loading

Author: Nyein Aye Lu

22.August.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်းအကျဉ်း

22.August.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဝါခေါင်လဆုတ်(၁၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၆)နာရီဖြစ်ပြီး၊ ညနေ(၆း၂၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင်နေ တာမို့ ရှောင်လိုက်တာကပိုကောင်းပါ တယ်။

ဒီနေ့ဟာ သမားညို၊ သမားဖြူ၊ ဝါရမိတ္တုငယ် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ ၁၁လုံးဖြစ်ပြီးတော့ ပျော်ရွှင်မှုတွေ၊ ကြွယ်ဝမှုတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ မိမိအတွက်လိုအပ်သောအိမ်ထောင်ပရိဘောဂပစ္စည်းတွေဝယ်ယူလို့ အထူး ကောင်းတဲ့နေ့ ရက်ပဲဖြစ်ပါတယ်။ မိမိမီးဖိုးချောင်သုံးပစ္စည်းများ၊ လိုအပ်တဲ့စားနပ်ရိက္ခာများကိုလဲ ဝယ်ယူထား မယ်ဆို ဒီနေ့ကသင့် တော်ပါတယ်။ခရီးကိစ္စများ၊အလုပ်ကိစ္စများ စီစဉ်ရန်ကောင်းမွန်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဋ္ဌာနဆိုင်ရာတွေနှင့်ပြော ဆိုဆက်ဆံလုပ်ကိုင်ရသောအလုပ်တွေကအဆင်ပြေတိုးတတ်မှုတွေရှိပါလိမ့်မယ်။ လက်မှု ပညာဖြင့် ပြုလုပ်ထား သောပစ္စည်းများအရောင်းအဝယ်သွက်ပါလိမ့်မယ်။

            ဒီနေ့ဟာအလှကုန်ပစ္စည်းဖြန့်ချီခြင်းတွေ၊ငွေကြေးချေးငှားခြင်းတွေ၊ကုမ္ပဏီထူထောင်ခြင်းတွေအထူးပဲစတင် လို့ကောင်းတဲ့နေ့ရက်ပါပဲ။ လှေကားတင်ခြင်းကိစ္စတွေကိုလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက် တဲ့ခရီးစဉ်ပဲဖြစ်ဖြစ်၊ အခြားအပျော်ခရီးတွေပဲဖြစ်ဖြစ် ခရီးကိစ္စတွေစတင်လို့ အထူးကောင်းနေပါပြီ။

စက်ယန္တရားပြုပြင်ခြင်းအလုပ်များ၊ဝပ်ရှော့များအဆင်ပြေအောင်မြင်မှုတွေရတတ်ပါတယ်။ သယ်ယူ ပို့ဆောင်ရေး အလုပ်တွေ၊ ချောပို့အလုပ်တွေအောင်မြင်မှုတွေရတတ်ပါတယ်။ အတိုက်အခိုက်တွေကို မျက်ကွယ်ပြုတတ်သူတွေ ဆိုရင်တော့ အောင်မြင်မှုတွေကိုပိုမိုရရှိတတ်ပါတယ်။ ရာဂနဲ့ပတ်သက်သောအရှုပ် အထွေး တွေမရှိအောင် ထိန်းသိမ်းသင့်တဲ့နေ့ရက်ပါပဲ။

            ယနေ့တွင် မင်္ဂလာကိစ္စများကို ဆောင်ရွက်ရန်မသင့်ပါ။ ပြဿနာအခက်အခဲများကို ဖြေရှင်းရန် ရက်ကောင်း ဖြစ်သည်။ ရသင့်ရထိုက်သော ငွေကြေးများ ပြန်လည်တောင်းခံရန် ရက်ကောင်းဖြစ်သည်။ ရပ်ဝေးနှင့် ဆက်စပ် သော လုပ်ငန်းတို့မှ ထူးခြားသော အကျိုးဆက်ကောင်းများ ရရှိမည်။ ကျန်းမာရေးအညံ့ကြုံက မပေါ့ဆအပ်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၂၃း၂၁)နာရီမှ (ဝဝး၁၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊ မေထုန် စန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအတွေး အခေါ်အလွန်ကောင်းတယ်။စူးစိုက်မှုတွေအားကောင်းတယ်။ အနာဂတ်ကိုခိုင်ခန့်လှပအောင် တည်ဆောက်မှုတွေ လုပ်ဆောင်နိုင်တဲ့ဇာတာရှင်ဖြစ်လိမ့်မယ်။ မိဘလက်ငုတ်ထက် ခေတ်မီဆန်းသစ်တဲ့ အသက်မွေးဝမ်းကျောင်းကိုသာ ဆောင်ရွက်လိုတာမို့ မိဘလက်ငုတ်ကို လက်ဆင့်ကမ်းမယ်ဆို ဒီကလေးအတွက်ခက်ခဲတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၇း၂၅) နာရီမှ မနက်(၈း၅၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္လာ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် ရွှေအိုရောင်များများပါသောအဝတ်အစားအသုံးအဆောင် ပစ္စည်းတွေကိုအထူး အလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။           

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၅၊၈၊၄)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ ဖိနပ်ကိုသေချာစွာ သန့်ရှင်းရေး လုပ်ပြီးမှ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဆန်ခေါက်ဆွဲ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

ပင်ပန်းတာမျိုး၊စိတ်ညစ်တာမျိုးတွေကိုကြုံရတတ်ပါတယ် ။သူများတွေကိုအားကိုးလို့မရဘဲ ကိုယ့်ဒူးကိုယ်ချွန် ကြိုး စားရ တတ်ပါတယ်။ မှန်ကန်တဲ့စကားကိုပြောတာတောင်မှ အချိန်အခါကြည့်ပြီးမှပြောသင့်တဲ့နေ့ရက်ပါပဲ။ ဥပဒေ နှင့်မလွတ်ကင်းတွေကိစ္စတွေဒီနေ့လုပ်မိရင် ဒီနေ့ဟာချက်ချင်း ဒုက္ခရောက်ရတတ်ပါတယ်။ အထက်လူကြီးအတိုက် အခံမလုပ်မိဖို့လိုအပ်ပါတယ်။ ဒီနေ့ဟာမိမိရဲ့ ဉာဏ်ဝီရိယကို စိုက်ထုတ်ပြီး လုပ်ကိုင်စေချင်ပါတယ်။မိမိလုပ်ငန်း အတွက်လုပ်ချင်တဲ့ကိစ္စတွေကိုလက်တွေ့ အကောင်အထည်ေ ဖာ်ဖို့ နှောင့်နှေး ကြန့်ကြာမှု တွေဖြစ်ရတတ်တဲ့ ကာလပါပဲ။

တနင်္လာ

စီးပွားရေးကတော့အဆင်ပြေပါလိမ့်မယ်။ မိမိစိတ်ထဲက အတိုင်းဖြစ်လာပါလိမ့်မယ်။ အလုပ်တွေအဆင်ပြေနေတာ ကြောင့် စုတ်ကိစ္စနဲ့ပတ်သက်ပြီး သတိထားရှောင်ပါ။ မိမိ ကိုယ်အရောဝင်ချူစားမဲ့သူမျိုးနဲ့ ကြုံရတတ်ပါတယ်။ မိတ်ဆွေကောင်း၊သူငယ်ချင်းကောင်းတွေထံကအကူအညီတွေ အလွန်မှရလိမ့်မယ်။ ဈေးရောင်းသူများ ရောင်းပန်း ဝယ်ပန်းတွေပွင့်လာပါလိမ့်မယ်။ ပညာရေးကတော့ အားနည်း ချက်တွေရှိနေတတ်ပါတယ်။ ဆရာသင်ပြတာ တွေနား မလည်နိုင်ဖြစ်ရပါလိမ့်မယ်။ ကျန်းမာရေးဂရုစိုက်အပ်တဲ့ နေ့ရက်များပါပဲ။ ဒိတ်လွန်နေတဲ့အစားအသောက် များ နဲ့ ယင်နားစာများမစားမိ စေဖို့သတိရှိပါ။

အင်္ဂါ

လမ်းများများလျှောက်ပေးပါ။ အထိုင်များရာကနေမိမိ အတွက်ဆီးချုပ်ဝမ်းချုပ်ဖြစ်ရတတ်ပါတယ်။ အလုပ်စီးပွား နဲ့ပတ်သက်ပြီးချဲ့ထွင်လုပ်ကိုင်တာမျိုးတွေ မလုပ်သင့် သေးပါဘူး။ မိမိသားသမီးတစ်ဦးအဝေးထွက်ပြီးအ လုပ်လုပ် တာမျိုးတွေကြုံနေရတတ်ပါတယ်။ အလှအပနဲ့ပတ် သက်ပြီးငွေကုန်ရပါလိမ့်မယ်။ ပညာပေးဝေလို့မကောင်းသေး တဲ့နေ့ရက်ပါပဲ။ တန်းခွဲသစ်များစတင်ဖွင့်ခြင်း၊တပည့် လက်ခံခြင်းမျိုးတွေဒီနေ့မှာရှောင်ပါ။ အိမ်ထောင်ရေး ပြဿ နာကို အကြမ်းနည်းနဲ့ မရှင်းဘဲစိတ်ရှည်ရှည်ထားပြီး ရှင်းမှ အဆင်ပြေအောင်မြင်ပါလိမ့်မယ်။

ဗုဒ္ဓဟူး၊ရာဟု 

စိတ်ကူးအယူအဆတွေကတစ်ဖက်စွန်းရောက်နေတတ်ပါ တယ်။မိမိအတွက်အဆင်ပြေပြီးတစ်ပါးသူတွေဒုက္ခ ရောက်ရမဲ့စိတ်ကူးတွေဖြစ်နေတတ်ပါတယ်။အိမ်ထောင်ရေးမှာ တစ်ကွဲတစ်ပြားစီဖြစ်နေတတ်ပါတယ်။အလုပ် တွေ က တော့ အလုပ်သစ်ကိုအားမပေးပါဘူး။ အလုပ်သစ်စရင်အဆင် ပြေဖို့မလွယ်သေးတဲ့နေ့ရက်ပါပဲ။ ချစ်သူအပေါ် စိတ် ကုန်နေမိတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ရိုးရိုးသားသား ရှာဖွေသူတွေငွေအထူးဝင်ပါလိမ့်မယ်။ ကျန်းမာရေး ကတော့ ဒီနေ့မှာအထူး ကောင်းပါတယ်။ လူကျန်းမာပေမဲ့ စိတ်ပင်ပန်းရတတ်ပါတယ်။မိဘတွေနဲ့ ဆန့်ကျင်ဘက် အလုပ်တွေ လုပ်နေမိတတ်ပါတယ်။

