loading

Author: Nyein Aye Lu

ချစ်ရည်တူ နှစ်ကိုယ်မျှစေဖို့ ………………………………

အချစ်ရေးနဲ့ပက်သက်တဲ့ ပြဿနာတွေကို
ခဏခဏ ဖြေရှင်းပေးရပေါင်းများပါပြီ။
အချစ်ရေးသောကတွေကြုံလာရပြီဆိုရင်တော့ ဗေဒင်ဆရာဆီမသွားခင်
အရင်ဆုံးစဉ်းစားရမှာက ငါဘာမှားနေလဲ ဆိုတာကိုပါ။
ဘာအချက်တွေက ချစ်သူကိုစိတ်ပျက်စေသလဲပေါ့…………
ချစ်သူရှိတဲ့သူတစ်ယောက်အနေနဲ့က
*ချစ်သူနဲ့တွေ့တိုင်း သူ့အခြေအနေ ကိုမကြည့်ဘဲ ပူဆာတာနားပူနားဆာလုပ်မိတာများရှိလား
*သူမိသားစုနဲ့ပက်သက်ပြီး ဘာတွေဝေဖန်အပြစ်တင်မိထားလဲ
*ဘာမဟုတ်တဲ့ ကိစ္စလေးအပေါ်သဝန်အရမ်းတို ပြဿနာရှာမိလား
*သူ့မာန သူ့ယုံကြည်ချက်ကို ထိခိုက်အောင် ပြောမိ လုပ်မိလား
*သူ့အခက်အခဲတွေကို နားလည်မှုမပေးဘဲ
မိမိဖြစ်ချင်တာကိုပဲပြောနေမိလား
*ကိုယ့်ချစ်သူကိုတွေ့တိုင်း ဘယ်သူလောက် မတော်ဘူး မတတ်ဘူး စသည့်ဖြင့် နှိုင်းယှဉ်ပြောမိလား
* ကိုယ့်ချစ်သူကိုတွေ့တာနဲ့ ချီးမွမ်းစကားမပြောဘဲ အပြစ်တင်၊ဝေဖန်၊ ကဲ့ရဲ တာတွေအမြဲလုပ်မိလား
ဆိုတာတွေကိုအရင်ဆန်းစစ်ပါဗျ။ အဲလိုတွေအမြဲလုပ်မိနေရင်တော့ ဘယ်ယတြာခြေခြေ စွမ်းမှာမဟုတ်ပါဘူး။
အချစ်ရေးနဲ့ပက်သက်ပြီး အဆင်မပြေလို့ မေးလာကြတဲ့သူတွေ၊ အချစ်ရေးအဆင်ပြေဖို့
ယတြာတောင်းကြသူတွေ အတွက်
ခုနှစ်ရက်သားသမီးဘယ်သူမဆို လုပ်လို့ရမဲ့ယတြာလေးပေးချင်ပါတယ်။
ဒီယၾတာကေတာ့
ချစ်သူချင်း
နှစ်ကိုယ်တူ ချစ်ရည်တူဖို့ကိစ္စအတွက် ဆိုတာမျိုးပဲ ဖြစ်ဖြစ်
အချစ်တွေလျော့လာလို့
စိတ်ကုန်နေတာပဲဖြစ်ဖြစ်
ကိုယ် ချစ်သလို ပြန်ချစ်စေဖို့ဆိုတာပဲဖြစ်ဖြစ်
ကြားလူတွေကြောင့် ချစ်သူချင်းနားလည်မှုလွဲနေရင်ဖြစ်ဖြစ်
ကိုယ့်ချစ်ရသူက ကိုယ့်ကိုချစ်ရဲ့သားနဲ့ အဖြေပေးဖို့ (သို့) ချစ်စကားတွေဖွင့်ဟဖို့
ကြာနေရင်ဖြစ်ဖြစ်
ခ်စ္သူက အျခားလူအေပၚကိုစိတ္မယိုင္ဘဲ
မိမိတစ်ယောက်ထဲကို ချစ်စေချင်ရင်ဖြစ်ဖြစ်
ဘာတွေလုပ်ရမလဲဆိုရင်……….
စွယ်တော်ရွက်မှာ တစ်ဖက်မှာ မိမိနာမည်ရေး ကျန်တစ်ဖက်မှာ
ချစ်ရသူရဲ့ နာမည် ရေးပြီး(Marker Pen ဖြင့်ရေးရပါမည်)
ဓါတ္ဗူး အသစ္တစ္လုံးထဲမွာ
ဆန္ဒရှိတာကို အာရုံပြု ဆုတောင်းပြီး
ထည့် ပါ။ အဖုံးကို ကျကျနန ပြန်ပိတ်
ထားပြီး အမြင့်တစ်နေရာမှာ
တင်ထားလိုက်ယုံပါပဲ။ ဘယ်လောက်ထိတင်ထားရမလဲဆိုရင် ဆန္ဒတွေပြည့်တဲ့ထိတော့ တင်ထားပေါ့ဗျာ။
အလွန်ကောင်းတဲ့ ပီယ ဓါတ် ဖြစ်ပါတယ်။ ယုံကြည်တယ်ဆိုရင်
လုပ်ကြည့်ပါလို့သာ ပြောပါရစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
photo&post by လောကီပညာပြန့်ပွားရေး

