loading

Author: Nyein Aye Lu

23.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန်သိစရာများနှင့်၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၁၄)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၅)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က နောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရ ဗြဟ္မာမြေခံဖြစ်ပါတယ်။ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ် ထောင် အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွ တာ တွေ ဆောင်ရွက် လို့ကောင်းပါတယ်။

တီထိမြေခံအရ စနေမြေခံဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက် သင့်ပါ သည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသော ကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  အောင်မြင်ခြင်း၊ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ စွမ်းအား တွေပေးတဲ့ ဇယျာတီထိကျ ရောက်တဲ့ နေ့ရက် ပဲဖြစ်ပါတယ်။ဒီနေ့ဟာ ဆေးဝါးဖော်စပ်ခြင်း၊ ထုတ်လုပ်ခြင်းတွေကို ဦးစားပေးဆောင်ရွက် သင့်ပါ တယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး ဆေးစစ်၊ဆေးကု၊ရောဂါရှာဖွေခြင်းများဒီနေ့မှာ ဆောင်ရွက်လို့အထူးကောင်းပါ တယ်။ အလုပ်စီးပွားတွေနဲ့ပတ်သက်ပြီး team workရှိတဲ့အလုပ်တွေက ပိုမိုအောင် မြင်နိုင်ပါတယ်။ တစ်ဦးတစ်ယောက် ထက် အဖွဲ့အစည်း၊ဂရုရှိတဲ့အလုပ်မျိုးတွေပိုမိုအဆင်ပြေတတ်တဲ့နေ့ရက်ပါပဲ။

အတိုက်အခိုက်ရှိမှတိုးတတ်တယ်..ဆိုတာဒီနေ့ကိုပြောတာပါ။ လုပ်ငန်းတူတွေရဲ့ တိုက်ခိုက်မှုကနေတဆင့် အကြံ ကောင်း၊ စိတ်ကူးကောင်းတွေရလာတတ်ပါတယ်။  မိမိရဲ့ကိုယ်စွမ်းကိုယ်စကို ထုတ်သုံးပြီးတော့လဲ အောင်မြင် အောင် စွမ်း ဆောင်နိုင်ပါလိမ့်မယ်။ မိမိရဲ့ငုပ်လျှို့နေတဲ့အစွမ်းအစတွေကိုထုတ်သုံးသင့်ပါတယ်။

အလုပ်အကိုင်ပြပွဲများပြသခြင်းတွေ၊ ပညာရေးနဲ့ပတ်သက်တဲ့ဟောပြောပွဲများဟောပြောခြင်းတွေ ပညာရေး နဲ့ပတ်သက်သောကိစ္စအ၀၀ဆောင်ရွက်ခြင်းတွေအထူးကောင်းပါတယ်။ လေကြောင်းခရီးသွားလာလှုပ်ရှားခြင်းတွေ အထူးဆောင်ရွက်လို့ကောင်းပါတယ်။   ဒီနေ့အတွက် ခရီးကိစ္စများဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ ကုန်ကူး ခြင်း၊ကုန်သွယ်ခြင်း၊များ ဆောင်ရွက်နိုင်သလိုအပျော်ခရီး များ၊ဘုရားဖူးခရီးများလဲ သွားလို့ကောင်း တဲ့နေ့ပါပဲ။ကြော်ငြာ ဆိုင်းဘုတ်များ၊ကြော်ငြာတဲ့  BILL BOARDများထောင်ခြင်းမျိုးဒီနေ့မှာစတင်နိုင်ပါတယ်။

စာပေအနုပညာနှင့်ပတ်သက်သောကိစ္စအ၀၀ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ စာရေးခြင်း၊ကဗျာစပ်ခြင်း၊ စာအုပ်ထုတ် ဝေခြင်းများလုပ်ဆောင်နိုင်တဲ့နေ့မျိုးပါ။စားသောက်ကုန်လုပ်ငန်းများ၊စက်ယန္တရားနှင့်ပတ်သက်သောအလုပ်များပိုမိုတိုးတတ်ပါတယ်။ကုန်ပစ္စည်းများသိုလှောင်ခြင်းများလဲအထူးသင့်လျော်ပါတယ်။

စစ်လက်နက်ဝယ်ယူခြင်းများ၊စစ်ရေးလေ့ကျင့်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့ပါ။ ဝန်ထမ်းတွေကိုလုပ်ငန်းခွင်ပိုမို ကျွမ်းကျင်အောင်သင်တန်းပေးခြင်းများလဲပြုလုပ်နိုင်ပါတယ်။

            ရှောင်သင့်တာတွေကတော့ဒီနေ့မှာ ကျင်းနက်နက်တူးခြင်းတွေသတိထားဆောင်ရွက်ပါ။ ရတနာပစ္စည်းနှင့် သတ္ထုတူးဖော်ခြင်းတွေအထူးရှောင်ပါ။ ဒီနေ့ဟာမြေပြိုခြင်း၊မြေပိခြင်း၊ တောင်ပြိုခြင်းတွေအထူးဖြစ်ရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၁၅)နာရီမှ (၂၂း၀၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စာချုပ်ချူပ်ဆိုမယ်ဆို ရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက် လိုက်ပါ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊ သိဟ်စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ရှိကြသူတွေဖြစ်ပါတယ်။ အေးချမ်းစွာနေပြီဆိုရင်လွန်စွာမှသည်းခံတတ်ပြီးတော့ မိမိကိုအဘက်ဘက် ကဒုက္ခပေးလာရင်လဲ ကလဲ့စားပြန်ချေရမှကျေနပ်သူတွေဖြစ်ပါတယ်။ မိမိရဲ့အစွမ်းအစတွေကိုထုတ်နှုတ်ပြီးတော့ မိမိ ဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်ဖို့လိုပါတယ်။ အဘက်ဘက်က တော်ပေမဲ့ အံဝင်ခွင်ကျအသုံးမချတတ်တာက မိမိတို့ရဲ့အားနည်းချက်ဖြစ်ကြောင်းပါဗျ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀◌း၂၇) နာရီမှ နံနက်(၁၁း၅၈)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါ တယ်။

ကံကောင်းသောနေ့သားများ ကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ စနေ      သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး  သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ရာဟု၊ သောကြာ   သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ နီညိုရောင်၊အနက်ရောင်များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။     

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၇၊၀၊၃) ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့steel ပစ္စည်းတစ်ခုခု ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သခွားမွှေး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အဘက်ဘက်ကအဆင်ပြေတိုးတတ်မှုတွေရှိပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အထူးအညံ့နည်းပါးပါး လိမ့်မယ်။ ငွေအထူးဝင်လာတတ်ပါတယ်။ ရစရာရှိတာ တွေတော်တော်များများကို ပြန်လည်ရရှိလာနိုင်မဲ့နေ့ရက်ပါပဲ။ ပျော်ပျော်ရွှင်ရွှင် နေတတ်သူတွေ၊ အပြုံးလေးနဲ့ နေ တတ်ပြောတတ်သူတွေပိုမိုအဆင်ပြေတတ်ပါတယ်။ စပ်တူအလုပ် များ၊ရှယ်ယာအလုပ်များ ကောင်းမည်။ ငွေကြေး နဲ့ပတ်သက်ပြီးငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ အဘက်ဘက်က တိုးတတ်လာပါလိမ့်မယ်။ ပညာရှာလို့အလွန် ကောင်းပါတယ်။ ပညာအသစ်သင်ယူခြင်းမျိုးလဲ ဆောင်ရွက်နိုင်ပါတယ်။

တနင်္လာ

အခွင့်အရေးတွေနှစ်မျိုးနှစ်ခွဆိုတာမျိုးတွေကြုံနေရ တတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်သောကိစ္စများလဲ အထူး အညံ့ များနေတတ်ပါတယ်။ ဗိုက်အောက်ဗိုက်နာ တာမျိုး၊ အစာ မကြေရင်ပြည့်ရင်ကယ်ဖြစ်တာမျိုးတွေ အထူးသတိ ထားရပါလိမ့်မယ်။ မိမိလိုချင်တဲ့သတင်းအချက် အလက် တွေစုဆောင်းနိုင်ပါလိမ့််မယ်။ ဆက်သွယ်ရေးအလုပ်များ၊ စကားနဲ့ရင်းနှီးပြောဆို လုပ်ကိုင်ရတဲ့အလုပ် များ၊ပိုမိုတိုးတတ်အောင်မြင်ပါလိမ့်မယ်။ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ ဝင်ငွေကောင်းမဲ့နေ့ပါပဲ။ ခရီးသွားလုပ်ကိုင် ဆောင်ရွက်ရတဲ့အလုပ်စီးပွားရေးတွေပိုမိုကောင်းမွန်ပြည့်ဝတတ်ပါတယ်

အင်္ဂါ

လူမှုရေးပြဿနာလေးတွေအထူးကြုံရတတ်ပါတယ်။အလုပ် ခွင်ထဲမှာ စောင်းမြောင်းပြောသူတွေရှိနေတတ်ပါတယ်။ ဆတ်ဆတ်ထိမခံတဲ့သူတွေဆိုရင်တော့ ရန်ပြဿနာဖြစ် တဲ့ထိဖြစ်ရပါလိမ့်မယ်။ တတ်နိုင်သမျှကိုယ့်ကိစ္စပဲ ကိုယ် စဉ်းစားပါ။ ဘယ်သူဘာပြောပြောမေတ္တာနဲ့သာတုန့်ပြန်ပြော ကြားလိုက်ပါ။ အလုပ်နဲ့ပတ်သက်သော အကြံအစည်သစ် တွေရှိခဲ့ရင်တော့ အကောင်အထည်မဖော်ပါနဲ့လို့ တိုက် တွန်းလိုက်ရပါတယ်ဗျာ။ အစိုးရဌာနဆိုင်ရာတွေနဲ့ ဝင်ထွက် လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်တွေမှာတော့ အနည်း ငယ်ကြန့်ကြာမှုလေးတွေရှိနေတတ်ပါတယ်။ အအေးမိပြီး ခေါင်းကိုက်ခေါင်းမူးဖြစ်ရတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

အနုပညာနဲ့ပတ်သက်သော ဖန်တီးမှုအသစ်တွေ ဆောင်ရွက်သွား နိုင်ပါလိမ့်မယ်။ အနုပညာလုပ်ငန်းများ အထူး အလုပ် ကောင်းမဲ့နေ့ရက်လဲဖြစ်ပါတယ်။စိတ်ကြိုက်ဖန်းတီးခွင့်တွေရ လာပါလိမ့်မယ်။ လူငယ်တွေဆိုလဲ မိမိလုပ်ချင် တာတွေကို မိဘစကားကိုဆန့်ကျင်ပြီးလုပ်နေမိတတ်ပါတယ်။ ကုန်သည်များဆိုရင်တော့ ကုန်ရောင်း၊ ကုန်ဝယ် သတိထားပါ။ ပစ္စည်းလှောင်မယ်ဆိုရင်လဲ ရောင်းမစွံတဲ့ပစ္စည်းတွေ ကိုလှောင်မိတတ်ပါတယ်။ရပ်ဝေးရောက်တဲ့ မိသား စု ဝင်တွေလဲ ပြန်ရောက်လာ တတ်ပါတယ်။ စီးပွားရေးမှာလဲ လမ်းဟောင်းမလိုက်ဘဲ လမ်းသစ်ထွင်ပြီး လုပ်မှပဲ အဆင်ပြေမှုတွေရလာ တတ်ပါ တယ်။

ကြာသပတေး

အလုပ်တွေကိုလဲကောင်းစွာတိုးတတ်လာပါလိမ့်မယ်။ အောက်လက်ငယ်သားတွေကို လဲကောင်းစွာအုပ်ချုပ်နိုင် ပါလိမ့် မယ်။ မိမိဝယ်ချင်တဲ့ လျှပ်စစ်ပစ္စည်းများအထူးဝယ် လို့ကောင်းပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီး ကာကွယ်ခြင်းများ၊ ကုသခြင်းများဆောင်ရွက်လို့ကောင်းပါတယ်။ အလုပ်သစ်၊စီးပွားသစ်၊ဆိုင်သစ်များ စလို့ကောင်းတဲ့နေ့ရက်ပါပဲ။ ရစရာရှိတဲ့ ငွေကြေးတွေတောင်းခံလို့ကောင်းပါ တယ်။ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတွေဆီက များစွာ အထောက် အပံ့ ရပါလိမ့်မယ်။ အဆင်မပြေ အထင်လွဲနေတဲ့အချစ်ရေးတွေကို ပြေလည်အောင်ဆောင် ရွက်နိုင်ပါ လိမ့်မယ်။

သောကြာ

အလုပ်အကိုင်နဲ့ပတ်သက်ပြီးမိမိယူဆချက်တွေကခက်ခဲတဲ့လမ်း ကြောင်းကိုရွေးချယ်မိတတ်ပါတယ်။ လွယ်တာ ကို ကျော် ခွပြီး ခက်ခဲတာကိုလုပ်မိတတ်ပါတယ်။ သူတစ်ပါးဆီက အကောင်းဆုံးဆိုတဲ့အကြံဉာဏ် တွေကိုလဲရ တတ် ပါတယ်။ မိမိလူကြီးဖျားနာ တာကြောင့် အထက်လူကြီးတာဝန် တွေကိုယာယီထမ်းဆောင်နေရတတ်ပါတယ်။ ဒါကြောင့်မိမိအတွက်စိတ်ပန်းလူပန်း ရတတ်ပါတယ်။ အိမ်ပြောင်းရွှေ ခြင်းတွေကိုဒီနေ့မှာမလုပ်သင့်ပါဘူး။ ကျန်းမာ ရေးအနေနဲ့ ခေါင်းမကြည်တာမျိုးအလွန်ဖြစ်ရ တတ်ပါတယ်။ အလုပ်နဲ့ ပက်သက်ပြီး နယ်သွားရတာ၊ သူများအလုပ် တာဝန်ခဏယာယီထမ်းဆောင်ပေးရတာမျိုးတွေကြုံရတတ်ပါတယ်။

စနေ

အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ အလွန်မှအားရကျေနပ် စရာကောင်းပါတယ်။ ဘယ်နယ်မှာမဆို မြေစမ်းခရမ်းပျို အနေနဲ့ စတင်လိုက်မယ်ဆိုရင်ကြီးကျယ်စွာအောင်မြင်ရ တတ်ပါတယ်။ လူယုံတွေရဲ့စကားကိုမယုံသင့်ပါ။ သူများ တိုက်တွန်းလို့လုပ်ကိုင် ဆောင်ရွက်လိုက်တဲ့ကိစ္စမှန်သမျှ အဆင်မပြေနိုင်ဘူးဆိုတာတော့သိထားစေချင်ပါတယ်။ သား သမီး အတွက်ပူပန်ရတာ၊ ကြောင့််ကြရတာမျိုးတွေလဲ ဖြစ်ရတတ်ပါတယ်။ လူမှုရေးကိစ္စကြောင့် ငွေထွက်ရတတ်ပါ တယ်။ ပညာရပ်အသစ်များ စတင်သင်ယူရပါလိမ့်မယ်။ online ကနေပညာတွေရတတ်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

21.September .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၁၂)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၁၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၄)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကမြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ အရ သိကြားမြေခံဖြစ်ပါတယ်။ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

တီထိမြေခံအရတော့ ကိတ်မြေခံဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ် တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့ နေ့သားအလိုက်အချိန်အခါပြန်ရွေး ပြီးမှ သာဆောင်ရွက်ပါ။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ၁၁လုံး ပျော်ရွှင်ခြင်း၊ကြွယ်ဝခြင်းတွေကိုပေးတဲ့ နန္ဒတီထိ ကျရောက်တဲ့ နေ့ ရက်ပါပဲ။ ဒီလိုနေ့ရက်တွေမှာတော့ နေကောင်းကျန်းမာနေတတ်ပါတယ်။ လူအတော်တော်များ များသွေးလည် ပတ်မှုအားကောင်းပြီး နေသာထိုင်သာရှိမဲ့နေ့ရက်ပါပဲ။လမ်းခရီးသွားစဉ်အတွင်း လာရောက်အလှူ ခံတဲ့ အလှူခံပုဂ္ဂိုလ်ကို သဒါ္ဓကြည်ဖြူစွာလှူတန်းလိုက်ပါ။ကောင်းသောအကျိုးဆက်တွေကိုခံစားသိရှိရပါလိမ့်မယ်။

မိမိအတွက်တကယ်လိုအပ်နေတဲ့ ငွေကြေးတွေအတွက် တစ်ဦးတစ်ယောက်ဆီမှာချေးငှားခြင်းများဆောင်ရွက်နိုင် တဲ့နေ့ရက်ပါပဲ။ ရေလမ်းခရီးများသွားလာဖို့ကိစ္စကြုံရင်လဲ စိတ်ပူစရာမလိုတဲ့နေ့ရက်ပါပဲ။ မေတ္တာရေးကံ၊စန်းကံ ကောင်းနေတဲ့နေ့ရက်ဖြစ်တာကြောင့် …ချစ်သူအားပိုးပန်းခြင်း၊ ချစ်စကားပြောခြင်းများဆောင်ရွက်လို့အထူးကောင် ပါတယ်။ စိတ်ကောက်နေတဲ့ချစ်သူကိုလဲ ဒီနေ့မှာပြန်လည်ချော့မော့နိုင်ပါလိမ့်မယ်။

