အကြွေးကိစ္စများအတွက် ယတြာလက်ဆောင်
အကြွေးလို့ပြောလိုက်တာနဲ့ လူနှစ်မျိုးရှိတယ်ဆိုတာသိကြပါလိမ့်မယ်။ အကြွေးယူသူနဲ့ အကြွေးရှင်ပါ။ ကျွန်တော်ကတော့ အကြွေးဆိုတဲ့စကားလုံးကို နှုတ်ထဲမှာ ရေရွတ်မိတိုင်း စိတ်ထဲမှာထိန့်လန့်အားငယ်စိတ်မျိုးဝင်မိတာတော့အမှန်ပါပဲ။ ငယ်ရွယ်စဉ် အလယ်တန်းကျောင်းသားဘဝတွေမှာတော့ အကြွေးရှင်တွေ အိမ်ရှေ့လာပြီးတောင်းတိုင်း အားငယ် ခဲ့ရသည်။ အကြွေးတွေဝိုင်းပြီး အဆင်မပြေတဲ့ဘဝတွေကို အချိန်အတော်ကြာဖြတ်သန်းခဲ့ရသည်။ ငွေကြေးတတ် နိုင်တဲ့ အမျိုးအရင်းကြီးတွေဆီကတောင် ပိုက်ဆံချေးရင် နှစ်ဆယ်တိုးနဲ့ယူတာမြင်ရတွေ့ရသည်။ ဆွေမျိုးမဟုတ် […]
အိမ်ထောင်ဘက်နှင့် ရွေးချယ်မှု
အရင်အပတ်က အိမ်ထောင်ဘက်ဟာမိမိထက် အသက်ကြီးတာကောင်းလား ငယ်တာကောင်းလား ဆိုတဲ့ခေါင်းစဉ်နဲ့ပက်သက်ပြီး voting တစ်ခုလုပ်ခဲ့ပါသေးတယ်။ အားလုံးသတိထားမိမယ် ထင်ပါတယ်။ voting result အရတော့ အသက်ကြီးတဲ့အိမ်ထောင်ဘက်က ပိုကောင်းတယ် ဆိုတဲ့ ရာခိုင်နှုန်းကပို များပါတယ်။ လက်တွေ့ဘဝထဲမှာတော့ ဘယ်ဖွားဇာတာတွေက ဘယ်လိုအိမ်ထောင်ဘက်ကို ရွေးရမလဲ …ဆိုတာက တော့ စဉ်းစားစရာပါပဲ။ အိမ်ထောင်ဘက်ဆိုတာကတော့ မိမိနဲ့ဖူးစာရေစက်ပါသူပါပဲ။ […]
ကံညံ့တော့မယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?
ညအချိန်တွေ စာမရေးဖြစ်တာမျိုးနဲ့ လိုင်းပေါ်မှာ ဗေဒင်ဟောစရာ မကျန်တဲ့ နေ့မျိုးဆိုရင် ခပ်စောစော အိပ်ရာဝင်ဖြစ်ပါတယ်။ အဲလိုနေ့မျိုးဆို မနက်၄:၃၀လောက် အိပ်ရာနိုးနေတတ်ပါတယ်။ ဒီမနက်လဲ အိပ်ရာဝင်စောတာကြောင့် စောစောနိုးနေပြန်ပါပြီ။ ဒါကြောင့်ပဲ မျက်နှာသစ်ပြီး အိမ်နဲ့နီးတဲ့ ရွှေမောဓောဘုရားဆီ ခြေလျင်လျှောက်လာခဲ့မိတယ်။ အလုပ်ကလဲ အထိုင်များတဲ့ အလုပ်ဆိုတော့ ဝိတ်က သိသိသာသာတတ်နေတာပါ၊ ကျန်းမားရေးကောင်း ကုသိုလ်လဲရအောင် ဘုရားရင်ပြင်ပတ်ပြီး မေတ္တာသုတ်ပွားနေမိတယ်။ နံနက် […]
ဂဏန်းသမားများအားလုံးအတွက် အကျိုးပေးအရောင်နှင့် အဆောင်ရတနာများ