ကြာသပတေး

မိမိအတွက်အနည်းငယ်စိတ်ပင်ပန်းရတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး တဖက်ကအာဏာပါဝါရှိသူတွေနဲ့ ဆက်ဆံရတတ်ပါတယ်။ ဌာနဆိုင်ရာပက်သက်ပြီး ဝင်ထွက်လုပ် ကိုင်ရတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း စည်း ကမ်း ဖောက်ဖျက်မှုကြောင့် အပြစ်ပေးခံရတာမျိုးလဲ ကြုံရတတ်ပါ တယ်။ မိမိစိတ်ကူးခံစားချက်နဲ့လုပ်ရတဲ့ အနုပညာ အလုပ်များကတော့ ဒီနေ့မှာအဆင်ပြေတိုးတတ်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ခြူခြာ နိုင်ပါတယ်။ ဗိုက်အောက်ဗိုက်နာဖြစ်လွယ်ပါတယ်။ အများနဲ့စုပေါင်းလုပ် ကိုင်မှု တွေက အောင်မြင်မှုတွေကို ရရှိပါလိမ့်မယ်။

သောကြာ

လုပ်သမျှအဆင်ပြေခြင်း၊ကြံစည်သမျှအောင်မြင်ခြင်းတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။ တွေးထားသမျှလက်တွေ့အ ကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ပြီးမိမိ စွမ်းဆောင်ရည်ကြောင့်အသိအမှတ် ပြုခြင်း ခံရပါ လိမ့်မယ်။ ကိုယ်ပိုင်စီးပွားများတိုးတတ်နိုင်သလို ဆိုင်အတွက်လို အပ်တဲ့ကုန်တွေဝယ်ယူခြင်း၊သိုလှောင်ခြင်း များ စတင်လို့ကောင်းတဲ့နေ့ရက်ပါပဲ။အကြိမ်ကြိမ်အားစိုက်လုပ်ခဲ့တဲ့အလုပ်တွေကနေဝင်ငွေရလာတတ်ပါတယ်။ ဝေးနေ ကြတဲ့ မိသားစုဝင်တွေပြန်ဆုံရတတ်ပါတယ်။ ခေါင်းအေးအေး ဖြင့် အနာဂတ်အတွက်ကြံစည်စဉ်းစားခြင်းဖြင့် ရ လဒ် ကောင်းတွေရလာမဲ့နေ့ပါပဲ။

စနေ

ကံကောင်းနေတယ်လို့ခံစားရမဲ့နေ့မျိုးပါပဲ။ မိမိဖြစ်ချင်တာ လေးတွေဖြစ်လာတတ်ပါတယ်။ မိမိနဲ့ထိုက်တန်တဲ့ အခွင့် အရေးတွေရလာတတ်ပါတယ်။ အချစ်ရေးမှာတော့ ဇွဲဆု ရပြီး ချစ်ရသူဆီမှမိမိလိုချင်တဲ့အဖြေရလာ တတ်ပါ တယ်။ ခရီးကိစ္စများအဆင်ပြေတတ်ပါတယ်။ အွန်လိုင်းဖွင့်ထား တဲ့အလုပ်စီးပွားတွေကနေ ငွေအထူးဝင်လာတတ် ပါတယ်။ရန်လိုသူတွေ၊ အထင်လွဲနေသူတွေဆီက နားလည်မှု တွေပြန်ရပါလိမ့်မယ်။ ရပ်တန့်နေတဲ့အလုပ်တွေ ပြန်လည် လည်ပတ်ခွင့်တွေကြုံရတတ်ပါတယ်။ ထီဝါသနာပါသူများ ထီကံစမ်းလို့အထူး ကောာင်းတဲ့နေ့ရက်ပါပဲ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