သောကြာဂြိုဟ်စိုးမိုးနေတာကြောင့် ဖျော် ဖြေရေးနဲ့ပက်သက်သောလုပ်ငန်းများ၊ ဂီတ၊သီချင်း၊ရုပ်ရှင်များလဲ အထူး အဆင်ပြေအောင်မြင်တတ်ပါတယ်။ဒီနေ့မှာဘုရားတည်တာ၊ထီးတင်တာ၊အနေကဇာတင်တာ၊မိမိရဲ့ အဆောင် ပစ္စည်းတွေကို သိဒ္ဓိတင်တာမျိုးတွေလဲ အထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဘုရားဆင်းတုတော်များစတင်ပင့် ဆောင် ခြင်း၊ ဘုရား၊ရဟန္တာပုံတော်ကားချပ် များစတင် ချိတ်ဆွဲခြင်းများဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၂၃)နာရီမှ (၂၂း၁၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  ကရကဋ်စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အနည်းငယ် တော့ ခေတ်ရှေ့ပြေးကြသူတွေဖြစ်ပါတယ်။ အဝတ်အစားရိုးရိုးယဉ်ယဉ်ကိုဝတ်ရတာကြိုက်ပေမဲ့ အလုပ်အကိုင်က တော့ ခေတ်မီတဲ့နည်းပညာတွေ၊ အိုင်တီအလုပ်တွေ အွန်လိုင်းငွေရှာနည်းတွေကိုကြိုက်နှစ်သက်ဝါသနာပါကြသူတွေ ဖြစ်ပါတယ်။ အိမ်ထောင်ရေးသတိထားဖို့လိုပါတယ်။ အိမ်ထောင်ဘက်က မိမိကိုငွေကြောင့်လက်ထပ်တာမျိုးတွေဖြစ် လေ့ရှိပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁း၅၉) နာရီမှ (၀၁း၃၀)နာရီအတွင်း ကျရောက်နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့  တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အနက်ရောင်၊ အနီရောင် နှင့် မီးခိုးရောင်(သို့)ခဲရောင်     များများပါသော အဝတ်အစားအသုံး အဆောင် ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစား နိုင်ပါလိမ့်မည်။

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၈၊ ၅)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်သုပ်စား သွား ပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရှမ်းခေါက်ဆွဲ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မိမိလုပ်သင့်တာတွေကိုလုပ်ဆောင်တဲ့အတွက် ရလဒ် ကောင်းတွေရလာပါလိမ့်မယ်။ အချိန်ဖြုန်းနေတာတွေကိုလဲ ကောင်းစွာ လျှော့ချသွားနိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်လုပ် ငန်းများအတိုက်အခိုက်ရန်များနေတတ်ပါတယ်။  အဆင် ပြေ လေ မနာလိုသူ များလေပါပဲ။ ကျန်းမာရေးအညံ့မရှိပေမဲ့ အိပ်ရေးပျက်တာ၊အသောက်အစားပျက် တာမျိုးတွေ ရှိရင် တော့ ဒီနေ့မှာ ပြန်လည်အားဖြည့်ပါ။ အလုပ်လျှောက်ထား သူများ ရလိမ့်မယ်။ရာထူးတိုးစာမေးပွဲတွေလဲ ရလဒ်ကောင်း ပါလိမ့်မယ်။ လူပျို၊အပျိုများသတိထားပါ။ နာမည် ပျက်ရှိသူတွေက ထောင်ချောက်ဆင်အမိ ဖမ်းတာမျိုးတွေခံရ တတ် ပါတယ်။

တနင်္လာ

မိသားစုအတွင်းစိတ်ချမ်းသာစရာကြုံရလိမ့်မယ်။ အဆင် မပြေတဲ့အိမ်ထောင်ရေးတွေပြန်ပြေလည်မှုတွေ ရရှိတတ် ပါတယ်။ ကံကောင်းနေတဲ့အတွက် အလုပ်တွေထင်ထား သည်ထက်ပိုမိုအဆင်ပြေတတ်ပါတယ်။ အထိုင်အလုပ် ဖြစ် စေ၊လှုပ်ရှား သွားလာရတဲ့အလုပ်ဖြစ်စေ အောင်မြင်တိုး တတ်နိုင်တဲ့နေ့ရက်ပါပဲ။ အရင်ကတည်းကမိမိလေးစားရတဲ့ ဆရာသမားတွေဆီက အကူအညီတွေရလာတတ်ပါ တယ်။ ဘာသာရေးကိစ္စတွေကို စိတ်နှစ်ပြီးလုပ်မိနေတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီလိုနေ့မျိုးမှာတော့ အညံ့အဆိုးကင်းနေ တတ်ပါတယ်။ ငွေရှာလို့အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။

အင်္ဂါ

အားမနာပါနဲ့လို့ပြောချင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး လိမ်လည်ခံရတတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး တော့ လဲ အညံ့မရှိပေမဲ့ စိတ်ဓာတ်ကျပြီး လုပ်ချင်ကိုင်ချင် စိတ်မရှိသလိုဖြစ်နေတတ်ပါတယ်။ စက်ကားမောင်း နေသူ များ အရှိန်လွန်မမောင်းမိဖို့တော့လိုပါတယ်။ လမ်းချော် တဲ့နေရာတွေမှာသတိထားမောင်းနှင်ပါ။ ဒီနေ့ရက်မှာ ခွင့်လွှတ်ခြင်း၊ နားလည်ခြင်းရှိသူတွေကတော့အဆင်ပြေတတ် ပါတယ်။ စက်ပစ္စည်းဝယ်မယ်ဆို အသစ်ဆိုတာထက် တစ်ပတ်ရစ်ဝယ်တာ ပိုကောင်းပါတယ်။စာရင်းဇယားနဲ့ ပက်သက်ပြီး တော့လဲ အမှားနည်းအောင်လုပ် သင့်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်နဲ့ပတ်သက်ပြီး တဆင့်ပိုမြင့်တဲ့အနေအထားကြုံရ မယ်။ အလုပ်မှာအသိအမှတ်ပြုခံရသည်အထိ အထူးအဆင် ပြေ ပါလိမ့်မယ်။ ကျန်းမာရေးအညံ့မရှိသလောက်ပါပဲ။ အလုပ်တွေထဲ ငွေထပ်ထည့်ပြီးတော့ ရင်းနှီးမြုပ်နှံလို့ အထူး ကောင်းပါတယ်။ ရှယ်ယာအလုပ်များ၊ကုန်သည်စီးပွား များဒီနေ့မှာပိုမိုအဆင်ပြေတတ်ပါတယ်။ စကားကိုရင်းနှီးပြီး လုပ်ရတဲ့ အလုပ်မှန်သမျှ ပိုမိုအဆင်ပြေနိုင်တာကိုတွေ့ ရပါတယ်။ မိမိကိုယ်တိုင်က ဖျတ်လတ်သွက်လက်နေပြီးတော့ အရာရာကိုစွမ်းဆောင် နိုင်ပါလိမ့်မယ်။ လူကြီးမိဘ တွေထံကနေ မုန့်ဖိုးဆို တာမျိုးလဲရတတ်ပါတယ်။

ကြာသပတေး

အလုပ်အကိုင်တွေကို ပိုမိုတိုးတတ်အောင်စွမ်းဆောင် နိုင်ပါလိမ့်မယ်။ ဝန်ထမ်းများ စာရင်းဟောင်းတွေပြန်စစ်ရတာ၊ အလုပ်ဟောင်းတွေကနေ ပြဿနာပေါ်တာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ ငွေကြေးဥစ္စာနဲ့ပက်သက်ပြီး ရှာဖွေလို့ကောင်း ပေမဲ့ စုဆောင်းရခက်ခဲတတ်ပါတယ်။ ကျန်းမာရေး ကတော့ ရောဂါဟောင်း၊ဝေဒနာဟောင်းတွေ ပြန်ပေါ်လာတတ် ပါတယ်။ သားသမီးတွေရဲ့ကိစ္စအ၀၀ကိုလိုက်ပါ ဆောင်ရွက်ပေးနေ ရတတ်ပါတယ်။ စီးပွားရေးလုပ်ရာ တွင်စကား အမှား တွေပြောမိတတ်ပါတယ်။ အိမ်တွင်းရေး ပြဿနာတွေ ကြီးထွားလာအောင်မိမိကိုယ်တိုင်က မလုပ်မိဖို့လို ပါ တယ်။

သောကြာ

ဆိုင်ဖွင့်ထားသူများ မိမိအောက်လက်ငယ်သားဝန်ထမ်းတွေ ကြောင့်မိတ်ပျက်ရတတ်ပါတယ်။ မိမိဆီမှာရှိတဲ့ အသုံး အဆောင်ပစ္စည်းတွေကိုအလွယ်မထားလိုက်ပါနဲ့။သူခိုးခိုးခံရတတ်ပါတယ်။မေ့ကျန်ပြီးပျောက်ရှတတ်ပါတယ်။ အလွယ် ပြော၊ အလွယ်လုပ်နေတဲ့ စီးပွားဖက်တွေကြောင့်မိမိလဲ စိတ်ညစ်ရတတ်ပါတယ်။ အညံ့အဆိုးကင်းနေတာကတော့ ကျန်းမာရေးပါပဲ။ စက်တွေလည်ပတ်ပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းများကတော့ စက်တွေခြူခြာတာကြောင့် အလုပ်တွေ နှောင့် နှေးရတတ်ပါတယ်။ မိမိနားမှာရှိနေတဲ့သူတွေ ဟာ ဘယ်သူဟာမိတ်ဆွေစစ်၊မိတ်ဆွေတုဆိုတာကို ခွဲခြားနိုင်မဲ့ နေ့ ရက်လဲဖြစ်ပါတယ်။

စနေ

တစ်ခုခုကိုရှေ့ဆက်တိုးဖို့တွေဝေနေသူများအတွက် ရဲရဲ ရှေ့တိုးဆောင်ရွက်တတ်ဖို့လိုပါတယ်။ ရပ်ဝေးရောက်နေတဲ့ သူတွေဆီကနေအကူအညီရတတ်ပါတယ်။ နိုင်ငံခြား ရောက်နေတဲ့သားသမီးတွေကနေ ငွေကြေးထောက်ပံ့ တာ မျိုးတွေ ကြုံရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးကံ ကောင်းမှုတွေကြုံရပါလိမ့်မယ်။ ငွေကံလဲအဘက်ဘက်က အဝင်များနေ တတ်ပါတယ်။ အတွေးအခေါ်နဲ့ပတ်သက် ပြီး စိတ်ကူးမှန်၊အယူအဆမှန်ပါလိမ့်မယ်။ အချစ်ရေး စိတ် ချမ်းသာ ရပါလိမ့်မယ်။ မိမိဖြစ်ချင်တာတွေကို အကူအညီ အများကြီးပေးပြီးဖြစ်အောင် ကူညီပေးမဲ့သူတွေ ရှိပါတယ်။ လက်လီစီးပွားများပိုမို အောင်မြင်တတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

20.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန်သိစရာများနှင့်၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၁၁)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၃)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၇)နာရီမှာ နေ ဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရ နဂါးမြေခံဖြစ်ပါတယ်။နဂါးမြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

တီထိမြေခံအရ မိတ္တမြေခံတဲ့နေ့ရက်ဖြစ်ပါတယ်။မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာ များ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့လဆုတ်တီထိ၁၀လုံး ငြိမ်းအေးခြင်းတွေ၊ ကြည်လင်ခြင်းတွေကိုပေးတဲ့ ပုဏ္ဏ တီထိကျ ရောက် တဲ့နေ့ရက်ပါပဲ။လုပ်ငန်းခွင်အတွင်း ဖြေရှင်းရန်ခက်ခဲနေတဲ့ကိစ္စတွေကိုတော့ ဖြေရှင်းရန်အလွန် ကောင်းပါ တယ်။ မည်သည်အကြောင်းကြောင့်ဖြစ်စေ စာချုပ်ချုပ်ခြင်းကိစ္စတွေမှာ သတိနဲ့ယှဉ်ပြီးဆောင်ရွက်သင့်ပါ တယ်။ အရေးကြီး သော ကိစ္စများကို ဆောင်ရွက်ရန်နံနက် ၁၀း၄၈ ကနေ မွန်းလွဲ ၁း၁၂ မိနစ်အထိက အထူးကောင်းပါတယ်။

ပစ္စည်းလှောင်ခြင်းမပြုသင့်ပါ။ ကုန်သွယ်စီးပွားလုပ်သူများလမ်းခရီးကြန့်ကြာနိုင်တာမို့ ပုပ်လွယ်သောကုန်များသယ် မယ်ဆိုသတိထားပါ။အပြောင်းအရွှေ့ကိစ္စများသတိပြုဆင်ခြင်ပါ။ပြဿနာဟောင်း၊အမှုအဟောင်းများဖြေရှင်းလို့လွယ် ကူနိုင်ပါတယ်။လက်ပြောင်းလက်လွှဲကိစ္စများ လက်လွတ်စပယ်မပြုလုပ်သင့်ပါ။ သက်သေနဲ့တကွဆောင်ရွက်မှုမရှိပါ ကအငြင်းပွားဖွယ်ပြဿနာပေါ်မယ်။

တပည့်မွေးခြင်း၊သင်တန်းသားအသစ်လက်ခံခြင်း၊ ပညာပေးဝေခြင်းများ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကလေး ငယ်များကို အာဟာရစတင်ကျွေးမွေးခြင်း၊ သစ်ပင်များ၊မြေဆီများ ကိုဓာတ်မြေသြဇာကျွေးခြင်းများအထူး ပဲဆောင် ရွက် နိုင်ပါတယ်။ အာမခံလုပ်ငန်းများ၊  ဘဏ်လုပ်ငန်းများ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတတ်မှု တွေကြုံရ ပါလိမ့်မယ်။  ငွေရှာရလွယ်သလို ငွေပေးငွေယူကိစ္စများ၊ကြွေးတောင်းကြွေးယူကိစ္စများလဲ ဆောင်ရွက် နိုင်ပါတယ်။ လူသုံးကုန်ပစ္စည်းများနှင့်အရည်နှင့်ဆိုင်သောစားသောက်ကုန်လုပ်ငန်းများရောင်းခြင်း၊ဝယ်ခြင်း၊ထုတ်လုပ်ဖြန့်ချီ ခြင်း များ  အထူးဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၂၇)နာရီမှ (၂၂း၁၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊  မေထုန်စန်း၊  ညနေ ၄း၃၀မိနစ်ကျော်ရင် စန်းက ကရကဋ်ရာသီ ကူး ပြောင်း ပါ တယ်။ ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာသူတစ်ပါးတွေရဲ့အကူအညီတွေကိုရဖို့ခဲယဉ်းကြသူတွေ အရာ ရာကို ကိုယ်ကပဲ တည်ဆောက်ယူကြရတယ်။ အမွေရတာမျိုး၊ထောက်ပံ့တာမျိုး၊အသိအမှတ်ပြုခံရတာမျိုးသိပ် ရှား တယ်။တော်တော်ကြီးသူများကိုကူညီရင်တောင်နည်းနည်းပဲအသိအမှတ်ပြုခံကြရသူတွေပါ။ကောင်းတာဘယ် လောက် လုပ်လုပ်မုန်းသူတွေလဲ ရှိနေတတ်ကြပါတယ်။ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားခဲ့ရတာကြောင့်ပဲ ဘဝမှာအောင်မြင် မှုခိုင် မာတယ်။ ပညာရဲရင့်ပွဲလည်တင့်တယ်။အောင်မြင်ပြီးဆို ဘယ်သူမှလိုက်မမှီအောင် မြင့်မားသွားတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၃း၀၁) နာရီမှ ညနေ(၀၄း၃၃)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု  သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္လာ၊ ကြာသပတေး    သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ သောကြာ၊ စနေ    သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အနက်ရောင် နှင့် အနီရောင်     များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၃၊ ၈)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ကို အမွှေးနံ့သာ ပက်ဖျန်းပြီးမှ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နှမ်းယို၊နှမ်းကပ် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အဘက်ဘက်ကကံမြင့်မားနေတာတွေ့ရတတ်ပါတယ်။ ငွေ ကြေးနဲ့ပတ်သက်ပြီးတော့လဲ အဆင်မပြေ တာတွေ မရှိ သလောက်နည်းသွားပါလိမ့်မယ်။ သူတစ်ပါးတွေကိုမိမိတတ် နိုင်သလောက်ကူညီပေးနိုင်ပါလိမ့်မယ်။ ကျန်းမာရေးက တော့ အညံ့မရှိပါဘူး။ တန်ဖိုးရှိပစ္စည်းတွေလိုချင်တယ်ဆိုရင် တော့ဒီနေ့မှာ ဝယ်ယူလို့ အထူးကောင်းပါတယ်။ အားကစားတွေစတင်လုပ်တာ၊ ဆေးဝါးဓာတ်စာစတင်စားတာမျိုး တွေအထူးဆောင်ရွက် လို့ကောင်းပါတယ်။ စိတ် ကြည်လင်သန့်ရှင်းအောင်ထားပြီးမှလုပ်ကိုင်ဆောင် ရွက်စေချင် ပါတယ်။ အရာရာကိုစိတ်ရှုပ်ခံတွေးပြီးမှလုပ်ရမယ်ဆို အဲဒီအလုပ်ကိုမလုပ်ပါနဲ့။

