loading

Author: Nyein Aye Lu

ဓမ္မအမြင်နှင့်အင်္ဂဝိဇ္ဇာညှပ်သတ်ကိန်း

 အင်္ဂဝိဇ္ဇာလေ့လာဖူးသူတော့သိလိမ့်မယ်။

သာမန်လူကတော့ နည်းနည်းခေါင်းရှုပ်မလား မသိဘူး

ဗုဒ္ဓဘာသာကျမ်းဂန်များအဆိုအရ ဤကမ္ဘာသည် ဘုရားငါးဆူပွင့်သော ဘဒ္ဒကမ္ဘာဟုခေါ်သည်။ မည်သို့ပင်ဖြစ်စေ ဤစာစုကိုဖတ်ရကုန်သောသူတို့သည် လေးဆူမြောက်ဘုရှားရှင်ဖြစ်သော ဂေါတမဗုဒ္ဓ၏သာသနာတော်ကိုသာ ကြုံဆုံခွင့်ရှိတော့သည်။ ထို့ကြောင့် ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်တော်စဉ်သည် ပညတ်လောကီနယ်မှ ပရမတ်လောကုတ္တရာနယ်သို့ကူးပြောင်းခြင်း၏ သံသရာထွက်ရပ်လမ်းပြယုဂ် သို့မဟုတ် ဧကံသနမိတ်ပင် ဖြစ်တော့သည်။
သောကြာနံသား ဂေါတမဗုဒ္ဓ၏ဘဝဖြစ်တော်စဉ်ကို (မသိကြလျှင်တွေးဆဦး)ဟု အတိုကောက်ခေါ်သည်။
သိဒ္ဓတ္ထမင်းသားဘဝမှ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သော ဂေါတမမြတ်စွာဘုရားရှင်၏ ဖြစ်တော်စဉ်ကို ကြည့်လျှင်…..
မ-ကြာသပတေးနေ့(အမြစ်နေ့)တွင် လူ့ပြည်၌ ပဋိသန္ဓေ ခံယူတော်မူသည်။
သိ-သောကြာနေ့(မူလ၊ရုပ်၊ကံ၊အချာ-ပင်စည်)နေ့တွင် ဖွားမြင်တော်မူသည်။
ကြ- တနင်္လာနေ့(စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။
လျှင်- ဗုဒ္ဓဟူးနေ့(ဆပွတ်) တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
တွေး- စနေနေ့(အညွန့်)တွင် ဓမ္မစကြာ တရားဦး ဟောတော်မူသည်။
ဆ- အင်္ဂါနေ့(ပ ဉ္စပွတ်) တွင် နိဗ္ဗာန်ရောက်ရာ ပရိနိဗ္ဗာန် ပြုတော်မူသည်။
ဦး- တနင်္ဂနွေနေ့ (တြိရန်း)တွင် တေဇောဓါတ် လောင်ကျွမ်းတော်မူသည်။
သိဒ္ဓတ္ထမင်းသားဘဝမှ ဂေါတမဗုဒ္ဓဘဝသို့ပြောင်းလဲခြင်း တနည်းအားဖြင့် ပညတ်လောကီနယ်မှ ပရမတ်လောကုတ္တရာနယ်သို့သို့ကူးပြောင်းခြင်း၏ အဓိကအချက်မှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်း (အိုခြင်း၊နာခြင်း၊သြေခင်း၊ အိုနာသေဘေးမှလွတ်မြောက်ရာလမ်း) နမိတ်ကြီးလေးပါးကိုမြင်ခြင်း နှင့် တောထွက်ခြင်းဖြစ်သည်။ ဇာတိဇရာဗျာဓိမရဏ တရားသဘောအရ သတ္တဝါဟူသည် မွေးလျှင်သေမည်၊ သေဖို့မွေးဖွားကြသည်၊ အဖန်ဖန် ပဋိသန္ဓေတည်ခြင်းကို ပယ်သတ်နိုင်မှသာ အဖန်ဖန်သေခြင်းမှကင်းလွတ်ရာကိုရောက်မည်။ အဝိဇ္ဇာနှင့်တဏှာတည်းဟူသော လောကီကြိုးမပြတ်သရွေ့ဇာတိနှင့်မရဏ အဖန်ဖန် သံသရာလည်ကာ ကရွတ်ကင်းလျှောက်တဲ့ တေဘုမ္မာ ဖြစ်တော့သည်။
၃ သေဆုံးခြင်း (နဝင်း) မရဏ
၆ မွေးဖွားခြင်း (မူလ) ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံ
၅ ပဋိသန္ဓေတည်ခြင်း (အခိုက်) ဇာတိ
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မင်းစည်းစိမ် စံစားခံစားခွင့်ရသည့် ဘုရင့်သားတော်ဖြစ်သည်။ ကြင်ရာတော် ယသော်ဓယာမင်းသမီးနှင့် သားတော် ရာဟုလာ အပါအဝင် မင်းစည်းစိမ်ကို စွန့်လွှတ်၍ တောထွက်ခြင်းမှာ လောကီအာရုံကာမဂုဏ်တို့ကို သေစေခြင်း၊ ပယ်သတ်ခြင်း၊ စွန့်လွှတ်ခြင်း လွတ်မြောက်ရာလမ်းကိုရှာဖွေခြင်း ဖြစ်သည်။ လောကီအမြင်အရကြည့်လျှင် အပြင်ဆုံးရှုံးခြင်းဖြစ်သော်လည်း လောကုတ္တရာအမြင်အမြင်အရကြည့်လျှင် အတွင်းအောင်မြင်ခြင်းဖြစ်သည်။ ဓမ္မအမြင်အရ ဒုက္ခသစ္စာကိုသိခြင်းနှင့် သမုဒယသစ္စာကို ပယ်ခြင်းပင်။
၆ ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံတို့ကို ပယ်သတ်ခြင်း၊ အတွင်းအောင်ခြင်း (နဝင်း)
