loading

Author: Nyein Aye Lu

သက်စစ်ဗေဒင်

အဟောင်းကို စွန့် လို့ အသစ်ရှာဖွေ ကြသူများ …..
လူ့ဘဝက အရမ်းတိုတောင်းပါတယ်။ ခဏတာ ပွက်လိုက်တဲ့ ရေပွက်ကလေးများ ပမာရယ်ပါ။ ဒီတိုတောင်းတဲ့ကာလလေး အတွင်းမှာပဲ ………………
….အချို့သော အသက်ပိုင်းများဟာ …ကျွန်တော်တို့တစ်တွေကို ပျော်ရွွှင်လာစေပါတယ်။ အချို့သော အသက်ပိုင်းများကတော့ …ဝမ်းနည်းကြေကွဲမှုတွေကို ဖန်တီးပေးတတ်ပြီး ၊ အချို့သော အသက်ပိုင်းများ ကတော့ ..ကျွန်တော်တို့တစ်တွေကို …ရင်ခုန်ညွတ်နူးဖွယ်ရာ …စိတ်ခံစားမှုလေးတွေ နဲ့ လှုပ်ခါစေပြန် ပါတယ်။ အချို့သော အသက်ပိုင်းများကတော့ …ကြီးမားတဲ့အမုန်းတွေ ..ငြိုးတေးမှုတွေနဲ့ အတူ… ရန်သူတွေနဲ့ အားပြိုင် အနိုင်လု ကြရပြီး..၊ အချို့သော အသက်ပိုင်းများကတော့ ..ကျွန်တော်တို့ ရင်ထဲကို အသိတရားနဲ့ …အမြင်မှန်တွေ ဖူးပွင့်စေပါတယ်။
ဒီ့အတူပါပဲ…အချို့သော အသက်ပိုင်းများကတော့ ….ခဏတစ်ဖြုတ် လူ့လောကကို အလည်ရောက် လာခဲ့တဲ့ ကျွန်တော်တို့တွေကို …ကိုယ်ချစ်တဲ့သူတွေနဲ့ လက်တွဲဖြုတ်ပြီး ခွဲခွာစေဖို့ တွန်းအားပေးတဲ့ အသက်ပိုင်းတွေ ဖြစ်လာကြပါတယ်။ တနည်းအားဖြင့် ကျွန်တော် တို့ရဲ့ နောက်ဆုံးနေထိုင်ရချိန် အသက်ပိုင်းများ ဖြစ်လာကြပါတယ်။
သန်းပေါင်းများစွာသော ကမ္ဘာ့ လူဦးရေပေါင်း များစွာဟာ ….အသက်တွေ တစ်နှစ်ထက် တစ်နှစ် ကြီးရင့်နေကြပါတယ်။ အားလုံးဟာ …နောက်တစ်နှစ် …နောက်တစ်နှစ် ..နဲ့ …တစ်နှစ်ပြီး တစ်နှစ် …အခြေအနေအမျိုးမျိုးကိုလည်း ဖြတ်သန်းနေကြဆဲ ပါပဲ။ တစ်ချို့တွေက ခုမှ ..အစပျိုးလာကြသလို ..တစ်ချို့တွေကလည်း ခုပဲ အဆုံးသတ်သွားကြ ပါတယ်။
တစ်ချို့ကတော့ စစချင်းမှာပဲ အဆုံးသတ်သွားပြီး ..၊ တစ်ချို့တွေက တော့ …ဆုံးဆုံးချင်းမှာပဲ အစပြန်ပျိုးလာကြပြန်တယ်။ အစပျိုးမြန်တဲ့ သူတို့ကိုယ် သူတို့ မှတ်သားမိနေတဲ့ ဇာတိဿရဉာဏ်ကြောင့် ….ပတ်ဝန်းကျင်ကလည်း သူတို့ကို …(လူဝင်စား) လို့ ..သတ်မှတ်လိုက်ကြပါတယ်။
ဗေဒင်ပညာလို့ ခေါ်တဲ့ သဘာဝအမှန်တရား ကို ကြောင်းကျိုးသင့် ချဉ်းကပ်ရှာဖွေ စူးစမ်းရတဲ့ ပညာတစ်မျိုးကို ကျွန်တော် ခုံမင်တွယ်ကပ် မိခဲ့ရင်း နဲ့ …..ကျွန်တော့်ကိုယ်ကျွန်တော် ၊ ကျွန်တော့် မိသားစု ကို ကျွန်တော် ၊ ကျွန်တော့် ပတ်ဝန်းကျင်ကို ကျွန်တော် ၊ နီးစပ်ရာ မှန်သမျှ ကို ကျွန်တော် . ..စူးစမ်းခဲ့ရင်း ..ခဲ့ရင်း….အသက်ပိုင်းခြား အမျိုးမျိုး အလိုက် လူတွေ ဟာ …………..
စိတ်တွေ……
ကံအခွင့်အလမ်းတွေ………
ရပိုင်ခွင့် နဲ့ ဆုံးရှုံးထိုက်မှု တွေ……
မတူညီစွာ ဘဲ… အမျိုးမျိုးပြောင်းလည်း ကြုံတွေ့နေကြရတာကို ကျွန်တော် တွေ့မြင်ခဲ့ရပါတယ်။
ဒါဟာ လူတစ်ဦး တစ်ယောက်ပေါ်မှာ မဟုတ်ပဲ ၊ ကမ္ဘာ့လူသားအားလုံး ပေါ်မှာ တစ်ညီတစ်ညွတ်တည်း သက်ရောက်နေတယ် ဆိုတာလည်း ခိုင်မာစွာ ယုံကြည်လာခဲ့မိပါတယ်။
ဒီယုံကြည်မှု နဲ့ အတူ ….ကျွန်တော် ကိုယ်တိုင်လည်း အသက်တွေ တစ်နှစ်ပြီး တစ်နှစ် အကုန်ဆုံးခံပြီး ..သက်စစ်ဗေဒင် လို့ ခေါ်တဲ့ …အသက်အပိုင်းအခြားလိုက် လူသားတိုင်းပေါ်မှာ လွှမ်းမိုးလာတတ်တဲ့ ..အင်အားစုတွေ ကို သဲသဲမဲမဲ သုတေသနပြုခဲ့မိပါတော့တယ်။
ခု ဒီစာပိုဒ်ရဲ့ အောက်မှာ ကျွန်တော် ….ကျွန်တော် ရေးသားဖော်ပြရေးသား မယ့် အကြောင်းအရာတွေဟာ ယုံကြည် ဖို့ / မယုံကြည် ဖို့ မဟုတ်ပါဘူး။ စာဖတ်သူတိုင်း လက်တွေ့စူးစမ်းကြည့်ပြီး …မှန်ကန် ညီညွတ်ကြောင်း သိခြင်း ခိုင်မာလာချိန်မှာ ..ကိုယ်တိုင်အကျိုးရှိအောင် သုံးမိစေဖို့အတွက် ဖြစ်တယ်။
ဘယ်လို အကျိုးရှိအောင် သုံးနိုင်မှာမို့လဲ………..မေးစရာရှိပါတယ်။ ဥပမာ တစ်ခု တင်ပြပါမယ်။ လေ့လာ ကြည့်ပါ။
အဟောင်းစွန့် အသစ်ရှာ အသက်ပိုင်းများ
အဟောင်းတို့ကို ငြီးငွေ့ခြင်း နှင့် အသစ်တို့ကို စူးစမ်းရှာဖွေ လိုမှု ဖြစ်တည်စေသော အသက်ပိုင်းများ …………….
( ၆ နှစ် ၊ ၁၃နှစ် ၊ ၂၀နှစ် ၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊ ၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊၇၆နှစ် )
ကောင်းပြီ ..၊ အထက်ပါ အသက်ပိုင်းများမှာ ..လူသားတွေဟာ ဘာနေ့သားသမီးမျိုးပဲ ဖြစ်ပါစေ….၊ ဘယ်နေ့ဘယ်ရက်မှာပဲ ဖွားမြင်ခဲ့သူဖြစ်ပါစေ….အဟောင်းတစ်စုံတစ်ရာတို့ကို စွန့်ခွာရတတ်ခြင်း နဲ့ ..အသစ်တစ်စုံတစ်ရာတို့ကို …စူးစမ်းရှာဖွေရမှု ဖြစ်လာစေတတ် တယ် လို့ ပုံသေ မှတ်ရပါမယ်။
ဒီနေရာမှာ ပုံသေ ..ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော် သုံးပါမယ်။ အခြေခံအကျဆုံး သဘာဝအမှန်တရား ကို ကျောရိုးပြုထားတာကြောင့်ပါ။ ဒီကျောရိုးပေါ်မှာပဲ မတူညီတဲ့ ဖြစ်စဉ်တွေ ပေါက်ဖွား လာကြရမှာ ဖြစ်ပါတယ်။ ပမာအားဖြင့် ….အသက် (၆နှစ်) အရွယ် ကလေးငယ် တစ်ယောက် အတွက် ….အဆိုပါ ကံတရားအခြေခံဟာ ….သက်ဆိုင်သော အုပ်ထိမ်း သူများရဲ့ ကံနဲ့လည်း အထူးနှီးနွယ်ဆက်စပ်ပြီး ပေါ်ပေါက်လာမှာဖြစ်ပါတယ်။
ရှင်းအောင် ထပ်မံ ဆိုပါဦးမယ်။ အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ …သူ့မိဘများရဲ့ …အိုးအိမ်အပြောင်းအရွှေ့ ကြုံချိန်ကြောင့် …. အိုးအိမ်ဟောင်းကို စွန့်ခွာပြီး အိုးသစ် အိမ်သစ်မှာ ရောက်ရှိသွားနိုင်သလိုမျိုး …ကံအင်အားသက်ရောက်လာနိုင်သလို…၊ ဝန်ထမ်းဖြစ်တဲ့ မိဘတွေ အပြောင်းအရွှေ့ ပေါ်ပေါက်လာတာကြောင့် … ကလေးငယ်ဟာ ..မိဘရင်ခွင်ကနေ ..အဘိုးအဘွား စသူတို့ရဲ့ ရင်ခွင်ထဲကို ပြောင်းရွှေ့နေထိုင်ရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ တနည်းအားဖြင့် အုပ်ထိမ်းသူအသစ် ၊ အာဝါသ အသစ်ကို ရောက်ရှိသွားနိုင်ပါတယ်။
သူကိုယ်တိုင်မစွမ်းဆောင်နိုင်သေးတဲ့ ကလေးဘဝ အရွယ်မှာ အုပ်ထိမ်းသူတွေရဲ့ ကံနဲ့အထူး နှီးနွယ်ဆက်စပ်ပြီး ….ကလေးငယ်ရဲ့ (အဟောင်းစွန့်အသစ်ရှာကံတရား) ကလည်း လှုပ်ရှား ပုံဖော်လာမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ ကလေးငယ်ရဲ့ မိဘများရဲ့ ကံဇာတာက အထူး နိမ့်ပါး နေချိန်ဆိုရင်တော့ ..မိဘများ ကွယ်လွန်ပြီး …၊ အာဝါသ အသစ်တစ်ခုဆီ ကူးပြောင်းနေထိုင်ရခြင်း ကို ဖော်ပြပါလိမ့်မယ်။
အထက်အညာဒေသ ဝမ်းတွင်းမြို့ မှာ ထိုကဲ့သို့ ဖြစ်စဉ်မျိုး ကြုံကြိုက်ခဲ့တဲ့ ကလေးငယ် တစ်ဦးကို တွေ့ခဲ့ရဖူးပါတယ်။ မိဘနှစ်ပါးစလုံး ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားပြီး ဆုံးပါးသွားခဲ့ပါတယ်။ ဒီကလေးငယ်ကို သူ့ရဲ့ ဦးလေးလင်မယား (ကလေးမရှိသေးသူများ) က အမွေစား အမွေခံ အဖြစ် မွေးစား ခဲ့ကြတာကို တွေ့ရပါတယ်။ ထုံးစံအတိုင်း ကလေးငယ်ရဲ့ အသက်က ၆ နှစ် ဖြစ်ပါတယ်။