တနင်္လာ

မိတ်ဆွေတွေ၊လုပ်ဖော်ကိုင်ဖက်တွေရဲ့ အခက်အခဲတွေ ကိုကူညီဖြေရှင်းပေးနေရတတ်ပါတယ်။ ဖခင်ရဲ့ကျန်းမာရေး အားနည်းမှုတွေကြောင့်လဲ အနည်းငယ်စိတ်ပူရတတ်ပါ တယ်။ လခစားဝန်ထမ်းများဘာလုပ်လုပ် မိမိလုပ်နေ တာ တွေကိုကန့်ကွက်မဲ့သူတွေနဲ့ကြုံရတတ်ပါတယ်။ နေရာ ပြောင်း၊ဌာနပြောင်းဆိုတာမျိုးတွေလဲ အထူးပဲကြုံရတတ် ပါတယ်။ ဈေးဝယ်ထွက်တာမျိုး မလုပ်ပါနဲ့။ လိုချင် တာများပြီး မှန်းထားသည်ထက် ပိုက်ဆံပိုကုန်တတ်ပါတယ်။ လူငယ် တွေ ဆိုအချစ်ရေးနဲ့ပတ်သက်သော စိတ်ညစ် စရာလေးတွေ အနည်းငယ်ကြုံနေတတ်ပါ တယ်။အရောင်း အဝယ် အလုပ်များကောင်းတယ်။

အင်္ဂါ

လူမှုရေးပြဿနာတွေရှိရင်တော့ကောင်းစွာရှင်းသွားနိုင်ပါ လိမ့်မယ်။အသင်းအဖွဲ့တွေမှာဦးဆောင် တာဝန်ယူနေရ တတ်ပါတယ်။ အလုပ်တွေနဲ့ပတ်သက်ပြီးတော့လဲ မိတ်တွေ ပေါများလာတတ်ပါတယ်။ အချစ်ရေး အညံ့အဆိုးတွေ ကနေ လွတ်မြောက်ပါလိမ့်မယ်။ ချစ်သူဆီက အကူအညီ ကောင်းတွေရတတ်ပါတယ်။ မိမိအတွက်စိတ်ကူး ကောင်း၊ အတွေးကောင်းတွေရလာတတ်ပါ တယ်။အများရဲ့ယုံကြည် လေးစားမှုရလာ အောာင်လဲ စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ရွှေငွေလက်ဝတ်ရတနာ များ၊အဖိုးတန်ကျောက်မျက်ရတ နာများ ဝယ်ယူမယ်ဆိုရင်လဲဒီနေ့မှာ ဝယ်ယူတာမျိုးက ကောင်းမွန်သင့်တော်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ကံသင့်တယ်ဆိုပေမဲ့ အကောင်းဘက်ကိုအလေးသာပါ တယ်။ ဘာလို့လဲဆိုတော့ မိမိဆန္ဒတွေ ပြည့်ဝလွယ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့နည်းပါတယ်။ ဒါပေမဲ့ အားနည်းနေတတ်ပါတယ်။ အာဟာရရှိတာတွေစားသင့်တဲ့နေ့ ရက်ပါပဲ။ ခရီးသွားပြီးလုပ်ကိုင်ဆောင်ရွက်ရတဲ့ ကိစ္စ ပိုမိုအဆင်ပြေလွယ် ပါတယ်။ သားသမီး၊အောက်လက်ငယ်သား တွေအတွက် စိတ်လက်ချမ်းသာရပါလိမ့်မယ်။ လိင် ကိစ္စတွေတော့ မရှုပ်ထွေးမိဖို့ လိုပါတယ်။ ရေရှည်လုပ်ဖို့ ရည်ရွယ် ထားတဲ့အလုပ်တွေကိုဒီနေ့မှာအကောင်အထည် ဖော်ပြီး စတင်လို့အလွန်ကောင်းပါတယ်။

ကြာသပတေး

အောက်လက်ငယ်သားတွေကို သေချာထိန်းပါ။ အောက်လူ တွေအမှားလုပ်မိရာကနေ မိမိကိုယ်ပါ ထိခိုက်လာ နိုင်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲအထူးအားနည်း ချက်တွေများလာပါလိမ့်မယ်။ သူများကိုငွေကြေးနဲ့ ပတ်သက်ပြီးအာမမခံလိုက်ပါနဲ့။ စုမဲစုတာမျိုးတွေဒီနေ့မှာစတင် လို့မကောင်းပါဘူး။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီ တွေအများကြီးရလာတတ်ပါတယ်။ အိမ်တွင်းရေး ကိစ္စတွေမှာ ခေါင်းအေးအေးနဲ့ဖြေရှင်းပါ။ ပြဿနာ တွေကိုရှောင်ပြေးနေရင်တော့ ပြဿနာကပိုကြီးထွားလာပါ လိမ့်မယ်။ လူငယ်ဖြစ်နေရင်တောင် လူကြီးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်လိုက်ပါ။

သောကြာ

နေကောင်းကျန်းမာဖို့ကိုအာရုံစိုက်ပါ။ အစာမကြေဖြစ်လွယ်ပါ တယ်။ အအေးမိ မခံလိုက်ပါနဲ့။ ပညာရေးနဲ့ ပတ်သက် သော အလုပ်မျိုးလုပ်နေသူဆို အတိုက်အခိုက်တွေများနေ တတ်ပါတယ်။ ဆရာသမား တွေရဲ့အခက်အခဲတွေကို ကူညီပေးနေရတတ်ပါတယ်။ လက်ကားစီးပွားရေးများ ငွေအလွဲအပြောင်းကိစ္စတွေမှာ သတိထားပါ။ ပေးရမဲ့ငွေထက် ပိုရှင်း ပေးမိတာမျိုးတွေဖြစ်ရတတ်ပါတယ်။ စပ်တူ အလုပ်တွေမှာ ငွေကြေးကြောင့်စကားများရတတ်ပါတယ်။ အသေး စား၊အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးတတ်ထူး ချွန်ပါလိမ့်မယ်။အလှမ်းကျယ်ရင်တော့ အလယ်လပ်တာ မျိုးဖြစ် တတ်ပါတယ်။

စနေ

လိင်မတူသူတွေဆီကအကူအညီကောင်းတွေရလာ တတ်ပါတယ်။ကျန်းမာရေးကိုတော့ဂရုစိုက်ထားစေချင်ပါတယ်။ ဦးနှောက်အာရုံကြောနဲ့ပက်သက်ပြီးဂရုစိုက်စေချင် ပါတယ်။ စိတ်ဓာတ်ကျနေသူများ စိတ်အားတတ်စေတဲ့ စကားသံ တွေကိုဆရာသမားတွေဆီကရရှိပါလိမ့်မယ်။ လှောင်ကုန်များဈေးကောင်းရပြီးတော့ ရောင်းထွက်သွား တတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အဝင်များ ပါလိမ့်မယ်။ အနုစိပ်အသေး စိပ်လုပ်ရသော၊ခေါင်းစားရသော အလုပ်တွေ က ပိုမိုတိုးတတ်နိုင်တဲ့နေ့ရက်ပါပဲ။ အတွေး ကောင်း၊စိတ်ကူးကောင်း တွေက ဒီနေ့အတွက်အသုံးဝင်ပါလိမ့်မယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

19.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန်သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၁၀)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၁၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၃)နာရီဖြစ်ပြီး  ၊ ညနေ(၀၆း၀၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ အရဘီလူးမြေခံတဲ့နေ့ရက်ဖြစ်ပါတယ်။ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

တီထိမြေခံ အရတနင်္ဂနွေမြေခံဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူး သတိ ထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူး ရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ရက်စက်ကြမ်းကြုတ်ခြင်း သဘောကိုဆောင်တဲ့ ရိတ္တာ တီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုပါတယ်။ သူများစကားမှာလမ်းဆုံးနေမဲ့သူတွေအတွက် ကျဆုံးရတတ် ပါတယ်။ တိုက်ခိုက်မဲ့သူတွေ၊အပုပ်ချမဲ့သူတွေရဲ့ဒဏ်ကိုခံနိုင်ရည်ရှိဖို့လိုပါတယ်။ မိမိသာအတန် အသင့်နာမည်ရနေ သူတွေဆို ပိုမိုတိုက်ခိုက်တာခံရတတ်ပါတယ်။ အနိဌအလုပ်တွေဖြစ်တဲ့ ပိုးသတ်ဆေးဖြန်းတာ၊ အမဲလိုက်တာ၊ရန်သူကို ဖမ်းဆီး တာမျိုးတွေဆောက်ရွက်နိုင်ပါတယ်။ ဒါအပြင်အနာရောဂါကိုခွဲစိပ်ခြင်း၊လက်နက် အသုံးပြုခြင်းများအထူးပဲဆောင် ရွက်နိုင်ပါတယ်။ အဖျော်ယာမကနှင့်ပတ်သက်သောအလုပ်များ ရန်ကိုဒီထက် တိုးမလာအောင်လို့ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းခြင်းများအထူးပဲဆောင်ရွက်နိုင်ပါတယ်။

အလုပ်တွင်ဖြစ်စေ၊အဖွဲ့အစည်းတွင်ဖြစ်စေမိမိရသင့်ရထိုက်သောရပိုင်ခွင့်တွေကိုရအောင်တောင်းဆိုလို့ အထူး ကောင်းတဲ့နေ့ရက်ပါပဲ။ရပ်ဝေးနဲ့ဆက်စပ်လုပ်ကိုင်ဆောင်ရွက်ရသောအလုပ်များ စတင်ဆောင်ရွက်ရန် အချိန်အခါ ကောင်းတဲ့နေ့ရက်ပါပဲ။

ဒီနေ့ဟာလုပ်ငန်းသစ်များစတင်အကောင်အထည်ဖော်လို့ရပါတယ်။လှောင်ကုန်များအရောင်းအဝယ်ပြန်လုပ်လို့ ကောင်း တဲ့နေ့ရက်ဖြစ်ပါတယ်။လက်မှုပစ္စည်းများရှေ့ဟောင်းပစ္စည်းများ အရောင်းအဝယ်ပြုလို့ ကောင်းပါတယ်။ ငွေချေးခြင်း၊တာဝန်ယူခြင်း၊တာဝန်ခံခြင်းများအထူးရှောင်ပါ။ည(၇◌း၃၀) မှ ည(၉း၀၀)အတွင်းအသွားအလာအထူး ဆင်ခြင်ပါ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊  မေထုန်စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်များဟာ စိတ်ကူးကောင်းတဲ့သူတွေဖြစ်ကြတယ်။ အတုခိုးလွယ်တယ်။ သူများလုပ်ပြ၊သင်ပြတာကို ခဏလောက်ကြည့်ရုံနဲ့တက် လွယ်ပါတယ်။ထူးထူးခြားခြားသက်လတ်ပိုင်းကာလတွေမှာအောင်မြင်နိုင်ကြသူတွေဖြစ်ပါတယ်။ငယ်ရွယ်စဉ်မှာတော့  ကောင်းသောအထောက်အပံ့တွေရလာတတ်ပြီးတော့ မိမိကြိုးစားမှုနဲ့ပေါင်းပြီးအအောင်မြင်ဆုံးဘဝကိုတည်ဆောက် နိုင်ပါတယ်။ သတိထားရမှာက ဘယ်တော့မှ အစိုးရဝန်ထမ်းမလုပ်သင့်တဲ့ဇာတာပါ။ ကိုယ်ပိုင်စီးပွားကိုယ်ပိုင်အလုပ် သာလုပ်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၃၁)နာရီမှ (၂၂း၂၂)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေ လိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၇◌း၂၅) နာရီမှ (၀၈း၅၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာသားသမီးတွေပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္ဂနွေ သားသမီးတွေပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ အင်္ဂါ၊ စနေ သားသမီးတွေပဲဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် မီးခိုးရောင်(သို့)ခဲရောင် များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။ 

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၄၊ ၃) ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သီဟိုစေ့လှော် စားသွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါက်ဆွဲကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

လူမှုရေးအရှုပ်အရှင်းတွေကြုံရတတ်ပါတယ်။ ညီအကို မောင်နှမအချင်းချင်း မတည့်တာမျိုးဖြစ်ရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းချောက်တွန်းတာမျိုးအထူး ကြုံရနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားများပိုမိုတိုးတတ်နေပါ လိမ့် မယ်။ ဝန်ထမ်းများ အချိန်ကုန်လို့ကုန်မှန်းမသိအောင်  တစ်နေကုန်အလုပ်တွေများနေတတ်ပါတယ်။ ရွှေရောင်းချမယ် ဆိုရင်တော့ ဒီနေ့မှာဆောင်ရွက်သင့်ပါတယ်။ အလှ အပအတွက်ငွေကုန်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီနေ့ မှာအထူးသတိ ထားစေချင်ပါတယ်။ ပြင်ပရောဂါ တွေဝင်ရောက် လွယ်ပါတယ်။ကိုယ်ခံအားနည်း နေတတ်ပါ တယ်။

တနင်္လာ

အလုပ်နဲ့ပတ်သက်ပြီးတော့လဲ အထူးအဆင်ပြေပါလိမ့်မယ်။ အနုပညာနှင့်နွယ်သောအလုပ်များအထူးအဆင်ပြေပါ လိမ့်မယ်။ ဘာအသစ်ပဲလုပ်လုပ် ခံစားချက်တွေ၊စိတ်ကူးတွေ ကိုအဓိကဦးစားပေးလုပ်ပါ။ ငွေကံမြင့်မားနေတတ် ပါ တယ်။ ဒါပေမဲ့ အဖတ်မတင်ဖြစ်လွယ်တာကိုတော့ သိထားစေ ချင်ပါတယ်။  လူငယ်များ အချစ်ရေးကိစ္စတွေ အဆင် ပြေ တတ်ပါတယ်။ ဝေးကွာနေတဲ့ချစ်သူနဲ့ပြန်ဆုံရတတ်ပါတယ်။ အာကစားနဲ့ပတ်သက်ပြီးလဲ အချိန်ပေးလုပ် သင့် ပါ တယ်။ အိမ်တွင်းရေး သောကတွေကင်းပြီး စိတ်ချမ်းသာရမဲ့နေ့ ရက်ပါပဲ။ ကျန်းမာရေးကတော့ အထူးကောင်း ပါ လိမ့်မယ်။

အင်္ဂါ

ဆန့်ကျင်ဘက်လိင်များ၏အကူအညီရတတ်သည်။ မိတ်ဆွေများ နှင့်စိတ်ဝမ်းကွဲတတ်သည်။ မလိုအပ်တဲ့နေရာ တွေမှာ ငွေသုံးနေမိတတ်ပါတယ်။ ငွေလက်ထဲကိုင်ထား ရင် ကုန်စရာ တစ်ခုပြီး တစ်ခုပေါ်လာတတ်ပါတယ်။ ကျန်းမာရေး အတွက် သတိထားရမှာကတော့ ဒိတ်လွန်နေတဲ့ အစား အသောက်တွေကို သတိမထားဘဲစားမိရာက ရောဂါရ တတ်ပါတယ်။ မထင်မှတ်ဘဲခရီးသွားရတတ်ပါတယ်။ မသွား လိုတဲ့ခရီး တွေကိုသွားရတတ်ပါတယ်။ အလုပ်နဲ့ ပတ် သက် ပြီး မနိုင်ဝန်မထမ်းလိုက်ပါနဲ့။ မိမိငွေအင်အား၊ ဝန်ထမ်း အင်အားတွေ ကိုချိန်ဆပြီးမှတိုးချဲ့လုပ်ကိုင် စေချင် ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်နဲ့ပတ်သက်ပြီးတော့လဲအထူးကောင်းပါတယ်။အလုပ် တွေကောင်းပေ့မယ် အခြားလူမှုရေးကိစ္စလေးတွေကိုလဲ အချိန်ပေးနေရတတ်ပါတယ်။ လူငယ်များ မိဘတွေကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ မိဘသွန်သင်မှုကို ချုပ်ချယ် တယ် လို့ ထင်နေမိတတ်ပါတယ်။ ကျန်းမာရေးကောင်းပါတယ်။ တွဲမစားသင့်တဲ့အစားအသောက်မျိုးတွေ၊ ဒိတ်လွန်နေတဲ့ အစား အသောက်တွေကိုသတိမထားမိဘဲစားမိနေတတ် ပါတယ်။ လုပ်စရာကိစ္စတွေ တွေးတောစရာကိစ္စတွေ များနေ တတ် ပါတယ်။  အလုပ်နဲ့ပတ်သက်သော ခရီးမျိုးတွေ သွားရတတ်ပါတယ်။ လူငယ်များချစ်သူနဲ့အဆက်အသွယ် မရ တာ မျိုးတွေဖြစ်ရတတ်ပါတယ်။

ကြာသပတေး

ကံကြမ္မာကမိမိကိုမျက်နှာသာပေးပါလိမ့်မယ်။ ဘာသာရေးနဲ့ပတ်သက်သောကိစ္စတွေကိုလဲ အလေးပေးပြီးဆောင် ရွက် လို့ကောင်းပါတယ်။ အဓိဋ္ဌာန်ဝင်ခြင်းများ၊ တရားဆွေးနွေးခြင်းများ၊တရားနာခြင်းများအလွန်ဆောင်ရွက်လို့ ကောင်းတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ အလုပ်ကြီးကြီး မားမားတွေဖြစ်ပါစေ၊ပြဿနာအကြီးတွေ ဖြစ်ပါစေ ကောင်းစွာဖြေရှင်းနိုင်ပါ လိမ့် မယ်။ ကျန်းမာရေးအညံ့အဆိုးတွေ ကင်းနေပါလိမ့်မယ်။ နှစ်ရှည်စီမံကိန်းများအတွက် ဒီနေ့မှစတင်အကောင် အထည်ဖော်လို့အလွန် ကောင်းပါတယ်။ ဘာသာတရားတွေကိုမမေ့သူများ အထူးပဲကံမြင့်မား နေတာမျိုးတွေ့ရပါ လိမ့် မယ်။

