မင်္ဂလာရက်မြတ် လက်ထပ်ရာဝယ် ရွှေဂဟေတွဲ သစ္စာမြဲစေဖို့-၂
ဒီဆောင်းပါးရေးဖို့ဖြစ်လာတာက မိတ်ဆွေတစ်ဦးရဲ့မေးခွန်းကြောင့်ပါ။ လိုရင်းပဲပြောကြရအောင်ဗျာ။အားတဲ့ ရက်တွေမှပဲ ကျွန်တော်က လူတွေ့မေးမြန်းခြင်းကို လက်ခံလေ့ရှိပါတယ်။တစ်နေ့ အိမ်မှာဗေဒင်ဟောနေချိန် ကျွန်တော့်မိတ်ဆွေကလဲ ကျွန်တော်အိမ်မှာရှိနေချိန်ပါ။ အားလပ်ရက်ဆိုတော့ ကျွန်တော့်ရဲ့စာအုပ်စင်ကို သူလာပြီး မွှေတာပါ။ ကျွန်တော်ကလဲ ဗေဒင်မေးတဲ့ပရိတ်သတ်တွေကို ခြံထဲမှာပဲခုံခင်းပြီးတွေ့ဆုံလေ့ရှိပါတယ်။ သစ်ရိပ်ဝါး ရိပ်နဲ့ အာဝါသကောင်းတာကြောင့် ခြံထဲမှာပဲ ဟောဖြစ်တာပါ။ ၅ယောက်ခန့်ဟောပြီးတော့ ကျန်တဲ့ appointment တွေကနေ့လည်ခင်းမှာချိန်ဆိုထားတာကြောင့် ရေခဲ သေတ္တာထဲက ကော်ဖီအေးလေးတစ်ဘူးဖောက်သောက်ပြီး ခဏနားနေမိတယ်။ […]
” မင်္ဂလာရက်မြတ် လက်ထပ်မဲ့သူတွေ”
ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုတာနဲ့ ဟိုမှဒီမင်္ဂလာတေးသံ တွေပျံ့လွင့်လာပေအုံးမည်။ မင်္ဂလာရက်မြတ် ရွေးချယ်ကြသူတွေ ဇာတာတိုက်စစ်ကြသူတွေလဲ ဒီကာလမှာ ကျွန့်တော့်ဆီတဖွဲဖွဲလာမေးလေ့ရှိသည်။ ကျွန်တော့်အနေနဲ့ ပေါ့ပေါ့တန်တန်လုပ်လို့မရပေ။ တာဝန်ကြီးသည်။ပြဿ ဒါး၊ရက်ရာဇာလောက်နှင့် တွက်လို့မရ။ မင်္ဂလာ ဆောင်သင့်သည့်လ၊ဆောင်သင့်သည့်ရက် ဆောင်သင့်သည်အချိန်တွေကို အသေးစိပ်တွက်စစ်ရသည်။ မင်္ဂလာသတို့သားလောင်း သတို့သမီးလောင်းလျားတွေရဲ့ နေ့နံဇာတာအလိုက် အသုံးပြုရမဲ့ မင်္ဂလာပန်း ၊ ဆင်မြန်းရမဲ့ မင်္ဂလာဝတ်စုံအရောင်တွေကအစ […]
သရဏံဂုံ ( ၃၀ )မန္တာန် နှင့် ကျွန်တော်ကိုယ်တွေ့
————————- ပဲခူးမြေကိုအခြေပြန်ချဖြစ်တာသိပ်မကြာသေးပါ။ အလုပ်နဲ့ပက်သက်ပြီးနေရာအနှံ့အပြားကိုခြေဆန့်ခဲ့သည်။ မြို့…တော်တော်စုံစုံရောက်သလို တောတောင်တွေထဲလဲရောက်ခဲ့ရသည်။ အခုတော့ခရီးသွားရမဲ့ကိစ္စတွေ ၊ဗျာများပြီးတည်ငြိမ်မှုကင်းတဲ့အလုပ်တွေကို ကျောခိုင်းထားချင်ပြီ။ ဇာတိမြေအိမ်ကိုပြန်ရောက်တိုင်း ပထမဆုံးရောက်ဖြစ်တာက ရွှေမော်ဓောစေတီတော်မြတ်ကြီးပါ။ ကလေးဘဝကတည်းက အမြဲလိုလိုရောက်ဖြစ်သည့်စေတီတော်။ ရင်ပြင်တော်ကျယ်၍ မိမိတို့ကြိုက်နှစ်သက်ရာ အာရုံခံတန်ဆောင်းတွင် ဘုရားရှိခိုး၊ ဂုဏ်တော်ပွား ၊မေတ္တာပို့၊အမျှဝေပြီးအေးချမ်းစွာ တရားနှလုံးသွင်းလို့ရသည်။ ကျွန်တော်ကတော့ဘုရားဝတ်ပြုပြီးတိုင်းအင်္ဂါထောင့်နားရှိခရေပင်ကြီးအောက်မှာထိုင်ပြီး ဘုရားရှင်၏ဉာဏ်တော်ကို ဖူးမဝဖြစ်ရသည်။ ရာသီချိန်မဟုတ်၍ ခရေပန်းတွေမပွင့်သေး။ မိုးနံ့ကလေးကျန်သေး၍ ခရေရွက်တွေစိမ်းစိုနေသည်။ ရွက်ခြေက်တွေမရှိ။ ခရေပင်ကြီးအောက်ရောက်တိုင်းလွန်ခဲ့သော ဆယ်စုနှစ်ကျော်အချိန်ကအဖြစ်အပျက်လေးကိုပြန်တွေးမိရင်း….သတိရရင်းနှင့်……….. […]
ကျန်းမာခြင်း (သို့)သက်တော်မြဲဂါထာ
ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ ကာလံ၊ ကရောန္တော အတိဒုက္ကရာနိ။ ခေဒံ ဂတော လောကဟိတာယ နာထော၊ နမော မဟာကာရုဏိကဿ တဿ ။ ယောနာထော – ဝေနေယျများစွာ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊ နာထမည်ငြား၊ အကြင် ရှင်တော်မြတ်ဘုရားသည်၊ ကပ္ပကောဋီဟိပိ – ကုဋေကမ္ဘာ၊ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊ အပ္ပမေယျ […]
ကျွန်တော် မှတ်သားခဲ့ဖူးသော ရုက္ခစိုး ယတြာ
လွန်ခဲ့သောနှစ်များစွာက….။ ကဆုန်လပြည့်နေ..။ လူအများသိကြတဲ့ ကဆုန်ညောင်ရေသွန်းပွဲနေ့။ ကဆုန်လထဲ ရောက်ပေမဲ့ ကောင်းကင်တွင် မိုးရိပ်တိမ်ရိပ်ပင်မမြင်ရသေး။ နွေလေရူးက တဖြူ းဖြူ း တိုက်ခတ်ပေမဲ့ လေပူကြီးတွေသာ။ ရွှေမော်ဓောဘုရားရှိ ဗေဓိညောင်ပင်မှာ ညောင်ရေသွန်းဖို့အတွက် ရွှေမောဓောဘုရားနှင့် ဟင်္သာကုန်း ဘုရားကို ဆက်သွယ်ထားတဲ့ ဦးခန္တီတန်ဆောင်းအတိုင်း တရွေ့ရွေ့ လမ်းလျှောက်လာခဲ့သည်။ ရွှေမောဓောဘုရားရင်ပြင် အရှေ့ဘက်မုခ်အနီး ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းသူတွေနဲ့ စည်ကားနေသည်။ လူတွေကြိတ်ကြိတ်တိုးနေတာကြောင့် […]
သစ္စာခိုင်မြဲ မယိုင်လဲတဲ့ ချစ်ခြင်းတွေ
သစ္စာခိုင်မြဲ မယိုင်လဲတဲ့ ချစ်ခြင်းတွေ (ချစ်သူ ရည်းစားရှိသူတိုင်းအတွက် ယတြာအစီအရင်နှင့်ဆောင်ရန်ရှောင်ရန် အကြံပြုချက်ဆောင်းပါး) လူငယ်တွေ နဲ့တွေ့ရဆုံရပြီဆိုရင် အများဆုံးကြားရတာကအချစ်ရေးအကြောင်းပင်။ သစ္စာရားရှိပါလျက်နဲ့…တစ်ယောက်ဆိုတစ်ယောက်လက်တွဲမယ်လို့ဆုံးဖြတ်ထားပါလျက်နဲ့…… ချစ်သူက ….အတွေ့မခံဘဲရှောင်နေတာ ချစ်သူက …ဖုန်းအဆက်အသွယ်မလုပ်တာ ချစ်သူနဲ့ …စကားများပြီးလမ်းခွဲမလို ဖြစ်နေတာ ချစ်သူက…ကြားစကားတွေယုံပြီးကိုယ့်အပေါ်အထင်လွဲနေတာ ချစ်သူက …အခြားတစ်ယောက်အပေါ် […]