တစ်ကယ်တွေးကြည့်မယ် ဆိုရင်တော့ … မိဘနှစ်ပါးကလည်း သေကိန်းကြုံလာတယ်။ သားသမီး မထွန်းကားရှာတဲ့ ဦးလေး လင်မယားကလည်း ရင်သွေးမွေးစားရဖို့ အချိန်ကြံုလာတယ် ( နာမည်နဲ့ ဒသာမှာ တွေ့ရပါတယ်) ၊ ကလေးငယ်ကလည်း (အဟောင်းစွန့်အသစ်ရှာကံ) ဖြစ်တည်နေတဲ့ အသက်ပိုင်း ကြံုလာတယ် (မဟာဘုတ်ဇာတာအရလည်း …ထိုကလေးငယ်မှာ ..မူလအာဝါသ ဆုံးရှုံးရတတ်သော ကံ ပါလာတဲ့ ..ငါးခုကြွင်းဖွား ဖြစ်နေပါတယ်) ။
တနည်းအားဖြင့်တော့ …သိုင်းနင်းကွက်ကျ ဆိုသလို… အကြောင်းတရားတွေနဲ့ အကျိုးတရားတွေ ချိတ်ဆက် မိလာကြတာပါ။ ခု ..စာဖတ်သူများနဲ့ ကျွန်တော် တို့ လေ့လာနေကြတာ ကတော့ ကလေး ဘက်က အခြမ်းဖြစ်တဲ့ အကြောင်းတရားကိုပဲ ဖြစ်ပါတယ်။
ကောင်းပြီ ..။ ဒါဆို စာဖတ်သူတွေအနေနဲ့ အဟောင်းစွန့်အသစ်ရှာ အသက်ပိုင်းများ ကိုလည်း ဖြတ်သန်းကြရမှာဖြစ်ပါတယ်။ ဘယ်အသက်ပိုင်းတုန်းက မိမိတို့ ဘာတွေကို စွန့်ခွာခဲ့ရဖူးသလဲ …ဘယ်လို အဟောင်းတွေကို စွန့်ပြီး .. ဘယ်လိုအကြောင်းအရာသစ်တွေဆီကို ခြေဦးလှည့်ခဲ့ရသလဲ ဆိုတာကို ပြန်လည်တွေးကြည့် ဆင်ခြင်နိုင်ပါလိမ့်မယ်။ ရှေ့လျှောက်ပြီး တော့ရော …နောက်ထပ်ကျန်နေတဲ့ ထိုကဲ့သို့သော အဟောင်းစွန့်အသစ်ရှာ အသက်ပိုင်းများမှာ ဘာတွေ ကြုံကြရဦးမလဲ … တွေးတော ဆင်ခြင်စရာပါပဲ။
ကျွန်တော့်အတွေ့အကြုံအရ ….လူသားအားလုံးအဖို့ …အသက် ၁၃နှစ် အရွယ်ဟာ ပထမဆုံးအကြိမ်အဖြစ် …အတွေးအမြင် ၊ အယူအဆတွေ စတင်ပြောင်းလဲလာတတ်တဲ့ကာလ ဖြစ်ပါတယ်။ ယခင်က ယုံကြည်ထားတာတွေအပေါ် သံသယ စဝင်လာတတ်ပြီး ၊ အရာရာကို စူးစမ်းရှာဖွေမှု အထူးဖြစ်ပွားလာတတ်တဲ့ကာလ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသက် ၁၃နှစ် အရွယ် ကလေးငယ်လေးတွေဟာ အင်မတန် ထိမ်းသိမ်းရခက်ခဲပါတယ်။
တစ်ခါမှ ပြန်မပြောဖူးတဲ့ကလေး ပြန်ပြောလာတတ်တာ ၊ အိမ်ကနေ စွတ်ရွတ် ထွက်သွားတတ်တာ ၊ မလုပ်နဲ့လို့ တားထားတာတွေကို ဇွတ်လုပ်လာတတ်တာ ၊ စတန့်ထွင် …စွန့်စား..အရဲကိုးပြီး ထင်ရာလုပ် လာတာမျိုးတွေဟာ …အသက်၁၃နှစ် အရွယ် ကလေးငယ်တွေ မှာ ထင်ထင်ရှားရှားတွေ့ရတတ်တဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒါကို လူကြီးမိဘတွေက ကြိုသိမထားရင် …. ဒီကောင် ဒီနှစ်ထဲ ဘယ်လိုဖြစ်လာတယ်မသိဘူး ..၊ ဒီကလေးမ ဒီနှစ် ..ဘယ်လိုပြောပြောမရဘူး..စသည်ဖြင့် …တွေးမိလာ တတ်ပါတယ်။ တစ်ကယ်တော့ ကိုယ်ကိုယ်တိုင်လည်း အသက်၁၃ နှစ် ကို ဖြတ်သန်းခဲ့ချိန်မှာ …သူ့လို မဟုတ်တောင် ..သူနဲ့မတူတောင် …အယူဆဟောင်းတွေကို စွန့်ပြီး ၊ အယူဆသစ်တွေ စတင် ရှင်သန် လာခဲ့ဖူးတယ် ဆိုတာ မမေ့အပ်ပါ။
ထိုနည်းတူပါပဲ အသက် ၂၀ အရွယ် လူငယ်တိုင်းဟာ ထိုကဲ့သို့အင်အား သက်ရောက်နေတဲ့ အရွယ် ဖြစ်ပါတယ်။ ဒီအသက်အရွယ်ကြတော့ ပိုပြီး…ထိမ်းရခက်လာပါတယ်။ အရွယ်ရောက်စ လည်းပြုပြီ ဖြစ်တာမို့ …ကျားမ မရွေး …စိတ်စေရာကို အဟုန်ပြင်းပြင်းနဲ့ လုပ်ကိုင်မိစေသော အချိန်ပါပဲ။
အသက် ၂၇ ၊ ၃၄ ၊ ၄၁ ၊ ၄၈ နှစ် စတဲ့အသက်ပိုင်းတွေမှာတော့ …. အများဆုံးက အလုပ်အကိုင်ဟောင်းကို စွန့်ပြီး အလုပ်ကိုင်နယ်ပယ် သစ်တွေဆီ စွန့်စားထွက်ခွာ တတ်ကြတာကို တွေ့ရပါတယ်။ အလားတူပဲ …အချို့သော သူတွေကတော့ ထိုအသက်ပိုင်းများမှာ …ပထမ အိမ်ထောင် ပြိုကွဲခြင်း၊ မိသားစုနဲ့ခွဲခွာရခြင်း၊ အိမ်ဟောင်း ကိုစွန့်ပြီး အိမ်သစ်ကိုပြောင်းခြင်း ၊ မိမိနေထိုင်ရာ မိခင်နိုင်ငံမှ ..စွန့်ခွာပြီး ..တစ်နယ်တစ်ကျေး ရပ်ဝေးဒေသစိမ်းများ ၊ နိုင်ငံရပ်ခြားဒေသများ မှာ စွန့်စားလုပ်ကိုင်လာကြရခြင်းမျိုးတွေ ….အများဆုံး ဖြစ်တတ်လေ့ရှိကြပါတယ်။
၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊၇၆နှစ် …စတဲ့အသက်ပိုင်းတွေ ဖြစ်တဲ့ တတိယအရွယ် ရဲ့ …အဟောင်းစွန့် အသစ်ရှာ အသက်ပိုင်းများမှာတော့ လူသားတွေဟာ အများအားဖြင့် …သူတို့တစ်သက်လုံး ယုံကြည် လာကြတဲ့ ယုံကြည်ထားမှုတွေအပေါ် သံသယ စိတ်ဖြစ်တည်လာတတ်ကြသလို …၊ တစ်ချို့တွေကလည်း အသက်ကြီးမှ အကဲထ တယ်လို့ အပြောခံရမယ့် အလုပ်မျိုးတွေကို လုပ်မိလာစေပါတယ်။
အများစုကတော့ ….သူတို့တစ်သက်လုံး လုပ်ကိုင်လာတဲ့ အသက်မွေးမှုတွေကနေ အနားယူ တတ်ကြချိန် ဖြစ်လာပါတယ်။ ပင်စင်ယူတာ၊ အလုပ်ကနေ နှုတ်ထွက်လိုက်တာ ၊ မိသားစုကို စွန့်ပြီး …မိမိလုပ်ခြင်တာကိုသာ အသားပေးစွန့်စား လုပ်ဆောင်မိတာ ..စသည်အားဖြင့် …တွေ့ရှိရပါတယ်။ ထူးထူးခြားခြားတွေ့ရတတ်တာကတော့. …အဆိုပါတတိယအရွယ်ရဲ့ အဟောင်းစွန့် အသစ်ရှာ အသက်ပိုင်းများမှာ ….လူကြီးတော်တော်များများဟာ သူငယ်ပြန်ခြင်း ၊ သို့မဟုတ် ..သူငယ်ပြန်သကဲ့သို့ …ငယ်မူငယ်သွေးကြွ လုပ်ဆောင်မှုမျိုးတွေကို လုပ်ဆောင်မိတတ်ခြင်း ရှိလာတတ်ကြတာကို လူပေါင်းများစွာ … များစွာမှာ တွေ့ရှိခဲ့ရပါတယ်။
အနှစ်ချုပ်ပါ့မယ်။ အထက်ဖော်ပြပါ အသက်ပိုင်းများဟာ … မိမိတို့ရဲ့ မူလတည်ရှိနေဆဲ အခြေအနေများ ကနေ ဖယ်ခွာပြီး နယ်ပယ်သစ် ကဏ္ဍသစ်တွေဆီကို စွန့်စားထွက်ခွာမိစေဖို့ တွန်းအားပေးတတ်သော အသက်ပိုင်းများ ဖြစ်တယ်ဆိုတာ သိရှိထားရပါမယ်။ အရမ်းကာရောတော့ မယုံကြည်ပါနဲ့။ လေ့လာပါ။ ကိုယ်တိုင်လည်း ဖြတ်သန်းရမှာဖြစ်သလို …တစ်ခြားဖြတ်သန်းနေသူတွေကိုလည်း အကဲခတ် ကြည့်ပါ။ ပြီးရင် အကျိုးရှိအောင် အသုံးပြုပါ။
ခပ်ရှုပ်ရှုပ်နေတတ်တဲ့အကျင့်ရှိသူ အမျိုးသားတစ်ဦးအတွက် ..ထိုကဲ့သို့သော အသက်ပိုင်းများ ကြုံချိန်မှာ …တစ်သက်လုံးပေါင်းလာတဲ့မယားကို စွန့်ပြီး စမောလေး ချိတ်သွားနိုင်သလို ..၊ လောကုတ္တရာ အသိဘက်ကို ဦးညွှတ်နေတဲ့ အမျိုးသားတစ်ယောက်အတွက်တော့ ထိုအသက်ပိုင်းမျိုးတွေ ကြံုချိန်မှာ…..လောကီအထုပ်အပိုးကို ဖြုတ်ချပြီး ၊ စွန့်ခွာသွားစေနိုင်ဖို့ တွန်းအားလည်း ဖြစ်လာနိုင်ပါတယ်။
အဓိကကတော့ မိမိအပေါ် ၊ မိမိအတွေးအမြင် အယူအဆတွေအပေါ် မူတည်ထားပြီး ဆိုင်ရာ အသက်ပိုင်းများ မှာ အဟောင်းတွေကို စွန့်ခွာလို့ အသစ်တွေကို ရှာဖွေဆည်းပူး ရယူခွင့် ကြုံလာ ကြမှာ ဖြစ်ပါတယ်။
ကဲ ..ကောင်းပြီ။
မိတ်ဆွေတို့ရေ…..ခင်ဗျားတို့ရော …ဘယ်အဟောင်းကို စွန့်ပြီး ၊ ဘယ်အသစ်ကို ဘယ်လိုရှာဖွေ ရရှိလာလေမလဲ..။ လက်တွေ့ပဲ လေ့လာ စူးစမ်းကြည့်ကြရအောင်လား။
သက်စစ်ဗေဒင် ကနဦး အစကို ဤဆောင်းပါးဖြင့် ဖွင့်လှစ်လိုက်ပါ၏။ အသက်ပိုင်းခြား အားလုံးတွင် ဆိုင်ရာ အာနိသင်များ ၊ ရပိုင်ခွင့် နှင့် ဆုံးရှုံးထိုက်မှုများ ၊ ဆုလဒ် နှင့် ပြစ်ဒဏ်များ တည်ရှိနေကြစမြဲ ဖြစ်သည်။ သက်စစ်ဗေဒင် ကို လေ့လာခြင်းအားဖြင့် ကျွန်တော် တို့သည် ယင်း တို့ကို တင်ကြိုသိရှိ ပြင်ဆင်ထားပြီး …အဆိုးကို ဖယ်ရှား၍ …အကျိုးကို သယ်ယူသွား နိုင်ခဲ့ပါမူ…………………………………………………………။
စာဖတ်ပရိသတ်များအားလုံးကို …. ခင်မင်လေးစားစွာဖြင့် …
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း