 ၁၃၈၄ ခုနှစ်အတွက်တနင်္ဂနွေသားသမီးတစ်နှစ်စာဟောကိန်း

#၁၃၈၄ခုနှစ်အတွက်တနင်္ဂနွေသားသမီးတစ်နှစ်စာဟောကိန်း

တနင်္ဂနွေသားသမီးတွေက ဒီနှစ်ကံကို မျက်စိထဲမြင်အောင်ပြောရရင် တစ်ခုခုထမ်းပိုးပြီး လမ်းလျှောက် ဈေးရောင်းတဲ့ ခေါင်းရွက်ဖျက်ထိုးသည်နဲ့ တူပါတယ်။ မပေါ့ပါးဘူး။ တစ်ခုခုကိုလေးလံစွာ ထမ်းပိုးပြီး လျှောက်နေရ တဲ့နှစ်မျိုးပါပဲ။ မိသားစုထဲမှာဆိုလဲ မိသားစုတာဝန်တွေက မိမိပေါ်ကျလာတာမျိုး၊ ဝန်ထမ်းဆိုလဲ မိမိကို တာဝန် အလုပ်တွေပိုခိုင်းပြီး အချိန်ပြည့်အလုပ်များနေတာမျိုးဖြစ်တတ်တဲ့နှစ်ပါ။ အချို့အလုပ်ကြော်ငြာတွေလို ဖိအားတွေ အောက်မှာ လုပ်ကိုင်နိုင်သူဖြစ်ရမယ် ဆိုတဲ့စကားက ဒီနှစ်တနင်္ဂနွေသားသမီးတွေကို တင်စားပြောဆိုရမဲ့ နှစ်ပဲဖြစ်ပါတယ်။ ပင်ပန်းလိမ့်မယ်ပေါ့ဗျ။
ဒီနှစ်မျိုးဟာ တနင်္ဂနွေသားသမီးကံကြမ္မာက ဉာဏ်၊ဝီရိယဆိုတာထက် ကံကြမ္မာကသာ အလေးသာပြီးကံစီမံ ရာကို လွန်ဆန်ဖို့ ခက်ခဲနေတဲ့နှစ်လဲဖြစ်ပါတယ်။ ဒါကြောင့် ကုသိုလ်တရားတွေကို အမြဲတမ်းထုံမွှန်းထားသူတွေက တော့ဒီနှစ်မှာ ‌ကောင်းသောကံတွေဖြစ်လာပေမဲ့ ရတနာသုံးပါးကို မေ့နေသူတွေ အကုသိုလ်များသူတွေကတော့ဒီနှစ် မှာ အဆိုးများအညံ့များနိုင်တာကိုတွေ့ရပါတယ်။
အလုပ်ကံတွေကောင်းနေပေမဲ့ ပင်ပန်းမှုတွေနဲ့ တွဲပါနေတတ်တဲ့နှစ်ပါပဲ။ နားလည်အောင်ပြောရရင် ဒီနှစ်မှာ အချိုအချောင် ရစရာများမရှိပါဘူး။ နည်းနည်းလုပ်ပြီး များများလိုချင်သူတွေ၊ သူများကိုအညွှန့်ခူးစားကြသူတွေ၊ ရေပေါ်ဆီတွေ၊ခေါင်းပုံဖြတ်သူတွေ ဒုက္ခများနိုင်တာကိုတွေ့ရပါတယ်။ အလုပ်နဲ့ပတ်သက်ရင် ဝန်ထမ်းဆိုလဲ မိမိကို စောင့်ကြည့်ပြီး မိမိလုပ်သမျှဂုဏ်တု ဂုဏ်ပြိုင်နဲ့ ပြိုင်ဆိုင်သူတွေပေါနေတတ်ပါတယ်။ အေးဆေးနေသူ၊အားနာတတ် သူ၊နှိမ်ချသူဆိုရင် ပြိုင်ဆိုင်သူမရှိပေမဲ့ ‘’ဒီအလုပ်တွေကူပေးပါအုံး၊ဒီစာရင်းလေးတွေ လုပ်ပေးပါအုံး၊ ရက်ရှည်ခွင့် ယူမှာမို့ ငါ့ နေရာတာဝန်ယူပေးဖို့ လက်မှတ်ထိုးပေးပါအုံး..’’စတဲ့အနေအထားမျိုးတွေလဲ ကြုံရတတ်ပါတယ်။
ကိုယ် ပိုင်စီးပွားရေးလုပ်ငန်းများ တစ်ခုသတိထားရမယ်။ အပြိုင်အဆိုင်အနီးအနားမှာရှိရင် မိမိကို ပြိုလဲသည်အထိတိုက် ခိုက်တာမျိုးတွေကြုံရတယ်။ မိမိလုပ်ငန်းအဆင်ပြေရင်တောင်မှာကြွားဝါတာမျိုးတွေကို ရှောင်ပါ။ တတ်နိုင်သမျှ ထုတ်ကြွားထုတ်ဝတ်တာတွေမလုပ်ပါနဲ့။ မိမိအဆင်ပြေနေတာကို မနာလိုသူမရှု့စိမ့်သူတွေများနေတာမို့ပါ။ လုပ်ငန်းသစ်စချင်သူများအတွက် အရင်းအနှီးရလွယ်သောနှစ်ပိုင်းဖြစ်ကြသလို သူများဆီက ငွေချေးငှားလို့ကောင်း တဲ့နှစ်လဲဖြစ်ပါတယ်။ ငွေရှာရလွယ်တယ်။ မိမိနားလည်တက်ကျွမ်းတဲ့ အလုပ်တွေမှာ ရင်းနှီးမြုပ်နှံမှုတွေဆောင်ရွက် လို့ကောင်းတဲ့နှစ်လဲဖြစ်ပါတယ်။ နိုင်ငံခြားနဲ့ဆက်စပ်လုပ်ငန်းများ၊နိုင်ငံခြားသွားဖို့ကြိုးစားနေသူများအဆင်ပြေပါ လိမ့်မယ်။
ဒီနှစ်မှာလူမှုရေးကံအားနည်းချက်တွေများပါတယ်။ အထူးသဖြင့်မိမိက ပရဟိတအားနည်းသူမျိုး ၊ကိုယ်ကျိုး ကြည့်ပြီး အတ္တကိုရှေ့တန်းတင်ထားသူဆို ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေကအစ မိမိကိုစွန့်ခွာသွားတာမျိုးတွေ ကြုံရတတ်ပါတယ်။ ကိုယ်လိုဘက်ရှိမှ မိတ်ဆွေတွေဆက်သွယ်သူတွေ၊ သူများအခက်အခဲရှိရင် မသိချင်ယောင် ဆောင်တတ်သူများအထူးသတိထားပါ။ မိမိကိုမုန်းလို့ အပြုတ်တိုက်မဲ့သူတွေပေါင်းစုမိပြီး ဝိုင်းဝန်းချောက်ချတာမျိုး တွေဖြစ်တတ်ပါတယ်။ အရင်ကတည်းက အများအတွက် ဦးစားပေးသူကတော့ ဒီနှစ်မှာ အများရဲ့ အကူအညီအချီး အမြောက်ကိုခံရပါလိမ့်မယ်။ ကိုယ့်ရဲ့ညီအကိုမောင်နှမတွေထဲမှာ မိမိနဲ့မတည့်တဲ့သူရှိရင် ဒီနှစ်မှာပိုဆိုးလာဖွယ်ရာရှိ နိုင်တဲ့ကာလပဲဖြစ်ပါတယ်။
အချစ်‌ရေးမေတ္တာရေးတွေမှာတော့ လျှို့ဝှက်တဲ့အနေအထားတွေများနေတတ်ပါတယ်။ ချစ်သူနဲ့ဝေးနေရ တာပဲဖြစ်ဖြစ်၊အများသိမှာဆိုးလို့ ခိုးတွဲတာမျိုးပဲဖြစ်ဖြစ် ဒီလိုနှစ်မျိုးမှာဖြစ်တတ်ပါတယ်။ ချစ်သူနဲ့ လက်ထပ်ဖို့ကိစ္စ တွေက အလှမ်းဝေးနေတတ်ပါတယ်။ ကြိုတင်စီစဥ်ထားသူမဟုတ်ရင် ဒီနှစ်မှာ လက်ထပ်ဖို့ကိစ္စတွေမှာ မိခင်က သဘောမတူတာ..၊လက်ထပ်ဖို့ငွေစုရင်ပြန်ကုန်သွားတာမျိုးတွေဖြစ်တတ်တဲ့ကာလပဲဖြစ်ပါတယ်။ ချစ်သူလက်မဲ့ FA တွေကတော့ ဒီနှစ်မှာ ဖူးစာဖက်က နီးနီးနားနားမဟုတ်ဘဲ အဝေးကလူတွေ၊ အွန်လိုင်းကဆုံဆည်းရတာတွေ၊ခရီးသွား ရင်တွေ့တာမျိုးတွေ..ရေနဲ့နီးတဲ့နေရာတွေမှာ နေတဲ့ချစ်သူမျိုးတွေနဲ့ ကြုံရဆုံရတတ်ပါတယ်။ဒီနှစ်ကတနင်္ဂနွေသားသ မီးအများစုက ကံညံ့နေတာမို့ ချစ်သူကိုဂရုစိုက်ဖို့ မေ့လျောတတ်တာမို့ ချစ်သူက ကိုယ့်ထက်သာသူနောက်ပါသွား တာမျိုးတွေကလဲ ဖြစ်တတ်တာမို့ ချစ်သူကိုအချိန်ပေးနိုင်ဖို့လိုပါတယ်။
အိမ်ထောင်ရေးမှာတော့ လျှို့ဝှက်အိမ်ထောင်ရေးကိစ္စတွေပေါ်တတ်ပါတယ်။ လင်ငယ်မယားငယ် ပြဿနာ တွေ၊ တိတ်တိတ်ပုန်းခြေရှုပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အေးဆေးတည်ငြိမ်သူတွေမှာတော့ မဖြစ်ပေမဲ့ အရင်က တည်းက ခြံခုန်ဖို့အရှိန်ယူနေသူကတော့ ဒီကာလမှာ တိတ်တိတ်ပုန်းအိမ်ထောင်ရေးတွေဖြစ်တတ်ပါတယ်။ မိမိကိုယ် တိုင်ကရှုပ်ချင်ရင် ရှုပ်ဖို့အခွင့်အလမ်းတွေရလာတယ်ပေါ့ဗျ..။ အထူးသတိထားရမှာက အမျိုးသားတွေပါ။ ဒီနှစ်မှာ ရှုပ်မိရင် အကုန်ဘူးပေါ်သလိုပေါ်ပြီးတော့ အိမ်ပေါ်က ခေါင်းနဲ့ ဆင်းမလား…။ တစ်လင်တမယားဥပဒေနဲ့ အတိုင်ခံ မလားဆိုတာမျိုးတွေထိ ဖြစ်တတ်တာမို့ ပါးနပ်တဲ့မိန်းမတွေကို ယူထားတဲ့ တနင်္ဂနွေသားတွေ မလည်ဘဲနဲ့ ရှုပ်ချင်ရင် သတိထားပေတော့။
ဒီနှစ်မှာကျန်တာတွေမကောင်းဘူး.ညံ့တယ်ဆိုပေမဲ့..ကျန်းမာရေးလောက်တော့ မညံ့ပါဘူးနော်။ စနေဂြိုဟ်စီး နင်းခြင်းခံထားရတဲ့နှစ်ဖြစ်တာမို့ ရောဂါဟောင်း၊အနာဟောင်းတွေပေါ်တတ်ပါတယ်။ ရေဂြိုဟ်တွေနဲ့ ပက္ခတ်မိတာ မို့ အမျိုးသားတွေအနေနဲ့ အရက်နဲ့ပတ်သက်သော ရောဂါတွေဖြစ်တတ်ပါတယ်။ အရင်ကတည်းက အရက်ကျေးကျွန်ဖြစ်နေတဲ့ တနင်္ဂနွေသားတွေကတော့ ငွေသာရှာထားပေတော့ ..။ အမျိုးသမီးများ ဓမ္မတာသွေးနဲ့ ပတ်သက်တဲ့ရောဂါ တွေ၊ ဓမ္မတာမမှန်တာမျိုးတွေ၊ သားအိမ်နဲ့ပတ်သက်တာတွေသတိထားပါ။ ဒါအပြင် တနင်္ဂနွေသားသမီးများ လူကြီးလူငယ်မရွေး လေထဲမှာရှိတဲ့ကူးစက်ရောဂါတွေကိုသတိထားပါ။ ကူးစက်ရောဂါဖြစ်တတ်ပါတယ်။ လိုအပ်လို့ သွေးသွင်းကုသရမဲ့သူများ စိတ်ချရတဲ့သူတွေဆီက သွေးကိုဦးစားပေးသွင်းပါ။ သွေးကတဆင့်လဲ ကူးစက်ရောဂါတွေဖြစ်တတ်ပါတယ်။ကလေးငယ်များကတော့ ဒီနှစ်မှာ ရေကို စိမ်ပြီးချိုးတာ၊ မြစ်ချောင်းအင်းအိုင်တွေမှာ ရေကူးတာမျိုးတွေသတိထားပါ။ လမ်းလျှောက်တက်ခါက ကလေးငယ် များရှိရင် သူတို့ လက်လှမ်းမီတဲ့ ရေအိုးရေကန်၊စဉ့်အိုးတွေကို သေချာဖုံးအုပ်ထားပါ။
ပညာရေးကတော့ ကျောင်းပညာသင်နေသူတွေကတော့ သတိထားပါဗျ။ မိမိကိုလိုက်ပြိုင်ကြသူတွေကြောင့် အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ မိမိအဆင့်ဘယ်လောက်ရတယ်..အမှတ်ဘယ်လောက်ရတယ်ကအစလိုက် ကြည့်ပြီးပြိုင်ဆိုင်ကြသူတွေရှိနေတတ်ပါတယ်။ ပြည်ပကျောင်းတွေတက်ချင်သူတွေ၊ နိုင်ငံခြားပညာတော်သင် ၊နိုင်ငံ ခြားစကောလာရှစ်လျှောက်မဲ့သူတွေကတော့ အဆင်ပြေတတ်တာကိုတွေ့ရပါတယ်။ ပညာရေးမှာ ဇွဲနပဲနဲ့သာကြိုး စားပါ။ပညာရေးအခွင့်အလမ်းတွေက မိမိဆီရောက်လာပါလိမ့်မယ်။ ဘာသာစကားတစ်ခုခုသင်ဖို့ စဉ်းစားနေသူများ အချိန်ဆွဲမနေနဲ့ဗျ။ ဒီတစ်နှစ်သင်လိုက်ရင် ဘာသာစကားတစ်ခုကို မှန်ထားသည်ထက်ပိုမို သင်လွယ်တတ်လွယ်တာ မျိုးတွေ့ရတယ်။ မိမိသာအားထည့်ဖို့လိုတယ်။ ကျောင်းစနေမဲ့ ၅နှစ်ဝန်းကျင်ကလေးငယ်တွေကိုအဆင့်မြင့်ကျောင်း တွေထားဖို့ စိတ်ကူးနေရင် ရဲရဲသာထားလိုက်ပါ။ ရေရှည်အဆင်ပြေသွားပါလိမ့်မယ်။
ငြိမ်းအေးလူ
09775555695

”အိမ်ထောင်ရေးအတွေးမမှားရလေအောင်”

”အိမ်ထောင်ရေးအတွေးမမှားရလေအောင်”

ဒီနေ့တော့ ခုနှစ်ရက်သားသမီးများအတွက် အိမ်ထောင်ရေးနဲ့ပက်သက်တဲ့သိသင့်တဲ့အချက်လေးတစ်ချို့ကိုတင်ပြချင်ပါတယ်။လက်မထပ်ရသေးပေမယ့် အနာဂတ်အချစ်ရေး အိမ်ထောင်ရေးအတွက်ပူပင်ကြောင့်ကျနေ ရ တဲ့သူတွေအတွက်ပါ။ ဘာတွေ ပြောပြချင်လဲဆိုတော့လက်ထပ်တဲ့အခါမှာ ဘယ်လိုနေ့သားတွေကို ရှောင်သင့်လဲ ဆိုတာပြောချင်ပါတယ်။ ဆရာအစဉ်အဆက်မှတ်သားဖူးတာက မိမိရဲ့
မူလမဟာဘုတ်မှာ ဘင်္ဂအိမ် ပုတိအိမ်တွေမှာ ရပ်တည်နေတဲ့ နေနံတွေကိုအိမ်ထောင်ဘက် အဖြစ်မရွေးချယ်သင့်ဘူးလိုဆိုပါတယ်။
ဆရာတွေပြောတဲ့စကားအရမ်းမှန်ပါတယ်။
ဗေဒင်ပညာနဲ့ဟောပြောအကြံဉာဏ်ပေးလာခဲ့တဲ့သက်တမ်းတလျှောက် ဗေဒင် လာမေးကြ သူတွေရဲ့ အိမ်ထောင်ဘက်နေ့နံ တွေ ဟာ ဇာတာရှင်ရဲ့မူလမဟာဘုတ်မှာ ဘင်္ဂအိမ် ပုတိအိမ်တွေမှာရှိနေကြတဲ့ သူတွေဆိုရင်
အိမ်ထောင်ရေးအဆင်မပြေတာတွေ သဘောထားမတိုက်ဆိုင်လို့ကွဲသွားကြသူ
တွေ နှစ်ဖက်အသိုင်းအဝိုင်းကြောင့် လင်မယားချင်း တကျက်ကျက် ဖြစ်နေတာ တွေကို အမြဲပဲမြင်တွေ့နေရပါတယ်။
သည်တော့ကာ မိမိရဲ့မွေးသက္ကရာဇ်ကို
ခုနှစ်ဖြင့်စားပါ။ဥပမာ ၁၃၅၅ ခုနှစ်မှာမွေးတဲ့သူ
ဆိုပါစို့။ ၁၃၅၂÷၇=၁ ကြွင်းပါတယ်။
အောက်မှာအကြွင်းအတိုင်းရှောင်ရမဲ့နေ့
တွေကိုတင်ပြလိုက်ပါတယ်။
အကြွင်း ရှောင်ရမည့်နေ့များ
၁ တနဂၤေႏြ။တနလၤာ
၂ တနလၤာ။အဂၤါ
၃ အဂၤါ။ ဗုဒၶဟူး
၄ ဗုဒၶဟူး။ၾကာသပေတး
၅ ကြာသပတေး။သောကြာ
၆ သောကြာ။စနေ
ဝ စနေ။တနင်္ဂနွေ
မိမိမဟာဘုတ်အိမ်ရဲ့ ဘင်္ဂအိမ် ပုတိအိမ်
တွေ အိမ်ထောင်ဘက်ရဲ့နေ့နံရှိနေပြီးတော့
မိမိအိမ်ထောင်ဘက်ရဲ့မဟာဘုတ်အိမ်
မှာလဲ မိမိရဲ့နေ့နံဟာ ပုတိအိမ် ဘင်္ဂအိမ်တွေ
မှာရပ်တည်နေခဲ့မယ်ဆိုရင်တော့ အရမ်ဆိုးတဲ့အနေအထားလို့ပြောလို့ရပါတယ်
လုံးဝလက်မထပ်သင့်ပါဘူး။
ထပ်ဆောင်းပြောချင်တာက ဇာတာရှင် ဟာ ပုတိဖွား ဘင်္ဂဖွားဖြစ်ခဲ့ပါက ငယ်ငယ်ရွယ်
ရွယ်နှင့်အိမ်ထောင်ပြုပါက အိမ်ထောင်ရေးပြို
ကွဲနိုင်ကြောင်းထပ်ဆောင်းတင်ပြပါရစေ။
ခုနှစ်ရက်သားသမီးများအားလုံး
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ

 ”အိမ်အရောင်းထွက်အောင် ဓာတ်ရိုက်နည်း”

”အိမ်အရောင်းထွက်အောင် ဓာတ်ရိုက်နည်း”

အိမ်ဓာတ်ရိုက်မည်ဆိုရင်တော့ အိမ်သားတွေထဲမှာ တနင်္ဂနွေသားရှိမရှိ အရင်ကြည့်ရပါမယ်။ တနင်္ဂနွေသားသားသမီး ရှိခဲ့မယ်ဆိုရင်တော့ အောက်ပါနည်းအတိုင်းစီရင်ကြပါ။
အိမ်ဂရန်စာရွက်(သို့)အိမ်ပိုင်ဆိုင်ကြောင်းပြသည့်စာရွက်တစ်ရွက်အား ဘုရားဆောင်ပေါ်တွင်ပလပ်စတစ်
အိတ်ဖြင့်ထည့်၍တင်ထားပါ။ ထိုစာရွက်ပေါ်တွင် ငွေလာပန်းအိုးတစ်အိုးတင်ထားပါ။ငွေလာပန်းညှိုးရင်လဲ
ပေးပါ။ ထိုနောက်တစ်ပတ်တကြိမ်လုပ်ရန်မှာ ဘုရား
ဆောင်ရှေ့တွင်ခုံတစ်လုံးချပါ။ထိုခုံပေါ်တွင် ပုလင်းအလွတ်တစ်လုံးတင် အဲဒီထဲကို အမွှေးတိုင်ခုနှစ်
တိုင်ထွန်းညှိပြီး ”ဤအိမ်နှင့်သက်ဆိုင်သော ပုဂ္ဂိုလ်များအား အမွှေးနံ့သာနှင့်ဒါနပြုပါတယ်။ သင်တို့မှတဆင့်ဘုရားရှင်ကိုပူဇော်ပါ။ကျွန်တော်တို့သည် ဒီအိမ်ကိုရောင်းတော့မှာဖြစ်၍ ဤအိမ်တွင်နေသင့်နေထိုက်သည့်ပုဂ္ဂိုလ်များ သင်တို့နှင့်
ပဋ္ဌာန်းဆက်ရှိသည့်သူများအား မေတ္တာဖြင့်အမြန်ဆုံး
ခေါ်ယူပါ ”ဟူသောစကားကိုခုနှစ်ခေါက်ရွတ်ပါ။
နံနက်ဝေလီဝေလင်း(သို့)ည ၁၁နာရီတွင်ပြောပါ။
အမွှေးတိုင်ထွန်းနေစဉ်သတ္တဝါများကိုအမျှအတန်းပေးဝေပါ။မေတ္တာပို့ပါ။
တနင်္ဂနွေသားသမီးများမရှိသည့်အိမ်ဖြစ်လျှင်
သေကြာနေ့ညနေ ၆ နာရီတွင်သောကြာနာမည်ရှင်က
စွယ်တော်ခက် ၁၈ ခက်နှင့်အိမ်၏မြောက်ဘက်မှနေ၍
အိမ်တစ်နေရာအား ၂၁ ချက်ရိုက်ပါ။ ပြီးရင်စွယ်တော်ခက်ကို ထိုနေရာတွင်ချည်ထားပါ။
ဇောက်ထိုးမဖြစ်ပါစေနှင့်။
{တနင်္ဂနွေသားသမီးရှိသောအိမ်အား သစ်ရွက်သစ်
ခက်ဖြင့်ဓာတ်ရိုက်ပါက ထိုတနင်္ဂနွေသားသမီးအိမ်ပေါ်
ကဆင်းသွားခြင်း ရုတ်တရက်ကျန်းမာရေးညံသွားခြင်း
ကံနိမ့်သွားခြင်းများ ဖြစ်တတ်ပါသည်။ထိုကြောင့်မေတ္တာ
ပို့ခြင်းဖြင့်ဓာတ်ဆင်ခိုင်းခြင်းပါ}
မရှင်းတာရှိပါက comment box တွင်မေးနိုင်ပါသည်။
သတ္တဝါများအားလုံး ကောင်းသောလိုအင်ဆန္ဒများ
ပြည့်ဝကြပါစေ။

”ကားလုပ်ငန်းနှင့် ပါတ်သက်၍ အောင်မြင်စေသောယတြာ ”

ဤpost ကိုရေးမယ် ရေးမယ်နဲ့ အလုပ်မအားတာရယ်
လိုင်းပေါ်ကမေးတဲ့သူတွေကိုပြန်ဟောပေးဖြစ်နေတာရယ်ကြောင့်
တစ်ဝက်တစ်ပျက်နဲ့ အဆုံးမသတ်ဖြစ်ခဲ့ပါဘူး။
တမြန်နေ့က ကား accident မိမိရှေ့မှာဖြစ်တာမြင်လိုက်တော့မှ ဒီpostကိုအမြန်ရေးတင်လိုက်တာပါ။
ဒီစာကိုဖတ်မိတဲ့သူတွေလဲတတ်နိုင်သလောက်ပြန် Shareပေးပါ။ ကားနဲ့ပက်သက်သူတွေအတွက် အန္တရာယ်ကင်းပြီးကောင်းကျိုးတွေအလွန်ပေးတာမို့ပါ။
” ဆရာရေ ကားတွေစျေးချိုလာတာနဲ့ ကျွန်တော်လဲကားလေးတစ်စီးဝယ်စီးဖြစ်တယ်ဆရာ
ကျွန်တော်ကားကိုဝပ်ရှော့ခဏခဏမပို့ရအောင်နဲ့ လမ်းခရီးမှာအန္တရာယ်တွေကင်းအောင်
အစီအရင်တွေလုပ်ပေးပါဦး”
”ဆရာရေ အိမ်စီးပွားရေးကmini bus လေးနှစ်စီးဝယ်ပြီး လိုင်းဆွဲတယ်ဆရာရေ
အဲဒါ ကားတွေအထိအခိုက်အပျက်အစီးနည်းအောင်နဲ့
ခေါက်ကြေးများများရအောင် ယတြာလေးစီရင်ပေးပါဦး”
”ဆရာ ..ညီမအမျိုးသားကလိုင်းကားမောင်းတယ်ဆရာ
လိုင်းကားဆိုတဲ့အတိုင်း တစ်စီးနဲ့တစ်စီး ကျော်တာ ခွတာ
လုမောင်းတာတွေရှိတယ် ဆရာ..ညီမမှာညကျရင် သူချောချောမောမောပြန်ရောက်ပါ့မလား ဆိုပြီးအမြဲစိတ်ပူနေရတယ် သူအန္တရာယ် ကင်းအောင်စီရင်ပေးပါဦး”
စသည့်စသည့် ကိစ္စတွေကအပြင်မှာရော လိုင်းပေါ်မှာပါ
အမေးများတဲ့ အဖြစ်အပျက်တွေပါ။
ကျွန်တော်ကိုယ်တိုင်ကလဲ ကားလောကနဲ့အမြဲလက်ပွန်းတသီရှိနေတတ်တော့
အဲဒီအတွက်ယတြာတွေ အမျိုးမျိုးစီရင်ပေးခဲ့ပါတယ်။
ထိုအထဲကမှအထိရောက်ဆုံး အစွမ်းအထက်ဆုံးနည်းလေးပေးချင်ပါတယ်။
ယခုလဲကားကိစ္စဆို ဒီနည်းပဲ ပေးဖြစ်ပါနေပါတယ်။
တစ်နေ့တစ်ခြားကားတွေထူထပ်လာသလို
ကားလုပ်ငန်းနဲ့အသက်မွေးတဲ့သူတွေကလဲ
တစ်နေ့တစ်ခြားတိုးပွားလာပါတယ်။
အဲဒီတော့
ကားလုပ်ငန်းနဲ့ပက်သက်ပြီး
ကိုယ်ပိုင်ကားမောင်းပြီး သွာလာလှုပ်ရှားနေတဲ့သူတွေ
ကားထောင်စားတဲ့ ownerတွေ ကားမောင်းပြီးအသက်မွေးကျတဲ့ driverများအားလုံးအပြင် ကားနဲ့ဆက်စပ်ပက်သက်နေတဲ့သူတွေအတွက်
အကျိုးပြုစေမဲ့ ယတြာလေးကို ဖော်ပြပေးပါမယ်။
”ကားလုပ်ငန်းနှင့် ပါတ်သက်၍
အောင်မြင်စေသောယတြာ ”
ပထမဦးစွာ ကားပေါ်စတတ်တာနဲ့
ရတနာသုံးပါးကိုအာရုံပြုရှစ်ခိုးလိုက်ပါ။ နောက်ပြီးရင် ”ဤကားကို စောက်ရှောက်နေသော မမြင်အပ်သောပုဂ္ဂိုလ်ရှိပါက ထိုသူသည်ချမ်းသာပါစေကျန်းမာပါစေ။
ဒီကားကိုမောင်းနှင်မည့်ကျွန်ုပ်ကို စောင့်ရှောက်သည့် ကိုယ်စောင့်နတ်နှင့်တကွ ယာဉ်နောက်လိုက်၏ကိုယ်စောင့်နတ်လဲချမ်းသာကျန်းမာပါစေ။ဤကားကိုစီးနှင်းလိုက်ပါကြမည့် နတ်လူသတ္တဝါအပေါင်း ဘေးရန်ကြောင့်ကြဆင်းရဲကင်းပြီးကျန်းမာချမ်းသာပါစေ။
ဤကားသွားမည့် လမ်းမတစ်လျှောက်တွင် ခရီးနှင်နေကြသော မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်များနှင့်
ခရီးသွားများအပေါင်းဘေးရန်ကင်းပြီး ကျန်းမာချမ်းသာကြပါစေ။
ဤလမ်းမတစ်လျှောက်၏ဝဲယာနှစ်ဖက်မှာ နေထိုင်ကြကုန်သော မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်များနှင့်နတ်လူသတ္တဝါအပေါင်းချမ်းသာကျန်းမာကြပါစေ”လို့မေတ္တာပို့ပါ။
ဒုတိယကဘာလုပ်ရမလဲ ဆိုတော့ ကားခေါင်းထဲကနောက်ကြည့်မှန်မှာ
ဘုရားပွဲစျေးများတွင် ရောင်းလေ့ရှိသော နှစ်လက်မအရွယ် အိုးစည်သေးသေးလေး တစ်လုံးကို ချိတ်ဆွဲထားလိုက်ပါ။အချို့နိဗ္ဗာန်ကုန်ဆိုင်တွေမှာလဲရှိပါတယ်။ အဲဒီ အိုးစည်ကအမြဲတမ်းချိတ်ဆွဲထားရမှာပါ။
တတိယတစ်ခုကချွန်ပြီးသား ခဲတန်တစ်ချောင်းကို ကားစတီယာရင်ရှေ့ က ဒက်စ်ဘုတ်ပေါ်မှာ တင်ထားပါ။ ကားထွက်တာနဲ့ အဲဒီခဲတံနဲ့ ကားရဲ့ ဒက်စ်ဘုတ်ကို ၇ချက်ခန့် ခေါက်ပါ။ ခဲတံကိုလဲ ဒက်စ်ဘုတ်မှာအမြဲထားပေးရပါမယ်။
အထက်ပါယတြာများကို ကားလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုနေသောမည်သူမဆို ဆောင်ရွက်နိုင်ပါတယ်။ ခရီးသည်တင်လိုင်းကားပဲ ဖြစ်ဖြစ်၊ တက္ကစီကားပဲဖြစ်ဖြစ်၊ ဘုရားဖူးခရီးပို့ဆောင်ရေး ကားပဲဖြစ်ဖြစ်၊ အော်ဒါလိုက်တဲ့ ကားပဲ ဖြစ်ဖြစ်၊ ကားပိုင်ရှင်ပဲ ဖြစ်ဖြစ်၊ ယဉ်မောင်း (သို့) စပယ်ယာပဲ ဖြစ်ဖြစ် မည်သူမဆို ဆောင်ရွက်နိုင်ပါတယ်။ အပျက်အစီးနည်းပြီး ငွေရှာလို့ အောင်မြင်စေတဲ့ ၊ အန္တရာယ်ကင်းစေတဲ့ ယတြာဖြစ်သောကြောင့် စိတ်ချလက်ချ ယုံကြည်စွာ ဆောင်ရွက်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ် ။ ။
ဗေဒင်သုတေသီ