၂ တနင်္လာနေ့(စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် သာမန်လူများကျင့်နိုင်ခဲသော ဒုက္ကရစရိယကျင့်စဉ်ကို ခြောက်နှစ်တာမျှ ဥရုဝေဠတောတွင် ကျင့်တော်မူသော်လည်း တရားထူးမရရှိပေ။ မဇ္ဇျိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ကို ကျင့်ကြံအားထုတ်ပြီးမှသာလျှင် အရဟံအစ ဘဂဝါအဆုံး ကိုးပါးသောဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော ဂေါတမဗုဒ္ဓ ဘုရားရှင်အဖြစ်သို ဗုဒ္ဓဟူးနေ့တွင့်ရောက်တော်မူသည်။ ဓမ္မအမြင်အရ မဂ္ဂသစ္စာကိုပွားခြင်းနှင့် နိရောဓသစ္စာကိုဆိုက်ခြင်းပင်။
၄ ဗုဒ္ဓဟူးနေ့(ဆပွတ်) တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
၆ ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံတို့ကို ပယ်သတ်ခြင်း (တြိရန်း)
သိဒ္ဓတ္ထမင်းသားဘဝမှ ဂေါတမဗုဒ္ဓဘဝသို့ တောထွက်ခြင်းနှင့်တရားဓမ္မကျင့်ကြံခြင်းဟူသော အဆင့် (၂)ဆင့်ဖြင့် ကူးပြောင်းခဲ့သည်ကို တွေ့ရမည်။ ထိုနှစ်ဆင့်သည် နံတော်စဉ်အရ တနင်္လာနေ့ (စတုရန်း)နှင့် ဗုဒ္ဓဟူးနေ့(ဆပွတ်) ဖြစ်ပြီး သောကြာနေ့(မူလ၊ ရုပ်၊ ကံ) ကို ချုပ်ငြိမ်းအောင် ပယ်သတ်ပစ်ခဲ့သည်။ တနည်းအားဖြင့် အောင်လံတေဇ စတုရန်းကိန်းနှင့် သူ့ကိုနိုင်လို ဆကိုခို ဆပွတ်ကိန်းတို့ကို ပေါင်းစပ်ဖွဲ့စည်းသော ညှပ်သတ်ကိန်းပင် ဖြစ်သည်။
၄ ဗုဒ္ဓဟူးနေ့(ဆပွတ်) တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
၆ မွေးဖွားခြင်း (မူလ) ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံ
၂ တနင်္လာနေ့(စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။
ဘုရား (၇) ဆူ၏ ဖြစ်တော်စဉ် သို့မဟုတ် နံတော်စဉ်များကို ဆက်လက်လေ့လာကြည့်ပါ။
ဤ (၇) ဆူကုန်သော ဗုဒ္ဓဘုရားရှင်တို့သည် စတုရန်းနေ့တွင် တောထွက်၍ ဆပွတ်နေ့တွင် သဗ္ဗညုတဘုရားရှင်အဖြစ်သို့ရောက်တော်မူကြကုန်သည်။
– (တော၊ အုံ၊ ယုန် ၊ သား ၊ ကျက် ။ မှ ၊ စား) သိခီ တနင်္ဂနွေသားဘုရားရှင်၏ နံတော်စဉ်….
– (အ ၊ က ၊ မ ၊ တူ ၊ ဆူ ၊ သည့်၊ လူ) ဝေဿဘူ တနလာင်္သားဘုရားရှင်၏ နံတော်စဉ်….
– (ကြံ ၊ စီ ၊ သော် ၊ အား ၊ လူ့၊ တ ။ ပါး ) ကကုသန် အင်္ဂါသားဘုရားရှင်၏ နံတော်စဉ်….
– (စ ၊ လွန် ၊ ထီး ၊ ကြယ် ၊ မြ ၊ အ ၊ သွယ် ) ကောဏာဂုံ ဗုဒ္ဓဟူးသားဘုရားရှင်၏ နံတော်စဉ်….
– (လာ ၊ ပါ ၊ အ ၊ ဆုံး ၊ သိ ။ ကြ ၊ တုံး ) ကဿပ ကြာသာပတေးသားဘုရားရှင်၏ နံတော်စဉ်…
– (မ ၊ သိ ၊ ကြ ၊ လျှင် ၊ တွေး ၊ ဆ ၊ ဦး ) ဂေါတမ သောကြာသားဘုရားရှင်၏ နံတော်စဉ်….
– (သက် ၊ တော် ၊ စုံ ၊ ပြည့် ။ အ ၊ လှ ၊ ကြည့် ) နောင်ပွင့်တော်မူမည့် အရိမေတ္တယျ စနေသားဘုရားရှင်၏ နံတော်စဉ်….
ဗုဒ္ဓဘုရားရှင်တို့၏ ဖြစ်တော်စဉ် သို့မဟုတ် နံတော်စဉ်ကို သာမညလောကီပညာရပ်ဖြင့် ရေးသားတင်ပြခြင်းကို အပြစ်ဆိုသူတို့က ဆိုပေဦးမည်။ မိမိသုံးသပ်တင်ပြခဲ့သည်မှာ လောကီ ဗေဒင်အယူအဆများကို ဦးစားပေးခြင်းထက် ဖြစ်တော်စဉ်ကို လောကုတ္တရာ ဓမ္မအမြင်အရ မီးမောင်းထိုးပြခင်းသာ ဖြစ်သည်။
စတုရန်းနေ့တွင်တောထွက်တော်မူခြင်းနှင့်ဆပွတ်နေ့တွင်ဘုရားဖြစ်တော်မူခြင်းဖြင့် အလည်အချာ မူလနေ့(ခန္ဓာငါးပါးဖြင့် ဖွဲ့စည်းထားသော မိမိကိုယ်) ကိုပယ်သတ်ကာ သံသရာစက်ရဟတ်ကို ရပ်တန့်စေခြင်းဖြစ်သည်။ အင်္ဂဝိဇ္ဇာပညာ၌ စတုရန်းကိန်းနှင့် ဆပွတ်ကိန်းတို့သည် မူလ၏အနိုင်ဓါတ်များဖြစ်သော်လည်း အသုံးချပုံနှင့်အကျိုးသွားပုံမှာ မတူကွဲပြားလေသည်။ စတုရန်းနှင့်ဆပွတ်ပူးတွဲသည့် ညှပ်သတ်ကိန်းကား ပို၍ပင် အစွမ်းထက်လှသောကြောင့် ရည်ရွယ်ချက်ကောင်း စိတ်စေတနာကောင်းဖြင့်သာ အသုံးချသင့်လေသည်။
စာလေးမည်စိုးသောကြောင့် လိုရင်းကိုသာ ခြုံငုံတင်ပြခင်းဖြစ်သော်လည်း ကြည့်သောသူမြင်၍ မြင်သောသူများသည် သံသရာမှလွတ်မြောက်ခြင်းကို ရှာဖွေတွေ့ရှိနိုင်ကြောင်း ဗုဒ္ဓဖြစ်တော်စဉ်တို့က သက်သေခံနေပါသည်။
လေးစားစွာဖြင့်
ဇေယျာမောင်