ဓာတ်တူ နံတူ အစီအရင်

” ဘာပဲ ပြောပြောပေါ့ ဆရာရယ် . .အစီအရင်ပေးတယ် ဆိုတိုင်းလည်း ကောင်းတာမဟုတ်ဘူး ဆိုတာ ကျွန်တော် အခု သဘောပေါက်လာပြီ . . .”
” အဲဒီလိုမျိုး လူတိုင်း သဘောပေါက်သင့်တာပေါ့ ဦးသန်းထွန်းအောင်ရယ် ၊ အဲသလို ပြောလို့ အဖြစ်အပျက်လေး တစ်ခုကို သွားသတိရတယ် ။ လင်မယား နှစ်ယောက် မတည့်လွန်လွန်း လို့ ဆိုပြီး သူတို့အစ်မတစ်ယောက်က ဗေဒင်သွားမေးတယ် ။ ဗေဒင်ဆရာက ဘာပေးလိုက်လဲ ဆိုတော့ ဖန်မီးအိမ် အခွံထဲမှာ သူတို့နှစ်ယောက်ရဲ့ အဝတ်အစားတွေ ထည့် ၊ တစ်နေရာရာမှာ ချိတ်ဆွဲထားဆိုပြီး ပြောလိုက်တယ် “
” ဖန်ပေါင်းချောင် ဆိုတဲ့ သဘောပေါ့ .. အင်း .. အင်း “
” အေးဗျာ .. အဲဒီလိုလား မသိပါဘူး ။ ကျွန်တော်တို့အမြင်ကတော့ ဖန်မီးအိမ်ပဲ ဖြစ်တယ်”
” ဟုတ်တယ်လေ .. ဖန်မီးအိမ်ပဲ ဥစ္စာ”
” အဲဒီ ဖန်မီးအိမ်ထဲ ထည့်ထားလို့လား မသိဘူး ။ ပြဿနာက အရင်က ထက် ပိုဆိုးကုန်တယ်။ ထုကြ ၊ နှက်ကြ၊ ရိုက်ကြတဲ့ အဆင့်အထိတွေ ဖြစ်ကုန်တယ်။ အပူထဲကို ထည့်တဲ့ပစ္စည်းဟာ အပူရှိန်ဟပ်မှာပဲ ဦးသန်းထွန်းအောင်”
” ဟုတ်တယ် ဆရာ ၊ ဟုတ်တယ် .. ဟုတ်တယ် “
” ပညတ်သွားရာ ဓတ်သက်ပါ ဆိုတဲ့ ရှေးပညာရှိကြီးတွေ စကား ဘယ်ပြေးမလဲဗျာ ။ မီးအိမ်ထဲ ထည့်မှတော့ မီးလိုပဲ ပူတော့မပေါ့ ။ ရေထဲ ထည့်တာမှ မဟုတ်ဘဲ ။ “
” ခုခေတ်ကတော့ ဆရာရယ် ၊ ပါးစပ်ထဲ တွေ့တာကို ဓာတ်သဘောလို့ယူနေပြီနဲ့တူပါရဲ့၊ ဆရာ ခုနက ပြောသလို “ပေါင်းချောင်” ဆိုရင် သူတို့ဘာယူမလဲ ၊ ချောင်ချောင်လည်လည် နဲ့ ပေါင်းသင်းရမယ်လို့များ ယူကြသလား မသိဘူးနော် “
” အမှန်က အသုံးတည့်အောင် အကြောင်းကို စဉ်းစားတတ်ဖို့ပဲ လိုပါတယ်ဗျာ ။ အကြောင်းကိုမှ မစဉ်းစားတတ်ရင် အကျိုးကို ဘယ်လို လုပ်ပြီး ရှာဖွေတွေ့ပါ့မလဲ ။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ရှာဖွေခဲ့တာကို ပြောပြမယ်။ အမှန်ကတော့ အာစရိယဝါဒရဲ့ ပညာရိပ်အောက်ကပဲ ရှာဖွေ သုတေသနပြုခဲ့ရတာပါ။ ကိုယ်က ကိုယ့်ဉာဏ်နဲ့ကိုယ်ထွင်ပြီး ရှာခဲ့တာ မဟုတ်ပါဘူး ။ ဘယ်လိုလဲဆိုတော့ အခုပြောနေတဲ့ ဓာတ်တူ နံတူ ပညာခန်း နဲ့ အကျုံး ဝင်နေလို့ ပဲ ဆိုပါတော့ ။ ကျွန်တော်ကတော့ မိတ်ဆွေတွေ တော်တော်များများကို သူတို့ရဲ့နာမည်အတိုင်းပဲ ဘုရားရှင်ကို ပူဇော်ခိုင်းတယ် “
” ဘယ်လို ဆရာ ၊ ရှင်းမလိုလိုနဲ့ရှုပ်သွားသလားလို့”
” ဒီလို ဒီလို . . . ကျွန်တော် လူတစ်ယောက်ကို ခင်ခဲ့ဖူးတယ်။ ဦးသန်းထွန်းအောင် သိတဲ့အတိုင်းပဲ ကျွန်တော်က သံယောဇဉ် သိပ်ထားတတ်တာ မဟုတ်ဘူး ။ ထားမိပြန်ရင် အဲဒီလူကို ဘယ်လို အောင်မြင်အောင် ဆွဲခေါ်ရမလဲ တွန်းတင်ရမလဲ ဆိုတာပဲ ကြည့်နေတာ ။
အဲ . . .အဲဒီလူကိုတော့ ခင်ခဲ့ဖူးပါတယ်။ သူ့ခမျာ ဘာလုပ်လုပ် သိပ် အပေါက်အလမ်း မတည့်ချင်ဘူး ။ လုပ်သမျှ ချော်လိုက် ၊ လွဲလိုက်၊ သူများ လိမ်လိုက် ၊ ကုန်လိုက်နဲ့ဘာမှ လုပ်လို့ မဖြစ်ဘူး ။ ဒါပေမယ့် သူ့ခမျာ ပျော်ပျော်ပဲ ၊ သနားဖို့သိပ်ကောင်းတယ် ။ စိတ်ကောင်း အရမ်းရှိတဲ့လူဗျ ။ သူ့နာမည်က ကိုအုန်းတင် တဲ့ ။ ကျွန်တော် သူ့ကို ဘာလုပ်ခိုင်းလဲဆိုတော့ အုန်းသီး လှလှတစ်လုံးကို ဘုရားပူဇော်ခိုင်းထားတယ် ။ အမြဲပေါ့ဗျာ ။ “
” အုန်းသီး နွမ်းရင်တော့ လဲပေါ့ “
” အင်း . . နွမ်းရင်တော့ လဲပေါ့ ။ နာမည်က အုန်းတင် ကိုး ။ အုန်း တင်ထားလိုက်တာပေါ့ “
” သြော် . . အုန်းတင် . . . ဟဲဟဲ . . လှတယ်ဆရာ “
” နောက်ပြီး . . . ကျွန်တော်က စဉ်းစားတယ်ဗျ ။ အုန်းတင်တယ်ဆိုတာ အထက်ဆောင်တဲ့ နိမိတ် ၊ အုန်းဆွဲ ချ တာမဟုတ်လို့ အုန်းတင်ရင် ကောင်းအောင် တင်ရမယ် ။ လဲပြုနေရင် ကောင်းတဲ့ နိမိတ် ဖြစ်ပေါ် မလာနိုင်တော့ဘူး ။ ဒါဖြင့် အုန်းကို မလဲအောင် ကြွက်မြီးက အစ လှလှပပ ထောင်နေအောင် ဘယ်လို လုပ်မလဲ စဉ်းစားလိုက်တော့ အုန်းသီးထောင်ဖို့ အုန်းတင်ရဲ့ နံတူ အင်တုံ ကို သွားတွေ့တော့တယ် ။ ဒါကြောင့် ဘုရားစင်ရှေ့ ဘေးနားလေးမှာ ခုံလေး တစ်လုံးနဲ့အင်တုံ အသစ်ကလေးပေါ်မှာ အုန်းတင်ထားခိုင်းလိုက်တော့တယ်။ “
” ဓာတ်တူ နံတူ ပဲနော် “
” ဒါဟာ . . . ဓာတ်တူ နံတူ မဟုတ်သေးဘူး ဦးသန်းထွန်းအောင်ရဲ့ ။ နံတူပဲ ရှိသေးတယ်။ အင်တုံလေးနဲ့အုန်းသီးလှလှ နဲ့ အမြဲတမ်း လှပနေတော့တာပေါ့ဗျာ ။ အဲဒါပြီးတော့မှ သူ့ကို ခိုင်းလိုက်တယ် ။ခင်ဗျား ဟာ မနက်ရော ညရော ဖယောင်းတိုင် ထွန်းပြီး ဘုရားကို ပူဇော်ရမယ်။ မပြတ်ရဘူးလို့။ ဒါကတော့ မီးနဲ့ပူဇော်ခိုင်းလိုက်တာပေါ့ဗျာ ။ “
” ဘုရား မီးလုံးထွန်း ပူဇော်တာမျိုး မဟုတ်ဘူးပေါ့ “
” မဟုတ်ဘူး ၊ မီးထွန်းညှိပြီး ပူဇော်ခိုင်းတာ ၊ ဦးသန်းထွန်းအောင် စဉ်းစားကြည့်လိုက်လေ ၊ သူ့ နာမည်က အုန်းတင် မို့လား “
” ဟုတ္ကဲ့ “
” ကျနော်ကတော့ အန္တော (၁-၀) ကို လှမ်းမြင်လိုက်တာပေါ့ ။ အဲဒါမှ နံတူလို့လည်း ပြောလို့ ရသလို ၊ ဓာတ်တူလို့လည်း ပြောလို့ရတယ် ။ ဒါကြောင့် အန္တောဆိုတဲ့မီးထွန်း ပူဇော်ခိုင်းလိုက်တာပေ့ါဗျာ ။ အန္တောဆိုတဲ့ သဘော သတ္တိကလည်း ဦးသန်းထွန်းအောင် မြင်တဲ့အတိုင်းပဲ ၊ တနင်္ဂနွေမြင်တိုင်း အန္တောလို့အော်နေလို့ပြည့်စုံတာ မဟုတ်ဘူး ၊ အန္တော ပြည့်စုံရာ ပြည့်စုံကြောင်းဖြစ်ဖို့ တနင်္ဂနွေရဲ့ ဓာတ်ဖက်ဖြစ်ရာ ဖြစ်ကြောင်း စနေက ရှိပေးရမယ်လေ ။ မီးခဲနဲ့မီးတောက်ရှိမှ အန္တော ဆိုတဲ့ ဓာတ်ဖက် ပြည့်စုံရာ ပြည့်စုံကြောင်း ဖြစ်တော့မပေါ့ ။ ဒါကြေင့် ဖယောင်းတိုင် ထွန်းပြီး ဘုရားရှင်ကို ပူဇော်ခိုင်းလိုက်တာပေါ့ ။ ဖယောင်းတိုင် ထွန်းပြီး ဘုရားရှင်ကို ပူဇော်ခိုင်းတယ် ဆိုတာကလည်း မပျင်းအောင် ပေါ့ဗျာ “
” ဗျာ “
” သြော် . . . မပျင်းအောင်ပေါ့ ။ ဘယ်လို မပျင်းအောင်လဲ ဆိုတော့ ၊ ရိုးရိုး ဘုရား မီးလုံးနဲ့ဆိုရင် ခလုတ်ကလေး နှိပ်လိုက်ရင် ပြီးပြီ ။ ဘာမှ ဆက်မလုပ်ချင်တော့ဘး ။ အချိန်တန်ရင် မိုးချုပ်ရင် ဘုရားမီး ဖွင့်လိုက်ရင် ပြီးပြီ ။ တစ်ခါ တစ်ခါ လူကြုံနဲ့တောင် ဖွင့်ခိုင်းကြတယ်။ ” ဟေ့ . . ဘုရားမီး ဖွင့်လိုက်ပါဟေ့ ” ဆိုပြီး လူကြံုနဲ့ဖွင့်ခိုင်းကြတယ်။ ဒါပဲ ပြီးပြီ။ စကားပြော မပျက်ဘူး “
” ဟုတ်တယ် ၊ ဟုတ်တယ် “
” အဲ . . အဲသလိုမျိုးတွေ အများကြီး ၊ ကျွန်တော်ကတော့အဲဒီလို ပျင်းတာ မကြိုက်လို့ ဘုရားရှင်ကို ဖယောင်းတို မီးထွန်းပြီး ပူဇော်ခိုင်းတာ များပါတယ်။ ခုန ကိုအုန်းတင်ကျတော့ အန္တောသဘော ဖြစ်တဲ့ မီးခဲ မီးတောက် ပါတယ်လေ။ မီးသီးထွန်း ပူဇော်တာမျိုးကတော့ အရောင်လင်းတာပဲ ရှိပါတယ် ။ ဖယောင်းတိုင် ထွန်း ပူဇော်ခိုင်းတာက ပိုပြီး ပြည့်စုံသွားမလားလို့”
” ဟုတ္ကဲ့ “
” ဒီလို . . . ဆန္ဒ မပါတဲ့ကုသိုလ်စိတ်နဲ့လှူဖို့ တွေးနေတာကိုက ကောင်းသော စိတ်ကို အဖန်တစ်လဲလဲ ပွားထုံနေခြင်းလို ဖြစ်နေပြီနော် ဆရာ “
” မှန်တာပေါ့ “
” နံတူ ပညာခန်း သင်ရတာ ဒိပြင်ဟာတော့ မသိဘူး ။ ခုပြောတဲ့ ကုသိုလ်စိတ် ပွားနေရတာကိုက မြတ်နေပြီ။ နံတူ စွန့်ထုတ်ရတာပဲ ဖြစ်ဖြစ် ၊ နံတူ တင်လှူရတာပဲ ဖြစ်ဖြစ် ကောင်းမှု ကုသိုလ်က ကောင်းမှုကုသိုလ်ပဲ ။ စိတ်ထားတတ်ရင် ပြောပါတယ် “
” ဟုတ်တယ် ဦးသန်းထွန်းအောင် ၊ ဒီပေါ်မှာ အာရုံစိုက်နေရတာနဲ့တင် အကုသိုလ်စိတ်က တော်ရုံ ဝင်မလာတော့ဘူး ။ ဒါကြောင့်များ ရှေး ပညာရှိကြီးတွေက ‘ ဓာတ်တူ နံတူ ဆေးဖက်ယူ ‘ လို့များ မိန့်ဆိုခဲ့ကြတာလား မသိပါဘူး ။ “
” ဓာတ်တူ နံတူ ဆေးဖက်ယူ ၊ နံတူသတ်က . . . “
” နေဦး ၊ ဆေးဖက်ပဲ ယူဦး ၊ နံတူသတ်တာကို စိတ်မဝင်စားလိုက်နဲ့ဦး ၊ အဲဒါက အကုသိုလ် များနိုင်တယ်။ “
” ဟုတ္ကဲ့ “
” ခု ပြောခဲ့တဲ့ အထဲမှာ နံတူ စွန့်ထုတ်တာတွေ၊ နံတူကပ်တာတွေ ၊ နံတူ ဖြစ်တဲ့ ဘုရားစေတီ ပုထိုးများမှာ ကောင်းမှု ကုသိုလ်တွေ ဆက်ဆက်ပြုရတာမျိုးတွေကို ဦးသန်းထွန်းအောင် အတိုင်းအတာ တစ်ခုလောက် အထိတော့ နည်းနည်း သဘောပေါက်လောက်ရောပေါ့ . . “
” ပေါက်ပါတယ် ဆရာ”
” ပေါက်ရင် နံတူပညာခန်းမှာ အတွေး အခေါ် အယူအဆ မလွဲသင့်တာလေးတွေ နည်းနည်းပြောချင်တယ် ၊ ဥပမာ အနီးဆုံး ပြောရရင် စောင်ချမ်းသားကို ဇော်ဂျီ ဆေးကြိတ် တဲ့ ပုံထုပြီး စျေးခေါ် အဖြစ် ဆောင်ကြတဲ့ နံတူမျိုးပေါ့ ။ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . သီလ သမာဓိ နည်းပါးပြီး စီးပွားဖြစ်ချင်တဲ့ လောဘတစ်ခုတည်းကို ဦးတည်နေတဲ့ လူသားက ဆေးဝိဇ္ဖာကို ခိုင်းနိုင်ပါ့မလား ။ စျေးရောင်းခိုင်းနိုင်ပါ့မလား ဆိုတာလေးကိုပါပဲ ။ အဲဒါလေးတွေတော့ သတိထားသင့်မလားလို့။ “
” အင်း . . . ဟုတ်တယ်နော် ။ ဒါလေးတွေတော့ သိထားသင့်တယ် “
” ဒါကြောင့် နံတူပညာခန်းကို စဉ်းစားတော့မယ်ဆိုရင် စဉ်းစားစရာတွေက တစ်ပုံကြီးပဲ ။ နံတူကတော့ လွယ်တယ် ။ ရှောင်ဖို့ဆောင်ဖို့သာ ခက်တာ။ အခု ပြောသလိုပေါ့ဗျာ ။ စျေးခေါ် ဆိုရင် ဇော်ဂျီ ဆိုတဲ့ ” အင်္ဂါ တနင်္လာ ” တွဲ နံတွေ အကုန်လိုက်ရှာ လိုက်စု ၊ ပြီးရင် တစ်နေရာရာမှာ ထား ။ ဒီလိုပဲ ငွေဝင်ဖို့ဆိုရင် ငွေဝင်အောင် ခေါင်းလောင်း တို့၊ ကရွတ် တို့၊ ကလပ် တို့ ၊ ကောက်ရိုး တို့၊ ခြင်းလုံး တို့၊ ချိုလိမ်တို့၊ ကြောင်လျှာ တို့၊ ခရေ တို့၊ ခရု တို့၊ ကရား တို့ဆိုတာတွေ တနင်္လာနံ နဲ့ဗုဒ္ဓဟူး နံ တွဲတာတွေ အကုန်လိုက်ရှာ လိုက်စု ၊ ပြီးရင် တစ်နေရာရာမှာ ထား ။ “
” အဲဒါတွေ ဘာလုပ်ရမလဲ ဆရာ”
” လုပ်ကြည့်လေ ၊ ကြားဖူး ဖတ်ဖူး မှတ်ထားဖူးတာမျိုးတွေ၊ သူပြော လူပြောတွေကို လိုက်လုပ်ကြည့် ဖြစ်မလားလို့ တစ်ကယ်ရော ငွေဝင်မလားလို့၊ ” တနင်္လာ နဲ့ဗုဒ္ဓဟူး ” တွဲလျက်နံကို အဲဒီလို အထပ်ထပ် လုပ်လိုက်ရုံနဲ့ငွေဝင်ရမယ် ဆိုရင်တော့ဗျာ ။ ကျွန်တော် ဘာမှ လုပ်မနေတော့ဘူး။ ဘာမှလဲ ရွတ်ဖတ်မနေတော့ဘူး။ ဘယ်ကောင်းမှု ကုသိုလ်ကိုမှလဲ မလုပ်တော့ဘူး ။ ကလပ်ပေါ် ခေါင်းလောင်းတင်ပြီး ခရေ ခက်နဲ့ ရိုက်နေတော့မယ်။ နေ့ တိုင်းလုပ်ပါ့မယ်။ မပျက်စေရဘူး ။ ဘယ့်နှယ် ဖြစ်ပါ့မလား ။ “
” ငွေဝင်အောင် တစ်ဖက်ကလည်း သမ္မာအာဇီဝ ကျကျ ကြိုးစား ၊ ဇွဲတို့၊ လုံ့လတို့၊ ဝီရိယ တို့နဲ့ ကြိုးစားမှ ငွေဝင်ခြင်းဆိုတာ ဖြစ်လာနိုင်မှာပါ ဆရာရယ် ။ “
” ဟုတ်တာပေါ့ ၊ ဒီလို မကြိုးစားဘဲ ဘာလုပ်မှာလဲ ။ ခုပြောနေတာ “ငွေဝင်” ဆိုတဲ့ စကားလုံး နဲ့ နံတူ ရိုက်တာတွေကို ပြောနေတာနော် ။ ဒါဖြင့် ကောင်းပြီ ။ တကယ်စွမ်းပြီ ဆိုကြပါစို့ ။ အဲဒီလို အစီအရင်တွေ လုပ်ပြီး သူများဆီမှာ ပိုက်ဆံ သွားတောင်းလို့ ငွေဝင်တာမျိုးတော့ ကျွန်တော် မကြိုက်ဘူး ။ ဒါ မဖြစ်သင့်ဘူး ။”
” ဟုတ်တယ် ဆရာ “
” ဒါကြောင့် စီရင်ခြင်း ဆိုတဲ့ရှေ့မှာ “ရိုးသားစွာ” ဆိုတဲ့ စကားလုံးကို ကျွန်တော်က အမည်သညာ တပ်လိုက်ချင်ပါတယ် ဦးသန်းထွန်းအောင် ရယ် ။ မကောင်းဘူးလား “
” ကောင်းပါတယ် “
” နံတူထားတယ် ဆိုတာကတော့တချို့ကောင်းတာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်ဆို နာမည်တွေကိုပဲ ချောင်းနေတာ ။ နံတူ ဘယ်လို ထားပေးရမလဲဘဲ ကြည့်နေတာ ။ မိတ်ဆွေ တစ်ယောက်ရှိတယ်။ ဦးသန်းထွန်းအောင်လည် း သူ့ကို သိပါတယ်။ ကိုရွှေအုန်းတဲ့။”
” သြော် ဟုတ်ကဲ့ “
” သူ့အိမ်ရှေ့မှာ တွေ့လား ကျွန်တော်ထားတာ ။ အုန်းသီးကို ရွှေရောင်သုတ်ပြီး အဲဒီ ရွှေအုန်းကို မြင့်တဲ့ နေရာလေး တစ်နေရာမှာ ဒီတိုင်း တင်ထားတာ “
” ဟုတ်ကဲ့ . . .ဆရာ သူ့ကို ရွှေမချခိုင်းဘူးနော် “
” အုန်းသီးကိုလား “
” ဟုတ္ကဲ့ “
” ကျွန်တော်ကတော့ ဘုရားရှင်ကို ရွှေပြားကပ်လှူ ပူဇော်တာကလွဲရင် ကျန်တာ ရွှေချတာ သိပ်မကြိုက်ဘူး ။ အထူးသဖြင့် အဲဒီလို စီရင်တာမျိုးတွေမှာ ရွှေချတာ ပိုပြီး မသုံးချင်ဘူး ။ ဒါကြောင့်ရိုးရိုးပဲ ရွှေရောင် သုတ်ခိုင်းလိုက်တယ် ။ ကိုရွှေအုန်းနေတာ ချောင်ကြို ချောင်ကြားမှာနော် ။ ဒါပေမယ့် သူ့စာအုပ် အငှားဆိုင်ဟာ မိုးချုပ်တာနဲ့ ကြိတ်ကြိတ်တိုးနေတာ ဦးသန်းထွန်းအောင် မြင်တဲ့ အတိုင်းပဲ ။ လာတဲ့လူတိုင်းကလည်း အိမ်ဝရန်တာကို မော့ကြည့်လိုက်တာနဲ့တင် ရွှေအုန်းကြီးကွ။ လှလိုက်တာ ဆိုပြီး ပြောသွားကြတာ များတယ် ။ ရွှေအုန်းကြီး လှမနေဘူးလား “
” လှနေပါတယ် ။ ရွှေအုန်း လှနေပါတယ် ။ “
” လှခြင်းဟာ ဣဋ္ဌ ပဲလေ။ ကိုရွှေအုန်းကို အတိုင်းအတာ တစ်ခု အထိတော့ အကျိုးပေးပြီပေါ့ ။”
” မွေးနံကို လှအောင်ထားတဲ့ သဘောလည်း သက်ရောက်သွားသလို ပေါ့နော် ဆရာ ။ မွေးနံဆိုတာထက် ဟို . . နံတူ ကို လှအောင် ထားတဲ့ သဘောပေါ့ ။”
” အဲဒါက ပိုမှန်တယ် ။ နံတူကိ ုလှအောင် ထားတယ် ဆိုတာက ပိုမှန်မယ်။ အဲဒီလို နံတူကို လှအောင် ထားတာနဲ့ပတ်သက်ပြီး သတိရတာလေး တစ်ခု ပြောပြဦးမယ်။ အမျိုးသမီးတစ်ယောက် တွေ့ဖူးတယ် ။ ဒေါ်စံပယ်တဲ့ ။ သူ့အိမ်ရှေ့မှာ စင်တွေ ထိုးပြီး စံပယ်ပင်တွေ စိုက်ထားတာ အုံကြီးကို ဖြစ်နေတယ် ။ ပွင့်လိုက်ရင်လည်း လှမှလှ ၊ ဝေနေတာပဲ ။ ပတ်ဝန်းကျင် တစ်ခုလုံး မွှေးကြိုင်သင်း နေတာပဲ။ အဲဒီလို စံပယ်ပန်းတွေ ဝေနေတဲ့ ရာသီမျိုးဆိုရင် သူ့အိမ်က ဘုရားဆောင်တစ်ခုလုံး ဖွေးဖွေးလှုပ်အောင် ပူဇော်ထားတာဗျာ . . သင်းပျံ့နေတာပဲ ။ ဒေါ်စံပယ်ဟာ အိမ်ထောင်ရေး သောကလည်း မကြားမိဘူး ။ စီးပွားရေး ကြောင့်ကြတာလည်း မတွေ့မိဘူး ။ မချမ်းသာပေမယ့် ပြည့်စုံတယ် ။ သိပ်ပြီး ပူရပင်ရတာ မတွေ့ရဘူး ။ အဲဒီလိုမျိုးတွေ အများကြီး တွေ့ဖူးတယ် ။ဒါပေမယ့် ဒေါ်စံပယ်ရဲ့ အဖြစ်က ထင်ရှားတယ် ။ ကျွန်တော် သတိထားကြည့်ခဲ့မိတဲ့သူတွေ တော်တော်များများမှာ ဒေါ်စံပယ်ဟာ ထူးခြားတယ်။ သူ့လုပ်ရပ်က နံတူကို လှပဝေဆာတင့်တယ် အောင် စိုက်ထားရုံတင်မကဘူး ။ တင်လှူပူဇော်ခြင်း ဆိုတဲ့ ကုသိုလ်ကိုပါ ဆက်တာကိုး “
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ဒါပေမယ့်နော် နံတူတိုင်း ကံမကူနိုင်ဘူး ။ အဲဒါကိုတော့ မမေ့လေနဲ့။ နံတူတိုင်း ဖြစ်စဉ် မတူနိုင်ဘူး ။ ကျောင်းဆရာကြီး ဦးဖိုးထွန်း ရှိသလို လူဆိုးကြီး ဦးဖိုးထွန်း လည်း ရှိတာပဲ။ တောပုန်းကြီး စံဖဲ ရှိသလို ဘုရား ဒါယကာကြီး ဦးစံဖဲ လည်း ရှိတာပဲ ။
” ဟုတ္ကဲ့ဆရာ “
ဦးသန်းထွန်းအောင်ကို တောက်လျှောက်ပြောလာခဲ့တာတွေက နံတူ ပညာခန်းတွေ ဖြစ်လို့ ဘာပဲ ဖြစ်ဖြစ် တွေးခေါ်မှုတွေ ရှိကို ရှိနေရမယ် ။ လူတစ်ယောက် ဟာ ဒုက္ခရောက်နေရင် အခက်အခဲဖြစ်နေရင် သူ့ရဲ့နံတူကို ဘယ်လိုလုပ်မှာလဲ ။ ဘာလုပ်မှာလဲ ။ စွန့်ထုတ်မှာလား ။ တင်လှူမှာလား ၊ အနိဋ္ဌ လုပ်မှာလား ။ ဣဋ္ဌ လုပ်မှာလား ။ အဲဒါ သိပ်အရေးကြီးတယ်နော ။ ကောင်းနေတဲ့ လူကို မကောင်းတာ သွားခိုင်းလိုက်ပြန်ရင် လည်း ဘဝတစ်ခုလုံး အပြောင်းအလဲ ဖြစ်သွားနိုင်တယ် “
” ဘယ်လို ကောင်းနေတဲ့ လူကို မကောင်းတာ ခိုင်းတာလဲ ဆရာ”
” ကျွန်တော်တို့ရပ်ကွက်နဲ့မနီးမဝေး ရပ်ကွက်တစ်ခုမှာ အမျိုးသမီးတစ်ယောက် ကို အဲသလို အစီအရင်မျိုး လုပ်ခိုင်းလို့ဒုက္ခရောက်သွားတာ သိပ်တောင် မကြာသေးဘူး . . . ပူပူနွေးနွေးကြီး ။ ပြောပြဦးမယ် . . ဂျုံကို အဲဒီအမျိုးသမီးရဲ့ပုံစံတူ အရုပ်လုပ် ၊ အဲဒီ အမျိုးသမီးရဲ့လက်သည်း ခြေသည်း ဆံပင်တွေကို နေရာတကျ ထည့် ၊ ပြီးတော့ သူ့ရဲ့ ဘုမ္မိ ကျတဲ့အရပ်မှာ သွားမြှုပ်ခိုင်းတယ် ။ ဘေးက လူတွေကို ငိုခိုင်း သတဲ့ “
” ဟာ တကယ့်ကို အနိဋ္ဌ ပဲ”
” ဟို အမျိုးသမီး ခမျာ သူ့အိမ်နောက်ဖေးအဆင့် ကျိုးကျပြီး ခြေကလန့်သလို ဖြစ်သွားလို့ ခြေကျိုးပြီး ဆေးရုံရောက်သွားတယ် “
” တော်တော်ဆိုးတဲ့ လူတွေပဲ “
” မီးဖိုချောင် ဖြစ်စေ ၊ ရေကပြင် ဖြစ်စေ နဂိုမူလ ကတည်းက ဆွေးရင်လည်း ဆွေးနေပါလိမ့်မယ်။ နွမ်းပါးတဲ့ အုပ်စုမှာ ပါတော့ မကြာခဏလည်း မပြင်နိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှ မဟုတ် တစ်နေရာတည်း ကွက်ပြီး သံပြုတ်တာတို့သစ်သား ဆွေးတာတို့၊ ကျိုးနေတာတို့ဖြစ်ချင်လည်း ဖြစ်နေမယ် ။ ဒါပေမယ့် အဲဒီလို အနိဋ္ဌ ယတြာလုပ်ပြီးမှ ဘာလို့ အဲဒီ အမျိုးသမီး ခြေလွတ် လက်လွတ် ပြုတ်ကျရသလဲ ။ ဘာလို့ ဆေးရုံရောက်သွားရသလဲ ။ ဒါ တွေးတောရတော့မယ့် အပိုင်း ရောက်လာပြီ “
” ဟုတ္ကဲ့ သူက ဘာလို ့အဲဒီ အနိ႒ ယၾတာကို ေခ်ရတာတဲ့လဲ ဆရာ”
” သူ သွားတဲ့လူဆီကို သွားတုန်းကတော့ထီပေါက်ချင်လို့ ငွေကံတွေ ပွင့်ချင်လို့တဲ့ဗျာ “
” ဟင် ၊ အဲဒီ အနိဋ္ဌ ယတြာနဲ့ဘာဆိုင်လဲ “
” သြော် . . .ဦးသန်းထွန်းအောင်နှယ် . . သိတယ်မို့လား . ကောင်းနေတာကို မကောင်းပြောမယ်။ မကောင်းပြောပြီးရင် လန့်သွားမှ ခိုင်းစရာရှိတာ ခိုင်းမယ် “
” သြော် သိပြီ သိပြီ ။ သဘောပေါက်သွားပြီ ဆရာ”
” အဲဒီလို လူမျိုးတွေနဲ့တွေ့လိုက်လို့ကတော့သွားပြီ။ အားကိုးတကြီးနဲ့သွားတဲ့ ကာယကံရှင်ခမျာ အကုသိုလ် အလုံးအရင်း ကို ငွေနဲ့ဝယ်ယူလိုက်ရသလိုပဲ ဖြစ်တော့မယ် သာမှတ် “
” ထီပေါက်ချင်တာနဲ့ပဲ ပြေးရတယ်လို့”
” လူတွေကလည်း ဗျာ ၊ သိတယ်မို့လား ။ ထွက်ပေါက်ပေါ့ဗျာ ။ ထီလေးများ ပေါက်မလား ဆိုပြီး အားကိုး တစ်ကြီးနဲ့ပြေး ၊ ဟိုရောက်တော့ … အင်း .. .အကုသိုလ်တွေ များနေတယ် ။ အဲဒီ အကုသိုလ်တွေ များနေလို့ငွေကံတွေ မဝင်နိုင်ဘဲ ပိတ်ဆို့နေရတာ ၊ အဲဒီ အကုသိုလ်တွေကို အရင် ရှင်းပစ်ရမယ် ။ ဘာညာဆိုပြီး ပြောရောဆိုပါတော့ ။ ကာယကံရှင်ကလည်း ထီက သိပ်ပေါက်ချင်တာကိုး ။ ထီသာ ကျိန်းသေ ပေါက်မယ်ဆိုလို့ကတော့အကုသိုလ် ရှင်းပစ်ရုံတင်မကဘူး ။ သူ့တစ်ကိုယ်လုံးပေါ်ပဲ တံမြက်စည်းပဲ လှည်းရ လှည်းရ ၊ ငြိမ်ခံနေမယ့် သဘော ရှိတယ် ။
ဒါမျိုးတွေပေါ့ ဦးသန်းထွန်းအောင်ရယ် ဣဋ္ဌနှစ်မှာ အနိဋ္ဌ လုပ်လိုက်မိရက်သား ဖြစ်သွားလေတော့ သွားတော့တာပေါ့ ။ ဒါဟာ နံတူကို စိရင်တိုင်း ကောင်းလား မကောင်းလား ဆိုတာကို ချင့်ချင့်ချိန်ချိန် သိနိုင်အောင်လို့ပြောပြတာ ။ ဒါကြောင့်မို့ လူတစ်ယောက်ဟာ အခက်အခဲဖြစ်နေရင် ဒုက္ခရောက်နေရင် သူ့ရဲ့ နံတူကို ဘယ်လို လုပ်မှာလဲ ။ ဘာလုပ်မှာလဲ ။ စွန့်ထုတ်မှာလား ။ တင်လှူမှာလား ။ အနိဋ္ဌ လုပ်မှာလား ၊ ဣဋ္ဌ လုပ်မှာလား သိပ်အရေးကြီးတယ် ။ ခု ပြောခဲ့တာကို လေ့လာကြည့် ။ ကောင်းနေတဲ့သူကို မကောင်းတာ သွားခိုင်းလိုက်လို့ကတော့ ထိပြီသာမှတ် ။ “
” ဟုတ်တယ်ဆရာ ဟုတ်တယ် ။ လူအတော်များများ လုပ်တတ်ကြတယ် “
” လုပ်တာပေါ့ ၊ သင်္ချိုင်းကုန်းမှာ နံတူလုပ်ပြီး သွားမြှုပ်တာတွေ၊ ဘုမ္မိအရပ်ဆိုတဲ့ နေရာမှာ နံတူလုပ်ပြီး သွားမြှုပ်တာတွေ အများကြီးပဲ ။ အဲဒီ အနိဋ္ဌ အလုပ်တွေကတော့ ကောင်းသွားတာတို့ဘာတို့သိပ်မကြားမိဘူး ။
ကျွန်တော် သိသလောက် ကျွန်တော့် ဉာဏ်လေးနဲ့ပြောရရင်တော့ ဒီလို ငိုယိုပြီး သချင်္ု ိင်းတို့၊ ဘုမ္မိတို့မှာ သွားမြှုပ်ခိုင်းတဲ့ လုပ်ရပ်တွေဟာ ကောင်းပါ့မလားလို့။ ဘာလို့လဲဆိုောတ့ ပလောင်သားကျူး တို့ဘာတို့မှာ ငိုယိုပြီး စီရင်ရတာတွေ ပါတယ်လေ။ ဒါတွေကျတော့ အကောင်းစီရင်တဲ့ အတတ်တွေမှ မဟုတ်ဘဲ “
” ဟုတ်ကဲ့ပါ ဆရာ ၊ တော်တော်ဆိုးတယ် ။ တော်တော်ကြမ်းတယ်လို့ကြားဖူးပါတယ် ။ အဲဒီ ပလောင်သားကျူး”
” အဲဒါတွေလည်း နံတူနဲ့စီရင်ထည့်လိုက်တာတွေပဲ ဦးသန်းထွန်းအောင် ရဲ့ ။ သူက ငိုယိုပြီး ဂါထာရွတ်တာပဲ ကွာတယ်။ ဒါကြောင့် လွယ်လွယ်ပြောလို့ရပေယ့် တော်တော်ကြီး သတိထားရမယ့် ပညာ ခန်း ဟာ ‘ဓာတ်တူ နံတူ’ ဆိုတဲ့ ပညာခန်း လို့ကျွန်တော် ပြောပြောနေတာပေါ့ “
ပြောတော့သာ လွယ်တာ ‘ ဓာတ်တူ နံတူ ဆေးဖက်ယူ နံတူသတ်က အသေရ ‘ ဆိုပြီးတော့သာ ပြောနေလို့လွယ်လွယ် သိကြရတာ ၊ ဘယ်ဓာတ်နဲ့ဘယ်ဓာတ်က တူလို့ဓာတ်တူတာ ၊ ဘယ်နံ နဲ့ဘယ်နံ နဲ့တူလို့နံတူတာ ဆိုတာကတော့ နည်းနည်း နက်သွားပြီး ဦးသန်းထွန်းအောင် “
“ဟုတ္ကဲ့ “
” ပညာကတော့သူ့ဟာသူ ရှိနေတဲ့ ပညာပေါ့ ဦးသန်းထွန်းအောင်ရယ် ။ ဒီပညာနဲ့ မဟုတ်တာလုပ်ရင်တော့မဟုတ်တာဘဲ ဖြစ်သွားမှာပေါ့ ။ ဟုတ်တာလုပ်ရင် ဟုတ်တာဖြစ်မှာပေါ့ ။
ဆရာဦးမောင်မောင်သန်း (ရင်ကိုအေးမြစေသား) လက်တွေ့အင်္ဂဝိဇ္ဖာ မှ ကောက်နှုတ်ချက်များ
ဆရာဦးမောင်မောင်သန်းအား ဦးခိုက်ရှစ်ခိုးလျက်
ငြိမ်းအေးလူ ဗေဒင်သုတေသီ