ဓမ္မအမြင်နှင့်အင်္ဂဝိဇ္ဇာညှပ်သတ်ကိန်း

 အင်္ဂဝိဇ္ဇာလေ့လာဖူးသူတော့သိလိမ့်မယ်။

သာမန်လူကတော့ နည်းနည်းခေါင်းရှုပ်မလား မသိဘူး

ဗုဒ္ဓဘာသာကျမ်းဂန်များအဆိုအရ ဤကမ္ဘာသည် ဘုရားငါးဆူပွင့်သော ဘဒ္ဒကမ္ဘာဟုခေါ်သည်။ မည်သို့ပင်ဖြစ်စေ ဤစာစုကိုဖတ်ရကုန်သောသူတို့သည် လေးဆူမြောက်ဘုရှားရှင်ဖြစ်သော ဂေါတမဗုဒ္ဓ၏သာသနာတော်ကိုသာ ကြုံဆုံခွင့်ရှိတော့သည်။ ထို့ကြောင့် ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်တော်စဉ်သည် ပညတ်လောကီနယ်မှ ပရမတ်လောကုတ္တရာနယ်သို့ကူးပြောင်းခြင်း၏ သံသရာထွက်ရပ်လမ်းပြယုဂ် သို့မဟုတ် ဧကံသနမိတ်ပင် ဖြစ်တော့သည်။
သောကြာနံသား ဂေါတမဗုဒ္ဓ၏ဘဝဖြစ်တော်စဉ်ကို (မသိကြလျှင်တွေးဆဦး)ဟု အတိုကောက်ခေါ်သည်။
သိဒ္ဓတ္ထမင်းသားဘဝမှ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သော ဂေါတမမြတ်စွာဘုရားရှင်၏ ဖြစ်တော်စဉ်ကို ကြည့်လျှင်…..
မ-ကြာသပတေးနေ့(အမြစ်နေ့)တွင် လူ့ပြည်၌ ပဋိသန္ဓေ ခံယူတော်မူသည်။
သိ-သောကြာနေ့(မူလ၊ရုပ်၊ကံ၊အချာ-ပင်စည်)နေ့တွင် ဖွားမြင်တော်မူသည်။
ကြ- တနင်္လာနေ့(စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။
လျှင်- ဗုဒ္ဓဟူးနေ့(ဆပွတ်) တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
တွေး- စနေနေ့(အညွန့်)တွင် ဓမ္မစကြာ တရားဦး ဟောတော်မူသည်။
ဆ- အင်္ဂါနေ့(ပ ဉ္စပွတ်) တွင် နိဗ္ဗာန်ရောက်ရာ ပရိနိဗ္ဗာန် ပြုတော်မူသည်။
ဦး- တနင်္ဂနွေနေ့ (တြိရန်း)တွင် တေဇောဓါတ် လောင်ကျွမ်းတော်မူသည်။
သိဒ္ဓတ္ထမင်းသားဘဝမှ ဂေါတမဗုဒ္ဓဘဝသို့ပြောင်းလဲခြင်း တနည်းအားဖြင့် ပညတ်လောကီနယ်မှ ပရမတ်လောကုတ္တရာနယ်သို့သို့ကူးပြောင်းခြင်း၏ အဓိကအချက်မှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်း (အိုခြင်း၊နာခြင်း၊သြေခင်း၊ အိုနာသေဘေးမှလွတ်မြောက်ရာလမ်း) နမိတ်ကြီးလေးပါးကိုမြင်ခြင်း နှင့် တောထွက်ခြင်းဖြစ်သည်။ ဇာတိဇရာဗျာဓိမရဏ တရားသဘောအရ သတ္တဝါဟူသည် မွေးလျှင်သေမည်၊ သေဖို့မွေးဖွားကြသည်၊ အဖန်ဖန် ပဋိသန္ဓေတည်ခြင်းကို ပယ်သတ်နိုင်မှသာ အဖန်ဖန်သေခြင်းမှကင်းလွတ်ရာကိုရောက်မည်။ အဝိဇ္ဇာနှင့်တဏှာတည်းဟူသော လောကီကြိုးမပြတ်သရွေ့ဇာတိနှင့်မရဏ အဖန်ဖန် သံသရာလည်ကာ ကရွတ်ကင်းလျှောက်တဲ့ တေဘုမ္မာ ဖြစ်တော့သည်။
၃ သေဆုံးခြင်း (နဝင်း) မရဏ
၆ မွေးဖွားခြင်း (မူလ) ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံ
၅ ပဋိသန္ဓေတည်ခြင်း (အခိုက်) ဇာတိ
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မင်းစည်းစိမ် စံစားခံစားခွင့်ရသည့် ဘုရင့်သားတော်ဖြစ်သည်။ ကြင်ရာတော် ယသော်ဓယာမင်းသမီးနှင့် သားတော် ရာဟုလာ အပါအဝင် မင်းစည်းစိမ်ကို စွန့်လွှတ်၍ တောထွက်ခြင်းမှာ လောကီအာရုံကာမဂုဏ်တို့ကို သေစေခြင်း၊ ပယ်သတ်ခြင်း၊ စွန့်လွှတ်ခြင်း လွတ်မြောက်ရာလမ်းကိုရှာဖွေခြင်း ဖြစ်သည်။ လောကီအမြင်အရကြည့်လျှင် အပြင်ဆုံးရှုံးခြင်းဖြစ်သော်လည်း လောကုတ္တရာအမြင်အမြင်အရကြည့်လျှင် အတွင်းအောင်မြင်ခြင်းဖြစ်သည်။ ဓမ္မအမြင်အရ ဒုက္ခသစ္စာကိုသိခြင်းနှင့် သမုဒယသစ္စာကို ပယ်ခြင်းပင်။
၆ ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံတို့ကို ပယ်သတ်ခြင်း၊ အတွင်းအောင်ခြင်း (နဝင်း)
၂ တနင်္လာနေ့(စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် သာမန်လူများကျင့်နိုင်ခဲသော ဒုက္ကရစရိယကျင့်စဉ်ကို ခြောက်နှစ်တာမျှ ဥရုဝေဠတောတွင် ကျင့်တော်မူသော်လည်း တရားထူးမရရှိပေ။ မဇ္ဇျိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ကို ကျင့်ကြံအားထုတ်ပြီးမှသာလျှင် အရဟံအစ ဘဂဝါအဆုံး ကိုးပါးသောဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော ဂေါတမဗုဒ္ဓ ဘုရားရှင်အဖြစ်သို ဗုဒ္ဓဟူးနေ့တွင့်ရောက်တော်မူသည်။ ဓမ္မအမြင်အရ မဂ္ဂသစ္စာကိုပွားခြင်းနှင့် နိရောဓသစ္စာကိုဆိုက်ခြင်းပင်။
၄ ဗုဒ္ဓဟူးနေ့(ဆပွတ်) တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
၆ ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံတို့ကို ပယ်သတ်ခြင်း (တြိရန်း)
သိဒ္ဓတ္ထမင်းသားဘဝမှ ဂေါတမဗုဒ္ဓဘဝသို့ တောထွက်ခြင်းနှင့်တရားဓမ္မကျင့်ကြံခြင်းဟူသော အဆင့် (၂)ဆင့်ဖြင့် ကူးပြောင်းခဲ့သည်ကို တွေ့ရမည်။ ထိုနှစ်ဆင့်သည် နံတော်စဉ်အရ တနင်္လာနေ့ (စတုရန်း)နှင့် ဗုဒ္ဓဟူးနေ့(ဆပွတ်) ဖြစ်ပြီး သောကြာနေ့(မူလ၊ ရုပ်၊ ကံ) ကို ချုပ်ငြိမ်းအောင် ပယ်သတ်ပစ်ခဲ့သည်။ တနည်းအားဖြင့် အောင်လံတေဇ စတုရန်းကိန်းနှင့် သူ့ကိုနိုင်လို ဆကိုခို ဆပွတ်ကိန်းတို့ကို ပေါင်းစပ်ဖွဲ့စည်းသော ညှပ်သတ်ကိန်းပင် ဖြစ်သည်။
၄ ဗုဒ္ဓဟူးနေ့(ဆပွတ်) တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
၆ မွေးဖွားခြင်း (မူလ) ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံ
၂ တနင်္လာနေ့(စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။
ဘုရား (၇) ဆူ၏ ဖြစ်တော်စဉ် သို့မဟုတ် နံတော်စဉ်များကို ဆက်လက်လေ့လာကြည့်ပါ။
ဤ (၇) ဆူကုန်သော ဗုဒ္ဓဘုရားရှင်တို့သည် စတုရန်းနေ့တွင် တောထွက်၍ ဆပွတ်နေ့တွင် သဗ္ဗညုတဘုရားရှင်အဖြစ်သို့ရောက်တော်မူကြကုန်သည်။
– (တော၊ အုံ၊ ယုန် ၊ သား ၊ ကျက် ။ မှ ၊ စား) သိခီ တနင်္ဂနွေသားဘုရားရှင်၏ နံတော်စဉ်….
– (အ ၊ က ၊ မ ၊ တူ ၊ ဆူ ၊ သည့်၊ လူ) ဝေဿဘူ တနလာင်္သားဘုရားရှင်၏ နံတော်စဉ်….
– (ကြံ ၊ စီ ၊ သော် ၊ အား ၊ လူ့၊ တ ။ ပါး ) ကကုသန် အင်္ဂါသားဘုရားရှင်၏ နံတော်စဉ်….
– (စ ၊ လွန် ၊ ထီး ၊ ကြယ် ၊ မြ ၊ အ ၊ သွယ် ) ကောဏာဂုံ ဗုဒ္ဓဟူးသားဘုရားရှင်၏ နံတော်စဉ်….
– (လာ ၊ ပါ ၊ အ ၊ ဆုံး ၊ သိ ။ ကြ ၊ တုံး ) ကဿပ ကြာသာပတေးသားဘုရားရှင်၏ နံတော်စဉ်…
– (မ ၊ သိ ၊ ကြ ၊ လျှင် ၊ တွေး ၊ ဆ ၊ ဦး ) ဂေါတမ သောကြာသားဘုရားရှင်၏ နံတော်စဉ်….
– (သက် ၊ တော် ၊ စုံ ၊ ပြည့် ။ အ ၊ လှ ၊ ကြည့် ) နောင်ပွင့်တော်မူမည့် အရိမေတ္တယျ စနေသားဘုရားရှင်၏ နံတော်စဉ်….
ဗုဒ္ဓဘုရားရှင်တို့၏ ဖြစ်တော်စဉ် သို့မဟုတ် နံတော်စဉ်ကို သာမညလောကီပညာရပ်ဖြင့် ရေးသားတင်ပြခြင်းကို အပြစ်ဆိုသူတို့က ဆိုပေဦးမည်။ မိမိသုံးသပ်တင်ပြခဲ့သည်မှာ လောကီ ဗေဒင်အယူအဆများကို ဦးစားပေးခြင်းထက် ဖြစ်တော်စဉ်ကို လောကုတ္တရာ ဓမ္မအမြင်အရ မီးမောင်းထိုးပြခင်းသာ ဖြစ်သည်။
စတုရန်းနေ့တွင်တောထွက်တော်မူခြင်းနှင့်ဆပွတ်နေ့တွင်ဘုရားဖြစ်တော်မူခြင်းဖြင့် အလည်အချာ မူလနေ့(ခန္ဓာငါးပါးဖြင့် ဖွဲ့စည်းထားသော မိမိကိုယ်) ကိုပယ်သတ်ကာ သံသရာစက်ရဟတ်ကို ရပ်တန့်စေခြင်းဖြစ်သည်။ အင်္ဂဝိဇ္ဇာပညာ၌ စတုရန်းကိန်းနှင့် ဆပွတ်ကိန်းတို့သည် မူလ၏အနိုင်ဓါတ်များဖြစ်သော်လည်း အသုံးချပုံနှင့်အကျိုးသွားပုံမှာ မတူကွဲပြားလေသည်။ စတုရန်းနှင့်ဆပွတ်ပူးတွဲသည့် ညှပ်သတ်ကိန်းကား ပို၍ပင် အစွမ်းထက်လှသောကြောင့် ရည်ရွယ်ချက်ကောင်း စိတ်စေတနာကောင်းဖြင့်သာ အသုံးချသင့်လေသည်။
စာလေးမည်စိုးသောကြောင့် လိုရင်းကိုသာ ခြုံငုံတင်ပြခင်းဖြစ်သော်လည်း ကြည့်သောသူမြင်၍ မြင်သောသူများသည် သံသရာမှလွတ်မြောက်ခြင်းကို ရှာဖွေတွေ့ရှိနိုင်ကြောင်း ဗုဒ္ဓဖြစ်တော်စဉ်တို့က သက်သေခံနေပါသည်။
လေးစားစွာဖြင့်
ဇေယျာမောင်