နာမည်အဖျားစာလုံးသောကြာနံနဲ့အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်များအကြောင်း

အခုပြောမှာကနာမည်အဖျားလုံး” သ” ”ဟ”နဲ့အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။ ဥပမာအားဖြင့် အေးမြသွင် ပိုင်သုသု လင်းသန့်
မိုးကျော်သူ စိုးမိုးဟန် နိုင်အောင်ဟိန်း စသည့်နာမည်ရှင်တွေပေါ့ဗျာ ။
သူတို့တွေစနစ်တကျလုပ်တာကိုကြိုက်တဲ့သူပါ။ သူတို့နေရာတကျထားတဲ့ ပစ္စည်းလေးတွေကို သူများတွေယူကိုင်ပြီး ယူတဲ့နေရာမှာပြန်မထားရင် သူတို့နဲ့ ပြဿနာအကြီးကြီးတတ်ပါလိမ့်မယ်။
ပစ္စည်းတွေက သူ့နေရာနဲ့သူ ရှိ စနစ်တကျလှပနေတာကိုကြိုက်တဲ့သူတွေပေါ့။
သူတို့တွေဟာ အောင်မြင်မှုကျော်ကြားမှုတွေကို လိုချင်မက်မောကြပါတယ်။ ဒါပေမဲ့အောင်မြင်မှုအတွက်လုယူတာမျိုး
ကျော်ကြားမှုတွေအတွက် သူတစ်ပါးဘဝတွေကိုချနင်းတာမျိုးတွေ မရှိပါဘူး။ ကျရာနေရာ ပေးထားတဲ့ရာထူးပေါ်မှာပဲ တာဝန်ကျေအောင်လုပ်တတ်ကြသူတွေပါ။
သူ့တို့ကိုယ်တိုင်အနုပညာရှင်တွေမဟုတ်ခဲ့ရင်တောင်
သူတို့ တွေဟာအနုပညာနဲ့ပက်သက်ပြီးထိလွယ်ရှလွယ်
ခံစားလွယ်တဲ့သူတွေပါ။ အနုပညာကိုမြတ်နိုးသူတွေလို့ပြောရင်လဲမမှားပါဘူး။
သူတို့တွေဟာ အေးငြိမ်းချမ်းသာမှု လွတ်လပ်မှုတွေကို
မြတ်နိုးကြသူတွေပါ။ ဒါကြောင့်လဲ သူတို့တွေဟာ လူ့လောကကြီးသာယာငြိမ်းချမ်းဖို့နဲ့ ဖိနှိပ်မှုတွေအောက်က လွတ်မြောက်အောင် တိုက်ပွဲဝင်ဖို့ဝန်လေးတဲ့သူတွေမဟုတ်ပါဘူး။
သူတို့တွေဟာ စိတ်ထားနူးညံ့ သိမ်မွေ့ကြသလို မေတ္တာတရားအားကြီးတဲ့သူတွေအဖြစ် အတွေ့ရများပါတယ်။ သူတို့တွေဟာမိသားစုနဲ့ ပတ်ဝန်းကျင်အပေါ်မှာ တွယ်တာချစ်ခင်ကြသူတွေပါ။ မိသားစုအသိုက်အမြုံကွဲပျက်သွားမှာကိုကြောက်ကြတဲ့သူတွေပါ။
မိတ်ဆွေ သူငယ်ချင်းအပေါ်မှာ အရမ်းကောင်းတဲ့သူတွေပါ။ သူငယ်ချင်းတွေ မိတ်ဆွေတွေ ဒုက္ခရောက်နေတယ် အဆင်မပြေဘူးကြားလို့ကတော့ မိမိဘက်ကကူညီဖို့အသင့်ရှိသူတွေပါ။ သူတို့တွေဟာသူငယ်ချင်းကိုညီအကိုလိုခင်မင်ကြသူတွေပါ။
နောက်ဆုံးအနေနဲ့ပြောချင်တာကသူတို့တွေဟာ
လူတစ်ဖက်သားအပေါ်မှာအလွန်ယုံကြည်စိတ်ချလွယ်သူတွေဖြစ်ပါတယ်။ အဲဒီအပေါ်မှာအခွင့်ကောင်းယူပြီး သူတစ်ပါးတွေရဲ့အမြတ်ထုတ်သွားမှုတွေကို သူတို့တွေဟာ
ခဏခဏခံရတဲ့သူတွေပါလို့ ပြောရင်း သေကြာနံနဲ့အဆုံးသတ်မှည့်ထားသူတွေအကြောင်းနိဂုံးချုပ်အပ်ပါသည်။
ဗေဒင်သုတေသီ

နာမည်များနှင့်စကားစမြည် ( ၂ )

သရ များစွာပါသောနာမည်ရှင်များအကြောင်း
သရများစွာပါတယ်ဆိုလို ကျောင်းမှာသင်ခဲ့ရတဲ့
”အ” နဲ့ပက်သက်တဲ့ သရ(၁၁)လုံးကိုဆိုလိုခြင်းမဟုတ်ပါ။
ဟထိုးတွေ တစ်ချောင်းငင်တွေ လုံးကြီးတင်တွေ ဝစ္စနှစ်လုံးပေါက်တွေ အသတ်တွေ အရမ်းများတဲ့နာမည်ရှင်တွေကိုပြောတာပါ။
ဥပမာ မျိုးမျိုး လှိုင်လှိုင် ဖြိုးဖြိုး စသည့်သရများများပါတဲ့ နာမည်ရှင်တွေပါ။
( ဒီနာမည်ရှင်တိုင်း
အောက်ပါအတိုင်းဖြစ်ရမည်ဟုမဆိုလိုပါ။ တော်တော်များများဖြစ်တတ်တာများကို ခြုံငုံ၍ ရေးထားခြင်းဖြစ်ကြောင်းပါ)
သူတို့တွေဟာ ဘာတွေဖြစ်တတ်ကြလဲ ဆိုတော့
ဘဝမှာပင်ပန်းကြတာများတယ် ။ မူလဖွားဇာတာကလဲညံ့ပြန် နာမည်တွေကလဲ ဇောက်ထိုးဖြစ်နေပြီးဆိုရင် တော့ ချွေးနဲ့ရင်းပြီးလုပ်ရတဲ့ ကာယအလုပ်သမားတွေဖြစ်တတ်ကြတယ်။
နောက်တစ်ခုက အလုပ်တွေအများကြီးလုပ်ရတတ်တယ်။ အလုပ်တစ်ခုပြီးတစ်ခုပြောင်းရတာမျိုးတွေ အလုပ်တစ်ခုထဲမှာပဲ မနိုင်ဝန်ထမ်းရတာတွေ
အိမ်မှုကိစ္စလဲကိုယ်ပဲလုပ်ရ စီးပွားရှာလဲကိုယ်ပဲရှာရ
မျိုးတွေခဏခဏတွေ့မြင်နေရပါတယ်။
အချို့ကတော့ အိမ်ထောင်ရေးသောကတွေကြုံနေရပါတယ်။ အိမ်ထောင်ရေးကံမကောင်းကြတာများပါတယ်။ အိမ်ထောင်စောစောကျတာ အိမ်ထောင်ရေးနောက်ကျလွန်းတာတွေဖြစ်တတ်ပါတယ်။
မိသားစု အတွင်းမှာ ခလောက်ဆန်တဲ့ ပြဿနာရှာတတ်တဲ့သူမျိုးတွေဖြစ်နေတတ်ပါတယ်။
အခြာလူတွေက ကိုယ့်ကိုအထင်ကြီးမယ်။ ကိုယ်ကနာမည်ကြီး ထမင်းငတ်ဖြစ်တတ်တယ်။
သူတို့တွေဟာ ပြဿနာတွေအရှုပ်အရှင်းတွေကြားမှာအမြဲ ပါဝင်ပက်သက်နေသူတွေလို့ပြောကြားလိုက်ရပါတယ်။
ဗေဒင်သုတေသီ

နာမည်အဖျားစာလုံး စနေနံနှင့်အဆုံးသတ်ပေးထားသော နာမည်ရှင်များအကြောင်း

အခုပြောချင်တာက နာမည်အဖျားစာလုံး ”တ ထ ဒ ဓ န”
နှင့်အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်များ အကြောင်းပါ။
ဥပမာ သန်းထွန်း ခင်မောင်တင် ဖြူနှင်း သုဓန သိမ့်သိမ့်ထွေး တင်မင်းထွန်း ဟန်နီ စတဲ့နာမည်ရှင်တွေပါ။
ဒီနာမည်ရှင်တွေအကြောင်းပြောရရင်တော့ သူတို့ ဘယ်ကိစ္စမဆို အခြေအမြစ်ရှိရှိ ပြောပြမှလက်ခံတဲ့သူတွေပါ။ ကြောင်းကျိုး ဆက်စပ်မှုမရှိတဲ့ဘယ်အရာကိုမှလက်ခံမှာမဟုတ်ပါဘူး
သူတို့တွေသာခေါင်းဆောင် တွေဖြစ်လာမယ်ဆိုရင်အောက်လက်ငယ်သားတွေတော့မချောင်ပါဘူး။ သူတို့ကိုယ်တိုင်စည်းကမ်းရှိကြသလို သူ့အောက်ကလူတွေ စည်းကမ်းမရှိရင်လဲပြင်းပြင်းထန်ထန်အပြစ်ပေးတတ်ကြပါတယ်။
သူတို့တွေဟာ ဘာလုပ်လုပ် နှေးကွေးလေးလံကြပါတယ်။ မြန်မြန် သွက်သွက် လုပ်ရင်းလဲ အမှားများတတ်တဲ့သူတွေပါ။
နောက်ပြီးသူတို့တွေဟာစိတ်ရှည်ကြပါတယ်။ ဒါကြောင့်လဲအသေးစိတ်လုပ်ငန်း အနုစိတ်လုပ်ငန်းတွေကိုစိတ်ဝင်စားကြပါတယ်။ အသေးစိတ်စဉ်းစားပြီး ဦးနှောက်နဲ့လုပ်ရတဲ့ အလုပ်တွေနဲ့အကျိုးပေးသန်ပါတယ်။ ဥပမာ ဖုန်း လက်တော့ပ် ကွန်ပျူတာ နာရီ စတာတွေကိုပြင်ဆင်ရတဲ့ သေးငယ်ခက်ခဲတဲ့အလုပ်တွေကို အားသန်ကြတာများပါတယ်။
သူတို့တွေဟာ လျှို့ဝှက်နက်နဲတဲ့ ဂမ္ဘီရ ဗေဒင် နက္ခတ်
စိတ်နယ်လွန်ဖြစ်ရပ်တွေ သမိုင်းကြောင်းတွေကိုလဲ စိတ်ဝင်စားကြတယ်ဗျ။ ဒါကြောင့်လဲ ထိုပညာရပ်တွေအပေါ်စိတ်ဝင်တစား လေ့လာလိုက်စားမယ်ဆိုရင် အောင်မြင်ပေါက်ရောက်ကြတာများပါတယ်ဗျ။
သူတို့ပက်သက်တဲ့သူတွေ သတိထားရမှာတစ်ခုက
သူတို့တွေက ဝေဖန်တာ အပြစ်တင်တာလုပ်တတ်ကြတယ်ဗျ။ သူတို့ရဲ့ အိမ်ထောင်ဘက်တွေဆိုသည်းခံတတ်ဖို့လိုလိမ့်မယ်ဗျ။ ဝေဖန်တာအပြစ်ရှာပြောတာကသူတို့ရဲ့ဝသီလိုဖြစ်နေတတ်တယ်ဗျ။
သူတို့တွေဟာ ဘယ်ကိစ္စကိုမဆိုပေါ့ပေါ့တန်တန်မလုပ်တတ်ကြပါဘူး။
အရာရာတိုင်းကိုလေးလေးနက်နက်တွေးတတ်ကြတယ်ဗျ။ သူတို့နဲ့ ပက်သက်သူတွေကိုလဲ အကျိုးမရှိအရေမရ အဖတ်မရကိစ္စတွေလုပ်နေရင်လဲ တားမြစ်အပြစ်တင်တတ်တဲ့သူတွေဖြစ်ကြောင်း ပြောကြားလိုက်ရပါကြောင်းပါဗျ။ ။