သောကြာ

စိတ်ချမ်းသာရပျော်ရွှင်ရတတ်ပါတယ်။ ပျော်ပွဲစားခရီးမျိုးတွေလဲ သွားရတတ်ပါတယ်။ ချစ်ရသူနဲ့ပျော်စရာ အချိန် တွေကိုဖြတ်သန်းနိုင်ပါလိမ့်မယ်။ ကျန်းမာရေးကောင်းနေပါလိမ့် မယ်။ နာတာရှည်သူတွေတောင် မှနလန်ထူနိုင်မဲ့ နေ့ရက်ပါပဲ။ငွေကြေးနဲ့ပတ်သက်ပြီးတော့ရပိုင်ခွင့်တွေကို ရအောင်တောင်းဆိုလို့ကောင်းတဲ့နေ့ရက်ပါပဲ။ အိမ် အတွက် လိုအပ် ပရိဘောများအထူးဝယ်ယူလို့ကောင်း တဲ့နေ့ ရက်ပဲဖြစ်ပါ တယ်။ပျော်ပွဲရွှင်ပွဲကျင်းပခြင်း၊ ပါတီပွဲများကျင်း ပခြင်း တွေအထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက် ပဲဖြစ်ပါတယ်။ အောက်လက်ငယ်သားတွေရဲ့ အကူအညီတွေ လဲရ လာတတ်ပါတယ်။

စနေ

အကြံအစည်စိတ်ကူးတွေပျက်ရတတ်ပါတယ်။ တွေးထား တာကတစ်မျိုးလက်တွေ့ဖြစ်နေတာကတစ်မျိုး ဆိုတာမျိုး ဖြစ်လွယ်ပါတယ်။ အလုပ်အကိုင်နဲ့ပတ်သက်ပြီး ကတိမ တည်တဲ့သူတွေကြောင့်အတော့်ကိုစိတ်ညစ်ရတတ်ပါတယ်။ လိုတာထက်ပိုပြီးတော့ ငွေကြေးရင်းနှီးမြုပ်နှံခြင်းတွေ ကိုမလုပ်သင့်ပါဘူး။ လူမျိုးခြားတွေ၊ဘာသာခြားတွေနဲ့ ဆက်ဆံ လုပ်ကိုင်ရသူတွေအဆင်မပြေဖြစ်လွယ်ပါတယ်။ အထူးသဖြင့်နိုင်ငံခြားကုမ္ပဏီတွေမှာလုပ်ကိုင်နေသူတွေ အတွက် တော့ အနည်းငယ်ပိုစိတ်ညစ်ရနိုင်ပါတယ်။ကျန်းမာ ရေးနဲ့ပတ်သက်ပြီး ခေါင်းကိုက်၊ခေါင်းမူးအလွန် ဖြစ်ရတတ် ပါ တယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

18.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၉)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၈)ရက်နေ့ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၁၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိနိနံနက်(၀၆း၀၂)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ယနေ့ညနေ ၅နာရီအထိက လဆုပ်တီထိ ၈လုံးအောင်မြင်မှုတွေ၊ စွမ်းအားတွေကိုပေးတဲ့ ဇယျာတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီလိုနေ့ရက်တွေမှာတော့ မိမိလုပ်ငန်းသစ်များဆောင်ရွက် လုပ်ကိုင် ခြင်းမျိုး မသင့်ပါဘူး။ လုပ်လက်စအလုပ်တွေကိုပဲ တိုးတတ်အောင်ဆောင်ရွက်သင့်တဲ့နေ့ရက်ပါ ရှေးဟောင်း ပစ္စည်း များ ၊ ကြန့်ကြာနေတဲ့ပစ္စည်းများလဲ အလွန်မှရောင်းအားတတ်ပါလိမ့်မယ်။ စူးစမ်းခြင်း၊လေ့လာခြင်း၊သုတေသနပြုခြင်း စတဲ့ကိစ္စတွေကိုတော့ ဆောင်ရွက်လို့ကောင်းပါတယ်။ လုပ်ကိုင်ဆောင်ရွက်ချင်တဲ့ကိစ္စတွေကိုတော့ အားကြိုးမာန် တတ်လုပ်မှပဲအဆင်ပြေပါလိမ့်မယ်။

တနင်္ဂနွေဂြိုဟ်ဟာ ကန်ရာသီစတင်ကူးပြောင်းပါတယ်။တနင်္ဂနွေဂြိုဟ်ကန်ရာသီရှိစဉ်အတွင်း  စစ်မက်ရေးရာကြီးထွား လာခြင်း၊ရန်အားကြီးခြင်း၊ သံတမန်ဆက်ဆံရေးအားနည်းခြင်း၊ လူအများ မကောင်းသော ဘေးဒဏ်ရန်မာန်တိုးပွား ခံစားရခြင်းများကြုံရတတ်ပါတယ်။

            ငွေကြေးကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ ဒါပေမဲ့ စာရွက်ပေါ်မှသေချာဆောင်ရွက်ဖို့ လိုပါတယ်။  အလုပ်ကိုကြိုးစားပါ။ မလောပါနဲ့။ အလျင်လိုလေ အနှေးဖြစ်ရလေပါပဲ။  မိမိကိုယ်ပိုင်စက်ကားနဲ့ခရီးသွားတော့မယ် ဆိုရင်တော့ စစ်ဆေးပြီးမှသွားပါ။ လမ်းမှာပျက်တတ်ပါတယ်။

            စစ်ရေးလေ့ကျင့်ခြင်း၊ စစ်လက်နက်စုဆောင်းခြင်းများအထူးကောင်းမွန်နေတာကိုတွေ့ရပါတယ်။မိမိအိမ် ကိုဆေးခြယ်တာ၊ ပရိဘောဂတွေကို ပေါ်လစ်တင်တာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ ပစ္စည်းတစ်ခုကိုတီထွင်ခြင်း၊ အနုပညာနဲ့ပတ်သက်ပြီးတော့ လဲ အသစ်များကိုဖန်တီးခြင်းများ ဆောင်ရွက်နိုင်ပါတယ်။  ရန်များပြဿနာ များ အထူးပဲဖြေရှင်းလို့ကောင်းတဲ့နေ့ပါပဲ။စက်ပစ္စည်းများ၊လျှပ်စစ်ပစ္စည်းများရောင်းဝယ်ဖောက်ကားခြင်းများအထူးကောင်းပါတယ်။ လူမှုရေးနဲ့ပတ်သက် သောစကားများကြားကနေစေ့စပ်ညှိနှိုင်းပေးသောစကားများ ဒီနေ့မှာပြောဆိုလို့ အလွန်ပဲကောင်းပါတယ်။ 

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  မေထုန်စန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အလုပ်များ၊ ကိစ္စများနေသူတွေဖြစ်ပါတယ်။ လူမှုရေးကိစ္စတွေများကြသူတွေဖြစ်ပါတယ်။ မြတ်နိုးဖွယ်နှလုံးသားရှိပြီးတော့လူအများ ကိုကူညီနိုင်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးကံအားကောင်းပြီးတော့ အဝင်များ အထွက်များကြသူတွေဖြစ်ပါတယ်။ မရှိမရှားဖွားဇာတာတွေဖြစ်ပြီးတော့ အောင်မြင်မှုအတွက်အထောက်အပံ့များတဲ့ဇာတာဖြစ်ပါတယ်။လူဝင်စားဇာတာ ဖြစ်ပြီးတော့ ဒီနေ့မွေးသူများဟာ မြင်အပ်မမြင်အပ်အစောင့်အရှောက်ပုဂ္ဂိုလ်တွေရှိတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၂၁း၃၄)နာရီမှ (၂၂း၂၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄း၃၄) နာရီမှ (၀၆း၀၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် အစိမ်းရောင်      များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၉၊ ၄)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ခရမ်းချဉ်သီးသုပ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖက်ထုပ်ကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

နိစ္စဓူဝလုပ်ရမဲ့အလုပ်တွေအပေါ်ပဲအာရုံနှစ်ပြီးလုပ်ပါ။ အခြားကိစ္စပိုတွေလုပ်မိရင်တော့ အဆင်မပြေတဲ့ အပြင် ပြဿနာ ပါများ သွားနိုင်ပါတယ်။ ငွေလာချေးတာပဲဖြစ်ဖြစ်၊ စပ်တူလုပ်ဖို့လာဆွယ်တာပဲဖြစ်ဖြစ် ဒီနေ့မှာ သတိထား လိုက်ပါ။ လက်ထဲရှိတဲ့ငွေ ဘာကြောင့်ထွက်ထွက်ပြန်မဝင် တာမျိုးဖြစ်ပါလိမ့်မယ်။ မိမိကိုယ်တိုင် အတွေးအချော်၊ စိတ်ကူးလွဲနေတတ်တဲ့အတွက် ဘာလုပ်လုပ်အလွဲလွဲဖြစ်ရ တတ်ပါတယ်။ ဆုံးဖြတ်ချက်ကြီး ကြီးမားမားတွေ မချသင့်ဘူးပေါ့ဗျာ။ ခြေနှစ်ချောင်းဝင်လာရင်ကံညံ့ တတ်ပါ တယ်။ ညအိပ်ဧည့်သည်လာရင် မိဘဆရာ သမားမှ လွဲ၍ဘုရားခန်းမှာ မအိပ်ပါစေနဲ့။

တနင်္လာ

အလုပ်ကံအထူးကောင်းနေတတ်ပါတယ်။ ကိုယ်ပိုင်စီးပွား များအော်ဒါတွေများနေတတ်ပါတယ်။ ကုန်သည်များ မနားရဘဲ ပင်ပန်းရမဲ့နေ့ရက်ပါပဲ။ ပရိဘောဂပစ္စည်းများ အရောင်းသွက်နိုင်ပါတယ်။ ကျန်းမာရေးကတော့ အားနည်း နေလိမ့်မယ်။ အပူများပြီး လည်ချောင်းနာတတ်ပါတယ်။ မိန်းကလေးများသွေးအားနည်းတာ မျိုးဖြစ်တတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်တဲ့ခရီးတွေသွားရတာမျိုးတွေကြုံ လွယ်ပါတယ်။ အောက်လက် ငယ်သားတွေကို ဆူပူတာမျိုး လျော့ ချသင့်တဲ့နေ့ပါ။ မိမိအပေါင်းအသင်းတွေထဲက စရိုက်ကြမ်းတဲ့သူတွေ ရှိရင် သွားအတူစားအတူမနေမိပါစေပါနဲ့။

အင်္ဂါ

နေကောင်းကျန်းမာနေတတ်ပါတယ်။ဒါကြောင့်ဘာကိစ္စ လုပ်လုပ်စိတ်ကြည်ကြည် လင်လင်နဲ့လုပ်ကိုင် နိုင်ပါလိမ့်မယ်။ မိမိချစ်ရသူတွေကလဲ မိမိကိုအလေးထားတာကြောင့် ပျော်ရွှင်ရတတ်ပါတယ်။ ချစ်ရသူကိုပြန်အဖြေပေး ဖို့စဉ်း စားနေရင်တော့ ဒီလိုနေ့ရက်ကအလွန်ကောင်းပါတယ်။ အိမ်တွင်းရေးမှာတော့ အရွယ်ရောက်ပြီးတဲ့သားသမီး တွေ ရှိရင် သူတို့တွေကိုဆိုဆုံးမရခက်ခဲနေတတ်ပါတယ်။ အလုပ်သစ်တစ်ခုကို ချိတ်ဆက်လုပ်ကိုင်ခြင်းများ အထူးဆောင် ရွက်လို့ကောင်းပါတယ်။ မနာလိုသူတွေ ရန်အတိုက် အခိုက်လေးတွေ ရှိနေတတ်ပေမဲ့ အားလုံးကိုကျော်လွှားသွား နိုင်ပါလိမ့်မယ်။

ဗုဒ္ဓဟူး၊ရာဟု

ငွေကြေးနဲ့ပတ်သက်ပြီး မြုပ်နေတဲ့ငွေတွေပြန်ပေါ်လာ နိုင်ပါလိမ့်မယ်။ရောင်းမစွံတဲ့ ပစ္စည်းတွေရှိရင်ဒီနေ့ ရောင်းထွက် တတ်ပါတယ်။အတွေးကောင်းစိတ်ကူး ကောင်းတွေရှိ နေတာကြောင့် လက်တွေ့အကောင် အထည်ဖော်နိုင်ဖို့ ပဲလို ပါတယ်။ ထီဝါသနာပါသူများ မိမိအိမ်နဲ့ အနီးဆုံး ထီဆိုင် မှာထီကံစမ်းလိုက်ပါ။ မိသားစုစီးပွားရေးများ ၊အိမ်နဲ့တွဲဖွင့် ထားတဲ့စီးပွားရေးများတိုးတတ် အောင်မြင်တတ်ပါ တယ်။ ကျန်းမာရေးကလဲ အကောင်းများနေပါလိမ့်မယ်။ ဝန်ထမ်း များ အထက်လူကြီးတွေရဲ့ အကူအညီတွေကိုရလာ တတ်ပါတယ်။ လူမျိုးခြား တစ်စိမ်းတစ်ရံတွေရဲ့အကူအညီတွေလဲ ရလာတတ်ပါတယ်။

ကြာသပတေး

အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ ရပိုင်ခွင့်တွေကို ကောင်းစွာရရှိပါလိမ့်မယ်။ အထက်လူကြီး ကူညီတတ်ပါတယ်။ မိမိကိုစောင့်ရှောက်နေတဲ့ မိဆိုင်ဖဆိုင်နတ်တွေရှိ ရင်ဒီနေ့မှာသူတို့ကိုရည်မှန်းပြီး မေတ္တာအထူးပို့ပေးပါ။ လူငယ် တွေ၊ချုပ်ချယ်တာ၊ဖိအားပေးတာမကြိုက်တဲ့သူတွေ ကတော့ဒီနေ့မှာစိတ်ရှုပ် ရတတ်ပါတယ်။ ဘာလုပ်လုပ် ဖိအား တွေနဲ့ ပူပူလောင်လောင်လုပ်ရတတ်လို့ပါပဲ။ စိတ်ထင် ရာကိုဇွတ်မလုပ်မိဖို့လိုပါတယ်။ လူငယ်များ မိဘတွေ မသိအောင် ရေသွားမကူးသင့်တဲ့နေ့ရက်ပါ။ ဝေးကွာနေတဲ့ မိတ်ဆွေသူငယ် ချင်းတွေနဲ့ပြန်လည်ဆုံဆည်း ရတတ်ပါ တယ်။

သောကြာ

လုပ်ငန်းခွင်အတွင်းနာမည်ကောင်းရမဲ့နေ့ရက်ပါပဲ။ မိမိ ဉာဏ်ဝီရိယထည့်ပြီးလုပ်ကိုင်နိုင်မှုကြောင့် ထင်ထားသည် ထက် ပိုမိုတိုးတတ်စေနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားများ ဖောက်သည်တွေရလာတတ်ပါတယ်။ မိတ်ဟောင်းတွေကနေ တဆင့် မိတ်သစ်တွေတိုးလာတတ်ပါတယ်။ ပရဟိတ ကိစ္စတွေ၊ လူမှုရေးကိစ္စတွေကိုလဲ ကောင်းစွာကူညီပေးနိုင် ပါလိမ့်မယ်။ မိမိလိုအပ်တဲ့အကူအညီတွေကိုလဲ မိတ်ဆွေ တွေဆီကရလွယ်ပါတယ်။ အလုပ်ကြွေးတွေရှိရင် ဒီနေ့ပြီးစီး အောင်လုပ်နိုင်ပါလိမ့်မယ်။ မိမိချစ်သူအပေါ်စိတ်ပျက် စိတ်ကုန်နေမိ တတ်ပါတယ်။ အိမ်တွင်းရေးသာယာ ချမ်းမြေ့ မဲ့နေပါပဲ။

စနေ

အငြိမ်မနေရတတ်ပါ။ မရည်ရွယ်ဘဲခရီးထွက်ရတတ်ပါ တယ်။ အထက်လူကြီး၊ဆရာသမားတွေခေါ်လို့ သွားရတာမျိုး လဲ ကြုံရတတ်ပါတယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့ လဲ online ကနေနည်းပညာအသစ်တွေသင်ယူခွင့်ရလာ တတ်ပါတယ်။စိတ်ပင်ပန်းစရာတွေလျှော့ချသွားနိုင်ပါလိမ့် မယ်။ ဈေးဆိုင်များ ပစ္စည်းအထားအသို ပုံစံပြောင်းလိုက် ခြင်းဖြင့် ရောင်းအားတတ်လာနိုင်ပါတယ်။ ငွေကြေးရင်းနှီး မြုပ်နှံမှုအကြီးကြီးတွေကိုတော့ ဒီနေ့မှာမလုပ်သင့်ပါဘူး။ ကိုယ်ကျိုးထက် အများအကျိုးပရဟိတအကျိုးတွေကို ပိုမိုလုပ်ကိုင် ပေးနေရတတ် ပါတယ်။ ဝေယျဝစ္စကုသိုလ်များလဲ လုပ်သင့်တဲ့နေ့ပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