မိန်းကလေးတွေ ..မိန်းကလေးတွေ …သတိထား

တိုးတက်ခေတ်မီလာသော ယနေ့ ခေတ်အခါသမယတွင်၊ အရှက်ကွဲနည်းများမှာလည်း ခေတ်မီတိုးတက်လာသဖြင့်၊ အမျိုးကောင်းသားသမီးလေးများအတွက် ..အလွန်ဆင်ခြင်သတိထားဖွယ်ရာ အခြေအနေများ
အရင်းမရှိ ..အဖျားမရှိ ..ဘာကိုသတိထားရမည်နည်း ဟု မေးစရာအကြောင်းတော့ ရှိသည်။ ..ပညာခန်းတွေဘာတွေ ….သွယ်ဝှိုက်မနေချင်တော့ပေ။ ..လိုရင်းကိုသာ တိုက်ရိုက်ရေးသားရပါလျှင်..။
(မ) အက္ခရာ နှင့် (န) အက္ခရာ တို့ ဖြင့် အစပြုမှည့်ခေါ်ထားသော အမည်ရှင်မိန်းကလေးများ၊ မိမိတို့ ရင်သွေးငယ်များကို စသည်ဖြင့်သော အက္ခမျိုးတို့ ဖြင့် အစပြုမှည့်ခေါ်ထားသူများ…..၊ သတိပြုရှောင်ကျဉ်နိုင်စေရန် ယခုဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။
အဆိုပါ အက္ခရာ နှစ်မျိုးစလုံးသည် အသားအရောင်မည်းခြင်း နက်ခြင်း ကိုသာ နှစ်သက်သော အက္ခရာအမျိုးအစားများဖြစ်ကြပြီး၊ မိန်းကလေးအများစုမှာ(အားလုံးနီးနီး) ၊ အသားမဖြူ ဖြူအောင် အလှကုန်ပစ္စည်းများအကူအညီဖြင့် ..ကြိုးစားနေကျသည်သာဖြစ်ရာ …..အလွန်မကိုက်ညီသော ….အဖြစ်အပျက်များသာ ဖြစ်ပွားနေကြရပေသည်။
အထူးသဖြင့် တိုးတက်ခေတ်မီလာသော ယနေ့ ခေတ်အခါသမယတွင်၊ အရှက်ကွဲနည်းများမှာလည်း ခေတ်မီတိုးတက်လာသဖြင့်၊ အမျိုးကောင်းသားသမီးလေးများအတွက် ..အလွန်ဆင်ခြင်သတိထားဖွယ်ရာ အခြေအနေများ နှင့် ရင်ဆိုင်နေရသော အခါသမယလည်းဖြစ်သည်။ အွန်လိုင်းပေါ်တွင် ..အရှက်တကွဲဖြစ်နေရသော မြန်မာမိန်းကလေးပေါင်းများစွာ ရှိနေပြီလည်းဖြစ်ခြင်းကြောင့် …ယခုရေးသားလိုက်သော ဆောင်းပါးပါ အချက်အလက်များကို သတိပြုဖတ်ရှုပြီး၊ ဆင်ခြင်သတိချပ်စေလိုပါသည်။
အသားဖြူသောမိန်းကလေးများတွင်(မ) အက္ခရာဖြင့် အစပြုပြီး၊ မိမိ၊ မီမီ၊ မီးမီး ..စသည်ဖြင့်မှည့်ခေါ်ထားခြင်းသည် ..တစ်ခုထက်တစ်ခု ပိုမိုပြီး အကျိုးထိခိုက်နိုင်သော အနေအထားဖြစ်သည်။ (မ) အက္ခရာ သည် အသားဖြူသော မိန်းကလေးများအား …ပတ်ဝန်းကျင်အသိုက်အဝန်းတွင် နာမည်ပျက်တတ်သော ….အနေအထားမျိုးကို ဖြစ်ပွားစေနိုင်သော အာနိသင်ရှိသည်။ အလွန်အနေအထိုင်ပိရိပြီး မိသားစုအသိုက်အဝန်းကောင်းတွင် မွေးဖွားလာသူ ဖြစ်သည့်တိုင်အောင် ….အနည်းငယ်သော အနေအထားမျိုးတော့ ကြုံရတတ်သည်သာဖြစ်သည်။ မူလဇာတာကောင်းပါမှ ..အထောင်းသက်သာသည်ကဲ့သို့ ….ကံချွတ်ချော်မှုကင်းဝေးနိုင်သည်။ အများအားဖြင့်မူ …..အရှက်ရကံမျိုး ကျရောက်ရန်လွယ်ကူသည်။ လုံးကြီးတင်ဆံခတ်သရသည် သူတစ်ပါးကြိုးကိုင် ခံရခြင်း၊ ဝန်ထုပ်ဝန်ပိုများ ဖိစီးခြင်း သောကဖိစီးခြင်းမျိုးကို ခံရတတ်သည်။ ဝတ်စပေါက် သရများသည် ..လုပ်ချင်ရာကို စွတ်ရွတ်လုပ်မိစေရန် တွန်းအားပေးတတ်သည်။
မိမိ နေထိုင်ရာ ပတ်ဝန်းကျင်တွင် .သတိပြုမှတ်သားကြည့်ပါက ..ယင်းအချက်များကို တွေ့ မြင်နိုင်ပေသည်။ (န) အက္ခရာသည်လည်း ထို့ နည်းတူအက္ခရာမျိုးဖြစ်သည်။ အသားဖြူခြင်းကို လုံးဝမနှစ်သက်သော အက္ခမျိုးဖြစ်သည်။ ဒုက္ခပေးနိုင်သော အစွမ်း ရှိသည်။ နီနီ၊ နိုင်နိုင်၊ နွေးနွေး၊ မှည့်ထားသော အသားဖြူဖြူ ၊ လတ်လတ် မိန်းကလေးများ ….အနေအထိုင်ပိုမိုကျစ်လစ်ရန်လိုသည်။ အတိမ်းအစောင်းမခံ။ အနေအထိုင်မပိပြားသူတို့အဖို့ ….ကံဇာတာတစ်ချက်ကလေး အားနည်းလိုက်သည် နှင့် ဒုက္ခရောက်ရတတ်သည်။ အထူးသဖြင့် ….မိဘများမှ ချစ်စနိုးပေးတတ်သည်မှာ အသားဖြူဖြူလေးမို့ …ရှေ့ က နေ (နှင်း) ထည့်ပြီး ၊ နှင်းသီတာ၊ နှင်းပွင့်၊ နှင်းနှင်းခိုင် ..စသည်ဖြင့် (နှင်း) ဟူသောစာလုံးဖြင့် မှည့်ခေါ်ထားခြင်းများကို မကြာခဏ တွေ့ ခဲ့ ရဘူးသည်။ မှည့်တော့ ဘာဖြစ်သတုန်း ဘုတောရန် အကြောင်းတော့ ရှိပါသည်။ ဘာမှတော့ ထူးထူးခြားခြား မဖြစ်တတ်ပါ။ လူကြီးမိဘကွယ်ရာ တွင် ..လက်မထပ်မီ ပေါင်းသင်းဆက်ဆံရခြင်းမျိုး အနဲဆုံးဖြစ်ပွားတတ်ရုံသာဖြစ်သည်။
ယင်း …(နှင်း) ဟူသော ဝေါဟာရတွင် …..ပါဝင်သော ဟထိုးသရ သည် …..ကာမကို အားပေးသည်။ မကောင်းပြုမိရန် လှုံ့ ဆော်ပေးနိုင်သည်။ အသားအရောင်မှားနေသည့် အထဲ …ဟထိုးသရအာနိသင်လည်းပေါင်းစပ်ခဲ့ သော်…..မိကောင်းဖခင်မှ မွေးဖွားခဲ့ သူပင်ဖြစ်ခဲ့ စေကာမူ …..၊ ယင်းအခြေအနေများဖြင့် ကြုံ တွေ့ ရတတ်ခြင်းရှိစေနိုင်သည်။
အလွန်မမှည့်သင့်သော အမည်အမျိုးအစားဖြစ်သည်။ ရှောင်နိုင်က ရှောင်ကို ရှောင်သင့်သော အမည်ပညတ်မျိုးဖြစ်သည်။
သရများတွင်လည်း …… ဟထိုး၊ လုံးကြီးတင်ဆံခတ်၊ အောက်ကမြစ်၊ နောက်သို့ပစ်၊ စသော …သရလေးမျိုးသည် …ဒုက္ခပေးနိုင်သော စွမ်းအားအများဆုံး သရများဖြစ်သည်။
ထို့ ကြောင့် ယခုဆောင်းပါးမှ ….အဓိကအားဖြင့် …အသားဖြူ၊ ဝါ ၊ လတ် သော …မိန်းကလေးများ၊ ကလေးမိဘများ၊ ယင်းအမည်များကို ..မှည့်ရန်စီစဉ်နေသူများ အား ..သတိပေးအပ်ပါသည်။ အထူးသဖြင့် …..အောက်ပါအမည်များကို ..အသားဖြူသူများ …မမှည့်ခေါ်သင့်ပါပေ။
အဓိကအားဖြင့်သတိပြုရန် ။ ။ မွှေး၊ မီ၊ မီး၊ မြင့်၊ မှုံ၊ နီ၊ နှင်း၊ နွယ်၊ နိုင်၊ အစရှိသည့် အမည်များ။
မကောင်းသောကံအကျိုးပေးမျိုးမှ ကင်းလွတ်နိုင်သည် ဖြစ်ကြပါစေသတည်း။
သုတေသီ ဝေသာလီမောင်ဖုန်း

မြန်မာလဆန်း ၂ ရက်နေ့မွေးဖွားသူများ အကြောင်း

မိမိသည် လဆန်း ၂ ရက်နေ့တွင်မွေးဖွားသူဖြစ်သည်ဆိုပါက အရာရာတွင်လိမ္မာ ပါးနပ်စွာလုပ်တတ်သည်။ အလွန်ပရိယာယ်ကြွယ်ဝသည်။ အလွန်အလှည့်အပတ်နားလည်သည်။ လူတစ်ဖက်သားကို နားဝင်ချိုအောင်ပြောဆိုတတ်ပါမည်။ မိမိဘက်မပါပါအောင် စွဲဆောင်နိုင်စွမ်းရှိပါမည်။ အထူးသဖြင့်စကားပြောကောင်းသည်။ ပီယဝါစာကောင်းပါသည်။ မိမိသည်
အမြဲတမ်းစည်းစည်းလုံးလုံးလုပ်တတ်ပါသည်။
မိမိတစ်ယောက်ထဲလုပ်ရခြင်းထက် အများနှင့် လုပ်ရခြင်းကိုပိုသဘောကျပါသည်။ ဝိုင်းလုပ်ဝိုင်းစား သဘောမျိုး ၊မိသားစုသဘောမျိုးကိုသဘောကျပြီးလုပ်တတ်ပါတယ်။မိမိက အလုပ်တစ်ခုကိုလုပ်ခါနီးတိုင်း သူများနှင့်အမြဲတမ်းတိုင်ပင်လုပ်တတ်ပါသည်။ ကောင်းမကောင်း အကျိုးရှိမရှိ တိုင်ပင်ပြီးမှလုပ်တတ်၍ အမှားအယွင်း မရှိတတ်ပါသည်။မည်သည့်အလုပ်ကိုမဆို စည်းကမ်းတကျလုပ်တတ်သည်။ မိမိက ကြားနေဆွေးနွေးပေးခြင်းကို အထူးဝါသနာပါသည်။ စည်းရုံးပေးရသောအလုပ်များ နှုတ်ဖြင့်လုပ်ရသောအလုပ်များ တွင် အထူးနာမည်ကြီးမည်။ ဆက်ဆံရေးပြေပြစ်မည်။
မိမိစကားကိုမဆို အူထဲအသည်းထဲက ပြောဆိုတတ်မည်။ အမြဲတမ်းတည်တည်ကြည်ကြည် ပြတ်ပြတ်သားသားပြောတတ်၍ လူအထင်ကြီးခြင်း ယုံကြည်အားကိုးခြင်း လေးစားခြင်းခံရမည်။
မိမိမှာတစ်ယောက်ကောင်းလုပ်ခြင်းထက် အများနှင့် တိုင်တိုင်ပင်ပင်လုပ်လျှင်
အထူးအောင်မြင်၍အကျိုးရှိမည်။ ကြီးပွားတိုးတတ်မည်။မိမိသည်စိတ်ကူးယဉ်ဆန်သည်။ မိမိ၏ အတိတ်အကြောင်း ပစ္စုပ္ပန်အကြောင်း အနာဂတ်အကြောင်းကိုအမြဲတွေးတောနေတတ်သည်။ အမြဲတမ်းဘာလုပ်ရရင် ကောင်းမယ်
ဘာကိုင်ရရင်ကောင်းမည်ဟုစဉ်းစားနေတတ်ပါသည်။ လက်တွေတွင်မိမိမလုပ်တတ်ပါ။
အမြဲသို့လော သို့လောနှင့်အမြဲတွေးတောနေတတ်သည်။ အလကားနေရင်းစိုးရိမ်ကြောင့်ကျနေတတ်ပါသည်။ စိတ်ပူနေတတ်မည်။မိမိသည် အနုပညာပိုင်း၌လိုက်စားလျှင်အထူးအောင်မြင်၍ထူးချွန်းသောအနုပညာရှင်တစ်ယောက်ဖြစ်ပါလိမ့်မယ်။ မိမိတွင်ပင်ကို ပါရမီပါပါသည်။ အောင်မြင်နိုင်သောကံဇာတာပါ ပါသည်။ မိမိသည် မည်သည့်အလုပ်ကိုမဆိုသေချာစွာလုပ်မည်။
သေသပ်စွာ တိကျစွာ သပ်ရပ်စွာလုပ်မည်။လူအများနှစ်သက်ဖွယ်လုပ်မည်။
မိမိကိုအမြဲတမ်းဆန်းစစ်ပြုပြင်တတ်သောဝါသနာရှိသည်။ မိမိမှာလေးနက်တည်ကြည်သော ဘဝကိုခံယူထားသည်။ မည်သည့်အရာတွင်မဆို ထိရောက်စူးရှစွာ
လေ့လာလိုက်စားတတ်သည်။ မိမိမှာတစ်ယောက်ထဲနေရရင် စိတ်အားငယ်နေတတ်မည်။ စိတ်ညစ် စိတ်ဓာတ်ကျနေတတ်သည်။ သို့သော် ဝမ်းနည်းစရာရှိရင်လဲ ခဏသာဖြစ်မည်။ ဝမ်းသာစရာရှိရင်လဲ ခဏသာဖြစ်မည်။
မိမိသည်စိတ်အလွန်အတတ်အကျမြန်သည်။ စိတ်မြန်ကိုယ်မြန်ရှိမည်။
တစ်ခုခုလုပ်မည်ဆိုလျှင် ချက်ချင်းလုပ်ရမှကျေနပ်မည်။ လုပ်ပြီးမကျေနပ်ရင် ဖျက်စီးလျှင်ဖျက်စီးတတ်သည်။ မိမိစိတ်ကိုမိမိမစိုးမိုးနိုင်ပါ။
မိမိက တစ်ခါတရံသူများပြောတိုင်းလုပ်တတ်မည်။ တစ်ခါတစ်ရံ ပတ်ဝန်းကျင်၏ ပုံသဏ္ဌာန်များကို အတုယူတတ်မည်။ ကောင်းကောင်း မကောင်းကောင်း မိမိစိတ်ထဲကထင်လျှင်လုပ်တတ်မည်။ မိမိစတ်ဓာတ်ပျော့ညံ့ပါမည်။
အမှတ်သညာမရှိပါ။ အလွန်သည်းခံနိုင်ပါသည်။ မိမိနှင့်မိတ်ဆွေဖြစ်လွယ်မည်။
မိမိကလူတွေနှင့် အလွန်ခင်မင်ရင်းနှီးစွာပြောဆိုဆက်ဆံတတ်၍ ခင်မင်မှုခံရမည်
မိမိသည်အများဝန်ထမ်းဇာာတာဟုခေါ်ရပါ့မည်။ လူအများအကျိုးအလွန်ဆောင်ရွက်မည်။ မိမိကိုလူတိုင်းက ချစ်ခင်လေးစားတတ်မည်။ သဘောကျတတ်မည်။ ပျော့ညံ့၍ လွယ်လွန်းသော စိတ်ဓာတ်ကိုပြုပြင်သင့်သည်။ မိမိမှာ လေးနက်သောချစ်ခြင်းမေတ္တာကိုလက်ခံတတ်မည်။ ကိုယ်ချစ်ကိုလိုချင်သည်။
မိမိက ချစ်ရရင်ကျေနပ်မည်။ မိမိက မိမိ၏တန်ဖိုးကိုသော်၎င်း၊ အရည်အချင်းကိုသော်၎င်း အလွဲသုံးစားလုပ်တတ်မည်။ အလွယ်တကူဆုံးဖြတ်မည်။ မိမိကြောင့်
သူတစ်ပါးက အနိုင်ကျင့်မည်။ တင်စီးပြောမည် ။မိမိအသုံးမကျ၍ သူတစ်ပါးရဲ့အနှိမ်ခံရမည်။ လူပါးဝ၍ အပြောခံရမည်။မိမိ၏တန်ဖိုးကိုသိပါ။
ပုဏ္ဏားတော် ဦးရာမ