တရုတ်ရိုးရာ ဗေဒင်ပညာ

ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီးတွင် မိမိတို့ လူမျိုးရိုးရာ ယဉ်ကျေးမှု ဓလေ့အလိုက် ဝေဒပညာများ တစ်မျိုးစီ ရှိကြ၍ တစ်မျိုးတစ်ဘာသာစီ ထူးခြားလှပေသည်။ သို့သော်လည်း တူညီသော အချက်ကလေးများလည်း အနည်းနှင့်အများ ရှိတတ်သည်။ မည်သည့်ဝေဒ ပညာရပ်နှင့်မျှ မတူအောင် ထူးခြားလှသော တရုတ်ဝေဒပညာမှာမူ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
တရုတ်တို့၏ ဝေဒပညာတွင် ဖေါ်ပြထားသော တိရစ္ဆာန်ရုပ်များမှာ ကျွန်ုပ်တို့ သိထားသော အရှေ့အနောက် နက္ခတ်ဗေဒင် ရာသီရုပ်များနှင့် မတူသလို၊ သဘောတရား အရလည်း မည်သို့မျှ မသက်ဆိုင်ပေ။ တရုတ်လူမျိုးတစ်ယောက်အား ၎င်း၏ဖွားရာသီကို မေးပါက နဂါး၊ ကျား၊ ယုန်၊ မြွေ၊ မျောက် စသော တိရစ္ဆာန်တစ်ကောင်၏ အမည်ကိုသာ ပြောပြပေလိမ့်မည်။ သို့ရာတွင် အများစုမှာ မွေးလ၊ မွေးရက်၊ မွေးချိန်တို့ကိုမူ မှတ်မိချင်မှ မှတ်မိပေလိမ့်မည်။ ယင်းတို့အတွက် အရေးကြီးဆုံးမှာ မွေးနှစ်သာ ဖြစ်သည်။ တရုတ်ဝေဒပညာတွင် ၁၂ နှစ် တာကာလများ သတ်မှတ်ထားပြီး နှစ်စဉ်နှစ်တိုင်းအတွက် သီးခြား ရာသီရုပ်များ ရှိ၏။ မွေးနေ့နှင့် မွေးချိန်များအတွက် ဇာတာများ မိမိတို့၏ ရိုးရာအလိုက် ဖွဲ့လေ့ ရှိတတ်သော်လည်း မွေးနှစ်ကသာ အဓိက အဆုံးအဖြတ်ကို ပေး၏။
တရုတ်တို့၏ ရိုးရာအတွေးအခေါ်အတိုင်း တရုတ်ဗေဒင်ကိုလည်း “ယင်း” (Yin) နှင့် “ယန်း” (Yang) စနစ်အပေါ်တွင် အခြေခံထား၏။ ယင်းနှင့်ယန်းသည် စကြာဝဋ္ဌာတရား၏ အခြေခံများ ဖြစ်ကြသည်။ ယင်းတို့နှစ်ခု အမျိုးမျိုးသော အချိုးအဆတို့ဖြင့် ပေါင်းစပ်ထား၍ အရာရာတို့ကို ဖြစ်ပေါ်လာကြသည် ဆိုသည်။ “ယန်း” ကို မျဉ်းရှည်တစ်ခုဖြင့် ဖေါ်ပြ၍ “ယင်း” ကို မျဉ်းတိုနှစ်ခုဖြင့် ဖေါ်ပြလေ့ရှိသည်။ အနာဂတ်ဟောပြောမှုအတွက် ၎င်းတို့ကို မော့စ်ကြေးနန်း စကားဝှက်များ (Morse Code) သဖွယ် အသုံးပြုကြသည်။ ထင်ရှားသော တရုတ်ဗေဒင် အဟောကျမ်း ယီချင်းတွင် ယင်းနှင့် ယန်းကို အမျိုးမျိုးတွဲဖက်၍ ဟောပြထား၏။ ယန်းသည် နေမင်းနှင့်ပတ်သက်၍ ပုဂ္ဂိုလ်သဘာဝရှိ၏။ အပေါင်းလက္ခဏာဖြစ်၏။ တောက်ပ၏။ အပြုသဘောဆောင်၍ လှုပ်ရှားမှု အပြည့်ရှိသည်။
ယင်းမူကား လနှင့် ဆက်စပ်၏။ အနုတ်လက္ခဏာဖြစ်၏။ က္ကုတ္တိလိင် သဘာဝ ရှိ၏။ အမှောင်လွှမ်း၏။ ငြိမ်သက်၏။ အဖျက်သဘော ဆောင်သည်။ တရုတ်ရိုးရာ ဗေဒင်ပညာတွင် ရာသီစက်ဝန်းနှင့် ဂြိုဟ်တို့ကို ယင်းနှင့် ယန်းစနစ်ဖြင့် နှစ်မျိုးခွဲထားလေ့ ရှိကြသည်။
မဟာဘူတ ဓါတ်ကြီးလေးပါးအဖြစ် လေ၊ မီး၊ ရေ၊ မြေ ဟူ၍ ခွဲခြားထားသော်လည်း တရုတ်တို့က သစ်သား၊ မီး၊ မြေ၊ သတ္ထုနှင့် ရေ ဟူ၍ ငါးမျိုးခွဲထားပြီး ယင်းတို့ကို ကြာသပတေး၊ အင်္ဂါ၊ စနေ၊ သောကြာနှင့် ဗုဒ္ဓဟူးတို့က အစဉ်လိုက် အသီးသီးစောင့်ရှောက်ထားသည် ဆို၏။ ရှေးခေတ်က ဧကရာဇ်မင်းဆက်တိုင်း မဟာဘူတ ဓါတ်တစ်ပါးက အုပ်စိုးသည်ဟုလည်း အယူရှိကြသည်။ ဧကရာဇ်မင်းတစ်ဆက်ပြောင်းတိုင်း နတ်ဘုရားများက စိုးမိုးမည့် မဟာဘူတဓါတ်ကို အမှတ်သင်္ကေတ တစ်ခုဖြင့် ပြသည်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့် “ဟူအန်ဟီ” ဧကရာဇ်နန်းတက်သောအခါ တီကောင်ကြီးများနှင့် ပုရွက်ဆိတ်ကြီးများ ထင်ရှားပေါ်ထွန်း လာသည်ဆိုသည်။ ဤအတိတ် နိမိတ်များကို ဖတ်၍ အဓိပ္ပာယ်ဖေါ်ထုတ်ရာတွင် ထိုဘုရင်က “မြေဓါတ်စိုးမိုးမည့် လက္ခဏာဖြစ်သည်။ မြေဓါတ်၏ အရောင်ဖြစ်သော အဝါရောင် ငါတို့ အသုံးပြုရမည်။ ငါတို့၏ ကိစ္စအဝဝကို မြေ၌ အခြေခံ တည်စေရမည်” ဟု မိန့်တော်မူ၏။
ဂြိုဟ်တိုင်ကို စိုးမိုးသော မဟာဘူတ ဓါတ်ကြီးတစ်ပါးစီအပြင် ယင်းနှင့် ယန်းတို့၏ သဘောသဘာဝကိုလည်း ထည့်သွင်းစဉ်းစားရသေးသည်။ ယင်း၏သဘောမှာ သဘာဝအတိုင်းဖြစ်၍ ယန်းမှာ ပြုပြင်စီစဉ်ထားသော သဘောရှိသည်။ ဥပမာအားဖြင့် ကြာသပတေး ဂြိုဟ်ကို ယင်းသဘောဖြင့် ဖွင့်ဆိုပါက တောတွင်းရှိ သဘာဝသစ်ပင်မှ သစ်သားကို ဆိုလိုသည်။ ယန်းသဘောအားဖြင့်မူ ပန်းပုထုထားသော သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုသော သစ်သားကို ဆိုလိုပေသည်။
တရုတ် ဝေဒပညာတွင် ရာသီရုပ် တိရစ္ဆာန် ၁၂ ကောင်သည် ၁၂ နှစ်တစ်ပတ်ကာလကို စိုးမိုးသည့်အပြင် ၂၄ နာရီ (တစ်နေ့တာ)ကိုလည်း စိုးမိုးထားပြန်သည်။ ဤစနစ်ကို တစ်နည်းအားဖြင့် လဗိမာန်ဘုံ ၁၂ ဆင့် ဟုတင်စား၍ လပြည့်လကွယ် ရက်များဖြင့် တွက်ယူသော ပြက္ခဒိန်လများ ဖွဲ့ယူသည်။ ထို့ကြောင့် တရုတ်ဇာတာ တစ်စောင်သည် သာမန်လူတို့အဖို့ ရှုပ်ထွေး ခက်ခဲလှသည်။ သို့ကလို တရုတ် ဝေဒပညာရှင်များသည် နှစ်များကို တိရစ္ဆာန် ၁၂ ကောင်တို့၏ အမည်များဖြင့် သတ်မှတ်ခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင်ကျော်ခဲ့ပြီဟု သိရသည်။
အဆိုပါ တိရစ္ဆာန် ၁၂ ကောင်၏ အမည်များမှာ
၁။ ကြွက်၊
၂။ႏြား၊
၃။ကျား၊
၄။ ယုန်၊
၅။ နဂါး၊
၆။ မြွေ ၊
၇။ မြင်း၊
၈။ဆိတ်၊
၉။ မျောက်၊
၁၀။ ကြက်၊
၁၁။ခွေးနှင့်
၁၂။ဝက် တို့ ဖြစ်ကြသည်။
တရုတ်ဗေဒင်စနစ်အရ တည်ဆောက်ထားသော ရာသီစက်ဝန်း ကောက်ကိန်းကို အောက်တွင် ဖော်ပြလိုက်ပါသည်။ မိမိ၏ မွေးခုနှစ်ကို သိရှိပါက မိမိသည် မည်သည့်တိရစ္ဆာန် ရာသီနှစ်တွင် ဖွားမြင်ကြောင်း အလွယ်တကူ သိရှိနိုင်ပေသည်။ တရုတ်တို့၏ ဗေဒင်ပညာဖြင့် ဟောကိန်းသိရှိလိုသူများအတွက် ၁၂ ရာသီ အဟောများကို အကျဉ်းချုပ် ဖေါ်ပြပေးပါ့မည်။ တရုတ်တို့၏ နှစ်သစ်ကူးချိန်သည် ဇန်နဝါရီလတွင် မဟုတ်ဘဲ ဖေဖေါ်ဝါရီလတွင် ကျရောက်ကြောင်း သတိပြုရန် ဖြစ်သည်။ဒီနှစ် 2015အနေနဲ့ တရုတ်နှစ်ကူးသည် ဖေဖော်ဝါရီ 19ရက်ဖြစ်သည်။
ဖေဖော်ဝါရီ 19မတိုင်ခင်ကာလသည် မြင်းနှစ်ဖြစ်ပြီး
19 ရက်နောက်ပိုင်းကာလများသည်
ဆိတ်နှစ်ဖွားများဖြစ်ကြသည်။
● တရုတ်ရိုးရာ ဗေဒင်တွက်နည်း
မိမိမွေးသက္ကရာဇ်သည် မြန်မာသက္ကရာဇ်ဖြစ်ပါက မြန်မာသက္ကရာဇ်ကိုတည် (၁) ခုနှုတ်၍ (၁၂)ဖြင့်စားပါက။ အကြွင်းကို ကြည့်၍ ဟောဆိုပါ။ သို့မဟုတ် ခရစ်သက္ကရာဇ်ဖြစ်ပါက ခရစ်သက္ကရာဇ်ကိုတည် (၃)ဖြင့်နုတ်၍ (၁၂) ဖြင့် စားပါ။ အကြွင်းကိုကြည့်၍ ဟောဆိုပါ။
ဥပမာ ဒီနှစ်ဆိုကြပါစို့။ ခရစ်နှစ်က2015
2015_3 =2012
2012÷12=8 ကြွင်းပါတယ်။အပေါ်က တိရစ္ဆာန် ၁၂ ကောင်နေရာမှာကြည့်လိုက်ရင်
နံပါတ် ၈ မှာ ဆိတ်ရှိတာတွေ့ရမှာပါ။2015ဟာ ဆိတ်နှစ်ပေါ့ဗျာ။
ဗမာလိုပဲသိတဲ့သူတွေကို ဥပမာအနေနဲ့တွက်ပြရရင် ဒီနှစ်က ဗမာလို၁၃၇၇ခုပေါ့
၁၃၇၇-၁ =၁၃၇၆
၁၃၇၆÷၁၂=၈ ကြွင်းတယ်။ အဲဒါဆို နံပါတ်
၈ နေရာမှာ ဆိတ် ရှိတော့ သူတို့လဲဆိတ်နှစ်ဖွားပေါ့ဗျ။ နားလည်ကြမယ်လို့ထင်ပါတယ်။
ရာသီ၁၂ကောင်ရဲ့ တစ်ကောင်ချင်းစီအဟောအကျဉ်းချုပ်တွေကိုမနက်ဖြန်ကစလို့ တစ်နေ့တစ်ခုဆီ တင်ပြပေးပါ့မယ်။ကျွန်တော့်ဗေဒင် ပရိသတ်များအားလုံး ကျေနပ်မယ်ထင်ပါတယ်။
ဆရာငြိမ်းအေးလူ
Ref; တရုတ်ရိုးရာဗေဒင်ပညာ
သန်းဝင်းလှိုင်