17.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၈)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၁)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ အရ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ် တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက် နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ယုတ်မာ၊ရက်ပုပ်၊ရသေ့ကျော်ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ ၃နာရီအထိလဆုတ်တီထိ ၇လုံး၊ကျော်ရင်လဆုတ်တီထိ ၈လုံးဖြစ်ပါတယ်။ ဒီလို နေ့ရက်တွေမှာ မိမိတို့အတွက် စပ်တူကိစ္စတွေ၊ရှယ်ယာကိစ္စတွေမှာ အငြင်းပွားဖွယ်ရာကြုံရတတ်ပါတယ်။ ရေလမ်း ခရီးတွေအဆင်မပြေဖြစ်တတ်ပါတယ်။ အပျော်လွန်ကြသူတွေအန္တရာယ်တွေ့နိုင်တဲ့နေရက်မျိုးပဲဖြစ်ပါတယ်။ လုပ် ငန်းရှင်များမိမိဝန်ထမ်းတွေရဲ့ကျန်းမာရေးညံ့တတ်ပါတယ်။ ခရီးတိုထက် ခရီးရှည်ကိစ္စများ လမ်းခရီးအဖုအထစ် များတဲ့နေ့ရက်မျိုးပဲဖြစ်ပါတယ်။

            ညှိနှိုင်းဆွေးနွေးရသောကိစ္စများမဆောင်ရွက်သင့်သေးပါ။ ဒီနေ့မှာ အလုပ်သစ်ရှာခြင်း၊မင်းအစိုးရဌာနဆိုင် ရာကိစ္စများအထူးဆောင်ရွက်လို့ကောင်းပါတယ်။ အမွေကိစ္စများ အကြီးအကဲတစ်ယောက်ယောက် ဝင်ရောက်ညှိနှိုင်း ပေး ခြင်းဖြင့် အဆင်ပြေသွားတတ်တဲ့နေ့ပါပဲ။ ပွဲစားအလုပ်များ၊အကျိုးဆောင်အလုပ်များ၊ ဆက် သွယ်ရေးအလုပ် များ အဆင်ပြေတဲ့နေ့ရက်ဖြစ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၃၈)နာရီမှ (၂၂း၃၀)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေ လိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရသေ့ကျော်ရက်ဖြစ်ပေမဲ့ ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်း မရောက်ဘဲမပြီးမသတ်ဖြစ်ရတတ်ပါတယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန် ရှောင်သင့်တဲ့နေ့ပါပဲ။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊ တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုး ငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ပြိဿစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအနည်းငယ်အတ္တ ကြီးကြသူတွေဖြစ်ပါတယ်။ လိုတာထက်ပိုပြီးတော့ ကြွားဝါတတ်တာကိုလဲတွေ့ရတယ်။ ကောင်းတဲ့အချက်က လောက ကြီးကိုဒေါင်ကျကျ ပြားကျကျ နေနိုင်ကြသူတွေဖြစ်ပါတယ်။ လူအထင်ကြီးအောင်ဟိတ်ဟန်ထုတ်တတ်ကြသူတွေဖြစ် ပါတယ်။ ငယ်ရွယ်စဉ်ကံခေတတ်ပေမဲ့ အသက် ၃၀ဝန်းကျင်ကစလို့ ကံမြင့်မားလာတတ်ပါတယ်။ ကံဆိုးတဲ့အချက်က မည်သည့်ဘာသာဝင်ဖြစ်ပါစေ..မိမိပိုင်ဆိုင်မှုတွေကို ဒါနပုံမှန်မလုပ်ရင် ဆေးဖိုးနဲ့ပြန်ကုန်သွားတတ်ပါတယ်။အလှူဒါန အားကောင်းလေ အချမ်းသာဆုံးဘဝကိုရလေပါပဲ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၈း၅၇) နာရီမှ မနက်(၁၀◌း၂၈)နာရီအတွင်း ကျရောက် နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ   သားသမီးတွေပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား အင်္ဂါ၊ စနေ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ တနင်္ဂနွေ၊ ကြာသပတေး သားသမီးတွေပဲဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင် နှင့် ဖက်ဖူးရောင် များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူးအလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၄၊ ၈)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပေါင်မုန့်အနည်းငယ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးသီး ဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မိမိသိချင်တာတွေကိုသိအောင်ဆောင်ရွက် နိုင်ပါလိမ့်မယ်။ ဒီလိုနေ့ရက်မှာတော့ အလုပ်အတွက် လိုအပ်နေတဲ့ သတင်းအချက် အလက်တွေစုဆောင်းနိုင်ပါလိမ့်မယ်။ကံအနေ အထားအရတော့ ဒီနေ့ကပင်ပန်းရတတ်ပါတယ်။ ကာယနဲ့လုပ်ကြသူတွေလဲ ကာယအားပိုမိုပင်ပန်းနိုင်သလို ဉာဏ်နနဲ့လုပ်ကိုင်ဆောင်ရွက်ရသူတွေလဲ ခေါင်းပူသည် အထိ လုပ်ကိုင်ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ခရီး ပေါ်လာတာမျိုးတွေ၊ ရုံးခွဲတွေမှာယာယီ တာဝန်ထမ်းဆောင် ရတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အိမ်၊ခြံနဲ့ဆက်နွယ် သောစာချုပ်ကိစ္စတော်တော်များများ လက်မှတ်ထိုးဆောင် ရွက် လို့ မသင့်တဲ့နေ့လဲဖြစ်ပါတယ်။

တနင်္လာ

ကံမြင့်မားနေတတ်ပါတယ်။  လုပ်ကိုင်ဆောင်ရွက်သမျှအခက် အခဲမရှိအဆင်ပြေချော့မွေ့နေတတ်ပါတယ်။သူတစ်ပါး ဆီကအ ကူအညီတွေကိုလဲကောင်းစွာရရှိနိုင်ပါတယ်။ ငွေပေး ငွေယူကိစ္စများ၊ ငွေကြေးချေးငှားခြင်းကိစ္စများလဲ ဒီနေ့ မှာ ဆောင်ရွက် လို့ကောင်းပါတယ်။ ပရိဟိတအလုပ်တွေ၊ အသင်းအဖွဲ့ပါတီတွေမှာ ခေါင်းဆောင်အဖြစ်ခန့် အပ်ခြင်း ခံရ တတ်ပါတယ်။ ငွေဖို့ရှိပေမဲ့ ကြန့်ကြာနေတဲ့ငွေတွေက တော့ဒီနေ့မှာပြန်ဝင်လာတတ်ပါတယ်။ ဝန်ထမ်းများ မိမိကြိုး စားမှုကိုအသိအမှတ်ပြုခံရမဲ့ နေ့ရက်ပါပဲ။ အချစ်ရေး၊ မေတ္တာရေးကိစ္စများကို အလေးပေးဆောင်ရွက်နိုင် ပါလိမ့်မယ်။

အင်္ဂါ

တလွဲတွေတွေးပြီး တလွဲတွေလုပ်နေမိတတ်ပါတယ်။ တစ်ဦး တစ်ယောက်ထဲချွန်ပြီးလုပ်ကိုင်ဆောင်ရွက်တာ မျိုး ကိုတော့ရှောင်လိုက်စေချင်ပါတယ်။ မိမိဖြစ်ချင်နေတဲ့ကိစ္စတော် တော်များများကိုတော့ဒီနေ့မှာ ဦးစားမလုပ်သင့်ပါဘူး။ လူမှုရေးပြဿနာတွေမှာတော့ ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင် ရင်မပါဝင်တာပိုကောင်းပါတယ်။ လူမုန်းများတတ်လို့ပါပဲ။ ကျန်းမာရေးအဆိုးကြီးမဟုတ်ပေမဲ့ အရေပြားယားယံ တာမျိုးတွေအလွန်မှဖြစ်တတ်ပါတယ်။ ဝလွန်းသူများ ချော်လဲ တတ် ပါတယ်။ မလုပ်ချင်သောအလုပ်များ၊ မကြားချင် သော စကားသံများနှင့် မတွေ့ချင်တဲ့သူများနဲ့ မြင်ရတွေ့ရ ကြား ရ တတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ရေရှည်လုပ်ကိုင်ဆောင်ရွက်သွားရမဲ့ကိစ္စတွေအတွက် ဒီနေ့မှစတင်လို့အလွန်ကောင်းပါတယ်။ ဆရာတစ်ဦးတစ် ယောက်ဆီမှာတပည့်ခံခြင်း၊ပညာယူခြင်းများအထူးဆောင်ရွက်လို့ကောင်းပါတယ်။ သူများဆွယ်လို့လိုက်လုပ်တဲ့ အလုပ်တွေက ဆိုးကျိုးကိုဖြစ်စေပါတယ်။ လူလိမ်ခံရ တတ်တဲ့အတွက် လောဘကြီးသူ၊ရိုးအသူတွေ အထူးသတိ ထားလိုက်ပါ။ သားဆုပန်တဲ့ကိစ္စများအထူးဆောင်ရွက် နိုင်ပါတယ်။ ကျန်းမာရေးကတော့ အရေးကြီးတဲ့အခန်း ကဏ္ဍ အနေနဲ့ ပါဝင်နေတာကိုတွေ့ရပါတယ်။ ဗိုက်အောက် ဗိုက်နာတတ် သူများဒီနေ့မှာပိုမိုသတိထားလိုက်စေချင်ပါတယ်။

ကြာသပတေး

မိမိလက်အောက်ကဝန်ထမ်းတွေကို ကောင်းစွာစီမံအုပ်ချုပ်နိုင်ပါ လိမ့်မယ်။ မိမိကိုချစ်ခင်လေးစားသူတွေများလာ တတ်ပါတယ်။ ဝန်ထမ်းသစ်ခန့်အပ်ခြင်းများ ကူဖော်လောင်ဖက် ရမဲ့သူတစ်ဦးကိုခေါ်ယူ အလုပ်ပေးခြင်းမျိုး ဒီနေ့မှာ လုပ် ဆောင်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးစား  ဆေးသောက်ခြင်း၊ သမားတော်နဲ့ပြသခြင်းမျိုး လုပ် ဆောင်သင့်ပါတယ်။ ဆေးအစွမ်းထက်နေတဲ့နေ့ရက်ဖြစ်တာ ကြောင့်အနာနဲ့ဆေးတွေ့ပြီးသက်သာသွားတတ်ပါတယ်။ အိုးအိမ်သစ်၊ဆိုင်ခန်းသစ်အတွက်စတင်ဆောက်လုပ်ခြင်း ပန္နက်ရိုက်ခြင်းများဆောင်ရွက်နိုင်ပါတယ်။

သောကြာ

အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ အထူးကောင်းမွန်မှန် ကန်တဲ့ လုပ်ဆောင်မှုမျိုးရှိဖို့လိုပါတယ်။ အချိန်ဆွဲ ပျင်း ရိနေတဲ့ အကျင့်ကိုအထူးပြင်လိုက်ပါ။  ပေါ့ပျက်ပျက်လုပ်တဲ့ သူများသေချာပေါက်ဒုက္ခရောက်ရတတ်ပါတယ်။ ကုန် လှောင်ခြင်းကိစ္စ တွေကိုလဲ အထူးပဲသတိရှိစေချင်ပါတယ်။ အတူနေညီအကိုမောင်နှမတွေနဲ့စကားများရ တတ်ပါ တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး လက်လွန်ထားရင်ဆုံးပါး တတ်ပါတယ်။ ဈေးရောင်း၊ဈေးဝယ်လုပ်သူများ အရောင်း အဝယ်အေးပါလိမ့်မယ်။ ငွေကြေးနဲ့ပတ် သတ်ပြီးတော့လဲ ရင်းနှီးမြုပ်နှံတာတွေမလုပ်ပါနဲ့။ ကျန်းမာရေးအနည်း ငယ် အားနည်းနိုင်ပါတယ်။

စနေ

အလုပ်တွေကောင်းပေမဲ့ ငွေကြေးကိစ္စတွေမှာတော့ စကားအခြေအတင်ပြောပြီးမှပဲအဆင်ပြေတတ်ပါ တယ်။လုပ်ငန်း ခွင်အတွင်းလိုအပ်နေတဲ့ စက်ပစ္စည်းတွေကိုဝယ်ယူ ခြင်း၊အစားထိုးလဲလှယ်ခြင်းများလဲအထူးဆောင် ရွက်နိုင် ပါလိမ့်မယ်။ လျှိုဝှက်သင့်တဲ့ ကိစ္စတွေရှိရင်လဲလျှိုဝှက် ဆောင်ရွက်တာအကောင်းဆုံးပါပဲ။ တကယ်ကိုမိတ်ဆွေကောင်း တွေရဲ့ အကူအညီတွေရလာတတ်ပါတယ်။ စိတ်ထဲ လိုချင်တောင်းတနေတဲ့ ကိစ္စတွေလက်တွေ့ဖြစ်လာတတ်ပါတယ်။ လက်ဆောင် ကောင်းတွေရလွယ်ပါတယ်။ အနာဂတ်အတွက် target ထားကြိုးစားခြင်းများ ဒီနေ့မှာစတင်သင့်ပါ တယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

16.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၇)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၁၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၁)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

မွန်းလွဲ ၁နာရီအထိကဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။ ဒါကြောင့် မွန်းမလွဲခင် ဆောင်ရွက်မယ်ဆို ဆောင်ရွက်လို့ရပါတယ်။မွန်းလွဲသွားရင် ဆောင်ရွက်မှုမပြုတာ ကောင်းပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ ဝါရမိတ္တုငယ်၊ သမားဖြူ၊ ရက်ပုပ် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ ၁နာရီအထိလဆုတ်တီထိ ၆လုံးပါ။ ကျော်သွားရင်တော့ လဆုတ် တီထိ ၇လုံးဖြစ်ပြီးတော့ ဘဒြာတီထိကိုကောင်းစွာကူးပြောင်းသွားပါလိမ့်မယ်။ လက်မှုပညာနဲ့ပတ်သက်သောအလုပ်များ လဲ အထူးကောင်းပါတယ်။လမ်းဖောက်လုပ်ခြင်း၊ တံတားစတင်ဆောက်လုပ်ခြင်းများအထူးကောင်းပါတယ်။

ကျောက်မျက်ရတနာများကို ဝတ်စားဆင်ယင်ခြင်း၊အဝတ်အစားအသစ်များဆင်မြန်းဝတ်ဆင်ခြင်းအထူးကောင်း ပါ တယ်။ ယာဉ်ကားနဲ့ပတ်သက်သောအလုပ်များ၊ လိုင်းဆွဲခြင်း၊ကုန်စည်ပို့ဆောင်ခြင်းအလုပ်များ၊ဘုရားဖူးအလုပ် များ အလွန်ကောင်းပါတယ်။

ဝီရိယအကျိုးကိုခံစားရမဲ့နေ့ရက်ဖြစ်တာကြောင့် လုံ့လဝီရိယကိုတိုးပြီးလုပ်ကိုင်ပါ။ ကျောက်မျက်ရတနာများ ရေနံ့နှင့် သဘာဝဓာတ်ငွေ့တူးဖော်ခြင်းများဒီနေ့မှာစတင်ဆောင်ရွက်နိုင်ပါတယ်။ မျိုးစေ့ကြဲခြင်း၊သစ်ပင်စိုက်ခြင်း၊ ဥယျာဉ်ခြံ လုပ် ငန်းများအထူးကောင်းပါတယ်။

ဒီနေ့မှာ ကုန်သွယ်ခြင်းတွေ၊ပစ္စည်းလှောင်ခြင်းတွေကိုအထူးရှောင်သင့်ပါတယ်။အမှုပြဿနာတွေအဖြစ်မခံပါနဲ့။ ဖြစ်ပါ ကဖြေရှင်းရန်ခက်ခဲသွားတတ်ပါတယ်။အဆောက်အဦးပြင်ဆင်ခြင်း၊တိုးချဲ့ခြင်းပြုမိပါကရန်ပြဿနာတွေကိုဖြစ်ပွားစေပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၄၂)နာရီမှ (၂၂း၃၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆို ရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်း မြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင် ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာ မျိုး လဲဖြစ်နေရတတ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊ ပြိဿ စန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အနစ်နာခံတတ် ကြသူတွေဖြစ်ပါတယ်။ ကောင်းသောစိတ်လေးတွေရှိတတ်ကြပြီး တစ်ပါးသူကို ကူညီလိုစိတ်တွေ များပြားကြပါတယ်။ ကျန်းမာရေးအားနည်းချက်တချို့ပါလာတတ်ပေမဲ့ အဆိုးကြီးမဟုတ်ပါဘူး။ လူချစ်လူခင်များပြီးအရာရာကူညီတတ်တာ ကြောင့် အလုပ်လုပ်ရာမှာလဲ မိတ်များ၊ဖောက်သည်များမဲ့သူတွေဖြစ်ပါတယ်။ အသက်၂၈နေ အသက်၄၂အတွင်း အအောင်မြင်ဆုံးဘဝကိုတည်ဆောက်နိုင်မဲ့သူတွေဖြစ်ပါတယ်။ အသုံးအဖြုန်းနားလည်ဖို့ပဲလိုပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀◌း၂၉) နာရီမှ မွန်းတည့်(၁၂း၀၀)နာရီအတွင်း ကျ ရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်း ပါတယ်။

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ စနေ      သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သား သောကြာ၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ အင်္ဂါ၊ ဗုဒ္ဓဟူး သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အနက်ရောင်၊နီညိုရောင်          များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူးအလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၀၊၄၊၈)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နာနတ်ယိုစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒူးရင်းယိုပါသောမုန့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

