ ဆန့်ကျင်ဘက်လိင်တွေမြုဆွယ်ထောင်ဖမ်းခြင်း တွေကိုခံရတတ်ပါတယ်။

ကျောင်းများ၊သိမ်များ မုခ်ဦး များတည်ဆောက်လှူတန်းခြင်းတွေကို အလှူအတန်းတွေအတွက် ရေစက်ချအမျှေ၀ ခြင်း မျိုးတွေ ဆောင်ရွက်နိုင် တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇင်းခံခြင်းကိစ္စတွေကိုလဲ အထူး ကောင်းမွန်စွာဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ အလုပ်ကိစ္စ အတော် များများအခက်အခဲနည်းပါးပြီးတော့ အဆင်ပြေပြေဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲ အလုပ်နဲ့ပတ် သက်ရင်တော့ ကြိုးစားသလောက်ထွန်းပေါက်မှု တွေကိုရ ရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၈း၄၉)နာရီမှ (၁၉း၄၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံ အလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်း ပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ ရေရှည် တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  ဓနုစန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အတိတ် ကပါလာသော ကုသိုလ်အရှိန်အဟုန်လေးတွေရှိပါတယ်။ ထိုကံကြောင့်ပဲ မိမိတို့မွေးလာ ချိန်မှာ မိဘတွေလဲ အဆင်ပြေလာတာ၊စီးပွားတတ်လာတာမျိုးကြုံရတတ်ပါတယ်။ မွေးစကနေ ခြောက်နှစ်အတွင်း မိမိကိုအကြောင်းပြု ပြီးမိဘတွေအလှူကြီးအတန်းကြီးပေးလာနိုင်တာကို တွေ့ရပါတယ်။ ကျန်းမာရေးသိပ်မဆိုးပေးမဲ့ ကိုယ်ခံအားနည်း တာမို့ အလွန်အကျွံ မဆင်မခြင် နေထိုင်စားသောက်ခြင်းများကိုအထူးရှောင်သင့်ပါတယ်။ ဘဝမှာသတိထားရမှာက လွတ်လပ်မှုကို တအားမလိုချင်နဲ့။ စီးလွတ်ဝါးလွတ်မပျော်ချင်ပါနဲ့။အပျော်လွန်ရင်အပျက်ဖြစ်လွယ်တဲ့ဇာတာပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၀၉) နာရီမှ ညနေ(၅း၃၆)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလ အတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါ တယ်။ကြီးကျယ်စွာမင်္ဂလာ အခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ စနေ၊ ရာဟု၊ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ  ညိုဝါရောင် နှင့် အနက်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။    

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၆) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့စပျစ်သီးစားသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရွက်လှပန်း ဘုရား ကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက် သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ကံကောင်းနေတတ်ပါတယ်။ မိမိဖြစ်ချင်တာတွေဖြစ်လာ ရတတ်ပါတယ်။ စိတ်ကူးအယူအဆတွေ ကိုလဲ ကောင်းစွာ အားထုတ်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ လူအများနဲ့ တက်ညီ လက်ညီလုပ်ရတဲ့ အလုပ် တွေကိုအကျိုးပိုမိုပေးပါတယ်။ အချစ်ရေးကိစ္စတွေတိုင်ပင်ဆွေးနွေးလို့ရတယ်။ လက်ထပ် ဖို့အတွက်  ရက်ရွေးခြင်း၊စေ့စပ်ခြင်း၊ ကြောင်းလမ်းခြင်များ ဒဲီနေ့မှာဆောင်ရွက်ထားနိုင်ပါတယ်။ လုပ်ငန်း အစီ အစဉ် သစ်တွေကလဲ မိမိဉာဏ်အမြော်အမြင်ပေါ်မူတည်ပြီးတော့တိုးတတ် လာနိုင်တာကိုတွေ့ရ ပါတယ်။ နိုင်ငံခြားအင်တာ ဗျူးများဒီနေ့မှာဖြေရမယ်ဆိုရလဒ်ကောင်းလာတတ်ပါတယ်။

တနင်္လာ

လုပ်ငန်းနဲ့ပတ်သက်ပြီး အသစ်တိုးချဲ့တာမျိုးတွေ လုပ်ဆောင် သင့်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး နေရာပေးမခံရတာ၊ချောင် ထိုးခံရတာမျိုးတွေကြုံနေရတတ်ပါတယ်။  အိမ်ပြင် ခြင်း၊အိမ်ပြောင်း ခြင်းမျိုးတွေကိုရှောင်လိုက်စေချင်ပါတယ်။ စိတ်ထဲလိုချင်တာ တွေကိုရဖို့ခဲယဉ်းနေတတ်ပါတယ်။ ကျန်းမာရေးကတော့ဒီနေ့မှာ အာဟာရရှိတာတွေကို စားလိုက်စေချင်ပါတယ်။ ဆေးဆိုလဲ အားဆေး ကိုဦးစားပေး  သောက်လိုက်ပါ။ အလုပ်နဲ့ပတ်သက်ပြီး အင်တာဗျူးဖြေရသူများ အခက်အခဲများနိုင်တဲ့ နေ့ရက်လဲ ဖြစ်ပါတယ်။ မည်သည့်ကိစ္စမဆိုလေးလေးနက်နက်နဲ့ ဆောင်ရွက်လိုက်တာက အဆင် ပြေလိမ့်မယ်။

အင်္ဂါ

စိတ်ကူးကောင်းတွေ၊အကြံဉာဏ်ကောင်းတွေတွေ့ရတတ်ပါတယ်။ အလုပ်ခွင်ထဲမှာလဲ မိမိစွမ်းဆောင် ရည် တွေမြင့်မားနေ တတ်ပါတယ်။ လူအများသတိထားမိတဲ့အထိ မိမိလုပ်ရည် ကိုင်ရည်ရှိပါလိမ့်မယ်။ မိတ်ဆွေသစ်တွေကြုံရတတ်သလို၊ ပတ်ဝန်းကျင်သစ်တွေကြုံရတတ်ပါတယ်။ကျန်းမာရေး ကို တော့ စိတ်ချမ်းသာရပါလိမ့်မယ်။ လိုအပ်နေတဲ့ငွေကြေးတွေ ရလာတတ်ပါတယ်။  အချစ်ရေးအဆင် ပြေ တိုးတတ်ပါ လိမ့်မယ်။ ထီဝါသနာပါသူများ ထီကံစမ်းလို့အလွန်ကောင်းတဲ့ နေ့ရက်ပါပဲ။ ခရီးဝေးသွား ရဖို့အကြောင်းဖန်လာတတ် ပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်စီးပွားတွေအထူးရှောင်လိုက်ပါ။

ဗုဒ္ဓဟူး၊ရာဟု

တွေဝေဒွိဟတွေဖြစ်နေရတတ်ပါတယ်။ ကျန်းမာရေး ကံလဲကောင်းနေတတ်ပါတယ်။ အလွန်ဆုံး နှာစေး ချောင်းဆိုး လောက်ပါပဲ။ စီးပွားရေးသမားများမထင်မှတ်သော  အလိမ်အညာတွေခံရတတ်ပါ တယ်။ ကူညီသူတွေရှိပေမဲ့ ဒုက္ခပေးမဲ့သူကပိုများနေ တတ်ပါတယ်။ အလုပ်နဲ့ပတ်သက် တဲ့ နယ်ခရီး တွေလဲ သွားရတတ်ပါတယ်။ လူငယ်များ ညဉ့်နက် သန်းခေါင်သောက်စားပျော်ပါးခြင်းကိုရှောင်ပါ။ ရန် ဖြစ်ရတတ်ပါတယ်။ သူများကိုစေတနာစကားပြောပေမဲ့ ဝေဒနာစကား ဖြစ်ရတတ်ပါတယ်။ နှုတ် နည်းတာအကောင်း ဆုံးပါပဲ။ လက်ကားစီးပွားရေးသမားများ ရင်းနှီးမြုပ်နှံမှုတွေကိုဆင်ခြင် စဉ်း စား ပြီးမှလုပ်ပါ။

ကြာသပတေး

စီးပွားရေးနဲ့ပတ်သက်ပြီး အကြံကောင်းပေးမဲ့သူတွေနဲ့ ဆုံတွေ့ရတတ်ပါတယ်။အလုပ်ပိုတွေ၊ကိစ္စပို တွေကိုကောင်းစွာ လျှော့ချနိုင်မဲ့ နေ့ရက်ပါပဲ။ စိတ်မြန်လက်မြန်နဲ့ ဇွဲရှိရှိ လုပ်ကိုင်မှုတွေကြောင့် အဆင်ပြေတိုးတတ်လာနိုင်မဲ့ ကံအခွင့်အလမ်းကိုပေးပါတယ်။ကျန်းမာရေးကလဲ ဒေါင်ဒေါင် မြည် ကောင်းနေတတ်ပါတယ်။ ယခင်ကမအောင်မြင်ခဲ့တဲ့ အလုပ်တွေကိုပြန်စလို့ကောင်းတဲ့နေ့ရက်လဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းအားနည်းချက်တွေ၊အားသာချက်တွေကိုလဲ သေချာစီစစ်သွားနိုင်ပါ လိမ့် မယ်။ အောက်လက် ငယ်သားတွေကိုအထင်မသေးလိုက်ပါနဲ့။ သူတို့ရဲ့အကူအညီတွေ အများကြီး ရနိုင်တာမို့ပါ။

သောကြာ

အလုပ်တွေတိုးတတ်လာလိမ့်မယ်။ အော်ဒါတွေတတ်လာပါ လိမ့်မယ်။ ဝန်ထမ်းဆိုရင်တော့ အလုပ် တာဝန်များနေတာပေါ့ဗျ။ နှစ်ယောက်စာလောက်လုပ်ရတတ်ပါတယ်။ အိမ် တွင်းရေး၊အိမ်ထောင်ရေး အဆင် ပြေသာယာလိမ့်မယ်။ ပညာရေးနဲ့ဆက်နွယ် သောခရီးများသွားရတတ်ပါတယ်။  ကာယ ပင်ပန်း၊ဉာဏပင်ပန်းပေမဲ့ စိတ်ပျော်အောင်နေနိုင်ပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အခက်အခဲ တွေအညံ့တွေများလာတတ်ပါတယ်။လိုချင်နေတဲ့ငွေကြေးအကူအညီတွေကိုလဲ ရလွယ် ပါတယ်။ မိသားစုအတွင်း ကျန်းမာရေးညံ့သူတစ်ဦးကြောင့် ငွေကုန်ရတတ်ပါတယ်။

စနေ

မိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့် မယ်။ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားရလိမ့်မယ်။ ကြိုးစားသမျှအရာထင် အဆင်ပြေပါလိမ့်မယ်။ အခက်အခဲတွေကို ကောင်းစွာကျော်လွှားနိုင်ပါ လိမ့် မယ်။ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကိုရလာ တတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီ တွေကိုရ လာတတ်ပါတယ်။ဘာသာခြား၊လူမျိုးခြားတွေနဲ့ ဆက်စပ် လုပ်ကိုင်ရတဲ့အလုပ်များ အဆင် ပြေတိုးတတ်ပါလိမ့်မယ်။ကျန်းမာရေးကတော့အစားမှားဆေးမှားဆိုတာမျိုးဂရုစိုက်လိုက်ပါ။ အပြောင်း အရွှေ့ ကိစ္စ  မှန်သမျှအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ လုပ်ငန်းချဲ့ထွင်ခြင်းများစတင်နိုင်တဲ့ နေ့ရက် ပါပဲ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

29.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၆)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကမြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ဝါရမိတ္တုငယ်၊ သမားဖြူ၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့လဆန်းတီထိ ၅လုံးပုဏ္ဏတီထိ ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။  ဒီလိုနေ့မျိုးမှာတော့ ကျန်းမာရေးနဲ့ ပတ်သက်သောကိစ္စမှန်သမျှဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံ ထိသွားရောက်ပြီး ဆေးစစ်ခြင်း၊ ဆေးကုသမှုခံယူခြင်းတွေပြုလုပ်နိုင်ပါတယ်။ နာတာရှည်ရောဂါခံစားနေရသူများ ဆေးတိုးပြီး ကံကောင်းသွားတတ်ပါတယ်။

ခရီးသွား၍ကုန်သွယ်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ အလုပ်နဲ့ပတ်သက်သောခရီးအပြင် အခြားမည်သည့် ခရီး မဆိုသွားလို့ကောင်းပါတယ်။ ကလေးငယ်တွေကိုစတင်အာဟာရကျွေးခြင်း၊ထမင်းခွံခြင်းများ ဆောင်ရွက်သင့်တဲ့ နေ့ရက်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးကုဆေးစားလု့ိအလွန်ကောာင်းတဲ့နေ့ရက်ပါပဲ။

အောက်လက်ငယ်သားတွေကို မိမိလိုရာပုံသွင်းယူလို့ရမဲ့နေ့ရက်ပါပဲ။ စက်ပစ္စည်းနဲ့ပတ်သက်သောအလုပ်များ၊ ဆောက်လုပ်ရေးနှင့်ပတ်သက်သောအလုပ်များ၊ မီးလျှပ်စစ်နှင့်ပတ်သက်သောအလုပ်များ အထူးအဆင်ပြေတတ် ပါတယ်။ မိတ်ဆွေသစ်များနှင့်တွေ့ဆုံ၍ ရင်းနှီးမှုယူခြင်းများ၊ အလှကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားခြင်းများ လဲ အထူးကောင်းပါတယ်။

ချစ်မှုရေးရာကိစ္စတော်တော်များများအဆင်ပြေမှုတွေကြုံရမည်။ အဆက်အသွယ်ပြတ်နေတဲ့ချစ်သူနဲ့ အဆက်အ သွယ်ပြန်ရမည်။ ရည်းစားမရှိသေးသူများ ချစ်သူရည်းစားရပါလိမ့်မယ်။

ရွှေဆိုင်လုပ်ငန်းများ၊ ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်းအလုပ်တွေ အဆင်ပြေမှုတွေကြုံရတတ်တဲ့နေ့ရက်ပါပဲ။ ရှောင်စေချင်တာကတော့ အလုပ်နဲ့ပက်သက်သောခရီးကိစ္စတွေရှောင်လိုက်စေချင်ပါတယ်။ ကုန်သွယ်မှုနဲ့ပတ်သက် သောခရီးများ ကြန့်ကြာမှု၊အဆင်မပြေမှု တွေအထူးပဲကြုံရတတ်ပါတယ်။ စတော့ရှယ်ယာလုပ်ငန်းများ ၊ကုမ္ပဏီ အစု ရှယ်ယာလုပ်ငန်းများလဲ တတ်နိုင်သမျှ ရှောင်လိုက်စေချင်ပါတယ်။

ဒီနေ့ဟာ ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၈း၅၃)နာရီမှ (၁၉း၄၅) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ဗြိစ္ဆာစန်း နေ့စက်(၁၂)နာရီ (၄၄)မိနစ်လွန် စန်းဓနုရာသီသို့ ပြောင်းသည်။  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အားနာတတ်သူတွေဖြစ်တယ်။ အရာရာကိုလိုက်လျောလွန်းကြသူတွေ ဖြစ်လိမ့်မယ်။ ဓနကံနှင့်ပညာကံ အားကောင်း ပေမဲ့ အိမ်ထောင်ရေးကံနှင့် မိသားစုဆွေမျိုးနဲ့ဆက်နွယ်သော လူမှု ရေး ကံအားနည်းကြတာကိုတွေ့ရပါတယ်။ အသက် ၃၀ကစလို့ ကံကြမ္မာကအမြင့်ဆုံးအပိုင်းကို ဆွဲခေါ်သွားပါလိမ့် မယ်။ လူကသာပုံမှန်ကြိုးစားရိုးသားပြီး အပျော်အပါးမဖက်ဖို့ပဲလိုပါတယ်။ ကံအထောက်အပံ့ကြောင့် ဘဝအခြေ အနေမြင့်မားသွားနိုင်တာကိုတွေ့ရပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၈း၅၆) နာရီမှ (၁၀း၂၂)နာရီအတွင်း ကျရောက်နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ကြာသပ‌တေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ညိုဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။          

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်ရည်သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပဲနို့ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

နိုင်ငံခြားသွားဖို့စောင့်ဆိုင်းနေသူများ သတင်းကောင်း ကြားရတတ်ပါတယ်။ လှောင်ထားတဲ့ကုန်တွေရှိရင် ဈေးကောင်း ရတတ်ပါတယ်။ လက်စမသတ်သေးတဲ့ လုပ်လက် စအလုပ်တွေရှိရင်ပြီးဆုံးအောင်ဆောင်ရွက်နိုင်ပါ လိမ့်မယ်။ ငွေစတင် စုဆောင်းလို့ကောင်းတဲ့နေ့ရက်ပါပဲ။ သီလ စောင့်တည်ခြင်း၊တရားဘာဝနာပွားများခြင်းမျိုးတွေ အထူး အလေးပေးဆောင်ရွက်ပါ။ အလွန်ပဲကံကောင်းနေတတ် ပါတယ်။မိမိဖြစ်ချင်တာတွေကို အလေးပေး ဆောင်ရွက် သွားနိုင် ပါလိမ့်မယ်။ လူမျိုးခြားဘာသာခြားနဲ့ပတ်သက် သော အလုပ်များတိုးတတ်ပါလိမ့် မယ်။

