ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ဝါခေါင်လဆုတ်(၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၃၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့်သေးပါ။
ဒီနေ့ဟာ အမြိတ္တစုတ်၊ နဂါးပေါ်ရက် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။
နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။
ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆုတ်တီထိ(၄)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၄)လုံးအနေဖြင့်ကုန်သွယ်ရေး၊စီးပွားရေးဆိုင်ရာကိစ္စများအတွက်စာချုပ်ချုပ်ဆိုခြင်းတွေ၊ကတိကဝတ်ပြုခြင်းတွေအထူး ဆောင်ရွက်နိုင်ပါတယ်။ လူမျိုးကွဲ၊လူမျိုးခြားနဲ့ပတ်သက်တဲ့ကိစ္စ မှန်သမျှအဆင်ပြေတိုး တတ်နိုင်ပါ လိမ့်မယ်
ဒီနေ့မှာ မိမိဖြစ်ချင်တာတွေကိုလဲဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ကြန့်ကြာနေ တဲ့ငွေကြေး တွေ လဲပြန်လည်ရရှိတတ်ပါတယ်။ဒါကြောင့်ဒီနေ့မှာစနေဂြိုဟ်စိုးမိုးပါတယ်။ ရန်သူကိုဖမ်းဆီးတာ ၊ပိုးသတ် ဆေးဖြန်းတာ၊ လက်နက်သုံးစွဲတာ၊ မကြေလည်စရာကိစ္စတွေကို မျက်နှာချင်း ဆိုင်ဖြေရှင်းတာ၊အနာရောဂါ တွေကို ခွဲစိပ်ကုသလိုက်တာ၊ အမဲလိုက်တာ စတဲ့ကိစ္စတွေလဲ ဆောင်ရွက်နိုင်ပါတယ်။
အထိုင်စီးပွားရေးထက် လှုပ်လှုပ်ရှားရှားစီးပွားရေးတွေ၊ အငြိမ်မနေရသော စီးပွားရေးတွေက အလွန်ပဲ ကောင်း နေပါလိမ့်မယ်။ ဒီနေ့မှာ အိမ်မွေးတိရိစ္ဆာန်များ ရောင်းချခြင်း၊ဝယ်ယူခြင်းတွေက အလွန်ကောင်းပါတယ်။ ဒီလိုနေ့ရက်မျိုး မှာ တော့ ကျန်းမာရေးအားနည်းသူများ သမားတော် ကောင်းများ၊ဆေးစွမ်းကောင်းများနဲ့ တွေ့ပြီးတော့ဆေးကုသမှုခံယူ နိုင်ပါလိမ့်မယ်။ ရတနာပစ္စည်းများ၊ ရောင်းခြင်း ဝယ်ခြင်းများလဲဆောင်ရွက်သွား နိုင်ပါလိမ့် မယ်။
စက်ပစ္စည်းအဟောင်းတစ်ပတ်ရစ်ဝယ်မယ်ဆိုရင်တော့သေချာစစ်ဆေးပြီးမှပဲဝယ်ယူသင့်ပါတယ်။ အနာအဆာပါ နေတာမျိုးလဲကြုံရနိုင်ပါတယ်။ တစ်ပါးသူအပေါ်ယုံကြည်လွဲအပ်လုပ်ကိုင်ခိုင်းခြင်းမျိုးကိုအထူးရှောင်လိုက်ပါ။ ဘာ လုပ်လုပ်သတိကပ်ပြီးလုပ်မှပဲအဆင်ပြေပါလိမ့်မယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၂း၄၁)နာရီမှ ည(၂၃း၃၃)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် အများနဲ့မတူသော အပြောင်းအလဲတွေများစွာကြုံရတတ်ပါတယ်။ အခြားသူတွေနဲ့ မတူသောအတွေးအခေါ်တွေ အကြံအစည်တွေကိုလဲ ရလာတတ်ပါတယ်။ အောင်မြင်မှုနဲ့ပတ်သက်ရင်လဲ မိသားစုတွေ ထဲမှာ ဘယ်သူမှမလုပ်သေးသော အလုပ်မျိုးတွေနဲ့အောင်မြင်လွယ်ကြပါတယ်။ အသက် ၂၄ကနေ အသက် ၄၀အတွင်း ကံကောင်းခြင်းတွေကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ကြတဲ့ဇာတာမျိုးတွေလဲဖြစ်ပါတယ်။အမိအဘကိုကောင်းစွာလုပ်ကျွေးမဲ့ သူမျိုးတွေဖြစ်ပြီးတော့ ဘဝအမြင် လောကအမြင် ငယ်ငယ်ရွယ်ရွယ်နဲ့ရင့်ကျက်ကြသူမျိုးဖြစ်ပါတယ်။ ကျန်းမာရေးအား ကောင်းပေမဲ့ ဝမ်းဗိုက်အစာအိမ် အူလမ်းကြောင်းအားနည်းတာမျိုးတွေ့ရပါတယ်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
မြန်မာလဆန်း(၃)ရက်နေ့ ဖြစ်ပေရာ ရောင်းဝယ်ကတိ သတိရှိရမည်။ အသွားအလာ အထူး ဂရုစိုက်ပါ။ မတော်တဆ ထိခိုက်မှုအန္တရာယ်များ ဖြစ်ပွားလွယ်သည်။ အနောက်တောင်အရပ်သို့ ခရီး ဦးတည်သွားလာခြင်းများ ရှောင်ကြဉ်ပါ။ နံနက်/ည (၉း၀၀)နာရီမှ (၁၀:၃၀)နာရီကြား အသွားအလာ အထူးဂရုစိုက်ရမည်။ သမားပြသခြင်းများ ဆောင်ရွက်ရန် ရက်ကောင်း ဖြစ်သည်။ ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်နိုင်သည်။ ဆေးဝါးဖေါ်စပ်၍ ကောင်းသော ရက်ဖြစ်နေပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၂၆)နာရီမှ နံနက်(၈း၅၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ တနင်္ဂနွေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင်နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သတ္တာဒေဝမနုဿာနံ” (၉)ခေါက် ရွတ်ဆိုသွား ပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “စမူဆာ” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်း စကား ပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)