တဘောင်နှင့်ပက်သက်၍

ဒီတဘောင်ကို ဟိုးအရင်ဗေဒင်ပညာ သင်ယူကာစအသက် ၁၆ နှစ်အရွယ်ကတည်းကဆရာတွေပြောပြော ပြသဖြင့် နားရည်ဝခဲ့သည်။
မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ဖြစ်ပေါ်လာမည့်အနေအထားတွေ ဆွေးနွေးခဲ့သည်။ ကျွန်တော်ကတော့ နားထောင်သူသက်သက်ပေါ့။
တဘောင်အတိုင်း တံတားတွေ တစ်ခုပြီးတစ်ခုအမြန်တည်ဆောက်လာကြသည်။
ဘုရားတွေရွှေရင်မောက်တယ်လို့ မြန်မာပြည်အထက်ပိုင်းမှာ ကြားခဲ့စဉ်က တဘောင်အတိုင်းဖြစ်လာပြီလို့ ဝမ်းသာခဲ့ဖူးတယ်။
ဆရာတွေက ပထမမြန်မာနိုင်ငံ ၊ ဒုတိယမြန်မာနိုင်ငံ၊
တတိယမြန်မာနိုင်ငံ စတုတ္ထမြန်မာနိုင်ငံ များကို ဦးဆောင်ခဲ့ကြသူတွေရဲ့ ဇာတာတွေကိုတွက်ပြခဲ့ဖူးသည်။
တနင်္ဂနွေနံနဲ့ စတင်ခဲ့တဲ့ ဦးဆောင်သူတွေလက်ထပ် မြန်မာနိုင်ငံဟာစည်ပင်ဝပြော၊ ဘာသာ သာသနာထွန်းကားခဲ့ကြတယ်။ အိမ်နီးချင်နိုင်ငံအထိတောင် တန်ခိုးထွား
သြဇာညောင်းခဲ့ဖူးသည်။
ပထမမြန်မာနိုင်ငံဖြစ်တဲ့အနော်ရထာလက်ထက်၊
ဒုတိယမြန်မာနိုင်ငံမှာ ဒုတိယအနော်ရထာလို့ သမိုင်းမှတ်တမ်းတင်ခဲ့တဲ့ ကျော်ထင်အနော်ရထာလက်ထက်၊ တတိယမြန်မာနိုင်ငံဖြစ်တဲ့ အလောင်းမင်းတရားလက်ထက် ၊ စတုတ္ထမြန်မာနိုင်ငံဖြစ်လာဖို့ နှစ်ပေါင်းများစွာသူ့ကျွန်ဘဝမှလွတ်မြောက်အောင်ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းလက်ထက် မြန်မာနိုင်ငံဟာ အဘက်ဘက်ကတိုးတက်ခဲ့တာ သမိုင်းကသက်သေပင်။
အခုလဲ တဘောင်ထဲကလို့ဒေါင်းတွေ အော်နေကြပေပြီ……
ပြည်တော်ပြန် မယ်ထွေးကိုနန်းတင်မှ တိုင်းပြည်အေးချမ်းမည့်အရေးပင်။
တနင်္ဂနွေနံနဲ့ စခဲ့တဲ့မင်းတွေလက်ထက်မြန်မာလို့ ထင်ပေါ်ခဲ့သလို
တနင်္ဂနွေနံအစပြုသူတစ်ယောက်ရဲ့ဦးဆောင်
မှုအောက်မှာမြန်မာနိုင်ငံရဲ့ အနာဂတ်ငြိမ်းချမ်းမှု၊ချမ်းသာကြွယ်ဝမှု၊စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ(စစ်စစ်)
ဖြစ်ပေါ်လာမှု ၊ပြည်တွင်းသံယံဇာတတွေကို ပြည်သူတွေသာရရှိနိုင်မှု၊ အစိုးရနဲ့ပြည်သူ တစ်သားထဲရှိနေမှု
တွေ ဖြစ်ပေါ်လာမယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ရင်း….
ငြိမ်းအေးလူ ဗေဒင်သုတေသီ
(ကျွန်တော်အနေနှင့် နိုင်ငံရေးဆောင်းပါးတွေ မရေးလို၍ အရိပ်အမြွက်လောက်သာ ပြောပြခြင်းပါ။နိုင်ငံတစ်ခုကို အစပြုခဲ့တဲ့ မင်းတွေ အဆုံးသတ်ခဲ့တဲ့မင်းတွေရဲ့ နေ့နံ
ဇာတာတွေကိုသာ စစ်ဆေးကြည့်မယ်ဆိုရင် အခုကာလ

မင်းပြောင်းမင်းလွဲဖြစ်လာနိုင်တယ်ဆိုတာ … မြင်သာပါတယ်ဗျ) 

အနာဂတ်အား ဆုပ်ကိုင်နိုင်ရန် အတိတ်အား ပွေ့ဖက်ခြင်း

စစ်မှန်သော ဗေဒင်ပညာရပ်၏ အဓိက သော့ချက်သည် ကံကြမ္မာကို ဖတ်ရန် ဖြစ်သည်။
ကံကြမ္မာကို ဖတ်သောအခါ ဖြစ်တတ်သော သဘောကို ခန့်မှန်းခြင်းသာ ဖြစ်သည်။ မိုးလေဝသ ခန့်မှန်းမှုလိုပင် ဖြစ်ပြီးသော သင်္ကေတများကို ကြည့်လျက် ဖြစ်နိုင်သည်များကိုကြံဆခြင်း ဖြစ်သည်။ မိုးလေဝသဆိုင်ရာအား ခန့်မှန်းနိုင်ရန်အတွက် မိုးလေဝသဂြိုဟ်တုမှ ရိုက်ကူးပေးသော ဓာတ်ပုံများကို တွက်ချက်လျှက် ဖြစ်နိုင်ချေများကို ခန့်မှန်းသည်။ ထို့အတူ ဗေဒင်ဆရာသည် အခြားသော ဇာတာများတွင် ဖြစ်ပျက်ခဲ့သည်များကို လေ့လာထားလျက် ဇာတာရှင်တစ်ဦးကို ကောင်းဆိုးဖြစ်ပျက် စသည်တို့ကို ကြိုတင်ခန့်မှန်းချက်သာဖြစ်သည်။
မိုးလေဝသ ခန့်မှန်းမှုကို ယုံကြည်သလို ဗေဒင် ပညာကို ယုံရသည်။ သို့သော် မိုးလေဝသ ခန့်မှန်းမှုထက် ပိုမို မယုံကြည်သင့်။ ပညာသည် သင်္ကေတပညာသာ ဖြစ်သည်။ အရာအားလုံး သင်္ကေတဖြင့် ဆုံးဖြတ်ကြသည်။ လူတစ်ဦး ရယ်နေသောအခါ ထိုသူသည်ပျော်နေသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် သူသည် ကြိတ်ငိုငိုချင် ငိုနိုင်သည်။ ထို့အတူ ငိုနေသူကိုလည်း သင်္ကေတ သဘောအရ ပြောနိုင်သည်။ အတတ်ပညာများစွာသည် သင်္ကေတ သဘောကို လေ့လာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဗေဒင်ပညာသည် သင်္ကေတဖြင့်ဟောပြောသော ပညာရပ်တစ်ခုသာ ဖြစ်သည်။
ဗေဒင်ကို မယုံသူသည် မီးမကိုင်ဖူးသော သူငယ်သာ ဖြစ်၏ ။ ထို့အတူ ဗေဒင်ကို ကိုးကွယ်သူသည် ကိုယ့်ကိုယ်ကို အ, အ ဖြစ်ကြောင်းခေါင်းငုံ့သူ ဖြစ်သည်။ အခြားသော အတတ်ပညာကို ယုံသလို ဤ ပညာရပ်ကို လက်ခံသင့်သည်။ ဘာသာ တစ်ခုကဲ့သို့ ကိုးကွယ်မှု မလုပ်သင့် ။ ဘာသာတရားသည် သင်္ကေတလွန် ပညာရပ် ဖြစ်သည်။ သင်္ကေတလွန် ပညာရပ်ဆိုသော်လည်း သင်္ကေတဖြင့် လေ့လာရသည်။သင်္ကေတကို မဖျောက်နိုင်သမျှ သင်္ကေတလွန် အရသာကို မခံစားရ။
ဗေဒင်ကို မယုံဘူး ငြင်းသူသည် ဗေဒင်ကို နတ်ဘုရားတစ်ခုလို လက်ခံထားသောကြောင့် ဖြစ်မည်။ ဗေဒင်ကို ယုံလျှင် ကိုးကွယ်စရာတစ်ခုကို ယုံလိုက်သလို ထင်သည်။ ဗေဒင်သည် ခန့်မှန်းရေး ပညာတစ်ရပ်သာ ဖြစ်သည်။ နာရီသံ၏ တစ်ချက်တီးရင် တစ်နာရီ ၊နှစ်ချက်တီးရင် နှစ်နာရီ မှတ်သားမှုကဲ့သို့မှတ်ထားသော ပညာသာ ဖြစ်သည်။ ဗေဒင်မယုံဘူး ငြင်းဆန်သူသည် ယုံလွန်းနေသောကြောင့်ဖြစ်မည်။ သူသည် ဗေဒင်ကို ကိုးကွယ်စရာ အားကိုးစရာ တစ်ခုလို တွေးထားသောကြောင့် ဆိုခြင်းဖြစ်မည်။
ယနေ့အထိ မှတ်တမ်းတင်ထားသော နှစ်, လ , ရက် များသည် အဘယ်ပညာဖြင့် မှတ်တမ်းထားခဲ့သနည်း ။ ဆေးပညာဖြင့် ထားခဲ့သလော။ဘာသာရေး အသိဖြင့် ထားခဲ့သလော ။ ယနေ့အထိ စွန့်လွှတ်မရသေးသော နေ့ရက်များသည် ဗေဒင်ပညာရပ်ကြောင့်သာ ဖြစ်သည်။တစ်ဦး တစ်ယောက် ၊ အကြီး အငယ် ခွဲခြားဖို့ဘယ်ပညာဖြင့် မှတ်သားမည်နည်း ။ ယခုအခါ နေ့တွက်ခြင်းသည် ဘာမှ မဟုတ်တော့သော်လည်းရှေးအခါ အဘယ်မျှ အဖိုးတန်လေသနည်း ။ ဤပညာဖြင့် လူသားကို အဘယ်မျှ အကျိုးပြုခဲ့သနည်း ။
ဤ ဗေဒင် ပညာဖြင့် ကင်းသော လူသားဟု မရှိလောက်အောင်ပင်။ သို့သော် အချို့သည် ယုံသူများ အစွန်း ရောက်သလို အစွန်းရောက်သည်။ ဗေဒင်ပညာသည် သူတောင်းစား ပညာလောက် ဆိုကြသည်။ လူလိမ် မျက်လှည့်ပညာလောက် ထင်ကြသည်။ အချို့သူတို့၏ အလွဲသုံးစား လုပ်မှုကြောင့် ဖြစ်သဖြင့် အကျယ်အကျယ် ဘယ်သူမှ အရေးယူမဆိုကြ။ သို့သော်လည်း ပညာရပ်ကို အထင်သေးခြင်းသည်လူသားဘဝ ဆုတ်ယုတ်ကြောင်းသာ ဖြစ်သည်။
လူအများသည် ဗေဒင်ပညာကို ယုံလွန်းသဖြင့် အမှားများ ဖြစ်ကြသည်။ ဗေဒင်ကို ဘာသာရေးထက်ပင် ယုံကြသည်။ ဗေဒင်သည် ခန့်မှန်းပညာမှန်း မသိ။ အတတ်ဟော နတ်ဟော ဆိုင်းဘုတ်များ အောက်တွင် ဝပ်တွားရိုကျိုးကြသည်။ ဘာသာရေး ဆရာတစ်ဦးကဲ့သို့ဗေဒင်ဆရာကို ယုံသည်။ ကိုးကွယ်သည်။ ယင်းအချက်သည် စဉ်းစားစရာ ဖြစ်သည်။ မိုးလေဝသ ခန့်မှန်းသူ ၊ အတတ်ပြောသူ တို့ကိုမရှိခိုးသော်လည်း ၊ မိမိအိမ်ဆောက်လုပ်သူကို မရှိခိုးသော်လည်း ဗေဒင်ဆရာကို ရှိခိုးကြသည်။
ဗေဒင်ဆရာသည်သာမန် အတတ်ပညာရှင် တစ်ဦး သာ ဖြစ်သည်။ အတတ်ပညာရှင်တိုင်းကို ကိုးကွယ်မှု မလုပ်ဘဲ ဗေဒင်ဆရာကိုမှ ကိုးကွယ်ချင်ကြသည်။ ဗေဒင်ဆရာသည် သာမန် ဆရာတစ်ဦးသာ ဖြစ်သည်။ သာမန်ထက် ပိုမိုသော လေးစားမှု ကိုးကွယ်မှု မလုပ်သင့် ။ သာမန်ထက် ပိုလွန်းသူများကြောင့် အများ အမြင်ကပ်လာကြသည် ထင်သည်။ ဗေဒင်ဆရာသည် အနာဂတ်ကို ဆုပ်ကိုင်နိုင်ဖို့အနီးကပ်ကြည့်နိုင်ဖို့ကြိုးပမ်းသူသာ ဖြစ်သည်။သို့သော် ဗေဒင်ဆရာသည် သာမန် လူများ မကူညီနိုင်သည်ကို ကူညီနိုင်သည်။ အကယ်၍ ယင်းဆရာ၏ အကူအညီဖြင့် အောင်မြင်ခဲ့ဖူးသူသည် ယင်းဆရာကို ကျေးဇူးရှင် တစ်ဦးအဖြစ် ကိုးကွယ်ပေလိမ့်မည်။ ၎င်းကအစ အဆင့်ဆင့် အားကိုးသူ ကိုးကွယ်သူများ များလာတတ်သည်။
ယင်းသို့သော ကိစ္စသည် ကာယကံရှင်များသာ သိနိုင်ကြသည်။ အပြင်မြင် သူများ မသိနိုင်ကြ။ အပြင်မြင်ဖြင့် ကြည့်လျှင် နတ်တစ်ပါးကို ကိုးကွယ်သည် ထင်မည်။ ထိုသူကလည်း သူတို့အား နတ်တစ်ပါးလို မဖြစ်နိုင်သည်များကို ဖြစ်လာအောင် လုပ်ပေးထားသောကြောင့် ဖြစ်မည်။ဆရာတပည့် အဘယ်မျှ ကျေးဇူးရှိသည်ကို အပြင်သူများ နားမလည်နိုင်ကြချေ။ လူသည် မိမိပြဿနာကို ဖြေရှင်းပေးသူကို ကျေးဇူးတင်သည်။ဆရာတစ်ဦးက ကယ်တင်ဖူးခဲ့ပါက ထိုဆရာအား ကျေးဇူးတင်ထိုက် မထိုက် စဉ်းစားဝေဖန်ကြည့်သင့်သည်။
သမာသမတ်ကျသော ယုံကြည်မှုရှိဖို့လိုသည်။ မိမိကို ကူညီဖူးသူတိုင်းကို ကျေးဇူးတင်တတ်သော်လည်း ဗေဒင်ဆရာကို အဘယ်ကြောင့်ကိုးကွယ်လောက်အောင် အားကိုးသနည်း ။ ထင်ရှားပါသည်။ ထိုဗေဒင်ဆရာသည် အများမကူညီနိုင်သည်ကို ကူညီထားသောကြောင့်သာဖြစ်သည်။ တိုက်ဆိုင်မှုဖြစ်စေ ၊ စွမ်းလို့ဖြစ်စေ ၊ ပြဿနာ အောင်မြင်ဖို့သာ လိုသည်။ လူသည် တစ်ခါယုံပါက အမြဲတမ်း ယုံတတ်သဖြင့်အားနည်းသည်။ ထို့ကြောင့် တစ်ကြိမ်မှန်သော ဆရာကို အမြဲတမ်း မှန်မည်ဟု ယုံသည်။
ဗေဒင်ပညာကို ယုံသောအခါ အတတ်ပညာကို အခြေခံသော ဆရာကို ယုံသင့်သည်။ အချို့သည် အတတ်ပညာကို အခြေမခံဘဲ အကျင့်လိုလို၊ အစွဲလိုလို ၊ အကြားအမြင်ရလိုလိုဖြင့် ဟောပြောကြသည်။ လက်ခံသင့် – မသင့် မိမိ၏ လူသားဂုဏ်ကို စဉ်းစားသင့်သည်။ မိမိကို အတတ်ဟောသော်လည်းဖြစ်တတ်သော သဘောက်ို ပြောပြသဖြင့် တိုက်ဆိုင်မှု အဖြစ်သာ ယုံပါ။ နတ်ပူးပြောခြင်းဟု မယုံပါနှင့် ။ တစ်ချက်မှန်လိုက်ပြီဆိုလျှင် အားလုံး ယုံလိုက်သည်။ လူသည် အသည်းငယ်သည်။ တစ်ချက်မှန်ရုံဖြင့် ရင်ထဲက ယုံကလေး သေသည်။ နောက်ထပ် တောင့်ခံ မထားနိုင်။
မိန်းမသားသည် ပိုမို အသည်းငယ်သည်။ တိတိ ကျကျ မှန်ဖို့ပင် မလို။ ရှပ်ထိလျှင်ပင် သေသည်။ ” ငါ့သမီး သောကရောက်နေတာပဲ” ဆိုလိုက်ရုံဖြင့် မှန်လိုက်တာဆရာ စသဖြင့် တံခါးပွင့်သွားသည်။ စကားအားလုံး ပွင့်ထွက်လာသည်။ ယုန်လိုက်ဖမ်းဖူး သူများသိကြသည်။ ယုန်သည် အသည်းငယ်သည်။သူ့ကို မှန်အောင် ပစ်ဖို့ပင် မလို ။ အရာဝတ္ထု ကြီးကြီးဖြင့် သူ့ဘေးတွင် အသံကျယ်ကျယ် မြည်လိုက်ဖို့ပဲ လိုသည်။ ထိုအခါ သူသည် ဆက်မပြေးနိုင်တော့။လဲကျသွားတတ်သည်။ ထို့အတူ လူသား၏ မိမိတို့ရင်ထဲက ယုံကြည်မှု ယုန်လေးသည် တောလိုက်မုဆိုး ဗေဒင်ဆရာ၏ ပါးစပ်သရမ်းမှုကိုပင်မခံနိုင်။ ရှပ်မှန်ရုံဖြင့် လဲကျသည်။
ဗေဒင်ကို အတတ်ပညာ တစ်ခုအဖြစ်သာ ယုံကြည်ပြီး ကိုးကွယ်စရာ တစ်ခုအဖြစ် မယုံဖို့လိုအပ်သည်။ ဗေဒင်ပညာနှင့် ဆက်စပ်ပြီး အခြားသော ဘိုးတော်များ ၊ မယ်တော်များ အစွဲများ ကို စဉ်းစဉ်းစားစား ယုံသင့်သည်။ အတုက ပိုမိုအရောင်တောက်သဖြင့် အတုအစစ်ခွဲခြားရခက်သည်။ အစစ်ထက် အတုကိုပင် ရွေးချယ်မိမည်။
စေတနာကြီးသော ဆရာက အဘယ်သို့လည်ပင်း ညှစ်တောင်းမည်နည်း ။ ထို့အတူ ပညာမာန်ကြီးသော ဆရာက အဘယ်သို့အလကား ဟောမည်နည်း။
အတိုင်းအတာတော့ ရှိသင့်သည်။ ဤပညာသည် အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခု ဖြစ်သည်။ စီးပွားရေးလုပ်ငန်းတစ်ခုဟု မဖွင့်ဆိုကြ။ရှေးဆရာများသည် မိမိ နေဖြစ်၊ စားဖြစ်အောင်သာ ရပ်တည်ကြသည်။ တောင်းကြသည်။ ယခုခေတ်တွင် ဆရာများသည် လုပ်ငန်းတစ်ခု အဖြစ်သဘောထားကြသည်။ လုပ်ငန်းသဘော တွက်လျှင် အမြတ်များမှသာ အဆင်ပြေသည်။ အဆင်ပြေအောင် တောင်းတော့မည် ဖြစ်သည်။ရှေးခေတ်တွင် ဆန်တစ်ပြည် ငွေတစ်မတ်သည် ထိုက်တန်သော ပေးဆပ်မှု ဖြစ်သည်။ ဆန်တစ်ပြည် စျေးသာသာသည် ပြည့်စုံသောထိုက်တန်သော တန်ဖိုးပင် ဖြစ်သည်။
အခြားသော ကုန်ပစ္စည်းသာ သတ်မှတ်ကြသည်။ ဝယ်ယူသောအခါ စျေးဆစ်ကြသည်။ ဗေဒင်တွက်သောအခါ စျေးမဆစ်ကြ။ အချို့ စျေးဆစ်သော်လည်းတောင်းပန်နေမှုသာ ဖြစ်သည်။ ဗေဒင်ပညာသည် လူတိုင်း အားကိုးလောက်သော ဟောကွက်များ ရှိသည်။ ထို့ကြောင့်လည်း လူများ ဗေဒင်ကိုဆွေးစွဲစွဲနေသည်။ ဗေဒင်မယုံသူသည် ယုံလောက်သော ဟောကွက်နှင့် မကြုံသေးသောကြောင့် ဖြစ်နိုင်သည်။ ယုံမိသောအခါ အရာရာကိုပင်စွဲမြဲတတ်သည်။ စိတ်စွဲသည့် အထိဆိုပါက အစွန်းရောက်နိုင်သည်။
ဗေဒင်ကို အစာတစ်ခုလို သုံးဆောင်ရသည်။ မိမိ အသက်ရှင်ဖို့အတွက် အထောက်အကူအဖြစ် အစာကို စားသည်။ မိမိပြဿနာ အဆင်ပြေဖို့အတွက်မိမိ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် တောင်ဝှေးတစ်ခု လုပ်ခြင်းသာ ဖြစ်သည်။ ဗေဒင်သည် အတိတ်ကို ဖော်ထုတ်ဖို့ပေါက်တူးတစ်လက်သာ ဖြစ်သည်။လူသားကို ဒူးထောက်စေမည့် ခြိမ်းခြောက်မှု မရှိ။ နှာခေါင်းရှုံ့စရာ ညစ်ပတ်သော ပညာလည်း မဟုတ်။ ဗေဒင်သည် ဗေဒင်သာ ဖြစ်သည်။နတ် မဟုတ် ။ ဇာတ်လည်း မဟုတ်။
ဤ ပညာဖြင့် မမြင်နိုင်သော အတိတ်ကို ရေးတေးတေး မြင်ရသည်။ မကြံစီနိုင်သော အနာဂတ်ကို ကြိုတင်ပိုင်ဆိုင်ထားနိုင်သည်။
ဘဝသည်ပုံစံခွက်ထဲက ကုန်ကြမ်းတစ်ခု ဖြစ်သည်။ သို့သော် အထိုက်အလျောက် ပြင်နိုင်သည်။ လူသည် လူနှင့် တူမည်။ နေပုံ ထိုင်ပုံ သွားပုံ လာပုံခွဲမရအောင် တူသည်။ စဉ်းစားပုံ တူသည် ။ လုပ်ဆောင်ပုံ တူသည်။ အကျိုးပေးပုံ တူသည်။ အရာအားလုံး တူသည်။ သို့သော် တူမယောင်ဖြင့်ကွဲနေသော ရာလည်း မရေတွက်နိုင်။ အပြင်ပန်း ကြည့်လျှင် အမွှာ နှစ်ဦး တူသည် ထင်သည်။ သေချာ စေ့စေ့ ကြည့်သောအခါ ခြားနားချက်များများလာသည် ။ ထို့အတူ လူသည် အခြေခံချင်း တူသော်လည်း အရာရာ ခြားနားနေသည်။
စရိုက်၊ နေပုံထိုင်ပုံ တို့သည် တစ်ဦး နှင့် ယှဉ်လျှင် ကွဲနေသည်။ အခြားသတ္တဝါနှင့် ယှင်လျှင်တော့ လူလူချင်း တူသည်။ လူလူချင်း ယှဉ်သောအခါ တစ်ဦးနှင့် တစ်ဦးသည် စဉ်းစားပုံချင်း မတူ၊ အကျိုးပေးချင်း မတူ။ မတူသည်ကို ဗေဒင်ပညာဖြင့် သက်သေပြဖို့ကြိုးပမ်းကြသည်။ လူတိုင်းမွေးချိန် ၊ မွေးနေရာများ မတူသဖြင့် များစွာ ကွဲလေသည်။ အမွှာ အချင်းချင်းပင် မတူသည်ကို ဗေဒင်ပညာက သက်သေပြပေမည်။ တစ်ဦးက အချိုကြိုက်လျှင် နောက်တစ်ဦးက အချဉ်ကြိုက်နေတတ်သည်။ ဘဝသည် အကောင်းအဆိုး ခြေနှစ်ဘက်ပေါ် လမ်းလျှောက်နေသည်။ခြေတစ်ဘက် က ကောင်းနေပါက နောက်တစ်ဖက်က ဆိုးသည်။ ရံခါ ခြေတစ်ဖက်ဖြင့် ကြာကြာရပ်ရသည်။ အကောင်းပေါ် ကြာကြာ ရပ်ပါကကောင်းကျိုးပေးသည်။ အဆိုးပေါ် ကြာကြာရပ်ပါက ဆိုးသည်။
မိမိတို့ခြေနှစ်ဘက်သည် ကံကြမ္မာပင် ဖြစ်သည်။ လူတိုင်း ကောင်းသော ဘက်တွင် ကြာကြာရပ်ချင်သည်။ ကောင်းသော ဘက်တွင် ကြာကြာ ရပ်နိုင်အောင် ဘာလုပ်သင့်သည်ကို ဗေဒင်ဆရာက ညွှန်ပြပေမည်။ ဆိုးသောဘက်က လွတ်အောင် ရှောင်နည်းကိုလည်း သင်ပေးလိမ့်မည်။ သင်သည် ရဲရဲလျှောက်လိုက်ပါ။ မိမိ နင်းထားသော အဆိုးသည် နောက်တစ်လှမ်းတွင် အကောင်းဖြစ်သွားမှာ ဖြစ်သည်။ ခံစားနေရသော ဒုက္ခကို အရှုံးမပေးပါနှင့်။ နောက်တစ်ခါ ရှုကြည့်ပါ ။ မွေးပျံ့သော ရနံ့ကို ခံစားရမည်ဖြစ်သည်။
ထို့ပြင် မိမိ ပိုင်ဆိုင်ထားသော နာမည် ၊ ဂုဏ်၊ စည်းစိမ်သည် နောက်တစ်လှမ်းတွင် ဖုန်မှုန့်ဖြစ်သွားချင် ဖြစ်သွားမည်။ လောင်ကျွမ်းသွားသော အခိုးအငွေ့နှင့် အတူ ပျောက်သွားမည်။ မိမိ ရပ်ထားသော ခြေလှမ်းက ကောင်းနေရင် နောက်တစ်လှမ်းအတွက် စဉ်းစားပါ။ အဆိုးမဖြစ်အောင် မိမိခြေကို ညွှန်ကြားပါ။ ကိုယ့်ကံကြမ္မာ ကိုယ့်ခြေပေါ်တွင် တည်ရှိသည်။ ဘယ်သူမှ ချုပ်ကိုင်ထားသည်မဟုတ် ။ ဗေဒင်ဆရာသည် မိမိကို ကြိုးကိုင်ထားသည်မဟုတ်။ လမ်းညွှန်မှုသာ ပေးနိုင်မည်။ ကိုယ့်ကြိုးကိုယ်ဆွဲ ကပွဲဆင်နေခြင်းပင် ဖြစ်သည်။
ဒေါက်တာ အရှင် ဉာဏဂ္ဂ