စိတ်၏ချမ်းသားခြင်းတွေ၊ကိုယ့်၏ကျန်းမာခြင်းတွေရှိပါ လိမ့်မယ်။ အလုပ်ခွင်မှာလဲ အခက်အခဲမရှိဘဲ တစ်နေ့တာ ကို ကုန်ဆုံးသွားနိုင်ပါလိမ့်မယ်။လိုအပ်နေတဲ့အကူအညီ မျိုးတွေလဲ မိမိနီးစပ်သူမှန်သမျှတောင်းခံနိုင်ပါလိမ့်မယ်။ လူြ ကီးသူမတွေရဲ့ချစ်ခင်ခြင်းကိုလဲခံရတတ်ပါတယ်။ အချစ်ရေးကံအထူးကောင်းပါတယ်။ ချစ်သူဆီကအကူအညီ တေ ွလဲရလွယ်ပါတယ်။ တရားဓမ္မတွေနာယူမှတ်သားအထူးကောင်းပါတယ်။ ပွဲစားအလုပ်များ၊ကိုယ်စားလှယ် အလုပ်များ၊ အကျိုးဆောင်လုပ်ငန်းများလဲအထူး အဆင် ပြေအောင်မြင်တတ်ပါတယ်။ အလုပ်ရာထူးတိုး တတ်ခြင်း တွေ လဲကြုံ ရ တတ်ပါတယ်။

တနင်္လာ

အတွေးသစ်စိတ်ကူးသစ်တွေရလာတတ်ပါတယ်။ရလာတဲ့စိတ်ကူတွေကိုလဲလက်တွေ့အကောင်အထည် ဖော် ဆောင် ရွက်လို့သင့်ပါတယ်။မိမိအပေါ်ကျေးဇူးရှိတဲ့သူတွေကိုလဲကောင်းစွာပြန်လည်ကူညီပေးနိုင်မဲ့ကာလပါပဲ။အလုပ် အတွက် ကောင်းသော အခွင့်အလမ်းတွေရလာတတ်ပါတယ်။ မရည် ရွယ်ဘဲခရီးကိစ္စပေါ်လာတတ်ပါတယ်။ ပညာရေး ကိစ္စတွေ မှန်သမျှ အဆင်ပြေမှုတွေအထူးကြုံရတတ်ပါတယ်။ မိမိ အပေါ်အမြင်မကြည်သူများ မိမိရဲ့သဘောထားအမှန်ကို သိလာပါလိမ့်မယ်။ကာယ၊ဉာဏ်နအပင်ပန်းခံပြီးလုပ်ပါ။ ကိုယ့်တစ်ယောက်အတွက်ပဲ မကြည့်ဘဲ အများအတွက် ကြည့်ပြီးလုပ်ပါ။ ဒါမှပဲ ဒီနေ့မှာအဆင်ပြေပါလိမ့်မယ်။

အင်္ဂါ

မိသားစုထဲမှာ တနင်္လာသားသမီးရှိရင်ထိုသူနဲ့စကားများရ တတ်ပါတယ်။ စက်ပစ္စည်းတစ်ပတ်ရစ်ဝယ်မယ်ဆိုရင်လဲ သေချာ စစ်ဆေးဝယ်ပါ။ အနာအဆာပါတဲ့ပစ္စည်းမျိုးရ တတ်တဲ့နေ့ရက်မို့ပါပဲ။ အများပိုင်ငွေများခဏသိမ်းခိုင်းရင် လက်မခံ ပါနဲ့။ သူများငွေကြောင့်မိမိပါဒုက္ခရောက်နိုင်လို့ ပါပဲ။ချစ်သူနဲ့ခွဲခွာနေရတတ်ပါတယ်။ စိတ်တို၊စိတ် ဆတ်တဲ့ သူငယ်ချင်း တွေနဲ့ဒီနေ့မှာမတွဲလိုက်ပါနဲ့။ ခရီးရှည်ထွက် တာမျိုးဒီနေ့မှာလုပ်မိရင် ခရီးပန်းပြီးကျန်း မာရေးအားနည်းသွားတတ်ပါ တယ်။ အလုပ်စီးပွားကောင်းပေမဲ့ မိမိက အလုပ်ထဲမှာအားမထည့်နိုင်တာကြောင့် ထင်သလောက်အကျိုးမရှိဖြစ် ရ တတ်ပါတယ်။

ဗုဒ္ဓဟူး၊ ရာဟု

အသောက်အစားအပျော်အပါးလုပ်ဖို့စွဲဆောင်မဲ့သူတွေ ၊ မဟုတ်တာလုပ်ဖို့ ခေါ်မဲ့မိတ်ဆွေတွေလဲကြုံရတတ် ပါတယ်။ ရေလမ်းခရီးသတိပြုသင့်တဲ့နေ့ရက်ပါပဲ။ မိမိရေမကျွမ်း ကျင်ဘဲ ရေကူးခြင်းတွေ၊ရေဆော့ခြင်းတွေအထူးရှောင် သင့်ပါတယ်။လုပ်ကိုင်ဆောင်ရွက်ရမဲ့အလုပ်မှန်သမျှအဖျက် ဝင်တတ်ပါတယ်။ စကားအပြောအဆိုဆင်ခြင်ပါ။ ကောင်းသောစကားဖြစ်ပါစေ ။မပြောမတတ်ရင်လူမုန်းသွားတတ် ပါတယ်။လုပ်ငန်းလိုအပ်ချက်ကြောင့် အချိန်ပို တွေလဲဆင်းနေရတတ်ပါတယ်။ ငွေကဝင်သလောက် အဟောသိကံ ပြန်ကုန်သွားတတ်ပါတယ်။ ပစ္စည်းများအထားမှား  ပြီးပျောက်ရှတတ်ပါတယ်။

ကြာသပတေး

ခေါင်းကြည်၊စိတ်ကြည်နေပြီး သတ်မှတ်ထားသည်ထက် ပိုမိုလုပ်ကိုင်ဆောင်ရွက်သွားနိုင်ပါ လိမ့်မယ်။အ လုပ်ခွင်  ထဲမှာလုပ်ကိုင်ဆောင်ရွက်နေတဲ့ကိစ္စတော်တော်များများကို လဲ မိမိအကြံအစည်စိတ်ကူးကြောင့် ပိုမိုတိုးတတ်ပါ လိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးတွေ၊လူအများနဲ့ပူးတွဲလုပ်ရတဲ့  အလုပ်တွေအဆင်ပြေအားကောင်း နေတတ်ပါတယ်။ ဖခင်ဒါမှမဟုတ်ဦးကြီးဘကြီးတွေဆီက အကူအညီတွေရ လွယ်မဲ့နေ့ရက်ပါပဲ။ အဓိဋ္ဌာန်ဝင်ခြင်းတွေကိုတော့ စတင်ဆောင်ရွက်လို့အထူးကောင်းပါတယ်။အိုးအိမ်ပြင်ဆင်တာ မျိုးတွေ ၊အိမ် ထောင်ပရိဘောဂများ အဟောင်းလဲပြီး အသစ်အစားထိုးတာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။

သောကြာ

စိတ်ရှုပ်ထွေး၊စိတ်နောက်နေတတ်ပါတယ်။ ဒါကြောင့်အရေး  ကြီးကိစ္စတွေကို ဒီနေ့မှာပြောဆိုဆုံးဖြတ် လို့ မသင့်ပါဘူး။ အလုပ်တွေကိုခဏမေ့ထားပြီး စိတ်အပန်းဖြေတာမျိုးက တော့ မိမိအတွက်ပိုကောင်းပါတယ်။ ဆေးဝါးနဲ့ပတ်သက် သော အလုပ်များ၊ စားသောက်ကုန်လုပ်ငန်းများ အဆင် ပြေတိုးတတ်နိုင်ပါတယ်။ သားသမီးတွေ၊အောက်လက် ငယ်သားတွေကို ပြောဆိုဆုံးမလို့ခက်ခဲနေတတ်ပါတယ်။ အလုပ်များနေတဲ့အတွက်အရေးကြီးတာတွေ ကိုဦးစား ပေးလုပ်တတ်ဖို့လိုပါတယ်။ စိတ်ထဲရှိတာတွေလျှောက်လုပ် လို့မသင့်ပါဘူး။ ဦးနှောက်နဲ့တွေးပြီးမှလုပ်ကိုင်ဆောင်ရွက် လိုက်ပါ။

စနေ

အလုပ်ခွင်အတွင်းလုပ်ပိုင်ခွင့်တွေအများကြီးရလာတတ်ပါ တယ်။ ဝန်ထမ်းများအသစ်ခန့်အပ်ခြင်း၊ လက်ရှိဝန် ထမ်းတွေ သင့်တော်သလိုစီမံခြင်းများလဲဆောင်ရွက်နိုင်ပါတယ်။ အဝေးရောက်နေတဲ့မိတ်ဆွေတွေ ၊သူငယ်ချင်း တွေနဲ့ပြန်ဆုံရတတ်ပါတယ်။ လူမှုရေးအသင်းအဖွဲ့တွေမှာဦးဆောင် လုပ်ကိုင်ပေးရတတ်ပါတယ်။ရွှေ ဝယ် မယ်ဆိုဒီနေ့မှာသင့်တော်ပါတယ်။ အိမ်တွင်းရေးအပူတွေငြိမ်းအေးသွားပါလိမ့် မယ်။ သူတစ်ပါးတွေရဲ့အကူ အညီတွေကိုလဲရလွယ်ပါတယ်။ ဘာသာရေးနှင့်နွယ်သောပညာများလဲ အထူးရလွယ် ပါတယ်။ အလှပြင်ခြင်း၊ အလုကုန်ပစ္စည်းဝယ်ယူခြင်းများ ဆောင်ရွက်လို့ကောင်းတဲ့ နေ့ရက်ပါပဲ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

15.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၆)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၁၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၀)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၁၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံအရဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

တီထိမြေခံအရမွန်းတည့်၁၂နာရီနောက်ပိုင်း ဗုဒ္ဓဟူးမြေခံဖြစ်ပါတယ်။ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူ ရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် မွန်းလွဲချိန်ကစ၍ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်း တွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက် ရိုက်တာ တွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ဝါရမိတ္တုကြီး၊ သမားဖြူ ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းတည့် ၁၂နာရီအထိက လဆုတ်တီထိ ၅လုံး၊ကျော်ရင်တော့ လဆုတ်တီထိ ၆လုံးကိုကူး ပြောင်းပါတယ်။ မြင့်တတ်ခြင်း၊ပျော်ရွှင်ခြင်း တွေကိုပေးတဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ ဒီလိုနေ့ရက် မှာတော့ အလုပ်အကိုင်ကိစ္စများ ပြောဆို အဆင်ပြေတတ်ပါတယ်။ မိမိတင်ပြချင်တာတွေကို တင်ပြတောင်းဆိုလို့ အလွန်ကောင်းပါတယ်။ စိတ်ထဲလိုချင်တာ တွေကိုလဲ လက်တွေ့ကြိုးစားရယူနိုင်ပါလိမ့်မယ်။ ပြဿနာများအခက်အခဲ များဖြေရှင်းရန် ရက်ကောင်းပဲဖြစ်ပါ တယ်။

ဒီလိုနေ့မျိုးမှာ အဆင့်မြင့်နည်းပညာတွေကိုလေ့လာတာမျိုးတွေ၊ ကုန်ပစ္စည်းအသစ်တစ်ခုခုကို မိတ်ဆက်ပွဲလုပ်တဲ့ ကိစ္စမျိုးတွေအထူးပဲအောင်မြင်နိုင်ပါတယ်။ ထီကံမြင့်မားနေတဲ့အတွက် ၇ရက်သားသမီးများထီကံစမ်းလို့အလွန်ပဲ ကောင်းပါတယ်။ ဘဏ်လုပ်ငန်းနှင့်ဆက်စပ်သမျှအဆင်ပြေတတ်ပါတယ်။

အိမ်ဆောက်ပစ္စည်းအရောင်းအဝယ်ကိစ္စများအဆင်ပြေတတ်သလို၊စေတီပုထိုးပြုပြင်ထိန်းသိမ်းခြင်းများကိုလဲ ဒီနေ့ မှာအရေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ မိသားစုများ၊သူငယ်ချင်းများနဲ့ အပျော်ခရီးများ အပန်းဖြေခရီးများ သွားလို့ အထူးပဲသင့်လျော်ပါတယ်။အနုပညာအလုပ်များ၊ပန်းချီ၊ပန်းပု၊ဂီတ၊သီချင်းစတာတွေနဲ့ပတ်သက်ဆက်နွယ်သောအလုပ် များအထူး အကျိုးပေးအောင်မြင်တတ်ပါတယ်။ ကျောက်မျက်ရတနာများ ဖြတ်ခြင်း၊သွေးခြင်း၊ ရောင်းချခြင်း အလုပ် များလဲ အထူးအဆင်ပြေတာကိုတွေ့ရပါတယ်။ ကြွေးဟောင်းများ လက်လွန်နေတဲ့ ငွေကြေးများလဲ ပြန်လည် တောင်းခံ နိုင် ပါလိမ့်မယ်။ယနေ့မနက် ၉နာရီခွဲကနေ ၁၁နာရီအတွင်း အရေးကြီးလွန်းသောကိစ္စမှန်သမျှရှောင်ပါ။

ဒီနေ့မှာ ငွေပေး၊ငွေယူကိစ္စတွေကိုအလွယ်မလုပ်ပါနဲ့။ ဖြစ်နိုင်ရင်တော့ စာရွက်စာတမ်းနဲ့လက်မှတ်ထိုးပြီး ပေးပါ။ နောင်အငြင်းပွားစရာဖြစ်လိမ့်မယ်။ဒီနေ့ရက်အတွင်း ခိုက်ရန်ဒေါသဖြစ်တာကနေ ပြင်းထန်တဲ့သွေးထွက်သံယိုတွေ ဖြစ် တတ်ပါတယ်။ ရန်စလာရင် ရန်ရှောင်ကြပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၄၆)နာရီမှ ည(၂၂း၃၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးနဲ့တိုက်ဆိုင်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စ တွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကား ပြောခြင်းများလဲရှောင်သင့်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်းပါ ဘူး။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ဘင်္ဂဖွား၊  မိဿစန်း၊ ည၆နာရီခွဲကျော်ရင်ပြိဿစန်းကိုပြောင်းသည်။ သိဟ်ရာသီဖွား ဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ကူးကောင်းတယ်။ သို့သော်လက်တွေ့အကောင်အထည်ဖော်ဖို့ လေးဖင့်နေတတ် ပါတယ်။ ကံကောင်းစေတဲ့အချက်ကတော့ ငွေကြေးရလွယ်တယ်။ဖခင်၊အဘိုး၊ဦးကြီးဘကြီးတွေရဲ့ အထောက်အပံ့ရ တယ်။ ဒီလိုဇာတာမျိုးတွေကအများအားဖြင့် မိဘတွေက အိမ်ခြံ အလုပ်စသည်ဖြင့် အကုန်စီစဉ်ပေးပြီးဘဝမှာရေကန် အသင့် ကြာအသင့်ဆိုသလို အဆင်ပြေတတ်သူတွေဖြစ်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တာ၊ ငါလောက်ဘယ်သူမှမသိ ဘူးဆိုတဲ့ အတ္တမာနတွေကြောင့်သာ ဘဝမှာအခက်အခဲများသွားစေနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၃၃) နာရီမှ ညနေ(၀၃း၀၄)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္လာ၊ အင်္ဂါ၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ စနေ၊ ဗုဒ္ဓဟူး သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင်၊အစိမ်းရောင် များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူးအလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။     

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၈၊၂၊၇)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အရှေ့အရပ်ကိုမျက်နှာ မူပြီး ၃၁ဘုံကိုမေတ္တာပို့သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သင်္ဘောသီး ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ကံသင့်နေပါတယ်။ အရာရာတိုင်း ပုံမှန်အနေအထား လည်ပတ်သွားနိုင်ပါလိမ့်မယ်။  မိမိကြိုးစားခဲ့လို့နေရာရပြီ ဆိုရင်လဲ တိုက်ခိုက်မဲ့သူတွေ၊မနာလိုသူတွေနဲ့ပြည့်နှက်နေ တတ်ပါတယ်။ အလုပ်ရှာနေသူများအလုပ်ရတတ်ပါတယ်။ အမွေကိစ္စအရှုပ် အရှင်းတွေရှိခဲ့ရင်ဒီနေ့မှာပြေလည်မှု တွေအထူးရရှိတတ်ပါတယ်။ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားအား ထုတ် နေရတတ်ပါ တယ်။အလုပ်အကိုင်အသစ်တွေကို လုပ်ကိုင်ခွင့်ရလာတတ်ပါတယ်။ မိန်းမကိစ္စအရှုပ်အရှင်းကင်း ဖို့လိုပါတယ်။ အလှူမင်္ဂ လာကိစ္စများ ကြုံကြိုက်တတ် ပါတယ်။ မိမိရဲ့ကြိုးစားမှုတွေကြောင့်ရလဒ်ကောင်း တွေရရှိ မဲ့နေ့ပါပဲ။

တနင်္လာ

ကြိုးစားခဲ့သမျှအရာထင်အောင်မြင်ပါလိမ့်မယ်။ အစိုးရ ဌာနဆိုင်ရာနှင့်ဆက်စပ်လုပ်ကိုင်ရတဲ့ကိစ္စတွေအဆင် ပြေ တတ် ပါတယ်။ အလုပ်လျှောက်လွှာတင်ခြင်းတွေ၊ အလုပ် စာမေးပွဲဖြေခြင်းတွေကရလဒ်ကောင်းစေပါလိမ့်မယ်။ အိမ် အတွက်လိုအပ် တဲ့အိမ်ထောင်ပရိဘောဂတွေဝယ်ယူမယ် ဆိုရင်လဲဒီနေ့ကအကောင်းများပါတယ်။ စိတ်ထဲလိုချင် နေတဲ့ အရာတွေရလာတတ် ပါတယ်။ ဘာသာရေးအတွက် အချိန်ပေးလုပ်ဆောင်လာနိုင်မဲ့နေ့ရက်ပါပဲ။ အထောက် အပံ့ ကောင်းတွေရလွယ် နေတာ ကိုတွေ့ရပါတယ်။ရာထူး အပြောင်းအလဲရှိခဲ့ရင် ဒီနေ့ရာထူးတိုးသွားနိုင်ပါတယ်။ သား သမီးအကျိုးလဲ ခံစားရမဲ့နေ့ပါပဲ။