”နာမည်အဖျားစာလုံးတနင်္ဂနွေနံဖြင့်မှည့်ခေါ်ထားသော နာမည်ရှင်များအကြောင်း”

ကျွန်တော်အခုရေးချင်တာက
နာမည်(အဆုံးသတ်)အဖျားစာလုံးတွေရဲ့ ယေဘုယျ စရိုက်လက္ခဏာတွေအကြောင်းပါ။အဆုံးသတ်
စာလုံးအရဆိုရင်တော့ အားလုံးပေါင်း ရာဟုစာလုံးပါ အပါအဝင် ရှစ်မျိုးရေးရမှာပါ။
ကျွန်တော်အနေနဲ့အားရင်အားသလို ရေးတင်သွားပါ့မယ်။ ယေဘုယျဆိုတဲ့အတိုင်းအကုန်လုံးဒီလိုအတိအကျကြီးပဲလို့ မဆိုလိုပါဘူး။နာမည်မှာအဖျားစာလုံးဆိုတော့အချို့
ကမသိဘဲနေဦးမယ်။ ဥပမာဗျာ ”ဝင်းမင်းအောင် ”
ဆိုပါတော့ ‘ဝင်း’ ကအရင်းစာလုံး။ ” အောင်”ကအဖျားစာလုံးပေါ့
ကျွန်တော် အနေနဲ့အခုအကြောင်းအရာက ိုရေးဖို့
အတွက် အများကြီးစဉ်းစားခဲ့ရပါတယ်။ ကျွန်တော်ထက်ပညာဉာဏ်အတွေ့အကြုံ
မြင့်မားကြတဲ့ ဆရာသမားတွေ ပညာရှင်တွေ အနေနဲ့နှာခေါင်းရှုပ်လေမလား
အပြစ်များတင်ကြမလားလို့ စိုးရိမ်မိတာအမှန်ပါ။ ကျွန်တော်အနေနဲ့ ရေးသားတဲ့အခါမှာ အမှားများပါရင်ဆရာများအနေနဲ့ထောက်ပြပါ။
ဝေဖန်အကြံပေးကြပါလို့ပြောချင်ပါတယ်။
ကျွန်တော် ဆန်းဗေဒင်သင်ရတုန်းက နာမည်ရဲ့အဖျားစာလုံးစိတ်ကိုဖော်ညွှန်းတယ်လို့ သင်ခဲ့ရဖူးပါတယ်။ (ဇနီးကိုရည်ညွှန်းတယ်လို့လဲဆိုပါတယ်။အဲဒီအကြောင်းအရာကိုတော့သပ်သပ်တင်ပြပါ့မယ်။)
အဲဒီတော့နာမည်အဖျားစာလုံးတွေ ွအကြောင်းပြောမယ်ဆိုတော့သူတို့ရဲ့စိတ်နေသဘောထားကို ပဲထောက်ပြတာမျိုးပါ။အဲလိုထောက်ပြတော့ ခုနှစ်ရက်သားသမီးတွေအတွက်ဘာတွေအကျိုးရှိသလဲဆိုတော့ ဥပမာ ဗျ တနင်္ဂနွေနဲ့အဆုံးသတ်ပေး ထားတဲ့နာမည်ရှင်တွေနဲ့ ပက်သက်မှုတွေရှိလာရင် သူတို့ရဲ့အကျင့်စရိုက်လေးတွေသိထားတော့ ဆက်ဆံရတာအဆင်ပြေနိုင်တယ်။ ဒါအပြင် အိမ်ထောင်ဘက်တွေကြား… မိဘနဲ့သားသမီးကြား… အလုပ်ရှင်နဲ့အလုပ်သမားကြား…
ဆရာနဲ့တပည့်ကြား …မိတ်တွေအချင်းချင်းကြား… စရိုက်လေးတွေသိထားတော့ ပိုမိုဆက်ဆံရေးနွေးထွေး
အဆင်ပြေစေလိုတဲ့ရည်ရွယ်ချက်ကြောင့်ရေးရခြင်းပါ။
အခုစပြောချင်တာက အဖျားစာလုံံးတနင်္ဂနွေနဲ့ပေးထားတဲ့နာမည်ရှင်များယေဘုယျစရိုက်လက္ခဏာစိတ်ဓာတ်တွေ အကြောင်းပေါ့
ဥပမာ လင်းထက်အောင် စိုးထိုက်အောင် လွင်ဦး
ဖွေးဖွေးအိ သန်းထိုက်အောင် ယဉ်မင်းဦး စသည်နာမည်ရှင်တွေပေါ့။
ကဲစလိုက်ကြရအောင်…..
တနင်္ဂနွေ အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေဟာ
စည်းကမ်းရှိကြတာများပါတယ်။ဘယ်အရာမဆိုစည်းကမ်းတကျလုပ်တတ်သလို သူများတွေကို စည်းကမ်းရှိမှကြိုက်တတ်ပါတယ်။ နောက်ပြီးသူတို့တွေဟာအသန့်ကြိုက်တတ်ကြပါတယ်။
ကိုယ့်ကိုကိုယ့် တစ်ကိုယ်ရေသန့်ရှင်းရေးအမြဲဂရုစိုက်ပါတယ်။ အဲဒီတော့ညစ်ပတ်တဲ့သူတွေဆိုသူတို့နဲ့ ကီးမကိုက်ဘူးပေါ့ဗျာ။ သူတိုတွေဟာ စိတ်ဆတ်တဲ့ စိတ်မြန်တဲ့သူတွေများတယ်။ လုပ်တာကိုင်တာ ပြောတာဆိုတာ စိတ်မြန်လက်မြန်လုပ်တတ်ကြတယ်။ စဉ်းစားတာက နောက် လုပ်လိုက်တာကအရင်ဆိုတဲ့အနေအထားမျိုးပေါ့။
တနင်္ဂနွေအဆုံးသတ်နာမည်ရှင်တွေဟာအသိအမှတ်ပြုခံချင်တဲ့စိတ် ချီးကျူးခံချင်တဲ့စိတ်က အခြားအဆုံးသတ်နေ့တွေထက်ပိုကြတယ်ဗျ။
သူတို့လုပ်တဲ့အလုပ်တိုင်းကို တော်ကြောင်း ကောင်းကြောင်းပြောပေးနိုင်မယ်ဆိုရင် သူတို့တွေနဲ့သဟဇာတဖြစ်ပါလိမ့်မယ်။ မြှောက်ပြောနေမှန်းသိရင်တောင် သဘောကျတတ်တဲ့သူတွေပါ။
သူတို့ကိုအပြစ်တင်တဲ့သူ ဝေဖန်တဲ့သူတွေဟာ သူတို့ရဲ့ကမ္ဘာ့ရန်ပါပဲ။
အရာရာတိုင်းကိုဦးဆောင်ဦးရွက်လုပ်လိုစိတ်ရှိပါတယ်။
အဲဒီစိတ်အားကြီးလွန်းတဲ့သူတွေဆိုရင် တစ်ကိုယ်ကောင်းဆန်တဲ့စိတ် တယူသန်ပြောတတ်လုပ်
တတ်တဲ့ဘက်ကိုအားသန်သွားတာတွေ့ရပါတယ်။
သူတို့ဟာအနာဂတ်အတွက်ရည်မှန်းချက်ကြီးကြီး
ထားကြတာများပါတယ်။ဒါပေမဲ့အနာဂတ်ရည်မှန်းချက်တွေကို စိတ်ထဲမှာသာ ထားပြီးအခြားလူတွေက ိုထုတ်မပြောတတ်ပါဘူး။
ဘာသာရေးနဲ့ပက်သက်လို့တနင်္ဂနွေအဆုံးသတ်
်နာမည်ရှင်တွေဟာ ပုံစံနှစ်မျိုးနဲ့တွေရပါတယ်။
တစ်မျိုးကဘာသာရေးကို မှတ်ပုံတင်ထဲမှာသာအသုံးပြုထားပြီးအပြင်မှာ မိရိုးဖလာအဆင့်ထက်မပိုတာမိျုးပေါ့။
တစ်မျိုးကတော့ ဘာသာတရားကို လေးလေးနက်နက်ယုံကြည်ပြီး ဘာသာတရားရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း
နေထိုင်တတ်သူတွေပါ။
လျော့လွန်းတင်းလွန်းတဲ့အနေအထားပေါ့ဗျ။
အခြားလူတွေအပေါ်သူတို့တွေကစိုးမိုးလိုစိတ်အားကြီး
လွန်းတာတွေကိုပြင်ရမှာပါ။ အိမ်ထောင်ဘက်အပေါ် အရာရာစိုးမိုးချင်တဲ့စိတ်တွေကိုလျှော့ပါ။အခန့်မသင့်ရင်အိမ်ထောင်ရေးပဋိပက္ခတွေဖြစ်နိုင်လို့ပါ။ဒါပေမဲ့သူတို့တွေကမိသားစုအပေါ်တာဝန်ကျေကြတာများပါတယ်။
သူတို့တွေဟာခေါင်းဆောင်လုပ်လိုစိတ်ရှိတဲ့အတွက်
တာဝန်ယူတဲ့စိတ် တာဝန်ကျေပွန်အောင်လုပ်ဆောင်တတ်တဲ့စိတ်
အလုပ်တစ်ခုကိုပြီးမြောက်အောင်မြင်အောင်လုပ်တတ်တဲ့စိတ်က အခြားသူတွေထက်ပိုကြောင်းပြောရင်း ဒီနေရာမှာတင်ပဲ တနင်္ဂနွေစာလုံးအဆုံးသတ်ပေးထားသူတွေရဲ့စရိုက် လက္ခဏာတွေကိုအဆုံးသတ်ပါရစေခင်ဗျာ။ ။
ဗေဒင်သုတေသီ

နာမည်အဖျားစာလုံးတနင်္လာနံဖြင့်မှည့်ခေါ်ထားသော နာမည်ရှင်များအကြောင်း


ကျွန်တော်အခုပြောချင်တာက နာမည်အဖျားစာလုံးက တနင်္လာနံ ဖြစ်တဲ့ ”က ခ ဂ ဃ င” နဲ့ အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်တွေအကြောင်းပဲ။
ဥပမာ ရဲကျော် အောင်ခန့် မျိုးမင်းကျော် အေးအေးငြိမ်း ကျော်ဂေါင် သန္တာချို စသည်ဖြစ်ပေါ့ဗျ။

အဖျားစလုံးတနင်္လာနဲ့ပေးထားတဲ့နာမည်ရှင်တွေက
အရာရာပေါ့ပေါ့ပါးပါးနေတတ်တဲ့သူတွေများတယ်။ ဘာမှအလေးအနက်သိပ်မထားကြဘူးဗျ။

နောက်ပြီးသူတို့တွေဟာစိတ်ကူးယဉ်အရမ်းဆန်ကြတယ်။
လက်တွေဘဝကိုစိတ်ကူးနဲ့ အရင်ပုံဖော်တတ်ကြတယ်။
စိတ်ကူသာများပြီးလက်တွေ့အကောင်အထည်ဖော်တာ တော့ အားနည်းတာမျိုးတွေ့ရတတ်တယ်။
တစ်ခုခုကို ဆုံးဖြတ်ချက်ချရာမှာတွေဝေ ဒွိဟဖြစ်လွန်း
စဉ်းစားလွန်းတဲ့သူတွေပါ။

သူတို့တွေဟာအများကိစ္စဖြစ်တဲ့ ပရဟိတတွေ။ လူအများကောင်းကျိုးတွေ ။ တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေအောင်စေ့စပ် ချိတ်ဆက်ပေးတဲ့နေရာမှာတော့ တော်ကြတယ်။

ဒါကြောင့်သူတို့တွေဟာစိတ်ကူးအသားပေး
လုပ်ရတဲ့အနုပညာအလုပ်တွေ media လုပ်ငန်းတွေ
communication နဲ့ပက်သက်တဲ့ အလုပ်တွေမှာအံ့ဝင်ဂွင်ကျဖြစ်ကြတာများတယ်ဗျ။