”နာမည်အဖျားစာလုံးတနင်္ဂနွေနံဖြင့်မှည့်ခေါ်ထားသော နာမည်ရှင်များအကြောင်း”

ကျွန်တော်အခုရေးချင်တာက
နာမည်(အဆုံးသတ်)အဖျားစာလုံးတွေရဲ့ ယေဘုယျ စရိုက်လက္ခဏာတွေအကြောင်းပါ။အဆုံးသတ်
စာလုံးအရဆိုရင်တော့ အားလုံးပေါင်း ရာဟုစာလုံးပါ အပါအဝင် ရှစ်မျိုးရေးရမှာပါ။
ကျွန်တော်အနေနဲ့အားရင်အားသလို ရေးတင်သွားပါ့မယ်။ ယေဘုယျဆိုတဲ့အတိုင်းအကုန်လုံးဒီလိုအတိအကျကြီးပဲလို့ မဆိုလိုပါဘူး။နာမည်မှာအဖျားစာလုံးဆိုတော့အချို့
ကမသိဘဲနေဦးမယ်။ ဥပမာဗျာ ”ဝင်းမင်းအောင် ”
ဆိုပါတော့ ‘ဝင်း’ ကအရင်းစာလုံး။ ” အောင်”ကအဖျားစာလုံးပေါ့
ကျွန်တော် အနေနဲ့အခုအကြောင်းအရာက ိုရေးဖို့
အတွက် အများကြီးစဉ်းစားခဲ့ရပါတယ်။ ကျွန်တော်ထက်ပညာဉာဏ်အတွေ့အကြုံ
မြင့်မားကြတဲ့ ဆရာသမားတွေ ပညာရှင်တွေ အနေနဲ့နှာခေါင်းရှုပ်လေမလား
အပြစ်များတင်ကြမလားလို့ စိုးရိမ်မိတာအမှန်ပါ။ ကျွန်တော်အနေနဲ့ ရေးသားတဲ့အခါမှာ အမှားများပါရင်ဆရာများအနေနဲ့ထောက်ပြပါ။
ဝေဖန်အကြံပေးကြပါလို့ပြောချင်ပါတယ်။
ကျွန်တော် ဆန်းဗေဒင်သင်ရတုန်းက နာမည်ရဲ့အဖျားစာလုံးစိတ်ကိုဖော်ညွှန်းတယ်လို့ သင်ခဲ့ရဖူးပါတယ်။ (ဇနီးကိုရည်ညွှန်းတယ်လို့လဲဆိုပါတယ်။အဲဒီအကြောင်းအရာကိုတော့သပ်သပ်တင်ပြပါ့မယ်။)
အဲဒီတော့နာမည်အဖျားစာလုံးတွေ ွအကြောင်းပြောမယ်ဆိုတော့သူတို့ရဲ့စိတ်နေသဘောထားကို ပဲထောက်ပြတာမျိုးပါ။အဲလိုထောက်ပြတော့ ခုနှစ်ရက်သားသမီးတွေအတွက်ဘာတွေအကျိုးရှိသလဲဆိုတော့ ဥပမာ ဗျ တနင်္ဂနွေနဲ့အဆုံးသတ်ပေး ထားတဲ့နာမည်ရှင်တွေနဲ့ ပက်သက်မှုတွေရှိလာရင် သူတို့ရဲ့အကျင့်စရိုက်လေးတွေသိထားတော့ ဆက်ဆံရတာအဆင်ပြေနိုင်တယ်။ ဒါအပြင် အိမ်ထောင်ဘက်တွေကြား… မိဘနဲ့သားသမီးကြား… အလုပ်ရှင်နဲ့အလုပ်သမားကြား…
ဆရာနဲ့တပည့်ကြား …မိတ်တွေအချင်းချင်းကြား… စရိုက်လေးတွေသိထားတော့ ပိုမိုဆက်ဆံရေးနွေးထွေး
အဆင်ပြေစေလိုတဲ့ရည်ရွယ်ချက်ကြောင့်ရေးရခြင်းပါ။
အခုစပြောချင်တာက အဖျားစာလုံံးတနင်္ဂနွေနဲ့ပေးထားတဲ့နာမည်ရှင်များယေဘုယျစရိုက်လက္ခဏာစိတ်ဓာတ်တွေ အကြောင်းပေါ့
ဥပမာ လင်းထက်အောင် စိုးထိုက်အောင် လွင်ဦး
ဖွေးဖွေးအိ သန်းထိုက်အောင် ယဉ်မင်းဦး စသည်နာမည်ရှင်တွေပေါ့။
ကဲစလိုက်ကြရအောင်…..
တနင်္ဂနွေ အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေဟာ
စည်းကမ်းရှိကြတာများပါတယ်။ဘယ်အရာမဆိုစည်းကမ်းတကျလုပ်တတ်သလို သူများတွေကို စည်းကမ်းရှိမှကြိုက်တတ်ပါတယ်။ နောက်ပြီးသူတို့တွေဟာအသန့်ကြိုက်တတ်ကြပါတယ်။
ကိုယ့်ကိုကိုယ့် တစ်ကိုယ်ရေသန့်ရှင်းရေးအမြဲဂရုစိုက်ပါတယ်။ အဲဒီတော့ညစ်ပတ်တဲ့သူတွေဆိုသူတို့နဲ့ ကီးမကိုက်ဘူးပေါ့ဗျာ။ သူတိုတွေဟာ စိတ်ဆတ်တဲ့ စိတ်မြန်တဲ့သူတွေများတယ်။ လုပ်တာကိုင်တာ ပြောတာဆိုတာ စိတ်မြန်လက်မြန်လုပ်တတ်ကြတယ်။ စဉ်းစားတာက နောက် လုပ်လိုက်တာကအရင်ဆိုတဲ့အနေအထားမျိုးပေါ့။
တနင်္ဂနွေအဆုံးသတ်နာမည်ရှင်တွေဟာအသိအမှတ်ပြုခံချင်တဲ့စိတ် ချီးကျူးခံချင်တဲ့စိတ်က အခြားအဆုံးသတ်နေ့တွေထက်ပိုကြတယ်ဗျ။
သူတို့လုပ်တဲ့အလုပ်တိုင်းကို တော်ကြောင်း ကောင်းကြောင်းပြောပေးနိုင်မယ်ဆိုရင် သူတို့တွေနဲ့သဟဇာတဖြစ်ပါလိမ့်မယ်။ မြှောက်ပြောနေမှန်းသိရင်တောင် သဘောကျတတ်တဲ့သူတွေပါ။
သူတို့ကိုအပြစ်တင်တဲ့သူ ဝေဖန်တဲ့သူတွေဟာ သူတို့ရဲ့ကမ္ဘာ့ရန်ပါပဲ။
အရာရာတိုင်းကိုဦးဆောင်ဦးရွက်လုပ်လိုစိတ်ရှိပါတယ်။
အဲဒီစိတ်အားကြီးလွန်းတဲ့သူတွေဆိုရင် တစ်ကိုယ်ကောင်းဆန်တဲ့စိတ် တယူသန်ပြောတတ်လုပ်
တတ်တဲ့ဘက်ကိုအားသန်သွားတာတွေ့ရပါတယ်။
သူတို့ဟာအနာဂတ်အတွက်ရည်မှန်းချက်ကြီးကြီး
ထားကြတာများပါတယ်။ဒါပေမဲ့အနာဂတ်ရည်မှန်းချက်တွေကို စိတ်ထဲမှာသာ ထားပြီးအခြားလူတွေက ိုထုတ်မပြောတတ်ပါဘူး။
ဘာသာရေးနဲ့ပက်သက်လို့တနင်္ဂနွေအဆုံးသတ်
်နာမည်ရှင်တွေဟာ ပုံစံနှစ်မျိုးနဲ့တွေရပါတယ်။
တစ်မျိုးကဘာသာရေးကို မှတ်ပုံတင်ထဲမှာသာအသုံးပြုထားပြီးအပြင်မှာ မိရိုးဖလာအဆင့်ထက်မပိုတာမိျုးပေါ့။
တစ်မျိုးကတော့ ဘာသာတရားကို လေးလေးနက်နက်ယုံကြည်ပြီး ဘာသာတရားရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း
နေထိုင်တတ်သူတွေပါ။
လျော့လွန်းတင်းလွန်းတဲ့အနေအထားပေါ့ဗျ။
အခြားလူတွေအပေါ်သူတို့တွေကစိုးမိုးလိုစိတ်အားကြီး
လွန်းတာတွေကိုပြင်ရမှာပါ။ အိမ်ထောင်ဘက်အပေါ် အရာရာစိုးမိုးချင်တဲ့စိတ်တွေကိုလျှော့ပါ။အခန့်မသင့်ရင်အိမ်ထောင်ရေးပဋိပက္ခတွေဖြစ်နိုင်လို့ပါ။ဒါပေမဲ့သူတို့တွေကမိသားစုအပေါ်တာဝန်ကျေကြတာများပါတယ်။
သူတို့တွေဟာခေါင်းဆောင်လုပ်လိုစိတ်ရှိတဲ့အတွက်
တာဝန်ယူတဲ့စိတ် တာဝန်ကျေပွန်အောင်လုပ်ဆောင်တတ်တဲ့စိတ်
အလုပ်တစ်ခုကိုပြီးမြောက်အောင်မြင်အောင်လုပ်တတ်တဲ့စိတ်က အခြားသူတွေထက်ပိုကြောင်းပြောရင်း ဒီနေရာမှာတင်ပဲ တနင်္ဂနွေစာလုံးအဆုံးသတ်ပေးထားသူတွေရဲ့စရိုက် လက္ခဏာတွေကိုအဆုံးသတ်ပါရစေခင်ဗျာ။ ။
ဗေဒင်သုတေသီ