အင်္ဂါ

အလုပ်အကိုင်အတွက် စိတ်ချမ်းသာရပါလိမ့်မယ်။ လူအများရဲ့ချစ် ခင်လေးစားခြင်းကိုခံရတတ်ပါတယ်။ ပရဟိတ အလုပ် များ၊ကယ်ဆယ်ရေးနဲ့ပတ်သက်သောအလုပ်များလဲ ကူညီ လုပ်ကိုင်ပေးရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ လက်ထပ်ဖို့ထိ တိုင်ပင်ဆွေးနွေးအစီအစဉ်ဆွဲလို့ကောင်းတဲ့ နေ့ရက်မျိုးပါပဲ။ ဝင်စရာရှိတဲ့ငွေကြေးဥစ္စာတွေဒီနေ့မှာ ထူးထူးခြားခြားဝင်လာ တတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းဆိုလဲ ဝန်ထမ်းတွေနဲ့ချစ်ချစ်ခင်ခင် လက်ပွန်းတသီး လုပ်ကိုင် တာက ပိုမိုအဆင်ပြေနိုင်ပါတယ်။ ဘဏ်စာရင်းဖွင့်ပြီး ငွေစတင်စုဆောင်ခြင်းမျိုးကဒီနေ့မှာကောင်းမွန်ပါတယ်။ ကျန်း မာရေးအတွက်စိတ်ချမ်းသာရပါလိမ့်မယ်။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ အားရစရာကောင်းပါ လိမ့်မယ်။ ကိုယ်ပိုင်စီးပွားတွေကတော့ အော်ဒါတွေ များ များ ရလာတတ်ပါတယ်။ ဝန်ထမ်းတွေကတော့ လုပ်နေကျ အလုပ်တွေအပြင် တာဝန်တွေပိုလာစရာရှိ နေတတ် ပါ တယ်။စက်ကား၊ယန္တရားမောင်းနှင်သူများ မိမိစက်ကားချူ ခြာနေတာကြောင့် အလုပ်မဖြစ်တာမျိုးကြုံရ တတ်ပါ တယ်။ အောက်လက်ငယ် သားတွေကို ဖိအားအလွန်ပေးသူများ အောက်လက်ငယ်သားတွေပြန်လည် တော်လှန် ပြောဆိုတာ မျိုးတွေရှိလာတတ်တဲ့ နေ့ရက်ပါပဲ။ စာရင်းဇယားတွေကို သေချာအောင်လုပ်စေချင်ပါတယ်။ ကျန်းမာရေး ကတော့ အနည်းငယ်ညံ့နေတတ်ပါတယ်။

ကြာသပတေး

မိမိရဲ့လိမ္မာပါးနပ်မှု၊ဆုံးဖြတ်ချက်တွေမှန်ကန်တိကျမှုတွေ ကြောင့် ထင်ထားသည်ထက်ပိုမို အဆင်ပြေနိုင်တာ တွေ့ရ ပါတယ်။ လုပ်ကိုင်ဆောင်ရွက်သမျှ အထက်လူကြီးဒါမှမ ဟုတ် မိမိလေးစားရတဲ့ဆရာသမားတွေကို တိုင်ပင် လုပ်ကိုင် ခြင်း ဖြင့်ပိုမို အောင်မြင်တတ်ပါတယ်။ ကိုယ်ပိုင်အလုပ် များစီးပွားတိုးတတ်နိုင်ပါတယ်။ မိမိချဲ့ထွင်ဆောင် ရွက်ချင် တာ လေးတွေကိုလဲ ထူးထူးခြားခြားလုပ်သွားနိုင်ပါလိမ့် မယ်။ စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ကိစ္စ တွေရှိရင် တော့ ဒီနေ့မှာ စိတ်ထဲရှင်းသွားပါလိမ့်မယ်။စီးပွားရေးနဲ့ပတ်သက်သော သင်တန်းများတတ်ရောက် ခြင်း၊ စီးပွား ရေး ပညာများ သင်ယူ ခြင်းမျိုးလဲ အဆင်ပြေပါလိမ့်မယ်။

သောကြာ

အကြပ်အတည်းအခက်အခဲလေးတွေရှိနေတတ်ပါတယ် ။ ဒါပေမဲ့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့လိုပါတယ်။ အမှုအခင်းများ၊ ပြဿနာ များမဖြစ်အောင်နေထိုင်သင့်ပါတယ်။  လူအများဆီကအကူအညီတွေကိုမရရှိဘဲ ကိုယ့်အားကိုယ်ကိုး နေရ တတ်ပါတယ်။ အောက်လက်ငယ်သားတွေက ထင်သလောက်အားမကိုးရတဲ့နေ့ရက်မျိုးပါပဲ။ ရုတ်တရက်ခရီးကိစ္စ ပေါ် လာ တတ်ပါတယ်။  နိုင်ငံ ခြားခရီးစဉ်မျိုးတွေ လဲ ကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့အားနည်းနေတာကို သိစေ ချင်ပါတယ်။မိမိတို့ ဖြစ်ချင်တဲ့ ကိစ္စတွေကို မလုပ်ဘဲ သူများတွေဖြစ်ချင်တာတွေကိုဖြည့်ဆည်းလိုက်ပါ။

စနေ

ခရီးကိစ္စတွေစီစဉ်ထားရင်ပျက်ရတတ်ပါတယ်။လုပ်ကိုင်ဆောင် ရွက်သမျှတွေကအရာမရောက်ဘဲ လူမှုရေးကိစ္စတွေ၊ သာရေးနာရေးကိစ္စတွေအတွက်အချိန်ကုန်လူပန်းဖြစ်ရတတ် ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ လုပ်ရှား သွားလာ ရတာများရင်တော့ ကိုယ့်လက်ကိုက်ခဲပြီးဖျားနာ တတ်ပါတယ်။ မိမိအဖိုးတန်ပစ္စည်းများလက်လွှတ်စပယ် မထားလိုက်ပါ နဲ့။ပျောက်ရှရတတ်ပါတယ်။ အမှုဟောင်း ပြဿနာဟောင်းတွေပေါ်လာတတ်ပါတယ်။ လျှို့ဝှက်ချက်ကို ဘယ်သူကို မှယုံကြည်ပြီးတော့ မဖွင့်ပြောသင့်တဲ့ နေ့ရက်ပါပဲ။ စီးပွားရေးနဲ့ ပတ်သက်ရင် ပုံမှန်တိုးတတ်ပါလိမ့်မယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

14.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၅)ရက်၊ ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၁)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံက ဆင်မြေခံတဲ့နေ့ရက်ဖြစ်ပါတယ်။ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

တီထိမြေခံ အရ ကြာသပတေးမြေခံတဲ့နေ့ရက်ဖြစ်ပါတယ်။ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။မြေခံကောင်းပေမဲ့ သမားညိုရက် တွေ၊ပြဿဒါးတွေနဲ့တိုက်ဆိုင်တာမို့ ရှောင်လိုက်ရင်တော့ပိုကောင်းပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ သမားဖြူ၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  နေ့လယ် ၁၁နာရီကျော်ရင် လဆုတ်တီထိ ၅လုံးပုဏ္ဏတီထိကူးပြောင်းပါတယ်။ စိတ်ရဲ့အေးချမ်းမှု၊ကြည်လင်မှုတွေ ကိုပေးတဲ့ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲဒီလိုနေ့မျိုးက ပညာရေးဆိုင်ရာကိစ္စအ၀၀ကိုဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ ပညာရေးဟောပြောပွဲများ၊ ပညာ ရေးဆွေးနွေးပွဲများလဲဆောင်ရွက်နိုင်ပါတယ်။မဟာဘွဲ့များအတွက်၊ပါရဂူဘွဲ့များအတွက်စာတမ်းတင်ခြင်းများလဲ  အထူးကောင်းပါတယ်။

            ဆန်ရေစပါးများ၊ ကောက်ပဲသီးနှံများလဲစတင်ရိတ်သိမ်းခြင်းများဆောင်ရွက်နိုင်မဲ့နေ့တစ်နေ့ပါပဲ။စာပေနှင့် စာနယ်ဇင်းထုတ်ဝေဖြန့်ချီခြင်းများလဲ ဒီနေ့မှာစတင်နိုင်ပါလိမ့်မယ်။

အလုပ်စီးပွားနဲ့ပတ်သက်ပြီးအားထည့်ရင် ထည့်သလောက်အကျိုးများတဲ့နေ့ရက်ပါပဲ။အထိုင်လုပ်ငန်းတွေဖြစ်ဖြစ်၊ မတည်ငြိမ်လှုပ်ရှားရတဲ့အလုပ်တွေပဲဖြစ်ဖြစ်၊ အလုပ်နဲ့ပတ်သက်ပြီးတော့ တော် တော်များများ အဆင်ပြေပါတယ်။ ရေထွက်ပစ္စည်းနှင့်ပတ်သက်သော ငါးလုပ်ငန်းများ၊ပုစွန်လုပ်ငန်း၊ပင်လယ်စာလုပ် ငန်းများလဲ အထူး အဆင်ပြေ ပါတယ်။

ဒီနေ့ဟာစန်းကောင်းတဲ့နေ့ရက်ဖြစ်တာကြောင့် ၇ရက်သားသမီးများ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင် မှုတွေပိုလာတတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်သောယတြာအစီအရင်များလဲဆောင်ရွက်လို့ကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၅၀)နာရီမှ ည(၂၂း၄၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  မိဿစန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအခက်အခဲ တွေကိုကောင်းစွာကျော်လွှားနိုင်ကြသူတွေဖြစ်တယ်။ မိသားစုကိုကောင်းစွာထောက်ပံ့ပြီးတော့ အပြင်လူတွေကို တော့ အတ္တဆန်ဆန် ဆက်ဆံတတ်ကြသူတွေဖြစ်ပါတယ်။ မိမိအပေါ်မဟုတ်တာလုပ်တဲ့သူတွေကို ပြန်လည် ကလဲ့စားချေလို စိတ်ရှိကြသူတွေဖြစ်ပါတယ်။ငယ်ရွယ်စဉ်ကာလကတည်းက ဘဝအဆင်ပြေမှုအောင်မြင်မှုတွေကိုထိတွေ့ခွင့်ရပါလိမ့် မယ်။ ကျေးဇူးရှိသူတွေကို မေ့မထားဘဲ တတ်နိုင်သလောက်ကူညီပေးခြင်းဖြင့် တစ်သက်တာကံကောင်းစေမဲ့ဇာတာရှင် ပဲဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၁) နာရီမှ မွန်းလွဲ(၁း၃၃)နာရီအတွင်း ကျရောက် နေပါ  တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် အသားရောင်   များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၇၊ ၉)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ မြေပဲကြော် စားသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ရုတ်တရက်စိုင်ကော်လို့ ခြုံပေါ်ရောက်တဲ့ အခြေအနေမျိုးတွေကြုံ ရတတ်ပါတယ်။ အလုပ်တွေမှာလဲ ထင်ထားသည် ထက်ပိုမိုတိုးတတ်လာပါလိမ့်မယ်။ အလုပ်ရှာနေသူများ အလုပ် ကောင်းကောင်းရလွယ်ပါလိမ့်မယ်။ ကျန်းမာရေး ကတော့ အထူးပဲအဆင်ပြေပါလိမ့်မယ်။ ခံစားနေရ တဲ့ဝေဒနာ တွေကို ကောင်းစွာသက်သာ လာပါလိမ့်မယ်။  ဝေးကွာ နေသူတွေနဲ့ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ မိမိစတင်ချင် တဲ့လုပ်ငန်းတွေအတွက် စတင်ထားခြင်း ၊တစ်ဦး တစ်ယောက် နဲ့ ဒါမှမဟုတ်ကုမ္ပဏီတစ်ခုနဲ့ လက်တွဲ လုပ်ကိုင် ခြင်းများ အလွန်ပဲရေရှည်အတွက်ကောင်းပါတယ်။

တနင်္လာ

ကျန်းမာရေးဆေးစစ်၊ဆေးစားလို့အထူးကောင်းပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး မိမိထင်ထားသည်ထက် ပိုမို တိုးတတ် အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။  စွန့်စားလုပ်ကိုင်နိုင်သူတွေ ရဲရဲရှေ့တိုးကျသူတွေပိုမိုအောင်မြင်ပါ တယ်။ မိမိတတ် သိထားတဲ့ပညာတွေကိုလဲ ပေးဝေလို့အထူးကောင်းပါတယ်။ စိတ်ချမ်းသာနေတတ်သလို စိတ်လဲရှင်းနေတတ်ပါတယ်။ စက်ပစ္စည်းတွေဝင်လာတတ်ပါတယ်။ ရွှေဝယ်မယ်ဆိုရင် လဲ အထူးသင့်တော်ပါတယ်။ မိမိစိတ်ကူးလေးတွေကို အဝေး ထိရွက်လွင့်လိုက်ပါ။ အကြံဉာဏ်ကောင်း တွေရရှိပါ လိမ့်မယ်။ ချေးငှားထားတာလေးတွေရှိနေရင် ပြန်လည်ပေးဆပ် နိုင်ပါလိမ့်မယ်။

အင်္ဂါ

မိမိလုပ်ချင်တဲ့ စီးပွားရေးတွေကို အားထည့်လုပ်ဆောင် လို့ သင့်တော်တဲ့နေ့ရက်ပါပဲ။ စိတ်ချမ်းသာ၊ကို ယ်ကျန်းမာခြင်း တွေလဲ အထူးကြုံနေရတတ်ပါတယ်။ ရပ်ဝေးကိစ္စများ ၊နယ်ဝေးကိစ္စများ နှင့် နိုင်ငံရပ်ခြားနဲ့ပတ်သက် သောကိစ္စများ အလွန်ပဲကောင်းနေတဲ့နေ့ရက်ပါပဲ။ပြုပြင်ထိန်းသိမ်း ရတဲ့အလုပ်များနှင့် အနုစိပ်အသေးစိပ်အလုပ်များ ပိုမို အကျိုးဖြစ်ထွန်းပါ လိမ့်မယ်။ ဆန့်ကျင်ဘက်လိင်တွေရဲ့ အကူအညီတွေအများကြီးရ လာတတ်ပါတယ်။ စက်ပစ္စည်း များ ဝယ်ယူမယ်ဆိုရင်တော့ ဒီနေ့ကဝယ်ယူလို့အလွန်ပဲ သင့်တော်တဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးအတွက်လဲ စိတ်ချမ်း သာ ရပါ လိမ့်မယ်။

ဗုဒ္ဓဟူး၊ရာဟု

ကံကောင်းခြင်းတွေအဆင်ပြေခြင်းတွေကိုအထူးကြုံရ တတ်ပါတယ်။ငွေရှာလို့ကောင်းတယ်။ ငွေလဲစုဆောင်းနိုင် ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်တဲ့အတွေးအခေါ်ကောင်း တွေရရှိမဲ့နေ့ရက်လဲဖြစ်ပါတယ်။ ကျန်းမာရေးလဲအလွန် ကောင်းနေပါလိမ့်မယ်။  မင်္ဂလာကိစ္စများ၊ အလှူအတန်း ကိစ္စများအတွက်အစီအစဉ်ဆွဲလို့ကောင်းတဲ့နေ့ရက်ပါပဲ။ အရည်နှင့်ပတ်သက်သောစီးပွားရေးအလုပ်များ အထူး တိုးတတ်ပါလိမ့်မယ်။ မိခင်ဆီမှဒါမှမဟုတ်အကြီးအကဲ အမျိုးသမီးတစ်ဦးဆီကအကူအညီကောင်းတွေရ လာတတ်ပါ တယ်။ချစ်သူသစ်ရနိုင်တဲ့နေ့ရက်လဲဖြစ်ပါတယ်။

ကြာသပတေး

မိမိအတွက်လိုအပ်ချက်တွေများနေတတ်ပါတယ်။ ငွေကြေး လိုငွေပြနေတတ်ပါတယ်။ အချစ်ရေးမှာ အခန့်မ သင့်ရင် ပြဿနာအကြီးကြီးဖြစ်သွားရတတ်ပါတယ်။အလုပ်တွေကို တော့ အားစိုက်ထားပါ။ အလုပ်တွေများ လာနိုင်တဲ့နေ့ရက် မို့ပါပဲ။ အနုပညာနဲ့နွယ်သောအလုပ်မှန်သမျှအခက်အခဲ တွေကိုအရင် ဆုံးရင်ဆိုင်ပြီးမှအောင်မြင်တတ်ပါတယ်။ အလုပ်ခွင်အတွင်း စီနီယာတွေနဲ့အဆင်ပြေပြေဆက်ဆံနိုင် ဖို့လိုပါတယ်။ ကျန်းမာရေးအားနည်းချက်တွေများ နေ တတ်ပါတယ်။ အများနဲ့တွဲဖက်လုပ်ကိုင်ခြင်းထက်တစ်ဦး တစ်ယောက် ထဲလုပ်ရတဲ့အလုပ်တွေက ပိုမိုတိုးတတ်နိုင်ပါ လိမ့်မယ်။