ဒီနှစ်ထဲမှာ အချစ်ရေးပြေလည်မလား၊
ချစ်သူ နဲ့ အဆင်ပြေမလား၊ ရည်ရွယ်ထားတဲ့သူနဲ့ လက်ထပ်ဖြစ်မလား ချစ်သူအသစ်တွေ့ဦးမလား
ချစ်သူနဲ့ ကွဲမလားဆိုတာတွေ မသိချင်ဘူးလား
အဲဒီလိုနှလုံး သားရေးနဲ့ ပတ်သက်တဲ့ပြဿနာလေးတွေ ကြိုတင် သိချင်သူတွေအတွက် သက်ရောက်ဟောကိန်းလေးတွေကို ပြောပြပါ့မယ်။
တစ်ခုတော့ရှိတယ်ဗျ။ လက်ဆန်းဗေဒင်နားလည်တဲ့သူဆိုရင်တော့ကိုယ်ဘယ်ရောက်လဲသိပေမဲ့ ဗေဒင်နဲ့မရင်းနှီးရင်တော့ တွက်ပုံတွက်နည်းပြောပြပါ့မယ်။
ကိုယ့်ရဲ့အသက်နဲ့မွေးနံသိဖို့တော့ လိုမှာပါ။ ဒါတွေသိပြီးယင်တော့ သိချင်တာလေးတွေ
ကြိုတင်ပြီးသိနိုင်ပါပြီ၊ တစ်ခုပြောချင်တာက မိမိက ဒီနေ့အသက်၂၀ တင်းတင်းပြည့်ပြီ
ဆိုပါစို့ဗျာ ။ မနက်ဖြန်ဆို အသက် ၂၁ထဲရောက်ပြီလို့ဆိုနိုင်ပါတယ်။ အဲဒီတော့ အသက်၂၁နဲ့ တွက်ရမယ်ပေါ့ဗျ
ကဲ …. တွက်ကြည့်ရအောင် –
ပထမဦးစွာ သက်ရောက် ၈မျိုးကို အရင်သိရပါ့မယ်။ဒါမှလဲဘယ်သက်ရောက်မှဘာဖြစ်မယ်သိနိုင်ပါလိမ့်မယ်
၁။ တနင်္ဂနွေ သက်ရောက်
၂။ တနင်္လာ သက်ရောက်
၃။အင်္ဂါ သက်ရောက်
၄။ဗုဒ္ဓဟူး သက်ရောက်
၅။ စနေ သက်ရောက်
၆။ကြာသပတေး သက်ရောက်
၇။ရာဟု သက်ရောက်
၈။သောကြာ သက်ရောက်
ဒုတိယအနေနဲ့ကတော့ကိုယ့်ရဲ့အသက်ကိုသိထားပြီး ဖြစ်တဲ့အတိုင်း အဲဒီအသက်ကိုတည်ပြီး (၈) နဲ့ စားရမယ်။ရလာဒ်ကိုသုံးစရာမလိုဘူး။ အကြွင်းကိုပဲသုံးရမယ်။ တကယ်လို့ ၈နဲ့စားလို့ပြတ်ယင် ၈ကြွင်းတယ်လို့ပဲသတ်မှတ်ယူဆရမယ် မှတ်မိပြီနော်။
ကိုယ့်အသက်ကိုတည်ပြီး ၈နဲ့စားလို့ရတဲ့ အကြွင်းတန်ဖိုးအတိုင်း မိမိမွေးနံကစပြီး ရေတွက်သွားရမယ်။
ရေတွက်သွားရမယ့်အကွက်တွေ
ကိုတစ်ကွက်ပြီးတစ်ကွက်ရေတွက်ရာမှာနာရီလက်တံရစ်ပတ်တဲ့အတိုင်း
လက်ယာရစ်ရစ်ပတ်သွား
ရမယ်။
အကြွင်းအရေအတွက်စေ့သွားတဲ့နေ့ကို မှတ်ထားပြီး
သက်ရောက်ဟောကိန်းတွေ
အကြောင်းကိုဖတ်ကြည့်ရင် ဒီနှစ်ထဲမှာတွေ့ကြုံရမယ့် နှလုံးသား
ရေးရာ ကိစ္စလေးတွေကို သိရပါလိမ့်မယ်။
ဥပမာလေးတခုလောက်တွက်ကြည့်ရအောင်၊ အသက် ၂၀ – ရှိတဲ့ ကြာသပတေးသမီးအတွက်တွက်ကြည့်ရင် -၂၀- ကို ၈ – နဲ့စားယင် ၄ – ကြွင်းမယ်။ကြာသပတေးသမီးကို အောက်မှာဖော်ပြထားတဲ့ အဌလဂ်ဂြိုဟ်ခွင်ပုံအတိုင်း ကြာသပတေးကနေ နာရီလက်တံအတိုင်းစရေရမယ်။
ဒါဆို ၄- ကွက်မြောက်တဲ့အကွက်ဟာ တနင်္ဂနွေ မဟုတ်လား။
ဒါကြောင့် သူ့အတွက်က တနင်္ဂနွေသက်ရောက် ဟောကိန်းတွေကိုကြည့်ရ ပါလိမ့်မယ်။
အသက်၂၇ နှစ်ရှိတဲ့ အင်္ဂါသားသမီးဆို့ပါစို့
၂၇ကို ၈နဲ့စားတော့ ၃ကြွင်းတယ်။အကြွင်းအတိုင်း အင်္ဂါကနေ အောက်ပါပုံအတိုင်းနာရီလက်တံပုံစံ စတင်ရေတွက်တော့
အင်္ဂါက တစ် ၊ဗုဒ္ဓဟူးက နှစ် ၊ စနေက သုံးပါ။ အကြွင်းက ၃ဖြစ်တဲ့အတွက် စနေသက်ရောက်ထဲမှာပါ။ ဒါကြောင့်စနေသက်ရောက်
ဟောကိန်းလေးတွေဖတ်ကြည့်ပေါ့ဗျာ
ကဲသဘောပေါက်ပြီဆို ကိုယ့်ကိုယ်ကိုတွက် ချက်ပြီး ဟောကိန်းတွေသာ
ဖတ်ကြည့်ပေတော့။
၁။ တနင်္ဂနွေ သက်ရောက်
ဒီနှစ်ထဲမှာ အချစ်ရေးကံသိပ်မကောင်းပါဘူး၊ကိုယ်ကစွဲစွဲလမ်းလမ်းချစ်နေမယ့်သူကကိုယ့်အချစ်ကိုဂရုမစိုက်ဘူး၊ကိုယ့်ရဲ့
အကောင်းဆုံးလုပ်ရပ်တွေဟာသူ့အတွက်ပျော်ရွှင်စရာတခုလိုဖြစ်နေတက်ပါတယ်။
သူ့ကို ကိုယ်ကချစ်နေမှန်း စွဲလမ်းနေမှန်းလဲ သူသိတယ်။ ဒါပေမယ့် သူကကိုယ့်ကို ချစ်ကြည့်လို့မရပဲဖြစ်နေတယ်။ သူငယ်ချင်းအဖြစ် ခင်တာထက်မပိုနိုင်ဘူး။ကိုယ့်နဲ့သူ့အကြားမှာထူးခြားတဲ့သံယောဇဉ်ယှဉ်နွယ်မနေနိုင်ဘူး။
ဒါကလဲ အကြောင်းရှိပါတယ်။ကိုယ်ကစွဲလမ်း
နေတဲ့သူ့မှာက သံယောဇဉ်ထားရမယ့်ရှိပြီးသားဖြစ် နေလို့ပါ၊ ဒါမှမဟုတ်လဲစေ့စပ်ထားတဲ့လူ၊ လူကြီးချင်း
သဘောတူထားတဲ့လူ ရှိနေလို့ပါ။
ဒါပေမယ့်အားမလျော့ပါနှင့်၊မျှော်လင့်ခြင်း ဆိုတာ သံယောဇဉ်သမားတွေရဲ့ ကျင့်ဝတ်တစ်ခုပဲ မဟုတ်လား။
၂။ တနင်္လာ သက်ရောက်
ကိုယ့်ရဲ့ လုပ်ဆောင်မှုလေးတွေဟာ အလိုလိုနေယင်း နာမည်ကျော်ကြားနေတတ်တယ်၊ ဒါကြောင့် ဒီနှစ်ထဲမှာ စန်းပွင့်နေတဲ့အတွက် နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး သောကကင်းဝေးရမယ်၊ ချစ်သူနဲ့အတူ တွဲတွဲသွားသွား ရှိတာကြောင့်သာယာကြည်နူးရမယ်။ ချစ်သူဟာ ကိုယ့်အလိုကိုလိုက်မယ်၊ ဒါပေမယ့်တစ်ခါ တစ်ခါစိတ်ကောက်တတ်တယ်၊အကြောင်းမရှိအကြောင်းရှာပြီးဖြစ်စေ၊အပြစ်မရှိအပြစ်ရှာပြီးဖြစ်စေ၊ စိတ်ကောက်တာမျိုးပေါ့။
သတိထားစရာတစ်ခုတော့ရှိပါတယ်၊ရေကန်နားမြစ်ကမ်းနံဘေးနားမှာတေ့ာ အတူသွားသွားပြီး မထိုင်ပါနဲ့၊ မမျှော်လင့်ပဲအန္တရာယ်တစ်ခုခုတွေ့ ကြုံရတတ်ပါတယ်၊ ချစ်သူကကိုယ့်ကို အဖိုးတန်လက်ဆောင်တွေပေးတတ်ပါတယ်။အမှတ်တရသိမ်းထားသင့်တဲ့လက်ဆောင်တွေမို့ အဲဒီအတွက်ဝမ်းသာကြည်နူးရပါမယ်၊ ဘာပဲပြောပြော တနင်္လာသက်ရောက်နှစ်ဟာနှလုံးသားရေးရာ ကံကောင်းတဲ့နှစ်ပါပဲ။
၃။အင်္ဂါ သက်ရောက်
ကိုယ့်ကိုမကြည်ဖြူတဲ့မိန်းကလေးတစ်ချို့ကြောင့်(ညီမတို့အတွက် ဆိုယင် ယောင်္ကျားလေးတစ်ယောက်ယောက်ကြောင့်) အချစ်သောကပွားရ တတ်ပါတယ်၊ ချစ်ခရီးရဲ့အနှောက်အယှက်တွေကို ဒီနှစ်ထဲမှာ ခဏခဏတွေ့ရမယ်၊ အဲဒီအနှောက် အယှက်တွေကြောင့် ချစ်သူကကိုယ့်ကို အပြစ်မြင် မယ်၊ အပြစ်ထင်မယ်။ ဖြေရှင်းလို့မရတဲ့ပြဿနာ တွေမို့ကိုယ်ကမှန်လျှင်မှန်ရက်သားနဲ့
ရေငုံနှုတ်ပိတ် ဖြစ်နေရတတ်တယ်။ ကိုယ့်ရဲ့တစ်ခြားပြဿနာတွေကလည်းချစ်သူအတွက် စိတ်မကြည်စရာတွေဖြစ်နေတက်တယ်၊ ဒီကြားထဲအ ခြေအနေအရပ်ရပ်က ချစ်သူရဲ့အလိုကို မဖြည့်စွမ်းနိုင်တာကြောင့်ပိုပြီးသောကပွားစရာလေးတွေဖြစ်လာရတယ်။ အဆုံးမှာတော့သူနဲ့ကိုယ်ဟာချစ် ခရီးကို အတူတွဲမလျှောက်နိုင်တော့ပဲ လမ်းခွဲရတတ် ပါတယ်။ ချစ်သူရဲ့အမုန်းဒဏ်ကြောင့် ချစ်ဝေနာလေး တွေခံစားရရှိနိုင်ပါတယ်။
ဗုဒ္ဓဟူး သက်ရောက်
ဒီနှစ်ထဲမှာချစ်ရမယ့်သူနဲ့တွေ့ကြုံနိုင်ပါတယ်၊ သူဟာကိုယ့်ရဲ့အရှေ့တောင်အရပ်ကဖြစ်ဖို့များပါတယ်။ ပြီးတော့ သူဟာကိုယ့်ကိုသာယာချမ်းမြေ့မှု ပေးစွမ်းနိုင်မယ့် သူလို့လဲ ယူဆနိုင်ပါတယ်၊အထူးသဖြင့်သူဟာအလှအပကြိုက်နှစ်သက်သူဖြစ်တတ်ပါတယ်၊ ဒါပေမယ့် စိတ်ကူးထက် လက်တွေ့ကို ကြိုက်နှစ် သက်သူဖြစ်တတ်ပါတယ်၊
ချစ်သူရှိပြီးသား သူတွေအဖို့တော့ ဘာမှထူး ထူးခြားခြား မရှိနိုင်ပါဘူး၊ သာယာချမ်းမြေ့တဲ့အချစ် သက်တမ်းကာလလေးပါ။ အဲတစ်ခုတော့ရှိပါတယ်၊ တစ်ချိန်ကချစ်ခဲ့ဖူးသူတစ်ယောက်ယောက်ရှိခဲ့ယင်တော့ သူရဲ့ စွမ်းဆောင်မှုကြောင့်သောကပွားရ တတ်ပါတယ်၊ လက်ရှိချစ်သူက သဘောထားကြီးလို့ တော်သေးတာပေါ့။
စနေ သက်ရောက်
မိန်းကလေးတွေနဲ့ အစေးမကပ်တဲ့နှစ်လို့
ဆိုယင်မှားမယ်မထင်ပါဘူး၊ တစ်နည်းအားဖြင့်အချစ်ကိုစိတ်မဝင်စားပဲဖြစ်နေတတ်ပါတယ်၊ အချစ်ကိုခုံမင် သာယာမိတဲ့စိတ်ထက်ငြီးငွေ့တဲ့စိတ်ကပိုများနေ တတ်ပါတယ်။ အချစ်နဲ့ပတ်သက်ပြီးစိတ်ကူးမယဉ် ချင်တော့တဲ့သဘောပါ။ ဒါပေမယ့် မိန်းကလေးတွေနဲ့ပတ်သက်တဲ့စိတ်အနှောင့်အယှက်ဖြစ်စရာကတော့ကြုံနေရဦးမှာပါ သူများတွေရဲ့နှလုံးသားကိစ္စတွေ၊ ပြဿနာကိစ္စတွေကြားမှာကိုယ်ကဓားစာခံဖြစ်ဖြစ်နေတတ်ပါတယ်။
ကိုယ်ကသံယောဇဉ်မကင်းနိုင်တဲ့သူတွေ ကြောင့်ပိုပြီး စိတ်ညစ်ရမယ်၊ ဒါတွေကြောင့်လည်း အချစ်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုပိုပြီးစိတ်ကုန်လာတာပေါ့။
ကြာသပတေးသက်ရောက်
အချစ်နဲ့ပတ်သက်ပြီး ပျော်စရာအကောင်း ဆုံး ကာလပါ။ ချစ်သူနဲ့စိတ်သဘောထားခြင်းတိုက် ဆိုင်ပြီး အပူအပင်မရှိ သာယာကြည်နူးရမယ်၊ ချစ်သူ ဟာ ကိုယ့်အလိုကိုလိုက်မယ်၊ ကိုယ်လုပ်ဆောင်တဲ့ ကိစ္စတွေမှာပါဝင်ကုညီဆောင်ရွက်လေ့ရှိမယ်။ ချစ်သူထံကလဲ အဖိုးတန်လက်ဆောင်တွေရမယ်။
ချစ်သူမဖြစ်သေးယင်လဲ ကိုယ်ကစွဲလမ်းနေ သူရဲ့ခေါင်းညိတ်အဖြေစကားကို ကြားရမယ်၊ ချစ်သူ ဟာကိုယ့်အလိုဆန္ဒကို လိုက်လျောလွန်းတာကြောင့် သတိတရားတော့ရှိရမယ်၊ ချစ်သူအပေါ် စောင့်ထိန်း ရမယ့် သိက္ခာတရားကို စောင့်သိရမယ် မဟုတ်ရင် တော့ကျူးကျူးလွန်လွန်တွေဖြစ်ပြီး စိတ်ညစ်ရပါမယ်၊ ကိုယ်ကထိန်းသိမ်းတာတောင်မှတစ်ခြား မိန်းကလေး တွေရဲ့အဖျက်စကားကြောင့် ဒုက္ခရောက်ရှိတတ် ပါ တယ်။
ဒါတွေသိထားဆင်ခြင်ယင်တော့နှလုံးသားရေးရာနဲ့ပတ်သက်ပြီး ဘာမှစိတ်သောကပွားစရာမလိုပါဘူး။
ရာဟုသက်ရောက် ချစ်သူဟာကိုယ်အပေါ်ကိုမကောင်းမြင်နေလိမ့်မယ်၊ သံသယတွေဝင်နေတယ် ဆိုပါတော့၊ သူ့ဆီက မျှော်လင့်ချက် တစ်ခုခုကြောင့်ဟန်ဆောင်အချစ်နဲ့ ချစ်နေတယ်လို့ထင်နေတယ်လေ။ ဒီတော့ သူက နာကျင်နေလိမ့်မယ်။ ကိုယ်ကမဖြေရှင်းနိုင်တဲ့ ပြဿနာတွေ လုပ်ဆောင်တာကြောင့်ပဲဖြစ်စေ၊ သူက မကြိုက်တာတွေ ကျူးလွန်လို့ပဲဖြစ်စေ၊ တစ်ယောက် နဲ့တစ်ယောက်ကတောက်ကဆဖြစ်ပြီးမုန်းကြရတတ် ပါတယ်။
ကိုယ်ကိုယ်နှိုက်ကလည်းတခြားအဆင်မပြေစရာတွေ၊ စိတ်ညစ်စရာတွေကြုံနေရတာကြောင့် သူ့ရဲ့ ပြစ်တင်ပြောဆိုမှုကို မခံနိုင်ပဲအတိုက်အခံတွေဖြစ်လာ တတ်တယ်။ ဒီအတိုက်အခံတွေရဲ့ နောက်ဆုံး ရလဒ်ကတော့ သံယောဇဉ်ကြိုးလေးပြတ်တောက်သွားရခြင်းပါပဲ။
ချစ်သူဆီက အချစ်အဖြေကိုတောင်းခံငံ့လင့်
နေသူတွေအတွက်တော့ ဒီနှစ်ထဲမှာစိတ်ချမ်းသာရ မယ့်အဖြေ မရရှိနိုင်ဘူး၊ သူဟာကိုယ့်ရဲ့စကားတွေ ကို မယုံမကြည်ဖြစ်နေသေးတယ်။ ပြီးတော့ကိုယ့်ရဲ့ အားနည်းချက်တစ်ချို့ကြောင့် အထင်သေးပြီးချစ်ဖို့ မဝံ့မရဲဖြစ်နေတတ်ပါတယ်။
သောကြာသက်ရောက် ကိုယ်ချစ်နေတဲ့သူဆီကချစ်စကားအဖြေပေးရနိုင်သလိုညီမတို့အဖို့လဲကိုယ်စိတ်ဝင်စားနေတဲ့သူနဲ့ ခင်မင်ရင်းနှီးပြီးချစ်စကားပြောလာတာကိုကြားရမယ်။ တကယ်တော့ ဒီကာလဟာ ချစ်သူနှစ်ဦး အတွက် ပျော်စရာအကောင်းဆုံးသာယာချမ်းမြေ့ဖို့ အကောင်းဆုံးကာလပါ။ ချစ်နေပြီးသူတွေ။ လက် ထပ်ဖို့ တာစူနေကြသူတွေဆိုယင်တော့ ဒီနှစ်ထဲမှာ ထိမ်းမြားဖို့ အခြေအနေပေးတက်ပါတယ်။ ဘယ်လို အနှောင့်အယှက်မျိုးတွေပဲ ရှိနေနေ၊ လက်ထပ်ဖို့စီ စဉ်ထားယင် မလွဲမသွေအောင်မြင်မှာပါ။
ချစ်သူဘဝမှာ ပျော်ရွှင်ကြည်နူးရသလို တစ်ဘက် ကလည်း ရာထူးတက်နိုင်တယ်။ စာမေးပွဲတွေ အောင်နိုင်တယ်။ ဆောင်ရွက်ထားတဲ့ ကိစ္စတွေပြီး ပြတ်နိုင်တယ်။ ဒါ့ကြောင့် တစ်ခြားလူမှုရေးသောက၊ စီးပွားရေးသောကပညာရေးသောကတွေ ကင်းစင် နေတာကြောင့် အချစ်နဲ့ပတ်သက်ပြီးစိတ်ကူးသမျှ အကောင်အထည်ဖော်ပြီး ချစ်နိုင်ကြပါတယ်။
ဒါဆိုကျေနပ်စရာ ကောင်းပါပြီနော် ………။
Ref; Sayar Dagon

