loading

19. Jul.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 19. Jul.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၅)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၆)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၆)လုံးအနေဖြင့် ရပ်တန့်ထားသောတစ်ပိုင်းတစ်ဖြစ်နေသောအလုပ်များလဲ ပြီးဆုံးအောင်လုပ်ဆောင်နိုင်ပါ လိမ့်မယ်။ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲ အထူးဝင်ငွေတိုးတတ်နိုင်တဲ့နေ့ရက်မျိုးပါပဲ။ပြဿနာဟောင်းများကို လဲ ကောင်းစွာဖြေရှင်းနိုင် ပါလိမ့်မယ်။

အလှူမင်္ဂလာကိစ္စတွေဖြစ်တဲ့ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ အိမ်ခြံမြေရောင်းချခြင်းကိစ္စများလဲ အထူးပဲဆောင်ရွက်လို့သင့်တော်ပါလိမ့်မယ်။သောကြာဂြိုဟ်အုပ်စိုးတဲ့နေ့ရက် ဖြစ်တာကြောင့် အကအခုန် ၊အတီးအမှုတ်များ၊ ပွဲလမ်းသဘင်နှင့် ဖျော်ဖြေရေးကိစ္စများ အထူးဆောာင်ရွက်နိုင်ပါ တယ်။

ပညာရပ်အသစ်တစ်ခုကို စတင်သင်ကြားခြင်းများ အထူးကောင်းပါတယ်။ ထီဝါသနာပါသူများကတော့ 3/5/7 များများပါသောထီလက်မှတ်ကိုရွေးချယ်ကံစမ်းလို့အထူးကောင်းပါတယ်။ ဆေးဝါးအသစ်ဖော်စပ်ခြင်းများ၊ ဆေးဝါးနှင့်ပက်သက်သော စူးစမ်းလေ့လာခြင်းများဆောင်ရွက်နိုင်ပါတယ်။ ဆေးကုသမှုခံယူခြင်း၊မေ့ဆေးပေးခြင်း များလဲ ပြုလုပ်နိုင်တဲ့နေ့ရက်ပါ။ ဖြတ်လမ်းမလိုက်ဘဲ ဖြေးဖြေးမှန်မှန်တိုး တတ်ခြင်းကိစ္စတွေကိုလဲ အထူး ဆောင်ရွက်နိုင်ပါလိမ့်မယ်။ လယ်ယာကိုင်းကျွန်းစတဲ့ စိုက်ပျိုးရေးနှင့်ပတ်သက် သောကိစ္စမှန်သမျှဆောင်ရွက်လို့ ကောင်းပါတယ်။

            ယနေ့တွင် ရန်ပြဿနာများကို ဖြေရှင်းနိုင်မည်။ မင်္ဂလာရေးရာ အဖြာဖြာကို ဆောင်ရွက်နိုင်သည်။ တည်ဆောက်ခြင်းကိစ္စများ ဆောင်ရွက်ရန် အခါကောင်း ကျရောက်နေပါသည်။ လက်မှုအနုပညာပစ္စည်းများ အရောင်းအဝယ်ပြုရန် ရက်ကောင်းဖြစ်သည်။ ယနေ့ရရှိသော သတင်းအချက်အလက်တို့ကို အသုံးချ၍ အကျိုးရှိသော လုပ်ငန်းများ ဆောင်ရွက်နိုင်မည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၁း၃၄)နာရီမှ နံနက်(၂း၂၆)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ဉတ္တရဇလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ကရကဋ်ရာသီဖွား ဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် သက်လတ်ပိုင်းတွေမှာ ကြီးပွားတိုးတက်ကြတဲ့သူမျိုးတွေဖြစ်ပါတယ်။ အသက် ၃၀ ထဲကို ဝင်ချိန်ကစလို့ အသက် ၄၆အထိ အားရစရာကောင်းတဲ့ ကံအကျိုးပေးကိုရရှိတတ်ပါတယ်။ အမွေ အနှစ် ကံအား ကောင်းတဲ့ဇာတာမျိုးဖြစ်တာမို့ ရသင့်သောအမွေအနှစ်တွေကို  ထိုက်ထိုက်တန်တန်ရတတ်ပါတယ်။ ငွေကြေးကံအား ကောင်းပြီးတော့ အဘက်ဘက်က ငွေဝင်လွယ်တဲ့ဇာတာဖြစ်ပါတယ်။ ကံအားနည်းချက်က အစုစပ်တို့ ၊စပ်တူတို့ရှယ် ယာတို့ အားနည်းတာကိုတွေ့ရပါတယ်။ကိုယ့်အောက်က ညီ၊ညီမတွေရဲ့ ဒုက္ခကို ခံစားရတတ်ပါတယ်။ မတော်တဆ ထိခိုက်တာမျိုးလေးတွေရှိတတ်ပါတယ်။ စစ်တပ်၊လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မအပ်စပ်တဲ့ ဇာတာ မျိုး တွေဖြစ်ပါ တယ်။ လက်နက်ဘေး ၊ကျည်ဆံဘေး သင့်လွယ်တာမို့ပါပဲ။ အများအားဖြင့် ဘဝတည်ငြိမ်မှုကံ အား ကောင်း ပြီးတော့ ဘဝပျက်တာမျိုး၊ ယိုင်နဲ့သွားတာမျိုးတွေ မရှိဘဲ ဘဝအခြေမြင့်အောင် ကြိုးစားနိုင်မဲ့ ဇာတာမျိုး တွေ ဖြစ်ပါတယ်။

ဥတ္တရဖလဂုဏီ နက္ခတ်သည် တည်ကြည်တည်ငြိမ်သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်းအတွက် သင့်လျော်သည်။ ဗိမာန်ဆောက်ခြင်း သို့မဟုတ် တည်မြဲခြင်း သို့မဟုတ် တည်မြဲသော အကျိုးကို လိုလားသော အခြားလုပ်ဆောင်မှု တစ်ခုခုတို့အတွက် သင့်လျော်သည်။

 ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော် နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ပဋိဃာတယုဂ် ကျရောက်နေသောကြောင့် “သံကလပ်၊ အတားအဆီး” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် လုံးဝသင့်လျော်မှုမရှိပါ။

ကောလဝါကရိုဏ်း ကျရောက်နေသောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက်၊ သို့မဟုတ် ကာလရှည်ကြာ တည်မြဲနေမည့် အရာများကဲ့သို့သော ပုံသေလုပ်ထားသည့်အရာများအတွက် အထူးကောင်းမွန်ပါသည်။

ယနေ့ စတင်သော ကိစ္စမှန်သမျှ ကောင်းသော အကျိုးဆတ်များ ရရှိမည်။ အရပ်ဝေးနှင့် ဆက်စပ်သော ကိစ္စများ၊ အလုပ်ကိစ္စများ ဆောင်ရွက်ရန် ရက်ကောင်းဖြစ်သည်။ ကုန်ပစ္စည်းသစ်များ ဝယ်ယူမြှုပ်နှံရန် အထူးကောင်းသောနေ့ ဖြစ်ပါသည်။ အရေးကြီးသော ကိစ္စများ ဆောင်ရွက်မည်ဆိုပါက နံနက်(၁၀:၄၈)နာရီမှ မွန်းလွဲ(၁း၁၂)နာရီအတွင်း ဆောင်ရွက်လုပ်ကိုင်ပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅း၀၄)နာရီမှ ညနေ(၆း၄၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင်နှင့် ခရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓေါ”  (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဘယာကြော်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

Leave a Reply

Your email address will not be published. Required fields are marked *