တနင်္လာ

ကျန်းမာရေးက အညံ့ကြီးမဟုတ်ပါ။ မိုးရွာပါက မိုးရေချိုးတာမျိုး၊မိုးမိမခံသင့်တဲ့နေ့ရက် ပါပဲ။ ငွေကြေးပတ်သက်ရင် လက်မလွယ်ပါနဲ့။ ချေးလိုက် ငှားလိုက်ရင်ပြန်ရဖို့ခက်ခဲတဲ့နေ့ရက်ပါပဲ။ မိမိရဲ့စိတ်ကူး အကြံ အစည်အတိုင်းသာ လုပ်ကိုင်ဆောင်ရွက်ပါ။ သူများ တိုက်တွန်းလို့ လုပ်တဲ့ကိစ္စမှန်သမျှအဆင်မပြေတာများပါတယ်။ လုပ်ငန်းကြီးများ အထူး သတိထားပါ။ ဆုံးရှုံးစရာတွေ များ တတ်တယ်။ အရေးကြီးတဲ့လုပ်ငန်းဆောင် တာများ ဆုံးဖြတ်လုပ်ကိုင် လို့မသင့်သေးတာကိုတွေ့ရပါတယ်။ ပညာ တစ်ခုစသင်ဖို့ သင်တန်းအပ်မယ်ဆိုသေချာ စဉ်းစားပါ။ မိမိအတွက် အသုံးမဝင်တဲ့သင်တန်းမျိုးဖြစ်ရတတ်ပါတယ်။

အင်္ဂါ

ကိုယ်ပိုင်စီးပွားရေးအလုပ်များ အလုပ်ကောင်းပေမဲ့ အကြွေး ကျနေတတ်ပါတယ်။ တတ်နိုင်သမျှ ဒီနေ့ဟာ ပြုံးပြုံးရွှင်ရွှင်နေပါ။ ပြုံးနေလေကံကောင်းလေပါပဲ။ အချစ်ရေးကိစ္စတွေ မှာကြားစကားတွေမယုံလိုက်ပါနဲ့။ ခရီးကိစ္စ များ လဲ ထင်တိုင်းမပေါက်ဖြစ် ရတတ်ပါတယ်။ ဘာလုပ်လုပ်မိမိကိုချစ်ခင် သူတွေနဲ့ တိုင်ပင်ပြီးမှ လုပ်စေ ချင်ပါတယ်။ မိမိစိတ်ကူးအတိုင်းလုပ်လေ အမှားများလေပါပဲ။ ငွေကြေးနဲ့ပတ် သက်ပြီး စုမဲစုတာမျိုးတွေ အထူးရှောင်ပါ။ ငွေကြေး ရင်းနှီးမြုပ်နှံမှုတွေမှားတတ်ပါတယ်။ ကံကြမ္မာကမိမိကိုမျက်နှာ သာမပေးတာမျိုးကြုံရတတ်ပါတယ်။ သည်းခံစိတ် ရှည်ဖို့ လိုအပ်နေတဲ့နေ့ရက်ပါပဲ။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်သစ်ရှာနေသူများအလုပ်ကောင်းတွေရလာတတ်ပါတယ်။ ကံကောင်းခြင်းတွေကိုအထူးတွေ့ရကြုံနိုင်တဲ့ နေ့ ရက် ပါပဲ။ ဒါကြောင့်ပဲ ထီကံစမ်းတာမျိုးတွေလုပ်သင့်သလို၊ အဓိဋ္ဌာန်တွေစတင် ဝင်ရောက်မယ်ဆိုလဲ လွယ်ကူပြီး မြောက်ပါ လိမ့်မယ်။ မိမိလိုချင်တာလေးတွေဝယ်ယူနိုင်ပါ လိမ့်မယ်။ မိမိစိတ်ကူး ထားသမျှအရာထင်အဆင်ပြေပါ လိမ့်မယ်။ အချစ်ရေးနဲ့ပတ်သက်သောကိစ္စတွေအထူး ကောင်းပါတယ်။ မိမိဖြစ်ချင် တာတွေကိုဖြစ်အောင်လုပ်သွား နိုင်ပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အထူးစိတ် ချမ်းသာရပါလိမ့်မယ်။ ချစ်သူဆီကမိမိ လိုချင်တဲ့အဖြေရ ပါလိမ့်မယ်။

ကြာသပတေး

မိမိကုသိုလ်ကံတောက်ပြောင်နေတတ်ပါတယ်။ စီးပွား ရေးပိုမိုတည့်မတ်ကောင်းမွန်လာပြီး အဆင်ပြေမှုတွေကိုကြုံရ တတ် ပါတယ်။ ကုန်ထုတ်လုပ်ငန်းများ သတ်မှတ်ထား သည်ထက်ပိုမိုထုတ်လုပ်နိုင်လိမ့်မယ်။ ဖောက်သည်များနှင့် ဆက်ဆံရေး ပိုမိုခိုင်မာမယ့်နေ့ရက်ပဲဖြစ်ပါတယ်။ ဝန်ထမ်း များမိမိအလုပ်တွေကို ပိုမိုအာရုံစိုက်လိုက်တာက မိမိ အတွက် အကျိုးရှိလာ ပါလိမ့်မယ်။ ဥစ္စာဓနကံကောင်းမွန်နေပါ ပြီ။ ငွေဝင်လမ်းကြောင်းနှင့်ထီပေါက်ကံ အားသာချက် ရှိနေတဲ့နေ့ရက်ဖြစ်တာကြောင့် ထီထိုးဖို့လဲတိုက်တွန်းအပ်ပါ တယ်။ဉာဏ်အမြော်အမြင်ကြီးသူတွေကတော့ ပိုမိုအောင် မြင်တတ်ပါတယ်။

သောကြာ

ကတိမတည်တဲ့သူတွေကြောင့် စိတ်ဆင်းရဲရတတ်ပါ တယ်။ ဒါကြောင့် ဘယ်သူစကားကိုမှမယုံသင့်တဲ့နေ့ရက်ပါပဲ။ အလုပ်အကိုင်တွေမှာ စွန့်ဦးတီ ထွင်လုပ်ချင်တာရှိ ရင်စတင်လို့အထူးကောင်းပါတယ်။ သူများတွေကိုမတိုင်ပင်ပါနဲ့။ အဖျက်ဝင်တတ်ပါတယ်။ လုပ်စရာအလုပ်တွေပုံနေ တတ်ပါတယ်။ ဒါကြောင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းများအချိန်ပိုဆင်းရသည်ထိ အလုပ်များနေနိုင်ပါတယ်။ အလုပ်တွေကတော့လုပ်ပေးထားပြီး ငွေကြန့်ကြာတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး အတွင်းရေးတွေပေါက်ကြားတာမျိုးတွေ ဖြစ် တတ်ပါတယ်။

စနေ

စိတ်ထဲလိုချင်နေတဲ့အရာတွေကို လက်တွေ့ရလာတတ်ပါ တယ်။  လက်ကားစီးပွားများပိုမိုအောင်မြင်တတ်ပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်ပြီးတော့လဲ အကောင်းများပါ တယ်။ရပ်ဝေးသွားပြီးစီးပွားရှာသူများ အကျိုးအမြတ် ကြီးပါလိမ့်မယ်။ စကား တည်သူတွေ၊ သစ္စာရှိသူတွေအတွက် အခွင့်အလမ်းတွေပိုလာရတတ်ပါတယ်။ ငွေကြေးကံ ကတော့ အလွန်မှကောင်းပါတယ်။ ထီကံစမ်းလို့လဲသင့်ပါ တယ်။ပညာတစ်ခုစသင်မယ်ဆိုရင်လဲ ဒီနေ့ကသင့်တော် ပါတယ်။ ဆရာသမားတွေဆီက မေးမြန်းအကြံယူလို့ ကောင်းပါလိမ့်မယ်။ ပိတ်ဆို့နေတဲ့ကံအခွင့်အလမ်း တွေသေချာ ပေါက် ပွင့်လာပါလိမ့်မယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

28.October.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၅)ရက်၊ သောကြာနေ့ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရပ် မြောက်ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

တီထိမြေခံ အရ မနက် ၁၁း၃၀မိနစ်ထိ မြေခံကောင်းတာဖြစ်တဲ့အတွက် အိုးအိမ်တိုက်တာ၊အဆောက်အဦးတွေကို စတင်ဆောက်လုပ်၊တိုင်ထူ၊ပန္နက်ရိုက်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ထိုအချိန်ကျော်သွားပါကတနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန် ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါ တယ်။

ဒီနေ့ဟာ ရှမ်းရက် ကျရောက်နေတာြဖစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မနက် ၁၁း၃၀ကျော်ရင် လဆန်းတီထိ ၄လုံးကိုကူးပြောင်းပြီးတော့ ဆင်းရဲခြင်းကိုဖြစ်စေ နိုင်တဲ့ ရိတ္တာတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ဒီနေ့ဟာတီထိအရတော့ အနိဋ္ဌသဘောကိုဆောင်တဲ့တီထိလဲ ဖြစ်ပါ တယ်။ အိုးအိမ်ချဲ့ထွင်ခြင်း၊ အိမ်ခန်းဖွဲ့ခြင်း၊အဖီးချခြင်းများဆောင်ရွက်လို့ကောင်းပါတယ်။ လှောင်ကုန်များ ပြန် လည် ရောင်းချနိုင်ပါလိမ့်မယ်။ ကုန်သွယ်ရေးကိစ္စများဆောင်ရွက်လို့အထူးအဆင်ပြေပါလိမ့်မယ်။ ငွေကြေး အပေး အယူ ကြောင့်ဖြစ်လာတဲ့ ပြဿနာတွေရှိခဲ့ရင်တော့ ဒီနေ့မှာ ကောင်းစွာဖြေရှင်းပြီး ပြေလည်မှုရပါလိမ့်မယ်။

ခဲယမ်းမီးကျောက်ထုတ်လုပ်ခြင်း၊ ဓားလှံလက်နက်ပြုလုပ်ခြင်းတွေ၊ အရက်သေစာထုတ်လုပ်ဖြန့်ချီခြင်းတွေ ဆောင် ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ရန်သူစခန်းအားသိမ်းပိုက်ခြင်း၊တရားခံအားဖမ်းဆီးခြင်းများဆောင်ရွက်နိုင်တဲ့နေ့ ရက် ပါပဲ။ အခက်အခဲအကြပ် အတည်းတွေကြားကနေလဲ လွတ်မြောက်အောက်စွမ်းဆောင်နိုင်မဲ့နေ့ရက်ပါပဲ။ သတ္ထုထုတ် လုပ်ရေး လုပ်ငန်း များ မိုင်းခွဲခြင်းတွေ အထူးဆောင်ရွက်နိုင်ပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီး ရဖို့ကြန့်ကြာနေတဲ့ ကိစ္စတွေ၊အကြွေးရစရာရှိတာတွေကို ဒီနေ့မှာပြန်တောင်းခံလို့အထူး ကောင်းပါတယ်။ အထားမှားပြီး ပျောက်ဆုံးနေတဲ့ ပစ္စည်းများ ပြန်ရှာတွေ့တတ်ပါတယ်။ အနုစိပ်အသေး စိပ် လုပ်ကိုင်ရသောအလုပ်များ အထူးအဆင်ပြေပါတယ်။ ဖုန်းပြင်တာ၊ ကွန်ပြုတာပြင်တာ၊ စတဲ့အလုပ်တွေကို ဆို လိုတာပါ။

အိမ်ပြောင်းနေရာပြောင်း၊ အလုပ်ရုံးခန်းပြောင်းရွှေ့ခြင်းများ အထူးကောင်းပါတယ်။ အိမ်အသစ်စတင်နေထိုင်ခြင်း၊ အိမ်တတ်ကျင်းပခြင်းတွေလဲ အထူးကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရောဂါဝေဒနာတွေကို အရှင်း ပျောက်မဲ့နေ့မျိုးပါပဲ။ ဆရာကောင်းသမားကောင်းနဲ့ တွေ့ရတတ်ပါတယ်။အရောင်းအဝယ်ပဲပတ်သက်သော စာချုပ် မှန်သမျှချုပ်ဆိုလို့ အလွန်ပဲကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး မည်သည့်အလုပ်ကိုမဆိုရဲရဲ တင်းတင်း ပြောဆိုလုပ်ကိုင်မှပဲအဆင်ပြေပါလိမ့်မယ်။

ဒီနေ့ဟာ ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၈း၅၇)နာရီမှ (၁၉း၄၉)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  ဗြိစ္ဆာစန်း၊  တူရာသီဖွားဖြစ်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀း၂၂) နာရီမှ နေ့လယ်(၁၁း၄၉)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ စနေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂ‌နွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ  ရွှေရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။       

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့Marker pen ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်တီ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ကံကြမ္မာက လမ်းကြမ်းမှာဖိနပ်မပါဘဲလမ်းလျှောက်ရသလိုပါပဲ။ မြေပြင်ကြမ်းခင်းမှာ ငုတ်တွေရှိနေမလား၊ ပုလင်း ကွဲတွေရှိနေမလား မသိလို့ စမ်းလျှောက်နေသလို စမ်းတဝါးဝါးဖြစ်နေမဲ့ နေ့ရက်ပါပဲ။ သေးမွှားသော အမှားတွေ ကနေ ကြီးမားသောပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ကိုဒုက္ခများ အောင်လုပ်မဲ့သူတွေနဲ့ကြုံရတတ်ပါ တယ်။ ဝန်ထမ်းများ၊ လခစားများ စွမ်းစွမ်းတမံ စွမ်းဆောင်နိုင်မှသာ နေရာရမဲ့ နေ့ရက်ပါပဲ။ဥစ္စာဓနကံက အားရ စရာမရှိတဲ့နေ့ရက်ပါပဲ။ လာဘ်ပိတ်နေတတ်ပါတယ်။ သင့်ရဲချစ်သူနဲ့ သင့်မြတ် အောင်နေထိုင်ပါ။ ချစ်သူနဲ့ စကားအကြီး အကျယ်များတတ်ပါတယ်။

တနင်္လာ

ဒီနေ့ကတော့ခရောင်းလမ်းကိုဖြတ်သန်းရမဲ့နေ့ရက်လဲဖြစ်ပါတယ်။  တတ်နိုင်သမျှမည်သည့်ရင်းနှီးမြုပ်နှံမှုကိုမှ ဒီနေ့ မှာမစသင့် ပါဘူး။ ပေါ်ပင်အလုပ်တွေလုပ်မိရင်လဲ မှန်းချက်နဲ့ နှမ်း ထွက်မကိုက်သလိုဖြစ်ရတတ်ပါတယ်။ ကြိုးစားရမယ်။ ဇွဲရှိရမယ်။သည်းခံရမယ်။ဒါမှပဲအဆင်ပြေပါလိမ့်မယ်။ ဘယ် သူကိုမှယုံကြည်မှုမလွန်ကဲပါစေနဲ့။ မျက်မြင်မဟုတ်ဘဲ မည်သည့်ကိစ္စကိုမှမယုံသင့်ပါဘူး။ ကျန်းမာရေးကတော့ဆီး မျက်စိနဲ့ပတ်သက်ပြီးအားနည်း တတ်ပါတယ်။ မီးပြင်ခြင်း၊ လျှပ်စစ်ကိုင်တွယ်ခြင်းများသတိနဲ့ဆောင်ရွက်ပါလို့မှာ ချင်ပါတယ်။ ပညာရှာနေသူများ ပညာရေးအပေါ်စိတ်နှစ်လို့မရနိုင် ဖြစ်ရတတ်ပါတယ်။

အင်္ဂါ

          မိမိဖြစ်ချင်တာတွေကိုလဲဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ ကုသိုလ်ကံအင်အားကောင်းနေတတ်ပါတယ်။ အေးချမ်း တည်ငြိမ် သောဘဝနေထိုင်မှုတွေကိုလဲ ရနိုင်သလို၊မှန်ကန် သောအတွေးအမြင်တွေကိုလဲ ရလာတတ်ပါ တယ်။အခြားသူတွေနဲ့ ဆက်ဆံရေးပိုကောင်းအောင်စွမ်းဆောင်နိုင်ပါ လိမ့်မယ်။ ဒါကြောင့်မိတ်ဆွေတိုးမဲ့နေ့ရက်လဲ ဖြစ်ပါတယ်။ အသုံးအစွဲကျစ်လစ် သူတွေအတွက် ငွေစတင်စုဆောင်း နိုင်ပါလိမ့်မယ်။ အလုပ်ခွင်အတွင်းနေရာရ လာတတ်ပါတယ်။ မိမိသြဇာညောင်းမဲ့နေ့ရက်မျိုး လဲဖြစ်ပါတယ်။ မိမိဝယ် ချင်တဲ့စက်ပစ္စည်းတွေ၊ဖုန်းတွေ၊ ကွန်ပျူတာတွေဝယ်ချင်တယ်ဆိုရင်ဒီနေ့ဝယ်စေချင်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

         အလုပ်ခွင်အတွင်းလူချစ်လူခင်များနိုင်ပါတယ်။ မိမိဆိုင် လဲအရောင်းအဝယ်တိုးလာတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ ဆီကအကြံဉာဏ်ကောင်းတွေရလာတတ်ပါ တယ်။ အလှူကိစ္စများ၊ ပရဟိတကိစ္စများလဲ ကြုံရတတ်ပါတယ်။ အကျိုးအမြတ်ကြီးမဲ့နေ့ဆိုပေမဲ့ စိတ်ကြီးဝင်ပြီး ဘဝင်မြင့်နေရင်အဆင်ပြေမည်မဟုတ်ပါ။ ပင်မဝင်ငွေလမ်းကြောင်းအပြင် အခြားချဲ့ထားတဲ့အလုပ်တွေကနေငွေ တွေဝင်လာတတ်ပါတယ်။ လောင်းကစားနှင့် လောဘဇောတိုက်ပြီး စီးပွားရှာငွေရှာ ခြင်းမျိုးကိုတော့ရှောင်လိုက်စေ ချင်ပါတယ်။ ကျန်းမာရေးအညံ့နည်းပါတယ်။ အိမ်ထောင်ဘက်ရဲ့ငြိုငြင်ခြင်းကိုတော့ ခံရတတ်ပါတယ်။