နောက်တစ်ခုက သူတို့တွေကစိတ်နုကြတယ်ဗျ။ လောကဓံရဲ့ကြီးကြီးမားမားရိုက်ပုတ်တဲ့ဒဏ်တွေကို
မခံနိုင်ကြပါဘူး။ သူတို့တွေဟာ စည်ကမ်းတင်ကြပ်တာတွေ ကြီးမားတဲ့တာဝန်တွေပေး
တာမျိုးတွေ ချုပ်ချယ်ခံရတာမျိုးတွေ ကိုအရမ်းကြောက်တတ်ပါတယ်။
သူတို့တွေဟာလွတ်လပ်မှုကို မြတ်နိုးကြပါတယ်။
ဘဝကို ပျော်ပျော်ပါးပါးဖြတ်သန်းချင်သူတွေပါ။ ဒါကြောင့်
သူတို့တွေဟာ pressure ပေးတာကို လုံးဝမကြိုက်
တတ်ပါဘူး။ အိမ်မှာစည်းကမ်းတင်းကြပ်ပြီး ဖိအားပေးတာများလာရင်
သူတို့ဟာမပျော်တော့ပါဘူး။တနင်္လာနဲ့အဆုံးသတ်ပေးထားတဲ့ ကလေးတွေဆယ်တန်းရောက်လာရင် ်မိဘတွေအနေနဲ့သတိထားစေချင်ပါတယ်။ ကျောင်းမှာစာတွေများလို့စိတ်ညစ်တာတစ်မျိုး ။ အိမ်ရောက်တော့မိဘက အဆင့်နည်းတယ် စာမကျက်ဘူးဆိုပြီးဖိအားပေး တော့ ကလေးက စာစိတ်မဝင်စားတော့ဘူး။ စိတ်ပျော်ရာနောက်လိုက်သွားတာမျိုးတွေခဏခဏ ကြုံဖူးပါတယ်။
အလုပ်ခွင်ဝင်တဲ့အခါမှာလဲတာဝန်တွေအမြဲပိနေအောင်ခိုင်းတဲ့အလုပ်တွေဆို သူတို့တွေဟာဝေးဝေးရှောင်ကြပါတယ်။ စည်ကမ်းတွေထုတ်ပြီး ချုပ်ချယ်တဲ့ရည်းစားတွေဆိုသူတို့တွေဟာ အဆက်ဖြတ်ဖို့ဝန်မလေးပါဘူး။
ကောင်းတာက သူတို့ရင်ထဲမှာ အာဃာတတွေ အညှိုးတွေမထားတတ်ကြပါဘူး။ ဒေါသဖြစ်စရာ မကျေနပ်စရာတွေကိုရင်ထဲကြာကြာမထားတတ်တဲ့သူတွေပါ။ သူတို့တွေဟာ အတုခိုးတာလွယ်ကြ ပါတယ်။
ကောင်းတာအတုခိုးရင်အကြောင်းမဟုတ်ပေမဲ့ ဆိုးတာကိုအတုခိုးမိရင်တော့ ပျက်စီးခြင်းလမ်းကြောင်းပေါ်ရောက်သွားတတ်တဲ့အတွက်သတိထားစေချင်ပါတယ်။ အသင်းအဖွဲ့နဲ့ပျော်ပျော်ပါးပါးလုပ်ချင်ကိုင်ချင်စိတ်ရှိသူတွေပါ။ သူတို့တွေဟာ”ပျော်ရာမှာမနေတော်ရာမှာနေ ”ဆိုတဲ့ ဆောင်ပုဒ်
ရဲ့ ပြောင်းပြန်ဖြစ်တဲ့ ”တော်ရာမှာမနေပျော်ရာမှာနေ ”တဲ့သူတွေ ဖြစ်ကြောင်းပြောကြားရင်း တနင်္လာနံအဖျားစာလုံးမှည့်ပေးထားတဲ့သူတွေအကြောင်း
ဒီနေမှာတင်ပဲအဆုံးသတ်လိုက်ရပါတယ် ခင်ဗျာ။ ။

ဗေဒင်သုတေသီ

နာမည်အဖျားစာလုံး အင်္ဂါနံ စ ဆ ဇ စျ ည ဖြင့် မှည့်ထားသော နာမည်ရှင်များအကြောင်း

ကျွန်တော်အခုပြောချင်တာက နာမည်အဖျားစာလုံး
စ ဆ ဇ စျ ည နဲ့ မှည့်ထားတဲ့သူတွေရဲ့အကြောင်းပေါ့
ဥပမာ အောင်စိုး မိုးမိုးစန်း သန်းမင်းဇော်
မိုးဆွေ အောင်ညိမ်း စသည့်နာမည်ရှင်တွေပေါ့။
ထိုနာမည်ရှင် တွေက လျင်မြန်မှု ဖျတ်လတ်မှုကတော့
အခြားအဆုံးသတ်နာမည်ရှင်တွေထက်သာပါတယ်။
ဘယ်ကိစ္စကိုမဆိုစိတ်မြန်လက်မြန်လုပ်တတ်တဲ့သူတွေပါ။
နှေးကွေးလေးလံတယ်ဆိုတာ သူတို့အဘိဓာန်မှာမရှိပါဘူး
နောက်ကျတယ်ဆိုတဲ့ စကားကိုလုံးဝမကြိုက်တဲ့သူတွေပါ။
သူတို့ကိုယ်တိုင်ကလဲနောက်ကျမှာကိုကြောက်ကျတဲ့အတွက် သူတို့နာရီကိုငါးမိနစ်လောက် ရှေ့နဲနဲစောပြီး လှည့်ထားတတ်တဲ့သူတွေပါ။
သူတို့ဟာ အကင်းပါတဲ့နေရာ လူကဲခတ်တဲ့နေရာသူမတူအောင်တော်ပါတယ်။သူတို့ရှေ့
မှာလိမ်မယ်ဆိုရင်တော့ ပိပိရိရိတော့ရှိပါစေ။ အဲလိုမှမဟုတ်ရင်တော့ ကိုယ်လိမ်မိတာအစဆွဲထုတ်သလိုဖြစ်နေပါလိမ့်မယ်
နောက်ပြီးသူတို့တွေဟာအရာရာ အနိုင်ယူလိုစိတ်ရှိပါတယ်။သူများတွေကျောသွားတာကို
လက်မခံနိုင်ကြသူတွေပါ။ ဥပမာဗျ ကားမောင်းတဲ့အခါမှာ
ဆိုရင် သူတို့တွေဟာ ဘေးကားတစ်စီးကပ်ကျော်သွားရင်တောင်မခံနိုင်တဲ့သူတွေပါ ။ မရရအောင်ပြန်ကျော်တတ်တဲ့သူတွေပါ။
သူများတွေနဲ့ယှဉ်လာရင်
အနိုင်ရမှကြိုက်တတ်တဲ့သူတွေပါ။သူတို့တွေဟာတစ်ဦးတစ်ယောက်နဲ့နှိုင်းယှဉ်ပြီးပြောရင်မကြိုက်တတ်ပါဘူး။
သူများနဲ့ယှဉ်ပြီး ”မင်းက သူနဲ့ယှဉ်ရင် ဘယ်နေရာက အားနည်းတယ် ”စသည်ဖြင့် သူတို့တွေကိုသွားမပြောသင့်ပါဘူး။ အဲလိုပြောတဲ့သူဟာ
သူနဲ့ကမ႓ာရန်တွေ ဖြစ်သွားပါလိမ့်မယ်။
သူတို့တွေဟာ အလုပ်လုပ်တဲ့နေရာမှာ တုံးတိုက်တိုက်
လုပ်ရဲတဲ့အတွက်သူတို့တွေဟာ ဝန်ထမ်းထက် ကိုယ်ပိုင်လုပ်ငန်းနဲ့ဆိုရင် ပိုပြီးသင့်တော်ပါတယ်။
သူတို့တွေဟာအပြိုင်အဆိုင်နဲ့ နေရတာကိုကြိုက်တဲ့အတွက် သူတို့တွေဟာ ပြိုင်ဘက်တွေရှိရင်တိုးတက်ကြပါတယ်။ သူတို့အတွက်ပြိုင်ဘက်ကောင်းတစ်ယောက်သာရှိမယ်ဆို
ရင် ဘဝမှာတဟုန်ထိုး တိုးတတ်သွားတတ်ပါတယ်။
ဘဝမှာစံချိန်စံညွှန်း သတ်ံမှတ်ချက်တွေနဲ့နေတဲ့သူတွေဟာ အင်္ဂါနံနဲ့အဆုံးသတ်သူတွေပါ။ မိမိသည် ဘယ်လောက်အတိုင်းအတာထိ အောင်မြင်ရမည်။
လုပ်ငန်းခွင်တွင်လဲ ဘယ်လောက်ရာထူးထိရ ရမည်ဟုမိမိကိုယ်တိုင် သတ်မှတ်ကြိုးစားကြသလိုပဲ
အိမ်ထောင်ဘက်ရွေးချယ်သည့်အခါမှာလဲ မိမိသတ်မှတ်ထားတဲ့စံချိန်စံညွှန်းမကိုက်ညီရင် လုံးဝမစဉ်းစားတဲ့သူတွေပါ။
ဇွတ်တရွတ်လုပ်တာ မိုက်မိုက်ကန်းကန်းလုပ်တာ
စွန့်စွန့်စားလုပ်တာတွေ တစ်ခါတလေရိုင်းရိုင်းပြပြ ဆက်ဆံတတ်တာဟာသူတို့အကျင့်တွေပဲဆိုတာပြောကြားရင်း အင်္ဂါနံအဆုံးသတ်ပေးထားတဲ့သူတွေရဲ့ အကြောင်း ဒီမှာတင်ပဲနိဂုံးချုပ်အပ်ပါတယ်။
ဗေဒင်သုတေသီ