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထား

ငယ်စဉ်ဘဝမှာတော့ သူတပါးကို
စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့… သူတပါးကို
နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့… ဒါပေမယ့် ကြီးပြင်းလာတာနဲ့
အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင်
အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့…
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့်
အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့… တခါတလေ ပတ်ဝန်းကျင်
အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့… အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကို
နှစ်သက်သူများ ဖြစ်ကြပါတယ်… အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း
အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက်
အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ… သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့
အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ… နေ့စဉ်နေ့တိုင်း
လုပ်နေကြ အလုပ်တွေကိုပဲ
လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း
ခံရတတ်ပါတယ်… ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့်
မာဆတ်ဆတ်နိုင်တယ်… ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်…
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်
မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့
လူမျိုးတွေပါတဲ့… ကိုယ်နဲ့ ဆက်ဆံနေတဲ့
လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို
ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်…
တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ
မပြောဘဲလည်း နေတတ်ပါသတဲ့… ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့… ဒီသဘာဝလေးကတော့
သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့… ဘဝရဲ့ အနှစ်သာရကို
တစ်နေရာမှာဘဲ မရှာဘဲ
အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့… အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း
နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့…
တစ်ယောက်တည်း သီးသန့်
ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်… အထက်လူကြီးရဲ့
အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင်
မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်…
ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု
ပိုများတာ ဖြစ်ပါတယ်…
စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း
ရှိတတ်ပါတယ်တဲ့… ဒါကြောင့်မို့
စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
အေသွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ .
ေအ-ေအ (၇၀%)
အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့
ရာခိုင်နှုန်းကတော့ ၇၀%
ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ
ရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု
ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို
မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း
အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက
သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး
နှစ်ယောက်ထဲ
လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့
တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့
နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည် ထိမ်းထားနိုင်ပါတယ်။
တစ္ခုပဲ သတိထားစရာ
လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေ
ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ
ချစ်ပြီဆိုရင် ဘယ်တော့မှ
မပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင်
အချင်းချင်း ချစ်မိပြီဆိုရင်တော့
သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။
ေအ-ဘီ (၂၅%)
အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေး
ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း
စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက
ဘီသွေးဆိုရင်တော့ ဇနီးသည်ကို
ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို
နားလည်ပေးနိုင်ပါတယ်။ အေသွေး
ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု
အတွေးနက်နဲတဲ့ ပုံစံတွေက
အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို
ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့်
လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။
ေအ-အို (၉၀%)
အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့
အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့
အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး
ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်
တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို
ဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး
သဘောထားကြီးဘို့တော့ လိုပါတယ်။
တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း
သွက်လက်လွန်းတယ်လို့
ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး
သင့်တော်ပါတယ်တဲ့။
ေအ-ေအဘီ (၅၀%)
အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့
အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက
အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့
ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး
ယောင်္ကျားလေးများဟာ
ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့
ထူးခြား ဆန်းကြယ်မှုကို
အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု
ပိုများတတ်ပါတယ်။
တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင်
မိန်းကလေးများက
အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ်
ထက်ထက်မျက်မျက်
ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း
ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့
အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။
ဒါပေမယ့်လည်း လိုက်ဖက်မှု
ရာခိုင်နှုန်းကတော့ ၅၀%ပါ။

အိုသွေးပိုင်ရှင်များအကြောင်း

ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်…
အိုသွေးပိုင်ရှင်များကတော့
စရိုက်သဘာဝက ထူးခြားပါတယ်…
အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့်
သူငယ်ချင်းတွေနဲ့ဆိုရင်တော့
သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင်
နေတတ်သူများဖြစ်ကြပါတယ်… အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ
ဖြစ်ကြပါတယ်… အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား
ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်… လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို
စာနာထောက်ထားတတ်ကြပါသတဲ့… အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင်
တစိုက်မတ်မတ်နဲ့
လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့
အစွဲအလမ်း တစ်ခုမှမထားဘဲ
လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့… အလုပ်တစ်ခုကို
လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို
အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့… ရလဒ်ကိုဘဲ
ဦးစားပေးသူများလို့လည်း
ဆိုနိုင်ပါသတဲ့… အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ
လုပ်ကိုင်လေ့လည်း ရှိပါသတဲ့…
ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို
ပိုင်ဆိုင်သူများလည်း
ဖြစ်ပါတယ်… ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့
အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း
အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့…. ဒါပေမယ့် ကိုယ်ရဲ့
အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့
ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို
ဖြစ်နေတတ်ပါတယ်…
အပန်းဖြေတာတို့ ဝါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး…
အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း
ဖြစ်ပါတယ်…
တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့…
အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့
အရာတွေအတွက် အများကြီး
သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့… လူတွေနဲ့ ဆက်ဆံတဲ့
အခါမှာ ယုံကြည်မှု ရှိရှိနဲ့
ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား
ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့… ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့
တခါတေလမွာ မလိုအပ္ဘဲ
စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်… အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး
အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့…
တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို
ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့… ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ
ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ…
အိုသွေးပိုင်ရှင်များနဲ့ လိုက်ဖက်မယ့်သူ
အို-ေအ (၁၀၀%)
အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင်
မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့
သဘာ၀က်တဲ့ အတြဲကို
ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများကတော့ အိုသွေးပိုင်ရှင်
ယောင်္ကျားလေးများကို အိုအေစစ်လို
အေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။
မိတ်ဆွေအဆင့်ဆိုရင်တော့
အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို
ဖြစ်စေပါတယ်။ အချင်းချင်း
နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့
အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။
အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်း
ဘီသွေးမိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း
မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့
ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့
အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့်
မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့
ယောင်္ကျားတစ်ယောက်လို့
ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ
လုပ်မယ်ဆိုရင်တော့
ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့
စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့
အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့
မိန်းကလေးမျိုးကို လိုလားသလို
အိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို
လိုလားပါတယ္တဲ့။
ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။
အို-အို (၄၀%)
အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ်လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့
မိန်းကလေးကြားမှာ
မပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင်
ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်း
ယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။
လမ်းမှာ သူတောင်းစားများ
တွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။ စိတ်ထားကောင်းတယ်လို့
ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံး
အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။
လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။
အို-ေအဘီ (၉၅%)
အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့
အကျင့်လေးတွေကြောင့် စိတ်အခန့်မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေ
သံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား
ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။
ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။