ကြာသပတေး

              မုန်တိုင်းထန်နေတဲ့ကာလပါပဲ။စီးပွားရေးလုပ်ငန်းများအ အနှောက်အယှက်ကြုံရတတ်ပါတယ်။ အလုပ် ကိုခဏနားထားပြီးတော့ အပန်းဖြေအနားယူတာမျိုးကိုအလေးပေး ဆောင်ရွက်စေချင်ပါတယ်။ ကျန်းမာရေး ကတော့ ဒီနေ့အတွက်အားနည်းချက်များတာ မျိုးတွေကြုံရတတ်ပါတယ်။ အထူးသဖြင့်အရက်ရှောင်ပါ။ ကူးစက် ရောဂါဖြစ်တတ်၍ နာမကျန်းသူနဲ့ကင်းကင်းနေလိုက်ပါ။ လူငယ်တွေဆို အကျိုးရှိတဲ့ကိစ္စတွေကိုပဲဦးစားပေး လိုက်ပါ။ လူမှုရေးနယ်ပယ်မှာလူသိများအောင်လုပ်စေချင်ပါတယ်။ အချစ်ရေးမှာ စန်းအားကောင်းနေ တဲ့နေ့ရက် လို့မြင်ပါတယ်ဗျ။ ဝန်ထမ်းများအလုပ်တာဝန်တွေပိုလာမဲ့နေ့ပါပဲ။

သောကြာ

             စပ်တူအလုပ်များ၊ဖက်စပ်ရှယ်ယာအလုပ်များစတင်လို့ မကောင်းသေးပါဘူး။ လူငယ်များ မိခင်ရဲ့ ကန့်ကွက် မှုကြောင့် ဖြစ်ချင်တာတွေလုပ်ခွင့်မရတာမျိုးတွေကြုံရ တတ်ပါ တယ်။ အပျော်အပါးလောင်းကစား ရှောင်ပါ။ လောင်းကစား လုပ်မိရင်ငွေအစုလိုက်ကုန်သွားပါလိမ့်မယ်။ ဘာလုပ် လုပ်မလောပါနဲ့။ အလျင်လိုလေ အနှေးဖြစ်ရလေပါပဲ။ မိမိရဲ့ အပြောအဆို ကြောင့်အောက်လက်ငယ်သားတွေရဲ့ အထင်လွဲတာခံရတတ်ပါတယ်။ ကျန်းမာရေးကိုတော့ စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ထိခိုက်ရှနာ၊သွေးထွက်သံယို ဖြစ်လွယ်ပါတယ်။ လျှပ်စစ်ကိုင် တွယ်ခြင်းများသတိနဲ့ ကိုင်တွယ်လုပ်ကိုင်ပါ။

စနေ

          အသင်းအဖွဲ့များတွေနေရာပေးခံရတတ်ပါတယ်။ အိမ် ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။ မိသားစု အဆင်မပြေတာတွေရှိရင်လဲ ညှိနှိုင်းဆောင်ရွက် နိုင်ပါလိမ့် မယ်။လူမျိုးခြား၊ဘာသာခြားတွေဆီက အကူ အညီကောင်းတွေ ရလာပါလိမ့်မယ်။ ကံကောင်းခြင်းတွေ၊ အဆင်ပြေခြင်းတွေကြုံရပါလိမ့်မယ်။ အလုပ်အကိုင်တွေ အဆင် ပြေမယ်။ အလုပ်အော်ဒါတွေရလိမ့်မယ်။ အလုပ် ကြီးကြီးမားမားတွေလက်ခံရရှိတတ်ပါတယ်။ မိမိရင်းနှီး မြုပ်နှံထားတဲ့ ကုန်ပစ္စည်းတွေ ကနေဈေးကောင်းရလာ တတ်ပါတယ်။ အလှူအတန်းနဲ့ပတ်သက်ပြီး တော့လဲမိမိ လှူချင် တာကိုလှူရတန်းရတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

26.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၃)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက် တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ မွန်းလွဲလူ့ပြည်ပြဿဒါး၊ မဟာရက်ကြမ်း ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့လဆန်းတီထိ၁လုံး၊ညနေ ၄နာရီကျော်ရင်တီထိ ၂လုံးကူးပြောင်းပါတယ်။  ကြွယ်ဝခြင်း၊ ချမ်းသာခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ အရပ်ဝေးနှင့်ဆက်စပ် လုပ် ကိုင်ရ သောအလုပ်များလဲ  အကျိုးအမြတ် ကောင်းစွာရရှိပါလိမ့်မယ်။ ဒါပေမဲ့စာချုပ်ချုပ်ဆိုတာမျိုးကိုတော့ ဒီနေ့မှာ အားမပေး ပါဘူးဗျ။ဒီနေ့မှာခေါင်းဆေးခေါင်းလျှော်ခြင်းဖြင့် ကံကောင်းမှု၊ဦးဆောင်နိုင်မှုကိုဖြစ်စေပါတယ်။ သွေးထွက်သံယိုမှုတွေကိုဖြစ်စေပါတယ်။အရှေ့အရပ်ကိုဦးတည်သွားမဲ့ကိစ္စများသတိနဲ့သွားပါ။ သွေးထွက်သံယို ကိစ္စများမဖြစ်အောင်ဂရုစိုက်သင့်တဲ့နေ့ရက်ပါပဲ။

အနုပညာနဲ့ပတ်သက်သောလုပ်ငန်းများအထူးတိုးတတ်ပါလိမ့်မယ်။ အပျော်အပါးများ၊ပျော်ပွဲရွှင်ပွဲများ ကျင်းပပြု လုပ် လို့အလွန်ကောင်းပါတယ်။ ငွေပိုငွေလျှံလေးတွေရှိလို့ စတင်စုဆောင်းမယ်ဆို ဒီနေ့ကအလွန်ကောင်းပါတယ်။ တွေး ထင်ထားတဲ့အတိုင်းဖြစ်လာမဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ လွတ်လပ်ပေါ့ပါးစွာနဲ့ လုပ်ကိုင်ဆောင်ရွက်ရမှ အဆင်ပြေမဲ့ ဖိအားတွေကိုခဏမေ့ထားပြီး လုပ်ကိုင်နိုင်သူတွေပိုမိုတိုးတတ်ပါလိမ့်မယ်။ ခရီးကောင်းတွေစတင် သွား ရ မဲ့နေ့ပါပဲ။

အိမ်ထောင်ပရိဘောဂလုပ်ငန်းများ တိုးတတ်မှုတွေရရှိမဲ့နေ့ရက်ပါပဲ။ အားနည်းတဲ့သူတွေကို ကူညီခွင့် တွေရလာ မဲ့နေ့ရက်ပါပဲ။အဖိုးတန်ပစ္စည်းများ ဝယ်ယူလို့ကောင်းပေမဲ့ အနာအဆာပါတတ်တဲ့အတွက်စစ်ဆေးပြီး မှဝယ်ယူ လိုက်ပါဗျာ။ ဆံပင် ပြုပြင်ခြင်း၊အဝတ်အထည်များဝယ်ယူခြင်းတွေဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ အေးဆေး ငြိမ်း ချမ်းစွာ လုပ်ရတဲ့ ဥယျာဉ်ခြံအလုပ်များ၊ ပန်းချီဆွဲ၊ပန်းပုထုခြင်းများ အထူးဆောင်ရွက်လို့ ကောင်းပါ တယ်။

အိမ်ပြုပြင်ခြင်းများ၊သစ်ပင်ခုတ်လှဲခြင်းများ အထူးကောင်းပါတယ်။ စတော့ရှယ်ယာများရောင်းဝယ်ခြင်းတွေ၊ အစု စပ်လုပ်ကိုင်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။စက်ကားအပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ၊အဝတ် အထည် ချုပ်လုပ်တဲ့ လုပ်ငန်းများအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၉း၀၅)နာရီမှ (၁၉း၅၇)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  တူစန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အခက်အခဲတွေ ကိုကောင်းစွာကျော်လွှားသွားနိုင်ပါလိမ့်မယ်။  ကူညီမဲ့သူတွေပေါများကြတယ်။ ဘဝမှာ ညီအကိုမောင်နှဆီက ဖြစ်စေ၊ ဦးလေးဘကြီးတွေဆီကဖြစ်စေ အထောက် အပံ့ရလွယ်တာမျိုးအထူးကြုံရတယ်။ မိဘအသွန်အသင် မကောင်းရင်တော့ ငါ့တစ်ဘို့ထဲ ကြည့်တဲ့အတ္တသမားဖြစ် သွားလိမ့်မယ်။ လူတွေကိုအကျိုးအမြတ်ကြည့်ပြီး ပေါင်းတဲ့သူဖြစ်သွားပါလိမ့်မယ်။ သတိထားရမှာကအိမ်ထောင်ကံ အားနည်းချက်ပါလာတဲ့သူတွေဖြစ်ပါတယ်။ ပေါ့ပေါ့နေပေါ့ပေါ့စားပြီး အထည်ကြီးပျက်လိုလူမျိုးတွေနဲ့ ဖူးစားဆုံရ တတ်ပြီး အိမ်ထောင်ရေးမအေးချမ်း နိုင် တာမျိုး ဖြစ်လွယ်ပါတယ်။ မွေးချိန်အရတော့ကွဟချက်ရှိနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁း၄၉) နာရီမှ မွန်းလွဲ(၁း၁၇)နာရီအတွင်း ကျရောက် နေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အနက်ရောင် နှင့် နီညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။          

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဓာတ်ဆားရည်အနည်းငယ်လောက်သောက်သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အီကြာကွေး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

စိတ်ချမ်းသာစရာ၊စိတ်ချမ်းမြေ့စရာကိစ္စတွေကိုအထူးကြုံရ တတ်တယ်။ အချစ်ရေးစန်းပွင့် နေတာကြောင့် ချစ်သူနဲ့ အဆင်ပြေ တတ်ပါတယ်။ချစ်သူသစ်၊ရည်းစားသစ်လဲရ လွယ်ပါတယ်။ ဘာသာရေးကို အလေးထား လုပ်ကိုင်သူ တွေ ပိုမိုသိသာထင်ရှားစွာနဲ့ ကံမြင့်မားနေတာတွေ့ရပါလိမ့် မယ်။ အခက်အခဲတွေကိုကောင်းစွာကျော်လွှားနိုင်ပါ လိမ့်မယ်။ မိမိ ဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါ လိမ့်မယ်။ လုပ်ငန်းကြီးများ၊အရေးကြီးတဲ့စီးပွား ရေး များကို စတင် ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီးရှယ်ယာဝင်တာမျိုး ၊မိမိအလုပ်မှာ ပဲရင်းနှီးမြုပ် နှံတာ မျိုးတွေအထူးရှောင်ပါ။

တနင်္လာ

ကံကောင်းခြင်း၊အဆင်ပြေ ခြင်းတွေကိုလဲ တွေ့ရကြုံရ တတ်ပါတယ်။အိမ်တွင်းရေးအပူလေးတွေရှိနေ တတ် ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ချဲ့ထွင်လို့အထူးကောင်းတဲ့ နေ့ရက်ပါပဲ။ ဆိုင်သစ်ဖွင့်ခြင်းများလဲ ဒီနေ့မှာစတင်နိုင်ပါ လိမ့်မယ်။ ကျန်းမာရေးကတော့ အလွန်ကောင်းနေတဲ့နေ့ပါ။ စပ်တူအလုပ်များ၊ရှယ်ယာအလုပ်များ စတင်လို့အလွန် ကောင်းမဲ့နေ့ပါပဲ။ အလုပ်တွေကြိုးစားပါလို့ပြောချင်ပါတယ်။ ကြိုးစားသ လောက်အသိအမှတ်ပြုခြင်းလဲခံနေရပါ လိမ့်မယ်။ အထက်လူကြီးတွေ မျက်စိကျနေတဲ့အတွက်မိမိဘက် ကကြိုးစားဖို့လိုပါတယ်။ကိုယ်ပိုင်လုပ်ငန်းများ မိတ်သစ်၊ဖောက်သည်အသစ်တွေ တိုးပါလိမ့်မယ်။

အင်္ဂါ

လုပ်ငန်းပြိုင်တွေရဲ့ခြေလှမ်းတွေကိုစောင့်ကြည့်ထားဖို့လိုအပ် ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်ဆင်းရဲ စရာများနေပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အကုန် အကျလေးတွေများနေတတ်ပါတယ်။ အပျော် ဆိုပြီး လုပ်လိုက်တဲ့ကိစ္စတွေက အပျက်ဘက်ကိုရောက်သွားတတ်ပါ တယ်။ အပေါင်းအသင်းတွေကိုသတိထားပါ။ ပင်ပန်းရတာ၊စိတ်ညစ်ရတာတွေများနေတတ်ပါတယ်။ မိမိဖြစ် ချင်တာကတစ်မျိုး၊ဖြစ်နေတာကတစ်ခုဆိုတာမျိုး ကြုံရတတ်ပါတယ်။ ရန်အတိုက်အခိုက်တွေများနေတတ်ပါတယ်။ ဒါကြောင့်မိမိရဲ့အတွင်းရေးတွေမပေါက်ကြားပါ စေနဲ့။

ဗုဒ္ဓဟူး၊ရာဟု

သူတစ်ပါး ရဲ့အကူအညီတော့မရပေမဲ့ကိုယ်စွမ်းကိုယ်စ တွေကိုတော့အကောင်းဆုံးထုတ်သုံးနိုင်ပါလိမ့်မယ်။ အလုပ် နဲ့ ပတ်သက် ပြီး ခရီးကိစ္စတွေပေါ်လာတတ်ပါတယ်။ ဥပဒေနဲ့ပတ်သက်သောအလုပ်တွေ နှင့် စာချုပ်စာတန်း ချုပ်ဆိုခြင်း တွေအဆင်မပြေဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးကိုပဲအထူးဂရုစိုက်ပါ။ အလုပ်တွေပင်ပန်းခြင်း ကြောင့်ပဲ ကိုယ်ပင်ပန်း ပြီးစိတ်နွမ်းပါလိမ့်မယ်။ လူမျိုးခြား၊ ဘာသာခြားတွေနဲ့ဆက်စပ်လုပ်ကိုင်သောအလုပ်များလဲ အညံ့များနေတတ်ပါတယ်။ ဒီနေ့ဟာကိုယ်ပိုင်စီးပွားရေး သမားများ အခက်အခဲတွေဖြေရှင်းနိုင်ပါလိမ့်မယ်။

ကြာသပတေး

ချစ်သူအပေါ်အမြင်မကြည်ဖြစ်နေမိတတ်ပါတယ်။ သွားချင်တဲ့ခရီးများအပျော်ခရီး များလဲသွားရတတ်ပါတယ်။ online shopများ ပိုမိုအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ ချောင်းဆိုးနေတတ်ပါတယ်ဗျာ။ အလုပ်တွေများရတတ်ပါတယ်။ အိမ်ရှင်မတောင်မှ အိမ် တွင်းအလုပ်တွေပုံနေတတ်ပါတယ်။ ကံကောင်းတာ တစ်ခု က ဒီဇာတာရှင်အနေနဲ့ ဒီနေ့မှာအချိန်ကုန်မှန်းမသိကုန် သွားတတ်ပါတယ်။ အခက်အခဲလဲထူးထူးခြားခြား မတွေ့ ရပါဘူး။ ပျော်တတ်ပါးတတ် သောက်တတ်စားတတ်တဲ့ သူ ဆိုရင်တော့ အဲဒီအတွက်ငွေကုန်ရတာမျိုးတော့ ရှိနေပါ လိမ့်မယ်။

သောကြာ

မိမိမသိတဲ့ ကိစ္စကိုနားလည်သူတွေကိုမေးမြန်းပြီးမှဆောင် ရွက်ပါ။ လူလိမ်ခံရတတ်လို့ပါပဲ။ ပစ္စည်းတစ်ခုခု တစ် ပတ် ရစ်ဝယ် မယ်ဆိုရင်လဲ မိမိထက်သိတဲ့သူကိုခေါ်သွားစေ ချင်ပါတယ်။ ပညာစတင်သင်ယူခြင်း များ၊သင်တန်း စတတ်ခြင်း များအလွန်စတင်ဆောင်ရွက်လို့ကောင်းပါတယ်။ မိမိဖြစ်ချင်တာ၊လုပ်ချင်တာကိုဦးစားပေးပြီးလုပ်ပါ။ အဖျက်ဝင် တဲ့အတွက်သူများစကားနားမယောင်မိဖို့လိုပါတယ်။ အသီးအပွင့်တွေရကိုရဖို့ စတင်မြေတူးဆွစိုက်ပျိုး နေချိန်လို့ ခံ ယူထားပါ။ ဒီနေ့ဟာပင်ပန်းပေမဲ့ ရေရှည်အကျိုး ကျေးဇူးများမဲ့အခြေအနေတွေဖြစ်နေတတ်ပါတယ်။