စျေးရောင်းကောင်းစေချင်ရင်

စျေးရောင်းကောင်းစေချင်လို့ မေးလာကြသူတွေအများကြီးပါ။ အဓိကအနေနဲ့တော့ ကိုယ်က ဘာဆိုင်ဖွင့်ထားလဲ ။ ကိုယ်ရောင်းနေတဲ့ပစ္စည်းပေါ်မူတည်ပြီးယတြာပေးဖြစ်ပါတယ်။
ဆိုင်မှာဦးစီးသူနာမည် ၊ ဆိုင်က ဖုန်းရောင်းတာလား၊ ဆေးရောင်းတာလား စသည့်ဖြင့် ချိန်ဆပြီးပေးလေ့ရှိပါတယ်။
အခုအနေနဲ့ ယတြာစီရင်ပေးချင်တာက ဘယ်နေ့သားပဲဖြစ်ဖြစ် ၊ ဘယ်ဆိုင်အမျိုးအစားပဲဖြစ်ဖြစ်အဆင်ပြေအောင် ရောင်းပန်းဝယ်ပန်းပွင့်အောင် ကိုယ့်ဆိုင်လူစည်ကားအောင် အတိုက်အခိုက်တွေကင်းအောင် စတဲ့ကိစ္စတွေအတွက်စီရင်လို့ရပါတယ်။
စျေးရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြု စီးပွားရှာရသော သူများ မည်သူမဆိုလုပ်ဆောင်သင့် သော ယတြာကလေး ဖြစ်ပါတယ်။
လုပ်ဆောင်ရသည်မှာ နံနက် (၆) နာရီ အချိန်တွင် ဖန်ခွက် တစ်ခွက်ထဲ ရေထည့်ပြီး နေ့စဉ်ဓာတ်ပန်းကလေးများ လှဲလှယ်ထိုးစိုက်ကာ ဆိုင်ပေါ်ရှိ စားပွဲပေါ်တွင် တင်ပေးထားလိုက်ပါ ။
ထိုးစိုက်ရမည့် ဓာတ်ပန်းကလေးများမှာ
တနင်္ဂနွေနေ့တွင် သပြေညွှန့် ၊သီဟိုဠ်ညွှန့်
တနလာင်္နေ့တွင် နှင်းဆီပန်း(သို့)နှင်းပန်း
အင်္ဂါနေ့တွင် အုန်းညွှန့်(သို့)အုန်းပန်း
ဗုဒ္ဓဟူးနေ့တွင် ဂန္ဓမာပန်း(သို့)ကံ့ကော်ပန်း
ကြာသပတေးနေ့ စံပယ်ပန်း(သို့) ဇီးညွှန့်
သောကြာနေ့တွင် ရွက်လှပန်း(သို့) ဝါးညွှန့်
စနေနေ့တွင် မေမြို့ပန်း
စသည့် ဓာတ်ပန်း ကလေးများကို သူနေ့နှင့်သူ ထိုးစိုက်ပေးထားပါက ရန်သူနည်းခြင်း အရောင်းအဝယ်ကောင်းမွန်ကာ အမြတ်အစွန်း တိုးပွားရရှိစေခြင်းတို့ကို ကြုံတွေ့ရပါမည် ။ အထက်ပါပန်းတွေအညွှန့်တွေကို အရေအတွက်အနေနဲ့က လက်တစ်ဆုပ်စာလောက်ဆို လုံလောက်ပါတယ်။ အရေအတွက်အတိအကျမလိုပါဘူးဗျာ။ ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ

နက္ခတ္တပညာ နှင့် နက္ခတ်ဗေဒင်ပညာ

နက္ခတ္တပညာ(Astronomy) နဲ့ နက္ခတ်ဗေဒင်ပညာ(Astrology) တို့ဟာ (မြန်မာရော/ အင်္ဂလိပ်ပါ) နာမည်ခြင်း ခပ်ဆင်ဆင်တူကြပေမယ့် မတူညီဘဲ ကွဲပြားခြားနားတဲ့ ပညာရပ် နှစ်ခု ဖြစ်ပါတယ်။ လူအတော် များများဟာ ဒီကွဲပြားခြားနားမှု ကို မသိကြပါဘူး။ အတော်များများ ကတော့ အတူတူလို့ဘဲ ထင်ကြပါတယ်။ တူတယ်လို့ ထင်ရလောက်အောင် လည်း ဆင်တူတဲ့ အချက်တွေက တော်တော်များပါတယ်။
ဂြိုဟ်တွေ နက္ခတ်တွေကို လေ့လာမှုတွေ၊ ရာသီခွင်တွေ ၊ နေကြတ်တာတွေ၊ လကြတ် တာတွေကို ပြောဆို ရေးသားကြတာတွေဟာ တစ်ခုနဲ့တစ်ခု တူညီကြသလိုပါဘဲ။ ဒါပေမယ့် မတူညီကြပါဘူး။
ကမ္ဘာပေါ်မှာရှိတဲ့ ပညာရပ်တစ်ခု ခြင်းစီအပေါ်မှာ သတ်မှတ်ထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် (Definition) အရ ပြောရရင် ဒီပညာနှစ်ခုဟာ လုံးဝ မတူညီကြပါဘူး။ အဘိဓါန်တွေမှာ နက္ခတ္တပညာ (Astronomy) ကို Scientific Study of Universe လို့သတ်မှတ်ပြီး နက္ခတ်ဗေဒင်ပညာ (Astrology) ကိုတော့ Study of Relation Between Planets and Human Affairs လို့ အဓိပ္ပါယ်သတ်မှတ်ကြပါတယ်။ သိပ္ပံပညာဆိုတဲ့ အသုံးအနှုံး မပါပါဘူး။
သိပ္ပံပညာရပ်တို့ ဟူသည်
နက္ခတ္တပညာဆိုတာ “သိပ္ပံပညာစစ်စစ်” ဖြစ်ပါတယ်။ Science လို့ခေါ်တဲ့ သိပ္ပံပညာ စစ်စစ်ပါ။ သိပ္ပံပညာ ဆိုတာ မှန်ကန်တဲ့ အချက်အလက် တွေအပေါ်မှာသာ အခြေပြုရပါတယ်။ သိပ္ပံပညာမှာ “သီအိုရီ” လို့ ခေါ်တဲ့ ဥပဒေသတွေ ဆိုတာလည်း အမြဲတန်းမှန်ကန်နေရပါတယ်။ မှန်တဲ့အခါမှန်လိုက်၊ မှားတဲ့ အခါမှားလိုက် မဖြစ်ရပါဘူး။
အစတုန်းက မှားယွင်းယူဆခဲ့ရင်လည်း အမှန်ကို တွေ့လာရင် ချက်ခြင်းပြင်ဆင်ရပါတယ်။ ဒါမှ သိပ္ပံပညာလို့ ခေါ်ပါတယ်။ နက္ခတ္တ ပညာဟာ သိပ္ပံပညာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့နှစ်ပိုင်းတွေက “ပလူတို“ Pluto ဂြိုဟ်ကို နေစင်္ကြဝဠာ အဖွဲ့အစည်းထဲကနေ ထုတ်ပယ်လိုက်တာကို ဂျာနယ်တွေထဲမှာ တွေ့ဖူးလိုက်ကြမှာပါ။ ဒါဟာ သိပ္ပံပညာရဲ့ ပြယုဂ်ပါဘဲ။ နေစင်္ကြာဝဠာရဲ့ ပတ်လမ်း သီအိုရီ တွေနဲ့ မညီညွတ်တာကြောင့် “ပလူတို“ဂြိုဟ်ကို နေစင်္ကြာဝဠာ ထဲက ဂြိုဟ်တစ်လုံးအဖြစ်ကနေ ပယ်ထုတ် လိုက်ကြတာပါ။ နေစင်္ကြာဝဠာပြင်ပက ဂြိုဟ်တစ်လုံးအနေနဲ့ ခွဲခြားထုတ်လိုက်တာပါ။
ဒီလို ထုတ်ပယ်မှုကို နက္ခတ်ဗေဒင် ပညာရှင် (ဗေဒင်ဆရာ) အတော်များများက ကန့်ကွက်ခဲ့ကြပါတယ်။ ဒါဟာ နက္ခတ်ဗေဒင်ပညာရှင်တွေရဲ့ အစွဲအလမ်း ကြီးမှု၊ အယူအဆဟောင်း တွေအပေါ်မှာ မစွန့်လွှတ်နိုင်မှုတွေကို ဖော်ပြလိုက်သလိုပါဘဲ။
သိပ္ပံပညာရပ်ထဲမှာ အကျုံးမဝင်ပါ
တကယ်တော့ နက္ခတ်ဗေဒင်ပညာဆိုတာ သိပ္ပံပညာ လုံးဝ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံလို နက္ခတ်ဗေဒင်ပညာ အလွန်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံမှာ နက္ခတ်ဗေဒင်ပညာကို ဘွဲ့တွေ၊ ဒီဂရီတွေ၊ ဒေါက်တာဘွဲ့တွေပေးပြီး နက္ခတ်ဗေဒင် ပညာရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ ကြိုးစားနေကြပေမယ့်လည်း တစ်ကမ္ဘာလုံးမှာရှိတဲ့ သိပ္ပံပညာရှင်တွေကတော့ ဗေဒင်ပညာကို သိပ္ပံပညာစာရင်းထဲမှာ လုံးဝထည့်မထားကြပါဘူး။
တကယ်တော့ နက္ခတ်ဗေဒင်ပညာဆိုတာ ဂြိုဟ်နက္ခတ်တွေရဲ့ သွားလာ လှုပ်ရှား မှုတွေ၊ ပူးယှဉ်မှုတွေ၊ ဒီဂရီအနေအထားအပေါ်မှာ အခြေခံပြီး လူတွေရဲ့ ကံကြမ္မာနဲ့ အနာဂါတ်မှာ ဖြစ်ပေါ်လာမယ့် အကြောင်း အရာတွေကို ခန့်မှန်းတဲ့ ပညာတစ်ခုသာဖြစ်ပါတယ်။ ပညာအမျိုးအစား သတ်မှတ်ရရင် (Occult) လို့ခေါ်တဲ့ ဂမ္ဘီရပညာ အမျိုးအစားပါ။
နက္ခတ်ဗေဒင်ပညာဟာ မှန်ကန်တဲ့ အချက်အလက်တွေ အပေါ်မှာ အခြေပြုမှု နည်းပါတယ်။ အယူအဆ ဟောင်းတွေကို လက်ခံထားပါတယ်။ တခြားဟာကို မကြည့်ပါနဲ့။ နက္ခတ္တပညာအရ အခုကျွန်တော်တို့ရဲ့ နေစင်္ကြာဝဠာကြီးဟာ နေကို ဗဟိုပြုပြီး ကမ္ဘာအပါအဝင်ဂြိုဟ် (၈)လုံးက သူ့ပတ်လမ်းနဲ့သူ လှည့်ပတ်နေတာပါ။ မူလတန်းကျောင်းသားလေးတစ်ယောက်တောင် ဒါကို သိနိုင်ပါတယ်။
တော်လမီ က စ,ခဲ့တဲ့ အယူအဆ
ခရစ်တော်ပေါ်ပြီး အေဒီ (၂)ရာစုနှစ်လောက်မှာ Ptolemy (တော်လမီ) လို့ခေါ်တဲ့ သချင်္ာနဲ့ နက္ခတ်ပညာရှင် တစ်ဦးဟာ ကမ္ဘာကို ဗဟိုပြုပြီး ကျန်တဲ့ နေ၊ လ၊ နက္ခတ်တာရာတွေက လှည့်ပတ်နေတယ်ဆိုတဲ့ အယူအဆကို ဖော်ထုတ် ခဲ့ပြီး အဲဒီအယူအဆကို ရာစုနှစ်ပေါင်း (၁၄)စု (နှစ်ပေါင်း ၁၄ဝဝလောက်) ကြာအောင် လက်ခံထားခဲ့ကြဘူးပါတယ်။
ဒါပေမယ့် (၁၆)ရာစုနှစ်မှာ Nicolaus Copernicus “နီကိုလပ်စ် ကော့ပါးနီးကပ်စ်” လို့ ခေါ်တဲ့ ပိုလန်လူမျိုး နက္ခတ်ပညာရှင်တစ်ဦးဟာ နေနဲ့ဂြိုဟ်တွေဟာ ကမ္ဘာကို ဗဟိုပြုပြီး လှည့်ပတ်နေတယ်ဆိုတဲ့ “တော်လမီ” ရဲ့ အယူအဆကို ဆန့်ကျင်တော်လှန်လိုက်ပြီး ကမ္ဘာအပါအဝင် ဂြိုဟ်အားလုံးကသာ နေကို ဗဟိုပြုပြီး လှည့်ပတ် နေကြတယ် ဆိုတဲ့ အယူအဆကို ဖော်ထုတ်လိုက်ပါတယ်။ အစပိုင်းမှာတော့ သူ့အယူအဆကို လက်ခံသူ နည်းခဲ့ပြီး ဆန့်ကျင်မှုတွေ ၊ ပိတ်ပင်တားဆီးမှုတွေကို ခံခဲ့ရပေမယ့် ယခုလက်ရှိအချိန်မှာတော့ ဒါဟာ အယူအဆတစ်ခုမျှသာ မဟုတ်ဘဲ တစ်ကယ့် အမှန်တရားတစ်ခုဖြစ်နေပါပြီ။
ဒါပေမယ့် နက္ခတ်ဗေဒင်ပညာကတော့ ကမ္ဘာကို ဗဟိုပြုပြီး နေအပါအဝင် ကျန်တဲ့ဂြိုဟ် (၈)လုံးက လှည့်ပတ် နေတဲ့ အေဒီ(၂) ရာစုနှစ်ကတည်းက အယူအဆကြီးကို အခုအချိန်အထိ လက်ခံထားကြဆဲပါ။ ဒါကြောင့် နက္ခတ်ပညာနဲ့ ဖွဲ့ထားတဲ့ ဇာတာခွင်တစ်ခုကို လေ့လာကြည့်ရင် ဒီအထဲမှာ ကမ္ဘာဂြိုဟ်ကို တွေ့ရမှာ မဟုတ်ပါဘူး။ “နေ” ဟာ အခြားဂြိုဟ်တွေနဲ့ အတူ (၁၂)ရာသီခွင် အတွင်းမှာ လှည့်ပတ်နေတာကိုသာ တွေ့ရပါလိမ့်မယ်။ ဒါဟာ ကမ္ဘာကို အလည်ဗဟိုမှာ ထားတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၈ဝဝ)ကျော်က “တော်လမီ” ရဲ့ အယူအဆဟောင်းကြီးပါ။
ကမ္ဘာရဲ့ အရံဂြိုဟ် “လ”
နောက်တစ်ခုက ကမ္ဘာရဲ့ အရံဂြိုဟ် တစ်ခုသာဖြစ်တဲ့ “လ” ကို နက္ခတ်ဗေဒင်ပညာက ဂြိုဟ်ကြီးတစ်ခုလို့ ယူဆ ထားပါတယ်။ လူတွေရဲ့ ဘဝကံကြမ္မာ အပေါ်မှာ အများဆုံးလွှမ်းမိုးထားတဲ့ ဂြိုဟ်ကြီး တစ်လုံးအဖြစ်ယူဆ ထားကြပါတယ်။ တစ်ကယ်တော့ “လ” ဟာ နေပတ်လမ်းထဲမှာ ပါဝင်တဲ့ ဂြိုဟ်ကြီးတစ်ခု အဆင့်မှာ မရှိပါဘူး။ ဂြိုဟ်ကြီးတစ်ခုဖြစ်တဲ့ ကမ႓ာဂြိုဟ်ရဲ့ အရံဂြိုဟ် တစ်လုံးမျှ သာ ဖြစ်ပါတယ်။
ဗေဒင်ပညာမှာတော့ အရှေ့တိုင်းစနစ်ရော အနောက်တိုင်းစနစ်မှာပါ “လ” ဆိုတဲ့ တနင်္လာဂြိုဟ်ဟာ သိပ်ကို အရေးပါလှတဲ့ ဂြိုဟ်ကြီးတစ်လုံးအဖြစ် ယူဆကြပါတယ်။ လူတွေရဲ့ ဘဝကံကြမ္မာကို စိုးမိုးမှု အရှိဆုံးဂြိုဟ်ကြီးတစ်ခုအဖြစ် တင်စားထားကြပါတယ်။ အနောက်တိုင်း (သာယန)ဇာတာတွေမှာ တနင်္လာဂြိုဟ် ဆိုတဲ့ “လ” နဲ့ ကျန်ဂြိုဟ်တွေရဲ့ ဒီဂရီအနေအထားပေါ်မှာ မူတည်ပြီး လူတစ်ယောက်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေး နိုင်သလို၊ အရှေ့တိုင်း (နိယာယန)ဇာတာတွေမှာ တနင်္လာဂြိုဟ်ရောက်ရှိနေတဲ့ နက္ခတ်ပေါ်မှာမူတည်ပြီး အရှေ့တိုင်းဟိန္ဒူနည်းစနစ် ရဲ့ ကျောရိုးလို့ ဆိုနိုင်တဲ့ “ဒဿာစနစ်” ကို တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ နောက်ပြီး ထရန်းစစ်(Transit) လို့ခေါ်တဲ့ ကောဇာဂြိုဟ်သွားစနစ် ကလည်း တနင်္လာဂြိုဟ်ကနေ စတင်ပြီး ရေတွက်ထောက်ရှုရတာဖြစ်ပါတယ်။
ကြာသတေးဂြိုဟ်နဲ့သောကြာဂြိုဟ်တွေဟာ သောမဂြိုဟ်တွေတဲ့လား
နောက်တစ်ခုကြည့်ပါဦး။ နက္ခတ်ဗေဒင်ပညာမှာ သောမဂြိုဟ်ကြီးဖြစ်တဲ့၊ ကောင်းကျိုးအင်မတန် ပေးတတ်တယ် ဆိုတဲ့ ကြာသပတေးဂြိုဟ်ကြီးဟာ လျှပ်စစ်သံလိုက်မုန်တိုင်းတွေ အဆက်မပြတ်တိုက်ခတ်နေတဲ့ အလွန်လှုပ်ရှားမှု ပြင်းထန်တဲ့ ဂြိုဟ်တလုံးဖြစ်တယ်လို့ နက္ခတ်တာရာ ပညာရှင်တွေရဲ့ တွက်ချက်တိုင်းထွာမှုတွေအရ သိရပါတယ်။ နက္ခတ္တပညာအရဆိုရရင် ဆိုရင် ဂြိုဟ်ဆိုးကြီးပေါ့။
သောကြာဂြိုဟ်ကျပြန်တော့လည်း ဗေဒင်ပညာမှာ အချစ်၊ အိမ်ထောင်ရေး၊ ကာမဂုဏ်၊ အလှအပ၊ နူးညံ့သိမ်မွေ့မှု၊ အနုပညာ၊ အာရုံခံစားမှုတွေကို ပေးတဲ့ဂြိုဟ်၊ သောမဂြိုဟ် (ဂြိုဟ်ကောင်းကြီး) လို့ သတ်မှတ်ခံရတဲ့ဂြိုဟ်၊ အဲဒီဂြိုဟ်ကြီးဟာလည်း အက်စစ်ဓာတ်တွေများလွန်းပြီး ပူပြင်း တောက်လောင်လွန်းတာကြောင့် သက်ရှိတွေနေထိုင်ဖို့ မဖြစ်နိုင်တဲ့ဂြိုဟ်ဖြစ်နေပါတယ်။
နောက်တစ်ခု နက္ခတ်ဗေဒင်ပညာ မှာ ပါပဂြိုဟ်ကြီးလို့ သတ်မှတ်ခံရပြီး၊ စစ်မက်ဖြစ်ပွားခြင်း၊ ကပ်ရောဂါနဲ့ သွေးထွက်သံယိုမှုတွေကို ဖြစ်စေတဲ့ ပါပဂြိုဟ်ကြီးလို့ခေါ်တဲ့ အင်္ဂါဂြိုဟ်ဟာ လက်တွေ့မှာတော့ လူတွေ သွားရောက် နေထိုင်မယ်ဆိုရင်တောင် နေလို့ ဖြစ်နိုင်လောက်တဲ့ ငြိမ်းချမ်းတဲ့ ဂြိုဟ်တစ်လုံး ဖြစ်နေပါတယ်။ တစ်ချိန်တုန်းက သက်ရှိတွေ ရှိခဲ့တဲ့ အထောက်အထား တွေ ရှိတဲ့ဂြိုဟ်တစ်လုံး ဖြစ်နေပါတယ်။
တကယ်မရှိတဲ့ ရာဟု နဲ့ ကိတ်
အရှေ့တိုင်း ဟိန္ဒူနည်းစနစ်မှာ ပါဝင်နေတဲ့ ရာဟုဂြိုဟ်နဲ့ ကိတ်ဂြိုဟ် ဆိုတာကကော။ တစ်ကယ့် ဂြိုဟ်တွေဟုတ် ပါရဲ့လား။ မဟုတ်ပါဘူး။ နေပတ်လမ်းကြောင်းထဲမှာ ရာဟုဂြိုဟ်တို့၊ ကိတ်ဂြိုဟ်တို့ဆိုတာ မရှိပါဘူး။ ရာဟု နဲ့ ကိတ်ဂြိုဟ် ဆိုတာ ကမ္ဘာရဲ့ အရိပ်ဂြိုဟ်တွေသာဖြစ်ပါတယ်။ ဖန်တီးထားတဲ့ ဂြိုဟ်တွေသာဖြစ်ပါတယ်။ ဒါပေမယ့် နက္ခတ်ဗေဒင် ပညာမှာတော့ ဒီဂြိုဟ်ကြီးနှစ်လုံးကို တစ်ကယ့်ဂြိုဟ် အစစ်ကြီးတွေနဲ့ တန်းတူထားပြီး တွက်ချက်ဟောပြောနေကြတာဘဲ မဟုတ်လား။ ဒဿာစနစ်ထဲမှာလည်း ထည့်ထားပြီး တွက်ချက်ဟောပြောနေကြတာဘဲ မဟုတ်ပါလား။
နောက်ပြန်ဆုတ်သွားတဲ့ဂြိုဟ်ရှိသလား
နက္ခတ်ဗေဒင်ပညာရဲ့ သံဒိဌာန်ပြက္ခဒိန်တွေမှာတွေ့ရတဲ့ ဂြိုဟ်တွေ “ဝကြ” သွားတယ်ဆိုတဲ့ ကိစ္စ ရှိပါတယ်။ “ဝကြ” သွားတယ်ဆိုတာ ဂြိုဟ်တွေ နောက်ပြန်ဆုတ် သွားတယ်လို့ ဗေဒင်ပညာက ဆိုပါတယ်။ တကယ်တော့ နေစင်္ကြဝဠာရဲ့ ပတ်လမ်းထဲမှာ ဘယ်ဂြိုဟ်မှ နောက်ပြန်မသွားပါဘူး။ ဖြစ်ပုံက ဒီလိုပါ။
ကိုယ်က တနာရီ မိုင် (၈ဝ) နှုံး နဲ့ သွားနေတဲ့ ကားပေါ်မှာ ထိုင်လိုက် နေရင်းနဲ့ တစ်နာရီ (၄ဝ) မိုင်နှုံးနဲ့ သွားနေတဲ့ ကားကို ဖြတ်သွားလိုက်ရင် ဖြတ်သန်းနေချိန်မှာ ရှေ့ကကားဟာ နောက်ကို ဆုတ်သွားတယ်လို့ ထင်ရတယ်မဟုတ်လား။ တကယ်တော့ ဟိုကားကလည်း ရှေ့ကို သွားနေတာဘဲ မဟုတ်လား။ ဒါပေမယ့် ကိုယ့်ကားလောက် မမြန်လို့ နောက်ဆုတ်သွားတယ်လို့ ထင်ရတာပါ။
နေစင်္ကြာဝဠာမှာရှိတဲ့ ဂြိုဟ်တွေရဲ့ ပတ်လမ်းကြောင်းဟာ စက်ဝိုင်းပုံမဟုတ်ဘဲ ဘဲဥပုံဖြစ်နေလို့ တစ်ချို့နေရာတွေမှာ ဒီလိုဖြစ်သွားရတာပါ။ “ဒါဟာ ကမ္ဘာကို အလည်ဗဟိုမှာထားတဲ့ သီအိုရီရဲ့ ရလဒ် တစ်ခုလည်း ဖြစ်ပါတယ်”။ ကမ႓ာပေါ်ကနေကြည့်ရင် မြင်ရတဲ့ အမြင်ပါ။
နက္ခတ်ဗေဒင်ပညာမှာတော့ ဒီလိုဖြစ်တာကို ဂြိုဟ်နောက်ဆုတ်တာ(ဝကြသွားတာ)လို့ ယူဆပြီး ဂြိုဟ်တစ်လုံး (ဝကြ) သွားချိန်မှာ ထူးခြားတဲ့ ဟောကိန်း တွေဖြစ်လာတတ်ပါတယ်။ အကောင်းအဆိုးတွေ ဖြစ်လာပါတယ်။
ကျွန်တော်ဟာ ကိုယ်တိုင်က နက္ခတ်ဗေဒင်သမားတစ်ဦးဖြစ်ပြီး နက္ခတ်ဗေဒင်ပညာရဲ့ ချို့ယွင်းချက် အားနည်းချက်တွေကို အခုလို ဖော်ထုတ်နေရတာဟာ “ကိုယ့်ပေါင်ကိုယ် လှန်ထောင်းနေသလို” ဖြစ်နေပါတယ်။ ဒါပေမယ့် အမှန်တရားကို ကွဲကွဲပြားပြား မသိသေးသူတွေအတွက် အမှန်တရားအစစ်က ဘယ်လိုဆိုတာကို ဘက်မလိုက်ဘဲ တင်ပြနေခြင်းသာဖြစ်ပါတယ်။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ပညာကိုမှ ပုတ်ခတ်နေတာမဟုတ်ပါဘူး။ ဒါဟာ တစ်ကယ့်အမှန်တရား တွေဖြစ်တယ်ဆိုတာ သိစေချင်တဲ့ စေတနာပါ။
သိပၸံပညာ ဟုတ္တာမဟုတ္တာ အဓိကမက်ပါ
ဒါပေမယ့် ဒီလို နက္ခတ်ဗေဒင်ပညာဟာ တစ်ကယ် အစစ်အမှန်မဟုတ်တဲ့ ယူဆချက်တွေပေါ်မှာ အခြေပြုထားပေ မယ့် ဒီပညာကြီး တစ်ခုလုံးဟာ အသုံးမကျဖြစ်သွားပြီလား။ ရေစုန်မျောသွားပြီလား။ အလကား ပညာကြီးဖြစ်သွားပြီလား။ ဒီလိုတော့ မဟုတ်ပါဘူး။ ဒါကိုတော့ ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်။ ပြောခဲ့ပြီးပါပြီ။ နက္ခတ်ဗေဒင်ပညာဟာ Science မဟုတ်ပေမယ့် Occult ဆိုတဲ့ ပညာရပ်ထဲမှာ အကျုံးဝင်နေတဲ့အတွက် သူ့ဂုဏ်နဲ့သူ သီးခြားရပ်တည်နိုင်တဲ့ ပညာတစ်ခု ဖြစ်ပါတယ်။
ပိုပြီးဂုဏ်ယူစရာအကြောင်းတစ်ခုက သိပ္ပံပညာစစ်စစ်အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်တယ်ဆိုတဲ့ နက္ခတ္တပညာ ဆိုတာ ကလည်း တကယ်တော့ နက္ခတ်ဗေဒင်ပညာကနေ ပေါက်ဖွားလာတဲ့ ပညာတစ်ခုသာ ဖြစ်ပါတယ်။ နက္ခတ္တပညာ က “သား” ၊ နက္ခတ်ဗေဒင်ပညာက “အဖေ” လို့ ဆိုနိုင်ပါတယ်။ အဖြစ်ကတော့ ဒီလိုပါ။
နက္ခတ်ဗေဒင်ပညာရဲ့ မူလအစ