နာမည်အဖျားစာလုံးတနင်္လာနံဖြင့်မှည့်ခေါ်ထားသော နာမည်ရှင်များအကြောင်း


ကျွန်တော်အခုပြောချင်တာက နာမည်အဖျားစာလုံးက တနင်္လာနံ ဖြစ်တဲ့ ”က ခ ဂ ဃ င” နဲ့ အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်တွေအကြောင်းပဲ။
ဥပမာ ရဲကျော် အောင်ခန့် မျိုးမင်းကျော် အေးအေးငြိမ်း ကျော်ဂေါင် သန္တာချို စသည်ဖြစ်ပေါ့ဗျ။

အဖျားစလုံးတနင်္လာနဲ့ပေးထားတဲ့နာမည်ရှင်တွေက
အရာရာပေါ့ပေါ့ပါးပါးနေတတ်တဲ့သူတွေများတယ်။ ဘာမှအလေးအနက်သိပ်မထားကြဘူးဗျ။

နောက်ပြီးသူတို့တွေဟာစိတ်ကူးယဉ်အရမ်းဆန်ကြတယ်။
လက်တွေဘဝကိုစိတ်ကူးနဲ့ အရင်ပုံဖော်တတ်ကြတယ်။
စိတ်ကူသာများပြီးလက်တွေ့အကောင်အထည်ဖော်တာ တော့ အားနည်းတာမျိုးတွေ့ရတတ်တယ်။
တစ်ခုခုကို ဆုံးဖြတ်ချက်ချရာမှာတွေဝေ ဒွိဟဖြစ်လွန်း
စဉ်းစားလွန်းတဲ့သူတွေပါ။

သူတို့တွေဟာအများကိစ္စဖြစ်တဲ့ ပရဟိတတွေ။ လူအများကောင်းကျိုးတွေ ။ တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေအောင်စေ့စပ် ချိတ်ဆက်ပေးတဲ့နေရာမှာတော့ တော်ကြတယ်။

ဒါကြောင့်သူတို့တွေဟာစိတ်ကူးအသားပေး
လုပ်ရတဲ့အနုပညာအလုပ်တွေ media လုပ်ငန်းတွေ
communication နဲ့ပက်သက်တဲ့ အလုပ်တွေမှာအံ့ဝင်ဂွင်ကျဖြစ်ကြတာများတယ်ဗျ။

နောက်တစ်ခုက သူတို့တွေကစိတ်နုကြတယ်ဗျ။ လောကဓံရဲ့ကြီးကြီးမားမားရိုက်ပုတ်တဲ့ဒဏ်တွေကို
မခံနိုင်ကြပါဘူး။ သူတို့တွေဟာ စည်ကမ်းတင်ကြပ်တာတွေ ကြီးမားတဲ့တာဝန်တွေပေး
တာမျိုးတွေ ချုပ်ချယ်ခံရတာမျိုးတွေ ကိုအရမ်းကြောက်တတ်ပါတယ်။
သူတို့တွေဟာလွတ်လပ်မှုကို မြတ်နိုးကြပါတယ်။
ဘဝကို ပျော်ပျော်ပါးပါးဖြတ်သန်းချင်သူတွေပါ။ ဒါကြောင့်
သူတို့တွေဟာ pressure ပေးတာကို လုံးဝမကြိုက်
တတ်ပါဘူး။ အိမ်မှာစည်းကမ်းတင်းကြပ်ပြီး ဖိအားပေးတာများလာရင်
သူတို့ဟာမပျော်တော့ပါဘူး။တနင်္လာနဲ့အဆုံးသတ်ပေးထားတဲ့ ကလေးတွေဆယ်တန်းရောက်လာရင် ်မိဘတွေအနေနဲ့သတိထားစေချင်ပါတယ်။ ကျောင်းမှာစာတွေများလို့စိတ်ညစ်တာတစ်မျိုး ။ အိမ်ရောက်တော့မိဘက အဆင့်နည်းတယ် စာမကျက်ဘူးဆိုပြီးဖိအားပေး တော့ ကလေးက စာစိတ်မဝင်စားတော့ဘူး။ စိတ်ပျော်ရာနောက်လိုက်သွားတာမျိုးတွေခဏခဏ ကြုံဖူးပါတယ်။
အလုပ်ခွင်ဝင်တဲ့အခါမှာလဲတာဝန်တွေအမြဲပိနေအောင်ခိုင်းတဲ့အလုပ်တွေဆို သူတို့တွေဟာဝေးဝေးရှောင်ကြပါတယ်။ စည်ကမ်းတွေထုတ်ပြီး ချုပ်ချယ်တဲ့ရည်းစားတွေဆိုသူတို့တွေဟာ အဆက်ဖြတ်ဖို့ဝန်မလေးပါဘူး။
ကောင်းတာက သူတို့ရင်ထဲမှာ အာဃာတတွေ အညှိုးတွေမထားတတ်ကြပါဘူး။ ဒေါသဖြစ်စရာ မကျေနပ်စရာတွေကိုရင်ထဲကြာကြာမထားတတ်တဲ့သူတွေပါ။ သူတို့တွေဟာ အတုခိုးတာလွယ်ကြ ပါတယ်။
ကောင်းတာအတုခိုးရင်အကြောင်းမဟုတ်ပေမဲ့ ဆိုးတာကိုအတုခိုးမိရင်တော့ ပျက်စီးခြင်းလမ်းကြောင်းပေါ်ရောက်သွားတတ်တဲ့အတွက်သတိထားစေချင်ပါတယ်။ အသင်းအဖွဲ့နဲ့ပျော်ပျော်ပါးပါးလုပ်ချင်ကိုင်ချင်စိတ်ရှိသူတွေပါ။ သူတို့တွေဟာ”ပျော်ရာမှာမနေတော်ရာမှာနေ ”ဆိုတဲ့ ဆောင်ပုဒ်
ရဲ့ ပြောင်းပြန်ဖြစ်တဲ့ ”တော်ရာမှာမနေပျော်ရာမှာနေ ”တဲ့သူတွေ ဖြစ်ကြောင်းပြောကြားရင်း တနင်္လာနံအဖျားစာလုံးမှည့်ပေးထားတဲ့သူတွေအကြောင်း
ဒီနေမှာတင်ပဲအဆုံးသတ်လိုက်ရပါတယ် ခင်ဗျာ။ ။