စနေ

ကျန်းမာရေးကတော့ အညံ့မရှိသလောက်နည်းပါတယ်။ မင်္ဂလာစကားပြောခြင်း၊နားဖောက်ခြင်းတွေဆောင်ရွက်လို့ အထူးကောင်းပါတယ်။ အပြုံးလေးနဲ့နေနိုင်လေ ဒီနေ့ ကံကောင်းလေပါပဲ။ ဒီနေ့ မှာလူငယ်ဆန်ဆန် တွေးခေါ်လုပ် ကိုင်ရင်ပိုမိုအောင်မြင်တတ်ပါတယ်။ မိမိအတွက် လိုအပ်တဲ့အကြံဉာဏ်ကောင်းတွေကို ရရှိလာ တတ်ပါတယ်။ ချစ်သူခင်သူတွေဆီကအကူအညီတွေအများကြီးရ လာတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သော လုပ်ငန်းများ အထူးအဆင်ပြေပါလိမ့်မယ်။ ချစ်သူဆီကနေ တန်ဖိုးရှိ တဲ့လက်ဆောင်လေးတွေရလာတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

25.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၂)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ညနေ ၅နာရီခွဲထိ လကွယ်တီထိ ကြည်လင်မှုငြိမ်းချမ်းမှုတွေကိုပေးတဲ့ ပုဏ္ဏတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ပညာရေးနှင့်ပတ်သက်သော ကိစ္စများ အထူးဆောင်ရွက်လို့အဆင်ပြေပါလိမ့်မယ်။ ပညာစတင်သင်ယူခြင်းတွေ၊ သင်တန်းတတ်ခြင်းတွေအထူးကောင်းပါတယ်။ ပညာရေးဟောပြောပွဲများ စာတမ်းဖတ်ပွဲများလဲ အထူူးသင့်လျော်ပါ တယ်။

လောကီမင်္ဂလာတွေဖြစ်တဲ့ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောခြင်းများလဲ ဆောင်ရွက်နိုင်ပါ တယ်။ နာမည်ပေးကင်းပွန်းတပ်ခြင်းများလဲ ဒီနေ့မှာအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။

ငွေကြေးကိစ္စအ၀၀တွေဖြစ်တဲ့ ငွေပေးငွေယူကိစ္စများ၊ ငွေကြေးနဲ့ပက်သက်ပြီးတော့ အာမခံခြင်းများလဲ အထူး ဆောင်ရွက်လို့ကောင်းပါတယ်။ ဘဏ်လုပ်ငန်းများ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ သီးပင်စားပင်များစတင်စိုက်ပျိုးခြင်းတွေ၊ဆန်စပါးများစတင်စိုက်ပျိုးတာမျိုးတွေလဲ အထူးဆောင်ရွက်နိုင်ပါတယ်။

အိမ်ပြောင်းနေရာပြောင်းကိစ္စတွေ အထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။အမည်ဆိုင်းဘုတ်များ လုပ်ငန်း ဆိုင်းဘုတ်များစတင်တည်ခြင်းမျိုး အထူးဆောင်ရွက်နိုင်ပါတယ်။ ဒီလိုနေ့ရက်တွေဟာလက်လီထက်လက်ကား အလုပ်တွေ ကပိုမိုအောင်မြင်တတ်ပါတယ်။ ကိုယ်စားအလုပ်များ၊တဆင့်ဖြန့်ချီပေးရသောအလုပ်များ၊ ဖြန့်ဖြူးရေး အလုပ်များ အထူးကောင်းပါတယ်။

စတင်ဆောင်ရွက်လိုက်တဲ့ကိစ္စမှန်သမျှအဆင်ပြေတိုးတတ်လိမ့်မယ်။အလုပ်သစ်များစတင်နိုင်ပါတယ်။ နံနက် ၈း၂၄မှ ၁၀း၄၈ နာရီကြား၊ညနေ ၃း၃၆ မှ ၆း၀၀ နာရီကြားကာလများတွင် ဆောင်ရွက်သောကိစ္စတွေက အဆင်ပြေ ကောာင်းကျိုးရလွယ်ပါတယ်ဗျ။ဒီနေ့မှာရှောင်သင့်တာတွေကတော့ ခရီးကိစ္စများအဆင်မပြေဖြစ်ရတတ်ပါတယ်။ ခရီးနဲ့ပက်သက်ပြီးတော့ ထင်ထားသည်ထက်ကြန့်ကြာမှုတွေဖြစ်ရတတ်ပါတယ်။အစိုးရဝန်ထမ်းများ အထက်လူကြီးနဲ့ အဆင် မပြေတာလေးတွေရှိနေတတ်ပါတယ်။ အမှားကင်းအောင်တော့နေ တတ်ဖို့လိုပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၉း၀၉)နာရီမှ (၂၀း၀၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊  တူစန်း၊  တူရာသီဖွားဖြစ်ပါသည်။စိတ်ကောင်းစေတနာကောင်းတဲ့ သူတွေက ဒီနေ့မွေးသူတွေပါပဲ။ ဒါအပြင်အားနာတတ်သူတွေဖြစ်တာကိုလဲ တွေ့ရတယ်။ အားနည်းချက်က အထောက်အပံ့မရဘဲ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားရတဲ့ဇာတာပဲဖြစ်ပါတယ်။ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ရတဲ့ အတွက် သက်လတ်ပိုင်းကာလကစလို့ လုပ်ငန်းနယ်ပယ်မှာအောင်မြင်မှုတွေရလာလိမ့်မယ်။ဖြစ်စေချင်တာကတော့ အစိုးရလခစားဝန်ထမ်းမလုပ်စေချင်ပါ။ အထက်ကိုမဖားတတ်သူ၊ မိမိမှန်ရင်ဘယ်သူပြောတာမှလက်မခံသူဖြစ်တာ ကြောင့် ဝန်ထမ်းနဲ့အဆင်ပြေဖို့ခက်ခဲပါတယ်။ Customer ကိုကောင်းစွာဂရုစိုက်တတ်သူဖြစ်တာကြောင့်ကိုယ်ပိုင် အလုပ်လုပ်ရင် တရိပ်ရိပ်နဲ့တိုးတတ်သွားပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၂း၄၄) နာရီမှ ညနေ(၄း၁၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။    

ကံညံ့သော နေ့သားကတော့ တနင်္လာ သားသမီးပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနက်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။       

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အရဟံဂုဏ်တော်ကို ၄၅ခေါက်ရွတ်ပွားသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လက်ဖက်ရည် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အကူအညီကောင်းများရရှိပြီးအောင်မြင်မှုတွေရရှိတတ် တဲ့နေ့ရက်ပါပဲ။ အလုပ်နဲ့ပတ်သက်ပြီး အခွင့်အလမ်း တွေပေါ်လာ လိမ့်မယ်။ စပ်တူအလုပ်၊ဖက်စပ်အလုပ်များလဲ အကျိုးပေးနေတတ်ပါတယ်။ကြိုးပမ်းကြံစည် ဆောင် ရွက် ထားမှုများက ကောာင်းစွာအကျိုးခံစားရလိမ့်မယ်။ ပြန်မရ ဘူးလို့ထင်ထားတဲ့ကြွေးမြီးတွေပြန်လည်ရ လာ တတ် ပါတယ်။ ပျော်ရွှင်မှု၊စိတ်ချမ်းသ ာမှုတွေကိုလက်ငင်းကြုံရတတ် ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းများထူးခြား တဲ့ အခွင့်အရေးတွေပေါ်လာတတ်ပါတယ်။ ကျန်းမာရေး ကတော့အရမ်းညံ့ နေတာမျိုးတော့မရှိပါဘူး။ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ၊ငွေလွှဲလုပ်ငန်းများအဆင်ပြေတိုးတတ်မည်။

တနင်္လာ

လူမှုရေးကိစ္စများတွင်စိတ်အနှောက်အယှက်ကြုံရတတ်ပါ တယ်။မိမိရည်မှန်းချက်များအတွက်ပေးဆပ် အနစ်နာခံ ရတတ် ပါတယ်။ စိတ်လိုက်မာန်ပါဆောင်ရွက်မှုများကို အထူး သတိနဲ့ထိန်းပါ။ ငွေကြေးကုန်ကျမှုလဲ များပြား နေတတ်ပါတယ်။ပရိယာယ်သုံးပြီးမှရည်မှန်းချက်ကိုအကောင်အထည်ဖော်သင့်ပါတယ်။ ကျန်းမာရေးအညံ့ရှိ တယ်။ သာမန်ဖျားတာနာ တာမျိုးတွေအထူးဖြစ်လွယ်ပါတယ်။လုပ်ငန်းရှင်များ လုပ်ငန်းခွင်အတွင်းရင်းနှီးမြုပ်နှံမှုတွေမှား တတ်ပါ တယ်။ အောက်လက် ငယ်သားတွေကိုတော့ ကောင်းစွာစီမံခန့်ခွဲ နိုင်ပါလိမ့်မယ်။တစ်ခုသတိထားရမှာက အထက်လူကြီးကိုဘောင်ကျော်ပြီးမလုပ်မိ ပါစေနဲ့။

အင်္ဂါ

         အကြီးအကဲဆွေမျိုးများအတွက်စိတ်ညစ်နေရတတ်ပါ တယ်။သောကပြဿနာမီးများဝန်းရံနေတတ်ပါတယ်။ အလုပ်မှာ စိတ်ဖိစီးမှုတွေများနေရတတ်ပါတယ်။သွေးတိုး၊ ဦးခေါင်းကိုက်၊ဇက်ကြောထိုးတာမျိုးဒီနေ့မှာဖြစ်လွယ်ပါ တယ်။ အလုပ်ပိုတွေ ရှိနေရင်တော့ မလောဘဲဖြေးဖြေးမှန် မှန်လုပ်လိုက်ပါ။ စာရင်းအမှားတွေလုပ်မိသွား တတ်လို့ပါပဲ။ အချစ်ရေးမှာတော့ အထူးကံကောင်းလိမ့်မယ်။ စက်ပစ္စည်းအသစ်တွေဝယ်မယ်ဆိုဒီနေ့က ဝယ်လို့ ကောင်းပါတယ်။ အိမ်တွင်းမီးဆင်ခြင်း လုပ်ငန်းများအထူးဆောင် ရွက်နိုင်ပါတယ်။ပညာရေးမှာတော့ လူမှုရေး အနှောက် အယှက် ကြောင့်စိတ်နှစ်ရခက်ခဲနေ တတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

       ထွန်းလင်းတောက်ပသောကံအခြေအနေကိုကြုံရမည်။ စိတ်ထဲလိုချင်နေတဲ့  ငွေကြေးအကူအညီတွေကိုလဲ ရလာ တတ်ပါတယ်။ မိသားစုစီးပွားရေးတွေလဲသိသိသာသာ တိုးတတ်ပါလိမ့်မယ်။ အလုပ်တွေများနေတယ် ဆို ပေမဲ့ လုပ်ကိုင်ဆောင်ရွက်သမျှ အဆင်ပြေ ချောမွေ့နေပါလိမ့်မယ်။ မင်္ဂလာကိစ္စများအတွက်တိုင်ပင်ခြင်း၊ ဆွေးနွေး ခြင်းများကို ချစ်သူနဲ့အစီအစဉ်ဆွဲလို့ သင့်တဲ့နေ့ရက်ပါပဲ။ ငွေကြေး မြုပ်နှံထားတဲ့အလုပ်တွေကနေ ငွေအထူးပေါ် လာပါ လိမ့်မယ်။ အပျော်ခရီးများ၊ပျော်ပွဲစား ထွက်ခြင်းများလဲကြုံရတတ် ပါတယ်။စက်ပစ္စည်းတွေ၊ အလှအပနှင့် ဆိုင်တဲ့ ပစ္စည်းတွေလဲ ဝင်လာတတ်ပါတယ်။

ကြာသပတေး

              အလုပ်နဲ့ပတ်သက်ပြီးခရီးတွေသွားလာရတတ်ပါတယ်။ ကောင်းတဲ့ခရီးစဉ်ပဲဖြစ်ပါလိမ့်မယ်။အလုပ်ပိုတွေ ကတော့ နည်းနေ ပါလိမ့်မယ်။ အားလပ်ချိန်တွေရနိုင်တဲ့အတွက် မိမိလုပ်ချင်တာတွေကိုအချိန်ပေးနိုင်မဲ့နေ့ရက်လဲ ဖြစ်ပါတယ်။ လုပ်ငန်းရှင်များ လက်ရှိအလုပ်ကိုတိုးချ့ဲလို့သင့်ပါတယ်။ဒါပေမဲ့လုပ်ငန်းသစ်ကိုတော့မစသင့်ပါတယ်။ အိမ်သစ်တတ်တာ၊ နေရာပြောင်း၊ရုံးခန်း ပြောင်းတာမျိုးတွေအထူး ရှောင်ရှားလိုက်ပါ။ ငွေကြေးအကြပ်အတည်း အနည်းငယ်ကြုံရတတ်ပါတယ်။ သူများစကားကို ယုံပြီးလုပ်မိတာတွေ ကအမှားများနေလိမ့်မယ်။သူများအား မကိုး ဘဲ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားသူတွေအဆင်ပြေတတ်ပါတယ်။

သောကြာ

    ခရီးသွားရဖို့အကြောင်းဖန်လာတတ်ပါတယ်။ အဆင်ပြေ မဲ့ခရီးပဲဖြစ်ပါတယ်။အလုပ်တွေကနေလစာတိုးတာမျိုး၊ နေ ရာကောင်း ရတာမျိုးတွေကြုံရနိုင်ပါတယ်။ အိမ်ထောင် ရေး၊အိမ်တွင်းရေးအဆင်မပြေဘူးဆိုရင်တော့ ဒီနေ့မှာ ပြေလည်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။မိတ်ဆွေ သစ် တွေလဲရရှိမဲ့နေ့မျိုးပါပဲ။ အချစ်ရေးနဲ့ပတ်သက်ပြီး အထူး အဆင်ပြေနိုင်ပါတယ်။ မိမိအခက်အခဲလေးတွေကို ချစ်သူက ဝိုင်းဝန်းဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ကံကောင်းခြင်း တွေလဲ ရှိမဲ့နေ့ရက်ပါပဲ။ ပညာရေးနဲ့ပတ်သက်ရင်တော့ စီးပွားရေးနဲ့ဆိုင်သော ပညာများသင်ယူခွင့် တွေရရှိ တတ်ပါ တယ်။

စနေ

ညံ့နေတာက အိမ်ထောင်ရေးပါ။ အိမ်ထောင်ဘက်နဲ့ ဆန့်ကျင်ဘက်တွေကြီးပဲဖြစ်ရပျက်ရတတ်ပါတယ်။ လူမှုရေးအပူတွေကိုခေါင်းထဲမထည့်ထားလိုက်ပါနဲ့။ တကိုယ် ကောင်းမဆန်ပါနဲ့။ အများကိုတွဲဖက်ခေါ်ယူပါ။ လုပ် ဖော်ကိုင်ဖက်တွေကိုသင်ပြပေးပါ။ လုပ်ငန်းရှင်ဆိုမိမိ ဝန်ထမ်းကိုသေချာသင်ပြပေးပါ။ တစ်ခုသတိထားရမှာတော့ မကျွမ်းကျင်တာကိုမြေစမ်းခရမ်းပျိုးမလုပ်ပါနဲ့။ ကံကောင်းတာတစ်ခုကတော့ လက်ရှိအလုပ်တွေကို အကောင်းဆုံး စွမ်းဆောင်နိုင်ပါလိမ့်မယ်။ အလုပ်မှာစိတ်ချ ရတာ ကြောင့်လဲ လူကြီးတွေက မိမိကိုမျက်နှာလွှဲထားတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

24.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၆)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက် ခြင်းငှာ မသင့်သေးပါ။

တီထိမြေခံ အရသောကြာမြေခံဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်း အကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။

ဒီနေ့ဟာ နဂါးပေါ်ရက် ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ညနေ ၆နာရီအထိ တီထိ၁၄လုံးအနိဋ္ဌသဘောဆောင်တဲ့ ရိတ္တာတီထိကျရောက်တဲ့နေ့ ရက်ပါပဲ။ဒီလိုနေ့ရက်တွေမှာတော့ ကျန်းမားရေးနဲ့ပက်သက်ပြီး ဆေးစစ်ခြင်း၊ဆေးကုခြင်းအဆင့်ဆင့်ပြုလုပ်နိုင်ပါ တယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်များချမှတ်နိုင်ပါတယ်။ အခက်အခဲများလဲချမှတ်နိုင်ပါလိမ့်မယ်။ အရောင်းထိုင်း ပစ္စည်းများ အရောင်းသွက်လာမဲ့နေ့ရက်လဲဖြစ်ပါတယ်။ရပိုင်ခွင့်များလဲ ပြန်လည်တောင်းခံနိုင်မဲ့နေ့ရက်လဲဖြစ်ပါ တယ်။ဆိုင်းဘုတ်တင်ခြင်းတွေ၊

ဒီလိုနေ့မျိုးမှာတော့ နိုင်ငံခြားနဲ့ပတ်သက်သောကိစ္စများအထူးကောင်းပါတယ်။ နိုင်ငံခြားဖို့ အင်တာဗျူးဝင်ဖြေခြင်း တွေ၊ လိုက်ပါဆောင်ရွက်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေမှာလုပ်ကိုင်ကြသူ များအထူးပဲအဆင်ပြေမှုတွေရရှိတတ်ပါတယ်။

ဖြိုဖျက်ခြင်းတွေကိုဦးစားပေးတဲ့ နေ့ရက်ဖြစ်တာကြောင့် အိမ်ဟောင်းဖျက်တာ၊ ဆောင်ဟောင်းဖျက်တာ၊ အိမ်တွင်း မလွတ်တဲ့သစ်ပင်တွေခုတ်လှဲတာ၊ ခြံစည်းရိုးအသစ်ပြန်လည်ကာတာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။