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၆ဝဝ) ကျော် B.C ၆၂၅ ခုနှစ် လောက်မှာ အခု “အီရတ်” နိုင်ငံတည်ရှိတဲ့ နေရာလောက်မှာ ဘေဘီလုံးနီးယန်းယဉ်ကျေးမှု ဆိုတဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခု အကြီးအကျယ် ထွန်းကားခဲ့ဘူးပါတယ်။ “ချားလ်ဒီးယန်း အင်ပါယာ” လို့လည်း ခေါ်ပါတယ်။
“ချားလ်ဒီးယန်း” တွေဟာ ပထမအကြိမ်ပျက်သုန်းသွားတဲ့ ဘေဘီလုံမြို့တော် နေရာမှာဘဲ ဒုတိယ ဘေဘီလုံမြို့တော်ကို ပြန်လည်တည်ဆောက်ပြီး “ဒုတိယ ဘေဘီလုံယဉ်ကျေးမှုကြီး” ကို ထွန်းကား စေခဲ့ပါတယ်။ ချားလ်းဒီးယန်းတွေဟာ တခြားသော အနုပညာ၊ စာပေ၊ ဗိသုကာပညာတွေထက် နက္ခတ်ဗေဒင်ပညာ ဘက် မှာ ပိုမို ထူးချွန်ပေါက်မြောက် ခဲ့သူတွေလို့ အဆိုရှိခဲ့ပါတယ်။
ကောင်းကင်မှာ နေလနက္ခတ် တွေရဲ့ လူတွေရဲ့ ကံကြမ္မာ ဆက်စပ်မှုကို လေ့လာတဲ့ နက္ခတ်ဗေဒင်ပညာဟာ ချားလ်ဒီးယန်းလူမျိုးတွေကနေ စတင် ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုကြပါတယ်။ ချားလ်ဒီးယန်းတွေဟာ နက္ခတ်ဗေဒင် ပညာကို ဘီစီ (၃ဝဝဝ) ခုနှစ်လောက်ကတည်းက တဖြည်းဖြည်းခြင်း စတင်လေ့လာနေကြပြီလို့ သမိုင်းပညာရှင်တွေက ဆိုကြပါတယ်။
ဒါပေမယ့် အဲဒီခေတ်အခါတုန်းက အခုလို နည်းပညာတွေ မဖွံ့ဖြိုးသေးတဲ့အချိန်ဖြစ်လို့ ဂြိုဟ်တစ်လုံးရဲ့ အကြောင်းကိုသိဖို့ရာအတွက် ရာစုနှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။ ဒီလို နှစ်ပေါင်း (၂၄ဝဝ)လောက်ကြာအောင် တဖြည်းဖြည်းခြင်းလေ့လာရာကနေ ဘီစီ (၆ဝဝ)ခုနှစ်လောက်ကို ရောက်လာတဲ့ အချိန်မှာတော့ ချာလ်းဒီးယန်းတွေဟာ နက္ခတ်ဗေဒင်ပညာမှာ ထိပ်တန်းကို ရောက်ရှိလာကြပါတော့မယ်။
နက္ခတ်တာရာတွေရဲ့ အကြောင်းကို ကျန်လူမျိုးစုတွေ ထက် ပိုမိုသိရှိနေပြီလို့ ဆိုနိုင်လောက်ပါတယ်။
အရှေ့ နှင့် အနောက်သို့
ဘီစီ ၆၂၅ ခုနှစ်နောက်ပိုင်းမှာ ဘေဘီလုံနိုင်ငံတော်မှာ ထိပ်တန်းရောက်နေတဲ့ နက္ခတ်ဗေဒင်ပညာဟာ ဘေဘီလုံးနီးယား ဒေသကနေ ဂရိ၊ ဥရောပ နဲ့ အာရှတိုက်ဖက်ကို ပြန့်နှံ့သွားပါတယ်။ ဥရောပတိုက်ဖက်ကို ရောက်သွား တဲ့ နက္ခတ်ပညာဟာ အနောက်တိုင်းနည်းစနစ်အဖြစ် သီးခြား ခွဲထွက်လာပါတယ်။ သူ့ကို (သာယနစနစ်) လို့ ခေါ်ပါတယ်။ အာရှတိုက်ဖက်ကို ရောက်လာတဲ့ နက္ခတ်ပညာကိုတော့ (နိယာယနစနစ်)လို့ ခေါ်ပါတယ်။
အရှေ့တိုင်းမှာ နက္ခတ်ဗေဒင်ပညာဟာ အခြားနိုင်ငံတွေထက် အိန္ဒိယနိုင်ငံမှာ အကြီးအကျယ်ထွန်းကားခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် အိန္ဒိယပညာရှင် တွေကတော့ သူတို့ရဲ့ နက္ခတ်ဗေဒင်စနစ်ဟာ တစ်ခြားနိုင်ငံတွေက ရောက်ရှိလာတာမဟုတ်ဘဲ သူ့နိုင်ငံထဲမှာသာ သီးခြား ပေါ်ပေါက်ခဲ့တဲ့ ပညာဖြစ်တယ်လို့ အခိုင်အမာ ငြင်းဆိုနေကြပြန်ပါတယ်။ ဒါကလည်း ဖြစ်နိုင်ခြေရှိတဲ့ ယူဆချက်ဖြစ်တယ် လို့ ထင်ပါတယ်။
ဟိန္ဒူ နဲ့ အီရန် ဆိုတာ အာရိယန်မျိုးနွယ်တွေပါ
ဘာဖြစ်လို့လည်းဆိုတော့ အိန္ဒိယနိုင်ငံကို ဘီစီ (၂ဝဝဝ) ခုနှစ်လောက် ကနေစပြီး “အာရီယန်” မျိုးနွယ်တွေ ဟာ တသုတ်ပြီး တသုတ် ဝင်ရောက်အခြေချ နေထိုင်လာခဲ့ပါတယ်။ ဒီ “အာရိယန်” တွေဟာ အသားဖြူသူတွေဖြစ်ပြီး ဌာနေတိုင်းရင်းသား အသားမည်းသူ “ဒရာဗီးဒီးယန်း” လူမျိုးတွေနဲ့ အမြဲတန်းလိုလို စစ်ပွဲတွေဖြစ်နေခဲ့ကြပြီး ကာလကြာရှည် လာတော့မှ အတူယှဉ်တွဲနေနိုင်လာခဲ့တာဖြစ်ပါတယ်။ အာရိယန်တွေဟာ နောင်အခါမှာ “ဟိန္ဒူအယူဝါဒ” ကို ယူပြီး “ဟိန္ဒူလူမျိုး” အဖြစ်ခံယူကြမယ့် သူတွေဖြစ်ပါတယ်။
ဒီ “အာရိယန်” တွေနဲ့အတူ “မန္တန်ပညာ” နဲ့ “ဝေဒပညာ(၄)မျိုး”ပါ တစ်ပါတည်း ပါလာတယ်လို့ ဆိုကြပါတယ်။ “အာရိယန်” တွေနဲ့အတူပါလာတဲ့ ဒီ ဝေဒပညာ(၄)မျိုး ကတော့ ” ရိဝေဒ” “သာမဝေဒ” “ယဇုဝေဒ” နဲ့ “အထဗ္ဗဏဝေဒ” တို့ဘဲဖြစ်ပါတယ်။ အဲဒီအထဲမှာ ” အထဗ္ဗနဝေဒ” ဆိုတာကတော့ “နက္ခတ် ဗေဒင်” အတတ်ပညာဘဲဖြစ်ပါတယ်။
ဒါပေမယ့် စဉ်းစားရမှာက အဲဒီ “အာရိယန်” ဆိုတဲ့ လူမျိုးတွေဟာ အရှေ့အလယ်ပိုင်း ဒေသတွေကနေ ပြောင်းရွှေ့ ရောက်ရှိလာကြတာဖြစ်ပြီး ချားလ်ဒီးယန်းတွေနဲ့ ယဉ်ကျေးမှုခြင်း၊ နယ်နိမိတ်ခြင်း နီးနီးစပ်စပ် နေခဲ့ကြသူတွေလည်းဖြစ်တယ် ဆိုတာပါဘဲ။ အာရိယန်လူမျိုးတွေရဲ့ ဘူမိနက်သန်ဖြစ်တဲ့ ယခု “အီရန်” နိုင်ငံတည်နေရာ နဲ့ ချားလ်ဒီယန်းတွေ တန်ခိုးထွား ခဲ့ဘူးတဲ့ ဘာဘီလုံးနီးယား (ယခု “အီရတ်” နိုင်ငံ) တို့ဟာ ရှေးယခင်ကတည်းက နယ်နိမိတ်ခြင်း ထိစပ်နေနဲ့ နေရာတွေပါ။
ဒါကြောင့် နောက်ပိုင်းကျမှာသာ သူ့လူမျိုးနဲ့သူ ကိုယ်ပိုင်ပညာရပ်အဖြစ် အသီးသီး တိုးတက်ချဲ့ထွင် လာကြတာ ဖြစ်ပေမယ့် မူလဘူတကတော့ ဒီနက္ခတ် ဗေဒင်ပညာဟာ အရှေ့အလယ်ပိုင်းဒေသကနေ သန္ဓေတည်ခဲ့တာလို့ ယူဆရင်တော့ မျှတမှု ရှိတဲ့ အယူအဆတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။
နက္ခတ်ဗေဒင်ပညာ နဲ့ နက္ခတ္တပညာတို့လမ်းခွဲကြပြီ
ဥရောပနိုင်ငံတွေဘက်ကို ရောက်လာတဲ့ နက္ခတ်ဗေဒင်ပညာရှင်တွေထဲမှာ တိုးတက်တဲ့ အယူအဆရှိတဲ့ ပညာရှင်တွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ “တော်လမီ၊ တိုင်ကိုဘရန့်ချ်၊ ဂလီလီယို၊ ပိုင်သာဂိုးရပ်စ်၊ နီးကိုးလပ်စ် ကော့ပါးနီးကပ်စ်၊ ကက်ပလာ နဲ့ ဂျွန်ဒီးစ်” တို့ဟာ ထင်ရှားတဲ့ သချာင်္ နဲ့ နက္ခတ်ပညာရှင်တွေဖြစ်ပါတယ်။ ဒီအထဲမှာ “နီးကိုးလပ်စ် ကော့ပါးနီးကပ်စ်” ဆိုတဲ့ ပညာရှင်က “ကမ္ဘာကို နေက ပတ်တာမဟုတ်ဘဲ နေကိုသာ ကမ္ဘာအပါအဝင် ကျန်တဲ့ဂြိုဟ် တွေက လှည့်ပတ်နေတာသာဖြစ်တယ်” ဆိုတဲ့ အယူအဆကို ဖော်ထုတ်ကြေငြာ လိုက်ပြီးတဲ့အချိန်ကနေစပြီး နက္ခတ်ဗေဒင် ပညာရှင်တွေထဲမှာ အကွဲအပြဲတွေ ဖြစ်လာပါတယ်။
အဲဒီအကွဲအပြဲတွေကနေ တိုးတက်တဲ့ အယူအဆရှိပြီး သိပ္ပံပညာကိုသာ သီးသန့်လေ့လာချင်တဲ့သူများ ပေါ်ထွက် လာကြပါတယ်။ သူတို့ဟာ ရှေ့ဖြစ်ဟော ဗေဒင်ပညာကို စွန့်လွှတ်လိုက်ကြပြီး ဂြိုဟ်၊နက္ခတ်တွေ နဲ့ စင်္ကြာဝဠာ အကြောင်းကို ပကတိအတိုင်း လေ့လာကြတော့မယ် ဆိုပြီး နက္ခတ်ဗေဒင်ပညာကနေ လမ်းခွဲထွက်လိုက်ကြပါတော့တယ်။ အဲဒီအချိန်ကနေစပြီး “နက္ခတ္တဗေဒ” Astronomy ဆိုတဲ့ သိပ္ပံပညာဟာ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ဒီပညာရဲ့ အကျိုးကျေးဇူးကြောင့် လူတွေဟာ စင်္ကြာဝဠာကြီး အကြောင်းကို ပိုမိုသိရှိလာကြပြီး ဒုံးပျံ နဲ့ ဂြိုဟ်တုတွေ တင်လွှတ်ပြီး “လ” ပေါ်နဲ့ အာကာသဟင်းလင်းပြင် ထဲမှာ ခြေချနိုင်သည်အထိ ဖြစ်လာခဲ့ကြပါတယ်။ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ် နဲ့ စနေဂြိုဟ်တွေပေါ်ကို အာကာသယဉ်တွေ လွှတ်တင်နိုင်ခဲ့ကြပါတယ်။
တစ်ချိန်တုန်းက ညအခါမှာ ကောင်းကင်ပေါ်ကို မျှော်ငေးကြည့်ရတဲ့ ဂြိုဟ်တွေ ဆီကို လူကိုယ်တိုင် အရောက်သွားနိုင်ဖို့ အထိ ကြိုးစား လာကြပါပြီ။ အခုအချိန်မှာ လပေါ်ကိုခြေချနိုင်ခဲ့ပြီး သိပ်မဝေးတဲ့အချိန်မှာ အင်္ဂါဂြိုဟ် နဲ့ စနေဂြိုဟ်များပေါ်ကို လူသားတွေ ခြေချ နိုင်ဖွယ်ရှိပါတယ်။
နက္ခတ်ဗေဒင်ပညာကို မစွန့်လွှတ်နိုင်ကြခြင်း
ဒီလို နက္ခတ္တပညာရပ်ဟာ သိပ္ပံပညာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာကြောင့် မူလအစ(လက်ဟောင်း) ဖြစ်တဲ့ နက္ခတ်ဗေဒင်ပညာဟာ ပျောက်ကွယ်သွားသလားဆိုတော့ ပျောက်ကွယ်မသွားခဲ့ပါဘူး။ ဒီလို ပျောက်ကွယ်သွားခြင်း မရှိတာဟာ သူ့မှာလည်း ကောင်းတဲ့အချက် တစ်ခုတော့ ရှိလို့ဆိုတာကို သက်သေပြ နေခြင်းဖြစ်ပါတယ်။
ယနေ့အလွန်တိုးတက်လှ ပါတယ်ဆိုတဲ့ (၂၁)ရာစုခေတ် အချိန်ထိအောင် ကမ္ဘာ့လူဦးရေ အများစုဟာ နက္ခတ်ဗေဒင်ပညာကို လက်ခံလျှက် ရှိနေပါ သေးတယ်။ အမေရိကန်နိုင်ငံလို အလွန်တိုးတက်ပြီး ရုပ်ဝါဒီ လွှမ်းမိုးတဲ့ နိုင်ငံမှာတောင်မှ ဗေဒင်ပညာကို ပွင့်ပွင့်လင်းလင်း ယုံကြည်သူပေါင်း သန်းပေါင်းများစွာရှိပါတယ်။ ယုံကြည်ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်မခံတဲ့သူတွေလည်း သန်းပေါင်းများစွာ ရှိပါတယ်။
အမေရိကန်နိုင်ငံမှာ ဂုဏ်သိက္ခာရှိပြီး စောင်ရေ သန်းနဲ့ချီပြီး ထုတ်ဝေ ရတဲ့ ” နယူးယောက်တိုင်းမ်” လို သတင်းစာကြီးမှာ ဗေဒင်အခန်းကဏ္ဍ အမြဲတန်း ပါဝင်နေတာကို ကြည့်ခြင်းအားဖြင့် အမေရိကန်နိုင်ငံသားတွေထဲမှာ ဗေဒင်ယုံကြည်သူ အလွန်များပြားလို့သာဖြစ်ကြောင်း သက်သေပြ နေပါတယ်။
အနာဂါတ်ကို ပြောပြနိုင်တဲ့ ထိုပညာ
လူတွေဟာ ဗေဒင်ပညာကို ဘာလို့ စိတ်ဝင်စားကြသလဲ။ အလွန်တိုးတက်ပါတယ်ဆိုတဲ့ ယနေ့ခေတ် ထိအောင် ဘာဖြစ်လို့လက်ခံနေကြသလဲ။ ဒါကရှင်းပါတယ်။ အလွန်တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ လူတွေဟာ ဟိုးအရင်တုန်းက မသိခဲ့ကြတဲ့ အကြောင်းအရာပေါင်းများစွာကို သိပ္ပံပညာအကူအညီကြောင့် သိရှိလာကြပေမယ့် ကိုယ်ကိုယ်တိုင်ရဲ့ အနာဂါတ် ကို တော့ မသိနိုင်ကြသေးတဲ့ အကြောင်းကြောင့်ပါ။
“လူတိုင်းလောက်နီးနီး” ကိုယ့်ရဲ့ အနာဂါတ်ကို သိချင်ကြပါတယ်။ ရှေ့နှစ်မှာ ကိုယ်ဘာဖြစ်မလဲသိချင်ကြပါတယ်။ ကိုယ်ဘယ်သူနဲ့ အိမ်ထောင်ကျမလဲ ဆိုတာသိချင်တယ်။ အိမ်ထောင်ရေး၊ စီးပွားရေး အဆင်ပြေမလားဆိုတာ သိချင်ကြတယ်။ စီးပွားရေးအခက်အခဲကနေ လွတ်မြောက်နိုင်မလား ဆိုတာကို သိချင်ကြတယ်။ ဘယ်တော့ ချမ်းသာမယ်၊ ရာထူးတက်မယ်ဆိုတာကို သိချင်ကြတယ်။
ဒါတွေကို ကျန်တဲ့ သိပ္ပံပညာတွေက ပြောမပြနိုင်ကြပါဘူး။ ဒါပေမယ့် နက္ခတ်ဗေဒင်ပညာက ဖြေရှင်းပေးနိုင်ပါတယ်။ အမှန်တရားနဲ့(အနီးစပ်ဆုံး) ကို ပြောနိုင်ပါတယ်။ သူ့ဟာသူ သိပ္ပံနည်း ကျတာ မကျတာ ထား။ ဒီလို ပြောနိုင်တာဟာ ဂုဏ်အရည်အချင်းတစ်ခုပါဘဲ။
ရှေ့ဖြစ်ဟောဗေဒင်ပညာထဲက ပညာတစ်ခုမျှသာ
နက္ခတ်ဗေဒင်ပညာဆိုတာ တကယ်တော့ “ရှေ့ဖြစ်ဟောဗေဒင်ပညာ” ဆိုတဲ့ မိခင် ဘာသာရပ်ကြီးတစ်ခုထဲက ပညာရပ်အခွဲ တစ်ခုသာ ဖြစ်ပါတယ်။ ဗေဒင်ပညာဆိုတာ အများကြီးရှိပါတယ်။
လူတွေတော်တော်များများသိကြတာတော့ ဗေဒင်ဆရာ ဆိုတာ အနာဂါတ်ကို ဟောတဲ့ ဆရာဆိုတာတော့ သိကြပါတယ်။ ဒါပေမယ့် ဘာပညာကို သုံးပြီး ဟောပြော ကြသလဲ ဆိုတာတော့ မသိကြပါဘူး။ လက္ခဏာပညာ နဲ့ ဗေဒင်ပညာကိုလည်း အတူတူဘဲလို့ ထင်ကြတဲ့အတွက် ဗေဒင်ဆရာရှေ့ ရောက်လာရင် လက်ဖဝါးကို အရင်ဆုံး ဖြန့်ပြတတ်ကြပါတယ်။ တစ်ကယ်တော့ လက္ခဏာပညာ ဆိုတာ ကလည်း “အတတ်ဟောဗေဒင်ပညာရပ်ကြီး” တစ်ခုလုံးထဲမှာ ပါဝင်နေတဲ့ ပညာရပ် တစ်ခုမျှသာဖြစ်ပါတယ်။
နက္ခတ်ဗေဒင်၊ မဟာဘုတ်၊ သုံးတန်ပေါ်နိစ်၊ အင်္ဂဝိဇ္ဇာ၊ ဂဏန်းဗေဒင် ၊ တားရော့ဗေဒင်၊ ကြွေဗေဒင်၊ ဖဲဗေဒင်၊ တူဗေဒင်၊ ယိချင်းဗေဒင်၊ လက္ခဏာပညာ၊ ဆန်းပညာ၊ အင်္ဂရုပ်ပညာ၊ ဖန်လုံးကြည့်ဟောတဲ့ပညာ၊ အကြားအမြင်ပညာ၊ အယူတော်မင်္ဂလာ နိမိတ်ပညာ စတဲ့ ရှေ့ဖြစ်ဟောတဲ့ ပညာဟူသမျှ ဗေဒင်ပညာချည်း ပါဘဲ။ သီးခြားစီ လေ့လာရတဲ့ ပညာတွေဖြစ်ပါတယ်။
လမ်းဘေးမှာ ဟောနေတဲ့ ကြွေဗေဒင်ပညာနဲ့ လေအေးပေးစက်တပ်ထားတဲ့ အခန်းကြီးထဲမှာ လက်ပ်တော့ ကွန်ပျူတာနဲ့ တွက်ချက်ဟောနေတဲ့ နက္ခတ်ဗေဒင်ပညာဟာ သဘောတရားကတော့ အတူတူပါဘဲလို့ ပြောလိုက်လို့ နက္ခတ် ဗေဒင်ပညာရှင်တွေ တော်တော် အခံရခက် သွားကြ မလား မသိပါဘူး။ ဒါပေမယ့် ဒါဟာ အမှန်တရား ဆိုတာ မငြင်းနိုင်ပါဘူး။ ဘယ်ဗေဒင်မျိုးဘဲဖြစ်ဖြစ် အားလုံးဟာ ရှေ့ဖြစ်ကို ဟောကြတာချည်းမဟုတ်လား။
အေဟာ မွန္ကန္ဖို႕သာ အဓိကပါ
ငှက်ပစ်တဲ့နေရာမှာ လောက်လေးဂွနဲ့ဘဲ ပစ်ပစ်၊ လေသေနတ်နဲ့ဘဲ ပစ်ပစ် အဓိက အချက်ကတော့ ငှက်ကို ထိမှန်ဖို့သာ ဖြစ်ပါတယ်။ မဟာဘုတ်နဲ့ ဟောဟော၊ K.P စနစ် နဲ့ဟောဟော၊ တြိစက္က နဲ့ဟောဟော၊ အဋ္ဌဝဂ္ဂ နဲ့ဟောဟော၊ သရောဒယ နဲ့ဟောဟော ၊ နဒီ နဲ့ဟောဟော မှန်ကန်ဖို့သာ အဓိကကျပါတယ်။
ဗေဒင်လောကမှာ အဆင့်မြင့်ပါတယ် လို့ သတ်မှတ်ထားတဲ့ K.P ပညာရှင်တို့၊ နက္ခတ်ပညာရှင်တို့၊ သရောဒယပညာရှင်တို့၊ ကွန်ပျူတာ ပရိုဂရမ်မာတို့ စတဲ့ နာမည်တွေကို ခံထား ပေမယ့်လည်း လက်တွေ့ဟောပြောတဲ့နေရာမှာ “မဟာဘုတ်” နဲ့ “သုံးတန်ပေါ်နိစ်” တို့ လောက်မှ မမှန်ဘူးဆိုရင်လည်း သိပ်ဟန်မကျလှပါဘူး။ လေသေနတ်ကြီး တရမ်းရမ်းနဲ့ ဟန်ရေးပြ နေပေမယ့် ငှက်တစ်ကောင်မှ မရတဲ့လူလိုဖြစ်နေမှာပါ။
ကျွန်တော်ကိုယ်တိုင်လည်း တစ်ချိန်က K.P (ကေပီ) သမား၊ နက္ခတ်ဗေဒင် သမား တစ်ဦး ဖြစ်ခဲ့ပြီး “မဟာဘုတ်၊ မဟုတ်ပါ” လို့ ရှုတ်ချခဲ့ပြီး၊ ကိုယ်ကိုယ်ကို K.P (ကေပီ) သမားလို့ ဂုဏ်ယူဝင့်ကြွားခဲ့ဘူးပေမယ့် အခုအချိန်မှာတော့ မဟာဘုတ်နဲ့ အင်္ဂဝိဇ္ဇာကို မြတ်မြတ်နိုးနိုး လေ့လာနေရပါပြီ။
အပေါ်ယံလောက်သာ လျှပ်မကြည့်ဘဲ နက်နက်နဲနဲ လေ့လာကြည့်ရင် ဘယ်ပညာမဆို လျှို့ဝှက်ချက်တွေရှိပါတယ်။ အပေါ်ယံကြည့်ရုံနဲ့ အထင်ကြီးမှု၊ အထင်