(1,10,19,28) ရက်မွေးသူများ (၁) ဂဏန်းဖွား တွေအတွက်အကျိုးပေးအရောင်-ရွှေရောင်၊ အဝါရောင် ။အကျိုးပေးကျောက်မျက်ရတနာ- စိန်၊ ပတ္တမြား၊ ပယင်း(2,11,20,29) ရက်မွေးသူများ (၂) ဂဏန်းဖွားများအတွက်အကျိုးပေးအရောင်-အစိမ်းရောင်အကျိုးပေးကျောက်မြတ်ရတနာ-ကျောက်စိမ်း၊ ပုလဲ။(3,12,21,30) ရက်မွေးသူများ (၃) ဂဏန်းဖွားများအတွက်အကျိုးပေးအရောင်- အပြာရောင်၊ ခရမ်းရောင်အကျိုးပေးကျောက်မြတ်ရတနာ- ကျောက်နီ၊ ဂေါ်မုတ်(4,13,22,31) ရက်မွေးသူများ (၄) ဂဏန်းဖွားများအတွက်အကျိုးပေးအရောင်- အညိုရောင်အကျိုးပေးကျောက်မြတ်ရတနာ- နီလာ(5,14,23) ရက်မွေးသူများ (၅) ဂဏန်းဖွားများအတွက်အကျိုးပေးအရောင်- […]
#အညံ့စားဝီရိယများ
ကျွန်တော့်ပတ်ဝန်းကျင်မှာ ကောက်ရိုးမီး စိတ်ဓာတ်တွေများနေကြတယ်။ ကျွန်တော်ပြောတာလက်မခံရင် အနည်းငယ်စောင့်ကြည့်လိုက်ပါ။ shortcut (ဖြတ်လမ်း) ဆိုတဲ့စကားလုံးဟာ လူတွေရဲ့သည်းခြေကြိုက်စကားပေါ့ ။အလွယ်လမ်းဆိုအရမ်းသဘောကျတတ်တယ်။အဲဒါကြောင့်ပဲ ရက်တိုသင်တန်းတွေက အလွန်အောင်မြင်ကြတယ်။ အင်္ဂလိပ်စာလေ့လာမယ်ဆိုပါစို့။ အစကတော့ ငါ native speaker တစ်ယောက်လိုကျွမ်းကျင်ရမယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ ပေါ့။ သုံးလလောက်လဲ ကြာရော ထမင်းစား၊ရေသောက်လောက်တတ်ရင်တော်ပါပြီဖြစ်သွားရော။ ကျွန်တော်တို့ကိုးကွယ်တဲ့ ဗုဒ္ဓက လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတယ်။ သဗ္ဗညုတဉာဏ်ကို လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးလေ……။ […]
#သင်္ကြန်အိပ်မက်
စာအုပ်ပုံရှင်းရင် အသက်၁၉နှစ်လောက်(ကျောင်းပြီးချိန်)က ရေးထားတဲ့ ဝတ္ထူတိုလေးပြန်တွေ့လို သင်္ကြန်အလွမ်းပြေတင်ပေးလိုက်ပါတယ်။ မဂ္ဂဇင်းတွေ ခေတ်စားချိန်က ရေးပို့ထားတဲ့ ဝတ္ထူလေး ….စာမူပါမပါတော့ မသိတော့…။ အရေးအသားအားနည်းပေမယ့် ငယ်ဘဝကိုပြန်ရောက်သွားစေတာတော့အမှန်….။ #သင်္ကြန်အိပ်မက်‘’ကိုကို…….မနက်ဖြန်ဆိုစာမေးပွဲကြီး ပြီးတော့မယ်နော်…မကြာခင်သင်္ကြန်လဲကျတော့မယ်….ပိတောက်တွေ ဖူးနေပြီ…သင်္ကြန်မိုးမရွာရင်တော့ဒုက္ခပဲနော်ကိုကို …ဒီပိတောက်တွေက နောက်ကျမှပွင့်တော့မယ်….. ‘’မိန်းကလေးပီပီ သင်္ကြန်အမီ ပိတောက်တွေမပွင့်မှာကို တွေးပူနေတဲ့ချစ်သူ… …‘’ကိုကိုကဗေဒင်တတ်တာပဲ…မိုးတားတဲ့နည်းတွေဗေဒင်မှာရှိတယ်လေ…မိုးခေါ်တဲ့နည်းလဲရှိမှာပဲ…သင်္ကြန် မတိုင်ခင် သင်္ကြန်မိုးလေးရွာအောင်လုပ်ပေးလေ…ဒီပဲခူးကောလိပ်ထဲပိတောက်တွေနဲ့ဆိုအရမ်းလှမှာ…ကိုကို….’’ချစ်သူကတစ်ခါတလေ ကြံကြံဖန်ဖန်တွေ ပူဆာတတ်သူ..‘’အချစ်ရယ်…..သင်္ကြန်မိုးရွာအောင်လုပ်ဖို့မလိုပါဘူး….ဟိုမှာတွေ့လား…. over head […]