အများရဲ့ဝန်ကိုထမ်းရတဲ့နေ့ဖြစ်တာကြောင့် ပရဟိတအလုပ်တွေ၊လူမှုကယ်ဆယ်ရေးအလုပ်တွေ၊အထူးဆောင်ရွက် ဖြစ်ပါလိမ့်မယ်။ အနာရောဂါတွေကို ခွဲစိပ်ကုသခြင်းများလဲ  ဆောင်ရွက်လို့သင့်တဲ့နေ့ပါပဲ။

ဆေးလုပ်ငန်းများ၊စာအုပ်နှင့်စာရေးကိရိယာ လုပ်ငန်းများအဆင်ပြေအောင်မြင်မှုတွေများနေတတ်ပါတယ်။ ဆန် ရောင်း ဝယ်ခြင်း၊ဆန်ပွဲရုံများအထူးပဲအဆင်ပြေအောင်မြင်မှုတွေရနေတတ်ပါတယ်။

ရှောင်သင့်တာတွေကတော့ ရှင်ပြုခြင်းနားသခြင်းပဉ္ဖင်းခံခြင်းများလဲ တတ်နိုင်သလောက်ရှောင်လိုက်ပါ။ အရောင်း အဝယ်စာချုပ်များ၊ အိမ်၊ကား၊မြေ၊ဆိုင်စတဲ့ အရာများဝယ်ယူခြင်းစာချုပ်များ အထူးရှောင်သင့်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၉း၁၃)နာရီမှ (၂၀း၀၅)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊  ကန်စန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ သူတစ်ပါး တွေနဲ့ ကွဲပြားတဲ့အတွေးအခေါ်ရှိကြသူတွေဖြစ်ပါတယ်။ ခရီးသွားရတာဝါသနာပါပြီးတော့ ခရီးသွားလုပ်ငန်းများနဲ့ စကားပြန်၊ဂိုက်အလုပ်များနဲ့အဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးအညံ့အဆိုးနည်းပြီးတော့ တော်ရုံကူးစက်ရောဂါ လဲခုခံနိုင်တဲ့အင်အားရှိကြသူတွေဖြစ်ပါတယ်။ မွေးစကနေ ၁၅နှစ်အတွင်း အိုးအိမ်အပြောင်းအလဲ ကြုံရတတ်သလို ငယ်ရွယ်စဉ်ကာလတွေမှာလဲ မျက်စိထိခိုက်နိုင်တာမို့ ဖုန်း၊တီဗီအလွန်အကျွံကြည့်ခြင်းများ အထူးသတိပြုသင့်တယ်

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၇း၂၈) နာရီမှ မနက်(၈း၅၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင်ရင့်ရင့် နှင့် အနက်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။    

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အလင်းတိုင် ဘုရား ပူဇော် ပြီးမှ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဟောလစ် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

စိတ်ပင်ပန်းမှုတွေများပြားပြီးအတိုက်အခံရန်ဆွယ်တွေနဲ့ ကြုံနေရတတ်ပါတယ်။ ပြဿနာတွေအတိုက် အခိုက် တွေကြားကနေ ရုန်းကန်ကြိုးစားရပါလိမ့်မယ်။ကျန်းမာရေး ကတော့အညံ့များနေတယ်ဗျ။ ခေါင်းကိုက် ခေါင်းမူး အလွန်ဖြစ်လွယ်ပါတယ်။ အိမ်ထောင်သည်များလူမှုရေး အရှုပ် အရှင်းတွေကြောင့်လင်မယားချင်း ပြဿနာတတ်ရတတ်ပါတယ်။ စိတ်ထဲလိုချင် တာတွေကို လွယ်လွယ်မရနိုင်သေး ပါ။ လုပ်ငန်းရှင်များ မိမိဝန်ထမ်း တွေကို ကောင်းစွာကိုင်တွယ်နိုင်မှအဆင်ပြေပါလိမ့်မယ်။ ဝန်ထမ်းတွေနဲ့ပက်သက် ပြီးပြောလိုတာက အလုပ်မှာ စိတ်ပျက် နေတာမျိုး၊ အလုပ်ပြောင်းချင်တာမျိုးတွေ ဖြစ်ရတတ်ပါတယ်။သည်းခံပါ။

တနင်္လာ

လရိပ်အောက်မှာရောက်ရှိနေတဲ့အချိန်ကာလပါပဲ။ အေး ချမ်းမှုတွေ၊ပျော်ရွှင်ကြည်နူးမှုတွေကိုရရှိပါလိမ့်မယ်။ ခရီး သွားလာမှု များပြားပါလိမ့်မယ်။ ကောင်းသောခရီးလဲဖြစ်ပါ လိမ့်မယ်။ အခွင့်အရေးနှစ်မျိုးပေါ်လာတတ်ပါတယ်။ အိမ်ခြံမြေဝယ်ယူရန် ကြိုးပမ်းနေသူဆိုဒီနေ့အဆင်ပြေပါလိမ့် မယ်။ပညာသင်ကြားနေသူများ အဆင့်မြင့်ပညာတွေ သင်ကြား ခွင့်ရလာပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေမှာလဲအဆင် ပြေပါလိမ့်မယ်။သိက္ခာရှိသူတွေ သီလရှိသူတွေ ပိုမိုအဆင်ပြေပါလိမ့်မယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့လဲကြိုးစားသ မျှထွန်းပေါက်ပါလိမ့်မယ်။ ရင်းနှီးမြုပ်နှံလို့ ကောင်းတဲ့ နေ့ရက်လဲ ဖြစ်ပါတယ်။

အင်္ဂါ

အလုပ်သစ်စီးပွားသစ်တွေအထူးကောင်းတယ်ဗျ။အလုပ် ကောင်းပေမဲ့ လူမှုရေးအရှုပ်အထွေးတော့ဖြစ် တတ်ပါ တယ်။ ချစ်သူခင်သူတွေဆီကအကူအညီတွေရလာတတ်ပါ တယ်။ အပျော်အပါးတော့လျှော့ပါ။ လောင်းကစားကို မလုပ်သင့်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။ မြေဝယ်မယ်ဆိုရင်တော့ ဒီနေ့ဟာအကောင်းဆုံးပါပဲ။ အချစ်ရေးမှာ နားလည် မှုရှိတဲ့ ချစ်သူကြောင့်စိတ်ချမ်းသာရပါလိမ့်မယ်။ သွားချင်တဲ့ခရီး တွေသွားခွင့်ကြုံလိမ့်မယ်။ ငွေအဝင်များမဲ့နေ့ပါပဲ။  ကိုယ်ပိုင်အလုပ်များ အပြိုင်အဆိုင်တွေအလွန်များနေရတတ်ပါ တယ်။ ဝန်ထမ်းများလူကြီးတွေရဲ့ ချစ်ခင်မြှောက်စား ခြင်းကိုခံရတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

သူများအကြံ ကိုလက်မခံပါနဲ့။ သူများကိစ္စကိုဝင်မပါလိုက်ပါနဲ့။ အလုပ်တွေပင်ပန်းနေတတ်တဲ့အနား ယူချိန်ကိုသတ် သတ်မှတ် မှတ်ထားပြီး အနားယူပါ။ ကျန်းမာရေးကိုလဲအနည်း ငယ်ဂရုစိုက်ပါ။ မိန်းကလေးများမီးယပ်နဲ့ပတ်သက် သော ရောဂါများ ဖြစ်လွယ် ပါတယ်။ သွေးငုပ်၊ချွေးငုပ်ဖြစ် လွယ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေရှားပြီးတော့ မိတ်ဆွေတုတွေ အနားမှာများနေတတ်ပါတယ်။ သူများ တွေကိုပြောဆိုဆုံးမတာမျိုးရှောင်ပါ။ စေတနာစကားတွေက ဝေဒနာဖြစ်ရ တတ်ပါတယ်။ မိမိကိစ္စတွေကိုပဲဦးစား ပေးလိုက်ပါ။ စိတ်ကူးကိုအကောင်အထည်ဖော်ဆောင်ရွက်ပါ။

ကြာသပတေး

ငွေအကျိုးပေးကံကောင်းမွန်တဲ့အတွက်ထီကံစမ်းသင့်တဲ့ နေ့ ရက်ပါပဲ။ရုပ်ပိုင်ဆိုင်ရာအဆင်ပြေပေမဲ့ စိတ်ပိုင်း ဆိုင်ရာ မှာတော့ မကျေနပ်စရာတွေများနေတတ်ပါတယ်။ စိတ်ထဲ မှာဒေါသတွေ ၊အလိုမကျတာတွေကိုဟန်လုပ်ပြီး ထိန်းချုပ် နေရတတ်ပါတယ်။ မိမိကိုယ်တိုင်ဆုံးဖြတ်ချက်ချတာ ထက်အထက်လူကြီး၊ဆရာသမားတွေဆီက အကူ အညီယူပြီး ဆုံးဖြတ်တာက ပိုကောင်းပါတယ်။ လုပ်ငန်းရှင်များ ကြွေးမြီအဟောင်းတွေမထင်မှတ်ဘဲ ပြန်ရတတ်ပါ တယ်။ အဆင်မပြေတဲ့ ချစ်သူတွေကတော့ ပြန်လည်သင့်မြတ် တာမျိုးတွေကြုံနေရတတ်ပါတယ်။ ကျန်းမာရေး အညံ့များ နေတဲ့အတွက်သတိနဲ့နေထိုင်စေချင်ပါတယ်။

သောကြာ

ကံဇာတာများဆက်လက်မြင့်မားနေပြီးတော့ အခွင့်အရေးများ လဲဆက်လက်ရရှိပါလိမ့်မယ်။ လူမှုရေးနယ်ပယ်မှာ ထင်ရှား ကျော်ကြားတတ်ပါတယ်။ လုံ့လ၊ဝီရိယရဲ့အကျိုးကိုလဲခံ စားရတတ်ပါတယ်။နာမည်ဖြင့်ရပ်တည်ကျတဲ့ သူတွေကတော့ နာမည်ဂုဏ်သတင်းကြီးပါလိမ့်မယ်။ပညာရေးကံ အလွန်ကောင်းပါတယ်။ အလှူအတန်းတွေလဲ ပေးရ တတ်ပါ တယ်။ အိမ်ထောင်ဘက်ရဲ့သံသယတွေများနေတာ ကြောင့် ပြဿနာဖြစ်ရတတ်ပါတယ်။ ဝန်ထမ်း များ နေရာကောင်းရခြင်း၊ ရာထူးတိုးခြင်းမျိုးကြုံရတတ်ပါတယ်။ အလုပ်ကနေထူးထူးခြားခြားငွေဝင်ပါလိမ့်မယ်။ ဘုန်းတန်ခိုးအရှိန်အဝါမြင့်မားလိမ့်မယ်။

စနေ

ငွေရှာပါ။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အဝင်နည်းသလို အထွက်လဲနည်းပါလိမ့်မယ်။ မိမိကိုအထင်လွဲ နေတဲ့ သူတွေကို နားလည်မှုရှိအောင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ သူခိုးခိုးခံရတာ၊ မေ့ကျန်၊ ပျောက်ရှ တာတွေဖြစ်လွယ်တာ ကြောင့် အဖိုးတန်ပစ္စည်းများကိုသတိနဲ့ကိုင်တွယ်သုံးစွဲပါ။ မိမိအနေနဲ့ မိမိရဲ့အနာဂတ်အခွင့်အလမ်းတွေကိုရ လာ တတ် ပါတယ်။ မိမိလျှောက်ရမဲ့လမ်းကြောင်းတွေကိုမြင်ပါ လိမ့်မယ်။ သူတစ်ပါးတွေကိုလဲကောင်းစွာကူညီပေး နိုင်ပါ လိမ့်မယ်။ ခရီးတွေ သွားရရင် လူပင်ပန်းရတာ၊ ဖျားတတ် နာတတ်တာမျိုးတွေရှိပေမဲ့ ကိုယ့်ရည်မှန်းထားတာ တော့ ပြည့်မြောက်ရတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

23.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ည၇နာရီအထိက အောင်မြင်ခြင်းတွေ စွမ်းအားတွေကိုပေးတဲ့ ဇယျတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီလိုနေ့ရက်မှာတော့ ကုန်ပစ္စည်းအသစ်များစတင်ဖြန်ချီနိုင်သည်။ အများသိစေ လိုတဲ့သတင်းစကားကိုဖြစ်စေ စတင်ဖြန့်ချီလို့အထူးကောင်းပါတယ်။ရပ်တန့်ထားတဲ့လုပ်ငန်းများကိုလဲပြန်လည်စ တင်သင့်ပါတယ်။ နံနက် ၇◌း၃၀ မှ ၉း၀၀ကြား။ နေ့ ၁း၃၀မှ ၃း၀၀ကြားကာလများတွင် ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို လက်တွေ့အသုံးချပြီးအောင်မြင်မှုတွေကိုဖြစ်စေပါတယ်။

ကုန်ပစ္စည်းသိုလှောင်ခြင်းတွေ၊ ငွေကြေးချေးငှားခြင်းတွေကိုလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ဖုန်းနှင့်ဆက်စပ် ပစ္စည်းလုပ်ငန်းများအထူးကောင်းပါတယ်။မိမိအာမခံထားချင်တဲ့အရာတွေကိုစတင်အာမခံထားလို့အလွန်မှကောာင်းတဲ့နေ့ရက်ပဲဖြစ်ပါတယ်။ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းခြင်းတွေ၊ လှောင်ထားခြင်းတွေ၊ အထူးကောင်းပါတယ်။

ဆိုင်သစ်စဖွင့်တာ၊ဆိုင်းဘုတ်သစ်တင်တာ၊ အလုပ်သစ်စလုပ်တာ၊ အိမ်အသစ်မှာ စတင်နေထိုင်တာ၊ အိမ်၊ကျောင်း တွေကိုစတင်ဆောက်လုပ်တာ၊ကုမ္ပဏီအသစ်၊ဈေးအသစ်စတင်ဖွင့် လှစ်တာမျိုးတွေအထူး ကောင်းပါတယ်။

နိုင်ငံခြားဘာသာစကားတစ်ခုခုကို စတင်သင်ကြားခြင်းမျိုးဒီနေ့မှာစတင်ခြင်းဖြင့် ဆုံးခန်းတိုင်အောင်တတ်မြောက်ပါ လိမ့်မယ်။ မိဘဘိုးဘွား အကြီးအကဲတွေကို အထူးဂါရဝပြုတာ၊ကန်တော့တာမျိုးတွေလဲ အထူးပဲဆောင်ရွက်စေ ချင်ပါတယ်။

ကြော်ငြာလုပ်ငန်းများအတွက် ဆောင်ရွက်ရန်အထူးကောင်းပါတယ်။ Online ကနေကြော်ငြာတာပဲဖြစ်ဖြစ်၊ media ကနေကြော်ငြာတာပဲဖြစ်ဖြစ် ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ဒီနေ့မှာမြေသန့်မင်္ဂလာပြုလုပ်ခြင်းတွေ၊ အုတ်မြစ်ချခြင်း၊တိုင်ထူခြင်းတွေကိုအထူးဆောင်ရွက်နိုင်ပါတယ်။ ဘုရားနေကဇာတင်ခြင်း၊ အိမ်တတ်ပြုလုပ်ခြင်း တွေကိုလဲ ဒီနေ့မှာအထူးဆောင်ရွက်လို့သင့်ပါတယ်။

ဒီနေ့ဟာ ဒီနေ့ဟာ ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၉း၁၇)နာရီမှ (၂၀း၀၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  ကန်စန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများအများနဲ့ပတ် သက်ဆက်နွယ်သောအလုပ်များ၊လူအများနဲ့ဆက်ဆံလုပ်ကိုင်ရသောအလုပ်များနဲ့အကျိုးပေးတယ်။ နိုင်ငံရပ်ခြားက နေဘွဲ့ထူးဆုထူးရမဲ့ကံဇာတာရှိနိုင်တာလဲတွေ့ရတယ်။ နိုင်ငံခြားဘာသာစကားကျွမ်းကျင်လွန်းတာမျိုးတွေလဲ ဒီလိုဇာတာမျိုးမှာတွေ့ရလေ့ရှိတယ်။ ကျန်းမာရေးကတော့ အအေးပတ်လွယ်တဲ့သူဖြစ်တာကိုတွေ့ရပါတယ်။ ရေလမ်းခရီးလဲသတိထားသင့်တဲ့ဖွားဇာတာမျိုးဖြစ်ပါတယ်။ အင်အားကြီးသူတစ်ဦးဦးရဲ့အထောက်အပံ့တွေကိုလဲ ရလွယ်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်ဘဝအခက်အခဲကြုံလာတိုင်း အကူအညီပေးမဲ့နောက်ခံဘက်ဂရောင်းကြီးကြီးရှိနေတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၁၂) နာရီမှ ညနေ(၅း၃၉)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာရောင်တောက်တောက် နှင့် အစိမ်းရောင်ရင့်ရင့်များများပါသော အဝတ်အစား၊ အသုံးအဆောင် ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစား နိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကြက်ကြော်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဧလမုန့် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မီးပင်လယ်ကိုဖြတ်ကူးရတဲ့နေ့ရက်လို့တင်စားချင်ပါတယ်။ ရုန်းကန်နေမှအဆင်ပြေမဲ့သဘောပါ။ ပျင်းနေသူတွေ အတွက် နေရာမရှိပါဘူး။ ဘဝပုစ္ဆာများလဲအဖြေညှိရပါလိမ့် မယ်။ဘဝခရီးအတွက် တိကျပြတ်သားသော ဆုံးဖြတ် ချက်များရရန် ခက်ခဲနေပါလိမ့်မယ်။လုပ်ငန်းခွင်အတွင်း အမျက်ထွက်စရာကိစ္စများလဲပေါ်လာတတ်ပါတယ်။ သတိနဲ့ ယှဉ်ပြီးဒေါသကို ထိန်းသိမ်းလိုက်ပါ။ လူမျိုးခြား၊တစိမ်း တွေနဲ့ဆက်စပ်လုပ်ကိုင်ရသူများ အမှားအယွင်းနည်းအောင် လုပ်ပါ။ပြဿနာဟောင်း၊ရန်ကြွေးဟောင်းတွေပြန်ပေါ် လာတတ်ပါတယ်။ ကျန်းမာရေးမှာတော့အညံ့အဆိုးနည်း နေ တတ်ပါတယ်။