နာမည်အဖျားစာလုံး ဗုဒ္ဓဟူးနံနှင့် မှည့်ထားသော နာမည်ရှင်များအကြောင်း

ဒီတစ်ခါပြောမှာက နာမည်အဖျားစာလုံး ယ လ ဝနှင့်အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။
ဥပမာ အောင်ဝင်း ခင်မောင်လွင် ချိုချိုလွင် ခင်ယုယ
စသည့်နာမည်ရှင်တွေပေါ့
သူတို့တွေဟာ ပြုပြင်ရေးသမားတွေလို့ဆိုရမှာပါပဲ။
ဘယ်သူ့ကိုဖြစ်ဖြစ်ပြုပြင်ချင်တဲ့စိတ်အမြဲရှိတယ်။သူတို့ရှေမှာအမြင်မတော်တာတွေ ပြုပြင်စရာတွေမြင်ရင် ပြောပြပြုပြင်တတ်တဲ့အကျင့်က ရှိပါတယ်။
အဲဒါကြောင့်ပဲ သူတို့တွေဟာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလူဆိုးလို့သတ်မှတ်ထားတဲ့ လူကိုပဲ
ငါ့လက်ထဲကျရင်ရအောင်ပြင်မယ်ဆိုတဲ့စိတ်နဲ့လက်တွဲဖော်အဖြစ်ရွေးချယ်သွားတတ်ကြတာ ခဏခဏကြုံဖူးပါတယ်။
စကားများများပြောတဲ့ သူတွေဟာ ဗုဒ္ဓဟူးနံနဲ့အဆုံးသတ်ပေးထားတဲ့သူတွေလို့ပဲဆိုရမှာပါ။ အခြားအဆုံးသတ်နေ့တွေထက် စကားပိုပြောကြတဲ့သူတွေပါ။ စကားမပြောဘဲ နှုတ်နည်းတဲ့သူတောင် ပြောပြီဆိုလို့ကတော့မရပ်တော့ပါဘူး။ အချို့ကြတော့
ဒီအတိုင်းနေရင်မြုံစိစိ နေကြပေမဲ့ အရည်လေးဝင်သွားရင်တော့ နားညီးဖို့သာပြင်ထားပေတော့ လို့ပြောရမှာပါပဲ
နောက်တစ်ခု သူတို့တွေက ခြေထောက်မှာဗွေပါတဲ့သူတွေလို့ပဲပြောရမလားပဲ
ဗုဒ္ဓဟူးနံနဲ့အဆုံးသတ်ပေးထားသူတွေဟာ အိမ်ကပ်တဲ့သူ
တော်တော်ရှားတယ်ဗျ ။ ခြေစင်္ကြာအမြဲဖွင့်ပြီးသွားနေရတဲ့သူတွေများတယ်ဗျ။
သူတို့ကံကပဲ အိမ်မကပ်ရတာနဲ့တူပါတယ်ဗျ။
သူတို့တွေမှာဘာတွေထူးခြားတာတွေ့ရလဲဆိုတော့
သူတို့ကံက တသတ်မှတ်ထဲမရှိတာများတယ်ဗျ။ကံအရမ်း
နိမ့်ပြီးဘာလုပ်လုပ်အဆင်မပြေဘူးဆို သိပ်မကြာဘူးဗျ
ကံပြန်ကောင်းလာတတ်တယ်။ ကံများကံကောင်းနေပြီ
ဆိုလို့ကတော့ သတိထားနေပေတော့ ကံပြန်နိမ့်သွားပြန်ရောဗျ။ အကုန်လုံးတော့ မဆိုလိုပါဘူးဗျာ တော်တော်များများတော့
အဲဒီပုံစံအတိုင်းတွေ့ရတယ်ဗျ။
သူတို့တွေက အသိပညာ ဗဟုသုတတွေကိုတန်ဖိုးထားကြတယ်ဗျ။ သူတို့နဲ့ပက်သက်ဆက်နွယ်နေတဲ့သူတွေကလဲ အသိပညာအားနည်တာ ဗဟုသုတမရှိတာမျိုးဆိုရင်
သူတို့တွေကမကြိုက်တတ်ကြဘူး။ အဲဒီလူကိုအထင်သေးတတ်ကြတယ်ဗျ။
သူတို့တွေက ပြုပြင်တတ်တဲ့စိတ်ကြောင့်ပဲလာမသိဘူး
ပစ္စည်းတစ်ခုခုပျက်စီးထားရင်ချောင်ထိုးထားလေ့မရှိဘူးဗျ
ဖိနပ်လေးပျက်တာကအစ ပြန်လည်ပြုပြင်ပြီးစီးရမှ ကျေနပ်တဲ့သူတွေလို့ …ပြောရင်း ဗုဒ္ဓဟူးနံနဲ့အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းဒီနေရာမှာတင်ပဲနိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။ ။
ဗေဒင်သုတေသီ

နာမည်အဖျားစာလုံး ကြာသပတေးနံနှင့်အဆုံးသတ် မှည့်ထားသောနာမည်ရှင်များအကြောင်း

အခုပြောမှာက နာမည်အဖျားလုံး ပ ဖ ဗ ဘ မ နဲ့ အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။
ဥပမာ အောင်မင်း နေလင်းဖြိုး ဝင်းဝင်းပြည့် ထွန်းဘို
အောင်ဗိုလ် စသည့်နာမည်ရှင်တွေပါ။
သူတို့ တွေဟာ မျှော်လင့်ချက် ရည်ရွယ်ချက်တွေ
ကြီးမားကြတာများပါတယ်။ ဘဝမျှော်မှန်းချက်တွေနဲ့ အနာဂတ်ကို ရှင်သန်နေသူတွေပါ။
သူတို့တွေဟာ ဉာဏ်ရည်ထက်မြက်ကြပါတယ်။ဉာဏ်ပညာလဲကြီးမားကြသူတွေပါ။ ပညာကိုမြတ်နိုးတန်ဖိုးထားကြပါတယ်။
သူတို့တွေဟာ အလုပ်လုပ်ရင်မရပ်မနား လုပ်တတ်သလောက် မလုပ်ဘူးဆိုရင်လဲ သူများထက်ပျင်းတဲ့သူတွေပါ။
သူတို့တွေဟာစိတ်သဘောထားကြီးမား ကြသူတွေပါ။
ဘယ်လိုကိစ္စ ပြဿနာမျိုးတွေမဆို အားနည်းတဲ့ဘက်က
ရပ်တည်ကြတဲ့သူတွေပါ။ ရွေးချယ်စရာနှစ်ခုကြုံလာရင်တော့ သူတို့တွေဟာအားနည်းတဲ့သူတွေကိုပဲရွေးချယ်သွားကြတာပါ။
ဒါပေမဲ့သူတို့တွေဟာ စိတ်ကြီးတဲ့သူတွေများပါတယ်။ သဘောကောင်းရင် သူများထက်ကောင်းပြီး စိတ်တိုဒေါသထွက်လာရင်တော့ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်ကြီးလိုပါပဲ။
သူတို့တွေဟာအသစ်အဆန်းကို ကြိုက်တဲ့သူတွေပါ။ အဲလိုအသစ်အဆန်းတွေ စွန့်စားရတာတွေကိုမြတ်နိုးတဲ့အတွက် မွေးရပ်ထက် အခြားနေရာတွေကိုခြေဆန့်ကြတာများပါတယ်။ အဲဒါကြောင့်ပဲ မွေးရပ်နဲ့ဝေးတဲ့နေရာတွေမှာ အခြေချနေထိုင်ကြပါတယ်။
သူတို့တွေဟာ အမြဲတမ်းအကြီးကြီတွေပဲ စဉ်းစားတတ်သူပါ။ ဘာပဲဖြစ်ဖြစ်နေဖြစ်နေ သေးသေးမွှားမွှားတွေကိုလုံးဝမစဉ်းစားတတ်သူပါ။
နောက်ပြီးသူတို့ သနားတတ်တယ်။ သူများတွေအခက်အခဲဖြစ်နေရင် ကူညီချင်တဲ့စိတ်အပြည့်ရှိသူတွေပါ။
သူတို့တွေ ဗေဒင်နက္ခတ်တို့ ဂမ္ဘီရတို့ ဂါထာမန္တန်တို့ စိတ်စွမ်းအားတို့ အပေါ်မှာတော့ယုံကြည်မူအပြည့်ရှိကြပါတယ်။ ဉာဏ်ပညာကြီးမားတဲ့အတွက် ထိုပညာတွေ လေ့လာမယ်
ဆိုရင် ဆုံးခန်းတိုင်အောင် ပေါက်ရောက်နိုင်တယ်ဆိုတာပြောကြားရင်း ကြာသပတေးနံနဲ့အဆုံးသတ်ထားတဲ့နာမည်ရှင်တွေအကြောင်းကို ဒီနေရာမှာတင်ပဲနိဂုံးချုပ်အပ်ပါတယ်။ ။
ဗေဒင်သုတေသီ