“အခြေခိုင်မြဲ မယိုင်လဲဖို့ “

” ဆရာ ကျွန်တော့်ကိုမှတ်မိလား
ကျွန်တော်ဖြိုးမောင်လေ”
အသားဖြူဖြူအရပ်မြင့်မြင့်နှင့် ခေတ်ဆန်ဆန်ဝတ်စားထားသောလူငယ်တစ်ယောက်က မေးလာသည်။
“အေး အားနာနာနဲ့ပြောရရင်တော့ မမှတ်မိဘူးကွ
ငါ့ဆီမှာ ဗေဒင်လာမေးဖူးတဲ့သူလား”
ဟိုးလွန်ခဲ့တဲ့ ၂နှစ် လောက် ဆရာသူငယ်ချင်း ဘကျော်အိမ်မှာတွေ့တဲ့ ဘကျော်ရဲ့တူဖြိုးမောင်လေ
“အော် အေးမှတ်မိပြီ”
” ဆရာပေးတဲ့ယတြာလုပ်ပြီး အခုအဆင်ပြေနေပြီဆရာ
အလုပ်မြဲတယ် ငွေလဲမြဲတယ် အရာရာအဆင်ပြေနေပြီ
ဆရာ အိမ်ပြန်လာရင်း ဆရာဆီဝင်ကန်တော့တာပါ”
လူငယ်လေးက ကန်တော့ပြီးပြန်သွားပေမဲ့ ကျွန်တော်
စိတ်တွေက ဟိုးလွန်ခဲ့သော ၂နှစ်ဆီသို့ ပြန်လည်မျောလွင့်သွားရာ
× × × × × × × × × × × ×
မိုးစက်တွေက သြကာသလောကကြီးတစ်ခုလုံးကို နေရာမလပ်ဖြန့်ကြဲထားသည်။ ဘယ်အညှိုူးနှင့်ရွာနေသည်မသိ။ ဒီအတိုင်းဆိုသူငယ်ချင်းဘကျော်ဆီမှာပဲ အိပ်မှအဆင်ပြေမည်နဲ့တူတယ်။
”ဘကျော်ဒီညမင်းအိမ်မှပဲ အိပ်တော့မယ်ကွာ
မိုးက စည်းမဲ့ပုံမပေါ်ဘူး ”
” ငါလဲအဲဒါပြောမလို့ပဲ ဒီလောက်မိုးများနေတာပြန်မနေနဲ့တော့ ဒီမှာပဲအိပ်လိုက် မင်းနဲ့လဲစကားအေးအေးဆေး ဆေးပြောရတာပေါ့ကွာ ငါကတကိုယ်ရည်သမားလေ
မင်းရှိတော့ အဖော်ရတာပေါ့”
ကျွန်တော်တို့နှစ်ယောက်လက်ဖက်စားရင်း စကားကောင်းနေကြသည်။ အချိန်က ညကိုးနာရီစွန်းစွန်း။
” ဦးလေးကျော် လေးကျော် ဦးလေးကျော်ရေ”
” ဘကျော်မင်းနာမည်ခေါ်သံကြားသလိုပဲ ဘယ်သူလဲမသိဘူး “
” ငါလဲကြားတယ်ကွာ မိုးသံနဲ့ဆိုတော့မသဲကွဲဘူး”
ငါသွားကြည့်လိုက်အုံးမယ်ကွာ”
ပြောပြောဆိုဆိုနှင့် ဘကျော်တစ်ယောက် ခြံဝသို့ထွက်သွားသည်။ နောက်ပြီးရေတွေစိုရွှဲနေတဲ့သူတစ်ယောက်နှင့် ဘကျော်ခြံထဲပြန်ဝင်လာသည်။
” သူကဘယ်သူလဲ ဘကျော်”
“ငါ့တူလေကွာ
ငါ့ အမအကြီးဆုံးကမွေးတာဆိုတော့ ငါနဲ့ အသက်တော့ အသက်သိပ်မကွာဘူးကွာ
ငါတူ နာမည်က ဖြိုးမောင် တဲ့
ငါတူရေ သူကတော့ငါ့သူငယ်ချင်း ဗေဒင်ဆရာပဲ “
သူတူက အကျီင်္လဲနေရင်း အသိအမှတ်ပြုသည့်အနေဖြင့်ပြုံးပြသည်။ ပြန်ပြံုးပြဖြစ်သည်။
” ငါ့တူမင်းနယ်မှာအလုပ်သွားလုပ်တာဆို အခုဘာပြန်လုပ်တာလဲ ခွင့်ယူလာတာလား”
“မဟုတ်ဘူးဦးလေးရေ အလုပ်ထွက်လာတာ”
“မင်းကလဲအလုပ်က ပြုတ်လိုက ်ပြောင်းလိုက် ထွက်လိုက်နဲ့ အလုပ်ပြောင်းတာ လက်ဆယ်ချောင်း
မကေတာ့ဘူး”
” ကျွန်တော်လည်းအလုပ်နဲ့ပက်သက်ပြီး စိတ်တော်တော်
ညစ်နေပြီ အလုပ်အကိုင်ဘယ်တော့မှတည်ငြိမ်မယ်မသိဘူး အခုလဲကျွန်တော်အပြစ်မဟုတ်ဘူး စတိုပစ္စည်းတွေအတွက် လက်ကျန်စာရင်းREPORT တင်တာနောက်ကျတယ်ဆိုပြီး လူကြီးနဲ့စကားများတာ ။
ကိုယ့်အပေါ်စိတ်ကွက်နေတဲ့ လူကြီးလက်အောက်မနေချင်တာနဲ့ထွက်လာတာ”
” အေးပါကွာ မင်းအခုထမင်းစားမလား ငါ့တူ”
” မစားတော့ဘူးဦးလေး ကော်ဖီပဲသောက်မယ်
မနက်မှပဲအိမ်ပြန်တော့မယ် ကားဂိတ်နဲ့ဦးလေးအိမ်ကနီးတော့ ဦးလေးဆီဝင်လာတာ မိုးကလဲသည်းနေတော့
မနက်မှပဲအိမ်ပြန်တော့မယ်”
” ပြောစရာမလိုပါဘူးကွာ ကဲဒီမှာ ရေနွေးကအဆင်သင့်ပဲ ကော်ဖီနဲ့မုန့်က ကြောင်အိမ်ထဲမှာ ယူသာသောက်တော့”
” ကဲ ကိုစိုးငါ့တူအခြေအနေလေးနည်းနည်းသုံးသပ် ကြည့်ပါဦး
မင်းပညာနဲ့ဘယ်လိုမြင်လဲ”
” ကူညီပါဆရာရယ် ကျွန်တော်က ဘာလုပ်လုပ်အဆင်မပြေတာပါ အခြေခိုင်မယ်ကြံလိုက် လွဲလိုက် ပြုတ်လိုက်နဲံ့ပဲ ရတဲ့အလုပ်တွေကလဲအိမ်ကပ်ရတယ်ကိုမရှိဘူးနယ်တွေချည်းပဲ သွားနေရတယ်”
ဖြိုးမောင်က ကော်ဖီသောက်ရင်း အသနားခံသည့်မျက်နှာ
လေးဖြင့် ပြောလာသည်။
” ဗေဒင်တော့ ငါကကြုံတဲ့နေရာမဟောဘူးကွာ”
“ငါသိပါတယ်ကွာ အခုဟာက ငါ့တူကို ဘာလုပ်သင့်လဲ
ဆိုတာ guide line လေးပေးရုံပါပဲ”
” ကျွန်တော်လဲ သူ့တူဇာတာကိုစစ်ဆေးကြည့်သည်။
မဟာဘုတ် ၅ကြွင်း ၊နာမည်က ပက္ခမိတယ်
တနင်္ဂနွေ မရဏက ကောင်းကောင်းဒုက္ခပေးတော့တာပေါ့ အလုပ်မမြဲခြင်း အလုပ်တစ်မျိုးပြီးတစ်မျိုးပြောင်းလုပ်ရခြင်း မိမိအိမ်နှင့်ဝေးသည့်နေရာတွင် လုပ်ရခြင်း
ကိုယ်ပိုင်အိုးအိမ်နှင့် အသက်တစ်ဝက်နောက်ပိုင်းမှနေရခြင်း ကရဏကာရကဂြိုဟ်ပျက်ခြင်းကြောင့် အကူအညီအထောက်အပံ့မရခြင်း လူကြီး ဆရာသမားငြိုငြင်ခြင်း အသိအမှတ်ပြုမခံရခြင်း ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားရခြင်း စသည့်အချက်တွေဖြစ်တတ်ကြောင်းပြောပြဖြစ်သည်”
“ဒါဆို ဘယ်လိုယတြာတွေ
လုပ်ရင်အဆင်ပြေမလဲ ဆရာ”
” ဒီလိုကြ ဘဝမွာ –
၁။ အခြေမခိုင်ခြင်း
၂။အလုပ်မတည်မြဲခြင်း
၃။စီးပွားရေးရုတ်တရက် ကျဆင်းခြင်း
၄။ချမ်းသာရာကနေပြီး ကုန်းကောက်စရာမရှိအောင်
ဆင်းရဲသွားခြင်း
၅။ဘဝမှာတည်ငြိမ်မှုအားနည်းခြင်း စသည့်စသည့် တွေမဖြစ်အောင်ရယ် ရှင်းရှင်းပြောရရင်တော့ကွာ စီးပွားရေး လူမှုရေး ကျန်းမာရေး ပညာရေးစတဲ့အရေးတွေမှာခိုင်မြဲမှုရှိပြီး ယိုင်နဲ့မသွားဘဲအောင်မြင်အောင် မိမိနေ့နံရဲအမြစ်ဂြိုဟ်ကို ပြုစုပျိုးထောင်ပေးရတယ်ကွ”
“မင်းနားလည်အောင် ပြောရရင်
မင်းကကြာသပတေး
ကြာသပတေးကို တစ်ခုလျော့ရင် ဗုဒ္ဓဟူးဆိုတော့ ဗုဒ္ဓဟူးပက်သက်တဲ့အရာတွေကို ပြုစုပျိုးထောင်ရမယ်ကွ
ဥပမာ ကြာ
ပဌာန်းယပ်တောင်တွေကို လှူရမယ်။ ဘုရားရင်ပြင်မှာ သန့်ရှင်းရေးလုပ်ရမယ်။လိပ်ကို အစာကြွေးရမယ်။ ရေအိုး ရေစစ်လှူရမယ်။သောက်ရေထည့်ပြီး ကုသိုလ်ပြုရမယ်။
ရေသန့်ဘူးလှူရမယ်ပေါ့ကွာ ချဲ့တွေးနိုင်ရင်တွေးသလောက် မင်းလှူစရာတွေ အများကြီးပဲ။
ဒီယတြာချေပြီး အောင်မြင်နေတဲ့သူတွေလဲအများကြီးပဲ မင်းလဲလုပ်ကြည့်ပေါ့ကွာ။ အကျိုးမယုတ်ပါဘူး။ ဒါပေမဲ့ ဓာတ်ထိအောင် ခဏခဏလုပ်ပေးဖို့တော့
လိုတယ္ကြာ”
× × × × × × × × × ×
ဒီယတြာလေးကို ၇ ရက်သားသမီးအပေါင်းအား ပေးချင်သည်။ ယတြာကတော့ ၇ ရက်သားသမီးများ ဘဝမှာအခြေခိုင်ခိုင်နဲ့အောင်မြင်မှုတရပ်စပ်ရစေမဲ့ယတြာပါ။အဆိုး လောကဓံတွေရဲ့ ရိုက်ခတ်မှုတွေ လျော့ပါးသက်သာစေမည့် ယတြာလို့ပြောရင်တောင်ရပါသည်။ နေ့သားအလိုက်
အောက်ပါ ယတြာလေးတွေကို ဒါနပါရမီ ဖြည့်ပေးနေတယ်လို့ သဘောထားလုပ်ကြည့်ပါ။ အောင်မြင်မှုတွေက မိမိဘဝထဲမှာပျော်မွေ့နေပါလိမ့်မယ်။
(အင်္ဂဝိဇ္ဇာ ဝါသနာရှင်များအနေဖြင့် လာမေးတဲ့အခါ၏
အခိုက်နေနံ သတ္တဝါကို အဟာရဒါနပြုပေးခိုင်းခြင်းဖြင့်
လက်တလောဖြစ်နေတဲ့အခက်အခဲတွေ အမြန်ဆုံးပြေလည်တတ်ကြောင်းပါ။ သူရဇ္ဇအခါ လာမေးသူတစ်ယောက်ကို နွားစာကျွေးခိုင်းပါ။ ဘောမအခါလာမေးသူကို
ခွေးစာကျွေးခိုင်းပါ။ ဤကား စကားချပ်)
တနဂၤေႏြသားသမီး
တံတားခင်းပါ။ ဒန်ပေါက် ကျွေးမွေးလှုဒါန်းပါ။ တံတားဟောင်းပြင်ပါ။ နွားကို အစာကြွေးပါ။
တနလၤာသားသမီး
လမ်းခင်းပါ။ အုတ်ခဲလှုပါ။ သံဃာသုံး ကုဋီသုံးဖို့ ရေအိုးလှုပါ။ သူများအိမ် ပြင်ပေးပါ။
အဂၤါသားသမီး
ငွေစက္ကူတွေကိုလှုပါ။ နေပူခံ ကျောက်ပြား လှုပါ။ ခွေး၊ကြောင်၊ကြက် တွေကို အစာကြွေးပါ။ ငါး သက်စေ့လွှတ်ပါ။
ဗုဒၶဟူးသားသမီး
စိတ္တဇလူနာတွေကို အစာကြွေးပါ။ ဆေးဝါးလှုဒါန်းပါ။ ဆိတ်၊ဆင်ကို အစာကြွေးပါ။ စာကလေးတွေကို လွှတ်ပေးပါ။
ၾကာသပေတးသားသမီး
ပဌာန်းယပ်တောင်တွေကို လှုပါ။ ရင်ပြင်မှာ သန့်ရှင်းရေးလုပ်ပါ။ လိပ်ကို အစာကြွေးပါ။ ရေအိုးလှုပါ။ သောက်ရေထည့်ပြီး ကုသိုလ်ပြုပါ။
ေသာၾကာသားသမီး
မီးလုံးမီးချောင်း လှုပါ။ဖယောင်းတိုင်လှုပါ။ဘုရားကျောင်းပရဝဏ်အတွင်း မြက်နှုတ်ပါ။ မျောက်ကို အစာကြွေးပါ။
စေနသားသမီး
ဘုရားမှာ သန့်ရှင်းရေးလုပ်ပါ။ သောက်ရေအိုးလှုပါ။ သင်္ကန်းလှုပါ။ စာသင်သားရဟန်းတွေကို သေတ္တာလှူပါ။
ကုသိုလ်ကောင်းမှုတွေဆိုတာက အကုန်လုပ်သင့်ပါတယ်။ မရွေးသင့်ပါဘူး။ ဒါပေမယ့် အထက်ကဖော်ပြချက်တွေက နေ့သားအလိုက် ရာသက်ပန် လုပ်သင့်တဲ့ ယတြာကုသိုလ်တွေ ဖြစ်ပါတယ်။
မိမိတို့အချိန်ရတိုင်းလုပ်ပေးရမဲ့ယတြာတွေပါ။
မိမိမွေးနေ့ မတိုင်ခင်နေ့ဟာ မိမိရဲ့အမြစ်ဂြိုဟ် ဖြစ်ပါတယ်။ အပင်တစ်ပင်မှာ အမြစ်ရှင်သန်မှ ပင်စည်တွေ၊ အကိုင်းအခက်တွေ၊ အညွန့်တွေနဲ့ ဝေဝေဆာဆာ ဖြစ်မှာဖြစ်ပါတယ်။
ဒါ့ကြောင့် မိမိတို့ရဲ့ အမြစ်ဂြိုဟ်များကို ရှင်သန်အောင်ပွားများအားထုတ်ကြခြင်းဖြင့်
ခုနှစ်ရက် သားသမီးအပေါင်း ကျန်းမာ ချမ်းသာကြပါစေသတည်း…။ ။
ဆရာစဉ်ဆက် အင်္ဂဝိဇ္ဇာပညာရှင်များအား
ဦးခိုက်လျက်
ငြိမ်းအေးလူ ဗေဒင်သုတေသီ