တနင်္လာ

နိုးနိုးကြားကြားဖြင့် ဘဝခရီးကိုချီတတ်သင့်တဲ့နေ့ရက်လဲဖြစ် ပါတယ်။ ပြတ်ပြတ်သားသား လုပ်ဆောင်မှသာ အောင်မြင်ပါလိမ့်မယ်။ အားနာတတ်သူတွေကတော့ ကောင်း ကောင်းကြီးဒုက္ခရောက်ရတတ်ပါတယ်။ ဆင်ခြင်တုံ တရား ရှိပါစေ။ စေတနာကောင်း စိတ်ကောင်းနဲ့ လုပ်ကိုင်ပေး သူတွေကတော့ ဒီနေ့မှာစေတနာရောင်ပြန်ဟပ်ပါ လိမ့်မယ်။ ဝင်ငွေကောင်းလာပါလိမ့်မယ်။ လုပ်ငန်းခွင်မှာလဲ နှစ်ထပ်ကွမ်းအောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လူ အနည်းငယ်ပင်ပန်းမှုတွေ ကိုတော့ ကြုံရတတ်ပါတယ်။ စိတ်ဖိ ဆီးမှုကိုလျှော့ချလိုက်ပါ။ ကျန်းမာရေးကတော့ စိတ်ချမ်းသာ အောင်နေလေကျန်းမာလေပါပဲ။

အင်္ဂါ

ဘာနယ်ပယ်မှာမဆို ယှဉ်ပြိုင်အနိုင်ရသောနေ့ရက်ဖြစ် ပါလိမ့်မယ်။တီထွင်ဆန်းသစ်အောင်ကြိုးစားနိုင်မှုကြောင့် နာမည်ဂုဏ် သတင်းကြီးပါလိမ့်မယ်။ သိက္ခာရှိသူတွေက  တော့အသိုင်းအဝိုင်းနယ်ပယ်ကိုချဲ့ထွင်နိုင်ပါလိမ့်မယ်။ ကံကောင်းခြင်းတွေ ကြောင့်ပဲ မိမိကိုအဆင်ပြေမှုလမ်း ကြောင်းကိုတွန်းပို့ပါလိမ့်မယ်။ ပျင်းရိမှု၊တွေဝေမှု၊ချီတုံချတုံ ဖြစ်နေ မှုတွေကို ကောင်းစွာလျှော့ချနိုင်ပါလိမ့်မယ်။ အပျော်အပါးကိစ္စတွေကို မလုပ်ဘဲ နေရင်ကံပိုမိုကောင်း တတ်ပါတယ်။သီလရှိအောင်နေပါ။ဒါနတရားတွေနဲ့ ကောင်းစွာရှင်သန်ပါ။ ကျန်းမာရေးကတော့ အရက်နှင့်ဆေးလိပ် တတ်နိုင်သမျှရှောင်လိုက်ပါ။

ဗုဒ္ဓဟူး၊ရာဟု

စိတ်ချမ်းသာစရာတွေများပါလိမ့်မယ်။ ရည်မှန်းချက်များကို ကောင်းစွာစူးစူးစိုက်စိုက် လုပ်ဆောင်နေသောနေ့ရက် တစ်ခုဖြစ်ပါလိမ့်မယ်။ အကြံကောင်းတစ်ချက်ကြောင့်အောင် မြင်ကြီးပွားသွားနိုင်ပါလိမ့်မယ်။ပခုံးချင်း ယှဉ်လာသူ တွေကို ကောင်းစွာအနိုင်ရပါလိမ့်မယ်။ အပြောနှင့်အလုပ်ညီမျှ အောင်နေတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေ၊ မိသား စုတွေရဲ့ ယုံကြည်လေးစားခြင်းကိုခံယူပါလိမ့်မယ်။ စိတ်ကူးစိတ် ကူးစိတ်သန်းအချို့ကိုလက်တွေ့အကောင် အထည် ဖော်ခွင့် ရရှိပါလိမ့်မယ်။ အချစ်ရေးအထူးကောင်းမည်။ ချစ်သူနဲ့ ပြန်ပြေလည်မည်။ ကျန်းမာရေးကတော့ အိပ်ရေး ၀၀ အိပ်တာက ကျန်းမာဖို့အထောက်အကူပြုပါ။

ကြာသပတေး

စိတ်ပင်ပန်းစရာ၊လူပင်ပန်းစရာလေးတွေကြုံနေရတတ် ပါတယ်။ခရီးသွားလာရာမှာအနှောက်အယှက် ကြုံရတတ် ပါ တယ်။ ရွှေငွေ၊လက်ဝတ်ရတနာများဝယ်ယူလို့ကောင်းတဲ့ နေ့ရက်လဲဖြစ်ပါတယ်။အသောက်အစားများပြီးတော့ ကျန်းမာရေးညံ့သွားတဲ့ အတွက်ဆင်ခြင်ပါလို့မှာချင်ပါတယ်။ ပညာသင်ကြားနေသူများ ပညာရေးအတွက် အဆက် အသွယ် ကောင်းတွေ ရလာတတ် ပါတယ်။ လုပ်ငန်းရှင်များ မိမိ အလုပ်ရဲ့ဖွဲ့စည်းပုံကိုပြန်လည်တည်ဆောက်ယူရပါ လိမ့်မယ်။ ငွေကံကတော့ကောင်း နေချိန်ဖြစ်တာကြောင့် ငွေ အဝင်များနေတတ်ပါတယ်။ ဘာသာရေးကိစ္စ၊အလှူ ကိစ္စ တွေလဲကြုံရတတ်ပါတယ်။

သောကြာ

အလုပ်ကိစ္စများအဆင်ပြေသော်လည်း မိသား စု၊ညီအကိုမောင်နှတွေနဲ့ ပြဿနာကြုံရတတ်ပါတယ်။ထီကံစမ်းသင့် သော နေ့ရက်ဖြစ်ပြီး ခရီးကိစ္စကြောင့်ဒေသသစ် ၊နေရာသစ်ရောက်နေရင် ထီထိုးဖြစ်အောင်ထိုးလိုက်ပါ။ စီးပွား ရေးကိစ္စ များတွင်မိမိစကားအောင်တတ်ပါတယ်။ အိမ် ခြံမြေ ဝယ်ခြင်းရောင်းခြင်းတွေအထူးကောင်းပါ လိမ့် မယ်။အိမ်ထောင်ရှင်များ ငွေကြေးကိစ္စများနဲ့ပတ်သက်ပြီးလင် မယားချင်းစိတ်ဝမ်းကွဲရတတ်ပါတယ်။ ဆုံးဖြတ်ချက် တစ်ခု ချမယ် ဆိုရင်တော့ အမိအဖ လူကြီးတွေကိုတိုင်ပင်ပြီးလုပ် တာပိုကောင်းပါတယ်။ ကျန်းမာရေးအညံ့ အဆိုး ကင်းမည်။ ချစ်သူအတွက်ပူပန်ရတတ်ပါတယ်။

စနေ

ကြားလိုသောသတင်းစကားကြားရတတ်ပါတယ်။အပြောင်းအလဲများကြားကနေဘဝတိုးတတ်မှုလမ်းကိုတွေ့ရ မည်။ မိမိ ကိုယ်တိုင်က ဒီနေ့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတွေကို အလွန်စိတ်ဝင်စားနေတတ်ပါတယ်။ မီးခဲပြာဖုံး ဖြစ်နေတဲ့ မိမိရဲ့အစွမ်းအစတွေကိုထုတ်ဖော်ခွင့်ရမဲ့နေ့လဲ ဖြစ်ပါတယ်။အတိတ်ကကြိုးစားခဲ့တဲ့ ကိစ္စတွေကဒီနေ့မှာ အခွင့်အလမ်း အဖြစ်မိမိဆီရောက်လာတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲကောင်းစွာ တိုးတတ်မှုတွေမြင် ရပါလိမ့်မယ်။ ကျန်းမာရေး ကတော့အညံ့အဆိုးတွေကို ကောင်းစွာမောင်းထုတ်နိုင်ပါလိမ့်မယ်။ အနာနဲ့ဆေးတွေ့ ပြီး ကျန်းမာသွားပါလိမ့်မယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

22.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၁၃)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဝက် မြေခံဖြစ်၍ ဘေးသင့်ခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက် အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ တီထိအရတော့  ည၇နာရီအထိက ကံကောင်းခြင်းတွေကိုပေးတဲ့ ဘဒြာတီထိကျရောက်တဲ့ နေ့ရက် ပဲဖြစ်ပါတယ်။ဒီလိုနေ့ရက်တွေမှာတော့ အခွင့်အရေးနှစ်ခုပေါ်လာတတ်ပါတယ်။ တစ်ခုထက်မကသော အလုပ်တွေ လုပ်နေရတတ်ပါတယ်။ အစိုးရနှင့် ဆိုင်သော ဆက်စပ်ကိစ္စတွေကိုအထူးရှောင်ပါ။ လမ်းသွားလာစဉ် လာရောက် အလှူခံသူကို တတ်အားသမျှလှူဒါန်းလိုက်ပါ။ အဝတ်အထည်အသစ်များ၊ လက်ဝတ်ရတနာအသစ်များ ဝတ်ဆင်ရန် မသင့်ပေ။ လာဘ်ပိတ်သွားနိုင်လို့ပါ။

မြေသန့်မင်္ဂလာပြုလုပ်ခြင်းတွေ၊ အိမ်တတ်လုပ်ခြင်းတွေ၊ ဂါထာမန္တန်တွေကို သိဒ္ဓိတင်ခြင်းတွေ၊ အရေးကြီးသော ခွဲ စိပ်ကုသမှုများပြုလုပ်ခြင်းတွေကို အထူးပဲဆောင်ရွက်နိုင်ပါတယ်။ယာဉ်ကားများရောင်းဝယ်ခြင်းတွေ၊ ရုပ်သံလိုင်း အသစ်များဒီနေ့မှာစတင်တိုးချဲ့ခြင်းတွေ၊အလှကုန်ပစ္စည်းများကိုစတင်အရောင်းမြှင့်တင်ခြင်းတွေဆောင်ရွက်လို့ ကောင်းတဲ့နေ့လဲဖြစ်ပါတယ်။

အပေါင်းအသင်းတွေရဲ့အလိုကိုမလိုက်သင့်တဲ့နေ့မျိုးပါ။ အပျော်လွန်ရင်အလွန်ဒုက္ခများရတတ်ပါတယ်။ မိန်းကလေး များ ချစ်သူနဲ့ ဆိတ်ကွယ်ရာမနေပါနဲ့။ အချစ်နယ်ကျွံတာမျိုးတွေဖြစ်တတ်ပါတယ်။ အရောင်းအဝယ်ကိစ္စများနဲ့ ပတ်သက်ပြီးတော့ စာချုပ်ချုပ်ဆိုခြင်းများဆောင်ရွက်လို့အထူးကောာင်းတဲ့နေ့မျိုးပါပဲ။

အိမ်၊ခြံမြေကစလို့ ရောင်းချလိုသောပစ္စည်းတွေရှိရင်တော့ ဒီနေ့မှာရောင်းချလို့အလွန်ပဲကောင်းပါတယ်။ထီကံစမ်း လိုက်တာမျိုးတွေဆောင်ရွက်သင့်ပါတယ်။ ကျောက်မျက်ရတနာများဝယ်ယူမယ်ဆိုရင်လဲ ဒီနေ့ကအထူးကောင်းပါ တယ်။

ဒီနေ့ဟာ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉း၂၁)နာရီမှ ည(၂၀း၁၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  သိဟ်စန်း၊  ည၈နာရီကျော်ရင် စန်းကကန်ရာသီပြောင်းသည်။ တူရာသီ ဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်ဟာ မိန်းကလေးဖြစ်မယ်ဆိုရင်တော့ အိမ်ထောင်ရေးကိုဂရုစိုက် ပေးဖို့လို ပါတယ်။  အိမ်ထောင်ဘက်ကောင်းရဖို့ခဲယဉ်းတာမို့ပါ။ ငွေကြေးစုဆောင်းရလွယ်ကူတတ်ပြီး ချွေတာလွန်း တာ ကြောင့် ပဲ ကပ်စေးနည်းသူအဖြစ်အပြောခံရတတ်တဲ့ဇာတာမျိုးလဲဖြစ်ပါတယ်။ အလုပ်ကောင်း၊နေရာကောင်း၊ အိုးကောင်း၊အိမ်ကောင်းနဲ့ နေရတတ်တဲ့ဖွားဇာတာရှင်ဖြစ်တာကိုတွေ့ရပါတယ်။ လေးလေးမှန်မှန်သာ ရှေ့ဆက်မှာ အောင်မြင်မှာဖြစ်တယ်။ အရာရာကိုလောကြီးလေ အမှားများလေဖြစ်တတ်ပါတယ်။ ပညာရေးမှာလဲ အတွက် အချက်ပိုင်းအားနည်းတာမို့ မိဘတွေကဂရုစိုက်ပေးဖို့လိုကြောင်း တင်ပြအပ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက် (၈း၅၅) နာရီမှ နံနက်(၁၀း၂၂)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အညိုနုရောင် နှင့် အပြာရောင်တောက်တောက် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါ လိမ့်မည်။           

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊၁) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ လစ်ပိုတစ်ပုလင်း သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငချိပ်ပေါင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အလှအပနှင့်ဆိုင်သောအလုပ်များ၊ အနုပညာအလုပ်များ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ဇာတာစန်းလဂ် တတ်နေ ချိန်မို့ အရာရာအဆင်ပြေမည်။ သူများထက်နှာတစ်ဖျား သာအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ပြိုင်ဘက်တွေ ကတောင်အထင်ကြီး လေးစားခြင်းခံရတတ်ပါတယ်။ထူးခြား သောကံအလှည့်အပြောင်းကြုံရတတ်ပါ။ ငွေကြေးနဲ့ ပတ်သက်ပြီး အဘက်ဘက်က ဝင်လာတတ်ပါတယ်။ ကျန်းမာ ရေးကတော့ ရောဂါသေးသည်ဟူ၍ မပေါ့ဆသင့်ပါ။ နေမထိထိုင်မသာဖြစ်တာနဲ့ ဆေးခန်းပြသေချာပြသင့်ပါတယ်။ မိမိပြောသောစကားအောင်တတ်ပါတယ်။

တနင်္လာ

အသွားအလာသတိထားပါ။ ညဉ့်နက်သန်းခေါင် အပြင်ထွက် တာမျိုးတွေအထူးရှောင်ပါ။စီးပွားရေးမှာလဲ မိမိက ခြေတစ်လှမ်းမှားတာနဲ့ မိမိကိုအလဲထိုးလိုသောပြိုင်ဘက်တွေရှိ နေတယ်ဆိုတာသိထားစေချင်ပါတယ်။ပြီးတော့လဲ ရှေ့တင်မှာချီးကျူးပြီး ကွယ်ရာမှအပုပ်ချတဲ့ မိတ်ဆွေလုပ်ဖော် ကိုင်ဖက်တွေလဲရှိနေတတ်ပါတယ်။လုပ်ငန်းခွင်ကို အာရုံစိုက်ထားပါ။ အတွေးများပြီး စာရင်းအမှားတွေလုပ်မိတတ် ပါတယ်။ အချစ်ရေးမှာစန်းပွင့်နေတတ်ပါတယ်။ ချစ်သူဆီကအဖြေရလွယ်ပါတယ်။ ကျန်းမာရေးကတော့ သိပ်မ ကောင်း။ ရောဂါမကြီးမားပေမဲ့ အစာမကြေ၊ လေထိုး လေအောင့်ဆိုတာမျိုးဖြစ်လွယ်ပါတယ်။

အင်္ဂါ

လူသစ်၊စိတ်သစ်နဲ့ပြောင်းလဲမှုအသစ်တွေလဲကြုံနေရ တတ်ပါတယ်။လုပ်ငန်းနယ်ပယ်အသစ်တစ်ခုကို ခြေဆန့် ခွင့်ရလာပါ လိမ့်မယ်။ စွန့်စားလုပ်ကိုင်ရတဲ့ကိစ္စမှန်သမျှအ ဆင်ပြေတိုးတတ်ပါလိမ့်မယ်။ အလုပ်လျှောက်ခြင်း၊ အင်တာဗျူးဖြေခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ မိမိရောင်းလို တဲ့ပစ္စည်းတွေရောင်းထွက်မဲ့နေ့ရက်ပါပဲ။ ရပ်ဝေးနဲ့ ဆက်စပ်လုပ်ကိုင်ရတဲ့အလုပ်တွေ အဆင်ပြေတိုးတတ်ပါလိမ့် မယ်။ သွားလာလှုပ်ရှားလုပ်ကိုင် ရတဲ့အလုပ်တွေ ပိုမိုအဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေးအဆင် ပြေပါလိမ့်မယ်။  ကျန်းမာရေးကတော့ကောင်းနေချိန်ပါ။ အမှည့် လွန်နေတဲ့အသီးအနှံတွေကိုစားသောက်ခြင်းရှောင်ပါ။