၀ါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း **************************

မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့
ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။
ဥပမာပြောရရင် ….
သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊
ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊
သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊
အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။
ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့
အချက်လေးတွေပါ။
ဒီအလွဲတွေထဲက နောက်တစ်ခုက ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအဝင် ဖြစ်နေပြန်ပါပြီ။
၀ါမဝင်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ဝါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘဝင်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။
၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာ လားလို့ မေးလာ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဝါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းလို့ ခေါင်းစဉ်တပ်ကာ ပို့စ်တစ်ပုဒ် ရေးဖြစ်ခဲ့ ရပြန်ပါတယ်။
တကယ်တော့ ဝါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ဝါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ဝိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ ဝါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေ ါ်ဝေါ် သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။
ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ဝါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက် အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ဝိနည်းဥပဒေဟာ ဝါတွင်းကာလမှာ အိမ်ထောင် မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။
ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။
ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ဝါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ဝါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။
ဘုရားရှင်ဝါဆိုဖို့ ဝိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော် မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်း မှ ပေါ်ပေါက်ခဲ့တာပါ။ ဝါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။
လူတွေအတွက် ဝါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့် စေလို တဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ဝါတွင်းကာလမှ မဟုတ်ပါဘူး။ ဝါတွင်းမဟုတ်တဲ့အချိန်တွေမှာ လည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။
ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေ ထိုင်ကြဖို့သာ ဟောကြားလေ့
ရှိပါတယ်။
ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူး တလည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ကာမဂုဏ်မေ ထုန် မမှီဝဲရဆိုတာကိုတော့ အထူး
သတ်မှတ် ပညတ်တော်မူပါတယ်။
ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လို အဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောကျ်ား ဇနီးမယားတို့ လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခေရောက်စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ်ပါတယ်။
ဘယ် အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။
အိမ်ထောင်ပြုမှုဟာ ရှေးပဝေသဏီတည်းကလုပ်ခဲ့ကြတဲ့အလုပ်ပါ။ ဘုရားရှင်လက်ထက်မှာလည်း အိမ်ထောင်ပြုကြပါတယ်။ အရိယာ ပုဂ္ဂိုလ်များဖြစ်တဲ့ သောတာပန်မှစပြီး အနာဂါမ်အထိ သူတော်စင်တွေလည်း အိမ်ထောင်ပြုကြပါတယ်။
ဘုရားလက်ထက်က လူသန်းပေါင်း ၇၀လောက်ရှိတဲ့ သာဝတ္ထိမြို့ကြီးဟာ အရိယာပုဂ္ဂိုလ်ချည်းပဲ သန်းပေါင်း ၅၀ခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒီသာဝတ္တိမြို့သူမြို့သားတွေဟာလည်း အိမ်ထောင်ပြုကြပါတယ်။
ဒါပေမယ့် သူတို့အိမ်ထောင်ပြုမှုဟာ ဝါတွင်းကိုရှောင်ပြီး ပြုတယ်
ဆိုတာကို ဗုဒ္ဓစာပေမှာ အထူးဖော်ပြတာ မရှိကြပါဘူး။ သူတို့အဆင်ပြေ သင့်လျော်ချိန်မှာ ပြုကြမှာပါ။
ဘုရားရှင်ကိုယ်တော်တိုင်လည်း ၄၅နှစ်ပတ်လုံး အိန္ဒိယနိုင်ငံတစ်ဝှန်း လှည့်လည်သီတင်းသုံးတဲ့ အချိန်ဟာ သာဝတ္ထိမြို့မှာ သီတင်းသုံးချိန်က ပိုများပါတယ်။ ဒီလို ဘုရားရှင် သီတင်းသုံးချိန်များပြီး အရိယာသူတော်စင် အများဆုံးရှိတဲ့ သာဝတ္ထိမြို့မှာ သတ်မှတ်ပညတ် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာလည်း အ များကြီးပါ။
အိမ်ထောင်ပြုမှုနဲ့ ပတ်သက်လို့ ကာလသတ်မှတ် ဟောကြားချက်ရှိခဲ့မယ်ဆိုရင် သာဝတ္ထိမြို့သား တို့ရဲ့ အိမ်ထောင်ပြုခြင်း အကြောင်းတွေလည်း စာပေမှာ အများကြီးတွေ့နေရမှာပါ။ ဒါပေမယ့် မရှိခဲ့ပါဘူး။
ဘုရားရှင်ဟာ လူတွေအတွက် အိမ်ထောင်ပြုမှု၊ မပြုမှု၊ အိမ်ထောင်ပြု
သင့်တဲ့ ကာလ၊ မပြုသင့်တဲ့ ကာ လတွေထက် အိမ်ထောင်တစ်ခုရဲ့ အဆင်ပြေမှု မပြေမှုတွေကို ပိုပြီးဦးစားပေးပါတယ်။ အိမ်ထောင်ရှင် နှ
စ်ဦးတို့ရဲ့ အိမ်ထောင်ရေးခိုင်မြဲဖို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များကိုသာ ဦးစားပေးဟောတော်မူပါတယ်။
ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက် ကတော့ ရှေးအစဉ်လာ ကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင် ပါတယ်။
ရှေးကလူကြီးသူမ များဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါ
တယ်။
ရဟန်းတော်များ ဝါတွင်းကာလ ဝါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ် အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များ နဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ဝါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ် ကြခြင်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက် စဉ်းစားမိတာက ဝါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့စားဝတ်နေရေးအရလည်း အခက်အခဲ ဖြစ်နိုင်တဲ့ အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြ ဘဲ ရှောင် ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာအခုခေတ်ရောက်လာတဲ့ အခါ မှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ဝါတွင်းကာလ အိမ်ထောင်ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက ဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။
တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ဝါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။
၀ါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုကအဓိကမကျပါဘူး။ ဒါပေမယ့် အရိုးစွဲနေတဲ့ ယုံကြည်မှုဟာ အလွန်အမတန် ဖျောက်ဖို့ခက်လှပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံ တစ်ဝှန်းလုံးလိုလို ဝါတွင်းကာလ အိမ်ထောင်ပြုမှုကို ရှောင်ကြတာ များပါတယ်။ ဒါကို ဆန့်ကျင်ပြီး ဖောက်ထွက်ဖို့က အချိန်အများကြီးယူရမယ့်အနေအထား ရှိပါတယ်။ နောက်တစ်ချက်က ဒီလို အိမ်ထောင်ပြု သားမွေးကိစ္စမျိုးဆိုတာဟာလည်း ဗုဒ္ဓဘာသာရဲ့ လွတ်မြောက်ရေးအရ ကြည့်ရင်အရေးကြီးတဲ့ အချက်မဟုတ်ပါဘူး။
ကာမဂုဏ်အာရုံကို အားပေးတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဒါကြောင့်လည်း ဒီလို ဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အယူကြီး ရှိနေကြပေမယ့် ရဟန်းတော်များဘက်ကရော လူကြီးသူမများဘက်ကပါ အထူးတလည် အရေးပေးပြီး ပြောဆိုတွန်းလှန်ခြင်း မပြုကြခြင်း ဖြစ်နိုင်ပါတယ်။
၀ါတွင်းကာလ အိမ်ထောင်မပြုရတဲ့ အတွက် သံသရာဒုက္ခဖြစ်စေတဲ့ အလုပ်မဟုတ်နိုင်လို့ ဒီအပေါ်မှာ အထူးအလေးထားခြင်း မရှိကြခြင်း ဖြစ်ပါတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာ ယုံကြည်မှု အားကောင်း လှတဲ့ မြန်မာနိုင်ငံဟာ သံဃာတော်များ အလေးအနက်ထားရာ ဝါတွင်းကာလမှာ သာသနာ့ဝန်ထမ်းတွေတောင် ဒီလိုနေကြတာမဟုတ် ဗုဒ္ဓဘာသာဝင်များလည်း အိမ်ထောင်ပြု သားမွေးခြင်းများကို ရှောင်ကြဉ်ကြတယ်ဆိုတဲ့ အချက်ဟာ အကောင်းဘက်ကကြည့်ရင် ဂုဏ်ယူစရာ ကောင်းလှတဲ့အချက်ပါ။
ဒါပေမယ့် ဒီအချက်က ဘုရားဟောလို့၊ဗေဒင်ယတြာဆရာတွေက ပြောလို့ အိမ်ထောင်မပြုကြဘူးလို့ နားလည်သတ်မှတ် ပြောဆိုကြတယ်ဆိုရင်တော့ မကောင်းပါဘူး။ ဘုရားရှင်အနေနဲ့ ဝါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူပါဘူး။ ဒီလို ဘုရားဟော မဟုတ်တာကို ဘုရားဟောသလို မျိုး ပြောဆိုသတ်မှတ်ကြရင်လည်း အပြစ်ဖြစ်ကြပါတယ်။
ဒီနေရာမှာ ဝါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့
မပြုတာလို့ မမှတ်ကြဘဲ ဝါတွင်းကာလ
အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကို
မပြုကြခြင်း ဖြစ်တယ်လို့ လက်ခံယုံကြည်လိုက်ကြရင် အလွန်ကောင်း
ပါတယ်။
သေချာတာကတော့ ဝါတွင်းကာလမှာ လူတွေလည်း အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလ ပဲ ဆောက် တည်ပြီး နေရမယ်ဆိုတာ သတ်မှတ်ဟောကြားချက် မရှိပါဘူးဆိုတာပါ။
မိမိတို့အနေဖြင့် ဝါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ဝါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။
အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။
ဒါကြောင့် ဝါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့ အတွက် ဘုန်းကြီးတွေရဲ့ဝါဆိုချိန်ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ်ဆိုတာ မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ဝါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင် ကျပြီး နောက်ပိုင်း အိမ်ထောင်ရှင်နှစ်ဦး တို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်းထပ်လောင်းတင်ပြလိုက် ရပါတယ်။
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