မွေးရက်နှင့် အကျိုးပေးအလုပ်

ဘာစီးပွားရေးလုပ်ရမလဲလို့ တစ်မေးတည်း မေးနေသူများအတွက် ဆရာကြီး ဒေါက်တာဒဂုန် ပြုစုထုတ်ဝေတဲ့ “အိပ်ဆောင်ဗေဒင်ဆရာ ” အတွဲ(၇)၊ စာမျက်နှာ (၅၈)မှာ ဖော်ပြထားတဲ့ ကိုယ်မွေးတဲ့ အင်္ဂလိပ်ရက်အရ အကျိုးပေးတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ပြလိုက်ပါတယ်။
အကြမ်းဖျင်းအနေနဲ့တော့ သိရတာပေါ့။
အသေးစိတ်သိချင်ရင်တော့ မိမိဇာတာကိုတွက်စစ်ကြည့်ရမှာပေါ့ဗျာ။
မှန်ကန်တဲ့အလုပ်တွေ ရွေးချယ်နိုင်ကြပါစေ။
၁ ရက်။ ။ ကျောင်းဆရာ၊ ကျူရှင်ဆရာ၊ အရောင်းစာရေး၊ လူတွေနဲ့ ဆက်ဆံရတဲ့လုပ်ငန်း၊ အင်ဂျင်နီယာ၊ ယာဉ်မောင်းသူ၊ ကားရောင်းကားဝယ်၊ အသစ်အဆန်းကို ရှာဖွေသူ။
၂ ရက်။ ။ ရုပ်ရှင်ဒါရိုက်တာ၊ အနုပညာ လုပ်ငန်းမျိုးစုံ၊ ကွန်ပြူတာ၊ စာရင်းစစ်၊ ရဲ၊ သင်္ဘောသား၊ လူမှုဝန်ထမ်း လုပ်ငန်းများ၊ အကောက်ခွန် အရာရှိ၊ လက်နှိပ်စက်စာရေး၊ အတွင်းရေးမှုး။
၃ ရက်။ ။ မီဒီယာ လုပ်ငန်းမျိုးစုံ၊ လူတွေနဲ့ ဆက်ဆံရတဲ့ လုပ်ငန်း၊ အကြံပေး အရာရှိ၊ မိတ်ကပ်ပညာရှင်၊ အလှပြင်ဆိုင်၊ ရှေ့နေ၊ တရားသူကြီး၊ ရူပဗေဒ ပါမောက္ခ၊ ဧည့်ခံသူ၊ စာရေးဆရာ၊ စာနယ်ဇင်းလုပ်ငန်းများ။
၄ ရက်။ ။ ကန်ထရိုက်၊ အိမ်ရောင်းအိမ်ဝယ် အကျိုးဆောင်လုပ်ငန်း၊ အင်ဂျင်နီယာ၊ စက်မှုပညာရှင်၊ စာရေး၊ စာရင်းကိုင်၊ တီထွင်ထုတ်လုပ် ဖြန့်ချီ ရောင်းဝယ်ရေးလုပ်ငန်း မှန်သရွေ့။
၅ ရက်။ ။ ကုန်သည်ပွဲစား၊ ပွဲရုံ၊ လူထုနဲ့ ဆက်ဆံရမယ့် လုပ်ငန်းမျိုးစုံ၊ ရှာဖွေခြင်း သုတေသန ပြုခြင်း စသောပညာရှင်၊ ရုပ်ရှင်ဒါရိုက်တာ၊ ခွဲစိပ်ဆရာဝန်၊ ဆေးပညာရှင်၊ ကိုယ်စားလှယ် အကျိုးဆောင် လုပ်ငန်းများ။
၆ ရက်။ ။ စာပေသင်ကြား ပို့ချခြင်း၊ သိပ္ပံနည်းပညာဆိုင်ရာ အတတ်ပညာရှင်၊ ငွေချေးလုပ်ငန်း၊ စိုက်ပျိုးရေး၊ တေးဂီတ ရေးစပ် တီးမှုတ် သီဆိုထုတ်လုပ်သော လုပ်ငန်းများ၊ စာပေလုပ်ငန်းများ၊ ပန်းတိမ် ပန်းချီ ပန်းပု ကိုယ်တိုင်ရေးခြင်း ရောင်းခြင်း လုပ်ငန်းများ။
၇ ရက်။ ။ တရားဟောလုပ်ငန်း၊ မိန်းကလေး အသုံးအဆောင်ပစ္စည်း ထုတ်လုပ် ရောင်းချ ဖြန့်ဖြူးသော လုပ်ငန်း၊ အားကစားဆိုင်ရာ ပစ္စည်းများ ရောင်းဝယ်ရေး၊ ဆေးပညာရှင်သုံး ကိရိယာ၊ ဆေးဝါးရောင်းဝယ်ရေး လုပ်ငန်းများ။
၈ ရက်။ ။ အကျိုးဆောင်လုပ်ငန်း၊ ပွဲစားလုပ်ငန်း၊ အဝယ်တော်လုပ်ငန်း၊ ဘဏ်တိုက်၊ ငွေစုငွေချေး၊ မီးရထား၊ စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှုး၊ မန်နေဂျာ၊ ရှေ့နေ၊ အင်ဂျင်နီယာ။
၉ ရက်။ ။ ကျောင်းဆရာ၊ စိုက်ပျိုးရေး၊ ရေနံ၊ မီးရထား၊ အာမခံလုပ်ငန်း၊ စိုက်ပျိုးရေး ကိရိယာ လုပ်ငန်းမျိုးစုံ၊ တေးဂီတ၊ စာပေ၊ ကြော်ငြာကိုယ်စားလှယ်၊ ရှေ့နေအတတ်ပညာရှင်။
၁၀ ရက်။ ။ တီထွင်ထုတ်လုပ်ရသော လုပ်ငန်းမျိုးစုံ၊ ကုန်ထုတ်လုပ်သော လုပ်ငန်းများ၊ ရောင်းဝယ်ဖောက်ကားမှု အားလုံး။
၁၁ ရက်။ ။ လျှပ်စစ်ဆိုင်ရာ ပစ္စည်းထုတ်လုပ်မှု၊ ရောင်းဝယ်ငှား ပြုပြင်မှုများ၊ ရေဒီယို၊ TV၊ အင်တာနက်၊ တေးဂီတ၊ ကခုန်ခြင်း၊ တရားသူကြီး၊ အတွေးအခေါ်ဆိုင်ရာ စာပေပညာရှင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ပန်းချီပညာရှင်။
၁၂ ရက်။ ။ အလှအပပစ္စည်း အရောင်းအဝယ်၊ တည်ဆောက်မှုလုပ်ငန်းများ၊ ဗိသုကာ အင်ဂျင်နီယာ၊ ရုပ်ရှင်လုပ်ငန်း၊ အနုပညာရှင်၊ စာပေရေးသားသူ၊ ကြော်ငြာလုပ်ငန်း၊ အားကစား၊ ကျန်းမာရေးဝန်ထမ်း။
၁၃ ရက်။ ။ စာရင်းကိုင်၊ ဓာတ်သတ္တုရှာဖွေရေး၊ ပန်းချီ ပန်းပု၊ မြေရောင်းမြေဝယ်၊ အဆောင်ပန်းပု ရေးဆွဲသူ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကုမ္ပဏီလုပ်ငန်းမျိုးစုံ။
၁၄ ရက်။ ။ ရောင်းဝယ်ဖောက်ကားရေး လုပ်ငန်း၊ ဟိုတယ်ခရီးသွားလုပ်ငန်း၊ ပရိဘောဂ လုပ်ငန်း၊ ဓာတ်သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ မျက်စိ နား လည်ချောင်းကု ဆရာဝန်၊ မျက်စိ ပါရဂူ။
၁၅ ရက်။ ။ အပ်ချုပ်စက်၊ အဝတ်အစား ဒီဇိုင်းပညာရှင်၊ အလှပြင်သူ၊ စာပေပညာရှင်၊ စာပေထုတ်ဝေရေး၊ ကျောင်းဆရာ၊ ပါမောက္ခ၊ ဆေးပညာရှင်၊ သာသနာပြုဘုန်းကြီး၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းမျိုးစုံ။
၁၆ ရက်။ ။ သိပ္ပံပညာရှင်၊ သိပ္ပံပညာရပ်မျိုးစုံ၊ သုတေသန လေ့လာရှာဖွေ ညွှန်ကြားခြင်း၊ ဓာတ်သတ္တုရှာဖွေရေး ပညာရှင်၊ ပန်းစိုက်ပျိုးမှု၊ ယာလုပ်ငန်း။
၁၇ ရက်။ ။ စိုက်ပျိုးမွေးမြူရေး၊ ထွန်စက်၊ ရေနံရောင်းဝယ်ရေး၊ သတ္တုရှာဖွေရေး၊ ရုပ်ရှင်၊ မျက်လှည့်လုပ်ငန်း၊ မန်နေဂျာ၊ အကျိုးဆောင်လုပ်ငန်း၊ စာပေ၊ ရုပ်ရှင်အပြင်ပြဇာတ်၊ ဇာတ်ဆရာ၊ ရုပ်ရှင်ဒါရိုက်တာ လုပ်ငန်း။
၁၈ ရက်။ ။ မီးရထား၊ ကားပြင်ခြင်း၊ ကားအရောင်းအဝယ်လုပ်ငန်း၊ ပန်းတိမ်လုပ်ငန်း၊ ရပ်ဝေးနှင့်ဆက်သွယ်ပြီး လုပ်တဲ့လုပ်ငန်း၊ ခရီး သွားလာရေးလုပ်ငန်း၊ ခွဲစိပ်ဆရာဝန်ကြီး၊ အနုပညာရှင် (သို့) စာပေပညာရှင်။
၁၉ ရက်။ ။ ဆေးဝါးထုတ်လုပ်ရေး၊ စာပေပညာရှင်၊ တေးဂီတ ရေးသားသီဆို ထုတ်လုပ်ဖြန့်ချီရေး၊ ဗိသုကာ၊ အင်ဂျင်နီယာ၊ အများနှင့် ပတ်သက်သည့် လုပ်ငန်းမျိုးစုံ။
၂၀ ရက်။ ။ စာရေးကောင်းသူ၊ စာရေးဆရာ၊ ကွန်ပြူတာပညာရှင်၊ စာရေး၊ ဂီတ၊ အက၊ ရုပ်ရှင်၊ သဘင်၊ စာရင်းစစ်၊ ရှာဖွေရေးလုပ်ငန်း၊ လက်နှိပ်စက်စာရေး၊ အရောင်းအဝယ် လုပ်ငန်းမှန်သမျှ။
၂၁ ရက်။ ။ စာပေ၊ ဂီတ၊ အနုပညာမဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ရုပ်ရှင်လုပ်ငန်း၊ ဇာတ်သဘင်လုပ်ငန်း၊ တရားဟောဆရာ၊ အတွေးခေါ်ပညာရှင်။
၂၂ ရက်။ ။ ရာထူးကြီး၊ နိုင်ငံခြားကိုယ်စားလှယ်လုပ်ငန်း၊ အဝယ်တော်၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းမျိုးစုံ၊ စာရင်းစစ်၊ စက်မှုပညာရှင်၊ ရူပဗေဒ ပညာရှင်၊ ဘူမိဗေဒ ပညာရှင်၊ အင်ဂျင်နီယာ။
၂၃ ရက်။ ။ ရောဂါရှာဖွေရေး၊ စည်းရုံးရေးမှုးကောင်း၊ ကွန်ပြူတာဆရာ၊ စာရေးဆရာ၊ သိပ္ပံပညာရှင်၊ လူမှုဆက်ဆံရေး လုပ်ငန်းများ။
၂၄ ရက်။ ။ အများနှင့် ဆက်ဆံရသော လုပ်ငန်းများ၊ စာပေ၊ ဂီတ၊ အနုပညာ၊ ဘဏ်တိုက်၊ ငွေစုငွေချေးလုပ်ငန်း၊ ကုန်သည်၊ လူမှုဝန်ထမ်းလုပ်ငန်း။
၂၅ ရက်။ ။ အနုပညာနှင့် စီးပွားရှာခြင်း၊ ပန်းချီ၊ ပန်းပု၊ စုံစမ်းရေးမှုး၊ သစ်လုပ်ငန်း၊ လူမှုရေးပညာရှင်၊ အပြောကောင်းသူ။
၂၆ ရက်။ ။ တေးဂီတ အနုပညာလုပ်ငန်း၊ အင်ဂျင်နီယာ၊ စည်ပင်သာယာရေး၊ ရှေ့နေ၊ ထုတ်ဝေသူ၊ စာသင်ကြားရေး၊ ဆက်သွယ်ရေး၊ ကားထောင်ခြင်း၊ ခရီးသွားလုပ်ငန်း။
၂၇ ရက်။ ။ ပန်းပုပစ္စည်းရောင်းဝယ်ရေး၊ ကျောင်းဆရာ၊ ဆရာဝန်၊ ကထိက၊ ပွဲစား၊ ရှေ့နေ၊ သံတမန်အရာရှိ၊ စာရင်းစစ်၊ ဂျာနယ်သမား၊ သတင်းထောက်။
၂၈ ရက်။ ။ အင်ဂျင်နီယာ၊ ရူပဗေဒပညာရှင်၊ ဂမ္ဘီရပညာရှင်၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ ရောင်းဝယ်ရေး၊ စာပေသင်ကြားရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းအားလုံး။
၂၉ ရက်။ ။ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး၊ အင်ဂျင်နီယာ၊ ယာဉ်မောင်း၊ ရေဒီယိုဆိုင်ရာ လုပ်ငန်း၊ ကားပြင်ခြင်း၊ စတိုးဆိုင်၊ စျေးရောင်း ဝယ်ရေး၊ ကျော်းဆရာ၊ ဥပဒေ အကျိုးဆောင်၊ စာရေးဆရာ။
၃၀ ရက်။ ။ စာပေ၊ ဂီတ၊ အနုပညာ၊ ဇာတ်သဘင်၊ ဇာတ်ခုံ၊ ဆက်တင်ပညာရှင်၊ ရုပ်ရှင်လုပ်ငန်း၊ တီထွင်သူ၊ ကြော်ငြာလုပ်ငန်း၊ လူမှု ဝန်ထမ်း၊ အကျိုးဆောင်လုပ်ငန်းမျိုးစုံ။
၃၁ ရက်။ ။ ကန်ထရိုက်၊ တာဝန်ခံဗိသုကာ၊ ဓာတုဗေဒ၊ ဆေးပညာ၊ လူမှုဆက်ဆံရေး လုပ်ငန်းများ၊ စာရေး၊ ကုန်သည်၊ မိန်းမသုံးပစ္စည်း ထုတ်လုပ်ရောင်းချရေး လုပ်ငန်းများ။