ဗေဒင်သုတေသီ

နာမည်အဖျားစာလုံး အင်္ဂါနံ စ ဆ ဇ စျ ည ဖြင့် မှည့်ထားသော နာမည်ရှင်များအကြောင်း

ကျွန်တော်အခုပြောချင်တာက နာမည်အဖျားစာလုံး
စ ဆ ဇ စျ ည နဲ့ မှည့်ထားတဲ့သူတွေရဲ့အကြောင်းပေါ့
ဥပမာ အောင်စိုး မိုးမိုးစန်း သန်းမင်းဇော်
မိုးဆွေ အောင်ညိမ်း စသည့်နာမည်ရှင်တွေပေါ့။
ထိုနာမည်ရှင် တွေက လျင်မြန်မှု ဖျတ်လတ်မှုကတော့
အခြားအဆုံးသတ်နာမည်ရှင်တွေထက်သာပါတယ်။
ဘယ်ကိစ္စကိုမဆိုစိတ်မြန်လက်မြန်လုပ်တတ်တဲ့သူတွေပါ။
နှေးကွေးလေးလံတယ်ဆိုတာ သူတို့အဘိဓာန်မှာမရှိပါဘူး
နောက်ကျတယ်ဆိုတဲ့ စကားကိုလုံးဝမကြိုက်တဲ့သူတွေပါ။
သူတို့ကိုယ်တိုင်ကလဲနောက်ကျမှာကိုကြောက်ကျတဲ့အတွက် သူတို့နာရီကိုငါးမိနစ်လောက် ရှေ့နဲနဲစောပြီး လှည့်ထားတတ်တဲ့သူတွေပါ။
သူတို့ဟာ အကင်းပါတဲ့နေရာ လူကဲခတ်တဲ့နေရာသူမတူအောင်တော်ပါတယ်။သူတို့ရှေ့
မှာလိမ်မယ်ဆိုရင်တော့ ပိပိရိရိတော့ရှိပါစေ။ အဲလိုမှမဟုတ်ရင်တော့ ကိုယ်လိမ်မိတာအစဆွဲထုတ်သလိုဖြစ်နေပါလိမ့်မယ်
နောက်ပြီးသူတို့တွေဟာအရာရာ အနိုင်ယူလိုစိတ်ရှိပါတယ်။သူများတွေကျောသွားတာကို
လက်မခံနိုင်ကြသူတွေပါ။ ဥပမာဗျ ကားမောင်းတဲ့အခါမှာ
ဆိုရင် သူတို့တွေဟာ ဘေးကားတစ်စီးကပ်ကျော်သွားရင်တောင်မခံနိုင်တဲ့သူတွေပါ ။ မရရအောင်ပြန်ကျော်တတ်တဲ့သူတွေပါ။
သူများတွေနဲ့ယှဉ်လာရင်
အနိုင်ရမှကြိုက်တတ်တဲ့သူတွေပါ။သူတို့တွေဟာတစ်ဦးတစ်ယောက်နဲ့နှိုင်းယှဉ်ပြီးပြောရင်မကြိုက်တတ်ပါဘူး။
သူများနဲ့ယှဉ်ပြီး ”မင်းက သူနဲ့ယှဉ်ရင် ဘယ်နေရာက အားနည်းတယ် ”စသည်ဖြင့် သူတို့တွေကိုသွားမပြောသင့်ပါဘူး။ အဲလိုပြောတဲ့သူဟာ
သူနဲ့ကမ႓ာရန်တွေ ဖြစ်သွားပါလိမ့်မယ်။
သူတို့တွေဟာ အလုပ်လုပ်တဲ့နေရာမှာ တုံးတိုက်တိုက်
လုပ်ရဲတဲ့အတွက်သူတို့တွေဟာ ဝန်ထမ်းထက် ကိုယ်ပိုင်လုပ်ငန်းနဲ့ဆိုရင် ပိုပြီးသင့်တော်ပါတယ်။
သူတို့တွေဟာအပြိုင်အဆိုင်နဲ့ နေရတာကိုကြိုက်တဲ့အတွက် သူတို့တွေဟာ ပြိုင်ဘက်တွေရှိရင်တိုးတက်ကြပါတယ်။ သူတို့အတွက်ပြိုင်ဘက်ကောင်းတစ်ယောက်သာရှိမယ်ဆို
ရင် ဘဝမှာတဟုန်ထိုး တိုးတတ်သွားတတ်ပါတယ်။
ဘဝမှာစံချိန်စံညွှန်း သတ်ံမှတ်ချက်တွေနဲ့နေတဲ့သူတွေဟာ အင်္ဂါနံနဲ့အဆုံးသတ်သူတွေပါ။ မိမိသည် ဘယ်လောက်အတိုင်းအတာထိ အောင်မြင်ရမည်။
လုပ်ငန်းခွင်တွင်လဲ ဘယ်လောက်ရာထူးထိရ ရမည်ဟုမိမိကိုယ်တိုင် သတ်မှတ်ကြိုးစားကြသလိုပဲ
အိမ်ထောင်ဘက်ရွေးချယ်သည့်အခါမှာလဲ မိမိသတ်မှတ်ထားတဲ့စံချိန်စံညွှန်းမကိုက်ညီရင် လုံးဝမစဉ်းစားတဲ့သူတွေပါ။
ဇွတ်တရွတ်လုပ်တာ မိုက်မိုက်ကန်းကန်းလုပ်တာ
စွန့်စွန့်စားလုပ်တာတွေ တစ်ခါတလေရိုင်းရိုင်းပြပြ ဆက်ဆံတတ်တာဟာသူတို့အကျင့်တွေပဲဆိုတာပြောကြားရင်း အင်္ဂါနံအဆုံးသတ်ပေးထားတဲ့သူတွေရဲ့ အကြောင်း ဒီမှာတင်ပဲနိဂုံးချုပ်အပ်ပါတယ်။
ဗေဒင်သုတေသီ

နာမည်အဖျားစာလုံး ဗုဒ္ဓဟူးနံနှင့် မှည့်ထားသော နာမည်ရှင်များအကြောင်း

ဒီတစ်ခါပြောမှာက နာမည်အဖျားစာလုံး ယ လ ဝနှင့်အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။
ဥပမာ အောင်ဝင်း ခင်မောင်လွင် ချိုချိုလွင် ခင်ယုယ
စသည့်နာမည်ရှင်တွေပေါ့
သူတို့တွေဟာ ပြုပြင်ရေးသမားတွေလို့ဆိုရမှာပါပဲ။
ဘယ်သူ့ကိုဖြစ်ဖြစ်ပြုပြင်ချင်တဲ့စိတ်အမြဲရှိတယ်။သူတို့ရှေမှာအမြင်မတော်တာတွေ ပြုပြင်စရာတွေမြင်ရင် ပြောပြပြုပြင်တတ်တဲ့အကျင့်က ရှိပါတယ်။
အဲဒါကြောင့်ပဲ သူတို့တွေဟာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလူဆိုးလို့သတ်မှတ်ထားတဲ့ လူကိုပဲ
ငါ့လက်ထဲကျရင်ရအောင်ပြင်မယ်ဆိုတဲ့စိတ်နဲ့လက်တွဲဖော်အဖြစ်ရွေးချယ်သွားတတ်ကြတာ ခဏခဏကြုံဖူးပါတယ်။
စကားများများပြောတဲ့ သူတွေဟာ ဗုဒ္ဓဟူးနံနဲ့အဆုံးသတ်ပေးထားတဲ့သူတွေလို့ပဲဆိုရမှာပါ။ အခြားအဆုံးသတ်နေ့တွေထက် စကားပိုပြောကြတဲ့သူတွေပါ။ စကားမပြောဘဲ နှုတ်နည်းတဲ့သူတောင် ပြောပြီဆိုလို့ကတော့မရပ်တော့ပါဘူး။ အချို့ကြတော့
ဒီအတိုင်းနေရင်မြုံစိစိ နေကြပေမဲ့ အရည်လေးဝင်သွားရင်တော့ နားညီးဖို့သာပြင်ထားပေတော့ လို့ပြောရမှာပါပဲ
နောက်တစ်ခု သူတို့တွေက ခြေထောက်မှာဗွေပါတဲ့သူတွေလို့ပဲပြောရမလားပဲ
ဗုဒ္ဓဟူးနံနဲ့အဆုံးသတ်ပေးထားသူတွေဟာ အိမ်ကပ်တဲ့သူ
တော်တော်ရှားတယ်ဗျ ။ ခြေစင်္ကြာအမြဲဖွင့်ပြီးသွားနေရတဲ့သူတွေများတယ်ဗျ။
သူတို့ကံကပဲ အိမ်မကပ်ရတာနဲ့တူပါတယ်ဗျ။
သူတို့တွေမှာဘာတွေထူးခြားတာတွေ့ရလဲဆိုတော့
သူတို့ကံက တသတ်မှတ်ထဲမရှိတာများတယ်ဗျ။ကံအရမ်း
နိမ့်ပြီးဘာလုပ်လုပ်အဆင်မပြေဘူးဆို သိပ်မကြာဘူးဗျ
ကံပြန်ကောင်းလာတတ်တယ်။ ကံများကံကောင်းနေပြီ
ဆိုလို့ကတော့ သတိထားနေပေတော့ ကံပြန်နိမ့်သွားပြန်ရောဗျ။ အကုန်လုံးတော့ မဆိုလိုပါဘူးဗျာ တော်တော်များများတော့
အဲဒီပုံစံအတိုင်းတွေ့ရတယ်ဗျ။
သူတို့တွေက အသိပညာ ဗဟုသုတတွေကိုတန်ဖိုးထားကြတယ်ဗျ။ သူတို့နဲ့ပက်သက်ဆက်နွယ်နေတဲ့သူတွေကလဲ အသိပညာအားနည်တာ ဗဟုသုတမရှိတာမျိုးဆိုရင်
သူတို့တွေကမကြိုက်တတ်ကြဘူး။ အဲဒီလူကိုအထင်သေးတတ်ကြတယ်ဗျ။
သူတို့တွေက ပြုပြင်တတ်တဲ့စိတ်ကြောင့်ပဲလာမသိဘူး
ပစ္စည်းတစ်ခုခုပျက်စီးထားရင်ချောင်ထိုးထားလေ့မရှိဘူးဗျ
ဖိနပ်လေးပျက်တာကအစ ပြန်လည်ပြုပြင်ပြီးစီးရမှ ကျေနပ်တဲ့သူတွေလို့ …ပြောရင်း ဗုဒ္ဓဟူးနံနဲ့အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းဒီနေရာမှာတင်ပဲနိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။ ။
ဗေဒင်သုတေသီ