ဘာရောဂါဖြစ်နိုင်သလဲ

ကိုယ့်ရဲ့မြန်မာမွေးသက္ကရာဇ်ကို (၇)နဲ့စား၊ ရတဲ့ အကြွင်းအလိုက် အောက်ပါ ရောဂါတွေဖြစ်နိုင်မယ်လို့ အကြံပြုလိုက်ပါရစေ။ မိမိတို့အနေနဲ့သတိထားဆင်ခြင်နေထိုင်လို့ရအောင်တင်ပြလိုက်ရပါတယ်။
၁-ကြွင်းသမား။ ။ လေရောဂါ၊ ဝမ်းဗိုက်။ လိပ်ခေါင်း၊ အစာအိမ်၊ ဝမ်းကိုက်ရောဂါ ခွဲစိတ်ခံရမှု။
၂-ကြွင်းသမား။ ။ နှလုံးရောဂါ၊ ဦးနှောက်၊ သည်းခြေ အားနည်းမှု။
၃-ကြွင်းသမား။ ။ ခြေ၊ လက်၊ ပါးစပ်၊ ဝမ်း၊ လေရောဂါ၊ လေဖြတ်၊ ဆွံ့အ၊ အရိုးပျော့ရောဂါ။
၄-ကြွင်းသမား။ ။ သွေးနဲ့ပတ်သက်တဲ့ရောဂါ၊ ခွဲစိတ်၊ သွေးထွက်၊ သွေးပျက်၊ သွေးတိုး၊ အော့အန်၊ အကြိတ်သုံး။
၅-ကြွင်းသမား။ ။ (ကျား/ဆီးရောဂါ၊ ဦးနှောက်ရောဂါ) (မ/မီးယပ်ရောဂါ၊ သားအိမ်) ကျောက်ကပ်ရောဂါ၊ သွေးပြန်ကြောရောဂါ၊ ရူးသွပ်၊ ခေါင်းမူး။
၆-ကြွင်းသမား။ ။ သွေးအားနည်း၊ ရင်ပြည့်၊ ရင်ကယ်၊ အကြောတက်၊ အဆစ်မြစ်ကိုက်၊ ချွဲသလိပ်၊ အစာမကျေ။
၀-ကြွင်းသမား။ ။ ရင်ဘတ်၊ စိတ္တဇ၊ ဦးနှောက်၊ နှလုံး၊ မောပန်းမှု၊ စိတ်စွဲရောဂါ။
မဟာဘုတ်နည်းစနစ်အရ ဟောထားတာပါ။ ဖြစ်တတ်တာလေးတွေကိုတင်ပြခြင်းပါ။
ဒီအကြွင်းတိုင်းဒီရောဂါတွေပဲဖြစ်ရမယ်လို့ ပုံသေမဆိုလိုပါ။ ဒါပေမဲ့ ၇၀ရာခိုင်နှုန်းက တော့ အဲဒီအတိုင်းဖြစ်တတ်ပါကြောင်းတင်ပြလိုက်ရပါတယ်ဗျ။
ဗေဒင်သုတေသီ