ဗုဒ္ဓဟူး၊ရာဟု

ခေါင်းအေးအေးထားပြီးလုပ်ဆောင်သင့်သည့်ကာလပါပဲ။  ဘာလုပ်လုပ်လေးလေးနက်နက်နဲ့လုပ်လေ အောင်မြင် လေပါပဲ။ ဘာသာရေးနဲ့ပတ်သက်ပြီးလုပ်ကိုင်ဆောင်ရွက် သူများ၊ အဓိဋ္ဌာန်ဝင်နေသူများ ပိုမိုအဆင်ပြေအောင်မြင် လွယ်တဲ့နေ့ရက်ပါပဲ။ စိတ်ဝင်စားစရာကောင်းသော၊ပျော်စ ရာကောင်းသောခရီးတစ်ခုသွားရတတ်ပါတယ်။ မမျှော် လင့်တဲ့ခရီးမျိုးလဲဖြစ် တတ်ပါတယ်။ စိတ်ကူးကောင်းတွေ ရှိနေရင်တောင်လက်တွေ့အကောင် အထည်ဖော်လို့ မရ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးကတော့ ဆီးဝမ်းလေမှန်နေ ရင် အဆင်ပြေပါတယ်။ အချိန်မှန်အိပ်၊အချိန်မှန် စား လိုက်ပါ။

ကြာသပတေး

အများကောင်းကျိုး၊လောကကောင်းကျိုးဆောင်ရွက်ခွင့်ရမဲ့ နေ့ရက်ပါ။ စူးရှထက်မြက်သောဉာဏ်ပညာနှင့် ဝီရိယ တန်ခိုးကြောင့် ဘဝတတ်လမ်းတွေပွင့်မဲ့နေ့ရက်ပါပဲ။ အောင် မြင်မှုစင်မြင့်ပေါ်သို့တွန်းပို့ခြင်းခံရတတ်ပါ တယ်။ ဘာသာရေး လုပ်နေသူများလဲ သမာဓိအင်အားအရင်ကတည်းက ကောင်းသူဆို ဒီနေ့မှာ အသိထူးရလွယ်ပါ တယ်။ အတွေးသစ်၊အမြင်သစ်တွေက အလုပ်ကိုအားကောင်းဖို့ စွမ်းဆောင်ပေးလိမ့်မယ်။ဘာလုပ်လုပ် စိုးရိမ်တတ်၊ပူပန် တတ် သူတွေ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ နေပြီးတော့ လုပ်ကိုင် ခြင်းဖြင့်ပိုမိုအောင်မြင်တတ်ပါတယ်။ ကျန်းမာရေး ကတော့ ဥတုနဲ့ အာဟာရမျှအောင်နေထိုင်စားသောက်ပါ။

သောကြာ

မိမိကိုယ်တိုင်က လိမ္မာပါးနပ်ပြီး နည်းပရိယာယ်ကြွယ်မှပဲ အဆင်ပြေတတ်ပါတယ်။ လမ်းရိုးအတိုင်းလိုက်နေလို့ ကတော့ အခက်အခဲများမဲ့နေ့ပါပဲ။ မိသားစုဝင်တစ်ဦး၏ပီတိ ဖြစ်စရာအောင်မြင်မှုသတင်းကြားရတတ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝနေသူများ အခွင့်အလမ်းတွေကို ကောင်းစွာဖမ်းဆုပ်ယူနိုင်ပါလိမ့်မယ်။ ငွေကြေး ရင်းနှီးမြုပ်နှံမှုတွေကိုတော့ ချင့်ချိန်လိုက်ပါ။ ဖြစ်နိုင်ရင် ကုန်ပစ္စည်း ဝယ်လှောင်တာမျိုးကိုတော့ အားမပေးပါဘူး။ ရှယ်ယာအလုပ်များ ငွေကြေးအရှုပ်အရှင်းပေါ်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ ပုံမှန်အားကစားလုပ်နေ သူဆို အညံ့မရှိတဲ့နေ့ရက်လို့ပဲ ပြောချင်ပါတယ်။

စနေ

မိမိရဲ့ကိုယ့်စွမ်းကိုယ်စတွေတောက်ပနေချိန်ပဲဖြစ်ပါတယ်။ ရုတ်တ ရက်အခွင့်ထူးများကို လက်ခံရရှိတတ်ပါတယ်။ ဖြစ်လိုသည့်ကိစ္စရပ်အတိုင်း မလွဲမသွေအကောင်အထည်ဖော်နိုင်ပါ လိမ့်မယ်။ မင်္ဂလာကိစ္စများအတွက် ဆွေးနွေးလို့ တိုင်ပင်လို့အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။ငွေကြေးကို ချင့်ချိန်စွာ အသုံးချဖို့လိုပါတယ်။ ဒါမှလဲ ဝင်ငွေတိုးပါ လိမ့် မယ်။ လုပ်ငန်းနှစ်မျိုး၊သုံးမျိုး တစ်ပြိုင်နက် လုပ်ဆောင်ခွင့်ရရှိပါလိမ့် မယ်။မိမိကျန်းမာရေးအတွက် လောဘ၊ဒေါသ၊ မောဟ များ ကို လျှော့ချနိုင်မှရပါလိမ့်မယ်။ အကောင်းမြင်စိတ်ရှိသူ တွေကတော့ ဒီနေ့မှာအရာရာအဆင်ပြေ ပါ လိမ့် မယ်။ ထီဝါသနာပါရင် ထီကံစမ်းသင့်တဲ့နေ့ပါပဲ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

21.October .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၁၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

တီထိမြေခံ အရ ကိတ်မြေခံဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင်တာမို့ နီးစပ်တဲ့ဆရာတွေနဲ့ အချိန်အခါပြန်ရွေးပြီးမှ ဆောင်ရွက်ပါ။

ဒီနေ့ဟာရက်ကန်း၊ သမားညို၊ ရက်ယုတ်မာ ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ညနေ ၆နာရီထိလဆုတ်တီထိ ၁၁လုံးဖြစ်ပြီး ကြွယ်ဝခြင်းကိုပေးသော ပျော်ရွှင်မှုကို ထပ်ပြန် ရသော နန္ဒတီထိကျ ရောက်နေတဲ့နေ့ရက်ဖြစ်ပါတယ်။ ဒီနေ့ဟာ ဥပုသ်သီလစောင့်တည်ခြင်း၊ ဘုရားဖူးခြင်း များ အထူးဆောင်ရွက်လို့ သင့်တဲ့နေ့ရက်ပါပဲ။ တစ်ဦးတစ်ယောက်နဲ့ဖြစ်စေ၊ နိုင်ငံတစ်ခုနဲ့ တစ်ခုဖြစ်ပါစေငြိမ်းချမ်း ရေးပတ်သက်ပြီးတော့  အထူး ဆွေးနွေးဆောင်ရွက်လို့ကောင်းပါတယ်။ သိုလှောင်ထားသောပစ္စည်းများရောင်းချရန် အထူးကောင်းပါတယ်။ စိတ်ကူးထားတာလေးတွေကိုကောင်းစွာ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ အလုပ်ရှာ ခြင်း၊အလုပ်လျှောက်ခြင်းများစတင်သင့်တဲ့နေ့ရက်ပါပဲ။

အိမ်တွင်းအလှဆင်ခြင်း၊အိမ်ကိုဆေးပြန်သုတ်ခြင်း၊အိမ်ထောင်ပရိဘောဂတွေကို ပေါ်လစ်တင်ခြင်းများဆောင်ရွက် သင့်တဲ့နေ့ရက်ပါပဲ။ ဘုရားဖူးခရီးများလဲ သွားလို့အထူးအဆင်ပြေတဲ့နေ့ရက်ပါပဲ။ အရည်နှင့်ပတ်သက်သော စား သောက်ကုန်လုပ်ငန်းများ အထူးအဆင်ပြေပါလိမ့်မယ်။ ဖက်ရှင်ဒီဇိုင်းလုပ်ငန်းလုပ်ငန်းများလဲ အထူးအောင်မြင် တတ်ပါတယ်။

မိမိကိုးကွယ်သော မိရိုးဖလားနတ်တွေကို ပူဇော်ခြင်း၊ပသခြင်းများလဲ အထူးဆောင်ရွက်လို့သင့်ပါတယ်။ အိမ်မှာနေ ပြီးပရိတ်ပဋ္ဌာန်းရွတ်ဖတ်တာ၊ ဘုရားနှုတ်ခပတ်တော်တွေကို ရွတ်ဖတ်တာမျိုးအထူးကောင်းတဲ့နေ့ရက်ပါပဲ။

ဘုရားနေကဇာတင်ခြင်းများ၊ ဘုရားပင့်ဆောင်ခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။ သောကြာဂြိုဟ်စိုးမိုးတာ ကြောင့်ဖျော်ဖြေရေးနဲ့ပတ်သက်သော အကအခုန်၊ဂီတသီချင်းနဲ့ပက်သက်သောကိစ္စများလဲ အထူးအဆင်ပြေတတ် ပါတယ်။ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲ ဒီနေ့မှာအထူးဆောင်ရွက်လို့ကောင်းပါတယ်။ စတုဒိသာကျွေး မွေးခြင်းတွေ အထူးဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉း၂၅)နာရီမှ ည(၂၀း၁၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေ ရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦး တွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ် လွယ်ပါတယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိ၊  သိဟ်စန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးများဟာ လူအများရဲ ခင်မင်မှု၊ချစ်ခင်မှု ရရှိကြတယ်။ ခဏလောက်ဆုံရရင်ပဲ တော်တော်များများကကိုယ့်ကို မှတ်မိနေသည်အထိ ညှို့ အား ပြင်းကြသူတွေဖြစ်တယ်။ လူချစ်လူခင်များပြီး မိမိထက် များစွာအဘက်ဘက်က သာလွန်သူတွေကို ခေါင်း ခေါက် ရွေးချယ်နိုင်လိမ့်မယ်။ ရင်သွေးငယ်ဟာ တစ်ဦး တည်သော သားသမီးဆိုရင်တော့ အလွန်ကောင်းပြီးတော့ မောင်နှမများရင်တော့ ထိုသူတွေနဲ့မတည့်တာမျိုးတွေ အထူးဖြစ်တတ်ပါတယ်။ အိုင်တီအလုပ်များတွင် ထူးချွန် တယ်။ ဖင်ပေါ့တော့ လူကြီးချစ်တယ်။ မိမိကိုဖျက်နေတာ တစ်ခုက အပျော်အပါးမက်ခြင်းပါ။ အပေါင်းအသင်းနဲ့ ဟေးလေးဟားလေး နေချင်တဲ့ ဇာတာရှင်တွေပဲဖြစ်တယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀း၂၃) နာရီမှ မနက်(၁၁း၅၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင်၊ နို့နှစ်ရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ချောကလက်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကောက်ညှင်းပေါင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

စကားအပြောအဆိုဆင်ခြင်ပါ။ မိမိကစေတနာနဲ့ပြောပေမဲ တစ်ဖက်လူကအထအနကောက်ပြီး ပြဿနာရှာ တတ် ပါတယ်။ အောက်လက်ငယ်သားတွေကို မျက်နှာလွှဲထား လို့မရပါဘူး။ အရေးကြီးတဲ့လုပ်ငန်းဆောင်တာများ မိမိ ကိုယ်တိုင် လုပ်ပါ။လူမျိုးခြား၊ဘာသာခြားတွေနဲ့ တွဲဖက် လုပ်ကိုင်ခြင်းတွေကအဆင်မပြေမှုတွေကိုဖြစ်စေပါတယ်။ ရပ်ဝေးခရီးသွားခြင်းမျိုး တွေကလဲ အခက်အခဲများ နိုင်ပါတယ်။ ဒီနေ့ဟာ မိမိကသာ  သူများတွေထက်ချွန်ပြီး အထူးကြိုးစားနေသူဆိုသတိထားပါ။ လုပ်ဖော်ကိုင်ဖက် တွေရဲ့မနာလိုချောက်ချခြင်းတွေကို ခံရတတ်ပါတယ်။

တနင်္လာ

ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အားရစရာကောင်း လောက်အောင်ငွေဝင်တတ်ပါတယ်။ သူများကိစ္စတွေ၊လူမှုရေး ကိစ္စတွေကိုတော့ဝင်မပါဖို့လိုအပ်ပါတယ်။ မကောင်း တဲ့နေရာသွားခြင်းများ ၊အပျော်အပါးကိုလွန်ကျူးခြင်းများ ဒီနေ့မှာလုံးဝမလုပ်ပါနဲ့။ ဒီနေ့ဟာ မှန်အောင်နေမှအဆင် ပြေအောင်မြင်ပါလိမ့်မယ်။ စိတ်ချမ်းသာရပါလိမ့်မယ်။ မနာလိုတိုက်ခိုက်အပုပ်ချတဲ့ သူတွေကိုလဲ အသားစီးရ ပါလိမ့်မယ်။ လုပ်ငန်းတွေချဲ့ထွင်နိုင်သလိုလုပ်ငန်းသစ် တွေကိုလဲ တိုးတတ်အောင်လုပ် ဆောင်နိုင်ပါလိမ့်မယ်။ လခစားအလုပ်များ ရာထူးတိုးတာနေရာကောင်းရ တာမျိုး တွေ အထူးကြုံရတတ်ပါတယ်။

အင်္ဂါ

ကံကြမ္မာက မိမိအတွက်ကံကောင်း ခြင်းတွေကိုပေး ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်သောစာမေးပွဲများလဲ ဖြေဆို အောင်မြင်တတ်ပါတယ်။  အိမ်တွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအလုပ်တွေချဲ့ထွင်နိုင်မှာပါ။ ကျန်းမာရေး အတွက် စိတ်ချမ်းသာရမဲ့နေ့ရက်ဆိုရင် လဲမမှားပါဘူး။ ရှေ့တိုးဆောင်ရွက်စရာကိစ္စတွေရှိရင်တော့ စတင်ဆောင် ရွက်လို့အလွန်ပဲ ကောင်းပါတယ်။ အရေးကြီးတဲ့ကိစ္စ မှန်သမျှအလေးပေးပြီးဆောင်ရွက်နိုင် ပါလိမ့်မယ်။ တန်ဖိုး ကြီးတဲ့ပစ္စည်းတွေ ရောင်းခြင်း၊ဝယ်ခြင်းများလဲ အထူး ဆောင်ရွက်လို့ကောင်းတဲ့နေ့ပါပဲ။ လက်တွေ့ကျကျလုပ်ကိုင် ဆောင် ရွက်သမျှ အဆင်ပြေပြီးမြောက်တတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ငွေကံထူးထူးခြားခြားကောင်းနေမယ်။ ကိုယ်ပိုင်အလုပ်များ လဲရောင်းပန်း ဝယ်ပန်းတွေပွင့်ပါလိမ့်မယ်။ စုတ်ရော ဝင်လာ နိုင်တဲ့အတွက် အိမ်ထောင်သည်တွေကတော့ သတိ ထား ဖို့လိုပါတယ်။ စပ်တူအလုပ်များ ၊ရှယ်ယာ အလုပ်များ အလွန်ပဲအဆင်ပြေ ပါလိမ့်မယ်။ အချစ်ရေးနဲ့ပတ်သက် ပြီးကံကောင်းနေတတ်ပါတယ်။ချစ်သူနှစ်ဦး မိဘတွေကိုဖွင့်ပြောပြီး အနာဂတ်အစီအစဉ်တွေဆွဲလို့ ကောင်းတဲ့ နေ့ရက်လဲဖြစ်ပါတယ်။ ကားများဝယ်တာပဲ ဖြစ်ဖြစ်၊ရောင်းတာပဲ ဖြစ်ဖြစ်ဒီနေ့မှာ အဆင်ပြေနိုင်ပါတယ်။ပရဟိတ အလုပ်များ၊အသင်းအဖွဲ့အတွက်အလုပ်များ လဲ ကောင်းစွာစွမ်းဆောင်နိုင်ပါလိမ့်မယ်။

ကြာသပတေး

မိမိဖြစ် ချင်တာတွေကို မလုပ်သေး ဘဲ ဖြစ်သင့်တာ တွေကိုဦးစားပေးလုပ်ကိုင်လိုက်ပါ။ သူများပြဿနာ တွေကို ကိုယ့်ပြဿ နာဖြစ်အောင်မလုပ်ပါနဲ့။ စာချုပ်စာတန်း တွေမှာသက်သေအဖြစ် လက်မှတ်ထိုးတာမျိုးတွေအလွန်ပဲ ရှောင် လိုက်စေ ချင်ပါတယ်။ မိမိရဲ့ကျန်းမာရေးကိုလဲ အထူး ဂရုစိုက်စေချင်ပါတယ်။ စိုးရိမ်စိတ်တွေ ပူပန်စိတ်တွေ များနေရတတ်ပါတယ်။ အဝေးရောက်နေ တဲ့သားသမီး တွေကျန်းမာရေးမကောင်းတာ ကြောင့်လဲစိတ်ဆင်းရဲ ရတတ် ပါတယ်။ အလုပ်အကြွေး မထားပါနဲ့။ ဒီနေ့ဟာ အချိန်မ ဖြုန်း ဘဲလုပ်မှပဲအဆင်ပြေနိုင်တာ ကိုတွေ့ရ ပါတယ်။