ဗေဒင် နဲ့ အကြွေးရလိုမှု —————————–

အကြွေးရဖို့အတွက် ယတြာခြေကြတယ် ။
ယတြာခြေ ဓါတ်ရိုက် ရင် ရော တကယ် အကြွေးရပြီလား ဗျာ
..
အဲဒီမှာ ၃ ချက်ရှိပါတယ်။
၁။ ရွိရက္သားနဲ႕ မေမးတဲ့ သူ
အဲဒီလူကတော့ ဓါတ်ရိုက်ဓါတ်ဆင်လုပ်ရင် ၂ ပတ် အတွင်းလာပေးတာကို တွေ့ရပါတယ်။
၂။ ပေးစရာ မရှိ အကြွေးများနေတဲ့ သူ
အဲဒီလူကို ဓါတ်ရိုက် ရင်တော့ သူရှိလာတဲ့ အခါ ကိုယ့်ကို အရင်လာပေးပါတယ်။
၃။ လုံးဝ အဆင်မပြေ၊ အကြွေးများလို့ ထွက်ပြေးသွားတဲ့သူ ၊ ရှောင်ပုံးနေတဲ့သူ
အဲလိုလူမျိုးကတော့ ဆုံးဖို့များနေပါပြီ ဒါပေမဲ့ ယတြာလုပ်ရင်တော့
အဲဒီငွေ အတိုင်း တစ်ဖက်လုပ်ငန်း က ပြန် ဝတ်လာတတ်ပါတယ်််ဗျာ ..
အကြွေးရချင်ရင်တော့
————————
၁။ လက်ပံညွန့် ( ၃၆)ညွန့်ကို အိုးလေးတစ်အိုးထဲမာ ရေနဲ့အတူထည့်ပြီး ဘုရားစင်မှာ ၃၆ ရက်တင်ထားပါ။ ၃၆ ရက်လုံး အဲဒီအိုးကို မထိနဲ့ မကိုင်နဲ့ ။
၃၆ ရက်ပြည့်မှာ စွန့်ပါ။
၂။ လင်ပန်းပေါ်မှာ လစ်ပို ပုလင်း တင်ပြီး လစ်ပိုပုလင်းမှာ အကြွေးရလိုသူ၏အမည်ရေးပြီး အပေါ်မှာ ဖယာင်းတိုင်တစ်တိုင် တင်ထွန်းပူဇော်ပေးပါ။ မနက် တစ်တိုင် / ည တစ်တိုင် ထွန်းညှိပူဖော်ပေးပါ။
၃။ ကွမ်းရွက်မှာ အကြွေးရလိုသူ၏အမည်ကို ရေးပြီး ကလပ်ပေါ်တင်ပြီး ကွမ်းရွက်ပေါ် ချောကလက်တင်လှူ ပြီး ဆုတောင်းရပါတယ်။ ကွမ်းရွက်က ၂ ရွက် ချောကလက်က ၂ ခုပါ ။ (နှစ်ရွက်စလုံးမှာ အကြွေးရလိုသူများကိုရေးပါ)
အဲဒါက မနက် ၁၀ နာရီမှာ ၁၀ ရက်ဆက်တိုက် လှူပြီး ဆုတောင်းရပါတယ်။
၄။ မုန့်လုံးရေပေါ် ၂၇ လုံးကို ကြွေပန်းကန်ပြားပေါ်တင်ပြီး လှူပေးပါ။ အကြွေးရလိုသူများ၏ အမည်ကို ကွမ်းရွက်မှာ ရေးပြီး အောက်က ခင်းပြီး
အပေါ်က မုန့်လုံးရေပေါ်တင်ပြီး လှူပေးပါ။
အဲလို လှူပြီးတော့ ရသေ့ကြီး ဦးခန္ဒီရဲ့ ဂါထာကို ပုတီးစိတ်ပေးပါခင်ဗျာ ..
ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ဂါထာတော်။
အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊
အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊
စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊
သုခံ ဒံ ၊ သရဏံ ၊ ပဏာ မာမိ ဇိနံ။
တစ်လ အတွင်း ၈၀ % ပြန်ရပါတယ်။ ဆိုလိုတာက ၁၀ ယောက်လုပ်ခိုင်းရင်
၈ ယောက်ပြန်ရပါတယ်။ ကျန်တဲ့သူတွေကတော့ ၂ လ ၃ လ အတွင်းပြန်ရ ကြပါတယ်။
စမ်းကြည့်ပေါ့ဗျာ …. မကြာမကြာလည်း သွားတောင်းပေါ့။
သွားတောင်းတဲ့အခါ ဘယ်လက်ဝါးမှာ အကြွေးရလိုသူ၏အမည်ရေးပြီး
ညာလက်က သြဇာညွန့်ကို ကိုင်ပြီး ဘယ်လက်အမည်နေရာကို ညာလက်သြဇာညွန့် နဲ့ ရိုက်ပြီး ငါ့ အကြွေးအမြန်ပြန်ပေးတော့ ဆိုပြီး
၉ ချက် ရိုက်ပြီး သွားတောင်းပါ ။ ကပ်တီးကပ်ဖဲ့လူဆိုရင် ၂၇ ချက်လောက်
ရိုက်ပြီး သွားတောင်းပါ ။ အဲဒီသြဇာညွန့်ကို အိပ်ကပ်ထဲထည့်သွား
ဖြစ်နိုင်ရင် ချောကလက် စားသွားပါ ။ ၈၀ % ပြန်ရပါတယ် ဗျာ ။
အားလုံး အကြွေးပူခြင်း ဒုက္ခမှ ကင်းဝေးနိုင်ကြပါစေ ခင်ဗျာ …
Post by -ဗေဒင်ပေ့

သရဏံဂုံ ( ၃၀ )မန္တာန် နှင့် ကျွန်တော်ကိုယ်တွေ့ (၁) ————————-

ပဲခူးမြေကိုအခြေပြန်ချဖြစ်တာသိပ်မကြာသေးပါ။ အလုပ်နဲ့ပက်သက်ပြီးနေရာအနှံ့အပြားကိုခြေဆန့်ခဲ့သည်။ မြို့ တော်တော်စုံစုံရောက်သလို တောတောင်တွေထဲလဲရောက်ခဲ့ရသည်။
အခုတော့ခရီးသွားရမဲ့ကိစ္စတွေ ၊ဗျာများပြီးတည်ငြိမ်မှုကင်းတဲ့အလုပ်တွေကို ကျောခိုင်းထားချင်ပြီ။
ဇာတိမြေအိမ်ကိုပြန်ရောက်တိုင်း ပထမဆုံးရောက်ဖြစ်တာက ရွှေမော်ဓောစေတီတော်မြတ်ကြီးပါ။
ကလေးဘဝကတည်းက အမြဲလိုလိုရောက်ဖြစ်သည့်စေတီတော်။ ရင်ပြင်တော်ကျယ်၍ မိမိတို့ကြိုက်နှစ်သက်ရာ အာရုံခံတန်ဆောင်းတွင် ဘုရားရှိခိုး၊ ဂုဏ်တော်ပွား ၊မေတ္တာပို့၊အမျှဝေပြီးအေးချမ်းစွာ တရားနှလုံးသွင်းလို့ရသည်။
ကျွန်တော်ကတော့ဘုရားဝတ်ပြုပြီးတိုင်းအင်္ဂါထောင့်နားရှိခရေပင်ကြီးအောက်မှာထိုင်ပြီး ဘုရားရှင်၏ဉာဏ်တော်ကို ဖူးမဝဖြစ်ရသည်။
ရာသီချိန်မဟုတ်၍ ခရေပန်းတွေမပွင့်သေး။ မိုးနံ့ကလေးကျန်သေး၍ ခရေရွက်တွေစိမ်းစိုနေသည်။ ရွက်ခြေက်တွေမရှိ။ ခရေပင်ကြီးအောက်ရောက်တိုင်းလွန်ခဲ့သော ဆယ်စုနှစ်ကျော်အချိန်ကအဖြစ်အပျက်လေးကိုပြန်တွေးမိရင်း….သတိရရင်းနှင့်………..
———————————————————
ရာသီက ဆောင်းရာသီကုန်ခါနီး။ လက်ကျန်ဆောင်းက စာမဖွဲ့တတ်အောင်အေးသည်။မြောက်ပြန်လေက ခန္ဓာကိုယ်အတွင်းပိုင်းထဲ ထိုးဖောက်ဝင်ရောက်သွားသလိုခံစားရသည်။
အေးမြခြင်းတွေက အရိုးကွဲမတတ်။ လေကတဖြေးဖြေးတိုက်ခတ်နေဖြင့် ပဲခူးရွှေမောဓောဘုရားကြီးထီးတော်ရှိခေါင်းလောင်းတွေရဲ့ တချွမ်းချွမ်း မြည်သံက သာယာနာပျော်ဖွယ်ကောင်းလှသည်။
မနက်စောစောဘုရားဖူးရသည့်အရသာက အေးငြိမ်းချမ်းသာမှုအပြည့်ပေးသည်။ ကျီးမနိုးချိန်ဖြစ်၍ ကာယဝိဝေက ၊ စိတ္တဝိဝေကရှိတဲ့အတွက် ဘုရားကိုအာရုံပြုလို့ကောင်းသည်။
မနက်လေးနာရီခွဲဝန်းကျင်လောက်ဆိုရင် ရွှေမောဓောဘုရားရင်ပြင် တံခါးဖွင့်သည်။ တစ်ခါတလေ ကိုယ်ရောက်တာစောရင်တံခါးမဖွင့်သေး၍ ဘာဂျာတံခါးနားထိုင်စောင့်ရတတ်သည်။
ပန်းဆိုင်ကနေ အောင်သပြေပန်း ၊ စံပယ်ပန်းဝယ်သည်။ ဘုရားပန်းကပ်၊ ဘုရားရှိခိုး၊ပုတီးစိတ် ၊ မေတ္တာပို့ပြီးရင် ရင်ပြင်တော်ရှိအာရုံခံတန်ဆောင်းတွေမှာ တံမြက်စည်းလှည်းသည်။ ထိုနောက်အင်္ဂါထောင့်ရှိ ခရေပင်ကြီးအောက် တဖြုတ်ဖြုတ်ကြွေနေသော
ခရေရွက်ခြောက်တွေကိုလှည်းထုတ်ဖြစ်သည်။
ခရေပန်းကောက်ပြီးဘုရားကပ်သူတွေအတွက် အရွက်ခြောက်တွေမရှိတော့ပန်းကောက်ရတာ အဆင်ပြေကြသည်။ အာရုံခံ တန်ဆောင်းတွေသန့်ရှင်းရေးလုပ်ပြီးတိုင်း ၊ ခရေပင်အောက် တံမြက်စည်းလှည်းဖြစ်သည်။ တစ်ခါတလေသူများဦးစွာ လှည်းသွားတာမျိုးလဲရှိသည်။
ဒီနေ့မနက်တော့ ဘယ်သူ့မှခရေပင်အောက်တံမြက်စည်းလှည်းတာမမြင်သေး။ကျွန်တော်တံမြက်စည်းနှစ်ချောင်း ကိုင်ပြီးဘယ်ညာ စုံလှည်းသည်။
တံမြက်စည်း လှည်းနေရင်း သစ်သားနှင့် ကြမ်းခင်းရိုက်သံကြားရပြီး ပွတ်လုံးနှင့် ချောထားသောသစ်သားတုတ်ချောင်းလေးတစ်ချောင်း ကျွန်တော့်အရှေ့ကို လှိမ့်လာသည်။
လာရာဘက်ကိုလှည့်ကြည့်တော့ ခရေပင်အောက် ထိုင်နေသည့်အဘတစ်ဦးနှင့် မျက်လုံးခြင်းဆုံသည်။ထိုအဘ၏မျက်လုံးတွေကစူးရှတောက်ပလွန်းသည်။ သူ့မျက်လုံးအကြည့်ဒဏ်ကိုကြာကြာမခံနိုင်။မျက်နှာလွှဲလိုက်ရသည်။
ကချင်ပုဆိုးနှင့်လိုက်ဖက်စွာ အကျီင်္အဖြူဝတ်ဆင်ထားပြီး ယောဂီရောင်သဘက်ကိုခေါင်းပေါင်း
ပေါင်းထားသည်။အသက်ကတော့ ၇၀ ဝန်းကျင်လောက်ရှိမည်ထင်သည်။
ကျွန်တော် တုတ်လေးကိုကောက်ပြီး
” အဘ ဒီတုတ်လေးက အဘ ပစ္စည်းလား”
” ဟုတ်တယ် ငါ့မြေး”
“တောင်ဝှေး အလွယ်တကူမတွေ့တာနဲ့ တုတ်လေးယူလာခဲ့တာ
ဒီခရေပင်အောက်မှာ အညောင်းပြေထိုင်ရင်း
တုတ်လေးထောင်ထားတာ
လေတိုက်တော့ ငါ့မြေးဆီ လိမ့်သွားတာပဲ”
“လိမ့်တာပေါ့အဘရာ တောင်ဝှေးလိုထိပ်က အကောက်လေးမှမပါတာ”
” ငါတူက ပဲခူးကပဲလား”
” ဟုတ္ပါတယ္အဘ “
” ငါ့တူ တန်ဆောင်းတွေမှာတံမြက်စည်းတွေ
လှည်းနေတာသတိထားမိတယ်
နေတိုင်းလှည်းတာလား”
” မနက်တိုင်းနီးပါးတော့ လှည်းဖြစ်တယ်အဘ
ခရီးသွားစရာ မရှိရင်တော့ဘုရားကိုလာဖြစ်တာများ ပါတယ်”
“ကောင်းတာပေါ့ကွာ တံမြက်စည်းလှည်းကုသိုလ်ယူတာ အတိုက်အခံကင်းတယ်
ကိုယ့်ကိုမနာလိုမုန်းထားတဲ့ သူ နည်းတာပေါ့ကွ
ဒါနဲ့စကားမဆက် ငါ့တူက အင်္ဂါသားလား”
ရင်ထဲဒိတ်ခနဲဖြစ်သွားဖြစ်သွားသည်
ဘယ်လိုများသိတာလဲပေါ့
” ဟုတ္ပါတယ္အဘ
ကျွန်တော့်နာမည် (စိုး……..)ပါ”
” ဟုတ်တယ်ဆို ငါတူအခု လေ့လာနေတဲ့ပညာရပ်တွေနဲ့ ငါ့တူနာမည်ကြီးလာလိမ့်မယ်”
” အခုဗေဒင်ပညာလေ့လာနေပါတယ်အဘ”
အဲဒီတုန်းက ဗေဒင်ပညာသင်ကြားနေပြီး မိတ်ဆွေတွေကိုအနည်းအကျဉ်းပြန်ဟောနေချိန်ဖြစ်သည်။
ဒါပေမဲ့ငါမြေး အလုပ် နေရာထိုင်ခင်းမမြဲဘူး အလုပ်စုံ နေရာစုံကျင်လည်ရအုံးမယ်
သက်လတ်ပိုင်းလောက်မှ မိမိတတ်ကျွမ်းတဲ့
ပညာနဲ့ရပ်တည် ကျော်ကြားလိမ့်မယ်”
ဆက်ရန်
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)