မျက်နှာမများနဲ့ချစ်သူရယ် …

တစ်နေ့သ၌ မိန်းခလေးတစ်ဦးသည် ကျွနု်ပ်ဆီ၌ လက္ခဏာလာကြည့်၏။ သူမ၏ညာလက်ဝါးပြင်ရှိ နှလုံးလမ်းကြောင်းသည် ကျွန်းသဏ္ဌာန်သံကွင်းဆက်အနည်းငယ်ရှိနေ၏။ လမ်းကြောင်းအဖျားသည် ခက်ရင်းခွသဏ္ဌာန်ဖြင့်အဆုံးသတ်ကာ လမ်းကြောင်းတစ်ခုက လက်မဘက်သို့ကွေးဆင်းသွား၏။ အိမ်ထောင်ရေးလမ်းကြောင်းမှာမူ အပြစ်ကင်း၏။ ထူးခြားချက်ကား … အသက်လမ်းကြောင်းဘေး ( လက်မခြေရင်းအနီး ) ၌ရုတ်တရက်ကြည့်လျှင် အရံအသက်လမ်းကြောင်း ( အင်္ဂါလမ်းကြောင်း ) သဖွယ် လွမ်းရောင်ခြည်လမ်းကြောင်းလေးပါရှိနေခြင်းဖြစ်၏။ ထို့ကြောင့် ကျွနု်ပ်က …
” လက္ခဏာအရ သမီးမှာ နှလုံးရောဂါအခံရှိနေတာကို ဆရာသိပါတယ်။ ဒါပေမယ့် … ဟောသင့်ဟောထိုက်လှတဲ့ဟောချက်တွေကို ဆရာဟောပါရစေ။ ဒီအတွက် သောကရောက်နေဖို့တော့မဟုတ်ပါဘူး။ သမီးအနေနဲ့ဆင်ခြင်သင့်တာဆင်ခြင်ပြီး၊ ရှောင်သင့်တာရှောင်နိုင်အောင်လို့ပါ။ ” ဟုနိဒါန်းပျိုးလိုက်ရာ မိန်းခလေးက …
” ဆရာမြင်တာကိုရဲရဲသာဟောပါဆရာ၊ နှလုံးရောဂါရှိတယ်ဆိုတာကဟုတ်ပါတယ်။ ဒါပေမယ့် သမီးခံနိုင်ရည်ရှိမှာပါ။ … ” ဟုဆိုလေ၏။ ကျွန်ုပ်က …
” သမီးလက္ခဏာက အချစ်ရေးကံမကောင်းဘူးကွဲ့ … ချစ်သူတွေရဲ့လှည်းစားမှု၊ သစ္စာမရှိမှုကြောင့် သမီးဘဝမှာအမြဲစိတ်ဆင်းရဲနေရလိမ့်မယ်။ ဒါကြောင့် အချစ်ရေးနဲ့ပတ်သက်ရင် လူယုံမထားတာအကောင်းဆုံးပဲ … ” ဟုရှင်းပြလိုက်ရာ သူမကမျက်နှာလေးညှိုးငယ်သွားရင်း …
” အခုကိုပဲကြုံနေတာပါဆရာ … အခုသမီးချစ်သူကမျက်နှာများတယ်။ သူ့ဘက်ကသမီးကိုဘယ်လိုသဘောထားတယ်မသိဘူး။ သမီးကတော့သူ့ကိုဘဝလက်တွဲဖေါ်အဖြစ်စဉ်းစားထားတယ်။ ခက်တာက သူ့ရဲ့စိတ်ဟာ သမီးနဲ့တွေ့ရင်တမျိုး၊ ကွယ်ရာကျတမျိုးဖြစ်နေတယ်။ သူ့ရဲ့စိတ်ကလေးတည်ငြိမ်ပြီး သမီးအပေါ်သစ္စာရှိစေချင်တယ်ဆရာရယ် … ” ဟုညည်းညည်းညူညူလေးပြောလေ၏။ ကျွန်ုပ်က …
” ဒီလိုလုပ်ကြည့်ပေါ့သမီးရယ် … အခုဆရာပေးလိုက်မယ့် စမအင်းလေးကို သူ့ဓါတ်ပုံမှာ ညှပ်ထားရမယ်။ ဓါတ်ပုံမရှိခဲ့ရင် သူ့နာမည်ရေးထားတဲ့အဝါရောင်စာရွက်လေးကိုညှပ်ပေါ့။ ပြီးရင်တရားစာအုပ်တစ်အုပ်ကြားညှပ်ထားပေးလိုက်။ ရက်ပိုင်းအတွင်း သူဟာသမီးအပေါ်သစ္စာရှိလာပါလိမ့်မယ်။ ” ဟုရှင်းပြလိုက်ပါသည်။ စမအင်းမှာအောက်ပါအတိုင်းဖြစ်၏။ မိတ္တူကူး၍ဆောင်ထားနိုင်ပါသည်။
( စာကြွင်း ) အထက်ပါမိန်းခလေး၏လက်ဝါးပြင်အရ အချစ်ကံခေသူဖြစ်သော်လည်း အိမ်ထောင်ကျလျှင်မူ အိမ်ထောင်ဘက်ကောင်းရတတ်ကြောင်းတွေ့ရပါသည်။
Posted by ဝေဒမောင်မောင်
Ref; thutasann

နာမည်များနှင့်စကားစမြည် (၁)

နာမည်တွေနဲ့ပက်သက်ပြီး ပြောစရာတွေရင်ထဲမှာတသီကြီး ကိန်းအောင်းနေပါတယ်။ဒါကြောင့်လဲအပိုင်းတွေနဲ့ရေးဖို့ဆုံးဖြတ်ထားသည်။ နာမည်ပေးတဲ့နေရာမှာ မဟာဘုတ်ကိုအခြေပြုထားပြီး အင်္ဂဝိဇ္ဇာ ဆန်းပညာတို့ဖြင့်ချိန်ဆပေးလေ့ရှိသည်။ နာမည်ပေးရာတွင်လဲ
တတ်သိနားလည်သည့်ဆရာတွေနှင့်တိုင်ပင်စေချင်သည်။ မိမိဘာသာစိတ်ထင်ရာပေးသည့်နာမည်တွေထက်တော့အများကြီးသာနိုင်သည်။
မိမိအပေါ်အားကိုးလို့မေးလာကြသည့်
သူတွေအပေါ် ဆရာတွေကလဲအလေးထားဖို့လိုသည်။
မဟာဘုတ်တစ်ခုထဲကြည့်ပြီး ဘာလာလာ အထွန်းနဲ့ပဲအဆုံးသတ်ပေးတော့မှာလား။
အင်္ဂဝိဇ္ဇာနဲ့ ကြည့်ပြီးဘာနေ့လာလာပဥ္စပွတ်.
ဆပွတ်.အညွှန့်နဲ့ပေးတော့မှာလား။ အချို့ကရှိသေးသည်။ နဝင်းကအားကြီးတယ်ဆိုပြီးဘာနေ့လာလာ
နဝင်းနဲ့သာအဆုံးသတ်ပေးလေ့ရှိသည်။ နဝင်းနာမည်တွေဟာ အချို့နှစ်တွေမှာ နိစ်ပြဂြိုဟ်မိပြီး နာမည်ရှင်အပေါ် ဆိုးကျိုးတွေသက်ရောက်စေတယ်ဆိုတာ မတွေးမိကြတာလား။
နာမည်ဟာဘဝမှာဘယ်လောက်ထိအရေးပါအရာရောက်သလဲဆိုတာ နားလည်အောင်ပြောပြချင်သည်။
နာမည်က လှလှပေးချင်ကြသည်။ လက်ခံပါတယ် နာမည်လှတော့ကောင်းတာပေါ့။ နာမည်ကလှပြီးခေတ်ဆန်တာဆိုအတိုင်းထက်အလွန်ပေါ့ဗျ။ ခေတ်ဆန်ရုံတင်မကဘဲ ခေတ်လွန်နေတာကခက်လွန်းသည်။ အချို့ကမိဘတွေကလဲမိဘနာမည်ပါအောင်မှည့်ချင်ကြသည်။ နာမည်ပေးရာမှာ မိဘနာမည်အဆုံးသတ်ဖို့အဆင်မပြေတာတွေရှိသည်။ နားလည်အောင်ရှင်းပြပေမယ့်
လက်မခံကြတာများသည်။ ကျွန်ုပ်လဲဘာမှာမတတ်နိုင် ။ ဥပေက္ခာပြုလိုက်ရသည်။ ကလေးတွေရဲ့အနာဂတ်အတွက်စိတ်မကောင်းဖြစ်ရသည်။
ပြောရင်ဆုံးမည်မဟုတ်။အခုအပိုင်း ၁အနေ
နဲ့ ပြောချင်တာက ဗျူပ္ပတ်လွန်တဲ့နာမည်တွေအကြောင်းပါ။
ဗျုပ္ပတ်လွန်တဲ့နာမည်မျိုးတွေလည်းမမှည့်သင့်ပါ။ ဘဝမှာအပျက်အစီးများတတ်သည်။
ရန်သူပေါများပြီးစိတ်ဆင်းရဲရတတ်တယ်။
ပြဿနာတွေကိုလည်းဝယ်ယူထားတယ် ထင်ရလောက်အောင်ဒိုင်ခံဖြေရှင်းနေရမယ်။
ဥပမာ ။ ။မိုးထက်အာကာ နေမင်းသူရိန်မိုး
ဖိုးသိကြား၊ ဥက္ကာ ။ ဝေယံထက်ကျော်။ ဣန္ဒြာ၊ မိုးနင်း၊ အာကာကျော် စသည်ဖြင့်ပေါ့။
ဒီနာမည်ရှင်တွေဟာ အောင်မြင်မှုတစ်ခုရဖို့ အခက်အခဲတွေအများကြီးကြုံရသလို အောင်မြင်ဖို့အတွက်လဲ အချိန်တွေအများကြီးပေးရသူတွေပါ။ အောင်မြင်လာရင်လဲ ကောက်ရိုးမီးလို ခဏလေးသာခံပြီး ပြန်ကျဆုံးတတ်ပါတယ်။
အချို့ကြတော့ကျန်းမာရေးအရမ်းချူခြာကြတယ်ဗျ။ ၉၆ ပါးရောဂါကို တစ်လှည့်စီ ကန်ထရိုက်ဆွဲထားကြတာမျိုးတွေပေါ့။
မူလမဟာဘုတ်မှာ ဖွားဇာတာညံ့ပြီး နာမည်ဇောက်ထိုးမိနေတာမျိုးတွေ ပက္ခမိနေတဲ့နာမည်မျိုးတွေမှည့်ထားတာဆိုရင်တော့ ဘဝမှာဒုက္ခတွေနဲ့ အမြဲနပန်းလုံးနေရတတ်တယ်ဆိုတာပြောလိုက်ရပါတယ်ဗျာ