သောကြာ

အလုပ်နဲ့ပတ်သက်ပြီး အကျိုးအမြတ် ကြီးမဲ့နေ့ရက်ပါပဲ။ အလုပ်နဲ့ပတ်သက်ပြီး အဆက်အသွယ်ကောင်းတွေ ၊အချိတ် အဆက်ကောင်း တွေရလာတတ်ပါ တယ်။ အသင်း အဖွဲ့တွေမှာ ဦးဆောင်ဦးရွက်လုပ်ပေးရတတ်ပါတယ်။ အခက်အခဲတစ်ခု၊ ဆုံးဖြတ်စရာကိစ္စတစ်ခု ရှိတယ်ဆိုရင် တော့ မိမိရဲ့ဆရာသမားတစ်ဦး ဆီကနေအကြံဉာဏ်ယူပါ။ ရှေ့တိုးဆောင်ရွက်ရမဲ့ကိစ္စတွေအတွက်ဦးစားပေး လုပ်ကိုင် ပါ။ မိမိအတွက်လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူလို့ အထူးကောင်းတဲ့ နေ့ရက်ပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီး ရင်းနှီးမြုပ်နှံလိုက်ပါ။ နောင်တွင်အကျိုးအမြတ်ကြီးမဲ့ အလုပ်တွေကို အထူးအားစိုက်ထားလိုက်ပါ။

စနေ

လက်ဝယ်ရှိတဲ့စက်ပစ္စည်းတွေ ခြူခြာနေတတ်ပါတယ်။ ကျန်းမာရေးအတွက် အနည်းငယ်စိတ်ပူပန်ရပါလိမ့်မယ်။ ဒူးနာတာ၊ သွားရင်းလာရင်းနဲ့ ဒူးခေါင်းကိုထိခိုက်မိတာ မျိုးတွေလဲ ကြုံရတတ်ပါ  တယ်။ မိမိဖြစ်ချင်တာ တွေကိုဖြစ်အောင်လုပ်ဖု့ိအတွက် အဖျက်ဝင်တတ်ပါတယ်။ စိတ် ဒေါသကြီးနေသူတွေဒုက္ခရောက်တတ်ပါတယ်။ သည်းခံ စိတ်မွေးပြီးတော့ အရာရာကိုအကောင်းမြင်စိတ်လေး မွေးပါ။ဒါမှပဲအဆင်ပြေမဲ့နေ့ဖြစ်ပါလိမ့်မယ်။ သူတစ် ပါးရဲ့အကူ အညီကိုယူပြီးမှလုပ်ပါ။ မိမိဘာသာလုပ်ကိုင်ဆောင်မှု တွေဟာအလွဲလွဲ အချော်ချော်ဖြစ်နေရ တတ်ပါ တယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

18.October.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၉)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၁)နာရီဖြစ်ပြီး၊ ညနေ(၅း၅၀)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

တီထိမြေခံအရတော့ မွန်းတည့် ၁၂နာရီထိ တနင်္လာမြေခံဖြစ်တာမို့ အိုးအိမ်တိုက်တာအဆောက်အဦးတွေဆောက်လုပ် ခြင်း၊တိုင်ထူခြင်း၊ပန္နက်ရိုက်ခြင်းများဆောင်ရွက်နိုင်ပါတယ်။မွန်းလွဲသွားရင်တော့ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ ရက်တံခွန်၊ရသေ့ကျော် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ နေ့လယ်အထိက လဆုတ်တီထိ ၈လုံး၊ကျော်ရင်လဆုတ်တီထိ ၉လုံးကိုကူးပြောင်းပါ တယ်။  ဒီနေ့မှာလောင်ကစားဆန်ဆန်ကိစ္စများ၊ အရက်ချက်ခြင်း ၊မွေးမြူရေးလုပ်ငန်းများစတဲ့ အနိဋ္ဌနှင့်ဆိုင်သောအလုပ်များ ဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ဒီနေ့မှာ ဦးတည်ချက်၊ရည်မှန်းချက်တွေကိုအကောင် အထည်ဖော်လို့ကောင်းပါတယ်။ စက်ကားတွေကို အရှိန်ပြင်းပြင်းမောင်းနှင်ခြင်းများရှောင်လိုက်ပါ။ စက်ပစ္စည်းများကို သေချာစစ်ဆေးပြီးမှအလုပ်လုပ် သင့်တဲ့နေ့ရက်ပါပဲ။ ခရီးဝေးသွားဖို့ အိမ်ကိုသော့ပိတ်ထားမယ်ဆိုမီးလိုင်းတွေကိုသေချာစစ်ဆေး မိန်းချပြီးမှသွားပါ။

ငွေကြေးချေးငှားခြင်းများအတွက် သတိပြုဖွယ်နေ့ရက်လဲဖြစ်ပါတယ်။ငွေလာချေးရင် တတ်နိုင်သမျှစကားလှအောင် ပြောပြီး ရှောင်ထွက်စေချင်ပါတယ်။ မိမငွေကြေးသူများလက်ထဲရောက်ရင်ပြန်ရဖို့ခဲယဉ်းတဲ့နေ့ရက်ဖြစ်ပါတယ်။

မပြေလည်တဲ့ကိစ္စတွေကို ထိပ်တိုက်ဖြေရှင်းခြင်း၊လေချိုမသွေးဘဲ လူမိုက်ဆန်ဆန်ဖြေရှင်းခြင်းဖြင့် အောင် မြင်မှု တွေကိုရလာတတ်ပါတယ်။ လက်နက်ကိုင်စွဲ သုံးစွဲခြင်း၊ ရန်သူအားဖမ်းဆီးခြင်းတွေကို ဒီနေ့မှာဆောင်ရွက် နိုင်ပါ လိမ့်မယ်။

ဆေးဝါးကုသခြင်း၊ ဆေးစစ်ခြင်း၊သမားတော်နဲ့ပြသခြင်းမျိုးဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကျန်းမာရေး နှင့် ပတ်သက်ပြီးတော့ အနာနဲ့ဆေးတွေ့မဲ့နေ့ရက်ပါပဲ။ဒီနေ့ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး ချစ်ရသူကို purpose လုပ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီနေ့မှာဖွင့်ပြောလိုက်ပါ။ ရလဒ်တွေကောင်းတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉း၃၇)နာရီမှ (၂၀း၂၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

တနင်္ဂနွေဂြိုဟ် တူရာသီကိုစတင်ကူးပြောင်းပါတယ်။ တူရာသီမှာတနင်္ဂနွေတည်ဆဲ ကာလတွေမှာတော့ လုံခြုံ ရေး နဲ့ဆိုင်သောကိစ္စများ၊ အလှအပနှင့်ဆိုင်သောကိစ္စများ၊တရားမျှတမှုနှင့်သက်ဆိုင်သောကိ စ္စများ အကောင်းအဆိုး တစ်မျိုးမျိုး တွေ့ရကြုံရတတ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရသေ့ကျော်၊ရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှု ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊  ကရကဋ်စန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အားနာ တတ်သူတွေ၊သနားတတ်သူတွေ၊ဂရုဏာအားကြီးသူတွေ ဖြစ်ပါတယ်။ ထိုအားနည်းချက်ကို နင်းပြီး မိမိကို ဒုက္ခပေးသွားရင်တော့ ရေဆုံးမြေဆုံးလိုက်ပြီး ကလဲ့စားပြန်ချေလို စိတ်ရှိကြပါတယ်။ ကူညီတတ်သူတွေဖြစ်တယ်။ ငယ်ငယ်ကတည်းက အမိအဘတွေအားကိုးရမဲ့သူတွေဖြစ်သလို ကြီးလာရင်လဲမိဘတွေကို အိမ်ဦးခန်းမှာထားမဲ့ သူတွေဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်ရှိပြီးတစ်ဖက်အခက်အခဲကို ကူညီဖြေရှင်းပေးကြသူတွေ၊တစ်ပါးသူကိုကောင်းစွာ အကြံပေးနိုင်ကြသူတွေဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၂း၄၇) နာရီမှ (၄း၁၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ သောကြာ၊ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင်(သို့)ခဲရောင်၊ အနက်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါ လိမ့်မည်။           

ဒီနေ့မှာ(၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပလာတာစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ဟင်းခါး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မိမိကိုယ်တိုင်က ပါးနပ်လိမ္မာဖို့တော့လိုပါတယ်။ မိမိ အတွက် ဒုက္ခရောက်စေတဲ့တာဝန်မျိုးကို လာရောက်ထိုးပေးတာ မျိုးတွေကြုံရတတ်ပါတယ်။ အုပ်စုဖွဲ့ချောက်ချတာ မျိုးတွေကြုံရတတ်ပါတယ်။ ရိုးလွန်းသူတွေ၊ အားနာတတ်သူတွေ ဆိုရင်တော့အလွန်မှပဲဒုက္ခများရနိုင်ပါတယ်။ သူ တစ်ပါးဆီက အကူအညီတောင်းဖို့ခက်ခဲနေတဲ့ နေ့ရက်မျိုးလဲဖြစ်ပါ တယ်။ ကိုယ်ပိုင်စီးပွားများ လုပ်ငန်းပြိုင်တွေကို စောင့်ကြည့်ထားဖို့လိုပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့ ရွေးချယ် ရခက်ခဲနေတဲ့အနေအထား ကိုရောက်နေ တတ်ပါတယ်။ ရေရည်ကိုကြည့်ပြီးတော့ ဆုံးဖြတ်စေချင်ပါတယ်။

တနင်္လာ

စိတ်ကူးတွေအယူအဆတွေက လက်တွေ့မှာလဲ အသုံး ချလို့အလွန်မှအကျိုးများပါတယ်။ ဒီနေ့အတွက်ပြောချင်တာက ချီတုံချတုံမဖြစ်ပါနဲ့။ လုပ်စရာရှိတာရဲရဲလုပ်လိုက်ပါ။  အောင်မြင်ပါလိမ့်မယ်။ ခရီးသွားပြီးလုပ်ကိုင်ဆောင်ရွက်ရတဲ့ ကိစ္စ မှန်သမျှအောင်မြင်ထွန်းပေါက်ပါလိမ့်မယ်။ အရင် ကတည်းက ဇွဲကြီးသူတွေ၊ စိတ်ရှည်သူတွေအတွက် ဒီနေ့မှာ အခွင့်အလမ်းပေါ်လာပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားများ အထူးတိုးတတ်ပါလိမ့်မယ်။ အဆင်မပြေတဲ့အိမ်ထောင်ရေး ကိစ္စတွေကိုတော့ဒီနေ့မှာပြေလည်အောင် စွမ်းဆောင် နိုင်ပါလိမ့်မယ်။ ဆိုင်အသစ် စဖွင့်တာမျိုးတွေအထူး ကောင်း ပါတယ်။

အင်္ဂါ

မိမိအတွေးအခေါ်ကလွဲမှားနေတတ်ပါတယ်။ လက်ရှိအဆင် ပြေနေတာကိုစွန့်ခွာနေချင်တတ်ပါတယ်။ ဘာလုပ်လုပ် ပစ္စုပ္ပန်တည့်တည့်ကြည့်လုပ်ပါ။ ကံကိုယုံပြီးဆူးပုံမနင်းသင့်  တဲ့နေ့ရက်ပါပဲ။ စွန့်စားလုပ်ကိုင်ရမဲ့ ကိစ္စတွေကို သေချာ ပိုင်နိုင်မှလုပ်စေချင်ပါတယ်။ ငွေများများလိုချင်စိတ်က မိမိကိုဒုက္ခပေးတတ်ပါတယ်။ ရသင့်တာထက်ပိုလိုချင်လေ ပြဿနာများလေပါပဲ။ခရီးသွားပြီး လုပ်ရတဲ့အလုပ်မှန် သမျှအောင်မြင်တာကိုတွေ့ရပါတယ်။ ကျန်းမာရေး အတွက် စိတ်ပူစရာမလိုဘူးလို့လဲမြင်ပါ တယ်ဗျ။ လူငယ်များ ဖခင်ရဲ့စေတနာကိုမမြင်ဘဲ အတိုက်အခံလုပ်မိနေတတ် ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

မိမိအတွက်လိုအပ်နေတဲ့ အလုပ်အကိုင်တွေရလာတတ်ပါ တယ်။ အင်တာဗျူးဖြေထားသူများ အလုပ်ရလွယ်ပါလိမ့် မယ်။ အဘက်ဘက်ကကံကောင်းနေချိန်ဖြစ်တဲ့အတွက် လုပ်သမျှအဆင်ပြေခြင်း ကြံစည်သမျှအောင်မြင်ခြင်း တွေကို ကြုံရ တတ်ပါတယ်။ပွဲစားအလုပ်များ ၊စကားဖြင့်ရင်းနှီး လုပ်ကိုင်ရတဲ့အလုပ်များ အဆင်ပြေတိုးတတ်လာပါလိမ့်မယ်။ စိတ်ထဲမတင်မကျဖြစ်နေတာလေးတွေကိုဒီနေ့မှာ ရှင်းလင်းသွားပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီး စုဆောင်းမယ်ဆို ဒီနေ့စစုလို့အထူးကောင်းပါ တယ်။ကျန်းမာ ရေးကတော့  အကောင်းဘက်ကိုအလေးသာနေပါလိမ့်မယ်။

ကြာသပတေး

ကြာနေတဲ့ကိစ္စတွေ၊  ကြန့်ကြာနေတဲ့ကိစ္စတွေမှန်သမျှပြေ လည်မှုတွေရသွားပါလိမ့်မယ်။ ထီကံစမ်းမယ်ဆိုဒီနေ့က အလွန် ကံစမ်းလို့ကောင်းတဲ့နေ့ရက်ပါပဲ။ လူမျိုးခြား၊ဘာသာ ခြားတွေဆီက အကူအညီရလွယ်နေတတ်ပါတယ်။ ရပ်ဝေးနှင့် ချိတ်ဆက်လုပ်ကိုင်သောအလုပ်များအဆင်ပြေတိုး တတ်မည်။ စန်းပွင့်နေတဲ့အတွက်အချစ်ရေး ကိစ္စတွေ မှာ ထူးထူးခြားခြား တိုးတတ်ပါလိမ့်မယ်။တစ်ကိုယ်တည်း အေးအေးဆေးဆေးလုပ်ရတဲ့ အလုပ်မျိုးတွေက အကျိုး ပေးပါလိမ့်မယ်။ အနုပညာအလုပ်များ၊ခံစားပြီးမှလုပ်လို့ရတဲ့ အလုပ်အကိုင်များ တိုးတတ် နိုင်ပါတယ်။ ရင်းနှီးမြုပ်နှံ ထားတဲ့ အလုပ်စီးပွားတွေက နေငွေပြန်ပေါ်ပါလိမ့်မယ်။

သောကြာ

မလိုအပ်ဘဲ အချိန်ကုန်မခံပါနဲ့ ။အလေမလိုက်နဲ့လို့ ပြော ချင်တာပါ။ လုပ်စရာရှိတာကို အာရုံစိုက်လုပ်ပါ။ အထက် လူကြီးမိဘတွေက မိမိစောင့်ကြည့်ပြီး အကဲဖြတ်နေတဲ့ နေ့ရက်မို့ပါပဲ။ အိမ်ထောင်ရှင်အမျိုးသမီးများ သားသမီးရဲ့ အမှားကို လင်ယောကျာ်းမသိအောင်ဖုံးဖိတာမျိုးမလုပ်မိ စေနဲ့။ ပြဿနာကြီးသွားနိုင်လို့ပါ။ နားကပ်ပန်ထားသူများ နောက်ပိတ် ချောင်ပြီး  ပျောက်ရှတတ်ပါတယ်။ အလိုတူ  ဆန္ဒတူတဲ့မိတ်ဆွေတွေနဲ့ပေါင်းပါ။ အလုပ်သစ်၊ ဆိုင် သစ်ဖွင့်တာ မျိုးတွေဒီနေ့မကောင်းပါဘူး။  သားသမီးတွေအ တွက် လိုအပ်တာဝယ်ပေးနေရတာကြောင့် ငွေကုန်ကြေး ကျ များနေ ရတတ်ပါတယ်။

စနေ

အလုပ်တွေများနေတတ်ပါတယ်။ မိမိလုပ်ချင်တာရော၊မဖြစ် မနေလုပ်ရမဲ့ဟာတွေရောရှိနေတတ်ပါတယ်။ ပညာရေးမှာ လဲကျောင်းပြောင်း၊အခန်းပြောင်း၊သင်တန်းပြောင်းဆိုတာ မျိုးတွေလဲကြုံ ရနိုင်ပါတယ်။ ကျန်းမာရေး ကတော့ အားနည်းချက်များပါတယ်။ အရေပြားရောဂါ၊အစာအိမ်ရောဂါ များဖြစ်လွယ်တာ မျိုးတွေ့ရပါတယ်။ ငွေကြေးရင်းနှီးမြုပ်နှံခြင်း မျိုးကိုဒီနေ့မှာမစသင့်သေးပါဘူး။ အလုပ်နဲ့ပတ်သက် ရင်ဒီအတိုင်းမှေးထားပါ။ ထပ်ချဲ့ပြီး လုပ်တာမျိုးတွေကိုတော့ ဒီနေ့မှာအားမပေးပါဘူး။ ငွေရှာရလွယ်သလောက် ငွေကုန်တာလဲမြန်တတ်ပါတယ်။ အချစ် ရေး ကံကောင်းတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695