သောကြာ

ငြိမ်နေတာအကောာင်းဆုံးပါပဲ။ ထိုင်နေတာအကောင်းထ သွားမှကျိုးမှန်းသိဆိုတာမျိုးဖြစ်တတ်ပါတယ်။ ကြီးမား တဲ့ ဆုံးဖြတ်ချက်တွေကိုချမှတ်လို့မသင့်တဲ့နေ့ရက်ပါပဲ။  အလုပ်တွေမှာ ဖိအားများနေရတတ်ပါတယ်။အကြ ပ်အတည်း တွေကြားကအောင်မြင်အောင်စွမ်းဆောင်နိုင်ဖို့လဲ လို ပါတယ်။ ဘာလုပ်လုပ် တိုင်တိုင်ပင်ပင်နဲ့ အဖြေရှာပြီးမှလုပ် သွားစေချင်ပါတယ်။ အချစ်ရေးမှာယုံကြည်မှုကို ရိုက်ချိုး ခံရတတ်ပါတယ်။ ကျန်းမာရေး ကတော့ ရေချိုးဆင်ခြင်ပါ။ ဒီနေ့မှာရောင်းမှားဝယ်မှားဖြစ်ရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး အားထုတ် လုပ်ကိုင်ခြင်းများ ထင်တိုင်း မပေါက်ဖြစ်ရတတ်ပါတယ်။

စနေ

စိတ်ကူးထားတာလေးတွေအကောင်အထည်ဖော်စေ ချင်ပါတယ်။ စိတ်ကူးနဲ့လက်တွေ့ထပ်တူကျနိုင်တဲ့ နေ့ရက် ပါပဲ။ လူများများကိုမိမိအလိုပါလာအောင် သိမ်းသွင်း စည်းရုံးနိုင်ပါလိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူ တွေကတော့ ဒီနေ့မှာပိုမိုအောင်မြင်အောင်စွမ်းဆောင် နိုင်ပါလိမ့်မယ်။ လူမှုရေးကိစ္စတော် တော်များများအဆင် ပြေပါလိမ့်မယ်။ မိဘတွေဆီကအကူအညီတွေကိုလဲ ရလာ တတ်ပါတယ်။ကျန်းမာရေး အားနည်းချက်မရှိသလောက် ရှားပါတယ်။ အလုပ်အတွင်းမိသားစုဆန်ဆန်လုပ်ကိုင် ပေးခြင်းဖြင့် ပိုမိုအောင်မြင်မှု တွေရလာတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

13.September.2022တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၄)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၀၅း၅၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၄၁)နာရီဖြစ်ပြီး ၊ ညနေ(၀၅း၂၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အမြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ အရနွားမြေခံဖြစ်ပါတယ်။ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

တီထိမြေခံ အရ နေ့လယ်၁၁နာရီခွဲကစလို့သောကြာမြေခံဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင် နေ့တာမို့ မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီအတွင်းအချိန်အခါရွေး ပြီးဆောင်ရွက်ဖို့လိုပါတယ်။

ဒီနေ့ဟာ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မနက် ၁၁နာရီခွဲထိ လဆုတ်တီထိ ၃လုံး၊ကျော်ရင် လဆုတ်တီထိ ၄လုံးရိတ္တတီထိကူး ပြောင်းပါလိမ့်မယ်။အဝတ်အစားနှင့်ပတ်သက်သောကိစ္စများ၊စာပေအနုပညာနှင့်ပတ်သက်သောအလုပ်များ၊အသင်းအဖွဲ့ဝင် ရောက်ခြင်းကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ ခရီးကိစ္စများလဲဆောင်ရွက်လို့သင့်ပါတယ်။ ကုန်သွယ်စီးပွား များလဲ အထူးတိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဆိုင်းဘုတ်လုပ်ငန်းများ၊ တံဆိပ်ရိုက်လုပ်ငန်းများ၊ ကြော်ငြာနှင့်ပက်သက်ပြီးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းများအဆင်ပြေနိုင်တဲ့နေ့ရက်ပါပဲ။

            ကိုယ်ကလုပ်ငန်းရှင်ဆိုပါက ဝန်ထမ်းတွေနဲ့Meeting ထိုင်ပြီးတော့လုပ်ငန်းအတွက်လိုအပ်ချက်များကို ဆွေးနွေးခြင်းများ၊လုပ်ငန်းမကျွမ်းကျင်တဲ့သူတွေကိုဆိုင်ရာသင်တန်းတွေပေးခြင်းများပြုလုပ်နိုင်ပါတယ်။ ပရဟိတ အလုပ်များ၊ဥယျဉ်ခြံအလုပ်များအထူးအကျိုးပေးတာမျိုးလဲတွေ့ရပါတယ်။ ဒီလိုနေ့ရက်ဟာ ဓားလှံလက် နက်ထုတ် လုပ်တဲ့လုပ်ငန်းတွေ၊ခဲယမ်းမီးကျောက်နှင့် ဗျောက်အိုးထုတ်လုပ်တဲ့ အလုပ်တွေ၊အရက်နှင့်အဖျော် ယာမကာအလုပ် တွေ ပိုမိုအဆင်ပြေတတ်ပါတယ်။

လျှပ်စစ်နှင့်ပတ်သက်သောအလုပ်များအဆင်ပြေကောင်းမွန်တာအထူးတွေ့ရပါတယ်။အတိတ်ကံရဲ့ကောင်းကျိုးတွေကို ပြန်လည်ခံစား ရတဲ့နေ့ရက်ဖြစ်တာကြောင့် ထီကံစမ်းခြင်း၊ကုသိုလ်တွေနဲ့ မိမိကံကိုပိုမိုမြှင့်တင်ခြင်းများ အထူးဆောင်ရွက် နိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေ ရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦး တွေကို စတင်ဆောက်လုပ်တာ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစဖြစ် လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၅၄)နာရီမှ (၂၂း၄၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့မနက် ၉နာရီခွဲမှာ ၁၁နာရီခွဲအတွင်း အရာရာကိုသတိနဲ့ဆောင်ရွက်လုပ်ကိုင်သင့်ပါတယ်။ ဒီလိုနေ့မျိုးမှာတော့ ငွေကြေးနဲ့ပတ်သက်ပြီးပြောဆိုဆောင်ရွက်ရမဲ့ကိစ္စတွေအထူးရှောင်ပါ။ ပညာရှိစကား၊တရားစကားဆိုပေမဲ့ လူမိုက် ကြားရင်နားခါးတယ်ဆိုသလို မလိုအပ်ဘဲ ဘာသာရေးစကား၊အောင်မြင်ရေးစကား ချိန်ဆပြောကြပါ။ လက်ကား စီးပွားရေးများ မလိုအပ်တာတွေကို ဝယ်လှောင်မိတတ်တဲ့နေ့ရက်ပါပဲ။ စက်ကားနှင့် ယန္တရားမောင်းနှင်သူများ၊ ပြိုင်မောင်းကြတာ၊ စိတ်ဆိုးပြီး စက်ကိုင်ကြမ်းတာတွေသတိရှိပါ။ အန္တရာယ်ဖြစ်တတ်ပါတယ်။အွန်လိုင်းကနေ ဝယ်ယူထားသောပစ္စည်းများ သေချာစစ်ဆေးပြီးမှလက်ခံပါ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊  မိန်စန်း၊ မနက် ၁၀နာရီခွဲကျော်ရင် စန်းက မိဿရာသီကူးပြောင်းသည်။ သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အားငယ်စိတ်တွေ၊ဖြစ်ပါ့ဖြစ်ပါ့မလားဆိုတဲ့စိတ်တွေ ရှိနေတတ်သူပါ။ ဆင်းရဲနွမ်းပါးတဲ့ မိဘဆီမှာဝင်စားရင် သိမ်ငယ်စိတ်က ပိုများသွားတတ်ပါတယ်။ အများကအသိအမှတ်ပြုခံရတာမျိုး တွေအားနည်းပြီးတော့ မိမိကိုယ်စွမ်းကိုယ်စ ထုတ်ပြမှသာ လူအများအထင်ကြီးခြင်းကိုခံရပါလိမ့်မယ်။ သိမ်ငယ်စိတ်ကို ဖျောက်ပြီးကြိုးစားနိုင်သူတွေကတော့ အသက် ၂၈လောက်ကစပြီးသိသာထင်ရှားစွာအောင်မြင်မှုရတတ်ပါတယ်။ သတိပေးလိုတာက ဘဝတစ်လျှောက်လုံး အားနာစိတ်ရယ်၊ အဆင်ခြင်မဲ့ပေးကမ်းတာမျိုးရယ်ကို အထူးရှောင်ပါ။

ဒီနေ့အတွက်ရာဟုကာလအမှောင်ချိန်တွေကတော့ညနေ(၀၃း၀၅)နာရီမှ(၀၄း၃၇)နာရီအတွင်း ကျရောက်နေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင် နှင့် အနီရောင်       များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၅၊ ၇၊ ၉)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်သုပ်စားသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ စမူဆာ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

စိတ်ထဲဖြစ်ချင်တာတွေများနေတတ်ပါတယ်။ဟိုကလဲလုပ်ချင် ဒီဟာလဲလုပ်ချင်နဲ့စိတ်တွေဒွိဟဖြစ်နေတတ်ပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်ပြီးအနည်းငယ်ပူပန်ရတတ်ပါတယ်။ ထိခိုက်ရှနာဆိုတာမျိုးလဲဖြစ်လွယ်တဲ့နေ့ရက်ပဲ ဖြစ်ပါ တယ်။အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသူများ သတိထားလုပ်ကိုင်ဆောင်ရွက်စေချင်ပါတယ်။ အောက် လက်ငယ် သားတွေ မိမိဝန်ထမ်းတွေကိုထိန်းချုပ်ရခက်ခဲ နေတတ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်ရတဲ့ကိစ္စ တော်တော် များများ အဆင်ပြေဖို့အတွက် အဓိကတော့ စိတ်ရှည် ရပါလိမ့်မယ်။ ဆွေမျိုးသားချင်းတွေကြောင့် စိတ်ညစ်စိတ်ပျက်ရ တတ်ပါတယ်။

တနင်္လာ

အလုပ်ကံ၊စီးပွားကံတွေကောင်းနေပေမဲ့ လူမှုရေးနှင့် ပတ်သက် သောအရှုပ်အရှင်းတွေဖြစ်ရတတ်ပါတယ်။ သား သမီး တွေရဲ့ပြဿနာတွေကို ဖြေရှင်းပေးနေရတတ်ပါ တယ်။ဆွေမျိုးသားချင်းတွေကြောင့်စိတ်ညစ် စိတ်ပျက် ရတတ် ပါတယ်။အတူနေညီအကိုမောင်နှမတွေနဲ့ အဆင်မပြေ တာမျိုးဖြစ်လွယ်တာပါ။ ဉာဏ်ဝီရိယတွေစိုက်ထုတ် မှပဲအဆင် ပြေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အားနည်း ချက်တွေများတယ်။ စိတ်ထောင်းကိုယ် ကြေဆိုသလိုစိတ် ညစ် စိတ် ရှုပ်ရာကနေကျန်းမာရေးပါအားနည်းသွားတတ် ပါတယ်။စိတ်ကူးကောင်းတွေရပေမဲ့အကောင်အထည် ဖော်လို့ မသင့်တဲ့နေ့ ရက်ပါပဲ။

အင်္ဂါ

စိတ်ထဲလိုချင်နေတဲ့အရာတွေကိုရလာတတ်ပါတယ်။ဒီနေ့မှာအညီအမျှခွဲဝေယူရတဲ့ကိစ္စတွေအဆင်ပြေတတ် ပါတယ်။ ဒါကြောင့်အမွေကိစ္စတော်တော်များများဆောင်ရွက် လို့အဆင်ပြေပါလိမ့်မယ်။ လူအများအပေါ်ချင့်ချိန်ပြီးယုံပါ။ ကူညီတာ ကနည်း နည်း သူ့အတွက်အမြတ်ထုတ်သွား တာကများများဖြစ်ရတတ်ပါတယ်။ ငွေကံပိတ်နေသူများ ပြန်ပွင့် လာတတ်ပါတယ်။ အဆောင်လက်ဖွဲ့များစတင် ဆောင်လို့အထူးပဲသင့်တော်ပါတယ်။ ကျန်းမာရေးအနည်းငယ် ချူခြာ မည်။ ပညာရေးနဲ့ပတ် သက်ပြီး အားထည့် လို့အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။ ကံအကောင်းအဆိုးမျှတဲ့နေ့ရက်လဲ ဖြစ် ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်တွေကိုကောင်းမွန်တိုးတတ်အောင်စွမ်းဆောင် နိုင်ပါလိမ့်မယ်။ စာမေးပွဲကိစ္စတွေ၊ ပညာရေးကိစ္စတွေမှာအား အကောင်းဆုံးအနေအထားတွေ့ရတယ်။ငွေစုဆောင်း ခြင်းတွေ၊ ရင်းနှီးမြုပ်နှံခြင်းတွေအထူးအားရဖို့ကောင်းတဲ့နေ့ ရက်ပါပဲ။ လုပ်သင့်တာတွေကိုပိုမိုကောင်းမွန်အောင်စွမ်း ဆောင်နိုင်ပါလိမ့်မယ်။ လူအများရဲ့အထင်ကြီးလေးစား ခြင်းကိုခံရတတ်ပါတယ်။ တရားရှုမှတ်ခြင်း၊သမထထိုင်ခြင်း ပရိပဋ္ဌာန်းရွတ်ခြင်းများအလေးပေးဆောင်ရွက် လို့ကောင်း ပါတယ်။ အခက်အခဲတွေမရှိဘဲ လုပ်တိုင်းဖြစ်မဲ့ နေ့ရက် ပါပဲ။ ကျန်းမာရေးအတွက်လဲစိတ်ချမ်းသာရပါလိမ့်မယ်။ မိမိလိုချင်တာတွေကို ရလာတတ်ပါတယ်။

ကြာသပတေး

မိမိဖြစ်ချင်တဲ့ကိစ္စတွေကိုကောင်းစွာအလေးထား ဆောင်ရွက်နိုင်ပါလိမ့်မယ်။ မိမိအခက်အခဲတွေကို ကူညီ ဖြေ ရှင်းပေးမဲ့ မိတ်ဆွေဆရာသမားတွေလဲ ရှိနေတတ်ပါ တယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ အထူးကျန်းမာ လန်း ဆန်း နေတတ် ပါတယ်။ လာဘ်ရွှင်မယ်။စန်းပွင့်မယ် ။ဒါကြောင့်ဒီနေ့ဟာ လူတော်တော်များများရဲ့ချစ်ခင်ခြင်း ခံရနိုင် သလို ငွေရှာလို့လဲကောင်း ပါတယ်။ အိမ်ထောင်ရေး သာယာနိုင်သလို အချစ်ရေးအတွက်လဲ စိတ်ချမ်းသာရပါ လိမ့် မယ်။စုတ်လဲဝင်လာတတ်တဲ့အတွက် အိမ်ထောင် သည်ဆို ဆင်ခြင်နေထိုင်ဖို့ သင့်ပါတယ်။အမှတ်ရစေမဲ့ ခရီးမျိုးတွေ သွား ရတတ် ပါတယ်။

သောကြာ

ပျင်းတဲ့သူတွေအလွန်မှစိတ်ညစ်ရတတ်ပါတယ်။ မိမိအတွက် အလုပ်တွေတာဝန်တွေတာဝန်တွေများလာတတ်ပါ တယ်။ ကိုယ်ပိုင်အလုပ်များကတော့အလွန်မှအဆင်ပြေတိုး တတ်ပါတယ်။အရောင်းအဝယ်တွေအဆင်ပြေတိုး တတ် နိုင်ပါလိမ့်မယ်။ ငွေကြေးကတော့လိုအပ်နေသေးပါတယ်။ အလုပ်အတွက်ငွေထပ်ထည့်ချင်ပေမဲ့ ငွေတွေမြုပ်နေ တတ်ပါ တယ်။ အလုပ်ခွင်အ တွင်းစိတ်ကူးအယူအဆတွေ ကောင်းမွန်တာကြောင့် သူများထက်သာအောင်စွမ်း ဆောင်နိုင်ပါလိမ့်မယ်။ အလုပ်ကောင်းပေမဲ့ အသုံးများနေ တာကြောင့် အဖတ်မတင်ဖြစ်ရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့ အထင်လွဲခြင်းခံရတတ်ပါတယ်။

စနေ

အလုပ်တွေကိုကောင်းစွာတိုးတတ်အောင်စွမ်းဆောင်နိုင်ပါ လိမ့်မယ်။တစ်ပါးသူတွေနဲ့မျက်နှာမလွှဲဘဲသေချာဆောင် ရွက်ဖို့လိုပါတယ်။လူယုံတွေကြောင့်ဒုက္ခရောက်လွယ် လို့ပါပဲ။ စိတ်ပျက်အားလျော့နေလို့မရပါဘူး။ ချစ်ခြင်းတရား တွေရဲ့ လေးနက်မှုတွေကိုခံစားသိရှိပါလိမ့်မယ်။မိသားစု အတွင်း မပြေလည်စရာကိစ္စတွေရှိနေရင်တော့ ကောင်းစွာ ဖြေရှင်း နိုင်ပါလိမ့်မယ်။ အလုပ်တွေထင်တိုင်းမပေါက် တာ၊နှောင့်နှေးတာမျိုးတွေတော့ဖြစ်ရတတ်ပါတယ်။ ကျန်းမာ ရေး ကောင်းနေပေမဲ့ အနည်းလူနုန်းနေသလို ခံစားရ တတ်ပါတယ်။ ဝန်ထမ်းများ လက်ရှိအလုပ်ကနေ ပြောင်းဖို့ ရွှေ့ ဖို့စဉ်းစားနေမိတတ်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695